အပိုင်း ၁၃
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၁၃

 

 

 

 

 

သူမအမေ ထွက်သွားတုန်းက သူမသည် တကယ်ကို စိတ်ပူနေခဲ့သည်။ သူမအမေက သူမအဖေနှင့် ကွာရှင်းမည်ကို ကြောက်ပြီး အိမ်က နှင်ထုတ်မည်ကို ပိုကြောက်သည်။ တဖြည်းဖြည်းနှင့် သူမသည် အကျိုးကျေးဇူးများကို ပိုနားလည်လာသည်။

 

 

ဤရက်ပိုင်းတွင် သူမကို ဘယ်သူမှ မဆဲ၊ ဘယ်သူမှ မဆူပေ။ သူမသည် နေ့တိုင်း လုံလောက်စွာ အိပ်စက်၊ စားသောက် နိုင်သည်။ အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်!

 

 

သာ့ချောင် နားမလည်သည်မှာ သူမအမေက ဘာလို့ သူမကို ဂရုမစိုက်တာလဲ ဆိုသည်ပင်။ အားနည်းပြီး သေးငယ်သော တိရစ္ဆာန်များပင်လျှင် အားသာချက်များကို ရှာကြံကာ အားနည်းချက်များကို ရှောင်ရှားရမည်ကို သိကြသည်။ ချိုမြိန်မှုကို ခံစားပြီးနောက် သူမအမေကို မေ့ပစ်ရန် ရွေးချယ်ခဲ့သည်။

 

 

ငါးခုနစ်ကောင်ကို ခွဲခြား၍ မွေးမြူရန် သစ်သားအင်တုံတစ်ခုထဲသို့ လောင်းချခဲ့သည်။ ထို့နောက် သူမသည် နောက်ကျောတွင် တောင်းကိုထမ်းကာ ချောင်မိသားစု အိမ်ဟောင်းဆီသို့ ဦးတည်သွားသည်။

 

 

သာ့ချောင်သည် ချောင်မိသားစု အိမ်ဟောင်းသို့သွားချိန်တွင် အခြားလူတစ်ယောက်သည်လည်း ချောင်မိသားစု အိမ်ဟောင်းဆီသို့ သွားနေသည်။

 

 

ချောင်ဟုန်းရှသည် လက်တစ်ဖက်တွင် တောင်းတစ်လုံးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် သုံးလေးနှစ်အရွယ် ကလေးတစ်ဦးကို ကိုင်ထားသည်။ သူမခြေထောက်များက လေကဲ့သို့ လျင်မြန်နေသည်။

 

 

ကောင်လေးက ပိန်ပိန်သေးသေးလေး ဖြစ်သည်။ သူ့အသားအရေက ထူးထူးခြားခြား ဖြူဖွေးနေသည်။ သူ့အမေ၏ အရှိန်နှင့်အညီ လိုက်နိုင်ရန်အတွက် ခြေထောက်တိုတိုတွေကို အပြင်းအထန် လှမ်းပြီး လျှောက်နေသည်။

 

 

 ပင်ပန်းလွန်းသော်လည်း လုံးဝ မငိုပေ။ အကျင့်စာရိတ္တကောင်းမွန်လွန်းသဖြင့် လူတွေကို သနာကြနာမှု ဖြစ်ပေါ်စေသည်။

 

 

သူတို့ ချီလီရွာထဲကို ဝင်လိုက်သောအခါ ရွာသားများက မြင်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ကြသည်။ "ဟုန်းရှ၊ မင်းအမေ အိမ်ပြန်လာတာလား?"

 

 

ချောင်ဟုန်းရှက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ဒုတိယအစ်ကိုကို တွေ့ဖို့ ကျွန်မ ကလေးကို ပြန်ခေါ်ခဲ့တာ"

 

 

"မင်းတို့ မောင်နှမတွေ ဆက်ဆံရေးက အရမ်းကောင်းတယ်။ မင်းဘာတွေ ပြန်ယူလာတာလဲ ငါကြည့်ပါရစေ!"

 

 

 အမျိုးသမီးတစ်ဦးသည် ဝိုင်းဖွဲ့ကာ လက်ဆွဲပြီး တောင်းဖုံးအုပ်ထားသည့် အထည်ကို ခွင့်မပြုဘဲ ရုတ်တရက် ဖွင့်လိုက်သည်။

 

 

ချောင်ဟုန်းရှက မရှောင်နိုင်သဖြင့် အဝတ်စက ပွင့်သွားပြီး အတွင်းဘက်ရှိ ကြက်ဥနှင့် သကြားအညိုတစ်ထုပ်ကို မြင်လိုက်ရသည်။

 

 

အမျိုးသမီး၏ မျက်လုံးများက ဖွင့်လိုက်ပိတ်လိုက် ဖြစ်သွားသည်။ "အိုး၊ ဥတွေ အများကြီးပဲ။ နင့်ယောက္ခမက နင့်အမေ အိမ်ပြန်ဖို့ ဥတွေ အများကြီး ပေးလိုက်တာလား?"

