အပိုင်း ၂၃
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၂၃

 

 

 

 

ကျော်ကြားနေဆဲ ထိပ်တန်းအဆင့် အနုပညာရှင် တစ်ဦးအတွက် လျော်ကြေး သန်းလေးထောင်ဆိုသည့်ပမာဏမှာ မပေးနိုင်စရာအကြောင်းမရှိချေ။

 

 

သို့သော် ယန်ရှို့ရီသည် Starlight ဖျော်ဖြေရေးဆီမှ တရားစွဲခံရပြီးသည်နှင့် ထိုနယ်ပယ်ထဲရှိ အခြားထောက်ခံပေးထားသည့် ကုမ္ပဏီများမှာလည်း သူ့ကြောင့် ဖြစ်လာသည့် ၎င်းတို့၏ ထုတ်ကုန်များအပေါ် ဆိုးကျိုး သက်ရောက်မှုများကြောင့် လျော်ကြေးတောင်းခံလာကြမည်ပင်။

 

 

အကယ်၍ ဒီပမာဏမျိုးကိုသာ တစ်ယောက်ပြီးတစ်ယောက်က တောင်းခံနေမယ်ဆိုရင် ယန်ရှို့ရီအနေနဲ့ လုံးဝမတတ်နိုင်တဲ့ အခြေအနေ ဖြစ်လာမှာမလွဲပေ။

 

 

ရှောင်လု စကားများကို‌ ကြားပြီးနောက် စုချန်ယန်လည်း ထိတ်လန့်မိကာ ပါးစပ်တောင် မဟနိုင်တော့ချေ။ စုချန်ယန်က သူမကိုယ်သူမ လက်ညှိုးထိုးကာ မေးခဲ့သည်။

"ကျွန်..ကျွန်မလား? ကျွန်မကို နစ်နာကြေးပေးမှာတဲ့လား?"

 

 

ရှောင်လု -  "ဟုတ်တယ် နင်က အခု Starlight ဖျော်ဖြေရေး လက်အောက်မှာ အလုပ်လုပ်နေတဲ့ အနုပညာရှင်ဖြစ်သွားပြီ။ ဒါ့ကြောင့်မို့ ကုမ္ပဏီဘက်က နင့်ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ ဝတ္တရားရှိသလို ယန်ရှို့ရီကိစ္စကိုလည်း တာဝန်ခံရမယ်လေ"

 

 

စုချန်ယန်က ပင့်သက်ရှိုက်လိုက်ပြီး မေးခဲ့သည်။

"အကယ်၍ တရားရုံးက လျော်ကြေးငွေတွေကို အမိန့်ချမှတ်လိုက်ရင် ကျွန်မလည်း လျော်ကြေးကို ရနိုင်မလား ဘယ်လောက်လောက် ဖြစ်နိုင်လဲ?"

 

 

ရှောင်လု - " ကုမ္ပဏီဘက်က လျော်ကြေးငွေအဖြစ် သန်းပေါင်း ၄၀၀၀ကို တောင်းထားပြီးသားဆိုတော့ မင်းရမယ့် ပမာဏက အနည်းဆုံး သန်းတစ်ရာ ဒါမှမဟုတ် သန်းနှစ်ရာဖြစ်နိုင်တယ်"

 

 

"သန်း တစ်...တစ်ရာ..."

