အပိုင်း ၁၄
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၁၄

 

 

 

 

 

 

 

ဝမ်ချွမ်ကျီသည် မျက်နှာပျက်သွားသည်အထိ ဆူပူကြိမ်းမောင်းခံရသဖြင့် မျက်နှာက နီမြန်းသွားသည်။ ဥများစွာထဲက ခွဲထွက်ရန် သူမ တုံ့ဆိုင်းမနေခဲ့ပေ။

 

 

 " လုတုန်းပိုင်ကို ခွေးကိုက်သလိုပဲ။ စိတ်ကောင်းထားတာကို နားမလည်ဘူး။ အစ်မက ညီမကောင်းဖို့အတွက် လုပ်ပေးနေတာ"

 

 

ချောင်ဟုန်းရှက မျက်နှာမပေးဘဲ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ကျွန်မ အကျိုးအတွက် မလုပ်ပါနဲ့၊ ကျွန်မ မလိုအပ်ဘူး"

 

 

ဝမ်ချွမ်ကျီက ဒေါသအပြည့်ဖြင့် သွားတွေ ကိုက်လိုက်သည်။ သူမ၏ မျက်နှာသည် နီရဲပြီး ဖြူလာသည်။

 

 

ချောင်ရှို့ကျီသည် သူမ၏ အကြီးဆုံးချွေးမကို တစ်ချက်ကြည့်လိုက်သည်။  သူမမျက်နှာမှာ အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

 

 

ဟုန်းရှရဲ့ ကိုယ်ကျိုးအတွက်လားလူတိုင်းက သူမလိုပဲ မိုက်မဲတယ်လို့ သူမထင်နေတာလား?

 

 

သာ့ချောင်သည် မြက်ခြောက်များကို ပြန်ချထားပြီး တောင်းကို ကျောပေါ်တင်လိုက်သည်။ "အဖွား၊ တတိယအဒေါ်၊ သမီးသွားတော့မယ်၊ အဒေါ် ဟွေ့ဆီ ငါးပို့မယ်" ဟု တိုးတိုးလေးပြောသည်။

 

 

ဝမ်ချွမ်ကျီ၏ မျက်လုံးများ ပြူးထွက်လာပြီး သူမသည် အမြီးကိုက်ခံရသော ကြောင်တစ်ကောင်ကဲ့သို့ ပေါက်ကွဲသွားသည်။

 

 

 "သာ့ချောင်၊ ငါးကို ဒီကို ပေးလိုက်။ နင်က ဘာလို့ အပြင်လူကို ဒီလောက်ကောင်းတဲ့ ငါးကို ပေးရတာလဲ? ဒီလိုမျိုးလုပ်ရပ်ကို မင်းလို အရူးကပဲ လုပ်တာ!"

 

 

ငါးနှစ်ကောင်က သူများကို ပေးခံလိုက်သည်။  ကြက်ဥတစ်လုံးပင် ပြန်မရချေ။ အခု သူမက အပြင်လူကို ငါးတွေကို ပေးချင်နေတာလား?

 

 

ဘာပဲပြောပြော၊ အဲဒါက ယုတ္တိမတန်ပေ။

 

 

သူမစကားပြောနေစဉ်တွင် သူမသည် သာ့ချောင်၏ ခြင်းတောင်းကို ဖမ်းယူရန် ရည်ရွယ်ခဲ့သော်လည်း ချောင်ရှို့ကျီက လှမ်းရိုက်လိုက်သည်။

 

 

"ဘန်း" အသံက စူးရှစွာ ထွက်လာခဲ့သည်။

 

 

ချောင်ရှို့ကျီ၏ ရိုက်ချက်က ခွန်အားသိပ်မရှိခဲ့သော်လည်း ဝမ်ချွမ်ကျီ၏ လက်ဖမိုးသည် ချက်ချင်းပင် နီရဲလာပြီး ရောင်လာသည်။ နာကျင်စွာ တုန်လှုပ်သွားပြီး သူမမျက်ရည်များကျလာသည်။

 

 

"အမေ!"

 

 

ဝမ်ချွမ်ကျီ၏ အော်သံက ခြံဝန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သူမဘေးနားရှိ ကြက်မကြီးပက် ကြောက်စိတ်ဖြင့် ထွက်ပြေးသွားခဲ့သည်။

 

 

"သမီးကို ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ? အမေ"

 

 

သနားစရာ၊ အားကိုးရာမဲ့ပြီး အားနည်းသော မျက်လုံးများဖြင့် ယောက္ခမကို ကြည့်လိုက်သည်။ ထို့နောက် မျက်နှာကို အုပ်ကာ ခြေလှမ်းသေးသေးလေးဖြင့် အိမ်ထဲသို့ ပြေးသွားသည်။

 

 

ချောင်ရှို့ကျီ -  ...