 

 

ချောင်ရှို့ကျီတွင် သမီးနှစ်ယောက်ရှိသည်။ တတိယသမီး ချောင်ဟုန်းရှနှင့် စတုတ္ထသမီး ချောင်ဟုန်းမေ တို့ဖြစ်သည်။

 

 

ညီအစ်မတစ်ဦးသည် အိမ်နီးချင်းထုတ်လုပ်ရေးအဖွဲ့မှ ကျောက်မိသားစုနှင့် လက်ထပ်ခဲ့သည်။ နောက်တစ်ယောက်က မြို့ပေါ်မှလူနှင့် အိမ်ထောင်ကျသည်။

 

 

ချောင်ဟုန်းရှ၏ ခင်ပွန်း ကျောက်ကျဲဖန်းသည် ရိုးသားပြီး မြေကြီးပေါ်ရှိလူ ဖြစ်သည်။ သို့သော် သူ့အမေ ရှောင်ချွေ့ဟွားသည် သံတိုက်ကြက်ဟု လူသိများသည်။

 

 

သူမသည် အများအားဖြင့် တွန့်တိုတတ်ပြီး သူမချွေးမကို အပြစ်တင်တတ်သည်။ ကျောက်အိမ်တံခါးဝမှ ပစ္စည်းများဝင်လာလျှင် ပြန်ထွက်ရန် မဖြစ်နိုင်ပေ။

 

 

အရေးအကြီးဆုံးမှာ ရှောင်ချွေ့ဟွားသည် ဤတတိယချွေးမ ချောင်ဟုန်းရှကို မကြိုက်ခြင်းပင်ဖြစ်သည်။

 

 

 ထို့ကြောင့် လူအများသည် သူမက ဥများစွာဖြင့် ပြန်လာသည်ကို မြင်သောအခါတွင် သူတို့၏ ​အတင်းပြောချင်စိတ်များပို ဖော်ပြကြသည်။

 

 

ချောင်ဟုန်းရှက အေးဆေးတည်ငြိမ်စွာ အထည်ကို ပြန်ချထားသည်။ "နောက်ကျနေပြီ၊ ကျွန်မ မြန်မြန်သွားရမယ်။ နောက်မှလုပ်စရာ အိမ်အလုပ်တွေ ကျန်သေးတယ်!"

 

 

ပြောပြီးသည်နှင့် သူမကလေးကို ဆွဲပြီး ထွက်သွားသည်။

 

 

လူတိုင်းက သူမကြက်ဥတောင်းကို စိုက်ကြည့်နေကြပြီး မနာလိုဖြစ်နေကြသည်။

 

 

"ဟုန်းရှက အသိစိတ် ရှိသေးတယ်။ ဒုတိယ ချောင် အကြောသေသွားတာ တစ်လလောက်ရှိပြီ၊ သူမက ခဏ ခဏ လာကြည့်သေးတယ်။ တစ်ခါမှ ပြန်မလာတဲ့ ဟုန်းမေနဲ့ မတူဘူး"

 

 

"ဟုန်းမေက ငယ်ငယ်လေးကတည်းက စိတ်နှလုံးမကောင်းတာ။ မွေးရာပါ မျက်လုံးဖြူဝံပုလွေပဲ။ သူ့ယောက်ျားက မြို့ရဲ့အစိုးရပိုင် စားသောက်ဆိုင်ရဲ့ မာစတာစားဖိုမှူးပဲ။ သူမမှာ ဒီလောက်ကောင်းတဲ့ဘဝရှိတယ်။ သူ့မိဘတွေကို ကူညီပေးခဲ့လို့လား?"