 

 

စုချန်ယန်က အရမ်းစိတ်လှုပ်ရှားပြီး အသက်မှန်မှန်မရှူနိုင်တော့မှာစိုးတာကြောင့် သူမ ရင်ဘတ်ပေါ် ခပ်မြန်မြန် လက်ဖြင့် ဖိတင်ထားလိုက်သည်။

 

 

သူမ အခုတော့ မသေနိုင်တော့ပါ။ လျော်ကြေးလည်း ခုထိ လက်ထဲ ရောက်မလာသေးသလို စာအုပ်ဆိုင်လေး

ဖွင့်ပြီး အေးအေးချမ်းချမ်း နေဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလည်း ရှာမတွေ့သေးပေ။ သူမရဲ့လှပတဲ့ နေ့ရက်တွေက နောက်တစ်နှစ်ဆို စတင်တော့မှာဖြစ်ပြီး သူမအသက် ၇၀၊ ၈၀ မတိုင်ခင်အထိ ဘဝကို ကောင်းကောင်းမွန်မွန် နေသွားချင်သေးသည်။

 

 

"ကျွန်မ အိပ်မက်မက်နေတာများလား?" စုချန်ယန်က ရှောင်လုကိုကြည့်ကာ မယုံနိုင်စွာ မေးလိုက်သည်။

 

 

ဒီလောက်ငွေ အနည်းငယ်မျှနှင့် သူမ အရင်ဘဝသက်တမ်း တစ်ဝက်လောက်ကိုတောင် အေးအေး

ဆေးဆေး နေနိုင်လောက်သည်။ ဒါပေမဲ့ ဒီလောကမှာရှိတဲ့ လအနည်းငယ်အတွင်း သူမရ အနည်းငယ် ချမ်းသာသည့် အမျိုးသမီးတစ်ယောက်ဖြစ်လာသည်ပင်။  စုချန်ယန်အစစ်ကို ကျေးဇူးတင်မိပေမဲ့...

 

 

အတုများဖြစ်နေမလား??

 

 

သူမအနေနဲ့ ဘယ်တုန်းကမှ ဒီဘက်ကမ္ဘာကို ရောက်မလာခဲ့သလို ပျော်စရာကောင်းတဲ့ အိပ်မက်မက်နေပြီး မကြာခင် လန့်နိုးသွားမှာရော မဖြစ်နိုင်ဘူးလား?"

"ရှူးးး--"

 

 

စုချန်ယန် အတွေးထဲနစ်မြောနေစဉ် ရှောင်လုက သူမ ပါးကို ခပ်နာနာလေးဆွဲကြည့်ကာ ပြုံးရင်းမေးလာသည်။

"နာသွားလား?"

 

 

စုချန်ယန်လည်း တစိမ့်စိမ့်နာ‌သွားသည်ပင်။

"အင်း နာတယ်"

 

 

"ကဲ.. ဒါပဲလေ အိပ်မက် မဟုတ်ကြောင်း သက်သေပြလိုက်ပြီ"

 

 

စုချန်ယန်က ဆွဲဆိတ်ခံရမှုကြောင့် နီရဲနေသည့်သူမ ပါးကိုပွတ်လိုက်သည်။

"အိပ်မက်မဟုတ်ဘူး....အိပ်မက်မဟုတ်ဘူး..."

 

 

သူမ အရင်ဘဝတုန်းက သက်တမ်း တစ်ဝက်လောက်ကို အလုပ်အရမ်းကြိုးစားခဲ့လို့ ဘုရားသခင်က နောက်ထပ်အခွင့်အရေး ပေးလိုက်တာလား?

 

 

"ဘုရားနဲ့ ဘာမှမဆိုင်ဘူး ငါ့ကိုပဲကျေးဇူးတင်"

 

 

ရုတ်တရတ် သူမခေါင်းထဲမှ အသံလေးတစ်ခု ထွက်လာခဲ့သည်။ ကိုယ့်ကိုကိုယ် ဘဝင်မြင့်နေသည့် ပုံစံဖြင့် စကားပြောနေသော သူကို စိတ်ထဲပြေးမြင်လုနီးပါးပင်။

 

 

အစတုန်းကတော့ စုချန်ယန်သည် သူမခေါင်းထဲက နားလည်ရခက်သည့် အရာအား အမြင်ကပ်ခဲ့သည်။ အခုတော့ သူမလက်ထဲ အမွှေးတိုင်သာရှိခဲ့ရင် ဘိုးဘေးဘီဘင်တွေကို ရှိခိုးပူဇော်သလိုမျိုးသာ ထိုင်ကန်တော့လိုက်ချင်တော့သည်။

 

 

"ကျေးဇူးပါ..."

