၇၀
ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး
အပိုင်း
၁၂
အနောက်ဘက်သစ်တောတွင်
မြူမှိုင်းများ ရှိနေသေးပြီး သူမ၏ လက်ချောင်းများကိုပင် မမြင်ရပေ။ သာ့ချောင်သည် အနောက်ဘက်သစ်တော၏
အဝင်ဝတွင် ရပ်နေသည်။ သူမက နှလုံး တုန်နေသည်။
ကွိုင်
ငါးလေးက နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့ နင့်ကို ထောင်ချောက်ထဲ မကျစေရဘူး"
သာ့ချောင်သည်
ကတိအပြည့်ဖြင့် အလွယ်တကူ နှစ်သိမ့်ခံလိုက်ရသည်။ ကွိုင် ငါးလေးက သူမကို တကယ်မလိမ်ဘူးဆိုတာ
သက်သေပြခဲ့သည်။ လမ်းခရီးတွင် အတားအဆီးမရှိ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း မရှိပေ။
ကွိုင်
ငါးလေး၏ လမ်းညွှန်မှုအောက်တွင် သူမသည် ရေတံခွန်လေးကို ချောချောမွေ့မွေ့နဲ့ ရောက်လာခဲ့သည်။
ရေတံခွန်ငယ်သည်
ဆယ်မီတာခန့်သာ ရှိသည်။
ရေသည်
အထက်မှ စီးဆင်းလာပြီး အောက်ဘက်ရှိ ကျောက်တုံးများကို ရိုက်ခတ်ကာ နေရာအနှံ့ ပျံ့နှံ့နေသည်။
လှပလွန်းသဖြင့် သာ့ချောင်က ကြာရှည်စွာစိုက်ကြည့်နေမိသည်။
အနောက်ဘက်သစ်တောသည်
တစ်နှစ်ပတ်လုံး မြူများ ပြည့်နှက်နေပြီး အတွင်း၌ ထောင်ချောက်များ ရှိသည်။ ရွာသားများက
တောင်ထဲကို နက်နက်နဲနဲ မဝင်ရဲကြပေ။ ထို့ကြောင့် အထဲ၌ ရေတံခွန်ရှိကြောင်းကို မည်သူမှ
မသိကြပေ။
ယခုသည်
သာ့ချောင်၏ ပထမဆုံးအကြိမ် ရေတံခွန်ကို မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် ယခု သူမသည် ရေထဲရှိ
ငါးများကို စိုက်ကြည့်နေသည်။
ငါးတွေအများကြီးပဲ။
သူမက
မနေနိုင်စွာဖြင့် တံထွေး မျိုချမိသည်။
သူမနောက်ဆုံး
ငါးစားသည်မှာ တရုတ်နှစ်သစ်ကူးတုန်းက ဖြစ်သည်။ ငါးသည် အလွန်နူးညံ့သောကြောင့် လျှာကို
မျိုချလုမတတ် ဖြစ်ခဲ့သည်ကို မှတ်မိနေသေးသည်။
သူမက အရမ်းငယ်လွန်းသောကြောင့် အစာကြေရန် ခက်ခဲသဖြင့် သူမအမေက နှစ်တုံးပဲ ကျွေးခဲ့သည်။
ငါး၏
အရသာကို ပြန်သတိရမိပြီး သူမတံတွေးတွေ ထွက်လာသည်။
သာ့ချောင်က
တံတွေးကို အဆက်မပြတ် မျိုချနေသည်ကို ကြည့်နေရင်း ကွိုင် ငါးလေးက တခစ်ခစ်ရယ်လိုက်သည်။
"သာ့ချောင်၊ နင့်ရဲ့ တံတွေးကို သုတ်လိုက်။ ငါ့တစ်ကိုယ်လုံး ရွှဲနေပြီ!"
သာ့ချောင်သည်
သူမ၏ ပါးစပ်ထောင့်များကို သုတ်လိုက်သောအခါ သူမကို လှည့်စားနေကြောင်း သိလိုက်ရသည်။ သူမမျက်နှာ ချက်ချင်းနီမြန်းသွားသည်။ "ငါး
ဆိုး လေး!"
ကွိုင်
ငါးလေးက သူမလက်ကို တဖျပ်ဖျပ်ခတ်လိုက်သည်။ "သာ့ချောင်၊ ငါ့ကို ရေထဲမြန်မြန်ထည့်ပေးပါ!"
