အပိုင်း ၁၀
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၁၀

 

 

 

 

 

ချောင်ကျန်းကော်က ခေတ္တမျှ အေးခဲသွားပြီး နဖူးကို ကုတ်ရင်း တုံ့ပြန်လိုက်သည်။ "ဘယ်နေ့က မင်း ပျော်လို့လဲ? မင်းရဲ့မျက်နှာက တောင်ဝက်မဲလိုပဲ သဘာဝအတိုင်း မည်းနေတာ။ မင်းပျော်လား မပျော်ဘူးလား ဘယ်သူပြောနိုင်မှာလဲ?"

 

 

ဝမ်ချွမ်ကျီ - "..."

 

 

ဝမ်ချွမ်ကျီသည် သွေးအန်လုမတတ် ဖြစ်သွားသည်။ သူမ ဘယ်လိုလူကို ရှာတွေ့ခဲ့တာလဲ? သူမကို ဒေါသထွက်စေရန်သာ သိသည်။

 

 

အဆုံးတွင် ဝမ်ချွမ်ကျီက မထိန်းနိုင်တော့ဘဲ သူမယောက်ျားကို ကြက်ဥအကြောင်းပြောပြလိုက်သည်။

 

 

 "ရှင့်အမေက ဘာသဘောလဲ? ဒုတိယမောင်လေးက အိမ်ခွဲသွားတာကြာပြီ။ အမေက ကြက်ဥကို ပေးလိုက်တယ်။ အဲဒါဆို ကျွန်မတို့က ဘာစားရမလဲ?"

 

 

ချောင်ကျန်းကော်က သူမကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်သည်။

 

 

 "ဥတွေက အမေ့အပိုင်တွေပဲလေ။ အမေက သူပေးချင်တဲ့ သူတွေကို ပေးလို့ရတယ်။ မင်းမှာ လက်တွေ ခြေတွေရှိပြီး လူအိုတွေဆီက ယူချင်တုန်းပဲ။ မင်းနှလုံးသားက ဝက်ဆီကြောင့် ကန်းနေတာလား?"

 

 

ဝမ်ချွမ်ကျီက ဒေါသဖြင့် အံကြိတ်ပြီး ပြောလိုက်သည်။

 

 

 "အမေ့ဆီက ယူချင်တယ်လို့ ဘယ်တုန်းက ပြောတာလဲ? တခြားလူတွေက သူတို့ရဲ့ မြေးတွေကို ရတနာတွေလို ဆက်ဆံကြတယ်။ ဒါပေမယ့် အမေက အန်းပင်းကို လုံးဝ ကောင်းကောင်း မဆက်ဆံဘူး။  ချောင်မိသားစုရဲ့ တစ်ဦးတည်းသော မြေးအနေနဲ့ အန်းပင်းက ကြက်ဥဝေစုတောင် မရခဲ့ဘူး။ ဒါကယုတ္တိရှိလို့လား?"

 

 

"ဒါက တကယ်ကို ယုတ္တိမရှိဘူး" ချောင်ကျန်းကော်က ခေါင်းညိတ်သဘောတူသည်။

 

 

ဝမ်ချွမ်းကျီက ဂုဏ်ယူလာသည်။ သို့သော်လည်း သူမ သူဆက်ပြောတာကို ကြားလိုက်သည်။

 

 

"အဲဒါကို တွေးကြည့်တော့ မင်းက အပြစ်တင်ရမယ်။ အမေက ပြောတယ်။ အဖေက ငတုံးဆိုရင် နောက်တစ်ယောက်လည်း ငတုံးပဲတဲ့။ အမေက တုံးရင် ကလေးတွေအားလုံးက ငတုံးဖြစ်မယ်တဲ့။ မင်းက ငတုံးဆိုတော့ ငါတို့သားကလည်း ငတုံးဖြစ်သွားတယ်။ အမေက ငတုံးတွေကို မကြိုက်ဆုံးပဲ။ အန်းပင်းက မင်းလိုပဲ မိုက်တယ်။ အမေက သူ့ကို ဘယ်လို သဘောကျနိုင်မှာလဲ"

 

 

ဝမ်ချွမ်ကျီ - "..."

