အပိုင်း ၂၂
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၂၂

 

 

 

 

 

 

အကြောင်းမှာ သူမ အရင်ကုမ္ပဏီနှင့်စာချုပ်ချုပ်ချုပ်ထားတာ တစ်နှစ်ကျန်နေသေးပေမဲ့ ထို တစ်နှစ်ကို Starlight ဖျော်ဖြေရေးဆီ လွှဲပြောင်းဖို့ ညှိနှိုင်းခဲ့သည်။ သို့သော် ရရန်ရှိသေးသည့် ပိုက်ဆံလည်း တစ်ပြား တစ်ချပ်မှ မရသည့်အပြင် သန်းပေါင်းများစွာသော လျော်ကြေးငွေဆိုတာကိုလည်း မရရှိသေးပေ။

 

 

ဆယ်ချီ ရာချီ နှင့်စသော ထောင်ဂဏန်းပေါင်းစွာကိုကြားမိလိုက်စဉ် သူမ ဦးခေါင်းက မတ်ခနဲဖြစ်သွားပြီး စာချုပ်ချိုးဖောက်မှုကြောင့် ဒဏ်ကြေးပေးစရာအဖြစ် များစွာသော လျော်ကြေးငွေ သိန်းဆယ်ချီ ၊ ရာချီပေးရမည်ဆိုလျှင် မလုပ်နိုင်ဖို့ များသည်။

 

 

လင်းယွီဘက်က ဘာမှပြောစရာမလိုဘဲနဲ့တောင် သူမဘာသာ ခြေကုန်လက်ပန်းကျသည်အထိ အကုန်လုပ်ပေးပြီး သေဆိုရင်တောင် သေပေးဝံ့သည်။

 

 

သို့သော် ဒီကိစ္စက စုချန်ယန်အတွက် ပြီးသွားခဲ့ပြီဖြစ်သည်။ Weiboတွင် သူမ fan များ၏ ကောမန့်များကိုလည်း အာရုံမထားတော့ပေ။ လင်းယွီက သူမကို တစ်နေ့တစ်ပုံတင်ကာ ပရိသတ်တွေနဲ့ ရင်နှီးမှုရယူဖို့ မှာထားတုန်းက သူမ ရှောင်လုကို သူမစားနေသည့်ပုံရိုက်ပေးဖို့သာပြောခဲ့သည်။ ပုံထဲတွင်တော့ အသားလုံးဝမပါသည့် ဟင်းပန်းကန်ကို မစားချင်သည့်ပုံစံဖြင့် စားနေတာကို ရိုက်ထားခြင်းပင်။

 

 

Weibo တွင် ပုံတင်ပြီးနောက် စုချန်ယန်က သူမ စီဘီကိုဝင်လိုက်ပြီး fanအကောင့်ကို ပါဝင်ကြည့်လိုက်သည်။ သူမကို နှစ်သိမ့်နေသော စာပေါင်းများစွာရှိနေပြီး တချို့မှာ ယန်ရှို့ရီ၏ fanများ ဆီကပင်။ ယန်ရှို့ရီမှာ သူမအား Starlight ဖျော်ဖြေရေးနှင့် စာချုပ်ချုပ်နိုင်ဖို့ အခွင့်အရေးပေးခဲ့သည်ကို ဘာကြောင့် သူမ‌အနေနှင့် သူ့ဘက်က ရပ်တည်မပြောပေးခဲ့ကြောင်းကို ပြောဆိုထားခြင်းပင်။ စုချန်ယန်က ထိုဝေဖန်မှုများကို မျက်တောင်တစ်မှိတ်အတွင်းမှာ ကျော်ချသွားပြီး ချက်ချင်းပြန်ထွက်လိုက်သည်။ သူမရဲ့ ပင်မစာမျက်နှာဆီ ပြန်သွားလိုက်စဉ် သူမfan အရေအတွက်က 80000 ဆီရောက်သည်အထိ တဖြေးဖြေးများလာနေသည်ပင်။

 

 

ပုံမှန်နာမည်မထွက်သေးသည့် မင်းသမီးတစ်ယောက်အတွက် fan အရေအတွက် 80000 ရှိနေသည်မှာ မဆိုးလှချေ။ အများစုမှာ တက်ကြွလွန်းသည့် fan များပင်။

Weiboတွင် ပို့စ်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ကောမန့်နှင့် Likeများစွာ လက်ခံရရှိခဲ့သည်။

 

 

"ချန်ယန် ကြည့်ရတာ စိတ်ပျက်နေတဲ့ပုံပဲ"

 

 

"ညီမလေးရယ် ကုမ္ပဏီက ကောင်းကောင်းလေးတောင်မကျွေးနိုင်ကြဘူးလား ဘာလို့အသီးအရွက်တွေပဲလဲ?"

