၇၀
ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး
အပိုင်း
၂၀
ချောင်ကျန်းကော်သည်
ညွှန်ကြားချက်များကို ကျေနပ်စွာ လိုက်နာဆောင်ရွက်သည်။
ဝမ်ချွမ်ကျီသည်
စိတ်ဓာတ်ကျစွာ လိုက်ပါလာသည်။
သူမက တိတ်တဆိတ် ရေရွတ်ခဲ့သည်။ 'ယောက္ခမက တောဝက်ကို
သတ်နိုင်တယ်။ ယောက္ခမ တောဝက်သတ်နိုင်တယ်။ ယောက္ခမက တောဝက်ကို သတ်နိုင်တယ်!'
ချောင်ကျန်းကော်သည်
စူးရှသော နားရွက်ရှိသည်။ ဇနီးဖြစ်သူ၏ စကားကိုကြားသောအခါ "မင်းကိုယ်မင်း ကောင်းကောင်းသိတယ်။
တောဝက်နဲ့တူတယ်ဆိုတာ သိသားပဲ"
ဝမ်ချွမ်ကျီ
- "..."
"ဒါပေမယ့်
အခုတလော ပြန်တွေးကြည့်မိတယ်။ မင်းက အနက်ရောင် တောင်ဝက်ထက် ပိုမည်းပြီး မြည်းမစင်နဲ့တူနေသလို
ခံစားရတယ်။ မိန်းမ၊ ကျုပ်က ပိုလှကြောင်း ချီးကျူးတယ်။ အခု မင်းပျော်ပြီလား?"
ချောင်ကျန်းကော်သည်
အမျိုးသမီးများက ဒုက္ခပေးသည်ဟု ခံစားရသည်။ လွန်ခဲ့သည့်နှစ်ရက်က သူ့ဇနီးသည်သည် သူ့အဖေက
သူ့အမေကို ဂရုစိုက်သလိုမျိုး သူမကို ဂရုမစိုက်ဘူးဟု ပြောပြီး ပြဿနာရှာခဲ့သည်။
သူ့မိန်းမက
ပြဿနာရှာခြင်းမှ ရပ်တန့်ရန်အတွက် ယခုပင် သူမကို ချီးကျူးရန် ရှာတွေ့ခဲ့သည်။ ဝမ်ချွမ်ကျီက
သွေးတစ်လုတ်အန်လုနီးပါး ဖြစ်သွားသည်။ "..."
ကျေးဇူးတင်ပါတယ်!
ရှင့်ရဲ့ တစ်မိသားစုလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။
ချောင်ရှို့ကျီက
သူမသားနှင့် ချွေးမအကြီးဆုံးတို့ စကားပြောနေသည်ကို ကြားပြီး အဖုံးနှင့်အိုးက လိုက်ဖက်သည်ဟု
ခံစားမိသည်။ ဒီလူမိုက်နှစ်ယောက်က လိုက်ဖက်ညီလွန်းတယ်။
ဝမ်ချွမ်ကျီ၏
နှလုံးသားသည် မီးတောက်လောင်နေသည်။ ယောက္ခမက အိမ်ထဲဝင်သွားသည်ကို မြင်သောအခါ သာ့ချောင်အပေါ်သို့
ဒေါသကို ပုံချလိုက်သည်။
"ဟဲ့
ကလေး၊ အလုပ်လုပ်တာဘာလို့ ဒီလောက်တောင်နှေးနေတာလဲ? င့ါကို ပင်ပန်းစေချင်လို့ တမင်နှေးနှေးလေး
လုပ်နေတာလား?"
သာ့ချောင်က
ခေါင်းခါယမ်းလိုက်သည်။ "မဟုတ် သမီး မဟုတ်ဘူး..."