 

 

သူမသည် နေရာတွင်ပင် သေလုနီးပါး ဖြစ်သွားသည် ။

သူ့အမေ၏ မျက်နှာသာပေးမှုက သူမ မိုက်မဲမှုနဲ့ ဘာမှမဆိုင်ပေ။ မဟုတ်သေးဘူး၊ သူမ မိုက်မဲတယ်လို့ ဘယ်သူပြောလဲ?

 

 

ချောင်ကျန်းကော်သည် သူ့ဇနီး၏ အမည်းရောင်မျက်နှာကို လျစ်လျူရှုကာ ခေါင်းယမ်းပြီး ထွက်သွားလိုက်သည်။

 

 

ဝမ်ချွမ်ကျီက ဒေါသထွက်ပြီး သေလုနီးပါး ဖြစ်သွားသည်။ သူမသည် တရုန်းရုန်းနှင့် ကျယ်လောင်စွာ ထွက်သွားလေသည်။ သူမ၏ စိတ်က ဒီအတိုင်းဆက်သွားလို့ မရဘူးဟု တွေးနေခဲ့သည်။

 

 

ဖန်းရှောင်ကျွမ်းက သူမ၏ မိခင်မိသားစုသို့ ပြန်ရောက်ကတည်းက သူမ၏ ယောက္ခမတို့က ချောင်ကျန်းကျွင်းကို ပြုစုစောင့်ရှောက်ရန် အလှည့်ကျ ပြုစုခဲ့သည်။

 

 

 ငွေကြေးနှင့် ကြိုးစားအားထုတ်မှုတို့ကို သုံးစွဲခဲ့သည်။ ယခုတွင် အစားအသောက်တွေတောင် သိမ်းသွားသည်။ ဘယ်လောက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလဲ?

 

 

ဖန်းရှောင်ကျွမ်းသည် ချောင်ကျန်းကျွင်း၏ ဇနီးဖြစ်သည်။ သူမတို့က ချောင်ကျန်းကျွင်းကို ပြုစုစောင့်ရှောက်ရင်း ခံစားနေရစဥ် သူမက သူမမိခင်အိမ်တွင် ကောင်းကောင်းစားပြီး ကောင်းကောင်းသောက်နေသည်။

 

 

ဒီလိုက မဖြစ်ဘူး။ ဒီအတိုင်းဆက်သွားလို့မရဘူး။ ဖန်းရှောင်ကျွမ်း ပြန်လာရန် နည်းလမ်းကို သူမ တွေးရတော့မည်။

 

...

 

 

ရှောင်ချောင်က မစင်ပုံပေါ် တက်နင်းမိသွားသည်။ သူမအတွက် သာ့ချောင်ကို သန့်ရှင်းရေး လုပ်ခိုင်းချင်ပေမယ့် မမျှော်လင့်ဘဲ သာ့ချောင်ကို သူမအဖွားက ခေါ်သွားသဖြင့် သွေးအန်လုနီးပါး ဒေါသအရမ်းထွက်နေခဲ့သည်။

 

 

သူမ၏ ဖိနပ်များသည် ရွှံ့များစွန်းထင်းနေခဲ့သည်။  အနံ့က ရွံရှာလွန်းသဖြင့် လွှင့်ပစ်ချင်နေသည်။

 

 

သို့သော်လည်း ဖိနပ်က အသစ်ဖြစ်သည်။ သူမအဖွားအိမ်သို့ ဖိနပ်တစ်ရံသာ ယူခဲ့သည်။ ဖိနပ်ကို လွှင့်ပစ်လိုက်လျှင် သူမတွင် ဖိနပ်မရှိတော့ပေ။

