အပိုင်း ၇
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၇

 

 

 

 

 

စုန့်ကျင်းလိုင်၏ ဇနီးသည် အိမ်ထဲတွင် ပုန်းနေသည်။  သူမ၏ ခြေထောက်များက အားနည်းနေသည်။

 

 

ထိုမိန်းမပျက် လင်ဟွေ့က တကယ် တိုင်ကြားမည်ဟု သူမ မမျှော်လင့်ထားပေ။

 

 

တွင်းတူးပြီး သူမကိုယ်သူမ သင်္ဂြိုဟ်ချင်နေပြီ။

 

 

အဖွားအိုစုန့်သည် အသံကိုကြားသောအခါ မုန့်လိမ့်တံကို ကိုင်ပြီး နောက်ခန်းမှ ပြေးထွက်လာသည်။ "နင် ဖြုန်းတီးတဲ့ မိန်းမ။ အပြင်မှာ ထပ်ပြီး မိုက်မဲတဲ့ စကားတွေ ပြောပြန်ပြီလား?"

 

 

သူမ၏ ချွေးမအကြီးဆုံးက ဆိုးသွမ်းသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အဘွားအိုစုန့်က အရင်တုန်းကလည်း သင်ခန်းစာ ပေးဖူးသည်။  သူမပါးစပ်ကြောင့် မည်မျှကောင်းသည့် စကားလုံးများကို လျော်ကြေးပေးရသည်ကို သူမမသိပေ။

 

 

သူမကို ရိုက်နှက်ငေါက်ခဲ့ဖူးသော်လည်း ဤအမျိုးသမီးသည် ရိုက်နှက်ခံရခြင်းကို မမှတ်မိဘဲ စားသောက်ခြင်းကိုသာ မှတ်မိသည်။ ထိုအချိန်တွင် သူမက မည်မျှကတိပေးထားသည်ဖြစ်စေ ဆက်ပြီး မိုက်မဲသော စကားများကို ပြောနေသည်။

 

 

စုန့်ကျင်းလိုင်၏ဇနီးသည် သူမ၏ ခြေသလုံးပေါ်၌ ရိုက်နှက်ခံရသည်။  နာကျင်မှုကြောင့် သူမ မျက်ရည်တွေ စီးကျလာခဲ့သည်။ "အမေ၊ ရိုက်တာ ရပ်လိုက်ပါတော့။ အဒေါ်ရှို့ကျီက ဘာလို့ ကျွန်မဆီလာတာလဲ မသိဘူး!"

 

 

"နင်မသိဘူးလား။ ဒါ​ပေမယ့်​ ဘာလို့​ သူမက တခြားသူကို မရှာဘဲ နင့်ကိုမှ လာရှာရတာလဲ။ နင် အပြင်​မှာ​​ ပေါက်ကရတွေ ပြောတာဖြစ်​ရမယ်​။ မင်းအခုချက်​ချင်းထွက်​သွား​ပြီး တောင်းပန်​လိုက်!"

 

 

"မလုပ်နဲ့ အမေ။ ကျွန်မကို ရိုက်လိုက်တာ ပိုကောင်းတယ်၊ ကျွန်မ လုံးဝအပြင်မထွက်ဘူး!"  အဒေါ် ရှို့ကျီက တောဝက်တစ်ကောင်ကို မည်ကဲ့သို့ သတ်ခဲ့သည်ကို တွေးမိသောအခါ စုန့်ကျင်းလိုင်၏ ဇနီးသည် အားနည်းလာသည်။

 

 

အဒေါ် ရှို့ကျီကို ရင်ဆိုင်ရန် အပြင်ထွက်သည်ထက် ယောက္ခမရဲ့ ရိုက်နှက်တာကို ခံလိုက်မည်။

 

 

ကြောက်စရာကောင်းလွန်းသည်!

 

 

"ဘန်း"!