 

 

"ငါနဲ့တော့ ဘာမှမဆိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းကိုဒီကမ္ဘာကို ရောက်အောင် ခေါ်လာပေးခဲ့တဲ့ သူက ငါပဲ"

 

 

စုချန်ယန်က သူမပါးစပ်ကို စေ့ပြီး မျက်လုံးမှိတ်လိုက်ကာ သူမခေါင်းထဲက အသံကို ချက်ချင်း လျစ်လျူရှုလိုက်သည်။

 

 

တွေးနေရာက ရပ်လိုက်ပြီး စုချန်ယန်က ရှောင်လုပြောသည့် Weibo ပို့စ်ကို နှိပ်လိုက်သည်။ ကောမန့်ထဲတွင် ရင်းနှီးသည့် အနုပညာရှင်ပေါင်းများစွာရှိနေပြီး စုချန်ယန်လည်း ချက်ချင်း ပြန်တင်ပေးလိုက်သည်။

 

 

Weibo ပို့စ်ကို shareပြီးတာနဲ့ အရှိန်တက်လာကြပြီး တစ်နာရီအတွင်း Top 3 စာရင်းထဲ ဝင်သွားတော့သည်။

 

 

"Starlight ဖျော်ဖြေရေးက အရမ်းစိတ်ပျက်စရာကောင်းတာပဲ။ ဒီလိုကြီးကြီးမားမားကိစ္စတွေဆိုရင် ညဉ့်နက်မှ တင်ရတာကြိုက်တယ်နဲ့ တူတယ်။ ငါကနှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းကို ငါ့သူငယ်ချင်းကအတင်းနှိုးပြီး ပို့စ်ကိုလာကြည့်ဖို့ပြောရော!"

 

 

"မပြောချင်‌တော့ဘူး အရေးကြီးပြီဆို ဘာလို့လောက်နောက်ကျမှ ထထတင်မှန်းမသိဘူး။ ခုမှရေချိုးပြီးလို့ အိပ်ယာမဝင်ခင်လေး ၁၀မိနစ်လောက် Weibo သုံးမလို့ပဲရှိသေးတယ်"

 

 

"အဲ့ဒီ့ကောင်က ဒီလိုနယ်ပယ်ထဲမှာ အလုပ်လုပ်လာတဲ့ သူ့ရဲ့သက်တမ်းတစ်လျှောက် သန်း၄၀၀၀ပဲ ရှာနိုင်ခဲ့တာလား?"

 

 

"Starlight ဖျော်ဖြေရက အရမ်းဩဇာကြီးတာပဲ! သူတို့ယန်ရှို့ရီကို ဒိီနယ်ပယ်ထဲမှာ သုံးကြဦးမယ်လို့ထင်တယ်"

 

 

"အဲ့ကောင်ကို အဲ့ဖျော်ဖြေရေးလောကကနေထုတ်ပေး

လိုက်စမ်းပါ!!"

 

 

"Starlight ဖျော်ဖြေရေးက ရွံစရာပဲ။ အနုပညာရှင်တွေက တွဲလို့တောင်မရတော့ဘူးလား!"

