၇၀
ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး
အပိုင်း
၁၈
အပြင်ရှိ
ကောလာဟလများကြောင့် ဖန်ရှောင်ကျွမ်းက လင်းဟွေ့ကို ရိုက်နှက်ပြီး သတ်သေရန် ရေတွင်းထဲသို့
ခုန်ချခိုင်းလိုက်ကြောင်း ချောင်ရှို့ကျီသိလိုက်ရသောအခါ သူမ၏ မျက်နှာက ချက်ချင်းပင်
လေးနက်သွားသည်။
ဤချွေးမကို
မထိန်းနိုင်တော့ပေ။
သူမ၏
ဘက်လိုက်မှုကို သည်းခံနိုင်သည်။ သူမ၏ ပျင်းရိမှုကိုလည်း သည်းခံနိုင်သည်။
သို့သော်
ထိုကောလာဟလများသည် ကောလဟာလများထက် ဘာမှမဟုတ်ကြောင်းကို သူမအနေဖြင့် သည်းမခံနိုင်ဘဲ
ခင်ပွန်းဖြစ်သူကို ညစ်ပတ်သော ရေများလောင်းရန် စိတ်အားထက်သန်နေခဲ့သည်။
ယခုလည်း
ဘာမှမဖြစ်သေးဘဲ ဒါကို လုပ်ဖို့ သတ္တိရှိနေတုန်းပဲ။ တစ်နေ့တွင် ချောင်မိသားစု၌ တစ်ခုခုဖြစ်ခဲ့လျှင်
သူမက ပထမဆုံး ဒုက္ခရောက်သွားနိုင်သည်။
ချောင်မိသားစု၏
အနာဂတ်ငြိမ်းချမ်းရေးအတွက် ဒုတိယချောင်က သူမကို ကွာရှင်းရမည်။
ဝမ်ချွမ်ကျီသည်
သူမယောက္ခမ၏ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူမ၏ ခြေထောက်များသည် ထိတ်လန့်သဖြင့်
တုန်နေသည်။ သူမ လည်ပင်းကို ငုံ့ကာ နံရံပေါ်မှ ခိုးထွက်လာခဲ့သည်။
ဘုရားရေ။ ယောက္ခမရဲ့ မျက်နှာက ရုပ်ဆိုးလွန်းတယ်။
ယောက္ခမသည်
သူမက မီးစာထည့်ကြောင်း သိပါက သူမကို သေအောင် ထိုးမည်လား?
ချောင်ကျန်းကော်က
ရေသောက်ရန် ထွက်လာသောအခါ သူ့မိန်းမ၏ အပြုအမူကို မြင်လိုက်ရသည်။ "မင်းဘာလုပ်နေတာလဲ?
ထူးထူးဆန်းဆန်းတွေ ပြုမူနေတယ်။ မင်း ထပ်ပြီး မကောင်းတာလုပ်ထားတာလား?"
ဝမ်ချွမ်ကျီက
ဒေါသတွေထွက်သွားသည်။
မကောင်းတာ
ထပ်လုပ်တယ်ဆိုတာ သူ ဘာကို ဆိုလိုတာလဲ? သူမက နေ့တိုင်း မကောင်းတဲ့ကိစ္စတွေ ကျူးလွန်နေသကဲ့သို့ပင်။
သူမက
အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "ကျန်းကော်၊ တကယ်လို့ အမေ စိတ်ဆိုးအောင်
တစ်ခုခုလုပ်မိလို့ အမေက ကျွန်မကို ရိုက်ချင်ရင် ရှင်က ကျွန်မကို ကာကွယ်ပေးမလား?"
ချောင်ကျန်းကော်က
ရယ်မောလိုက်သည်။ "မဖြစ်နိုင်တာ သေချာတယ်။ ငါ့အမြင်အရတော့ မင်း အရိုက်ခံရဖို့
ထိုက်တန်တယ်။ အရေပြားယားယံဖို့ ဘယ်သူက ပြောတာလဲ?"
ဝမ်ချွမ်ကျီ
- "..."