 

 

စုန့်မိသားစု၏ သနားစရာကောင်းသော သစ်သားတံခါးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဘန်းခနဲ ပြုတ်ကျသွားသည်။

 

 

ရွာသားများကမီးစာထပ်ထည့်ရန် စိတ်ဝင်စားကြသည်။  "တံခါးပြုတ်ကျသွားပြီ၊ တံခါးပြုတ်ကျသွားပြီ" ဟု ကြွေးကြော်ကြ၏။

 

 

ချောင်ရှို့ကျီက သူမရဲ့ တံခါးကို ဖျက်ပစ်လိုက်သည်ကို မြင်သောအခါ အဘွားအိုစုန့်ရဲ့ မျက်နှာဟာ အိုးအောက်ခြေလောက် မည်းနက်သွားခဲ့သည်။ စကားတစ်ခွန်းမှမဆိုဘဲ သူမ လက်ထဲရှိ မုန့်လိမ့်တံဖြင့် ရိုက်နှက်တော့သည်။

 

 

နာကျင်လွန်းသဖြင့် စုန့်ကျင်းလိုင်၏ဇနီးက ပုန်းရန်အတွက် အော်ဟစ်ပြီးခြံထဲသို့ ခုန်ဆင်းသွားသည်။

စုန့်ကျင်းလိုင်၏ ဇနီးသည် ဝသည်။  ရေအေးသောက်လျှင်ပင် ဝသည့် အမျိုးအစားထဲတွင် ပါဝင်သည်။ ယခု အချိန်တွင် သူမသည် ထွားကြိုင်းတဲ့လူရှိသင့်သလောက် မရှိပေ။  သူမသည် အဆီပျော့များကဲ့သို့ ခုန်ပေါက်နေ၏။

 

 

ယောက္ခမနဲ့ ချွေးမ အချင်းချင်း လိုက်နေကြတာကို အားလုံးက ကြည့်ပြီး ဗိုက်နာသည်အထိ ရယ်မောနေကြသည်။

 

 

နောက်ဆုံးတွက် အဘွားအိုစုန့်က အိုနေပြီ ဖြစ်သည်။  ထိုသို့ ခဏအကြာ လိုက်ဖမ်းပြီးနောက် သူမက မောပန်းလာသည်။ " ဖြုန်းတီးနေတဲ့ မိန်းမ။ ဒီည နင့်ကို အကြီးဆုံးနဲ့ ဂရုစိုက်ခိုင်းမယ်!"

 

 

စုန့်ကျင်းလိုင်၏ ဇနီးက နောက်တစ်ဖန် ကြောက်လန့်လာပြန်သည်။

 

 

သူမ၏ချွေးမကို ဆူပူကြိမ်းမောင်းပြီးနောက် ဖြေရှင်းပေးရမည့် ကိစ္စ ပြေလည်အောင် ဖြေရှင်းပေးရမည်။  ချောင်ရှို့ကျီက အိမ်တံခါးကို တံခါးစောင့်နတ်ဘုရားကဲ့သို့ ပိတ်ဆို့နေသည် မဟုတ်လား?

 

 

ယနေ့ သူမကို သေသေချာချာ မပို့နိုင်လျှင် သစ်သားတံခါးလောက်နှင့် မပြီးဘဲ စုန့်မိသားစုတစ်ခုလုံးက သူမကြောင့် ပြိုကျပျက်စီးသွားနိုင်သည်။

 

 

သူမသည် တံခါးဆီသို့ လျှောက်သွားကာ အားတင်းပြုံးကာ ပြောလိုက်သည်။ "ရှို့ကျီ၊ ဘာကိစ္စရှိလို့လဲ"

 

 

