၇၀
ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး
အပိုင်း
၁၁
ထိုအချိန်တွင်
လူအများက သူမ မစင်ပေါ်နင်းမိသည်ကို လှမ်းမြင်ကြသည်။ ထွက်လာလျှင် ပြင်ဖို့ ခက်လိမ့်မည်။
ပိုအရေးကြီးတာက သူမအဖွား၏ မုန်တိုင်းဒဏ်ခံရမှာကို ပိုကြောက်သည်။
ဖန်းရှောင်ကျွမ်းက
ဒေါသတွေထွက်ပြီး ပြောလိုက်သည်။ "သမီးက အရမ်းကြင်နာလွန်းနေတယ်။ အဲ့ဒါကြောင့် သမီးရဲ့ခေါင်းပေါ်ကို
ကပ်ဆိုးကြီးတက်သွားတာ။ စိတ်မပူပါနဲ့၊ ဒီနှစ်ရက်အတွင်း အမေက သူ့ကို အိမ်က မောင်းထုတ်ဖို့
နည်းလမ်းရှာလိမ့်မယ်”
အကယ်၍
အရင်ဖြစ်ခဲ့လျှင် ရှောင်ချောင်က ယခုကဲ့သို့ ကြားရသည်ကို အရမ်းပျော်နေလိမ့်မည်။ သို့သော်လည်း
ဝမ်ရှင်းရှန်ကို တွေ့ပြီးနောက် သူမစိတ် ပြောင်းလဲသွားသည်။
ယခု
သူမလုပ်ရမည့်အရာမှာ သာ့ချောင်ကို အိမ်မှ မောင်းထုတ်ခြင်းမဟုတ်ဘဲ သူမအမေကို ကွာရှင်းရန်
သွေးဆောင်ပြီး ဝမ်ရှင်းရှန်နှင့် လက်ထပ်ရန်ရန် နည်းလမ်းရှာဖို့ပင်။ ကွာရှင်းပြီးလျှင်
သူမအဖေကို သာ့ချောင်နှင့် ထားခဲ့မည်။
အကြောသေနေသောဖခင်နှင့်အတူ
စကားထစ်နေသော သမီး။ သာ့ချောင်က ဤဘဝတွင် အခြေအနေကို ပြောင်းလဲရန် အခွင့်အရေးရှိသေးသည်ကို
သူမ မယုံကြည်ပေ။
၎င်းကိုတွေးကာ
ခေါင်းကိုမော့ပြီး မျက်တောင်ခတိလိုက်သည်။ "မေမေ၊ မမကို မောင်းထုတ်ပစ်ရင် အိမ်မှုကိစ္စ
ဘယ်သူလုပ်မှာလဲ? သမီးက ကူညီနိုင်ပေမယ့် သမီးရဲ့ခန္ဓာကိုယ်က အရမ်းဆိုးတယ်။ မဟုတ်ရင်
သူမလုပ်နိုင်တယ်။ မေမေက လယ်ကွင်းမှာ လယ်လုပ်၊ အိမ်မှုကိစ္စတွေ အကုန်လုပ်ပေးပြီး ဖေဖေကို
ပြုစုစောင့်ရှောက်ပေးနေရရင် မေမေ မောပန်းသွားမှာပေ့ါ"
သူမ
ခေါင်းကို အနည်းငယ် ငုံ့ထားသည်။ သူမ၏ ပုံစံမှာ
နာခံမှုရှိပြီး စာနာတတ်သောပုံ ပေါက်နေသည်။
ဖန်းရှောင်ကျွမ်းက
အံ့ဩသွားသည်။
သူမသည်
ဤကိစ္စကို လေးလေးနက်နက် မစဉ်းစားခဲ့ပေ။
ရေချိုးခြင်း၊
ချက်ပြုတ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ကြက်အစာကျွေးခြင်း၊ တောရိုင်းဟင်းသီးဟင်းရွက်များ