သူတို့နှစ်ယောက်အတူရှိချိန်က
ရက်အနည်းငယ်သာရှိသော်လည်း သာ့ချောင်သည် တွန့်ဆုတ်မှုအပြည့်ရှိနေသည်။ သို့သော် သူမက
ကွိုင် ငါးလေးကို ရေထဲသို့ ထည့်လိုက်သည်။ "နှုတ်ဆက်ပါတယ် ငါးလေး"
ကွိုင်
ငါးလေးသည် အေးစက်နေသော စမ်းချောင်းမှာ လွတ်လွတ်လပ်လပ် ကူးခတ်ပြီး ကမ်းစပ်နားကို ပြန်ကူးလာသည်။
"ငါ့ကို နင့်လက် ပေးပါ"
သာ့ချောင်သည်
သူမလက်လေးကို ဆန့်ထုတ်လိုက်သည်။
ကွိုင်
ငါးလေးသည် သူမ၏ ပါးစပ်မှ ကျောက်စိမ်းဆွဲသီး တစ်ပိုင်းကို ထွေးထုတ်လိုက်သည်။ အစပိုင်းတွင်
ကျောက်စိမ်းဆွဲသီးသည် လက်သည်းအရွယ်အစားသာရှိသော်လည်း သာ့ချောင်၏ လက်ဖဝါးတစ်ခုလုံးကို
ဖုံးအုပ်သည်အထိ ၎င်းက ပိုပြီး ကြီးလာသည်။
ကျောက်စိမ်းဆွဲသီးတစ်ခုလုံးသည်
နှင်းဖြူနှင့် ကြည်လင်နေသည်။ ၎င်း၏ လက်ရာသည် ထင်ရှားသည်။ ကြေးခွံများကို ရှင်းရှင်းလင်းလင်း
မြင်နိုင်သည်။ ပိုအရေးကြီးတာက ၎င်း၏ပုံစံက ကွိုင် လေးနှင့် တူသည်။
"ဒါက
လှလိုက်တာ!"
သာ့ချောင်သည် ကျောက်စိမ်းကို တောက်ပသော မျက်လုံးများဖြင့်
စိုက်ကြည့်နေခဲ့သည်။
ကွိုင်
ငါးလေးက ပြောလိုက်သည်။ "ငါ့ကိုကယ်တင်တဲ့အတွက် လက်ဆောင်"
သာ့ချောင်က
ယခုကဲ့သို့ အဖိုးတန်သော လက်ဆောင်ကို လက်ခံခြင်းသည် မမှန်ကန်ဟု ခံစားနေရသည်။
သို့သော်လည်း ကွိုင် ငါးလေးက စကားပြောပြီးသည်နှင့်
လှည့်ထွက်သွားကာ သူမကို ငြင်းဆန်ရန် အခွင့်အရေး မပေးခဲ့ပေ။
သူမသည်
ကျဆင်းနေသောရေကို တွန်းလှန်ကာ ရေတံခွန်ထိပ်ဆီသို့ အရှိန်အဟုန်ဖြင့် ကူးခတ်နေသော ကွိုင်
ငါးလေးကို ကြည့်နေသည်။
ရေကို
ဆန့်ကျင်ပြီး ကူးခတ်ရန်မှာ မလွယ်ကူပေ။ ထို့အပြင် သူမသည် ဆွဲငင်အားနှင့် ဆန့်ကျင်ဘက်
ရေဆန်သို့ တက်ရမည်ဖြစ်သည်။
ကွိုင် ငါးလေးသည် အကြိမ်ကြိမ် ကျရှုံးသည်။ လေထုထဲမှ
အကြိမ်များစွာ ပြုတ်ကျပြီး ရေအောက်ကို ရောက်သွားသည်။ ငါး၏တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့်
ပြည့်နေသည်။
သို့တိုင်
ကွိုင် ငါးလေးသည် လက်မလျှော့ခဲ့ပေ။
သာ့ချောင်ကလည်း
စိတ်ပူနေသည်။ သူမ၏ လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အားပေးနေသည်။
"ငါးလေး၊ အားတင်းထား!"
