အပိုင်း ၁၉
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၁၉

 

 

 

 

 

 

ကုလားအုတ်ကို ချေမှုန်းသော နောက်ဆုံးကောက်ရိုးကဲ့သို့ ဤစကားများသည် ချောင်ကျန်းကျွင်း၏ နောက်ဆုံးတည်မြဲမှုကို ချိုးဖျက်ပစ်လိုက်သည်။

 

 

သူ့အသံက သူအသက်ကြီးနေသကဲ့သို့ပင် ပြောလိုက်သည်။

 

 

 "ကောင်းပြီ၊ ကျွန်တော် အမေတို့ စကား နားထောင်မယ်။ ဒါပေမယ့် ရှောင်ချောင်က ဖန်အိမ်မှာ နေလို့မရဘူး"

 

 

ရှောင်ချောင်သည် ဖန်မိသားစု၏ အိမ်တွင် နေပါက တစ်နေ့တွင် ရှောင်ချောင်သည် ဒုတိယ ဖန်ရှောင်ကျွမ်း ဖြစ်လာမည်ကို သူစိုးရိမ်သည်။

 

 

ချောင်ရှို့ကျီက တိတ်တဆိတ် ရယ်မောလိုက်သည်။

သူ စိတ်ပျက်သွားလိမ့်မည်။ ရှောင်ချောင်က အကြောသေနေသည့် သူမအဖေနောက်ကို လိုက်ပြီး ပြန်မလာချင်တော့တာ ဖြစ်နိုင်သည်။

 

 

သူမ ပါးစပ်နှင့် မပြောဘဲ မြင်နေသည်။ ကွာရှင်းပြတ်စဲရန်အတွက် မနက်ဖြန်မနက် ဖန်မိသားစု၏ အိမ်သို့သွားရန် စီစဉ်ခဲ့သည်။

 

 

လှည့်ထွက်တော့မည့်အချိန်တွင် ထောင့်စွန်း၌ ကြောက်လန့်ပြီး ရပ်နေသော ဖက်ထုပ်လေးကို တွေ့လိုက်သည််။

 

 

သူမက လျှောက်လာပြီး အရှေ့တွင် ငုတ်တုတ်ထိုင်ချကာ မေးလိုက်သည်။ "အခုနက အဖွားပြောတာကို သမီး နားလည်လား?"

 

 

သာ့ချောင်၏ စိုစွတ်သော မျက်လုံးများသည် ရေများဖြင့် တောက်ပနေသည်။ သူမက ခေါင်းလေးကို ငြိမ့်ပြပြီး "သမီး နားလည်ပါတယ်" ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။

 

 

"ဒါဆို သေချာနားထောင်။ သမီး အမေက အမှားတစ်ခုခုလုပ်မိလို့ အဖွားက သမီးမိဘတွေကို ကွာရှင်းစေချင်တယ်။ သမီးနဲ့ ဘာမှမဆိုင်ဘူး။ နောက်တော့ သမီးအမေက သမီးက သူ့ကို ကွာရှင်းအောင်လုပ်ပြီး ဒုက္ခပေးတယ်လို့ပြောရင် အလေးမထားပါနဲ့။ နားလည်လား?"

 

 

သာ့ချောင်က ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်တောင်များ တုန်သွားသည်။ "အဖွား၊ ကွာရှင်းပြီးရင် သမီးမှာ အမေ မရှိတော့ဘူးလား?"

 

 

ချောင်ရှို့ကျီက သူမကို စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ဆုံးဖြတ်ချက်သည် မှန်ကန်ခြင်း ရှိ၊ မရှိကို တွေးနေမိသည်။

 

 

မိခင်အတွက် ကလေးတစ်ယောက်၏ တွယ်တာတွယ်တာမှုကို ဘယ်သူကမှ အစားမထိုးနိုင်ပေ။ ဖန်ရှောင်ကျွမ်းက သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တုန်းကတောင် မိခင်၏ အချစ်ကို တောင့်တနေဆဲပင်။

 

 

သူမက ခဏလောက် တုံ့ဆိုင်းသွားပြီး လက်ဖဝါးကြီးတွေကို ဆန့်ထုတ်ကာ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

 

 

"သမီး အမေကတော့ ဘယ်လိုထင်နေလဲ အဖွားမသိဘူး။ နောင်တစ်ချိန်မှာ အဖွားနဲ့ သမီး အဘိုးရော သမီးအဖေရော အကြီးဆုံး ဦးလေး နဲ့ ပဉ္စမဦးလေးတို့ကပါ သမီးကို အလိုလိုက်လိမ့်မယ်။ အဲ့ဒါ မကောင်းဘူးလား?"