 

 

"တော်ပါတော့။ နင့်လင်အတွက်က အကုန်ပြီးသွားပြီ"

 

 

"ကျေနပ်စရာကောင်းတဲ့ စော်ကားမှုတွေပါလား! သူလုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်ပေးဆပ်သင့်တယ်"

ရှောင်လုက ကောမန့်တွေကို ကြည့်ကာ တခိခိရယ်နေသည်။

 

 

စုချန်ယန်က Weibo သတင်းခေါင်းစဉ် အသစ်ကို ဆက်တိုက် အသစ်များ ပြန်ရှင်းလင်းပြီး နောက်သို့ပြန်သွားကာ ဖုန်း ပိတ်လိုက်တော့သည်။

 

 

စုချန်ယန်  - "ရပြီ အိပ်ရအောင် မနက်ဖြန်စောစောထရဦးမယ်မလား"

 

 

ရှောင်လုက ခေါင်းခါလိုက်သည်။

"နင့်ဘာသာ အရင်အိပ် ငါကတော့ ခဏလောက် ထိုင်ပြီးကြည့်နေလိုက်ဦးမယ်"

 

 

စုချန်ယန်လည်း ခေါင်းငြိမ့်ပြလိုက်ကာ အခန်းမီးပိတ်လိုက်ပြီး မီးအိမ်ဘေးက ညမီးရောင်လေးသာ ထွန်းပေးထားလိုက်သည်။

 

 

စုချန်ယန်က အခြားသူတွေရဲ့ ကံဆိုးမိုးမှောင်ကျမှုကို မလှောင်ပြောင်ချင်ပေ။ ယန်ရှို့ရီကို ကြည့်မရပေမယ့် လက်ရှိရလဒ်က သူနှင့် ထိုက်တန်သည်ပင်။ အကုန်လုံးက နံရံကို ဖြိုချနေကြသည့် ဖြစ်စဉ်လိုမျိုး ယခုလို အဖြစ်အပျက်က အနုပညာနယ်ပယ်မှာ အဖြစ်များသည်။

 

 

ဤကိစ္စက အနုပညာနယ်ပယ်တွင်သာမက ဘယ်လိုနေရာမျိုးမှာ မဆို ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသည့် ထုံးစံဆိုပေမဲ့လည်း သူမကတော့ အတင်းအဓ္မမလုပ်ချင်ပေ။

 

 

မီဒီယာပေါ်က လူတွေကတော့ အဖြစ်မှန်ကို ဂရုစိုက်ကြမှာမဟုတ်ဘူး။ သူတို့က ပရမ်းပတာ အဖြစ်မျိုးကိုသာစိတ်ဝင်စားကြသည်။ ဝဲဂယက်ထဲရှိနေစဉ် သူတို့ခေါင်းပေါ်သို့ မည်သည့်အရာ ကျလာမလဲဆိုတာကို

မည်သူမျှမသိနိုင်ချေ။

 

 

ဒါပေမယ့် သူမ ယန်ရှို့ရီကိုတော့ မသနားမိပေ။

'စုချန်ယန်' လို တကယ် အပြစ်ကင်းသည့် လူမျိုးကိုသာ သူမအနေနဲ့ စာနာမိသည်။

 

 

ဒီလိုစဉ်းစားကြည့်ပြန်တော့လည်း သက်ပြင်းချမိပြန်သည်။

 

 

သူမက အခြေအနေတစ်ခုထဲ ဝင်ရောက်ခံစားတတ်လေ့ရှိပြီး ပါဝင်ပတ်သက်သူတွေရဲ့ ခံစားချက်ကိုပါ ထည့်တွက်ကာ မယုံနိုင်လောက်အောင် ခန့်မှန်းတတ်သည်။

 

 

စုချန်ယန်က သူမ ခေါင်းကိုခါလိုက်ပြီး စာချုပ်သက်တမ်း ကုန်သွားရင် အရင်ဆုံး ဘာလုပ်ရမလဲဆိုတာကိုသာ စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။ အဲ့လိုကနေတစ်ဆင့် တဖြေးဖြေးနှင့် အိပ်ပျော်သွားခဲ့သည်။

 

 

နောက်တစ်နေ့တွင် စုချန်ယန်က လန်းဆန်းတက်ကြွစွာဖြင့် အိပ်ယာနိုးလာခဲ့သည်။ ရှောင်လုကတော့ နောက်ကျမှ အိပ်တာ‌မို့ ခုထိနှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းပင်။