မရေမတွက်နိုင်သော
ကြိုးစားမှုများနှင့် မရေမတွက်နိုင်သော ကျရှုံးပြီးနောက် ကွိုင် ငါးလေးသည် နောက်ဆုံးတွင်
အောင်မြင်ခဲ့သည်။
ရေတံခွန်ထိပ်တွင်
တောက်ပသောတံခါးတစ်ခု ပေါ်လာသည်။ ကွိုင် လေးက ခုန်ဝင်လိုက်ပြီး သူမတစ်ကိုယ်လုံး
ရောင်စုံအလင်းတန်းများဖြင့် တောက်ပသွားသည်။ သူမခန္ဓာကိုယ်ပေါ်က ဒဏ်ရာများက ချက်ချင်း
ပျောက်ကွယ်သွားသည်။
ကွိုင်
ငါးလေးသည် နဂါးဝင်ပေါက်မှတစ်ဆင့် သာ့ချောင်ဆီသို့ သူမ၏အမြီးကို လှုပ်လိုက်ပြီး နှုဆ်ဆက်သည်။
"နှုတ်ဆက်ပါတယ် သာ့ချောင်!"
သာ့ချောင်က
သူမ၏ နူးညံ့သော လက်ကလေးကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ "နှုတ်ဆက်ပါတယ်
ငါးလေး"
အလင်းရောင်က
လင်းထိန်သွားပြီး ကွိုင် လေးက ပျောက်ကွယ်သွားသည်။ သာ့ချောင်သည်ခဏကြာ ငေးငိုင်နေပြီး
သူမလက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို ငုံ့ကြည့်လိုက်သည်။
ဤကျောက်စိမ်းဆွဲသီးက
အလွန်လှသည်။ သူမ ဘယ်မှာဝှက်ထားရမလဲ?
တစ်ယောက်ယောက်က
မြင်ရင် သူမ ဘယ်လိုရှင်းပြမလဲ?
ထိုအချိန်တွင်
ကျောက်စိမ်းသည် ရုတ်တရက် သူမ၏ လက်ဖဝါးထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။
သာ့ချောင်သည်
အလွန် ကြောက်သွားသဖြင့် အသက်ရှုရပ်လုနီးပါး ဖြစ်သွားခဲ့သည်။
ကျောက်စိမ်းဆွဲသီး
ဘယ်မှာလဲ?
သူမ
လက်ဖဝါးကနေ ဘာကြောင့် ပျောက်သွားတာလဲ?
သူမ
လက်ဖဝါးကို အထပ်ထပ် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ မြေပြင်ပေါ်တွင် ဝပ်တွားကာ ရှာနေသည်။
သူမက စိတ်လှုပ်ရှားပြီး စိတ်ထဲတွင် အော်ဟစ်နေသည်။
ကျောက်စိမ်းဆွဲသီးလေး
မြန်မြန်ထွက်လာခဲ့သည်။ နောက်အခိုက်အတန့်တွင် ကျောက်စိမ်းသည် သူမ၏ လက်ဖဝါးမှ ထွက်ပေါ်လာသည်။
သာ့ချောင်သည်
အံ့သြလွန်းသဖြင့် ပါးစပ်ကို ထပ်မပိတ်နိုင်တော့ပေ။
ကျောက်စိမ်းက
သူမလက်ဖဝါးမှာ ဘာကြောင့် ပုန်းနေမယ်ဆိုတာ သူမ နားမလည်ပေ။ သို့သော် ကျောက်စိမ်း၏ “ပျောက်ကွယ်သွားသည့်
လုပ်ရပ်” အများအပြားပြုလုပ်ပြီးနောက် သူမသည်
၎င်းကို ဖုံးကွယ်ပြီး မည်သို့ပြန်ပေါ်လာရမည်ကို သိသွားသည်။
သူမသည်
ကျောက်စိမ်းဆွဲသီးကို ဖယ်လိုက်သည်။ ရုတ်တရက်ပင်
ရေပြင်မှ ရေလျှံနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ နောက်ကို လှမ်းကြည့်လိုက်သောအခါ
ငါးတစ်ဒါဇင်က ရေထဲမှ မြက်ခင်းပြင်ပေါ်သို့ အလိုအလျောက် ခုန်နေသည်ကို တွေ့လိုက်ရသည်။
ငါးများသည်
ကမ်းပေါ်သို့ သူတို့ဘာသာ ခုန်တက်လာကြသည်။ ၎င်းကို မကြားမိဖူး မမြင်ဖူးပေ!