 

 

"Starlight ဖျော်ဖြေရေးနဲ့ လက်တွဲနိုင်ခဲ့တဲ့ မစ္စချန်ယန်အတွက် ဂုဏ်ယူပါတယ်။ Starlight ဖျော်ဖြေရေးက ကျိုးကြောင်းဆီလျော်တတ်မဲ့ပုံစံပဲ။ တောက်ပတဲ့အနာဂတ်လေး ပိုင်ဆိုင်နိုင်ပါစေ"

 

 

အနည်းငယ် အပေါ်အောက် ဆွဲကြည့်ပြီးနောက် Weibo မှ ထွက်လိုက်သည်။ သူမ နေ့လည်စာဘူးထဲမှ အစာများအား ၂လုတ် ၃လုတ်နှင့် အပြတ်ဖြတ်လိုက်သည်။ တစ်နာရီလောက် နားပြီးနောက် ရှောင်လုရဲ့ Gym ဆီသွားဖို့ဆွဲခေါ်သွားခံရပြန်သည်။

 

 

ထိုကိစ္စတွေ ဖြစ်ပြီးတာ၂ရက် ရှိသွားပြီဆိုပေမယ့် အုံကြွနေမှုက ခုထိ ငြိမ်ကျမသွားနိုင်သေးပေ။

 

 

ထို၂ရက် အတွင်းတွင် စုချန်ယန်ကလည်း ကုမ္ပဏီဆီ မသွားခဲ့သလို ကုမ္ပဏီကလည်း သူမကို မဆက်သွယ်လာပေ။ သူမ အချိန်အများစုက ရှောင်လုနဲ့ gym မှာ အချိန် ကုန်ဆုံးနေခြင်းပင်။

 

 

အဖြစ်အပျက်တွေကို မြို့ထဲ ပြောဆိုနေကြသေးပေမယ့် စုချန်ယန်ရဲ့ Weibo follwer များက သိသိသာသာတက်မလာတော့ပေ။ အကြောင်းမှာ အများစုက ယန်ရှို့ရီအပေါ် အာရုံစိုက်နေခြင်းကြောင့်ပင်။ သူမကြောင့် အစပိုင်းတွင် ဖြေမဆည်နိုင်ဖြစ်ကြပြီးနောက် သူမကို လူတွေက သာမန်လူလိုပဲ ဂရုမစိုက်ကြတော့ပေ။

 

 

စုချန်ယန်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေခွင့်ရပြီး အဲ့ဒီ့အချိန်ကစပြီး ယန်ရှို့ရီနဲ့ ပက်သက်

သည့် သတင်းအစအနကို တစ်စွန်းတစ်စတောင် မကြားရတော့ချေ။

 

 

ဒီလို အဖြစ်အပျက်များ ဖြစ်ပြီး နောက်ပိုင်း Starlight ဖျော်ဖြေရေးက ဘယ်လို တုံ့ပြန်သွားမလဲ ဆိုတာကို မီဒီယာပေါ်က လူများစွာက စိတ်ဝင်စားလျက် ရှိကြသည်။ ဒါကြောင့်မို့ ကုမ္ပဏီ၏ တရားဝင်စာမျက်နှာတွင် ပို့စ်အသစ်ကို စောင့်ဆိုင်းနေသူ အများအပြားရှိနေခဲ့သည်။

 

 

 အချို့မှာ တိုက်ရိုက် ထုတ်လွှင့်မှုအတွင်းတွင် ခဏပေါ်လာသည့် လင်းယွီ အကြောင်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေနေကြသည်။ သူနဲ့ ပက်သက်သည့်သတင်းအချက်အလက် အချို့ကိုလည်း မျှော်နေကြသည်။

 

 

ထိုညတွင် ရှောင်လုနဲ့ စုချန်ယန်က ဟိုတယ်ဆီ

အပြေးသွားကာ ပြန်လိုက်သည်။ ရှောင်လုလည်း အိမ်ပြန်ချင်စိတ် မရှိတာမို့ ထိုတစ်ညတော့ စုချန်ယန်ဆီမှာသာ နေလိုက်ဖို့ဆုံးဖြတ်ခဲ့ခြင်းပင်။

 

 