ကောက်ခြင်း၊ ထင်းစုဆောင်းခြင်းအားလုံးကို သာ့ချောင်က လေးနှစ်အရွယ်ကတည်းက လုပ်ခဲ့ရသည်။
နေ့ရက်အများစုတွင်
သူမသည် ပေါ့ပါးသောအလုပ်အချို့ကိုလုပ်ရန် လယ်ကွင်းသို့သွားရန်သာ လိုအပ်ပြီး အလုပ်ရမှတ်အချို့ကို
ရရန်သာ လိုအပ်သည်။
မလုပ်ချင်လျှင်
အချိန်မရွေး ထွက်ခွာခွင့်တောင်းနိုင်သည်။ မည်သို့ပင်ဖြစ်စေ ချောင်ကျန်းကျွင်းက မိသားစုကို
ထောက်ပံ့ရန်အတွက် အလုပ်ရမှတ်များ ရရှိနိုင်သည်။
ဖန်းရှောင်ကျွမ်းက
လေဖြတ်သွားလိမ့်မည်ဟု သူမ မတွေးခဲ့ဖူးပေ။ သူမသည် အလုပ်ရမှတ်များရရှိရန် တစ်နေကုန် လယ်ကွင်းသို့
သွားရရုံသာမက ပြန်လာသောအခါ ချောင်ကျန်းကျွင်းကိုလည်း ပြုစုရမည်။
သာ့ချောင်သာ
နှင်ထုတ်ခံရပါက အိမ်မှုကိစ္စများကို မည်သူမျှ မလုပ်နိုင်တော့ပေ။ ကျောင်းကျောင်း၏ ခန္ဓာကိုယ်သည်
အလွန်နုနယ်သဖြင့် အလုပ်လုပ်ရန် ခွင့်မပြုနိုင်ပေ။ နောက်ဆုံးတွင် ထိုအလုပ်များက သူမပခုံးပေါ်
ကျိန်းသေပေါက် ကျလာလိမ့်မည်။
ယခုအချိန်တွင်သာ
ဖန်းရှောင်ကျွမ်းသည် ချောင်ကျန်းကျွင်း၏ အကြောသေခြင်းက သူမ ဘဝအပေါ် မည်မျှအကျိုးသက်ရောက်မှုရှိမည်ကို
သိရှိနားလည်သွားသည်။
အရင်က
ရှောင်ချောင်ပြောခဲ့သော ကွာရှင်းပြတ်စဲသည့် ကိစ္စကို ပြန်သတိရမိသည်။ ကွာရှင်းပြတ်စဲပါက
သာ့ချောင်ဆိုသည့် ဘေးဆိုးမှ လွတ်မြောက်ရုံသာမက ချောင်ကျန်းကျွင်း၏ ဝန်ထုပ်ဝန်ပိုးကိုလည်း
ဖယ်ရှားနိုင်မည်ဖြစ်သည်။
သို့သော်လည်း
မကြာခင်မှာပင် သူမ ခေါင်းကို ခါရမ်းလိုက်ပြန်သည်။ ချောင်ကျန်းကျွင်းက အကြောသေနေသော်လည်း
ချောင်မိသားစုသည် ထိုနေရာတွင် ရှိနေသေးသည်။ ကွာရှင်းပြတ်စဲပြီးလျှင် ယခုကဲ့သို့ ကောင်းသော
မိသားစုကို ဘယ်မှာရှာရနလဲ?
ရှောင်ချောင်သည်
သူမအမေက အနည်းငယ် စိတ်ယိုင်လာသည်ကို မြင်လိုက်သည်။ သူမက ခေါင်းညိတ်လိုက်သည်။
"သမီး ပြန်လာတုန်းက ခေါင်းဆောင်ရဲ့အိမ်ကို ဖြတ်ခဲ့ရတယ်။
သမီး သေချာရေတွက်ပြီးသွားပြီ။ စုစုပေါင်း အုတ်ခန်းခုနစ်ခန်းရှိတယ်။ အဖွားအိမ်ထက် သုံးခန်းကျော်လောက်
ကြီးတာ!"