 

 

သာ့ချောင်သည် သူမ၏ လက်ချောင်းလေးများကို အချိန်အကြာကြီး ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် အဖြေရှာတွေ့သွားသည်။

 

 

ဝိုး!

 

 

စုစုပေါင်း ငါးယောက်က သူမကို အလိုလိုက်မယ်။

 

 

 အများကြီးပဲ!

 

 

သူမ၏ လှပသော တရုတ်ဆီးသီးကဲ့သို့ မျက်လုံးများက တောက်ပလာပြန်သည်။ ရှင်းရှင်းလင်းလင်းနှင့် ပြတ်သားစွာ ပြောခဲ့သည်။ "ကောင်းပြီ!"

 

 

ဘယ်လိုလုပ် မကောင်းဘဲ နေမလဲ? သူမ အဖေနှင့် အဒေါ် ဟွေ့ကသာ သူမကို ချစ်ဖူးသည်။

 

 

ယခု နောက်ထပ် လေးယောက်ရှိလာသည်။

 

 

 ဘုရားသခင်၊ သူမသည် အလွန် ကောင်းချီးပေးခံနေရသည်။

 

 

ချောင်ရှို့ကျီ၏ နှလုံးသားသည် ချက်ချင်း ပျော့ပြောင်းသွားသည်။ သူမ၏ မျက်လုံးများက အဝတ်အစားပေါ်သို့ ရောက်သွားသဖြင့် အိမ်ပြန်ပြီး အဝတ်အစားအသစ်ချုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

 

 

ယနေ့ညနေပိုင်းတွင် ချောင်မိသားစုသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။  လင်းမိသားစု၏ မီးရောင်များသည် အချိန်အတော်ကြာအောင် မငြိမ်းနိုင်သေးပေ။

 

 

ဝမ်ချိုးယင်က သူမ၏ သမီးကို လက်သီးနှင့် ရိုက်ရင်း မျက်ရည်များက စီးကျလာသည်။ "မင်းက အကြင်နာမဲ့တဲ့သူပဲ။ မင်းအမေရဲ့အသက်ကို လိုချင်တယ်။ မင်းတစ်ခုခုဖြစ်သွားပြီး သေသွားရင် ငါဘယ်လိုနေရမလဲ?"

 

 

လင်းဟွေ့သည် မခုခံဝံ့ဘဲ သူမအမေကို တိတ်တဆိတ် ရိုက်နှက်ခွင့်ပေးထားသည်။

 

 

တကယ်တော့ သူမ ရေတွင်းထဲ ခုန်ချမိသည့် အချိန်တွင် သူမ စိတ်မကောင်းဖြစ်မိသည်။

 

 

သူမ သေဆုံးသွားသည်နှင့် ဖန်ရှောင်ကျွမ်းသည် ၎င်းအတွက် အပြစ်ရှိသည်ဟု သေချာပေါက်ခံစားရမည်မဟုတ်ပေ။

 

 

သူမသည် အပြစ်ရှိသော စိတ်ကြောင့် မိမိကိုယ်ကို သတ်သေကြောင်း နေရာတိုင်းတွင် လိုက်ပြောပြီး ပို၍ပင် ဂုဏ်ယူနေပေလိမ့်မည်။

 

 

ထိုအချိန်တွင် သူမ၏မိသားစုသည် ပြောစရာဖြစ်လာရုံ သာမက ထိုလူပင်လျှင် လူတိုင်း၏ အတင်းပြောမှုကို ခံရလိမ့်မည်။

 

 

ထို့နောက် တုန်းလင်လေးက သူမ ကွယ်လွန်ပြီးသည်နှင့် မိဘမဲ့ကလေးတစ်ဦး ဖြစ်လာလိမ့်မည်။ ထိုအခါ ဘယ်သူက သူ့ကို ချစ်မှာလဲ?

 

 

သူမသမီး၏ မျက်နှာက စာရွက်ကဲ့သို့ ဖြူဖျော့နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ချိုးယင်၏ နှလုံးသားက အဆုံးတွင် သည်းမခံနိုင်တော့ပေ။

 

 

 "သမီးကို အမေဘယ်နှစ်ခါပြောပြီးပြီလဲ? အဲဒီကလေးနဲ့ အရမ်းနီးကပ် မနေနဲ့ဆို။ သမီးက ဘယ်တော့မှ နားမထောင်ဘူး။ အခုတော့ ကိုယ့်ဘာသာကိုယ် ဒုက္ခရောက်ပြီ မဟုတ်လား?"