ဝမ်ချွမ်ကျီက
သူမကို စိတ်မရှည်စွာ ကြားဖြတ်ပြောလိုက်သည်။ "ဆင်ခြေမရှာနဲ့။ ငါမြင်တဲ့အတိုင်း
နင်က တမင် လုပ်နေတာ။ နင်က ငယ်ငယ်လေးနဲ့ အရမ်းဆိုးလွန်း... အာ အာ အာ..."
သူမက
သာ့ချောင်ကို သင်ခန်းစာ ပေးနေစဥ် တစ်ဖက်မှ ကြက်မအိုကြီးက အကြောင်းပြချက်မရှိဘဲ တစ်ခုခုထိုးသွင်းလိုက်သကဲ့သို့
ပြုမူကာ ရုတ်တရက် ၎င်း၏ အတောင်ပံတွေကို ဖြန့်ပြီး သူမဆီသို့လာကာ ခြေဖမိုးကို နှုတ်သီးနှင့်
ဆိတ်ခဲ့သည်။
အလွန်နာကျင်သည်။
သေတာပဲ။
ဤကဲ့သို့ ကြမ်းတမ်းသော ကြက်မကို သူမဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဝမ်ချွမ်ကျီက
အော်ဟစ်လိုက်သည်။ ကြက်မအိုကြီးကို မောင်းထုတ်ချင်သော်လည်း ကြက်မကြီးက ၎င်း၏ သားပေါက်ပေါက်အတွက်
ရုန်းကန်ရင်း လိုက်ဖမ်းနေသည်။
ချောင်ကျန်းကော်သည်
မီးဖိုချောင်မှ ထွက်လာသောအခါ သူ့ဇနီးက ကြက်မအိုကို ခြံဝန်းအတွင်း လိုက်ဖမ်းသည်အား တွေ့လိုက်ရသည်။
သူ့ဗိုက်ကိုကိုင်ပြီး ခွေးတစ်ကောင်လို ရယ်သည်။
"အမေက ပြောတယ်၊ ရုပ်ဆိုးတဲ့လူတွေက ခွေးတွေ အထင်အမြင်သေးတာ
ခံရတယ်။ ဇနီး၊ မင်းက အရမ်းရုပ်ဆိုးနေတယ် ဖြစ်ရမယ်။ ဒါကြောင့် ကြက်မကြီးက မင်းကို လိုက်ဆိတ်နေတာပဲ"
အပေါက်
ထောင်ပေါင်းများစွာအဖြစ်သည်အထိ နှလုံးသားကို ထိုးခံခဲ့ရသည့် ဝမ်ချွမ်ကျီ -
"..."
အသည်းကွဲ၊
သံတုံးအိုကြီး။
ချောင်ရှို့ကျီသည်
အတွင်းထဲမှ ထွက်လာသောအခါ ၎င်းကို ကြားလိုက်ရသည်။
သူမ မျက်လုံးကို ကောင်းကင်ပေါ်သို့ လှန်လုမတတ်ပင်။
ထိုစကားကို
သူမအရင်က မပြောဖူးပေ။ သူမ ပြောသည်က မုန်းစရာကောင်းသော လူတွေက ခွေးတွေ၏ အထင်အမြင်သေးတာ
ခံရမည်။ ရုပ်ဆိုးသောလူတွေက ခွေးတွေ၏ အထင်အမြင်သေးခြင်းကို ခံရမည် မဟုတ်ပေ။
အရူးနှစ်ယောက်နှင့်
သူမ ပါးစပ်ကို မဖြုန်းတီးချင်သဖြင့် ဒုတိယသားကို ထမ်းစင်ပေါ်တင်လိုက်သည်။
ထို့နောက် သူမသည် သားအကြီးဆုံးကို ခေါ်ကာ ထမ်းစင်ကို
ထမ်းခိုင်းပြီး ဖန်မိသားစု အိမ်သို့ ခေါ်သွားသည်။
ခြံဝင်းငယ်လေးထဲမှ
ထွက်လာပြီး လှည့်ကြည့်လိုက်သောအခါ ဖက်ထုပ်သေးသေးလေး သာ့ချောင်က သူမကို မျက်လုံးကြီး
မှိတ်တုတ်မှိတ်တုတ် ကြည့်နေသည်ကို တွေ့လိုက်သည်။ "သမီးသွားချင်ရင် အဖွားတို့နောက်လိုက်"
သာ့ချောင်၏
မျက်လုံးကြီးများသည် လခြမ်းများကဲ့သို့ ကွေးညွတ်ကာ ပျော်ရွှင်စွာ လိုက်သွားသည်။
ဝမ်ချွမ်ကျီက ရှေ့သို့ လှမ်းပြီး ပြောလိုက်သည်။
"အမေ၊ ကျွန်မလည်း သွားချင်တယ်"
ကြက်မအိုကြီးနဲ့
မနေချင်တော့ဘူး!