 

 

အဆုံးတွင် သာ့ချောင်ပေးခဲ့သော ကြက်ဥကို သုံးကာ ကလေးမလေးတစ်ယောက်နှင့် ဖိနပ်လဲလှယ်ပြီး သူမဆီပြန်မပို့ခင် ဖိနပ်ကို သန့်ရှင်းရေးလုပ်ဖို့ တစ်ဖက်လူကို ပြောခဲ့သည်။

 

 

ရှောင်ချောင်သည် အပေါက်ပေါင်းများစွာရှိသော ဖိနပ်ကိုဝတ်ဆင်ကာ ဖန်းမိသားစု၏ အိမ်ဆီသို့ ပြန်သွားနေသည်။ 

 

 

ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ဝမ်ရွှေရှန်း၏ အိမ်ကို ဖြတ်သွားစဉ်တွင် သူမသည် ၎င်းကို နောက်ထပ် အနည်းငယ်မျှ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

 

 

ဤအကြောင်းကို ပြောရလျှင် ရွာတွင် အုတ်အိမ်ရှိသော မိသားစု နှစ်စုသာ ရှိသည်။ တစ်ခုမှာ ချောင်မိသားစုဖြစ်ပြီး ကျန်တစ်ခုမှာ ဝမ်မိသားစု ဖြစ်သည်။

 

 

ဝမ်မိသားစု၏ သားငါးယောက်သည် အရပ်ရှည်သည်။  အကြီးဆုံးသား ဝမ်ရွှေရှန်းသည် ထုတ်လုပ်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ဒီရွာတွင် ဝမ်မိသားစုကို ဘယ်သူက အလေးမထားဝံ့မလဲ?

 

 

တစ်စုံတစ်ယောက်သည် ဝမ်မိသားစုကို ဆန့်ကျင်ဝံ့လျှင် ထုတ်လုပ်ရေးအဖွဲ့၏ အလုပ်အချိန်ကို ခွဲဝေပေးသောအခါတွင် ညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်သော အလုပ်သည် သူတို့ ရလိမ့်မည်။

 

 

ဝမ်မိသားစု၏ တတိယသားက ပိုပြီး အမည်ရှိသည်။  သူက အသက်ငယ်ငယ်ဖြင့် စစ်တပ်ထဲဝင်ခဲ့သည်။

 

 

  ယခု သူသည် တပ်မတော်တွင် တပ်ရင်းမှူးဖြစ်ပြီး လူရာနှင့်ချီ၍ အုပ်ချုပ်ရကြောင်း ကြားသိရသည်။  သူပြန်ပို့သောငွေသည် တစ်လလျှင် ယွမ် ၄၀ ဖြစ်သည်ဟု ကြားသည်။

 

 

ယွမ်လေးဆယ်! ၎င်းက ခရိုင်အလုပ်သမားများ၏ လစာထက် ပိုသည်။

 

 

သို့သော် အလုပ်သမားများသည် စားသောက်ရန် လိုအပ်ပြီး ရံဖန်ရံခါ ဖျားနာတတ်သည်။ တစ်လလျှင် ဆယ်ယွမ် စုဆောင်းနိုင်လျှင် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။

 

 

စစ်သားများကို နိုင်ငံတော်က ပြုစုပျိုးထောင်ထားသည်။ အစားအသောက်နှင့် သောက်စရာများကို နိုင်ငံတော်က စီမံခန့်ခွဲသည်။ 

 

 

ရောဂါကိုလည်း နိုင်ငံတော်က ကုသပေးသည်။ ပြောရလျှင် ဤယွမ်လေးဆယ်ကို လုံး၀ စုဆောင်းနိုင်သည်။

 

 