ရယ်မောသံများဖြင့်
ထွက်ခွာသွားသော ခင်ပွန်းဖြစ်သူကို ကြည့်ပြီး သူမ၏ ရင်ဘတ်တွင် သွေးဟောင်းတစ်လုတ်ကို
ခံစားလိုက်ရသည်။ သူမက အသက်ရှုကြပ်လုနီးပါးဖြစ်သွားသည်။
ချောင်ရှို့ကျီသည်
သူမ၏ခင်ပွန်း ရွှယ်ချွမ်နှင့် ဆွေးနွေးနေခဲ့သည်။
ထုံးစံအတိုင်းပင်
ရွှယ်ချွမ်သည် သူမနှင့် သဘောတူသောကြောင့် သူတို့နှစ်ဦးသည် ချောင်မိသားစု၏ ခြံဝင်းငယ်ဆီသို့
ဦးတည်သွားကြသည်။
နှာခေါင်းပွန်းပဲ့ပြီး
မျက်နှာ ရောင်ရမ်းသွားသည့်အထိ ရိုက်နှက်ခံခဲ့ရသည့် ဖန်ရှောင်ကျွမ်းသည် မကြာမီ ကွာရှင်းခံရတော့မည်ကိုပင်
မသိခဲ့ပေ။
........
သာ့ချောင်က
ဖက်ထုပ်ကောင်းလေး ဖြစ်သည်။ မှောင်လာသည်နှင့်အမျှ သူမ၏ ခြေဖဝါးလေးများကို ရေစိမ်ကာ သူမ
ဦးလေးဖြစ်သူကို စောင့်ရင်း အိပ်ရန်ပြင်လိုက်သည်။
မထင်မှတ်ဘဲ
သူမဦးလေးက ရောက်မလာခဲ့ပေ။ အဲဒီအစား သူမအဖွားနှင့် အဖိုးက ရောက်လာသည်။
"သာ့ချောင်၊
သမီးအဖေ အိပ်ပျော်နေပြီလား?" ရွှယ်ချွမ်က သူ့ရှေ့ရှိ ဖက်ထုပ်လေးကို ကြည့်ပြီး
ချိုချိုသာသာနှင့် ပြောလိုက်သည်။
သာ့ချောင်က
မျက်လုံးကြီးတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ခေါင်းခါလိုက်ပြီး "မအိပ်သေးဘူး"
ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။
ချောင်ရှို့ကျီက
သူမခေါင်းလေးကို ပုတ်ပြီး ပြောလိုက်သည်။ "သမီး အဖေနဲ့ ဆွေးနွေးစရာရှိတယ်၊ လာနားထောင်"
ချောင်ရှို့ကျီ၏
အမြင်အရ ကလေးများပင်လျှင် အမှောင်ထဲတွင် မနေသင့်ပေ။
သာ့ချောင်သည်
သူမ အဖိုးနှင့် အဖွား၏ လေးနက်သော မျက်နှာကို ကြည့်လိုက်ပြီး သူမ၏ နှလုံးခုန်နှုန်းက
မြန်လာသည်။
သူမ၏
မသိစိတ်က သူမကို တစ်ခုခုဖြစ်သွားပြီဟု ပြောနေသည်။
ချောင်ကျန်းကျွင်းက
သူ့မိဘများက ရောက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
"အဖေနဲ့အမေ၊ ဘာလို့ဒီကိုရောက်လာတာလဲ? အစ်ကိုကြီးက
ဒီကိုလာဖို့ အဆင်မပြေဘူးလား? တကယ်တော့ ကျွန်တော်တစ်ယောက်တည်း နေလို့ရတယ်။ အမေတို့ လာဂရုစိုက်စရာ
မလိုပါဘူး"
သူ့မိဘများက
အသက်ကြီးနေပြီ ဖြစ်သော်လည်း သူ့ကို ပြုစုစောင့်ရှောက်ရန် လာနေကြတုန်းပင်။ တစ်ခါတလေ
သူသေသွားတာ ပိုကောင်းသည်ဟု ခံစားရသည်။
သာ့ချောင်သည်
သူမ၏ ခြေထောက်တိုလေးများနှင့် ပြေးလွှားနေပြီး သူမ၏ အဖိုးနှင့် အဖွားတို့ ထိုင်ရန်အတွက်
ခွေးခြေနှစ်လုံး ယူလာသည်။ "အဖိုး၊ အဖွား၊ ထိုင်ပါ!"