 

 

ချောင်ဟုန်းရှ - ?

 

 

အမေနှင့်သမီးက အံသြသွားသည်။

 

 

အမူအရာများက ဖော်ပြရခက်နေသည်။

 

 

ရှောင်ချောင်သာ ဤနေရာတွင် ရှိနေလျှင် ဝမ်ချွမ်ကျီက ဘာတွေမှားနေလဲဆိုသည်ကို သူမသိသည်။

 

 

ဝမ်ချွမ်ကျီသည် ဆယ်နှစ်ကျော်ကြာမှ ကွဲထွက်နေသော စိတ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသော ကိုယ်ရည်ကိုယ်သွေး နှစ်မျိုးရှိသည်။

 

 

 စိတ်သဘောထားသေးသော သူနှင့် ခါးသီးပြီး ငိုနေတတ်သော မိန်းမငယ်လေးတို့ ဖြစ်သည်။ ထို့ကြောင့်လည်း လူများက သူမ၏ အပြုအမူကို စိတ်ရှုပ်စရာဟု ထင်တတ်သည်။

 

 

"ဘယ်လို စိတ်ပျက်စရာတွေလဲ?"

 

 

ချွေးမသုံးယောက်တွင် တစ်ယောက်မှ ပုံမှန်မဟုတ်ပေ။

ချောင်ရှို့က ညည်းညူရင်း ငါးကို မီးဖိုချောင်ထဲ ယူသွားခဲ့သည်။ ထို့နောက် သူမသည် သမီးနှင့်အတူ ချောင်ကျန်းကျွင်းကို သွားတွေ့သည်။

 

 

ဝမ်ချွမ်ကျီက ငိုရှိုက်နေရင်း အခန်းထဲကို ပြန်သွားသည်။ စိတ်ထဲ၌ တစ်ယောက်ယောက်က သူ့ကို နှစ်သိမ့်ပေးလိမ့်မယ်လို့ မျှော်လင့်နေသည်။

 

 

အချိန်အတော်ကြာအောင် စောင့်သော်လည်း တစ်ယောက်မှ မလာကြပေ။ သူမသည် ချက်ချင်းပင် လိမ္မာပါးနပ်သော ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလိုက်ပြီး သူမ၏ မကျေနပ်ချက်များကို ပြောပြရန် ထွက်သွားသည်။

 

 

ဆောင်းရာသီတွင် မိသားစုအနည်းငယ်စာ နေ့လည်၀ာ ချက်ပြုတ်ကြသည်။ အမျိုးသမီးများက ပျင်းလွန်းသဖြင့် မှိုတက်လုမတတ် ဖြစ်နေသည်။ ပါးစပ်က အတင်းမပြောရလျှင် အသက်မရှင်နိုင်ပေ။

 

 

တံတိုင်းတစ်ခု၏ အဆုံးကို လျှောက်သွားသောအခါ ဝမ်ချွမ်းကျီက အမျိုးသမီးအချို့က တိုးတိုးလေးပြောနေသည်ကို ကြားလိုက်ရသည်။

 

 

"လင်းဟွေ့က ဒုတိယချောင်ကို စိတ်ကူးယဉ်နေတာ နင်ကြားပြီးပြီလား?"

 

 

"ငါကြားတယ်။ သူဒီလိုဖြစ်တယ်ဆိုတာ ငါတကယ်မပြောနိုင်ဘူး! သူမက ဖြူစင်တဲ့ မိန်းမတစ်ယောက်လိုပုံနဲ့။ အထဲမှာ ပရောပရည်လုပ်မယ်လို့ မမျှော်လင့်ထားဘူး။ ကျွတ်စ်၊ ကျွတ်စ်..."