ဝမ်မိသားစု၏ အခြားသား သုံးယောက်အကြောင်း ပြောရလျှင် ဒုတိယနှင့် စတုတ္ထသားတို့သည် ရိုးသားပြီး ဖော်ရွေသော ရွာသူရွာသားများဖြစ်သည်။ 

 

 

သူတို့သည် သန်မာပြီး အလုပ်လုပ်ချင်စိတ်ရှိကြသည်။  သူတို့၏ ဇနီးများသည်လည်း အလုပ်သမားကောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ဝမ်မိသားစုသည် ချီလီရွာတွင် ကောင်းမွန်သော ဘဝနေထိုင်ရသော ပထမဆုံးမိသားစုဖြစ်သည်။

 

 

ဝမ်မိသားစုရဲ့ ပဉ္စမသား?

 

 

သူသည် ထိပ်တန်းစိန်မဟုတ်ဘဲ ဂရုမစိုက်သော ကြွက်ကလေးဖြစ်သည်။

 

 

သူသည် အငယ်ဆုံး ဖြစ်သောကြောင့် ငယ်စဥ်ကတည်းက သူတို့အမေ၏ အလိုလိုက်ခြင်းကို ခံရလေ့ရှိသည်။

 

 

 သူသည် စားရန်သာ သိသော ပျင်းရိသည့် အသုံးမကျသူ ဖြစ်သည်။ တစ်နှစ်တွင် သူ၏ ဝင်ငွေသည် မည်သည့် အမျိုးသမီးထက်မဆို နည်းသည်။

 

 

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဝမ်မိသားစု၏ အမေသည် အခြားရွာမှ အထက်တန်းကျောင်းသူလေးအား ဇနီးအဖြစ် တင်တောင်းပေးခဲ့သည်။

 

 

 ၎င်းက သူ့ကို နှစ်အနည်းငယ်ကြာအောင် ခြေချုပ်နိုင်မည်ဟု သူမထင်ခဲ့သည်။ မမျှော်လင့်ဘဲ ထိုဇနီးသည် ကောင်းချီးမရရှိခဲ့ပေ။

 

 

သူမသည် ဆောင်းရာသီတွင် အဝတ်လျှော်ရင်း လဲကျပြီး ကလေးမွေးနေစဥ် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့သည်။ ကျွေးမွေးရန် လိုအပ်သည့်  ကလေးတစ်ယောက်ကိုသာ သူမ ချန်ရစ်ခဲ့သည်။

 

 

ဝမ်မိသားစု၏ အမေသည် သူ့အတွက် အခြားဇနီးကို ရှာချင်သည်။ ဒါပေမယ့် ဘယ်မိန်းမကောင်းက မိထွေးဖြစ်ချင်မှာလဲ?

 

 

ထို့အပြင် ဝမ်မိသားစု ပဥ္စမသား၏ ပျင်းရိသော စိတ်ထားသည် တုန်းဖုန်းအစုတွင် လူသိများသည်။  မုဆိုးမတစ်ယောက် သို့မဟုတ် နှစ်ယောက် လက်ထပ်ရန် ဆန္ဒရှိသော်လည်း ဝမ်မိသားစုရှိအမေက မည်သို့ဆန္ဒရှိနိုင်မည်နည်း။

 

 

ထို့ကြောင့် ဝမ်မိသားစု၏ ပဥ္စမသားသည် ယခုအချိန်အထိ မုဆိုးဖိုကြီးအဖြစ် ရပ်တည်နေခဲ့သည်။

 

 

သူမ တွေးနေစဥ် ဝမ်မိသားစု၏ ခြံတံခါးက ပွင့်သွားပြီး လူတစ်ယောက် ထွက်လာသည်။

 

 

ရက်အတော်ကြာ ခေါင်းမလျှော်ရသေးဘဲ ကြက်ခြံကဲ့သို့ ရှုပ်ပွနေသော အမျိုးသားသည် နားဖာချေးကို လက်ညှိုးဖြင့် ကလော်ရင်း သမ်းဝေကာ ထွက်လာသည်။