ဖန်းရှောင်ကျွမ်း၏
မျက်လုံးများက တောက်ပလာသည်။
ဤရွာတွင်
ချောင်မိသားစုထက် ပိုချမ်းသာသော မိသားစုဆိုလျှင် ဝမ်မိသားစုသာ ရှိသည်။
ဝမ်မိသားစု၏
သားငါးဦးတွင် လုပ်သားအင်အား လေးဦးရှိသည်။ ပထမနှင့် တတိယတို့သည် အလားအလာကောင်းများဖြစ်သည်။
သို့သော်လည်း
သူတို့အားလုံးက အိမ်ထောင်ကျပြီး သားသမီးများ ရှိသည်။ သုံးနိုင်ဖြုန်းနိုင်တော့ ဘာဖြစ်လဲ?
မဟုတ်သေးဘူး၊
သူတို့ထဲမှ တစ်ယောက်က လက်ရှိ တွင် လူပျိုကြီး ဖြစ်နေသည်။ ဖန်းရှောင်ကျွမ်းသည် ဝမ်ရှင်းရှန်ကို
တွေးမိသွားသည်။ သို့သော်လည်း သူမ မျက်မှောင်ကြုတ် လိုက်ပြန်မိသည်။
ဝမ်မိသားစုက
အရမ်းအဆင်ပြေသော်လည်း ဝမ်ရှင်းရှန်က သိပ်ကို အလေးအနက်မထားတတ်ပေ။
သူ့ကို
အလုပ်ခိုင်းလျှင် ဖျားချင်ယောင်ဆောင်ခြင်း သို့မဟုတ် ခွင့်ပန်လိမ့်မည်။ နှစ်အစမှအဆုံးထိ
သူမထက် အလုပ်ရမှတ်များ နည်းပါးသည်။ ဒီလိုလူနဲ့လက်ထပ်တဲ့အခါ ဘာကိုမျှော်လင့်ရမှာလဲ?
သူမအမေ၏
တုံ့ပြန်မှုကို ကြည့်ပြီး ဘာစဥ်းစားနေလဲဆိုသည်ကို သိသည်။ သို့သော် သူမ အလျင်စလိုမလုပ်ပေ။
တစ်ကြိမ်လျှင်
တစ်ကိုက်စားရမည်။
ဤကွာရှင်းမှုကို အဆင့်ဆင့်လုပ်ဆောင်ရပါမည်။ သူမအမေကို
နေ့တိုင်း နားချနိုင်သည်။ သူမ အမေက မတုန်မလှုပ်နေနိုင်မည်ဆိုသည် သူမ မယုံပေ။
ချောင်မိသားစုဝင်များသည်
ကိုယ်ပိုင်အတွေးကိုယ်စီဖြင့် ရှိနေကြသော်လည်း စုန့်မိသားစုက မအေးချမ်းပေ။
စုန့်ကျင်းလိုင်၏
ဇနီးသည် ယောက္ခမဖြစ်သူ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူမယောက်ျား ပြန်ရောက်သောအခါတွင်လည်း
ထပ်မံရိုက်နှက်ခံရပြန်ပြီး အိပ်ယာထဲမှ မထနိုင်လုနီးပါး ဖြစ်သွားသည်။
သူမ၏
ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်ပြီး စုန့်ကျင်းလိုင်၏ ဇနီးသည် နာကျင်စွာ
စုပ်သပ်ကာ လင်ဟွေ့ကို ပို၍ပင် မုန်းတီးလာခဲ့သည်။
သူမကို
သတင်းပို့ဖို့ သတ္တိရှိတယ်ပေ့ါလေ။ ဒီလိုဆိုမှတော့ သူမကို မယဉ်ကျေးဘူးလို့ မပြောနဲ့။
စုန့်ကျင်းလိုင်၏
ဇနီးသည် ယောက္ခမက အလုပ်လုပ်ရန် အပြင်ထွက်သည်ကို ကြည့်နေသည်။ သူမ၏ ခန္ဓာကိုယ်ကို တိတ်တဆိတ်
လှုပ်ရှားပြီးနောက် ထွက်သွားသည်။
............