 

 

လင်းဟွေ့က ပျော့ညံ့စွာ ငြင်းဆိုလိုက်သည်။ "အမေ၊ အဲဒါက သာ့ချောင်နဲ့ ဘာမှမဆိုင်ဘူး!"

 

 

ဝမ်ချိုးယင်က နှုတ်ခမ်းကို ကွေးလိုက်သည်။ "သူမနဲ့ဘာမှမဆိုင်ဘူး... ကောင်းပြီ၊ ကောင်းပြီ။ ငါစကားမပြောတော့ဘူး။ သူမနဲ့မဆိုင်ဘူး"

 

 

အမေတစ်ယောက်အနေနှင့် သူမသမီးက ချောင်ကျန်းကျွင်းကို ကြိုက်တယ် ဆိုတာ ဘယ်လိုလုပ် မပြောနိုင်ဘဲ နေမလဲ?

 

 

ထိုအချိန်က သူမသည် ချောင်မိသားစုနှင့် ယောက္ခမဖြစ်ရန် စိတ်ဝင်စားခဲ့သည်။ သို့သော် သူမစကားမပြောမီတွင် အတားအဆီးတစ်ခုပေါ်လာပြီး သူမသမီး၏အိမ်ထောင်ရေးကြိုး ပျက်သွားသည်!

 

 

ဒုတိယချောင်၏ မင်္ဂလာဆောင်နေ့တွင် သူမသမီးက အခန်းထဲမှာ ပုန်းနေပြီး အချိန်အတော်ကြာအောင် ခဲ့သည်။ အဲဒီနောက်တွင် သူမက အပြင်းဖျားခဲ့သည်။ နောက်တော့ သူမက လက်ထပ်ရန် ယောက်ျားတစ်ယောက်ကို အမြန်ရှာခဲ့သည်။

 

 

မထင်မှတ်ဘဲ ထိုလူသည် ခဏတာ တစ္ဆေတစ်ကောင်ဖြစ်ပြီး သူမ၏သမီးသည် ငယ်ရွယ်စဉ်တွင် မုဆိုးမဖြစ်လာခဲ့သည်။ ၎င်းက သူမနှလုံးသားကို နက်နက်နဲနဲ ဖြတ်ပစ်သလိုပင် နာကျင်ခဲ့ရသည်။

 

 

လင်းဟွေ့က သူမအမေ၏ လက်ကို ကိုင်လိုက်သည်။ "အမေ၊ တောင်းပန်ပါတယ် အမေ။ အမေ့ကို စိတ်ပူအောင် လုပ်မိတယ်။ နောက်နောင် ဒီလို မိုက်မဲတဲ့ ကိစ္စတွေကို ထပ်မလုပ်တော့ပါဘူး"

 

 

ဝမ်ချိုးယင်၏ မျက်လုံးများက ချက်ချင်းနီရဲလာသည်။ "ကောင်းပြီ အမေ ယုံတယ်!"

 

 

သူမသမီးကို တစ်သက်လုံး ပျော်အောင် ထားနိုင်လျှင် သူမ သက်တမ်း အနှစ် ၂၀ ကို လဲနိုင်သည်။

 

 

မီးပိတ်ပြီးနောက် ချောင်ရှို့ကျီက ခြင်ထောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ငါတို့ သေသွားပြီဆိုတာနဲ့ ပစ္စည်းအများစုကို သာ့ချောင်အတွက် ထားခဲ့ချင်တယ်။ မင်းဘယ်လိုထင်လဲ?"

 

 

သူမသည် ကလေးအတွက် နောက်ထပ်အရာများကို ချန်ထားခဲ့ကာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်ပေးချင်ခဲ့သည်။ နောင်တွင် ဘယ်သူမှ သူမကို လက်မထပ်လျှင်တောင် အသက်ရှင်နိုင်သည်။

 

 

ရွှယ်ချွမ် -  "ကောင်းပြီ"

 

 

သူမက ထိုအကြောင်းကို တွေးပြီး ပြောလိုက်သည်။ "မနက်ဖြန်၊ အဲဒီကလေးအတွက် အဝတ်အစားတွေ လုပ်ပေးဖို့ ကျွန်မကို သတိပေး"

 

 

ရွှယ်ချွမ် -"ကောင်းပြီ မင်းမှတ်မိအောင် ကိုယ်ကူညီပေးမယ်၊ မနက်ဖြန် မင်းကို သတိပေးမယ်။ ဒီကလေးအတွက် မင်းဘာလို့ ရုတ်တရက် စိတ်ပူနေတာလဲ?"