 

 

"စဉ်းစားကြည့်ကြည့်၊ ထူးဆန်းလွန်းတယ်။ ချောင်မိသားစုက လူတိုင်းက အရပ်ရှည်တယ်၊ ရုပ်လည်းချောကြတယ်၊ ဟုန်းမေက ပုပုလေးပဲ။ ရုပ်ရည်လည်း မလှဘူး။ ဘယ်သူနဲ့တူလဲတော့ တကယ်မသိဘူး"

 

 

သူမ၏ ရောက်ရှိလာခြင်းသည် လူတိုင်း၏ ဆွေးနွေးမှုကို နှိုးဆွပြီး စတုတ္ထညီမကို ထိခိုက်စေကြောင်း ချောင်ဟုန်းရှက မသိခဲ့ပါ။

 

 

သူမသည် ချောင်မိသားစု အိမ်ဟောင်းဝင်ပေါက်ဆီသို့ အရှိန်ပြင်းပြင်းနှင့် လျှောက်လာသည့် သာ့ချောင်နှင့် တိုးသွားသည်။ "သာ့ချောင်၊ သမီးက ဘာလို့ ဒီမှာရှိနေတာလဲ?"

 

 

သာ့ချောင်က မော့ကြည့်လိုက်သောအခါ ဝင်လာသောလူကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများသည် ချက်ချင်းပင် လခြမ်းလေးနှစ်ခုကဲ့သို့ ကွေးသွားသည်။ "တတိယအဒေါ်၊ မောင်လေး ယိမင်!"

 

 

ကျောက်ယိမင်၏ မျက်လုံးလေးများ တောက်ပလာသည်။ သူ့အမေ၏လက်ကို လွှတ်လိုက်ပြီး 'ဒေါင်ဒေါင်' နှင့် သူမဆီ ပြေးသွားသည်။ "အစ်မ နျန်နျန်!"

 

 

သာ့ချောင်၏ အမည်မှာ ချောင်နျန်နျန်ဖြစ်သော်လည်း မိသားစုနှင့် ရွာရှိလူတိုင်းက သူမကို သာ့ချောင် ဟုခေါ်ကြသည်။ ဝမ်းကွဲမောင်လေးလေး ကျောက်ယိမင်ကသာ သူမကို အစ်မ နျန်နျန်ဟု ခေါ်သည်။

 

 

ကျောက်ယိမင်၏ လက်သေးသေးလေးက သူ့ဝမ်းကွဲအစ်မ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က သူမကို မှီနေသည်။ မှီခိုအားထားရသည့်အကြည့်က မြင်သူတိုင်းကိုသိမ်မွေ့သွားစေသည်။

 

 

သာ့ချောင်က ဝမ်းကွဲမောင်လေးကို အလွန် သဘောကျသည်။ သူက နာခံပြီး ချစ်စရာ ကောင်းသည်။ သူပြောသည့်အတိုင်းလည်း သူလုပ်သည်။

 

 

ချောင်ဟုန်းရှသည် မောင်နှမအရင်းကဲ့သို့ လက်ကို ကိုင်ထားကြသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း မျက်လုံးများ နီရဲလာသည်။

 

 

ယိမင်သည် မူလက ကျန်းမာပြီး ထက်မြက်သော ကလေးဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ်က မီးဖွားပြီးသည့် သူမ၏ အငယ်ဆုံးခယ်မကို ပြုစုရန် မြို့သို့သွားခဲ့သည်။ ယိမင်သည် ယောက္ခမ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် အိမ်တွင်နေခဲ့သည်။

 

 

မထင်မှတ်ဘဲ သူမအိမ်ကထွက်လာပြီး နှစ်ရက်မပြည့်ခင်မှာပင် ယိမင်က ရေထဲကျသွားကာ ထိုညတွင် အဖျားကြီးသွားသည်။

 

 

သူမယောက္ခမ က ပိုက်ဆံချွေတာရန် ကလေးကို ဆရာဝန်ဆီ ခေါ်မသွားခဲ့ပေ။ အကယ်၍ သူမသာ ခဏတဖြုတ် အိမ်မပြန်သွားခဲ့လျှင် ကလေးက သေလိမ့်မည်။

 

 

သူမသည် ဒေါသတကြီး တုန်တုန်ယင်ယင်နှင့် ကလေးကို မြို့ဆေးရုံသို့ ချက်ချင်း ပို့လိုက်သည်။ နောက်ဆုံးတွင် ကလေး၏ အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း သူ၏ဦးနှောက်ထိခိုက်သွားသည်။

 

 

ယိမင်၏ တုံ့ပြန်မှုသည် သာမန်ကလေးများထက် နှေးကွေးသည်။ သူသည် အရာများနှင့် လူများကို မမှတ်မိနိုင်ပေ။ မိသားစုထဲတွင် သူမမှ လွဲ၍ မည်သူမျှ မမှတ်မိပေ။

 

 

သူ့အဖေကိုတောင် မေ့သွားသည်။ ခေါင်းတစ်ချက်လှည့်လိုက်ရုံနှင့်ပင် တစ်ဖက်လူကို မေ့သွားသည်။ သို့သော် အကြိမ်အနည်းငယ်သာ တွေ့ဖူးသော သာ့ချောင်ကို သူမှတ်မိသည်။