စုချန်ယန်က သူမနဲ့ယှဥ်လျှင် ငယ်သည်ဟုထင်ရပေမဲ့ သက်တူရွယ်တူကဲ့သို့ပင် စကားပြောရသည်မှာအပေါက်အလမ်းတည့်သည်။ ရှောင်လုက တည့်တိုးပြောတတ်ကာ စကားများနေစဉ် စုချန်ယန်မှာ

ပိုအိန္ဒြေရှိတတ်ပြီး တခါတလေ ချစ်စဖွယ် ကောင်းသည့်အမူအရာဖြင့် တုံ့ပြန်တတ်သေးသည်။ ရှောင်လုက သူမကို စနောက်ရတာကို သဘောကျသည်။ သူမတို့ ၂ ယောက် အတူတူ အချိန်ကုန်ဆုံးတာ ကြာလာလေလေ သူမတို့ ၂ယောက်ရဲ့ ဆက်ဆံရေးလည်း အရင်ကထက် ပိုရင်းနှီးလာလေပင်။

 

 

ရေချိုးပြီးနောက် သူမတို့၂ယောက်လုံး ဖုန်းတစ်ယောက်တစ်လုံးစီနှင့် အိပ်ယာပေါ် လှဲနေလိုက်ကြသည်။ ရှောင်လုက အတင်းနည်းနည်းပြောတတ်ပြီး Weibo သုံးရင်း အချိန်ဖြုန်း‌နေစဉ် စုချန်ယန်က သူမရဲ့ ဒုတိယအကောင့်တစ်ခုတွင် သူမ ပန်းချီကားအား ဝယ်ယူမည့်သူရှိ မရှိ စစ်ဆေးနေသည်။

 

 

လိုင်းပေါ်က လူတော်တော်များများက ပြီးခဲ့တဲ့ကိစ္စရပ်အပေါ်တွင်သာ အာရုံစိုက်နေကြပြီး သူမ လက်ရာပန်းချီကားကို ဘယ်သူမှ အော်ဒါမတင်ကြသေးပေ။ ဟိုဟိုဒီဒီကြည့်လိုက်ပြီးနောက် အကောင့်ထဲက ထွက်လိုက်သည်။

 

 

"ဒါနဲ့လေ" စုချန်ယန် ရုတ်တရတ် တစ်ခုခုကိုသတိရလိုက်ပြီး ဘေးမှာရှိတဲ့ ရှောင်လုကို ကြည့်လိုက်သည်။

 

 

ရှောင်လု ဆံပင်အရှည်မှာ အလယ်အလတ်အနေအထားလောက်ရှိပြီး  အဖျားများတွင် စိုစိုပြေပြေလေးရှိနေကာ အဖြူရောင် ခါးတိုလက်ပြတ်လေးဝတ်ထားသည်။ အသားရောင်မှာ ညိုဝင်းနေပြီး လက်မောင်းများတွက် တောင့်တင်းနေသည့် ကြွက်သားများရှိသည်။ သူမ ကစုချန်ယန်ကို ကြည့်လာပြီး မေးလိုက်သည်။

"ပြောလေ"

 

 

"ဒီကိစ္စကလေ ထန်ယွဲ့ အပေါ်မှာရော သက်ရောက်နိုင်လားဟင်?"

 

 

ရှောင်လုက တစ်ခဏမျှ လန့်သလိုဖြစ်သွားပြီး စဉ်းစားကြည့်ကာ ပြောလိုက်သည်။

"စစချင်း ယန်ရှို့ရီ အမှားလုပ်မိတဲ့ အကြောင်းကို ထောက်ပြခဲ့ပြီးတော့ သူ့ fanတွေက တစ်ဆင့်ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတဲ့ ကောင်မလေးကို ပြောတာလား"

 

 

"ဟုတ်တယ်"

 

 

ရှောင်လု - " သူမ တကယ် တော်တာပဲ။ ယန်ရှို့ရီကို ပထမဆုံး ထောက်ပြ ဝေဖန်ပြီး နင့်ဘက်က ရပ်တည်ပေးခဲ့တဲ့ ပထမဆုံးတစ်ယောက်ပဲ။ ယန်ရှို့ရီရဲ့ fanတွေဆီကနေ ဆိုးဆိုးဝါးဝါး ဝေဖန် ရှုံ့ချခံရပေမဲ့လို့ပေါ့။ ဒီလိုအဖြစ်မျိုး ဖြစ်ပြီးတော့ သူမလည်း follower တော်တော် များများရလာတယ်"

 

 

ထိုစကားအား ကြားပြီးနောက် စုချန်ယန်က စိတ်အေးသည့် အနေအထားဖြင့် သက်ပြင်းချလိုက်မိသည်။

"ကောင်းတာပေါ့ ဒါဆိုရင်"

 

 

ရှောင်လုက သူမကို ထူးထူးဆန်းဆန်း ကြည့်ကာ မေးလိုက်သည်။"သူမနဲ့ အရမ်းရင်းနှီးတာလား?"

