၇၀
ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး
အပိုင်း
၂၆
အဘွားကြီးဖန်က
ပိုက်ဆံသုံးရန် တွန့်ဆုတ်နေသည်။ သူမကို စစ်ဆေးရန် နယ်လှည့်ဆေးဆရာကိုသာ တောင်းဆိုခဲ့သည်။
မမျှော်လင့်ဘဲ
ဖန်ရှောင်ကျွမ်း၏ အဖျားသည် ညသန်းခေါင်တွင် ပိုဆိုးလာသည်။
ရှောင်ချောင်က
တစ်ခုခု မမှန်ဘူးဟု ခံစားမိပြီး သူမဦးလေးဆီ ချက်ချင်း ပြေးသွားခဲ့သည်။ "ဦးလေး၊
အမေက အဖျားကြီးပြီး ပေါက်ကရတွေ ပြောနေတယ်။ သူမကို ဆေးရုံ မြန်မြန်ပို့ရမယ်!"
ဖန်းဖူကွေ့သည်
ညသန်းခေါင်တွင် နိုးလာရသည့်အတွက် အလွန်စိတ်တိုနေခဲ့သည်။ "ဆေးရုံက နင်ဆန္ဒရှိတိုင်း
သွားလို့ရမယ်လို့ ထင်နေလား? ဆေးရုံကို.နင့်အိမ်လို သဘောထားနေတာလား?"
ဆေးရုံတက်ဖို့
ပိုက်ဆံလိုတယ်မဟုတ်လား?
ဆေးရုံတက်ဖို့
မိတ်ဆက်စာလိုတယ် မဟုတ်လား?
ထို့အတူ
ညဉ့်နက်သန်းခေါင်ဖြစ်နေပြီ။ သူသည် ဒုတိယချောင်ကဲ့သို့ အကြောသေသွားပါက ဘာလုပ်ရမည်နည်း။
ရှောင်ချောင်၏
ရင်ထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူမက ချစ်စရာကောင်းတဲ့
လေသံနှင့် တောင်းပန်ခဲ့သည်။
"ဦးလေး၊
ဆေးရုံမသွားနိုင်ဘူးဆိုရင် ကျန်းမာရေး ဆေးခန်းသွားပေးပါ။ ဦးလေး ညသန်းခေါင်မှာ အနားယူနေတာကို
မနှောင့်ယှက်သင့်ဘူးဆိုတာ သမီးသိတယ်။ သမီးအမေ
အဖျားကြီးပြီး ရူးသွားမှာကို စိုးရိမ်လို့ပါ။ ဒါဆို ဦးလေးအတွက် ပိုဒုက္ခများမှာ
မဟုတ်ဘူးလား"
ထိုအချိန်တွင်
ဖန်ဖူကွေ့သည် စိုးရိမ်လာသည်။
ဖန်ရှောင်ကျွမ်းက
အရူးဖြစ်သွားလျှင် နောက်ထပ်အိမ်ထောင် မပြုနိုင်တော့မှာ သေချာပါသည်။
သူမကို တစ်သက်လုံး ထောက်ပံ့ပေးရမှာ မဟုတ်ဘူးလား?