ဆောင်းရာသီတွင်
လျင်မြန်စွာ မှောင်လာသည်။ ခြောက်နာရီမထိုးခင် ကောင်းကင်က လုံးဝကို မှောင်နေသည်။ ညစာစားပြီးနောက်
ရွာသားများသည် တံခါးပိတ်ကာ စောစောအိပ်ကြသည်။
ချောင်ကျန်းကျွင်းက
လေဖြတ်သွားပြီးနောက် ချောင်မိသားစုအိမ်ဟောင်းမှ ညဘက်တွင် သူ့ကိုစောင့်ရှောက်ရန် တစ်ယောက်ယောက်အား
စေလွှတ်ခြင်းကို အလှည့်ကျလုပ်ဆောင်သည်။
ချောင်ကျန်းကော်သည် လွန်ခဲ့သော ရက်အနည်းငယ်က ရောက်ရှိလာသည်။
သူမ၏
ဦးလေးရှိနေသဖြင့် သာ့ချောင်က ဘာမှစိုးရိမ်စရာမလိုပေ။ သူမ ခန္ဓာကိုယ်ကို သုတ်ပြီးနောက်
အိပ်ယာဝင်သည်။
ညဘက်တွင်
အချိန်တစ်ခုကြာပြီးနောက် အခန်းထဲ၌ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်..။
"ဗွမ်း!
ဗွမ်း! ဗွမ!"
ယခုကဲ့သို့
တိတ်ဆိတ်သော ဆောင်းညတွင် အသံက ကြည်လင်ပြတ်သားနေသည်။
သာ့ချောင်က
နိုးလာသည်။
ကုတင်ပေါ်မှ
ထထိုင်ကာ မျက်လုံးများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူမ၏ မျက်နှာမှာအိပ်ချင်မူးတူးဖြစ်နေသော
ကြောင်ငယ်လေးကဲ့သို့ ချစ်စရာကောင်းပြီး နီမြန်းနေသည်။
သူမ
ဂရုတစိုက် နားထောင်သော်လည်း အသံက ပျောက်ကွယ်သွားသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်
အသံက ထပ်မပေါ်လာတော့ပေ။ သူမ နားကြားမှားသည်ဟု
ထင်လိုက်သောအခါတွင် အသံထွက်ပေါ်လာပြန်သည်။
ယခုတစ်ခေါက်တွင်
ပြတ်ပြတ်သားသားကြားလိုက်ရသည်။
ထောင့်နားက
သစ်သားအင်တုံထဲမှ အသံထွက်လာသည်။ အဖွားက ကြက်ဥတစ်လုံးနှင့် လဲလှယ်ပေးခဲ့သော ကွိုင် ငါးလေး
ဖြစ်သည်။
ကုတင်ပေါ်မှ
ဆင်းကာ အင်တုံဆီသို့ လျှောက်သွားလိုက်သည်။ သူမက အသံ တိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ငါးလေး၊ နောက်ကျနေပြီ၊ ဘာလို့ အိပ်မပျော်သေးတာလဲ?"
ကွိုင်က
ပူဖောင်းအနည်းငယ်ကို ထွေးထုတ်လိုက်ကာ ပြောလိုက်သည်။ "သာ့ချောင်၊ ငါ့ကို ကယ်တင်ပေးလို့
ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ ဒီမှာ ကြာကြာနေလို့မရဘူး။ ငါ့ကို အိမ်ပြန်ပို့ပေးလို့ရမလား?"