ချောင်ရှို့ကျီက
သူမကို မကြည့်ဘဲ နှလုံးသားမဲ့စွာ ငြင်းဆိုသည်။ "နင်နေခဲ့ပြီး အိမ်အလုပ်တွေ လုပ်ထား။
ငါပြန်လာလို့ ပျင်းနေတယ်ဆိုတာ သိလိုက်ရရင် နင်ဒီည ကြက်ခြံထဲမှာ အိပ်!"
ဝမ်ချွမ်ကျီ
- "..."
ခင်ပွန်းသည်က
သူမ နှလုံးသားကို ထိုးဖောက်သွားသည်။ ယောက္ခမသည် ဘုရင်မကဲ့သို့ ပြုမူသည်။ သူမဘဝက သည်းမခံနိုင်စရာပင်။
လမ်းတစ်လျှောက်မှာ
အုံကြွမှု အများကြီးရှိခဲ့သည်။ ရွာသားများက အမြန်သိပြီး ဘာလုပ်ကြမလဲဟု မေးကြသည်။
ချောင်ရှို့ကျီက
အကြောင်းအရာကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။ "ဖန်ရဲ့အိမ်ကိုသွားပြီး ဒုတိယသားကို
ဖန်ရှောင်ကျွန်းနဲ့ ကွာရှင်းခိုင်းမလို့!"
ကွာရှင်းခြင်း!
အမလေး
ဘုရားသခင်။ ယောက္ခမတိုင်းက ကွာရှင်းပြတ်စဲပြီး ချွေးမဖြစ်သူကို မိဘအိမ်သို့ ပြန်ပို့ရန်
အော်ဟစ်ပြောဆိုခဲ့ကြသော်လည်း အားလုံးက စကားအဖြစ်သာ ဖြစ်သည်။ တကယ်အကောင်အထည်ဖော်ခဲ့သောသူ
တစ်ယောက်မှ မရှိခဲ့ပေ။
ယခုဆိုလျှင်
ချောင်ရှို့ကျီသည် သူမသားကို ကွာရှင်းရန် အမှန်တကယ် ခေါ်ဆောင်သွားခဲ့သည်။
တကယ့်ကို
ပြပွဲပင်။
ယခုတစ်ခါတွင်
နောက်ထပ်ပွဲကောင်းတစ်ခု ရှိလာသည်။
ယခုလို
ပွဲကောင်းမျိုးကို ဘယ်သူမှ လက်လွတ်မခံချင်ကြပေ။ ထို့ကြောင့် ချောင်မိသားစုနောက်သို့
လိုက်သွားကြသည်။ ခဏအကြာတွင် လူများစွာသည် ချောင်မိသားစုနောက်တွင် စုရုံးလာကြသည်။
ဖန်မိသားစုက
မနေ့ညက ရိုက်နှက်ခံခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူတို့အနက်
ဖန်ဖူကွေ့သည် ဒဏ်ရာအပြင်းထန်ဆုံး ဖြစ်သည်။ သူ့နှာခေါင်းနှင့် မျက်နှာက ရောင်ရမ်းနေပြီး
ယနေ့တွင် အိပ်ရာက မထနိုင်တော့ပေ။
ဖန်ရှောင်ကျွမ်းက
တူတူပင် ဖြစ်သည်။ ပါးပြင်က ရောင်ရမ်းပြီး သွားနှစ်ချောင်း ကျိုးသွားသည်။ အဆိုးဆုံးကိစ္စမှာ
သူမပါးစပ်ထဲတွင် ကြက်မစင်အရသာကို အမြဲခံစားနေရတာပဲ ဖြစ်သည်။
အဘွားကြီးဖန်က
မြေပြင်ကို လက်သီးနှင့်ထိုးပြီး သူမသားသေသွားသကဲ့သို့ ငိုခဲ့သည်။
"တရားမမျှတလိုက်တာ၊
ငါတို့ မိဘမဲ့တွေနဲ့ မုဆိုးမကို အနိုင်ကျင့်နေတာ။ အိုး ဘုရားသခင်၊ သင့်မျက်လုံးတွေ
ဖွင့်ပြီး ဘာလို့ မကြည့်တာလဲ?!"