သို့သော်
သာ့ချောင်သည် ယနေ့တွင် ထူးဆန်းသော အရာများစွာကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ဒီအချိန်မှာ
သူမ "အံ့သြ" မနေတော့ပေ။
သူမက
လျှောက်လာပြီး ရေတွက်လိုက်သည်။ စုစုပေါင်း
ဆယ့်ငါးကောင်ရှိသည်။ တစ်ကောင်စီသည် လေးဂျင်းမှ ငါးဂျင်းအထိ အလေးချိန်ရှိပြီး ၎င်းတို့သည်
အလွန်ဖြိုးပြီး နူးညံ့သည်။
အနောက်ဘက်သစ်တောထဲတွင်
တစ်ယောက်တည်း အကြာကြီးမနေဝံ့သဖြင့် ငါးများကို တောင်းသေးသေးလေးထဲ ချက်ချင်းထည့်လိုက်သည်။
တောင်းလေးက
ငါးများဖြင့် ပြည့်နေသည်။ ထည့်၍မဆန့်တော့သော နောက်ထပ် နှစ်ယောက်ရှိသည်။ သူမသည် ငါးများ၏
ပါးဟက်များကို ဟကာ ကောက်ရိုးဖြင့် ချည်နှောင်ကာ လက်ဖြင့် သယ်ဆောင်သွားသည်။
ငါးတစ်ကောင်၏
ပျမ်းမျှငါးအလေးချိန်မှာ လေးဂျင်းမျှသာဖြစ်သည်။ ငါးဆယ့်ငါးကောင်သည် ဂျင်း ၆၀ အထိ ရှိသည်။
ခြောက်နှစ်သမီးလေးတစ်ယောက်က ၎င်းကို မသယ်နိုင်ပေ။
သို့သော်
သာ့ချောင်သည် သူမ၏ အဖွားကဲ့သို့ သဘာဝလွန် စွမ်းအားများဖြင့် မွေးဖွားလာခဲ့သည်။ မဟုတ်လျှင်
သူမသည် လေးနှစ်သားအရွယ်ကတည်းက မိသားစု၏ အိမ်မှုကိစ္စအများစုကို လုပ်နိုင်မည် မဟုတ်ပေ။
သို့သော်
သူမသည် မည်မျှပင် သန်မာသည်ဖြစ်စေ သူမသည် ငယ်လွန်းနေသေးသည်။ တောင်းကြောင့် သူမ၏ပခုံးများ
ပူပြီး နာကျင်နေသည်။ ကြားထဲမှာ အကြိမ်ပေါင်းများစွာ
အနားယူပြီးနောက် သူမ အနောက်ဘက်သစ်တောမှ ထွက်ခွာခဲ့သည်။
ပခုံးရှိ
နာကျင်ကိုက်ခဲမှုက သူမကို အသက်ရှုမဝဖြစ်စေသော်လည်း စိတ်ထဲတွင် ကြည်နူးနေသည်။
သူမသည်
ငါး ဆယ့်ငါးကောင်ကို မည်သို့လုပ်ရမည်ကို ကြံစည်ထားပြီ ဖြစ်သည်။ အဖွားနှင့်အဘိုးအတွက်
ငါးကောင်၊ သုံးကောင်မှာ အန်တီဟွေ့အတွက် ဖြစ်သည်။
ကျန်တာက သူမအဖေအတွက် ဖြစ်သည်။
သူမအဖေက
အိပ်ယာထဲတွင် တစ်လလောက် လှဲနေသည်။ သူ၏အခြေအနေက မသက်သာရုံသာမက ပိုပြင်းထန်ပုံရသည်။ သူမ
အရမ်းစိတ်ပူနေသည်။
သူမအမေအတွက်လား?
စိတ်မကောင်းသော်လည်း
သူမအမေကို ဒီအချိန်တွင် သူမစိတ်ထဲ၌ မရှိပေ။
သူမက
ကံကောင်းခဲ့သည်။ အပြန်လမ်းတွင် မည်သူ့ကိုမှ မတွေ့မိပေ။ မဟုတ်လျှင် ဘာကြောင့် ငါးတွေ
ဒီလောက်များနေသည်ဆိုသည်ကို ရှင်းပြနိုင်မည် မဟုတ်ပေ။
အိမ်ပြန်ရောက်သောအခါ
သူမအဖေအခန်းထဲကို ပြေးသွားပြီး အဖိုးတန် ခြင်းတောင်းကို မြေကြီးပေါ်ချကာ အမောတကော ပြောလိုက်သည်။
"အဖေ၊ ငါး!"
ချောင်ကျန်းကျွင်းက
ငါးများပြည့်နေသော ခြင်းတောင်းကိုတွေ့သောအခါ လန့်သွားသည်။ "ငါးတွေအများကြီး ဘယ်ကရလာတာလဲ?
သမီးအဖွားက သမီးကိုပေးခဲ့တာလား?"
သာ့ချောင်က
ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး အဖွား..."