 

 

စုချန်ယန်က ခဏတာလောက် တုံ့ဆိုင်းသွားပြီး ပြောခဲ့သည်။ "အရမ်းကြီးတော့ မဟုတ်ပါဘူး အဲ့တုန်းက မစ္စတာလင်းရဲ့ လူရွေးပွဲအကြောင်း ပြောခဲ့တာက သူမလေ"

 

 

"အိုး..."ရှောင်လုက သံရှည်ဆွဲကာ ပြောလိုက်ပြီး သူမကို ကြည့်ကာ မေးခဲ့သည်။

"သူမနဲ့ ငါနဲ့ယှဉ်လိုက်ရင် ဘယ်သူက နင်နဲ့ပိုရင်းနှီးလဲ?

သူမလား ငါလား??"

 

 

စုချန်ယန် -  "..."

 

 

စုချန်ယန်က ခဏလောက် စဉ်းစားနေလိုက်ပြီး အတည်ပြန်ဖြေလိုက်သည်။

"အစ်မသာ နောက်ပိုင်းကျရင် နေ့လည်စာဘူးထဲ ကြက်ပေါင်ကြီးကြီး တိတ်တိတ်လေး ထည့်ပေးထားမယ်ဆိုရင် အစ်မနဲ့ညီမက တစ်ကမ္ဘာလုံးမှာ အလိုက်ဖက်ဆုံး တွဲဖက်ဖြစ်သွားလိမ့်မယ်။ ဘယ်သူမှ လာယှဉ်လို့မရစေရဘူး"

 

 

ထိုသို့ပြောပြီးနောက် ရှောင်လုကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

 

 

ရှောင်လုရဲ့ ပုံစံက ထူးဆန်းသလို ဖြစ်လာပြီး နောက်ဆုံးတွင် သူမလည်း ထိန်းမနိုင်တော့ဘဲ ထရီမိသည်။

"ငါက နင့်ကိုနောက်နေတာ စုချန်ယန်ရဲ! ငါ့ကို ၃နှစ်ကလေးများ မှတ်နေလား?"

 

 

စုချန်ယန်လည်း မျက်နှာကြီး ရှုံ့မဲ့သွားခဲ့သည်။"အို့..."

 

 

သူမက တစ်ဖက် လှည့်သွားကာ မျက်နှာထိ စောင်ဖြင့်ကာလိုက်သည်။

 

 

ရှောင်လုက သူမကို နောက်ကနေ တို့ကာပြောလိုက်သည်။ "စိတ်မဆိုးပါနဲ့"

 

 

"စိတ်ဆိုးနေတာ မဟုတ်ပါဘူး"

 

 

"အစ်မကို စိတ်မဆိုးပါဘူး"

 

 

စုချန်ယန်က သူမ စားချင်စိတ်နဲ့ ထပ်တူမကျတာကို သိပ်မကျေနပ်ပေမယ့် သူမရင်ထဲက မကျေနပ်မှုတွေ အန်ထွက်လာပြီး မစ္စတာလင်းကို အနည်းငယ် ဝေဖန်ချင်သလိုဖြစ်မိသည်။

 

 

"ဟုတ်ပြီ အလုပ်ကိစ္စပြောရအောင် ရှုယန်က ဒီည ငါတို့၂ ယောက် အတူတူရှိနေမယ်ဆိုတာ သိတယ်။ ဘော့စ်လင်းက ကုမ္ပဏီမှာ စာချုပ်ချုပ်ထားသမျှ သရုပ်ဆောင်နဲ့အနုပညာရှင်တွေကိုပါ Weibo ကတရားဝင် blog အကြောင်း ဒီညသန်းခေါင်ကျ ပြန်တင်ပေးဖို့ပြောထားတဲ့အကြောင်း ငါ့ဆီစာပို့ထားတယ်။"

 

 

"ကုမ္ပဏီက စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တိုင်းကို

ပို့စ်ပြန်တင်ခိုင်းထားတယ်? အရမ်းများ မနေဘူးလား"

 

 

ရှောင်လု - " ဘာပဲဖြစ်ဖြစ် ယန်ရှို့ရီက ကုမ္ပဏီရဲ့ အချိန်ရော လူရော ရင်းနှီးမြှုပ်နှံပြီး ကြိုးစားပေးခဲ့တဲ့သူပဲလေ။ ဒီလိုအဖြစ်မျိုး ဖြစ်ပြီးတဲ့နောက် တခြာသူတွေကိုပါ ကြိုသတိပေးထားတဲ့ အနေနဲ့မို့ သူတို့လည်း သင်ခန်းစာယူကြလိမ့်မယ်"