၎င်းက
သေချာပေါက် မဖြစ်နိုင်ပေ။
သူက
ကုတင်ပေါ်မှ ခုန်ဆင်းပြီး ဖန်ရှောင်ကျွမ်းကို ကျောပေါ်တင်ကာ ကျန်းမာရေးဆေးခန်းသို့
အမြန်သွားသည်။
ထို့ကြောင့်
ဖန်ရှောင်ကျွမ်းကို အချိန်မီ ကယ်တင်နိုင်ခဲ့သည်။
ဝမ်ရှင်းရှန်သည်
တစ်နေ့လုံးလုပ်စရာမရှိသောကြောင့် အနီးနားရှိ လူပေါ်ကြော့များနှင့် လျှောက်လည်ရသည်ကို
နှစ်သက်သည်။
သူ့မိသားစုက
လမ်းကြောင်းမှားမည်ကို စိုးရိမ်သည့်အတွက် ခရိုင်မြို့က သူ့ဦးလေးအိမ်သို့ ပို့ထာသည်။
မပြန်ခင် တစ်လခွဲလောက် ခရိုင်မှာ နေခိုင်းသည်။
မနေ့က
သူပြန်ရောက်သည်နှင့် ဖန်ရှောင်ကျွမ်းကို ရှာချင်ခဲ့သည်။ အလှလေးကို မတွေ့ရသည်မှာ တစ်လခွဲကျော်ရှိပြီဖြစ်သဖြင့်
စိတ်အရမ်းပူနေမိသည်။
သို့သော်
ဖန်ရှောင်ကျွမ်းကို မတွေ့ရမီတွင် ဒုတိယချောင်နှင့် ကွာရှင်းပြတ်စဲခဲ့သည်ကို သူကြားသိခဲ့ရသည်။
သူသည် အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် ပျံသန်းလုနီးပါးပင်။ နောက်အခိုက်အတန့်တွင် အလွန်ဝမ်းနည်းခဲ့ရသည်။
ဖန်ရှောင်ကျွမ်းသည်
ရေထဲသို့ ပြုတ်ကျခဲ့သဖြင့် ကော်ရှန်းက ကယ်တင်ခဲ့သည်။ နှစ်ယောက်သား လူအများရှေ့မှာ ပွေ့ဖက်ထားကြသည်။
ကော်ရှန်းသည်
ဖန်မိသားစု၏အိမ်သို့သွားကာ လက်ထပ်ခွင့်တောင်းရန် အောင်သွယ်ရှာနေကြောင်း သူကြားလိုက်ရသည်။
ဝမ်ရှင်းရှန်သည်
ဒေါသအလွန်ထွက်ပြီး တံခါးကို လက်သီးနှင့် ထိုးသည်။
သူက
ဖန်ရှောင်ကျွမ်းကို သူ့မိန်းမဟု သတ်မှတ်ထားပြီးသား ဖြစ်သည်။ ယခုမူကား သူမအား အခြားလူက
အခွင့်ကောင်း ယူသွားခဲ့သည်။ ဒါကို သူဘယ်လိုမျိုချနိုင်မလဲ?
ထိုညတွင်
သူသည် အပေါင်းအသင်းကောင်း နှစ်ယောက်ကို ရှာပြီး ကော်ရှန်း၏ အိမ်သို့ သွားကာ ခေါင်းကို
အုပ်ပြီး ဖမ်းဆီး ရိုက်နှက်ကြသည်။
ကော်ရှန်းသည်
အလှလေးနှင့် လက်ထပ်ရန် စိတ်ကူးယဉ်အိပ်မက်မက်နေချိန်၌ သူ့တစ်ကိုယ်လုံး ရုတ်တရက် နာကျင်လာသည်။
အိပ်မက်မှ နိုးထလာသောအခါ တစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်းခံရသည်ကို တွေ့လိုက်ရသည်။
သူက
အရူးအမူး ရုန်းကန်သော်လည်း တစ်ဖက်လူက သူ၏ လက်နှင့်ခြေများကို ချုပ်ထားသည်။ သူ လုံးဝ
မရုန်းနိုင်ပေ!
နောက်ဆုံးတွင်
ညိုမဲသည်အထိ အရိုက်ခံရသည်။ လှုပ်ရှားမှုများက ကျယ်လောင်လွန်းသောကြောင့် အိမ်နီးချင်း
အဘွားကြီးဝမ်ကို ထိတ်လန့်စေခဲ့သည်။ ဝမ်ရှင်းရှန်သည် အဖမ်းခံရမည်ကို ကြောက်သည့်အတွက်
အမြန်ထွက်သွားသည်။
ထို့ကြောင့်
ကော်ရှန်းသည် အသက်ကို ထိန်းသိမ်းနိုင်ခဲ့သည်။
လျိုချွေ့ဟွားသည်
ညလယ်တွင် အိမ်သာသွားရန် နိုးလာသည်။ သူမ အိမ်သာမှ ထွက်လာသည်နှင့် တပြိုင်နက် ဘုန်းခနဲ
အသံကို ကြားရပြီး နံရံပေါ်မှ ပုံရိပ်တစ်ခု ခုန်ဆင်းလာခဲ့သည်။
သူမက
အလွန်ကြောက်လန့်သွားပြီး ခြေထောက်များ ပျော့ခွေသွားသည်။ "ဘယ်သူလဲ? အဲဒီမှာ ဘယ်သူလဲ?"