ဖန်ရှောင်ကျွမ်းက
ခဏလောက် စိတ်ရှုပ်သွားသလို ခံစားရသည်။ "အမေ၊ တစ်ညလုံး ငိုနေတာ ခဏလောက် ရပ်လိုက်လို့ရမလား?!"
အဘွားကြီးဖန်က
မြေပြင်ပေါ်မှ ခုန်ထပြီး သူမကို နှစ်ကြိမ်တိုင်တိုင် ပါးရိုက်လိုက်သည်။ "အဲ့ဒါ
နင်ပဲ။ ကပ်ဆိုးကြယ်ဖြစ်တဲ့ နင့်ရဲ့ အပြစ်ပဲ။ နင်အိမ်ပြန်မလာရင် နင့်အစ်ကိုကြီး ဘယ်လိုလုပ်
အရိုက်ခံရမှာလဲ? အခုထွက်သွား!"
ဖန်ရှောင်ကျွမ်း၏
မျက်နှာသည် နာကျင်မှုများဖြင့် နီရဲနေသည်။ သူမကို တကယ်ဝမ်းနည်းစေသည်မှာ သူမအမေ၏ စကား
ဖြစ်သည်။ သူမပိုက်ဆံကို ယူတုန်းက ဘာကြောင့် ဒီလိုမပြောတာလဲ?
ထိုအချိန်တွင်
မကြာသေးမီကသာ တပ်ဆင်ထားသည့် ဖန်အိမ်၏ သစ်သားတံခါးသည် ဘန်းခနဲ ထပ်မံပြိုကျသွားခဲ့သည်။
ဖန်းအမေနှင့်သမီးတို့က
တုန်လှုပ် ခြောက်ခြားသွားကြသည်။
လင်းမိသားစုက
နောက်တစ်ကြိမ် ပြန်လာတာလား?
သားအမိနှစ်ယောက်က
ပုန်းတော့မည့်အချိန်တွင် ချောင်ရှို့ကျီ၏ ပုံရိပ်က ပေါ်လာခဲ့သည်။
နှစ်ယောက်သား
သက်ပြင်းချလိုက်သည်။
အဘွားကြီးဖန်က
သူမကို မျက်ရည်များဝဲကာ နှုတ်ဆက်သည်။ "ခမည်းခမက်၊ နင် နောက်ဆုံးတော့ ဒီကို ရောက်နေပြီ၊
ငါတို့တွေ ဒီလောက် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရမှန်း နင်မသိလိုက်ဘူး။ ငါတို့အတွက်
နင် လက်စားချေပေးရမယ်!"