 

 

"ဒါဆိုဘာလို့ ညသန်းခေါင်မှလဲ? နောက်ဆုံးတစ်ခေါက်ကြေငြာတုန်းကလည်း ညသန်းခေါင်ကြီးပဲ မဟုတ်ဘူးလား"

 

 

"အုတ်အော်သောင်းနင်း မဖြစ်အောက်လို့"

 

 

"ဪ"

 

 

Weiboရဲ့ တရားဝင် ထုတ်ပြန်ကြေငြာချက်ကို စောင့်နေစဉ် ရှောင်လုကစုချန်ယန်နဲ့ ဂိမ်းဆော့နေခဲ့သည်။ စုချန်ယန်က ဂိမ်းဆော့ရတာကို စိတ်မဝင်စားတာမို့ မကြာခင်မှာပဲ ငိုက်မျဉ်းလာခဲ့သည်။

 

 

"ချန်ယန်! ချန်ယန်! Weiboမှာ ပို့စ်တင်လာပြီ!"

 

 

"ဟမ်?" စုချန်ယန်င ရှောင်လု သူမကို လှုပ်နှိုးလိုက်တာကြောင့် ဒယိမ်းဒယိုင်နဲ့ သူမ ဖုန်းကို ကောက်ကိုင်ကာ ဖွင့်လိုက်ပြီး Weiboထဲ တန်းဝင်လိုက်သည်။

 

 

Weiboထဲ ဝင်လိုက်ပြီးနောက် ချက်ချင်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီးနောက်မှ ရေပန်းအစားဆုံးကို ရှာဖို့နှိပ်လိုက်သည်။ အပေါ်မှ အောက်သို့ အနည်းငယ် ဆွဲကြည့်မိတော့ ခေါင်းစဉ်တစ်ခုကို မြင်ပြီး ပါးစပ်မှ အသံထွက်ရွတ်ဖတ်လိုက်သည်။

"Starlight ဖျော်ဖြေရေး၏ ယန်ရှို့ရီအား တရားဝင်တရားစွဲဆိုခြင်း..."

 

 

"Starlight ဖျော်ဖြေရေးက ယန်ရှို့ရီကို တကယ်ကြီးတရားစွဲလိုက်တယ်?!" စုချန်ယန်လည်း အထစ်ထစ်

အငေါ့ငေါ့ဖြစ်ကာ အိပ်ယာမှ ထထိုင်လိုက်သည်။

 

 

သူမဘေးက ရှောင်လုလည်း မယုံကြည်နိုင်စွာဖြင့်ပင်။

"ဘော့စ်လင်း...သူက တကယ်ကို အကြင်နာ တရားမရှိတာပဲ"

 

 

"တစ်ချက်လောက် မြန်မြန်ကြည့်ပေးပါလား။ သူတို့ဘက်က ဘယ်လောက်ပေးစရာရှိလဲဆိုတာ မကြည့်ရဲလို့" စုချန်ယန်က ချက်ချင်း သူမဖုန်းကို ပိတ်လိုက်ပြီး လန့်နေမိသည်။

 

 

လင်းယွီက စာချုပ်ချိုးဖောက်မှုနဲ့ ပက်သက်ပြီး အမြဲတမ်း ပြောနေတတ်တာကြောင့် ဖြစ်နိုင်သည်။

ဒါကြောင့်မို့ မသိစိတ်ထဲ ယခုကိစ္စက သူမဖြစ်နေသလိုမျိုး လိုက်ခံစားနေမိတာပင်။

 

 

ရှောင်လုလည်း တံတွေးမျိုချလိုက်ပြီး Weiboမှသတင်းခေါင်းစဉ်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် စုချန်ယန်ဘက် ပါးစပ်အဟောင်းသားဖြင့် လှည့်ကာ ပါးစပ်မှ စကားတွေကို ဗလုံးဗထွေးပြောလာခဲ့သည်။

 

 

"ယွမ်သန်း လေး..လေးထောင်"

 

 

"စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးရယ်၊ ကုမ္ပဏီရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ အကျိုးအမြတ်ကို ထိခိုက်စေတာကြောင့်ရယ်၊ နင့်အတွက် နစ်နာကြေးရယ်တဲ့"

 

 

စုချန်ယန်တစ်ယောက် လုံးဝ ဆွံ့အသွားခဲ့သည်။