ဝမ်ရှင်းရှန်းက
သူ့လက်ပေါ်မှ ဖုန်မှုန့်တွေကို ခါချပြီး ပြောလိုက်သည်။ "အစ်မကြီး၊ မအော်နဲ့၊ ကျွန်တော်ပဲ"
လျိုချွေ့ဟွားသည်
သူမ၏ အငယ်ဆုံး မတ်လေး၏ အသံကို ကြားလိုက်သောအခါ တည်ငြိမ်သွားတော့သည်။
"ပဉ္စမမြောက် မောင်လေး၊ အခန်းထဲမှာ မအိပ်ဘဲ
ညသန်းခေါင်မှာ ဘာလို့ အပြင်က ပြန်လာတာလဲ?"
ဝမ်ရှင်းရှန်က
သမ်းဝေရင်း သူ့အခန်းရှိရာသို့ လျှောက်သွားသည်။ "အဲဒါကို စိတ်မပူပါနဲ့ အစ်မကြီး။
တစ်ယောက်ယောက်က မေးရင် ကျွန်တော့်ကို မတွေ့ဘူးလို့ပဲ ပြောလိုက်"
လျိုချွေ့ဟွားသည်
ထိုစကားများကို ကြားလိုက်သောအခါ တုန်လှုပ်သွားသည်။ သူမ၏ အငယ်ဆုံးမတ်လေးက အပြင်မှာ ပြဿနာရှာပြန်ပြီ
ဖြစ်ရမည်။
သူမသည်
ဝမ်မိသားစုတွင် လက်ထပ်ရခြင်းအတွက် အလွန်ကျေနပ်သည်။
ဝမ်မိသားစုက
ရက်ရောသည်။ ယောက္ခမများသည် တရားမျှတသည်ဟု ယူဆနိုင်သည်။ သူမ၏ ယောက်ျား ဝမ်ရွှေရှန်သည်
အလုပ်ကြိုးစားပြီး အရည်အချင်းရှိသူဖြစ်သည်။ ဤရွာတွင် သူမထက် စိတ်ကျေနပ်မှုရှိသူ အနည်းငယ်သာ
ရှိသည်။
အငယ်ဆုံး
ခဲအိုမရှိလျှင် ပို၍ ကျေနပ်စရာဖြစ်မည်။
တကယ်တမ်းတွင်
သူမက မိသားစုကို အစောကြီးကတည်းက ခွဲချင်ခဲ့သည်။
သူမ ယောက္ခမသည် အငယ်ဆုံးမတ်လေးကို တန်ဖိုးထားသည်။
သူတို့နှစ်ယောက်ရှိနေသရွေ့ မခွဲနိုင်မှာ သေချာသည်။
လေအေးတိုက်ခတ်သောအခါ
တုန်တုန်ယင်ယင်ဖြစ်လာသည်။ ချည်သားအင်္ကျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း အခန်းထဲသို့
အမြန်ပြန်သွားသည်။
နောက်တစ်နေ့တွင်
ထုတ်လုပ်ရေးအဖွဲ့မှလူတိုင်းသည် မနေ့ညက ကော်ရှန်း အရိုက်ခံရကြောင်း သိလိုက်ရသည်။ အဘွားကြီးဝမ်၏
အစောကြီးတွေ့ရှိမှုကြောင့်သာမဟုတ်ပါက သူ့ခန္ဓာကိုယ်သည် ယခုအချိန်တွင် အေးခဲနေပေလိမ့်မည်။
ထိုကဲ့သို့
ကြီးမားသောမားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသဖြင့် ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်
ဝမ်ရွှေရှန်သည် အမျိုးသားများကို စုစည်းပြီး ကော်ရှန်း၏ အိမ်သို့ သွားကာ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို
မေးမြန်းသည်။
သို့သော်လည်း
ကော်ရှန်းသည် လုံးဝမသိပေ။
တကယ်တမ်းတွင်
ကော်ရှန်းကို အပြစ်တင်၍ မရပေ။
ထိုအချိန်သည်
ညဉ့်သန်းခေါင်ဖြစ်ပြီး သူက အိပ်မောကျနေခဲ့သည်။ တစ်စုံတစ်ဦးက သူ့ကို ရိုက်လိမ့်မည်ဟု
မည်သို့ ထင်မည်နည်း။
အဘွားကြီးဝမ်က
လူတွေကို ခေါ်လာသောအခါ ထိုလူများက ခြေရာလက်ရာမရှိ ထွက်ပြေးသွားကြပြီ။
နားထောင်ပြီးနောက်
လူတိုင်းသည် ကော်ရှန်းက ကံမကောင်းကြောင်း မြည်တမ်းကြသည်။
ကော်ရှန်းသည်
ဆင်းရဲ၊ ပျင်းရိ၊ ပါးစပ်ချောင်ပြီး ပြဿနာရှာသော်လည်း သူသည် အခြားသူများနှင့် အလွယ်တကူ
ရန်ငြိုးများ ဘယ်တော့မှ မပြုလုပ်ပေ။
ဒါဆို
ကော်ရှန်းနဲ့ ဘယ်သူတွေ ရန်ဖြစ်ဖူးလဲ?