 

 

"ကလေးရဲ့မျက်လုံးက ရှင့်ရဲ့ မျက်လုံးနဲ့တူတာကို ကျွန်မတွေ့ခဲ့တယ်" ချောင်ရှို့ကျီက သာမန်အတိုင်း ပြောလိုက်သည်။

 

 

ရွှယ်ချွမ်က ပြုံးပြီး သူ့မိန်းမရဲ့ လက်ကို ခါလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ငါတို့ ဒီကလေးကို ပိုကောင်းအောင် ဆက်ဆံမယ်"

 

 

အိမ်ထောင်သက် ဆယ်စုနှစ် အနည်းငယ် ကြာပြီးသည်အထိ စုံတွဲသည် လက်ဆွဲအိပ်သည့်အလေ့အထကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

 

 

 ၎င်းကိုသာ ဝမ်ချွမ်ကျီကသိလျှင် သူမသွားများက ချဉ်လာလိမ့်မည်။

 

 

နောက်နေ့ သာ့ချောင်က အိပ်ရာထချိန်တွင် ခြံထဲရှိ သစ်တော်သီးပင်သည် အမှန်တကယ် ပွင့်လန်းနေသည်ကို တွေ့လိုက်ရသည်။

 

 

 

သာ့ချောင်၏ ခြံဝင်းငယ်အတွင်းရှိ သစ်တော်ပင်ကို အိမ်ဟောင်းမှ ယူဆောင်ကာ စိုက်ပျိုးခဲ့သည်။

 

 

၎င်း၏အမြစ် ပျက်စီးသွားခြင်းရှိမရှိ မသိသော်လည်း ဤသစ်တော်သီးပင်သည် အသီစမသီးဘဲနေသည်မှာ ခုနစ်နှစ်၊ ရှစ်နှစ်ကြာအောင် အပွင့်မပွင့်သေးပေ။

 

 

ဖန်ရှောင်ကျွမ်းက ဤသစ်ပင်သည် သာ့ချောင်၏ ကံကြမ္မာဆိုးကြောင့် သေသွားပုံရသည်ဟု ပြောခဲ့ဖူးသည်။

 

 

သာ့ချောင်သည် အဖူး၊အပွင့်များက အကိုင်းအခက် ပြည့်နေသည်ကို မြင်လိုက်သောအခါ အလွန် အံ့ဩသွားသည်။ "လျှပ်၊ လျှပ်၊ လျှပ်" အသံဖြင့် သူမ၏ ခြေထောက်တိုလေးများနှင့် အခန်းဆီသို့ ပြေးသွားသည်။ "အဖေ၊ အဖေ!"

 

 

ဖက်ထုပ်သေးသေးလေးက ပြေးဝင်လာသည်ကို မြင်သောအခါ ချောင်ကျန်းကျွင်းက သူမပြုတ်ကျမှာကို စိုးရိမ်ပြီး သတိပေးသည်။ "မြန်မြန်မပြေးနဲ့။ ပြုတ်ကျမယ်။ သတိထား!"

 

 

သာ့ချောင်သည် အသက်ရှူမဝသဖြင့် ရပ်ကာ သူမ၏ ရင်ဘတ်ကို ပွတ်သပ်ပြီး ဂုဏ်ယူသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ "သမီးက မပြုတ်ကျဘူး။ သမီးက အရမ်းတော်တယ်"

 

 

ချောင်ကျန်းကျွင်းက မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ သူ့လက်ကို ဆန့်တန်းပြီး သူမ၏ တင်းနေသော ပါးပြင်တွေကို ညှစ်လိုက်သည်။ "သမီးက အရမ်းစိတ်လှုပ်ရှားပြီး ဝင်လာတယ်။ အဖေ့ကို ဘာပြောချင်လို့လဲ?"

 

 

သာ့ချောင်သည် သူမ၏ မျက်လုံး တောက်တောက်ဖြင့် သူမအဖေ၏ လက်ထဲတွင် မျက်နှာငယ်လေးကို တင်လိုက်သည်။ "အဖေ၊ သစ်တော်ပင် ပွင့်နေပြီ!"

 

 

ချောင်ကျန်းကျွင်းက အံ့အားသင့်သွားသည်။ "သစ်တော်ပင် ပွင့်နေပြီလား? မဖြစ်နိုင်ဘူး!"