၎င်း၏အသံက
ကလေးအသံနှင့် တူသည်။ ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်၏ အသံကဲ့သို့ ချိုမြိန်ပြီး
သာယာနေသည်။
သာ့ချောင်က အံ့သြလွန်းသဖြင့် ငှက်ဥတစ်လုံး ဆန့်လောက်သည်အထိ
ပါးစပ်က ဝိုင်းစက် ပွင့်ဟသွားသည်။ "မင်း၊ မင်း၊ မင်း စကားပြောနိုင်လား?"
ကွိုင်ငါးလေးက
နောက်ထပ်ပူဖောင်းအနည်းငယ်ကို ထုတ်လိုက်သည်။ "ငါက နဂါးဘုရင်ရဲ့ဆယ့်ရှစ်ယောက်မြောက်သမီးပါ။
ဒါကြောင့် ငါ စကားပြောတတ်တာသဘာဝပဲ။ ငါ့အစ်ကို၊ အစ်မတွေတောင်မှ လူ့အသွင်ပြောင်းသွားနိုင်တယ်။
ဒါပေမယ့် ငါ့အသက်က ငယ်ပြီး ခွန်အားနည်းသေးလို့ ငါက လူပုံစံပြောင်းလို့မရသေးဘူး။ နင်ငါ့ကိုမဖြေသေးဘူး
နင်ငါ့ကိုအိမ်ပြန်ခေါ်သွားပေးနိုင်မလား? မပြန်ရင် ငါသေလိမ့်မယ် woooo..."
သာ့ချောင်သည်
ငါးတစ်ကောင် ဘာကြောင့် စကားပြောနိုင်သည်ကို နားမလည်သော်လည်း ကွိုင် လေးပြောသော စကား၏
နောက်ဆုံးတစ်ဝက်ကို သူမ နားလည်သည်။
ကွိုင်
လေး စိတ်ဆင်းရဲစွာ ငိုနေသည်ကို မြင်သောအခါ သူမက မြန်မြန် နှစ်သိမ့်ပေးလိုက်သည်။
"မငိုနဲ့။ အိမ်ပြန်ပို့ပေးမယ်၊ ဒါပေမယ့် မင်းအိမ်က ဘယ်မှာလဲ၊ ဘယ်မှာလဲ?"
ကွိုင်
လေး၏ ငိုသံက ချက်ချင်းရပ်လိုက်သွားသည်။ "အနောက်သစ်တောမှာ ရေတံခွန်ရှိတယ်။ င့ါကို
ရေတံခွန်ဆီ ခေါ်သွား"
သာ့ချောင်၏
မျက်နှာငယ်လေးသည် ရုတ်တရက် တွဲကျသွားသည်။
ငှက်ဥ
စုဆောင်းရန် အနောက်ဘက်သစ်တောသို့နောက်ဆုံးအကြိမ်သွားတုန်းက သူမသေလုနီးပါးဖြစ်ခဲ့သည်။
ထို့နောက် သူမအဖေကို ဆေးရုံပို့လိုက်ရသဖြင့် သူမ၏ မသိစိတ်ထဲတွင် အနောက်ဘက်သစ်တောကို
မကြိုက်တော့ပေ။
ကွိုင်
ငါးလေးသည် သာ့ချောင်၏ ငြင်းဆန်မှုကို မြင်လိုက်ရပြီး သူမကို မျက်လုံးရွဲကြီးများဖြင့်
ကြည့်ကာ မျက်ရည်ကျနေသည်။
သာ့ချောင်သည်
အမြဲတမ်း နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ ထိုကဲ့သို့ အကြည့်ကို သူမက ဘယ်လိုပုံစံနဲ့ တောင့်ခံနိုင်မလဲ?
စိတ်ထဲ၌
ပဋိပက္ခဖြစ်ပြီးနောက် သူမက ခေါင်းညိတ်သဘောတူလိုက်သည်။ "မငိုနဲ့၊ ငါကတိပေးတယ်။
ဟုတ်ပြီလား?"
