အပိုင်း
၆
သာ့ချောင်၏
မျက်လုံးများက နီရဲနေပြီး သူမ၏ လက်ကလေးများကလည်း အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။
သာ့ချောင်၏
အဆင်မပြေသည့်ပုံကို မြင်ရသောအခါ ရှောင်ချောင်သည် နွေပူပူတွင် ရေခဲချောင်းစားလိုက်ရသကဲ့သို့
လန်းဆန်းသွားသည်။
သူမ၏
အရင်ဘဝက သာ့ချောင်ကြောင့်သာ မဟုတ်လျှင် ဆယ်စုနှစ်အနည်းငယ်ကြာသည်အထိ ရူးသွပ်နေရလိမ့်မည်
မဟုတ်ပေ။ သူမကို ထိုသို့ခံစားရအောင်.လုပ်ခဲ့သည်။ ယခုဘဝတွင် သူမ အရင်ဘဝက ခံစားခဲ့ရသမျှကို
သာ့ချောင်အား ပြန်ပေးဆပ်ခိုင်းမည်!
ယခုဘဝတွင်
သူမမွေးဖွားလာကာစ၌ သူမ၏ အမေက သာ့ချောင်ကို မမုန်းသေးပေ။ သူမလှုပ်ရှားနိုင်သည့်အချိန်ထိစောင့်ပြီး
သာ့ချောင်ငိုသည်အထိ ဆွဲဆိတ်သည်။
သူမ၏
အမေက အိမ်အလုပ်လုပ်ပြီး ကလေးနှစ်ယောက်ကို တစ်ချိန်တည်း စောင့်ရှောက်ရသဖြင့် အလုပ်ပင်ပန်းသည်။
သာ့ချောင်က အလွန်နူးညံ့သည်ကို မြင်သောအခါ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ထိုမျှနှင့်
မလုံလောက်ဘဲ သူမက ညသန်းခေါင်တွင်ထပြီး သာ့ချောင်၏ စောင်ကို လှန်ထားသဖြင့် သာ့ချောင်က
မကြာခဏ ဖျားသည်။ ဆရာဝန်ပြရန် မိသားစုက အကြွေးများစွာတင်သဖြင့် သူမ အမေက တဖြည်းဖြည်းဖြင့်
သာ့ချောင်ကို သဘောမကျတော့ပေ။
ထို့နောက်
သူမစကားပြောနိုင်သောအချိန်တွင် သာ့ချောင်က ကပ်ဆိုးကြယ်ဖြစ်ကြောင်းကို တိတ်တခိုး ဖြန့်ခဲ့သည်။
ထိုနည်းဖြင့် သူမအမေက သာ့ချောင်ကို လုံးဝရွံရှာသွားသည်။
"မမ၊
အိမ်ပြန်လိုက်။ ညီမလေးက မေမေ့ကို အိမ်ပြန်လာဖို့ ဖျောင်းဖျလိုက်မယ်။ စိတ်မပူနဲ့"
ရှောင်ချောင်က ခေါင်းစောင်းပြီး ချိုသာစွာ ပြုံးလိုက်သည့်ပုံမှာ ချစ်စရာကောင်းနေခဲ့သည်။
သာ့ချောင်သည်
သူမ၏ ညီမက ကူညီသဖြင့် အလွန် ကျေးဇူးတင်နေသည်။ "ညီ မ လေး၊ ညီ မ လေး က အ ရမ်း ကောင်း
တယ်"
ထိုသည်ကို
ကြားသောအခါ ရှောင်ချောင်၏ အပြုံးက ပိုပြီး ချိုမြိန်သွားသည်။
ထိုအချိန်တွင်
ကလေးနှစ်ယောက်ကရောက်ရှိလာသည်။ သူတို့၏ လက်ထဲတွင် အနီရောင်ငါးကိုကိုင်ထားပြီး သူတို့၏
လက်ကလည်း အဖြူရောင်များ ပေနေသည်။
ထိုကလေးနှစ်ယောက်သည်
သာ့ချောင်၏ အမေဘက်က ဘကြီးဖြစ်သည့် ဖန်ဖူကွေ့၏ သားများဖန်ရုံလျန်နှင့် ဖန်ရုံရော့တို့
ဖြစ်သည်။ တစ်ယောက်က ၈ နှစ်၊ တစ်ယောက်က ၄ နှစ် ဖြစ်ကြသည်။
ဖန်ရုံလျန်က
ရှောင်ချောင်ဆီသို့ အမောတကော ပြေးသွားသည်။ သူစကားမပြောရသေးမီပင် သာ့ချောင်ကို သတိထားမိသွားသဖြင့်
စောင်းကြည့်လိုက်သည်။ "ငထစ်မ၊ နင်ကဘာလို့ ဒီကို ရောက်နေတာလဲ? ငါတို့ညီမလေး ရှောင်ချောင်ကို
အနိုင်လာကျင့်တာလား?"