ဖန်ရှောင်ကျွမ်းကလည်း
သူမယောက္ခမက သူမကိုကူညီရန် ရောက်ရှိလာသည်ဟု တွေးနေသည်။ နောက်ဆုံးတွင် သူမက ချောင်မိသားစု၏
ချွေးမ ဖြစ်နေသေးသည်။
သူမကို ရိုက်ခြင်းသည် ချောင်မိသားစု၏ မျက်နှာကို
ရိုက်ခြင်းနှင့် တူသည်။
ထောင့်မှာထိုင်နေသည့်
ရှောင်ချောင်ကတော့ ထိုသို့ မထင်ပေ။
ချောင်ရှို့ကျီက
အဘွားကြီးဖန်၏ လက်ကို ခါလိုက်သည်။ "မင်းရဲ့ ဖန်မိသားစုက အဆင်မပြေဘူး၊ ဒါပေမယ့်
မင်း အိပ်မက်လှလှ မက်နိုင်တုန်းပဲ၊ ဒါပေမယ့် မင်းရဲ့ ဖန်မိသားစုအတွက် ဒေါသကို ဖြေပေးဖို့
ဒီကိုလာတာမဟုတ်ဘူး"
အဘွားကြီး
ဖန်က အံသြသွားသည်။ "ဒါဆို ခမည်းခမက်က ဘာလို့ လာတာလဲ?"
ချောင်ရှို့ကျီက
ဖန်ရှောင်ကျွမ်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ခင်ပွန်းက အကြောသေနေတာကို
ခင်ပွန်းဖြစ်သူကို ထားခဲ့ပြီး မိဘအိမ်ဆီ ပြန်သွားတယ်။ သူ့ခင်ပွန်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေက
အပြင်မှာ ပြန့်နှံ့နေတာကိုလည်း မရှင်းပြတဲ့အပြင် ညစ်ပတ်တဲ့ရေနဲ့ပါ လောင်းချပေးတယ်။
ဒီလိုချွေးမမျိုးကို ငါတို့ ချောင်မိသားစုက မတတ်နိုင်ဘူး။ ဒါကြောင့်..."
ဖန်ရှောင်ကျွမ်းက
နှလုံးခုန်သွားသည်။ သူမတွင် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုရှိသည်။ ယောက္ခမက
အဲ့ဒါ လုပ်ချင်နေတာ..။
နောက်ခဏတွင်
ယောက္ခမဖြစ်သူက ပြတ်ပြတ်သားသား ပြောသည်ကို သူမ ကြားလိုက်ရသည်။ "ကျွန်မရဲ့ ဒုတိယသားကို
သူမနဲ့ ကွာရှင်းစေချင်တယ်"
ဘန်းခနဲ့
မိုးကြိုးတစ်ခုက ပစ်သွားသကဲ့သို့ပင်။
ဖန်မိသားစုမှ
လူကြီးလူငယ်အားလုံးက အံ့အားသင့်သွားကြသည်။
"အမေ၊
ဘာပြောနေတာလဲ?" ဖန်ရှောင်ကျွမ်း၏ တုန်လှုပ်နေသော အသံကို ကြားလိုက်ရသည်။
အခုကြောက်ဖို့
နည်းနည်းနောက်ကျသွားပြီမဟုတ်လား?
ချောင်ရှို့ကျီက
တခစ်ခစ်ရယ်လိုက်သည်။ "နင်တို့နှစ်ယောက် ကွာရှင်းခိုင်းတာ။ နင်က ဒုတိယကို ဘယ်တုန်းကမှ
မကြိုက်ခဲ့ဘူး။ ဟုတ်တယ်မလား?"
ဖန်ရှောင်ကျွမ်းက
ပျော့ညံ့စွာ ခုခံပြောဆိုသည်။ "ကျွန်မ မဟုတ်ဘူး..."