ဝမ်ရွှေရှန်းက
ကော်ရှန်းကို ဤအမှုအား ရဲစခန်းသို့ တိုင်ကြားမည်လားဟု သွားမေးသည်။ ကော်ရှန်းသည် ပလုတ်တုတ်ကဲ့သို့
ခေါင်းယမ်းကာ ငြင်းဆိုခဲ့သည်။
“ရဲစခန်း” ဟူသော စကားကို ကြားသည်နှင့်
သူ၏ ခြေထောက်များက အားနည်းသွားရာ မည်ကဲ့သို့ သွားနိုင်မည်နည်းဟု ဆိုသည်။
ဝမ်ရွှေရှန်းက
ဘာမှမတတ်နိုင်ပေ။ ထုတ်လုပ်ရေးအဖွဲ့၏ လုံခြုံရေးသည် အမြဲတမ်း ကောင်းမွန်နေခဲ့သည်။ ကော်ရှန်းကဲ့သို့
ကိစ္စမျိုး ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ဤကိစ္စက
ပျံ့နှံ့သွားခဲ့မည်ဆိုလျှင် အထက်ရှိ ထုတ်လုပ်ရေးအဖွဲ့က ယခုနှစ်တွင် သေချာပေါက် ပြန်လည်သုံးသပ်မည်
မဟုတ်ပေ။ ယခုကဲ့သို့ ထပ်ဖြစ်လျှင် ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်ကိုလည်း ဖယ်ရှားမည့်ပုံပေါ်သည်။
ထို့ကြောင့်
နွေဦးရာသီမရောက်မီတွင် ထုတ်လုပ်ရေးအဖွဲ့နှင့် ကင်းလှည့်မှုများကို စီစဉ်ရန် ဆုံးဖြတ်လိုက်သည်။
အိမ်ထောင်စုတစ်ခုစီသည် လူတိုင်း၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် လှည့်ကင်းလှည့်ဖို့
လူတစ်ဦးကို စေလွှတ်ရမည် ဖြစ်သည်။
၎င်းက
လူတိုင်း၏ လုံခြုံရေးနှင့် ပတ်သက်သဖြင့် ကန့်ကွက်စရာ မရှိပေ။
လျိုချွေ့ဟွားက
ကော်ရှန်း အရိုက်ခံရသည်ကို သိသောအခါ မငြိမ်မသက်ဖြစ်သွားခဲ့သည်။
ကော်ရှန်းအရိုက်ခံရသည့်အချိန်သည်
မနေ့ညက အငယ်ဆုံး ခဲအိုပြန်လာချိန်နှင့် နီးကပ်လွန်းလှသည်။ အငယ်ဆုံး ခဲအိုက ၎င်းကို
ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်သည်။
အငယ်ဆုံးမတ်လေးက
ကော်ရှန်းကို အဘယ်ကြောင့် ရိုက်နှက်ခဲ့သည်ကို မခန့်မှန်းနိုင်လောက်အောင်ပင်။ လူနှစ်ဦးတွင် မကျေနပ်ချက်မရှိစေရဟု ဆိုလိုသည်။သို့သော်လည်း
မကြာခင်မှာပင် သူမက အဖြေကို သိလိုက်ရသည်။
ရက်အတော်ကြာအောင်
အလုပ်ရှုပ်နေပြီး နောက်ဆုံးတွင် ချောင်ရှို့ကျီသည် အဝတ်အစားများကို အပြီးသတ်ခဲ့သည်။
သာ့ချောင်က
အနီရောင် ချည်သား အင်္ကျီအသစ်ကို ကိုင်ပြီး အဖွားကို မယုံကြည်နိုင်စွာ ထပ်ခါတလဲလဲ မေးသည်။
"အဖွား၊ ဒါက တကယ် သမီးအတွက်လား?"
