အပိုင်း ၂၅
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၂၅

 

 

 

 

 

 

 

ရွာထဲတွင် ကော်ရှန်းဟုခေါ်သော ယောက်ျားလေး ရှိသည်။ သူသည် မိဘမဲ့ဖြစ်သည်။ ဆင်းရဲပျင်းရိသောကြောင့် အသက်နှစ်ဆယ့်ငါးနှစ်တွင် လူပျိုကြီးဖြစ်နေဆဲ ဖြစ်သည်။

 

 

ကော်ရှန်းသည် အမျိုးသမီးများစုဝေးရာနေရာများသို့ အမြဲသွားလေ့ရှိသည်။ သူတို့ကို အခွင့်ကောင်းမယူနိုင်ရင်တောင်မှ မျက်စိအရသာကို ခံနိုင်သည်။

 

 

ဖန်ရှောင်ကျွမ်းသည် ရေထဲသို့ ပြုတ်ကျသောအခါ သူသည် ဤနေရာသို့ လမ်းလျှောက်လာရင်း နှာခေါင်းကို အစာကျွေးနေသည်။

 

 

အကူအညီတောင်းသံကြားသောအခါ သူက ချက်ချင်း "အရူး" တစ်ယောက်လို ပြေးသွားခဲ့သည်။ သူက မြစ်ထဲသို့ ခုန်ချလိုက်သည်။

 

 

ဖန်ရှောင်ကျွမ်းသည် တစ်ယောက်ယောက်က သူမကို ဆွဲနေသည်ဟု ခံစားလိုက်ရပြီး ချက်ချင်းပင် ထိုသူကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

 

 

"ရှောင်ကျွမ်း၊အတင်း မဖက်ထားနဲ့!" ထွေးပွေ့ထားသည့်အလှသည် စိတ်ကြွဆေးပြားဖြစ်သော်လည်း ထိုကဲ့သို့ဆက်ဖြစ်နေလျှင် နှစ်ယောက်လုံး သေသွားလိမ့်မည်။

 

 

ဖန်ရှောင်ကျွမ်းက ဒါကို ဘယ်လိုနားလည်နိုင်မလဲ။ ထိုအစား သူမသည် သူ့ကို ပိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။

 

 

မြစ်ကမ်းနားက မိန်းမများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့အားလုံး တစ်ယောက်နှင့်တစ်ယောက် မျက်ခုံးတွန့်ပြနေကြသည်။

 

 

လူတိုင်း၏ အရှေ့တွင် သူမက ယောက်ျားတစ်ယောက်ကို ပွေ့ဖက်ထားသည်။ ဖန်ရှောင်ကျွမ်းက ကော်ရှန်းကို မဖြစ်မနေ လက်ထပ်ရတော့မည်။

 

 

ကော်ရှန်းသည် နာကျင်နေသော်လည်း ပျော်ရွှင်နေခဲ့သည်။ နောက်ဆုံးတွင် သူက ဖန်ရှောင်ကျွမ်းကို ကြိုးစားပြီး ကမ်းပေါ်သို့ ဆွဲခေါ်သွားသည်။

 

 

ဖန်ရှောင်ကျွမ်း၏ မျက်နှာသည် စိမ်းမှောင်နေပြီး ခေါင်းက မူးဝေနေသည်။ ကော်ရှန်းသည် အဝါရောင်သွားများဖြင့် ပြုံးဖြဲနေချိန်မှ သူမကို ကယ်တင်ခဲ့သူကို တွေ့ရှိသည်။

 

 

သူမ၏ အမြင်အာရုံသည် မှောင်မိုက်သွားသည်။

 

 

 အသက်မရှုနိုင်ခင်မှာပင် မေ့လဲသွားသည်။

 

 

သာ့ချောင်သည် သူမအမေ ရေထဲကျသွားသည်အား မသိသေးပေ။ လက်ရှိတွင် သူမ၏ လက်တိုလေးတွေကို လေ့လာနေသည်။

 

 

သူမသည် မုန်လာဥနှင့်တူသော လက်များကိုအထပ်ထပ် အခါခါ ကြည့်နေသည်။ ထို့နောက် နှိုင်းယှဥ်ရန် အင်္ကျီကို ဆွဲတင်လိုက်သည်။

 

 

ထို့နောက် သူမလက်တွေက တကယ်ကို ဖြူဖွေးနေသည်အား တွေ့ရသဖြင့် အံ့သြသွားသည်။

 

 

ပိုဖြူလာရုံသာမကဘဲ ချောမွေ့လာသည်။

 

 

သူမညီမ၏ လက်များပင် သူမလောက် မသာယာ သို့မဟုတ် မချောမွေ့ဘူးဟု ပြောရဲသည်။

 

 

သူမသည် သုံးနှစ်သားအရွယ်တွင် အိမ်မှုကိစ္စများကို စတင်လုပ်ဆောင်ခဲ့သည်။ ကြမ်းတိုက်သည်၊ ချက်ပြုတ်သည်၊ အဝတ်လျှော်သည်။

 

 

 အထူးသဖြင့် ဆောင်းရာသီတွင် ရေက အလွန်လွန်အေးသည်။ အချိန်တိုင်း သူမလက်များက နှင်းကိုက်တက်သည်။

 

 

ထို့ကြောင့် သူမလက်များက အမြဲတမ်း ကြမ်းပြီး ရုပ်ဆိုးသည်။

 

 

သို့သော်လည်း လွန်ခဲ့သော နှစ်ရက်လောက်က သူမလက်များက နေ့တိုင်း ပိုပြီး ဖြူဖွေးချောမွေ့လာသည်။

 

 

ဒီမှာ ဘာဖြစ်နေတာလဲ?