ချောင်ရှို့ကျီက ပြောလိုက်သည်။ "နင့်ရဲ့ အကြီးဆုံးချွေးမက ငါ့သားလေး ကွာရှင်းတော့မယ်လို့ ​ နေရာတကာ လိုက်ပြောနေတယ်။ ဒါကြောင့် ငါ မေးချင်တာက သူတို့ကွာရှင်းတော့မယ်ဆိုတာ သူ့ရဲ့အမေဖြစ်တဲ့ ငါတောင် မသိသေးဘူး။ သူက ဘယ်လိုသိတာလဲ"

 

 

အဘွားအိုစုန့်သည် ဒေါသကြောင့် အံကို တင်းတင်းကြိတ်လိုက်သည်။  ခေါင်းကို လှည့်ကာ ချွေးမအကြီးကို လက်ညိုးထိုးပြီး ပြောလိုက်သည်။ "ဖြုန်းတီးသော မိန်းမ။ အားလုံးက နင်ပြောထားတာတွေပဲ။ နင်က အရမ်းတော်နေတာ ဘာလို့ ကောင်းကင်ကို မတက်တာလဲ!"

 

 

သူမ၏ ခေါင်းကို ပြန်လှည့်ပြီး ချောင်ရှို့ကျီကို တောင်းပန်ပါသည်။ "ရှို့ကျီ၊ ငါ့အကြီးဆုံးချွေးမရဲ့ ပါးစပ်က ဘယ်လောက်တောင် အမှိုက်ဆန်လဲဆိုတာကို နင်လည်း သိပါတယ်။ နောက်တော့ ကြမ်းပြင်ပေါ်သွားတွေ ကျွတ်ထွက်တဲ့အထိ သူ့ကို ရိုက်ပေးမယ်!"

 

 

ချောင်ရှို့ကျီက အေးစက်သောမျက်နှာဖြင့်ပြောလိုက်သည်။ "ငါ့မြေးအကြီးဆုံး သာ့ချောင်ကိုလည်း ​ခြောက်လိုက်သေးတယ်။ ငါ့ဒုတိယသားက လေဖြတ်နေပြီး သူက စကားထစ်တယ်လို့ပြောတယ်။ ကြီးလာတဲ့အခါ ဘယ်သူမှ သူမကိုလက်ထပ်မှာ မဟုတ်ဘူးလို့လည်း ပြောလိုက်တယ်။  သူ့မှာ အသိတရားရှိသေးရဲ့လား။ သူ့အသိဉာဏ်က တိရစ္ဆာန်ထက်တောင် ပိုဆိုးနေသေးတယ်"

 

 

"ငါပြောမယ်။ စုန့်ကျင်းလိုင်ရဲ့မိန်းမ၊ မင်းအရမ်းလွန်လွန်းတယ်။ သာ့ချောင်က အသက်ဘယ်လောက်ပဲရှိသေးလို့လဲ၊ နင်က သူ့ကို ဒီလိုပြောလိုက်တယ်။ နောင်မှာ မင်းရဲ့ကလေးကို ဝဋ်လည်မှာ မကြောက်ဘူးလား"

 

 

"အမှန်ပဲ။ တစ်ယောက်ယောက်က ငါ့ကလေးကို ဒီလိုပြောရဲရင် ငါ့ရဲ့ အိုနေတဲ့အသက်နဲ့ ရင်းပြီး ရန်ဖြစ်မှာ။ တစ်ဖက်လူကို လုံးဝ ခွင့်မပြုဘူး"

 

 

အားလုံးက စုန့်ကျင်းလိုင်၏ ဇနီးကို လက်ညှိုးထိုးကြပြီး  ဤတစ်ကြိမ်တွင် သူမက စည်းလွန်နေပြီဟု ပြောကြသည်။  အကယ်၍ သူမက အမှန်အတိုင်းပြောလျှင်တောင်မှ ခြောက်နှစ်အရွယ်ကလေးကို ထိုသို့ မပြောသင့်ပေ။

 

 