 

 

ရုတ်တရက် ဝမ်ချွမ်ကျီက သူမ၏ပေါင်ကို ရိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခံစားခဲ့ရသည်။

 

 

ချောင်ကျန်းကျွင်း၏ အမိန့်အတိုင်း လင်းဟွေ့ကို သာ့ချောင်က ကြီးမားသော ငါးကို ပေးကြောင်း သူမက ပြောနေသည်။

 

 

သူမသည် ချက်ခြင်းပင် အတင်းအဖျင်းတွင် ပါဝင်ပြီး ချောင်ကျန်းကျွင်းသည် လင်းဟွေ့ဆီသို့ အဆီများသောငါးသုံးကောင်ကို သာ့ချောင်မှတစ်ဆင့် ပေးခိုင်းကြောင်း လူတိုင်းကိုပြောပြခဲ့သည်။ သုံးကောင်!

 

 

မူလက ကောလဟာလကို လူတချို့က သိပ်မယုံကြပေ။ သို့သော်လည်း အခုချိန်တွင် ဝမ်ချွမ်ကျီက ပြောပြသည်များကို  ကြားလိုက်ရသဖြင့် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ အိမ်ပြန်ရောက်သောအခါ အခြားလူများကို သတင်းပြန်ပြောပြသည်။

 

 

မကြာခင်မှာပဲ လင်းဟွေ့နှင့် ဒုတိယချောင်တို့အကြောင်းသည် ရွာ၏ နေရာတိုင်းတွင် နွေဦး ကောလဟာလတွေ ထွက်ပေါ်လာသည်။ ထိုသတင်းသည် မကြာမီပင် ဖန်းမိသားစုဆီ ရောက်လာသည်။

 

 

ဖန်းမိသားစုက အံ့သြသွားကြပြီး  ဒေါသတကြီး ဖြစ်နေကြကာ ဒုက္ခပေးရန် ပြင်ဆင်နေသည်။

 

 

သူတို့ဖန်းမိသားစုက ချောင်မိသားစု၏ ယောက္ခမများ ဖြစ်သော်လည်း  ငါးတစ်ကောင်မှ မရပေ။ ထိုအစား သူတို့က ငါးတွေအားလုံးကို မြေခွေးမတစ်ကောင်ကို ပေးလိုက်ကြသည်။ ဒါက လုံးဝ ယုတ္တိမတန်ပါပေ။

 

 

သစ်တုံးကဲ့သို့ ပြုမူလေ့ရှိသော ချောင်ကျန်းကျွင်းလည်း ရှိသေးသည်။ မထင်မှတ်ဘဲ သူသည် လှည့်ဖျားတတ်သောသော လူဆိုးကြီးဖြစ်သည်။ သူသည် မုဆိုးမ လင်းဟွေ့နှင့် အမှန်တကယ် တွဲနေကြသည်။

 

 

ဖန်းဖူကွေ့က စားပွဲကို ရိုက်လိုက်သည်။ "ညီမလေး၊ အကိုကြီး မင်းနဲ့အတူ သွားပြီး တရားမျှတမှု ပြန်ယူပေးမယ်။ ဖန်းဖူကွေ့ရဲ့ ညီမကို အနိုင်ကျင့်တာက ငါ့ကို အထင်သေးနေတာနဲ့ တူတူပဲ!"

 

 

ဖန်းရှောင်ကျွမ်းက ချောင်ကျန်းကျွင်းကို ဂရုမစိုက်သော်လည်း အခြားမိန်းမများက သူ့ယောက်ျားကို လိုချင်တပ်မက်မည်အား ခွင့်မပြုပေ။

 

 

အခြားတိရိစ္ဆာန်တွေကို သူတို့၏နယ်မြေကို ကျူးကျော်ခွင့်မပြုတဲ့ တိရစ္ဆာန်တွေလိုပင်။

 

 

တရားမျှတမှုရယူရန် သွားချင်သော်လည်း တွန့်ဆုတ်နေသည်။ "ယောက္ခမနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ?"

 

 

"ဒါဆို ငါတို့ တွေ့လည်း ဘာဖြစ်လဲ ငါမကြောက်ဘူး!"

 

 

 ဖန်ဖူကွေ့က စားပွဲကို ရိုက်လိုက်သည်။ "ဒါ့အပြင် မင်းကို အမှားလုက်ခဲ့တာက ဒုတိယချောင်ပဲ၊ သူ့ကို သတ်ပစ်ရင်တောင် ဘယ်သူမှ မပြောရဲဘူး!"