ထိုမြင်ကွင်းကြောင့်
ရွှယ်ချွမ်၏ နှလုံးသားက အရည်ပျော်သွားပြီး သူမ၏အမွေးနုခေါင်းလေးကို ပွတ်သပ်ရန် သူ့လက်ကို
ဆန့်ထုတ်လိုက်သည်။
"အဖိုးက ဒီတစ်ခါ အမြန်ထွက်လာရလို့ သကြားလုံး
တစ်လုံးမှ မယူလာခဲ့မိဘူး။ နောက်တစ်ခါကျရင် ယူလာခဲ့ပေးမယ်နော်"
သာ့ချောင်၏
မျက်လုံးများက တောက်ပလာသည်။ သကြားလုံး၏ ချိုမြိန်မှုကို ကြားသောအခါတွင် တံတွေးများ
ပါးစပ်ထဲ စီးကျလာသည်။
သူမပါးစပ်လေးကို
ပိတ်တ်ပြီး မသိစိတ်က တံတွေးကို မျိုချလိုက်သည်။ သူမ၏ ပုံစံကို ကြည့်ရသည်မှာ လောဘကြီးနေသော
ရှဉ့်ကလေးတစ်ကောင်နှင့် တူပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
ထို့နောက်တွင် သူမ၏ အစားကြီးမှုကြောင့် ရှက်သွားပုံရသည်။
ထိုသည်ကို ကြည့်ပြီး ရွှယ်ချွမ်က မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ပေ။
ချောင်ရှို့ကျီက
ဘယ်တုန်းကမှ မတိကျသောသူတစ်ယောက် မဟုတ်ပေ။ သူမက ဖန်ရှောင်ကျွမ်းသည် လင်းဟွေ့ကို ဘယ်လိုရိုက်ကြောင်းနှင့်
လင်းဟွေ့က ရှက်လွန်းသဖြင့် ရေတွင်းထဲသို့ ခုန်ချလိုက်ကြောင်း ချောင်ကျန်းကျွင်းကို
တိုက်ရိုက်ပြောပြလိုက်သည်။
ထိုစကားကိုကြားပြီးနောက်
ချောင်ကျန်းကျွင်း၏ အမူအရာမှာ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ "ရှောင်ကျွမ်... သူမတကယ်လုပ်ခဲ့တာလား?"
ဖန်ရှောင်ကျွမ်းက
အဘယ်ကြောင့် ဤကဲ့သို့ဖြစ်လာရသည်ကို သူတကယ်မသိပါ။ သူ့သမီးအပေါ် ဆိုးရုံသာမက ညစ်ပတ်သောရေများကို
သူ့အပေါ်သို့ လောင်းရန် မစောင့်နိုင်တော့ပေ။
သူမက
သူ့ကို တကယ်ကို စူးစူးစိုက်စိုက် ကြည့်မိသည်။ အကြောသေနေသော လူတစ်ယောက်အနေနှင့် သူက
မထနိုင်တော့ပေ။ ဒါဆို သူက ဘယ်လိုလုပ် တခြားသူနဲ့
ပတ်သက်မိမလဲ?
လင်းဟွေ့ကို
သတိရမိသည်။ ကျစ်ဆံမြီးကြီးနှစ်ခု ရှိပြီး ထိုမိန်းကလေးသည် လူအုပ်ထဲတွင် အမြဲအငြိမ်ဆုံးဖြစ်နေသည်။
သူ့နှလုံးသားထဲတွင် နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။
ယခင်က
မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရန် အစပြုခဲ့လျှင် ထိုသူမှာ လင်းဟွေ့ ဖြစ်သည်။ သူ့ကို ပြုံးပြလိုက်တိုင်း
သူက ရှက်ပြီး နှလုံးတွေ ခုန်နေကာ သူ့လက်တွေ ခြေတွေကို ဘယ်မှာထားရမှန်း မသိတော့ပေ။
သူ့မိဘတွေဆီသို့
အသိမပေးနိုင်မီတွင် ဖန်ရှောင်ကျွမ်း၏ ကိစ္စက ဖြစ်သွားသည်။
ချောင်ရှို့ကျီသည်
သူမ၏သားသည် ရိုးသားကြောင်းသိသော်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးမှာ တတိယသားလောက် ရဲရင့်ခြင်းမရှိပေ။
သူမက
သူ့ကို မီးခိုးမှိုးမတိုက်လျှင် အရင်တုန်းကကဲ့သို့ သည်းခံနေလောက်သည်။
ထို့ကြောင့်
သူမက တိုက်ရိုက်ပြောလိုက်သည်။ "ဒါကို ဘယ်လိုဖြေရှင်းမလဲ? မင်းအဖေနဲ့ ငါက မင်းကို
ဖန်ရှောင်ကျွမ်းနဲ့ ကွာရှင်းစေချင်တယ်"
ချောင်ကျန်းကျွင်းက
အံ့သြသွားပြန်သည်။
ကွာရှင်းဖို့လား?