 

 

သာ့ချောင်က ယိမင်ကို တကယ် သဘောကျတယ်။ သူမသည် သူ၏ နှေးကွေးသော တုံ့ပြန်မှုကို ဘယ်တော့မှ မထီမဲ့မြင်ပြုခဲ့သကဲ့သို့ သူ၏ ကြောက်လန့်တတ်စရိုက်ကိုလည်း နှာခေါင်းမရှုံ့ပေ။

 

 

အိမ်ရှိ နတ်ဆိုး၊ တစ္ဆေများနှင့် နှိုင်းယှဉ်ပါက ဤသည်က စစ်မှန်သော မိသားစုဖြစ်သည်။

 

 

ချောင်ဟုန်းရှသည် သာ့ချောင်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာသည် သူမနောက်ဆုံးရောက်သည့်အချိန်နှင့် ယှဉ်လျှင် ပို၍ဖြူလာကြောင်း ရုတ်တရက် သတိပြုမိသည်။

 

 

 သူမ၏ မျက်နှာငယ်လေးသည် အသားအနည်းငယ် ပြည့်လာသည်။  စူးစမ်းချင်စိတ်ကို သူမ မထိန်းနိုင်ပေ။

သူမမေးတော့မည့် အချိန်တွင် ချောင်ရှို့ကျီက ထွက်လာသည်။

 

 

 "ဘာလို့ ဒီမှာ အတူတူရှိနေကြတာလဲ?"

 

 

ချောင်ဟုန်းရှက သူမအမေကို နှုတ်ဆက်လိုက်သည်။ "သမီး ဒုတိယအစ်ကိုကို တွေ့ဖို့ လာခဲ့တာ"

 

 

သူမ၏ မိဘအိမ်တွင် သူမနှင့်သူမ၏ ဒုတိယအစ်ကိုသည် အကောင်းဆုံး ဆက်ဆံရေးရှိကြသည်။ ငယ်ငယ်က အပြင်မှာ အနိုင်ကျင့်ခံရတိုင်း ဒုတိယအစ်ကိုက သူမဘက်မှ ရပ်တည်ပေးသည်။

 

 

အရသာရှိသော စားစရာ တစ်ခုခုရလျှင် ဒုတိယအစ်ကိုသည် သူမအတွက် ဖွက်ထားပေးမည်ဖြစ်သည်။ ထို့ကြောင့် စတုတ္ထညီမသည် သူမအား မနာလိုဖြစ်ခဲ့သည်။

 

 

"မင်းကကော ငယ်လေး" ချောင်ရှို့ကျီ၏ အကြည့်သည် သာ့ချောင်ပေါ်သို့ ကျဆင်းသွားသည်။

 

 

သာ့ချောင်က သွားများပေါ်သည်အထိ ချိုသာစွာ ပြုံးပြလိုက်သည်။ "ငါးတွေကို လာပို့တာ"

 

 

သူမစကားပြောနေစဉ်တွင် နောက်ကျောရှိ တောင်းကို ချလိုက်ပြီး အပေါ်မှပြန့်ကျဲနေသော မြက်သေများကို တွန်းဖယ်လိုက်သည်။

 

 

တောင်းထဲတွင် ငါးကြီးများကို ပြလိုက်သည့်အခါ အဖွားရော တတိယအဒေါ်ပါ  အံ့အားသင့်သွားသည်။

 

 

"ဒီငါးတွေအများကြီးက ဘယ်ကလာတာလဲ?"

 

 

 ချောင်ရှို့ကျီနှင့် ချောင်ဟုန်းရှတို့က တညီတညွတ်တည်း ​မေးကြသည်။

 

 

သာ့ချောင်သည် သူမအဖေ မေးတုန်းကကဲ့သို့ နီမြန်းသွားသည်။ အချိန်အတော်ကြာ ထိန်းချုပ်ထားပြီးနောက် "ဖမ်းခဲ့တာ" ဟူသော စကားလုံးနှစ်လုံးသာ ထွက်လာခဲ့သည်။

 

 

ချောင်ရှို့ကျီက ပိုထူးဆန်းကြောင်း တွေးမိသွားသည်။

ချီလီရွာတွင် စမ်းချောင်းနှင့် မြစ်တစ်စင်းရှိသော်လည်း ၎င်းတို့သည် အလွန်နက်ရှိုင်းခြင်းမရှိပေ။

 

 

ယခုကဲ့သို့ အေးသော ဆောင်းရာသီမှာ ငါးတွေအများကြီး ဘယ်လိုဖမ်းနိုင်မှာလဲ?