ကွိုင်
ငါးလေးအကြောင်းနှင့် ငါးတွေအားလုံး သူတို့ဘာသာ ရေထဲကခုန်ထွက်လာသည်ကို သူမအဖေအား ပြောပြချင်သော်လည်း
အကြောင်းအရင်းတစ်ခုကြောင့် သူမစကားပြောတိုင်း သူမကို အမှန်အတိုင်းပြောဖို့ တားဆီးထားသော
တွန်းအားတစ်ခုရှိနေခဲ့သည်။
သူမ
အကြိမ်ကြိမ် ကြိုးစားသော်လည်း သူမမျက်နှာက နီရဲပြီး အသံ မထွက်နိုင်ခဲ့ပေ။
ချောင်ကျန်းကျွင်းက
သူမသည် အဆူခံရမည်ကို ကြောက်သဖြင့် ထိုသို့ ဖြစ်နေသည်ဟု ထင်သွားသည်။
သူက
ဆုံးမစကားအနည်းငယ်သာ ပြောလိုက်သည်။
ကလေးတစ်ယောက်က ငါးဖမ်းရန် မြစ်ထဲကို တစ်ယောက်တည်းသွားခြင်းသည်
အန္တရာယ်များလွန်းသည်။ သို့သော် သူမက သမင်ကဲ့သို့ မှုန်မှိုင်းကာ စိုစွတ်နေသည့် မျက်လုံးကြီးများဖြင့်
သူ့ကို ကြည့်နေသည်။
သူ့နှလုံးသားက
နူးညံ့သွားသည်။ သူ့ဒေါသက ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
"ကောင်းပြီ၊ ဖေဖေ သမီးကို ဒီတစ်ခါတော့ မဆူတော့ဘူး။
ဒါပေမယ့် သမီးတစ်ယောက်တည်း ငါးသွား မဖမ်းရဘူး။ နားလည်လား?"
သာ့ချောင်
မှားသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမက လိမ္မာသော
မိန်းကလေးတစ်ယောက် ဖြစ်သည်။ ဘာအမှားအယွင်းမှ မပြုလုပ်ထားသော်လည်း မရှင်းပြနိုင် ဖြစ်နေသည်။
နောက်ဆုံးတွင်
ဖခင်ဖြစ်သူ၏ စူးရှသော မျက်လုံးများအောက်တွင် သူမသည် လက်ချောင်းလေးများကို ပူးကာ ခေါင်းညိတ်လိုက်သည်။
သူမလက်ဖဝါးထဲ၌
ဝှက်ထားသော ကျောက်စိမ်းဆွဲသီးနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ မပြောပြဘဲ နေခဲ့သည်။
ငယ်စဉ်ကတည်းက
သူမ၏အဝတ်အစားများနှင့် ဖိနပ်များသည် ရှောင်ချောင်၏ အဟောင်းများဖြစ်သည်။ ထို့အပြင် တစ်ခုစီသည်
နှစ်အနည်းငယ်ကြာအောင် ဝတ်ဆင်ခဲ့ကြသည်။
ဤမျှ လှပသော အရာကို သူမ ပထမဆုံး အကြိမ် ရရှိခဲ့သည်။
လုယူခံရမှာကြောက်သဖြင့် မည်သူ့ကိုမှ မပြောပြချင်ပေ။
ချောင်ကျန်းကျွင်းက
ခြင်းတောင်းထဲက ငါးများကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။ "အဖေတို့ ငါးတွေ အများကြီး
စားမကုန်ဘူး။ သမီးရဲ့အဘိုးအဘွားတွေဆီ ပေးလို့ရတယ်"
သာ့ချောင်က
လက်ချိုးရေတွက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အဖွားနဲ့ အဖိုးကို ငါးကောင်လောက်
ပေးလိုက်မယ်။ အဒေါ် ဟွေ့ကို သုံးကောင်။ ကျန်တာ အဖေစားဖို့"
ချောင်ကျန်းကျွင်းသည်
မူလက သူမကို သူမ၏ အမေအိမ်သို့ အနည်းငယ် ပို့ပေးစေလိုသည်။ သို့သော် သူမ၏ နူးညံ့သော မျက်နှာကို
ကြည့်ပြီး သူ့ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဖွင့်လိုက်သည်။ သူ စကား ပြောမထွက်ပေ။
သာ့ချောင်သည်
သူမအဖေ၏ စိတ်ရှုပ်ထွေးမှုကို မသိခဲ့ပေ။ သူမအမေကို တမင် မပေးရခြင်း မဟုတ်ဘဲ သူမအမေကို
အမှန်တကယ် မေ့သွားခြင်း ဖြစ်သည်။