၎င်းကို
သူအရင်က မစဉ်းစားဖူးပေ။
ဖန်ရှောင်ကျွမ်းကို
သူ လေးလေးနက်နက် ချစ်ခဲ့တာ မဟုတ်သော်လည်း ဒီခေတ်တွင် လမ်းခွဲဖူးသူ အနည်းငယ်သာ ရှိခဲ့သည်။
ကွာရှင်းခြင်းသည်
အမျိုးသမီး၏ ဂုဏ်သတင်းကို အလွန်ပျက်စီးစေသည်။ ဖန်ရှောင်ကျွမ်း၏ အကျင့်အချို့ကို သူမုန်းတီးသော်လည်း
သူမကို ကွာရှင်းရန် ဘယ်သောအခါမှ မတွေးခဲ့ပေ။
ဒါတင်မကသေးပေ။
သူက အခု အကြောသေနေသည်။ သာ့ချောင်မှာ အမေမရှိရင် သူမ အနာဂတ်က ဘာဖြစ်သွားမလဲ?
ချောင်ရှို့ကျီသည်
သူမသားက သာ့ချောင်ကို စိုက်ကြည့်နေတာကိုကြည့်ပြီး ဘာကိုတွေးနေမှန်း သိလိုက်သည်။
"သာ့ချောင်ကို ဆင်ခြေအနေနဲ့ အသုံးမချပါနဲ့။
ဖန်ရှောင်ကျွမ်းလို မိခင်မရှိရင်လည်း သာ့ချောင်က အသက်ရှင်နိုင်သေးတယ်"
ဖန်ရှောင်ကျွမ်းသည်
အရိုးထိတိုင်အောင် တစ်ကိုယ်ကောင်း ဆန်သည်။ ထိုလိုလူမျိုးက ပြန်မွေးရန် အမိဝမ်းထဲ ပြန်မသွင်းလျှင်
သူမက နောက်တစ်ကြိမ် ပိုကောင်းလာရန် လုံးဝမစဥ်းစာသင့်ပေ။
ဘေးနား၌
သာ့ချောင်က အံ့သြစရာကောင်းသောတိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ပါးစပ်က ပွင့်ဟနေသည်။
သူမအမေက
အဒေါ်ဟွေ့ကို ရိုက်ခဲ့တာလား?
အဒေါ်ဟွေ့က
ရေတွင်းထဲခုန်ဆင်းသွားတာလား?
အဖွားက
သူမမိဘတွေကို ကွာရှင်းစေချင်တာလား?
မေးခွန်းတိုင်းက
လျှပ်စီးလက်နေသကဲ့သို့ သူမကို ထိတ်လန့်သွားစေသည်။
အဒေါ်ဟွေ့ကို
သူမ အရမ်းစိုးရိမ်နေမိသည်။ သူမက လူကောင်းတစ်ယောက်ဖြစ်သည်။ သူ့အမေက ဘာလို့ရိုက်တာလဲ?
မောင်လေး
တုန်းလင်ကလည်း ရှိသေးသည်။ အခုဆိုရင် သူ အရမ်းကြောက်နေပြီလား? သူမ တကယ်သွားပြီး ပွေ့ဖက်ချင်မိသည်။
သူ့အမေ
ပြောသည့်စကားကြောင့် ချောင်ကျန်းကျွင်း၏ အမူအရာမှာ ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရသည်။
သို့သော်လည်း သူ စိတ်မချနိုင်သေးပေ။ "အမေ၊ ဒီအဆင့်ကို
ရောက်မှရမှာလား?"
သူ့သားသမီးတွေကို
အကြောင်းပြချက်အဖြစ် မသုံးချင်သော်လည်း ကမ္ဘာကြီးက ထိုကဲ့သို့ပင်။ အကယ်၍ ဖန်ရှောင်ကျွမ်းနှင့်
ကွာရှင်းခဲ့ပါက ထိုအမျိုးသားသည် အနာဂတ်တွင် ကလေးနှစ်ဦး၏ ချို့ယွင်းချက်ကို သေချာပေါက်
ရွေးချယ်နိုင်မည်ဖြစ်သည်။
ရှောင်ချောင်က
ရုပ်ချောသည်၊ ထက်မြက်သည်၊ လိမ္မာပြီး သဘောကျစရာကောင်းသည်ကို သိသည့်အတွက် သိပ်စိတ်မပူပေ။
သာ့ချောင်က
မထင်မှတ်ဘဲ စကားထစ်နေသည်။ ယခု သူ လေဖြတ်သွားပြီ။ ဖန်ရှောင်ကျွမ်းနဲ့ ကွာရှင်းလိုက်ရင်
အနာဂတ်မှာ သူမကို ဘယ်သူက တောင်းချင်မှာလဲ?