ဖန်ရုံရော့က
ကလေးအသံဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "နင်အနိုင်လာကျင့်တာလား?"
သာ့ချောင်က
သူမ၏ ခေါင်းကို ပလုတ်တုတ်ကဲ့သို့ ခါပြီး ပြောလိုက်သည်။ "မဟုတ် မဟုတ်ဘူး။ ငါ က
အ နိုင် မ ကျင့် ..."
"နင်အနိုင်ကျင့်ရဲတယ်လို့လည်း
ငါမထင်ပါဘူး။ တကယ်လို့ နင်အနိုင်ကျင့်ရဲရင် ငါနင့်ကို ထိုးမယ်" ဖန်ရုံလျန်က သူ၏
လက်သီးကို ပြသည်။
ဖန်ရုံရော့ကလည်း
လိုက်ပြောသည်။ "နင့်ကို ထိုးမယ်"
ထိုအခါမှ
ရှောင်ချောင်က စကားပြောသည်။ "ဝမ်းကွဲ၊ ငါးသွား ဖမ်းတယ်မဟုတ်လား? ဘာလို့အစောကြီး
ပြန်လာတာလဲ?"
ဖန်ရုံလျန်က
ချက်ချင်းပင် သူ၏ လက်ထဲမှ ငါးကို ရတနာကဲ့သို့ ပြသခဲ့သည်။ "ညီမလေး ရှောင်ချောင်၊
ကြည့်ကြည့်။ ဒီငါးက မလှဘူးလား?"
ဖန်ရုံလျန်လက်ထဲရှိ
ငါးသည် သူ၏ လက်ဖဝါးတစ်ဝက်စာပင် မရှိချေ။ ထိုငါးသည် သာမန်ငါးများနှင့်မတူဘဲ ၎င်း၏ ကြေးခွံမှာ
တောက်ပနေပုံပေါ်သည်။
နေရောင်ထိုးသောအခါ ရွှေရောင်ဖျော့ဖျော့လေးလင်းလက်နေသည်မှာ
အလွန် လှပသည်!
အခြားကလေးများက
ဖန်ရုံလျန်လက်ထဲရှိ ငါးကို မြင်သောအခါ နောက်တစ်ဖန် ပြန်စုဝေးလာကြသည်။
"အဲ့ငါးက
တောက်ပနေတယ်။ အရမ်းလှတာပဲ!"
"ဒါက
ငါ ပထမဆုံးအကြိမ် တောက်ပနေတဲ့ ငါးကို မြင်ဖူးတာပဲ!"
"ငါရောပဲ။
ငါရောပဲ"
သာ့ချောင်၏
မျက်လုံးများပင် ငါးကို ကြည့်နေပြီး အံ့ဩမှုများဖြင့် ပြည့်နေသည်။
ရှောင်ချောင်က
စိတ်မဝင်စားပေ။ ထိုငါးသည် ရွှေရောင်နှင့် ငွေရောင်အကြေးခွံရှိသော ကွိုင် ငါးဖြစ်သည်။
ဝတ္ထုထဲသို့ သူမ မကူးပြောင်းလာမီ အင်တာနက်ပေါ်တွင် မကြာခဏတွေ့ရုံသာမက သူမကိုယ်တိုင်လည်း
မွေးထားသည်။ ထို့ကြောင့် သူမအတွက် မထူးဆန်းပေ။
သို့သော်လည်း
သူမက မမြင်ဖူးသည့်ပုံဟန်ဆောင်ပြီး အံ့အားသင့်ကာ ပြောလိုက်သည်။ "ဘယ်လောက်တောင်
လှတဲ့ ငါးလေးလဲ! ဝမ်းကွဲအစ်ကိုက ဘယ်က ဖမ်းမိခဲ့တာလဲ?"