စုန့်ကျင်းလိုင်၏ ဇနီးသည် လူအုပ်ကြီး၏ မှတ်ချက်ကြောင့် လန့်သွားသည်။  ရံဖန်ရံခါ ယောက္ခမထံမှ ပစ်သတ်ခံရသော ဓားမြှောင်အကြည့်များကို သူမ ခံနိုင်ရည်မရှိပေ။။

 

 

ရုတ်တရက် သူမက အကြံရသွားသည်။  "ကော်တန်ရဲ့ အမေလည်း ဒီလိုပဲပြောတယ်။ နင်တို့က ငါ့ကိုပဲ ဘာလို့ ငေါက်နေတာလဲ"

 

 

ကော်တန်၏ အမေသည် ပြတင်းပေါက်တွင် လဲလျောင်းနေပြီး ခိုးနားထောင်နေသည်။ ရုတ်တရက် သူမကို စုန့်ကျင်းလိုင်၏ဇနီးဖြစ်သူက သစ္စာဖောက်ခဲ့သည်။

 

 

 သူမသည် အပြေးအလွှားထွက်လာပြီး ပြောလိုက်သည်။ "နင်က မဟုတ်တာတွေပြောနေတာပဲ။ မဟုတ်တာတွပြောနေတယ်။ ကောင်းကင်က နင့်ကို မိုးကြိုးပစ်ပြီး အပြစ်ပေးလိမ့်မယ်!"

 

 

စုန့်ကျင်းလိုင်၏ ဇနီးသည် သူမ၏ပေါင်ပေါ်တွင် လက်ထောက်ပြီး ရှေ့တိုးကာ ပြောလိုက်သည်။ "ငါက မဟုတ်တာတွေ ပြောနေတာလား။ နင်က ငြင်းလိုက်လို့ လင်းဟွေ့က မေ့သွားမယ်လို့ ထင်နေတာလား။ အိပ်မက်မက်နေလိုက်။ တကယ်လို့ မိုးကြိုးပစ်ချရင် ငါနဲ့တူတူ နင်ပါ ပါမယ်!"

 

 

ကော်တန်၏ မိခင်သည် ရင်ဘတ်အောင့်သည်အထိ ဒေါသထွက်သွားသည်။ "ငါက တစ်ခွန်းပဲပြောတယ်။ နင်နဲ့မတူဘူး။ အခုပဲ ဖန်းရှောင်ကျွမ်းက ဒုတိယချောင်နဲ့ကွာရှင်းတော့မယ်လို့ပြောတယ်။ နောက်တော့ သာ့ချောင်က အိမ်ထောင်မပြုနိုင်ဘူးဆိုပြီး ပြောတယ်။ နောက်တော့ လင်းဟွေ့က ခိုးတာ ...."

 

 

"နင်တို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထား!"

 

 

ချောင်ရှို့ကျီသည် အဘွားအိုစုန့်၏ လက်မှ မုန့်လိမ့်တံကို ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။

အက်ကွဲသံ နှင့်အတူ လိပ်တံသည် နှစ်ပိုင်းဖြစ်သွားသည်။

 

 

နေရာက တိတ်ဆိတ်သွားသည်။

 

 

ချောင်ရှို့ကျီက တောဝက်ကို လက်သီးတစ်ချက်ဖြင့်သာ သတ်သည်ကို လူအများစုက ကိုယ်တိုင် မမြင်ဖူးသေးပေ။  ဤအခိုက်အတန့်တွင် သူမသည် လက်မောင်းလောက်နီးပါး ထူသော မုန့်လိမ့်တံကို ချိုးပစ်လိုက်သည်ကို မြင်သောအခါ မည်သူမှပြင်းပြင်းထန်ထန် အသက်ရှူမဝံ့ပေ။

 

 

ချောင်ရှို့ကျီက မုန့်လိမ့်တံကို အဘွားအိုစုန့်အား ပြန်ပေးလိုက်သည်။ "ဘယ်သူက နည်းနည်းပြောလဲ၊ များများပြောလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါနင်တို့ကို မေးနေတယ်၊ ​​ဒါကို ဘယ်လိုဖြေရှင်းပေးမလဲ"