 

 

ဖန်းဖူကွေ့သည် ဤဒေသတွင် နာမည်ကြီး လူလေလူလွင့် ဖြစ်သည်။ လူအများစုက သူ့ကို လွယ်လွယ်နှင့် မနှောင့်ယှက်ဝံ့ကြပေ။

 

 

အစ်ကိုဖြစ်သူ၏ ပံ့ပိုးမှုဖြင့် ဖန်းရှောင်ကျွမ်းသည် ချက်ချင်းပင် ယုံကြည်မှုရှိလာသည်။ မောင်နှမနှစ်ယောက်သည် ဆုံးဖြတ်ချက် အပြည့်ဖြင့် ချောင်မိသားစုအိမ်ဆီသို့ ဦးတည်သွားကြသည်။

 

 

ချောင်ရှို့ကျီသည် အိမ်မှုကိစ္စများကို ကူညီပေးပြီးနောက် ထွက်ခွာတော့မည်ဖြစ်သည်။ သို့သော် သူမသည် ခြံတံခါးဝသို့ ရောက်သောအခါတွင် ဖန်းရှောင်ကျွမ်းတို့ မောင်နှမနှစ်ယောက်က အလောတကြီး လာနေသည်ကို တွေ့လိုက်ရသည်။ သူတို့က ပြဿနာ လာရှာချင်ပုံရသည်။

 

 

သူမ နှုတ်ခမ်းကို တွန့်ကွေးပြီး အေးစက်စွာ ကြည့်နေသည်။

 

 

ဖန်းရှောင်ကျွမ်းသည် ယောက္ခမ၏ အေးခဲသောအကြည့်ကို ဆုံတွေ့ပြီး သူမ၏ တက်ကြွနေသော စိတ်သည် ချက်ချင်းပင် ကျဆင်းသွားသည်။ သူမက တံတွေး မျိုချပြီး ပြောလိုက်သည်။

 

 

 "အစ်ကို၊ ငါ...ခြေထောက်တွေ နည်းနည်းပျော့သွားတယ်လို့ ခံစားရတယ်"

 

 

ဖန်းဖူကွေ့လည်း သူ့ခြေထောက်တွေက အနည်းငယ် အားနည်းနေသလို ခံစားလိုက်ရပေမယ့် မျက်နှာမပျက်စေရန် အားတင်းထားလိုက်သည်။ "ညီမလေး၊ မယိမ်းယိုင်နဲ့၊ သွားပြီး လုပ်လိုက်!"

 

 

ဖန်းရှောင်ကျွမ်းက တုန်လှုပ်နေသည်။ သူမသည် အတင်းပြုံးကာ လျှောက်လာလိုက်သည်။ "အမေ၊ ဘာလို့ ဒီမှာလာနေတာလဲ?"

 

 

ချောင်ကျန်းကျွင်းက ပြောလိုက်သည်။ "ဒါက ငါ့သားရဲ့အိမ်ပဲ၊ ဘာလို့ ဒီမှာမနေနိုင်ရတာလဲ? အားလုံးက မင်းလိုပဲလို့ ထင်နေလား? အိမ်ထောင်ကျပြီးတာတောင် မိဘအိမ်မှာ ဆက်နေနေတုန်းပဲ"

 

 

ဖန်းရှောင်ကျွမ်းသည် သူမရောက်လာသည်နှင့် တပြိုင်နက် အပြောခံရမည်ဟု မမျှော်လင့်ထားပေ။

 

 

 သူမ၏မိဘအိမ်တွင် နေထိုင်ရခြင်းမှာ အမှန်ပင် မှားယွင်းနေသည်။ ဒေါသက ခေါင်းထဲပိုတိုးလာပြန်သည်။

 

 

"အမေ၊ ကျန်းကျွင်းက လင်းဟွေ့နဲ့ တွဲနေတယ်လို့ လူတွေက ပြောကြတာ ကြားတယ်။ သူက အရမ်းလွန်တာပဲ၊ ကျွန်မက သူ့ကို လက်ထပ်ပြီး သူနဲ့ ခက်ခက်ခဲခဲ လိုက်နေတယ်။ သူက ကျွန်မကို ဒီလို ဆက်ဆံတယ်။ တကယ်ပဲ ကျွန်မ အသက်မရှင်ချင်တော့ဘူး.."