လူတိုင်းက
သူ့ကို ကြည့်နေသည်အား မြင်သောအခါ ဖန်ရုံလျန်က ဂုဏ်ယူစွာ ပြောလိုက်သည်။ "ခေဖာင်းရဲ့
အနောက်ဘက်က ဖမ်းမိတာ။ ညီမလေးရှောင်ချောင်၊ ဒီငါးကို ကြိုက်လား? ကြိုက်ရင် ဝမ်းကွဲအစ်ကို
ညီမလေးကို ပေးမယ်"
သူက
ဝမ်းကွဲညီမလေး ရှောင်ချောင်ကို အရမ်းသဘောကျသည်။ သူမက ရွာထဲရှိ အခြားမိန်းကလေးများနှင့်မတူဘဲ
အလွန်လှပပြီး ချိုမြိန်စွာ ပြုံးတတ်သည်။
ထို့အပြင်
ဝမ်းကွဲညီမလေးက ဉာဏ်ကောင်းပြီး ကလေးပါရမီရှင် ဖြစ်သည်။ ကျောင်းရှိ ဆရာပင် သူမအကြောင်းကို
ခဏခဏပြောသည်။ ဝမ်းကွဲညီမလေးကြောင့် သူငယ်ချင်းများကြားတွင် သူက အလွန်မျက်နှာရသည်။
"ကျေးဇူးပါ
ဝမ်းကွဲအစ်ကို၊ ညီမလေးအရမ်းကြိုက်တယ်" ရှောင်ချောင်က ချိုသာစွာ ပြုံးပြီး ငါးကိုယူတော့မည့်အချိန်တွင်
သာ့ချောင်က ငါးကို မျက်တောင်မခတ်ဘဲ ကြည့်နေကြောင်း တွေ့သွားသည်။ သူမက မျက်ခုံးကို ညှင်သာစွာ
ပင့်လိုက်သည်။ "မမ၊ မမက ဒီငါးကို အရမ်းကြိုက်တာလား?"
သာ့ချောင်က
ခေါင်းညိတ်လိုက်သည်။
ယခုကဲ့သို့
လှပသောငါးကို သူမ တစ်ခါမှ မမြင်ဖူးပေ။ သူမစိတ်ထင်နေသည်လား မသိသော်လည်း ငါးက သူမကို
ကြည့်နေသည်ဟု သူမထင်နေသည်။
ငါးက
ရေကထွက်လာသဖြင့် ပါးစပ် ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေပြီး ကြေးခွံများကလည်း ကျွတ်ထွက်နေသည်။
၎င်းက ဒဏ်ရာရနေသကဲ့သို့ပင်။ ၎င်းက အလွန်သနားစရာကောင်းသည်ဟု သူမတွေးမိသည်။
သူမ၏
မျက်နှာက နီရဲသွားကာ ငါးကို လက်ညိုးထိုးလိုက်သည်။ "ညီ မ လေး၊ ဒီ ငါး က မ မ ကို
ပေး လို့ ရ လား?"
"ငါက
နင့်ကို ဘာလို့ပေးချင်ရမှာလဲ? အရှက်မရှိဘူး၊ ထွက်သွား!" ဖန်ရုံလျန်က သာ့ချောင်ကို
တွန်းထုတ်လိုက်သည်။
သာ့ချောင်က
ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ပြုတ်ကျတော့မလို ဖြစ်သွားသည်။
ဖန်ရုံရော့ကလည်း
သူ၏ လက်သီးသေးသေးလေးကို ဝှေ့ယမ်းပြီး လိုက်ပြောသည်။ "ထွက်သွား!"
သာ့ချောင်က
တစ်စုံတစ်ခုကို တောင်းသည်အား ရှောင်ချောင် ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ အိမ်တွင်
သူမဗိုက်က နာကျင်သည်အထိ ဆာလောင်လာလျှင်တောင် သူမ၏ ပါးစပ်ကို ဖွင့်ပြီး စားစရာ မတောင်းပေ။
မထင်မှတ်ဘဲ
ယနေ့တွင် သူမက ငါးကို တောင်းဆိုသည်။
စိတ်ဝင်စားစရာပဲ!
အခြားတစ်ယောက်ဆိုလျှင်
သူမက ပေးလိုက်မည်။ သို့သော် သာ့ချောင်ကမူ သူမဆန္ဒရှိသည့်အတိုင်း ဖြစ်ခွင့်ပြုမည် မဟုတ်ပေ!