 

 

အဘွားအိုစုန့်က တစ်ဝက်ကျိုးသွားသော လိပ်တံကို ကြည့်ပြီး သွားများ ကိုက်နေသည်။

 

 

သူမ၏ အကြီးဆုံးချွေးမကို စူးစူးဝါးဝါး စိုက်ကြညွလိုက်သည်။ အိမ်ထဲသို့ပြန်သွားကာ ဥသုံးလုံးထုတ်ကာ ချောင်ရှို့ကျီ၏ လက်ထဲ ထည့်လိုက်သည်။

 

 

"ဒီအသုံးမကျတဲ့မိန်းမက နင့်ရဲ့ ချောင်မိသားစုကိစ္စမှာ ဝင်ပါတာ မှားသွားပါတယ်။ ငါ့မျက်နှာကို ထောက်ပြီး ဒီတစ်ခေါက် သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ"

 

 

ချောင်ရှို့ကျီသည် ကြက်ဥကို အိတ်ကပ်ထဲသို့ထည့်ကာ ကော်တန်၏ မိခင်ထံသို့ လာခဲ့သည်။

 

 

ကော်တန်၏ မိခင်သည် ခဏတာ နာကျင်သွားသည်။

သို့သော်လည်း သူမက မည်မျှပင် နာကျင်နေသည် ဖြစ်စေ ပေးသင့်သည်ကို ပေးရပေမည်။  နောက်ဆုံးတွင် သူမအခန်းထဲသွားပြီး ကြက်ဥနှစ်လုံးကို ထုတ်လိုက်သည်။

 

 

ဥနှစ်လုံးသာရှိရခြင်း အကြောင်းအရင်းမှာ သူမသည်အနည်းငယ်သာ ပြောသည်ဟု ခံစားမိသောကြောင့် တစ်လုံးကို လျှော့ပေးလိုက်သည်။

 

 

ချောင်ရှို့ကျီက စိတ်မဆိုးဘဲ ကြက်ဥငါးလုံးနှင့် ထွက်ခွာသွားသည်။

 

 

အတိအကျပြောရလျှင် သာ့ချောင်ကို အနိုင်ကျင့်သည့် ဖန်းမိသားစုသည် ကလေးပါရမီရှင်ဖြစ်သည့် ရှောင်ချောင်ကို မည်မျှနှစ်သက်ကြောင်း သူမကြားသိခဲ့ရသည်။

 

 

ဖန်းရုံလျန်က သူ၏မျက်နှာတစ်ခုလုံး နီရဲသွားသည်အထိ ရုန်းကန်နေသည်။ "သားမဟုတ်ဘူး! သာ့ချောင်က သားနဲ့ လောင်းချင်တယ်လို့ ပြောတယ်၊ ဒီငါးကို မစင်တွင်းထဲကို ပစ်ရဲရင် ဆင်းပြီး ကောက်ရဲတယ်လို့ ပြောတယ်!"

 

 

ချောက်ရှို့ကျီ -  "..."

 

 

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ!

 

 

"သားကိုမယုံရင် သာ့ချောင်ကိုမေးလို့ရတယ်!"