၎င်းသည်
သစ်တော်သီးပန်းများစွာ ထိုးထားသော လှပသော အင်္ကျီတစ်ထည် ဖြစ်သည်။ တကယ့်အစစ်နှင့် တူပြီး
အလွန်လှသည်။
သူမပိုင်ဆိုင်ရန်
မပြောနှင့်။ ဤမျှလောက် ကောင်းသော ဂျာကင်အင်္ကျီကို တစ်ခါမှမမြင်ဖူးပေ။
သူမသည်ညီမလေး
မဝတ်ချင်သော အဝတ်အစားများကို အမြဲ ဝတ်ရသည်။ ထို့ကြောင့် သူမအဖွားက သူမကို အင်္ကျီအသစ်
ပေးသောအခါ သူမစိတ်ထဲတွင် မသေချာမှုများနှင့် ပြည့်နေသည်။
ချောင်ရှို့ကျီက
ဖက်ထုပ်လေးကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ဒါက သမီးအတွက်ပဲ၊ စမ်းဝတ်ကြည့်လို့ရတယ်"
သာ့ချောင်က
ခေါင်းခါလိုက်သည်။ "နှစ်သစ်မှာဝတ်မယ်။ မညစ်ပတ်ဘူး"
သူမသည်
ယခုလို လှပသောအဝတ်အစားများကို ၀တ်ဆင်ရန် ဝန်လေးနေပြီဖြစ်သည်။ ညစ်ပတ်မှု မဖြစ်စေရန်
နှစ်သစ်ကူးအထိ သိမ်းဆည်းထားမည်ဖြစ်သည်။
ချောင်ရှို့ကျီက
ပြုံးလိုက်သည်။ "သွားဝတ်ကြည့်။ အဖွားက သမီးအတွက် နောက်ထပ် တစ်ထည်ကို ရက်အနည်းငယ်ကြာရင်
လုပ်ပေးမယ်။ ညစ်ပတ်သွားမှာကို သမီးး စိတ်ပူနေစရာ မလိုဘူး"
သာ့ချောင်သည်
သူမအဖွားကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ မျက်လုံးကြီးများက မှိတ်တုတ် မှိတ်တုတ်ဖြင့်
အဖွားပေါင်ကို ပွေ့ဖက်လိုက်သည်။ "အဖွားက အရမ်းကောင်းတာပဲ!"
ဘယ်သူကမှ
သူမကို ဒီလောက်ထိ ကောင်းကောင်း မဆက်ဆံဖူးပေ။ တစ်စုံတစ်ယောက်က သူမကို အဝတ်အစားအသစ်လုပ်ပေးသည်မှာ
ဒါက ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ထက်မက ၎င်းသည် တစ်ကြိမ်တည်းတွင် နှစ်ထည်ဖြစ်သည်။
ယခုမှစပြီး
သူမ၏အဖွားသည် သူမအကြိုက်ဆုံးလူဖြစ်ကြောင်း ကြေညာခဲ့သည်။
သူမကြီးပြင်းလာသောအခါ
သူမအဖွားကို ပေးရန် ပိုက်ဆံအများကြီးရှာရမည်။
ချောင်ရှို့ကျီက
သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ "ကောင်းပြီ။ အဖွားကြည့်ဖို့ အဝတ်အသစ် လေးဝတ်လိုက်"
သာ့ချောင်သည်
သူမ၏ အဝတ်အစားအသစ်ကို အမြန်ဝတ်လိုက်သည်။
အဝတ်အစားများကို
ပိုကြီးသောအရွယ်အစားဖြင့် ပြုလုပ်ထားသောကြောင့် ၎င်းတို့သည် ပုံစံသိပ်မကျပေ။
သို့သော်လည်း
အနီရောင်သည် ဖက်ထုပ်ငယ်၏ အနီရောင်နှုတ်ခမ်းနှင့် အဖြူရောင်သွားများကို မီးမောင်းထိုးပြထားသည်။
သူမကို ကြည့်ရသည်မှာ တရုတ်ကံကောင်းရုပ်လေးကဲ့သို့ အလွန်လှသည်!