 

 

သူ့နှုတ်ခမ်းပေါ်တွင် ဆိုးသွမ်းသော အပြုံးကို ပြသသည်။

 

 

ဤလူသည် အခြားသူမဟုတ်ဘဲ ဝမ်မိသားစု၏ ပဥ္စမသား ဝမ်ရှင်းရှန်း ဖြစ်သည်။

 

 

ဝမ်ရှင်းရှန်းသည် ရှောင်ချောင်ကို မြင်သောအခါတွင် ကျယ်လောင်စွာ ပြုံးပြလိုက်သည်။

 

 

"အိုး၊ ဒါက ငါတို့အဖွဲ့ရဲ့ ထင်ရှားကျော်ကြားတဲ့ ကလေးပါရမီရှင်လေး မဟုတ်ဘူးလား။ ပါရမီရှင်လေး၊ နားထောင်ဖို့ ကဗျာနှစ်ပုဒ် ရွတ်ပြပါလား!"

 

 

ရှောင်ချောင်က မတုံ့ပြန်နိုင်မီ သူက နှာခေါင်းကို ကိုင်ပြီး ထူးထူးခြားခြား အော်ဟစ်လိုက်သည်။

 

 

"မင်းရဲ့ ခန္ဓာကိုယ်မှာ အီးနံ့တွေ ဘာလို့ ရနေတာလဲ၊ မင်း ဘောင်းဘီထဲမှာ အီးပါလိုက်တာလား"

 

 

ရှောင်ချောင် - "..."

 

 

ယခုကဲ့သို့ ဂရုမစိုက်တတ်သော လူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ရှောင်ချောင်က သူ့ကို စကားမပြောချင်ဘူးဟုသာ ပြောချင်သည်။ သူ့အရှေ့တွင်ပင် သေချာမရပ်ချင်ပေ!

 

 

အေးစက်သောမျက်နှာဖြင့် သူ့ကို ဖြတ်သွားကာ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်သည်။ ရုတ်တရက် သူမ၏စိတ်က ဖျပ်ခနဲတောက်ပသွားပြီး စာအုပ်၏ ဇာတ်ကြောင်းကို သတိရသွားသည်။

 

 

ဝမ်ရှင်းရှန်သည် နောက်ပိုင်းတွင် ထိုမုဆိုးမ လင်းဟွေးကို ၎င်း၏ ဇနီးအဖြစ် လက်ထပ်ခဲ့သည်ဟု စာအုပ်တွင် ဖော်ပြထားသည်။

 

 

လင်းဟွေး၏ နားချမှုအောက်တွင် ဝမ်ရှင်းရှန်သည် သူ့ကိုယ်သူ ပြောင်းလဲခဲ့ပြီး ခင်ပွန်းကောင်းတစ်ဦးဖြစ်လာခဲ့သည်။ ပြုပြင်ပြောင်းလဲပြီးနောက် ရွာ၌ ကဏန်းစားနိုင်သည့် ပထမဆုံးလူဖြစ်လာသည်။

 

 

ဝမ်ရှင်းရှန်သည် ပေါ့ပေါ့ဆဆ နေပုံရသော်လည်း ဆက်သွယ်ရေးနှင့် စီးပွားရေးတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ရွာတွင် ပထမဆုံး ယွမ်ငွေ တစ်သောင်းတန် အိမ်ထောင်စု ဖြစ်လာခဲ့သည်။

 

 

ဝမ်ရှင်းရှန်သည် ရွာတွင် ယွမ်တစ်သောင်းတန်အိမ်ထောင်စု ပထမဆုံးဖြစ်လာရုံသာမက မြို့သို့ပထမဆုံး ပြောင်းရွှေ့လာသူလည်းဖြစ်သည်။

 

 