 

 

သူမက အချိန်အတော်ကြာအောင် မေးမြန်းသော်လည်း သာ့ချောင်က ဘာမှ မပြောနိုင်ပေ။ သူမ၏ မျက်နှာလေးသည် သွေးထွက်လုနီးပါး နီမြန်းနေသည်။

 

 

ချောင်ကျန်းကျွင်းကဲ့သို့ပင် သူမသည် ဆူပူရန် နှလုံးသားရှိသော်လည်း နောက်ဆုံးတွင် သူမ၏ မျက်လုံးရွဲများအောက်တွင် ရှုံးနိမ့်ခဲ့သည်။

 

 

နောင်တွင် ကိုယ်တိုင် ငါးမဖမ်းရန် သူမအား သတိပေးသည်။

 

 

ချောင်ဟုန်းရှသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သူမ အဖေကလွဲလျှင် သူမအမေသည် မည်သူ့ကိုမှ နူးညံ့သိမ်မွေ့စွာ မပြောခဲ့ပေ။

 

 

သာ့ချောင်သည် သူမအဖွားက မဆူသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချကာ သက်သာရာရသွားသည်။ ငါး ငါးကောင်ကို ခြင်းတောင်းထဲမှ ထုတ်လိုက်သည်။

 

 

ချောင်ရှို့ကျီက မငြင်းဘဲ ငါးကို လက်ခံလိုက်သည်။ သူမသည် နှစ်ကောင်ကို ချောင်ဟုန်းရှအား ပေးလိုက်သည်။ "ပြန်ယူသွားပြီးတော့ နင့်ကလေး အာဟာရပြည့်အောင် ကျွေးလိုက"

 

 

ယခုမှ ထွက်လာသော ဝမ်ချွမ်ကျီက ထိုစကားကို ကြားလိုက်ရသောအခါ သူမအသားကို ဖဲ့ယူခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။ သို့သော်လည်း သူမယောက္ခမအရှေ့တွင် ဘာမှ မပြောရဲပေ။

 

 

သူမ၏ မျက်လုံးများက တောက်ပသွားပြီး ချောင်ဟုန်းရှ၏ လက်ထဲရှိ ခြင်းတောင်းပေါ်သို့ အကြည့်ရောက်သွားသည်။

 

 

 "တောင်းမှာ ကြက်ဥတွေ ပြည့်နေတာလား? တတိယညီမ၊ တောင်းကို ပေးလိုက်။ အစ်မ အိမ်ထဲကို ယူသွားလိုက်မယ်"

 

 

ချောင်ဟုန်းရှက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒုတိယအစ်ကိုကို ကျွေးဖို့ ကြက်ဥတွေ ယူလာခဲ့တာ"

 

 

ဝမ်ချွမ်ကျီက ကြက်မတစ်ကောင်လို အော်ဟစ်နေသည်။

 

 

"ဒုတိယမာင်လေးကို အကုန် ပေးမလို့လား? သူက ဘယ်လောက်စားနိုင်မှာလဲ? တတိယညီမ၊ ယော်မက ညီမကို အပြစ်ပြောချင်တာ မဟုတ်ဘူး၊ အဖေက ဒီရက်ပိုင်း နေမကောင်းဘူးဆိုတာ ညီမသိလား? ဥအများကြီးပြန်ယူလာပြီးတော့ တစ်ဝက်လောက်ကို အဖေ့အတွက် မထားခဲ့ဘူး။ ညီမက တကယ်ကို ကျေးဇူးမသိတတ်တာပဲ!"

 

 

ချောင်ရှို့ကျီ၏မျက်နှာသည် ရုတ်တရက် လေးလံသွားသည်။ "ဥတွေ ကျွန်မ ယူလာပေးတာ။ ကျွန်မ ပေးချင်တဲ့သူကို ပေးမယ်။ အဖေနဲ့အမေက ကျွန်မကို ဘာမှ မပြောဘူး၊ အစ်မက ဒီမှာ ပြောစရာလိုလို့လား?"

 

 

ချောင်ဟုန်းရှသည် သူမအမေ၏ ဒေါသကို အမွေဆက်ခံခဲ့သည်။ မဲနယ်ပင်မှ အပြာရောင်သည် ၎င်း၏ မူလထက် ပိုမိုနက်ရှိုင်းသည်။ ဘယ်သူပဲဖြစ်ပါစေ သူမကို မပျော်အောင်လုပ်သရွေ့ သူမကလည်း စိတ်မချမ်းသာအောင် လုပ်ပေးလိမ့်မည်။