 

 

စုချန်ယန်က မနက်ပိုင်း အပြေးလေ့ကျင့်ခန်း အတွက်တစ်ယောက်ထဲ ထွက်သွားကာ မနက်စာအတွက် တစ်ခုခုဝယ်လာလိုက်သည်။ အပြန်တွင် သူမဝယ်လာသည့်အိတ်ထဲမှာ ဘိန်းမုန့်နံ့၏ မွှေးကြိုင်နေသည့် အနံ့ရလိုက်သည်။ စုချန်ယန်တစ်ယောက် ပါးစပ်မှသွားရည်များ ကျလာသည်အထိ ဗိုက်ဆာသွားသည်ပင်။

 

 

ဒါပေမယ့် သူမကို အနံ့နဲ့ ဆွဲဆောင်လာတာကို ခုခံပြီး မစားခဲ့ပေ။

 

 

ဝိတ်ချပြီး လေ့ကျင့်ခန်း လုပ်နေစဉ် အတောအတွင်း သူမ ခန္ဓာကိုယ်က တဖြေးဖြေး ပိန်လာသည်။ စုချန်ယန်က တိုးတက်လာမှုကို အဆုံးရှူံး မခံနိုင်ပေ။ လင်းယွီဆီမှ ပုံမှန်ပြောနေကျလေသံဖြင့် ဤသို့ ပြောလာမည်ကိုတောင် ကြားယောင်မိသေးသည်။

" လျော်ကြေးငွေပေးဖို့ ကဒ် နံပါတ် မင်းဆီပို့လိုက်ပြီ"

 

 

ဟိုတယ် ပြန်ရောက်ချိန် ခန်းမထဲ ထိုင်နေသည့် ပေါ်လွင်ထင်ရှား‌တဲ့ လူကို မြင်လိုက်ရသည်။

 

 

ဒီလိုအချိန်မှာ ခန်းမထဲ လူသိပ်ရှိမနေပါ။ စုချန်ယန် ဝင်လာတာနဲ့ ဆိုဖာပေါ်မှ အမျိုးသားက ခေါင်းထောင်လာပြီး သူမကို ကြည့်လာသည်။

 

 

စုချန်ယန် တုံ့ဆိုင်းကာ အံ့ဩသွားသည်။

"မစ္စတာလင်း..."

 

 

သူမ စကားမဆုံးလိုက်ခင်မှာပဲ ဆိုဖာပေါ်တွင် ထိုင်နေသည့်သူက သူမ ဘယ်ဘက်လက်ထဲရှိ အငွေ့ တထောင်းထောင်း ထနေသည့် အထုပ်ဘက်ဆီ အကြည့်ရောက်သွားခဲ့သည်။

 

 

လန့်ဖြန့်ကာ စုချန်ယန်လည်း လက်နှစ်ဖက်လုံး ခါယမ်းပြီး.ချက်ချင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

"ကျွန်မ ခိုးမစားတာ ကျိန်ရဲပါတယ်! ဒါက ရှောင်လုအတွက် ဝယ်လာပေးတာ"

 

 

လင်းယွီက ထိုင်နေရာမှ ထလာကာ သူမကို ကြည့်ကာ ပြုံရင်းပြန်ပြောသည်။

"အရမ်း လန့်စရာမလိုပါဘူး မင်း စိတ်ကို မင်းထိန်းနိုင်မယ်ဆိုတာ ငါယုံပါတယ်"

 

 

စုချန်ယန်လည်း စိတ်အေးသလို သက်ပြင်းချလိုက်ပြီးသူမဘာသာ တွေးမိသွားသည်။

'ဘယ်လိုလုပ် မလန့်ဘဲနေမလဲ! ရှင်က အမြဲ လျော်ကြေး အကြောင်း ပြောနေကျကို!'