သူသည် မြို့တွင်းရှိ အိမ်ရာအများအပြားကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ဖြိုဖျက်မှုအား ကြုံသွားခဲ့သည်။  ချက်ချင်းပင် သူသည် အကြီးစား ဖြိုဖျက်သည့် အိမ်သူအိမ်သား ဖြစ်လာခဲ့သည်။

 

 

အကယ်၍...အကယ်၍ သူမအမေက ကွာရှင်းပြီး ဝမ်ရှင်းရှန်ကို လက်ထပ်ခဲ့လျှင် သူမက ဒုတိယမျိုးဆက် ချမ်းသာသူ ဖြစ်လာမှာ မဟုတ်ဘူးလား?

 

 

သူမ၏ အနာဂတ်ကို ကြိုသိထားခြင်းနှင့် ဝမ်ရှင်းရှန်၏ စွမ်းရည်တို့ ပေါင်းပြီး သူမသည် ဝမ်မိသားစုကို ပိုချမ်းသာအောင် လုပ်နိုင်သည်။

 

 

ရှောင်လျောင်၏ မျက်လုံးများသည် ထိုအကြောင်းကို တွေးပြီး တောက်ပလာသည်။ ဤအတွေးက သူမစိတ်ထဲတွင် ပေါ်လာသည်နှင့် မထိန်းနိုင်တော့ပေ။

 

 

ဝမ်ရှင်းရှန်ကို နှုတ်ဆက်ရန် ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့တော့ပေ။ ဝမ်ရှင်းရှန်သည် အချိန်အတော်ကြာ သဲလွန်စမကျန်ဘဲ ပျောက်သွားခဲ့သည်။

 

 

သက်ပြင်းတစ်ချက်ချကာ ရှေ့ကို ဆက်သွားခဲ့သည်။

ဖန်းမိသားစုအိမ်ကို ပြန်ရောက်သည်နှင့် ဖန်းရှောင်ကျွမ်းက သူမဖိနပ်သည် အပြင်ထွက်သွားသော ဖိနပ်တွေနှင့် မတူညီသည်ကို သတိပြုမိသွားသည်။

 

 

 "ကျောင်းကျောင်းအာ၊ သမီးဖိနပ်က ဘယ်မှာလဲ?"

 

 

ရှောင်ချောင်က သူမ၏ မျက်တောင်ရှည်များကို ပုတ်ခတ်လိုက်ပြီး မျက်လုံးနီရဲရဲနှင့် ပြောလိုက်သည်။

 

 

 "အစ်မက သမီးကို နည်းနည်းတွန်းလိုက်တာ မတ်တပ်ရပ်မနေနိုင်ဖြစ်ပြီး အီးပုံပေါ် တက်နင်းမိသွားတယ်။ တစ်ယောက်ယောက်နဲ့ ဖိနပ်လဲပြီး သူ့ရဲ့ဖိနပ်ကို ဝတ်ထားတာ"

 

 

ဖန်းရှောင်ကျွမ်းသည် ခါးထောက်ကာ ကြိမ်းမောင်း အော်ဟစ်လိုက်သည်။

 

 

 "စိတ်ထားညံ့တဲ့ဟာလေး။ သူမက သမီးကို မျက်နှာပျက်စေချင်နေတာနေမှာ။ ငါအိမ်မှာ မရှိတော့တာနဲ့ ကောင်းကင်ကို လှန်နိုင်မယ်လို့ သူထင်နေတာလား? ငါပြန်လိုက်ပြီး သူ့ကိုသေအောင်ရိုက်ပေးရမယ်!”

 

 

ရှောင်ချောင်က သူမကို အလျင်စလို ဆုပ်ကိုင်လိုက်သည်။ "မေမေ၊ မေ့လိုက်ပါ၊ မမက အဲ့လိုလုပ်ဖို့ မရည်ရွယ်ပါဘူး..."

 

 

သူမက ဤကိစ္စကို အကျယ်ချဲ့ မပြောဝံ့ပေ။