သို့သော်လည်း
သူမစကားမဆုံးခင်မှာပင် သူမအမေက ပြောလိုက်သည်။ "ခမည်းခမက်၊ အိမ်ထောင်ကျပြီးတဲ့
သမီးက သွန်ပစ်လိုက်တဲ့ ရေလိုပဲ။ ငါတို့မိသားစုက ဒီသမီးကို ပြန်မယူဘူး။ နင် မလိုချင်ရင်
သေပါစေ"
ယောက္ခမဖြစ်သူ၏
ဓားထိုးခံရပြီးနောက် သူမမိခင်၏ ထပ်မံထိုးသတ်ခြင်း ခံခဲ့ရသည်။
ချောင်ရှို့ကျီက
လှောင်လိုက်သည်။ "သူမသေသည်ဖြစ်စေ မသေသည်ဖြစ်စေ ကွာရှင်းရမှာပဲ။ သူတို့နှစ်ဦးမှာ
လက်ထပ်စာချုပ်မရှိခဲ့တာမို့ ငါတို့က နင်တို့ကို အသိလာပေးတာပဲ။ အခုကစပြီး ငါတို့ ချောင်မိသားစုက
နင်တို့ ဖန်မိသားစုနဲ့ ဆွေမျိုး မဟုတ်တော့ဘူး!"
အဘွားကြီးဖန်က
ထိတ်လန့်သွားသည်။
အဘွားကြီးဖန်က
ဒေါသထွက်သွားသည်။
အဘွားကြီးဖန်က
ဖန်ရှောင်ကျွမ်းကို နောက်ပြန်ရိုက်လိုက်သည်။
"နင်က
ကပ်ဆိုးကြယ်ပဲ၊ နင့်ယောက္ခမက စိတ်တိုရအောင် လုပ်နေတယ်။ နင့်ယောက္ခမရဲ့ ခွင့်လွှတ်မှုရအောင်
ဒူးထောက် မတောင်းပန်သေးဘူးလား?"
ဖန်ရှောင်ကျွမ်း၏
ခေါင်းက အရိုက်ခံရသဖြင့် စောင်းသွားသည်။ သူမ၏ မူလက နီရဲပြီး ရောင်ရမ်းနေသော မျက်နှာက
ပိုပြီး ကြောက်စရာကောင်းသွားသည်။
သို့သော်
အဘွားကြီးဖန်သည် သူမသမီး၏ အသက် သေ၊ မသေကို ဂရုမစိုက်ပေ။ ချောင်ရှို့ကျီဆီသို့ ဒူးထောက်သွားစေရန်
ဆံပင်ကိုဆွဲလိုက်သည်။
ဖန်ရှောင်ကျွမ်းက
ဒေါသတကြီး တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။ "အမေ၊ လွှတ်ပေး၊ အမေက သမီးကို သတ်သေဖို့
တွန်းအားပေးနေတာလား?"
"နင်က
ကပ်ဆိုးကြယ်ပဲ၊ နင့်ယောက္ခမက နင့်ကို ခွင့်မလွှတ်ဘူးဆိုရင် နံရံကို ပြေးဆောင့်ပြီး
ကိုယ့်ကိုကိုယ်သတ်သေလိုက်တော့။ ဒါဆို နင်က ငါတို့ ဖန်မိသားစုရဲ့ဂုဏ်သိက္ခာကို မဖျက်ဆီးတော့ဘူး!"
ယခုအချိန်ထိ
သူမသမီးက နောင်တမရသေးသည်ကို မြင်လိုက်ရသဖြင့် အဘွားကြီးဖန်သည် အလွန်မုန်းတီးသွားပြီး
လက်ကိုဆန့်ကာ ခါးကို ဆွဲဆိတ်လိုက်သည်။
"အား၊
လွှတ်... နာတယ်..." ဖန်ရှောင်ကျွမ်းက နာကျင်စွာ အော်လိုက်သည်။ သူမနှလုံးသားက အမေ့ကိုလည်း
မုန်းတီးနေမိသည်။
ချောင်ရှို့ကျီက
လက်ပိုက်ပြီး အမေနဲ့သမီး တစ်ယောက်နှင့် တစ်ယောက် သတ်နေသည်ကို အေးစက်စွာ ကြည့်နေသည်။
သူမက သူတို့နှစ်ယောက်အား ဖြန်ဖြေရန် ရည်ရွယ်ချက်မရှိပေ။