သာ့ချောင်သည်
ထိုကာလအတွင်း ကျောက်စိမ်းပုတီးစေ့ရေဖြင့် မျက်နှာကို ဆေးကြောခြင်း၊ ရေချိုးခြင်းများ
ပြုလုပ်နေခဲ့သည်။
သူမ၏
အသားအရေသည် ပို၍ပို၍ ဖြူစင်ပြီး နူးညံ့လာသည်။ လူတိုင်းက သူမကို မြင်တွေ့နေကြဖြစ်သဖြင့်
သတိမထားမိခဲ့ကြပေ။
ဤအ၀တ်အစားအသစ်ကို
ဝတ်လိုက်သောအခါ ဖက်ထုပ်သေးသေးလေးက ဘယ်သူမှ မသိလိုက်ခင်မှာပင် လှလာသည်ကို ရုတ်တရက် သိလိုက်ရသည်။
သာ့ချောင်သည်
အနည်းငယ်စိတ်လှုပ်ရှားနေပြီး သူမ၏ အဝတ်ထောင့်ကို ဆွဲဆုတ်နေသည်။ ခေါင်းငုံ့ပြီး သူမအဖွားကို
မေးသည်။ "အဖွား၊ သမီး ကြည့်ကောင်းလား?"
စကားပြောပြီးနောက်
သူမသည် အထူးတလည် လှည့်ပတ်ပြသည်။ ထိုပုံစံသည် သူမအဖွားကို ရယ်မောစေခဲ့သည်။
ချောင်ရှို့ကျီက
ခေါင်းညိတ်ပြီး ပြတ်ပြတ်သားသားပြောသည်။ "ကြည့်ရတာ ကောင်းပါတယ်။ နှစ်သစ်ကူးပုံထဲက
ကံကောင်းတဲ့ အရုပ်တွေလိုပါပဲ။ လှပပြီး ကောင်းချီးပေးပါတယ်!"
သာ့ချောင်၏
မျက်လုံးများက ပိုတောက်ပလာသည်။ သူမ၏ ပါးပြင်များသည် ပန်းသီးနီများကဲ့သို့ ရှက်ရှက်နှင့်
နီရဲနေ၏။ ရိုးရှင်းပြီး ချစ်စရာကောင်းလွန်းသည်။
သူမက
လှည့်ပတ်ပြီး တိုးတိုးလေးပြောသည်။ "အဖွား၊ သမီး အပြင်ထွက်ပြီး လမ်းလျှောက်ချင်တယ်"
ချောင်ရှို့ကျီက
ရယ်လုမတတ်ပင်။ ဖက်ထုပ်သေးသေးလေးကို အကြွားထူလေးဟု သူမ မမျှော်လင့်ထားပေ။
သူမက
ရယ်မောရင်း ခေါင်းညိတ်လိုက်မိသည်။ "ဒါဆို သွားတော့၊ ဒါပေမယ့် ဖန်အိမ်ဘက်ကို မသွားနဲ့၊
နားလည်လား?"
သာ့ချောင်က
ခေါင်းညိတ်သည်။ "နားလည်ပါတယ်!"
သာ့ချောင်သည်
သူမ၏ ချည်သားအင်္ကျီအသစ်ဖြင့် အပြင်ထွက်ခဲ့သည်။ ရွာကလူများက သူမကိုတွေ့သောအခါ အံ့သြမဆုံးဖြစ်သွားသည်။
စကားထစ်နေတဲ့ သာ့ချောင်က ဘယ်တုန်းက အရမ်းလှလာတာလဲ?