ချောင်ရှို့ကျီက
အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။ "တစ်ကိုယ်ကောင်းဆန်တယ်၊ ခါးသီးတယ်၊ ယုတ်မာတယ်၊
ပျင်းတယ်၊ သားသမီးတွေကို ဘက်လိုက်တယ်၊ ခင်ပွန်းကို မလေးစားဘူး။ ဇနီးသည် ဒါမှမဟုတ် မိခင်တစ်ယောက်အနေနဲ့
အရည်အချင်းမပြည့်မီဘူး။ ဒီလိုလူကို မကွာရှင်းချင်ရင် နှစ်သစ်မှာ သိမ်းထားဖို့ မင်းလိုချင်နေတာလား?"
ချောင်ကျန်းကျွင်း၏
မျက်နှာသည် ပြုတ်ထားသောပုဇွန်ကဲ့သို့ပင် အသက်ရှုကြပ်သွားပြီး ပို၍နီရဲလာသည်။
ချောင်ရှို့ကျီက
သာ့ချောင်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြေသည်။
"မင်းဘာတွေစိတ်ပူနေလဲ
ငါသိပါတယ်။ စိတ်မပူပါနဲ့ မင်းအဖေနဲ့ ငါက သူ့ကို အနာဂတ်မှာ ပိုဂရုစိုက်ပေးမယ်။ ငါတို့
သူ့ကို ဒုက္ခမရောက်စေဘူး!"
ဤကမ္ဘာသည်
အမျိုးသမီးများအတွက် မည်မျှကြမ်းတမ်းသည်ကို သူမသိသောကြောင့် ချောင်ကျန်းကျွင်း၏ စိုးရိမ်ပူပန်မှုများသည်
အခြေအမြစ်မရှိသောစိုးရိမ်မှုများဖြစ်သည်ဟု သူမပြောမည် မဟုတ်ပေ။
သို့သော်လည်း
မကွာရှင်းဘဲနေပါက သာ့ချောင်က ကောင်းမွန်သော အနာဂတ်ကို ရရှိစေမည်ဟုလို့ သူမ မယုံကြည်ပေ။
ဆန့်ကျင်ဘက်အနေနှင့်
သာ့ချောင်သည် ဤပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ပါက သူမသည် ရှက်ရွံ့ပြီး မိမိကိုယ်ကို
လေးစားမှုနည်းပါးသူအဖြစ် ကြီးထွားလာမည်ဖြစ်သည်။ အနာဂတ်တွင် ကောင်းမွန်သောမိသားစုနှင့်
လက်ထပ်ခွင့်ရလျှင်တောင် ကောင်းမွန်စွာနေထိုင်နိုင်မည်မဟုတ်ပေ။
ချောင်ရှို့ကျီသည်
ဉာဏ်ပညာကြီးမားသူဖြစ်သည်။ "ကံဆိုးသော
ကလေးဘဝက ကုသရန် တစ်သက်လုံး လိုအပ်သည်" ဟူသော စကားစုကို သူမ မပြောနိုင်သော်လည်း
ဤသဘောတရားကို သူမ နက်နက်နဲနဲ နားလည်သည်။
ရွှယ်ချွမ်က
ချိုသာစွာ ပြောလိုက်သည်။ "သားသမီးတွေရဲ့ မိသားစုကို ခွဲစေချင်တဲ့ မိဘဆိုတာ မရှိဘူး။
ဒါပေမယ့် ဖန်ရှောင်ကျွမ်းကတော့ ဒီတစ်ကြိမ်မှာ လွန်သွားပြီ။ လင်းဟွေ့ကို အချိန်မီ မကယ်တင်နိုင်ခဲ့ရင်၊
ငါတို့ ချောင်မိသားစုအတွက် ဒီအသက်က ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမယ်။ အဲ့အချိန်ကျရင် လင်းမိသားစုကို
ဘယ်လိုရှင်းပြမလဲ?"