 

 

ဖန်းရှောင်ကျွမ်းသည် ဒရာမာ ဘုရင်မတစ်ဦးလည်းဖြစ်သည်။ ပြောလိုက်သည်နှင့် ချက်ချင်းပင် မျက်ရည်တွေက ထွက်လာသည်။

 

 

ပထမမှာ သူမက လှသည်။ သူမ၏ငိုသံက သစ်တော်သီးပွင့်က ယူဆောင်လာသည့် မိုးစက်များကဲ့သို့ပင်။

 

 

 တကယ်ကို လှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်သည်။

 

 

သူမရှေ့ကလူက သနားပြီး ကျောက်စိမ်းကို မြတ်နိုးမယ့်လူမဟုတ်ဘဲ သွေးအေးသည့် သူမ၏ယောက္ခမ ချောင်ကျန်းကျွင်း ဖြစ်နေသည်။

 

 

"နင့်ရဲ့ ကြောင်ချေးတွေကို ချက်ချင်းသိမ်းလိုက်။ ဒါက တစ်ခွန်းစကားပဲ။ အသက်မရှင်ချင်ဘူးလား၊ သွားသေလိုက်! မရှုပ်မရှင်းတဲ့ ဆက်ဆံရေးလား? အကြောသေနေတဲ့လူက ဘယ်လိုလုပ် ရှုပ်ယှက်ခတ်နေနိုင်တယ်ဆိုတာ ပြောပြပါဦး။ မဟုတ်ရင် နင့်ကို အကြောသေသွားတဲ့အထိ ငါ ရိုက်နှက်ပြီးရင် လုပ်နည်းလေးပြပေ့ါ?"

 

 

"ကျွန်မ... သူများတွေဆီက ကြားတာ" ဖန်းရှောင်ကျွမ်း၏ အထက်စီးဆန်သော စိတ်ဓာတ်သည် ပို၍ လျော့ကျသွားသည်။ သူမက ထပ်ပြီး ယုံကြည်မှု မပြည့်ဝနေတော့ပေ။

 

 

"ဒါပေမယ့် ကျန်းကျွင်းနဲ့ လင်းဟွေ့က ဘာမှမဟုတ်ဘူးဆိုရင် လင်းဟွေ့ဆီကို ဘာလို့ ငါးပို့တာလဲ?"

 

 

ပြီးတော့ တစ်ခါတည်း သုံးကောင် ပေးသည်။ ဖန်းမိသားစုက တစ်ဝက်တောင် မရပေ။

 

 

ချောင်ရှို့ကျီက ရယ်လိုက်သည်။ "လင်းဟွေ့က ငါးတွေရလိုက်တော့ ဘာဖြစ်လဲ? မကျေနပ်ဘူးလား?"

 

 

တစ်စုံတစ်ဦးကို ပြုစုစောင့်ရှောက်ရန် လိုအပ်လာသောအခါတွင် သူမ၏မိခင်အိမ်သို့ ပြန်ပြေးသွားခဲ့သည်။ ယခု အကျိုးရှိသွားချိန်တွင် ပြန်ပြေးလာတာလား?

 

 

တကယ်ကို အိပ်မက်မက်နိုင်တာပဲ!

 

 

ယောက္ခမက ပုံမှန်အတိုင်း မကစားပေ။ ချောင်မိသားစု၏ အပြစ်ဆိုသည်မှာ ထင်ရှားသည်။ သူမက ဘာကြောင့် ဒီလောက် ယုံကြည်မှုရှိပြီး မာနကြီးရတာလဲ?

 

 

ဖန်းရှောင်ကျွမ်းက ခေါင်းငုံ့မခံလိုသော်လည်း တိုက်ရိုက် မပြောရဲပေ။ "အမေ၊ အပြင်လူတွေကို ဘာလို့ ငါးအပိုပေးချင်တာလဲ? ကျောင်းကျောင်းရဲ့ အဖွားမိသားစုက ငါးတစ်ဝက်တောင် မရခဲ့ဘူး။ ဒါက လူတွေ အတင်းပြောစရာဖြစ်အောင် လုပ်နေတာလား?"

 

 

ချောင်ရှို့ကျီက လှောင်ပြောင်ရယ်မောလိုက်သည်။ "နင်တို့မိသားစုကို ဘာလို့ ငါးတွေ ပေးရမှာလဲ? နင့်မျက်နှာက ကြီးနေလို့လား?"

 

 

"..."

 

 

ဖန်းရှောင်ကျွမ်းသည် သူမပါးစပ်က အသေပိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

 

 

ရင်ဘတ်ကို ပုတ်ပြီး သူမကို ထောက်ပေးမည်ဟု ပြောခဲ့သော သူမအစ်ကိုက ရောက်လာပြီးနောက် အသံမထွက်လာသည်ကို ရုတ်တရက် သိလိုက်ရသည်။