သူမက
ခက်ခဲသည့်အနေအထားကို ရောက်နေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ "မမ၊ ဒီငါးက ဝမ်းကွဲအစ်ကို
ပိုင်တာ။ ညီမလေး မဆုံးဖြတ်ရဲဘူး"
သာ့ချောင်က
သူမ၏ ပါးစပ်လေးကို ဝမ်းနည်းစွာ ဖိလိုက်ကာ လက်ဝှေ့ယမ်းလိုက်သည်။ "ရ ပါ တယ်။ ဘာ
မှ မ ဖြစ် ပါ ဘူး"
ရှောင်ချောင်က
သူမ၏ မျက်နှာက ခေတ္တမျှကြည့်ပြီး စဥ်းစားဟန်ပြုကာ ပြောလိုက်သည်။ "တကယ်လို့ မမ
တကယ်ကြိုက်ရင် ဝမ်းကွဲအစ်ကိုဆီမှာ တစ်ခုခုနဲ့ လဲလို့ရတယ်"
"ဘာ
ဘာ နဲ့ လဲ ရ မှာ လဲ?" သာ့ချောင်က ပဟေဠိ ဖြစ်သွားသည်။
ရှောင်ချောင်က
မပေးရသေးမီပင် ဖန်ရုံလျန်က သဘောမကျသည်ကို ပြောသည်။ "ဘာလို့ ငထစ်မကို ပေးရမှာလဲ?
သူမ ဘယ်လောက် ဆင်းရဲလဲဆိုတာ ကြည့်ကြည့်။ သူ့မှာ တန်ဖိုးရှိတာ ဘာရှိမှာလဲ?"
ရှောင်ချောင်၏
အသံက ချိုသာနေသည်။ "ဝမ်းကွဲအစ်ကို၊ သကြားလုံးစားချင်တယ် မဟုတ်လား? တကယ်လို့ မမက
သကြားလုံး ဒါမဟုတ် ပိုက်ဆံပေးနိုင်ရင် မမကို ပေးလိုက်လေ။ ဟုတ်ပြီလား?"
ယနေ့ခေတ်တွင်
လူတိုင်းက သရေစာ မဆိုထားနှင့်၊ သူတို့၏ ဗိုက်ကို ဝလင်စွာပင် မဖြည့်တင်းနိုင်ချေ။ သို့သော်
ကလေးများက သူတို့တောင့်တသည့်အချိန် ရှိသည်။
ထိုသည်ကို
ကြားသောအခါ ဖန်ရုံလျန်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "အဲဒါက သူမ ဘာယူလာမလဲဆိုတဲ့အပေါ်
မူတယ်တည်"
သာ့ချောင်က
ရှက်သွားသည်။ သူမ၏ အိပ်ကပ်ထဲကို စမ်းကြည့်သော်လည်း ပဲနိစေ့သာ ထုတ်နိုင်သည်။ ထိုသည်တောင်
သူမ၏ အဖိုးက လွန်ခဲ့သော ၂ ရက်က ပေးထားခြင်းပင်။
ဖန်ရုံလျန်က
ပိုက်ဆံကို လုယူပြီး မကျေမနပ် ရေရွတ်လိုက်သည်။ "င့ါရဲ့ငါးကို ပဲနိစေ့လေးနဲ့ လဲချင်တယ်ပေ့ါလေ။
အိပ်မက်မက်နေလိုက်!" သာ့ချောင်ကို ပိုက်ဆံ ပြန်မပေးပေ။
ဖန်ရုံရော့
"အိပ်မက်မက်နေလိုက်!"
သာ့ချောင်က
တန်ဖိုးရှိသည့်အရာတစ်ခုမှ မထုတ်ယူနိုင်သောအခါ ရှောင်ချောင်က စိတ်ချမ်းသာသွားသည်။ သူမက
အဝေးရောက်နေစဥ် အဖိုးအဖွားက သာ့ချောင်ကို ဂရုစိုက်မည်အား သူမအရမ်းကြောက်သည်။
သူမက
သာ့ချောင်ကို တစ်ဖက်သို့ ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ "မမ၊ အဲ့ဒီငါးကို
တကယ်လိုချင်တာလား?"