 

 

"အဖွား?" ချောင်ရှို့ကျီကိုတွေ့သောအခါ သာ့ချောင်လည်း အံ့သြသွားသည်။  သူမ မျက်နှာငယ်လေးသည် ပြေးလာသဖြင့် နီမြန်းနေသည်။ သူမ၏အရင်က ပိန်ချုံးနေသည့် ပုံသဏ္ဍာန်ထက် ပိုပြီး ကြည့်ကောင်းလာသည်။

ချောင်ရှို့ကျီက စကားမပြောမီ ဖန်ရုံလျန်က ပြောလိုက်သည်။ "ငထစ်မလေး၊ နင်က ငါနဲ့ အလောင်းအစားလုပ်ထားတာကို နင့်အဖွားကို ပြောပြလိုက်"

 

 

ချောင်ရှို့ကျီက ဖန်ရုံလျန်၏ နဖူးပေါ်သို့  လက်ညှိုးဖြင့် တောက်ပြီး ပြောလိုက်သည်။ "နောက်တစ်ခါ ငထစ်မလေးလို့ ခေါ်ရဲရင် ခေါ်ကြည့်။ နင့်ကို ငါဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်နေ!"

 

 

ဖန်ရုံလျန်က နာကျင်စွာ အော်ဟစ်လိုက်သည်။  တခြားကလေးတွေသာရှိမနေလျှင် သူငိုမှာသေချာသည်။

သာ့ချောင်၏ မျက်လုံးများ တောက်ပလာပြီး သူမ အဖွားကို လေးလေးနက်နက် ကြည့်နေသည်။

 

 

သူမသည် အရာများကို နားလည်ပြီးကတည်းက သူမအား ငထစ်မလေးဟု ခေါ်ကြသည်။ သူမ၏အမေက လည်း ခေါ်သည်။ သူမ၏အဖေက တည်ကြည်သောသူဖြစ်ပြီး တခြားသူတွေနဲ့ လုံးဝရန်ဖြစ်လေ့မရှိပေ။

 

 

 ယခုကဲ့သို့ တစ်စုံတစ်ယောက်က သူမကို အကာအကွယ်ပေးသည်မှာ ပထမဆုံးအကြိမ်ပင်။

 

 

ရှောင်ချောင်က ခေါင်းစောင်းပြီး ချိုမြိန်သော အပြုံးဖြင့် ပြောလိုက်သည်။ "အဖွား၊ ဝမ်းကွဲအစ်ကိုက မမနဲ့ နောက်ပြောင်နေကြတာပါ။ အစ်ကိုဝမ်းကွဲရဲ့ လက်ထဲမှာ ငါးကို မမက သဘောကျလို့ လောင်းကြတာ"

 

 

သာ့ချောင်သည် သူမ၏ညီမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမက ဖန်ရုံလျန်နှင့် လောင်းကြေးမထပ်ခဲ့ပေ။

 

 

ချောင်ရှို့ကျီသည် သာ့ချောင်၏ တုံ့ပြန်မှုကို ကြည့်ပြီး နားလည်သွားခဲ့သည်။

 

 

ရှောင်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "နင့်အစ်မကို ဒီလိုအနိုင်ကျင့်ဖို့ အပြင်လူတွေကို ကူညီခဲ့တာလား?"

 

 

ရှောင်ချောင်က ခေတ္တမျှ ထိတ်လန့်သွားသည်။  ထို့နောက် သူမသည် မုန်းတီးမှုဖြင့် အံကြိတ်ခဲ့သည်။

ဤဘဝတွင် သူမသည် အစကတည်းကပင် အောင်နိုင်ခဲ့သည်။ 

 

 

သူမသည် ခုနစ်လသားအရွယ်တွင် စကားပြောနိုင်သည်၊ အသက်တစ်နှစ်တွင် လမ်းလျှောက်နိုင်သည်၊ နှစ်နှစ်သားအရွယ်တွင် နာမည်ရေးနိုင်ပြီး လေးနှစ်သားအရွယ်တွင် လူသိများသော ပါရမီရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။

 

 

ရွာခုနစ်ရွာရှိ ရွာသားများသည် အဖွားမှလွဲ၍ သူမကို အလွန်နှစ်သက်ကြသည်။

 

 

ချောင်မိသားစု၏ အကြီးအကဲဖြစ်သည့် သူမ၏ အဖွားသည် သူမနှစ်သက်လိုသော သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက လက်မခံပေ။