 

 

"မစ္စတာလင်းက ဒီကိုဘာကိစ္စနဲ့ လာတာလဲဟင်?"

စုချန်ယန်က အနား သွားကာ မေးလိုက်သည်။

 

 

လင်းယွီ - "လက်ထောက်ရှုက မင်းအတွက် မနက်စာပြင်ပေးထားတယ်။ ပြီးတော့ ကျွန်တော်က ဒီနားနဲ့လမ်းကြုံတာနဲ့ ကုမ္ပဏီ မသွားခင် ဒီကိုဝင်ပေးဖို့ သူ့ကိုပြောလိုက်တာ"

 

 

ရှုယန်ပြင်ပေးတဲ့ မနက်စာကို တွေးမိတော့ စုချန်ယန်သည် စားစရာ သိပ်မပါသည်ကို သတိရလိုက်ပြီး စိတ်ပျက်သည့် အမူအရာဖြင့် တုံ့ပြန်လိုက်သည်။

"ဪ.."

 

 

စုချန်ယန် ဘာတွေးနေလဲဆိုတာကို လင်းယွီ တပ်အပ်ပြောနိုင်သည့် ပုံစံဖြင့်တွေးမိကာ ပြုံးလိုက်သည်။

"အရမ်းလည်း စိတ်မပူပါနဲ့။ မင်း ကိုယ်အလေးချိန် မြန်မြန် လျော့ကျစေချင်တာက ကုမ္ပဏီက မင်းအတွက်

ဒီလထဲမှာ ထုတ်လွှင့်မယ့် ရသစုံရှိုးပွဲတစ်ခု စီစဉ်ပေးထားလို့ပါ။ ဘယ်လိုပြောရမလဲဆိုရင် မင်းရဲ့တစ်ကျော့ပြန် အောင်မြင်ပြီးတဲ့နောက် ပထမဆုံး ပါဝင်ခွင့်ရတဲ့ ရှိုးပွဲမျိုးပေါ့။ ဒါကြောင့်မို့ ပရိသတ်ရဲ့အမြင်မှာ မင်းကိုရလဒ်ကောင်း ရစေချင်တယ်။ ပြီးတော့ နောက်ပိုင်းကျ အခုလောက် မတင်းကြပ်တော့ပါဘူး"

 

 

"တကယ်လားဟင်?" စုချန်ယန်က သူ့ကို ယုံရခက်သည့်ပုံစံဖြင့်မေးခဲ့သည်။

 

 

"အင်း.."လင်းယွီလည်း ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။

 

 

စုချန်ယန်လည်း အရမ်းပျော်သွားခဲ့သည်။ "ဒါဆိုကောင်းတာပေါ့"

 

 

လင်းယွီက နွေးထွေးစွာ ပြုံးပြပြီး ပြောခဲ့သည်။ "လက်ထောက်ရှုက အရင်က မင်းကိုကုမ္ပဏီမှာ ရည်းစားထားခွင့် မရှိတဲ့ စည်းကမ်းအကြောင်းကိုရော ပြောပြထားလား? မင်းကို မဖြစ်မနေ သတိပေးဖို့လိုတယ်လို့ ထင်တယ်။ မင်းရဲ့စာချုပ်က တစ်နှစ်ပဲဆိုတော့ တစ်နှစ်ကျော်ရင် မင်း ရည်းစားမထားရဘူးလို့ မဆိုလိုဘူး။ ဒါပေမဲ့ စာချုပ်သက်တမ်းရှိတဲ့ အတောအတွင်းမှာတော့ ရည်းစားမထားမိဖို့ မျှော်လင့်တယ်။ တကယ်လို့ တွဲဖြစ်ခဲ့ရင်လည်း ခင်ဗျားရဲ့တာဝန်ခံဖြစ်တဲ့ ကျွန်တော့်ကို အချိန်မှီ သတင်းကြိုပေးစေချင်တယ်"