သာ့ချောင်က
သူမ၏ ခေါင်းကို ပြင်းပြင်းထန်ထန်ညိတ်လိုက်သည်။
"မမက
အရမ်းလိုချင်နေတယ်ဆိုတော့ ညီမလေးဒီတစ်ကြိမ် ကူညီပေးမယ်။ ညီမလေးက ဝမ်းကွဲအစ်ကိုကို ငါးက
အဆိပ်ရှိတယ်လို့ပြောပြီး မြောင်းထဲပစ်ခိုင်းလိုက်မယ်။ အားလုံး ထွက်သွားရင် မမက တိတ်တိတ်လေး
သွားကောက်လိုက်"
"ညီ
မ လေး..." ညီမလေးက သူမအပေါ် အရမ်းကောင်းသည်။ သာ့ချောင်၏ နှာခေါင်းများက နီရဲလာသည်။
ရှောင်ချောင်က
ခေါင်းကိုလှည့်ပြီး ပြောလိုက်သည်။
"ဝမ်းကွဲအစ်ကို၊ မမက အစ်ကိုနဲ့ လောင်းချင်တယ်တဲ့။
တကယ်လို့ အစ်ကိုက ငါးကို မစင်ကျင်းထဲပစ်ရဲရင် သူလည်း ပြန်ကောက်ရဲတယ်တဲ့။ ဝမ်းကွဲအစ်ကို
လုပ်ရဲလား?"
သူက
ကလေးဖြစ်နေလျှင်တောင် ယောကျ်ားတစ်ယောက်၏ မာနကို သွားမစသင့်ပေ။
ဖန်ရုံလျန်က
သာ့ချောင်ကို စောင်းကြည့်ပြီး လည်ပင်ချိုးလိုက်သည်။ "ကောင်းပြီ၊ သွားကြတာပေ့ါ။
ဘာကြောက်စရာရှိလို့လဲ!"
သာ့ချောင်
- "..."
"လူတိုင်း
င့ါနောက်လိုက်ခဲ့ကြ!" ဖန်ရုံလျန်က သူ၏ လက်ကို ဝှေ့ယမ်းပြီး ရွာ၏ အရှေ့ဘက်သို့
လျင်မြန်စွာ ပြေးသွားသည်။
ကလေးများက
အော်ဟစ်ပြီး နောက်က လိုက်သွားကြသည်။
ရှောင်ချောင်က
မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက်လုပ်သည်။ "မမ၊ ဝမ်းကွဲအစ်ကိုက ငါးကို မစင်ကျင်းထဲ
ပစ်မှာ။ ညီမလေး မတားနိုင်ဘူး။ ငါးအကြောင်း မေ့လိုက်ရအောင်"
သာ့ချောင်က
ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။ "မ မ လို ချင် တယ်"
သာ့ချောင်ပြေးသွားသော
ပုံရိပ်ကို ကြည့်ပြီး ရှောင်ချောင်က တိုးတိုးလေး ရယ်လိုက်သည်။
သူမ၏
အရင်ဘဝကကဲ့သို့ သာ့ချောင်က လွယ်လွယ်နှင့်အရှုံးမပေးမှန်း သူမသိသည်။
သို့သော်လည်း
ပြီးခဲ့သောတစ်ခေါက်က အနောက်ဘက်သစ်တောအတွင်းရှိ ထောင်ချောက်ကျင်းက သာ့ချောင်ကို မသတ်နိုင်ခဲ့ပေ။
ဒီတစ်ခေါက် သူမက ဆက်ပြီး ကံကောင်းနိုင်မလားဆိုတာ ကြည့်ကြတာပေ့ါ!
သူမ၏
အပြုံးကို ရုတ်သိမ်းပြီး ကလေးများအနောက်သို့ လိုက်သွားသည်။
ထိုအချိန်တွင် ရွာ၏ အရှေ့ဘက်၌ စုန့်ကျင်းလိုင်၏ အိမ်ရှေ့တံခါးသည်
တင်းကြပ်စွာ ပိတ်ထားသည်။
ချောင်ရှို့ကျီက
တံခါးကို သူမ၏ လက်ဝါးဖြင့် ရိုက်လိုက်သဖြင့် သစ်သားတံခါးက ခါယမ်းသွားသည်။ "စုန့်ကျင်းလိုင်မိန်းမ၊
တံခါးဖွင့်စမ်း! နင်က အိမ်ထဲမှာရှိတယ်ဆိုတာ ငါသိတယ်။ နင်တို့ ဒီတံခါးကို ထပ်မလိုချင်တော့ရင်
တံခါးမဖွင့်နဲ့!"