 

 

၎င်းကို သူ၏ မသိစိတ်က ငြင်းလိုက်သည်။ အပင်က မပွင့်ဖူးဘူးဆိုသည့် အချက်ကို ဘေးဖယ်ထားလိုက်လျှင်တောင် ယခုထိ ပန်းပွင့်ရန် ရာသီမဟုတ်သေးပေ။

 

 

သစ်တော်ပင်များသည် ယေဘုယျအားဖြင့် မတ်လမှ မေလအထိ ပွင့်ကြပြီး စက်တင်ဘာလတွင် အသီးများသီးသည်။ ယခုက ဒီဇင်ဘာလ ဖြစ်သည်။ ဒီအချိန်မှာ ဘယ်လိုပွင့်နိုင်မှာလဲ?

 

 

သို့သော်လည်း ကလေးက လိမ်နေသည်ဟု မထင်ပေ။ သာ့ချောင်သည် လိမ္မာရေးခြားရှိသော ဖက်ထုပ်ကလေးဖြစ်သည်။ သူမ မှားမြင်သည်ဟု သူ ထင်ခဲ့သည်။

 

 

သာ့ချောင်သည် သူမအဖေက သူမကို မယုံကြောင်း မြင်သောအခါ စိတ်ပူသွားသည်။ သူမ ခြေဖဝါးလေးကို ဆောင့်လိုက်သည်။ "တကယ်! အမှန်ပဲ၊ ပန်းပွင့်နေပြီ!"

 

 

"ကောင်းပြီ၊ စိတ်ပူနေစရာ မလိုပါဘူး။ အဖေ ယုံပါတယ်" ချောင်ကျန်းကျွင်းက နှစ်သိမ့်သော်လည်း သူ့အမူအရာက သိပ်ကို ဝတ်ကျေတမ်းကျေ ဖြစ်လွန်းသည်။

 

 

သာ့ချောင်က နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။

 

 

 သူမ၏ ပိုးကောင်နှင့်တူသော မျက်ခုံးလေးများက မျက်မှောင်ကြုတ်သွားသည်။ သူမက စိတ်ဆင်းရဲနေပုံရသည်။ ရုတ်​တရက်​ သူမမျက်​လုံး​များက ​တောက်​ပလာကာ ​ပြေးထွက်​သွားပြန်​သည်​။

 

 

မကြာခင် သာ့ချောင်က ပြန်ရောက်လာသည်။ သူမ၏ မျက်နှာလေးသည် လေ့ကျင့်ခန်းလုပ်ထားသကဲ့သို့ ရဲတွက်နေသည်မှာ ပန်းသီးနှစ်လုံးကဲ့သို့ပင် ဖြစ်သည်။  အလွန်ချစ်စရာကောင်းသည်။ "အဖေ၊ ကြည့်ပါဦး!"

 

 

သူမအဖေကို သစ်တော်သီးပွင့်များ ပြရန် လက်ဖဝါးကိုဖွင့်လိုက်သည်။ ချောင်ကျန်းကျွင်းက ငုံ့ကြည့်လိုက်ပြီး တုန်လှုပ်သွားသည်!

 

 

တကယ့်ကို သစ်တော်ပန်းပွင့်ပင်။

 

 

သူသည် သစ်တော်ပန်းပွင့်ကို ကောက်ယူပြီး ထပ်ခါထပ်ခါ ကြည့်သည်။ တကယ်ကို သစ်တော်ပန်းပွင့် ဖြစ်သည်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

 

 

သာ့ချောင်က သူမအဖေ၏ မယုံကြည်မှုကို ကြည့်ပြီး ပါးစပ်ကို အုပ်ကာ ပြုံးလိုက်သည်။

 

 

ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်ခုထွက်လာသည်။ ချောင်မိသားစု အိမ်ဟောင်းမှ တစ်စုံတစ်ယောက် ရောက်လာတာဖြစ်သည်။

 

 

သာ့ချောင်က ပြေးထွက်လာသည်။ တစ်ချက်ကြည့်လိုက်သောအခါ သူမအဖွားက တိုင်းပြည်ကို အုပ်ချုပ်နေသော ဧကရီကဲ့သို့ လူအုပ်ကို ညွှန်ကြားနေသည်ကို တွေ့လိုက်ရသည်။

 

 

 "သားကြီး၊ မင်းက ကစီဓာတ်မှုန့်ကို မီးဖိုချောင်ထဲ ရွှေ့။ အကြီးဆုံးရဲ့ ဇနီး၊ တခြား မပြီးသေးတာတွေကို သွားကြည့်ပြီး ကူညီပေးလိုက်"

 

 

လှည့်ကြည့်ပြီးနောက် သူမက ရွှယ်ချွမ်ကို တိုးတိုးလေးပြောသည်။ "ဘေးနားမှာ သွားထိုင်နေ။ ရှင်က ဒီမှာ ဘာမှလုပ်စရာမလိုဘူး"