"ကောင်းပြီ၊
ကျေးဇူးတင်ပါတယ် သာ့ချောင်၊ ငါ နင့်ကို ကျေးဇူးပြန်ဆပ်မယ်။" ကွိုင် ငါးလေးသည် သစ်သားအင်တုံထဲတွင် ပျော်ရွှင်စွာ
ကူးခတ်နေပြီး ပူပေါင်းများစွာ မှုတ်ထုတ်နေသည်။
နောက်နေ့မနက်စောစောတွင်
အိပ်ရာမှ နိုးလာသောအခါ သာ့ချောင်က ညသန်းခေါင်၌ ဖြစ်ပျက်ခဲ့သည်များကို သတိရသွားပြီး
အိပ်မက်ဟု သူမထင်လိုက်သည်။
မထင်မှတ်ပဲ သူမ မနက်စာစားပြီးနောက် ပြန်လာသောအခါ
ကွိုင် ငါးလေးက ထပ်ပြောပြန်သည်။
"သာ့ချောင်၊
နင်အားပြီလား? င့ါကိုဘယ်အချိန် အနောက်ဘက် သစ်တောက ရေတံခွန်ဆီ ခေါ်သွားပေးမှာလဲ?"
သာ့ချောင်က
ထပ်ပြီး ထိတ်လန့်သွားသည်။ "ဒါဆို ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးပေ့ါ!"
ကွိုင်
ငါးလေးက မျက်လုံးလှိမ့်ပြသကဲ့သို့ ပြုလုပ်လိုက်သည်။ "ဟုတ်ပါတယ် ဒါက အိပ်မက်မဟုတ်ဘူး၊
ငါ့ကို ခေါ်သွားပါ၊ ငါ့ရဲ့ သာ့ချောင်လေး!"
သာ့ချောင်သည်
ကွိုင်ငါးလေးက ချစ်စရာကောင်းသော အမူအရာ ပြုလုပ်ရာတွင် ရှောင်ချောင်ထက် ပိုကောင်းသည်ဟု
ခံစားရသည်။
သူမ၏
မျက်လုံးများသည် အရည်လဲ့နေပြီး လူများကို လုံးဝ မငြင်းဆန်နိုင်အောင် ပြုလုပ်နိုင်သည်။
သူမက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ ငါ မင်းကို ခေါ်သွားပေးမယ်"
အင်တုံက
အရမ်းလေးပြီး ယူဆောင်လာသောအခါ သတိထားမိရန်လည်း လွယ်ကူသည်။ ထို့ကြောင့် သူမက ခြင်းသေးသေးလေးကို
ယူလိုက်သည်။ "မဟုတ်ဘူး ရေမရှိဘူး၊ တောင့်ခံနိုင်လား?"
ကွိုင်
ငါးလေးက ပြောလိုက်သည်။ "အင်း၊ နာရီဝက်အတွင်း ရေတံခွန်ကို ရောက်ရင် ငါ့မှာ ပြဿနာမရှိပါဘူး"
သာ့ချောင်သည်
ရေတံခွန်က ဘယ်လောက်ဝေးသည်မသိသော်လည်း ကွိုင်
ငါးလေးမသေစေရန်အတွက် သူမက ချက်ချင်းထွက်သွားသည်။
ကျေးရွာရှိ
သန်မာသော အလုပ်သမား အားလုံးသည် လယ်ယာမြေ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး နေရာသို့
ပို့ဆောင်ခံရသည်။
ရာသီဥတုက အရမ်းအေးသဖြင့် ကလေးများက အိမ်ထဲတွင်သာ
နေကြသည်။ ထို့ကြောင့် သာ့ချောင်က လမ်းပေါ်တွင် မည်သူနှင့်မှ မဆုံခဲ့ပေ။
သူမက
တိတ်တိတ်လေး သက်သာရာရသွားသည်။ နောက်ဆုံးအကြိမ်တုန်းကကဲ့သို့
စုန့်ကျင်းလိုင်၏ ဇနီးနှင့် ထပ်တွေ့ဆုံရမည်ကို သူမ ကြောက်ရွံ့နေမိသည်။