 

 

သူမသည် တံခါးဝတွင် ထိုင်နေသည်။ သူမ၏ လက်လေးတွေက မေးစေ့ကို ထောက်ကာ စဥ်းစားနေသည်။ ထို့နောက် သူမပေးသော ငါးလေး၏ ကျောက်စိမ်းဆွဲသီးကို ရုတ်တရက် သတိရသွားခဲ့သည်။

 

 

ထိုနေ့မှစ၍ ကျောက်စိမ်းဆွဲသီးသည် နေ့တိုင်း ကျောက်စိမ်းပုတီးနှစ်လုံး ထုတ်ပေးသည်။

 

 

ကျောက်စိမ်းပုတီးစေ့များကို ရေထဲပစ်ချပြီး အရည်ပျော်အောင် စောင့်ကာ သွန်ပစ်သည်။

 

 

သစ်တော်ပင်သည် ပွင့်နေပြီး သူမ၏လက်များသည် ဖြူဖွေးချောမွေ့လာသည်။ ကျောက်စိမ်းပုတီးစေ့များနှင့် ပတ်သက်နိုင်လား?

 

 

ထိုအကြောင်းကို သူမ ပိုတွေးလေလေ ဖြစ်နိုင်ချေ ပိုများလေလေ ဖြစ်သည်။ သူမအခန်းထဲကို ချက်ချင်းပြန်သွားပြီး လက်ဖဝါးထဲက ကျောက်စိမ်းဆွဲသီးကို ခေါ်ထုတ်လိုက်သည်။

 

 

သူမ၏ လက်ဖဝါးတွင် ကျောက်စိမ်းဆွဲသီး ပေါ်လာသည်။ သူမသည် koi ၏ မျက်လုံးများကို ထိလိုက်ပြီး "ကျောက်စိမ်းပုတီးစေ့ လိုချင်တယ်" ဟု တိုးတိုးလေးပြောလိုက်သည်။

 

 

သူမအသံ ဆုံးသွားသည်နှင့် တပြိုင်နက် ကျောက်စိမ်းပုတီးစေ့နှစ်လုံးသည် ကျောက်စိမ်းမျက်လုံးများထဲမှ ထွက်လာသည်။

 

 

သူမသည် ရေနွေးဇလုံကိုယူကာ ကျောက်စိမ်းပုတီးစေ့များကို ထည့်လိုက်သည်။ အရည်ပျော်သွားသည်နှင့် မျက်နှာကို ရေဖြင့် ဆေးကြောသည်။

 

 

မျက်နှာကို ဆေးကြောပြီးသည်နှင့် လက်ကို ဆေးသည်။ နောက်ဆုံးတွင် သူမက အပြင်ကိုထုတ်ပြီး လောင်းလိုက်သည်။

 

 

သို့သော် ယခုတစ်ကြိမ်တွင် သူမသည် သစ်တော်ပင်ကို ရေမလောင်းဘဲ တစ်ဖက်ခြမ်းတွင် ညှိုးနွမ်းနေသော နှင်းဆီချုံပင်ကို လောင်းခဲ့သည်။

 

 

ပြီးသည်နှင့် သူမက မှန်သေးလေးတစ်ချပ်ကို ယူကာ နေရောင်အောက်မှာ မှန်ကြည့်သည်။ သူမသည် အနည်းငယ် ဖြူဖွေးလာသည်ဟု ခံစားမိသည်။

 

 

ချောင်ကျန်းကျွင်းသည် မှန်ထဲတွင် ဘယ်ညာကြည့်နေသော ဖက်ထုပ်ငယ်ကို ပြတင်းပေါက်မှ လှမ်းကြည့်နေမိသည်။ ဤမြင်ကွင်းက သူ့ကို ရယ်မောစေခဲ့သည်။

 

 

ဖက်ထုပ်သေးသေးလေးသာ့ချောင်က သူမအဖေ၏ ရယ်သံကို ကြားရသောအခါ သူမ၏ပါးပြင်လေးများက နီမြန်းသွားသည်။ သူမက ရှက်ရွံ့စွာ ပြေးလာပြီး ခေါင်းကို မော့ကာ မေးလိုက်သည်။ "ဖေဖေ၊ သမီးက ပိုလှလာတယ်လို့ ထင်လား?"

 

 

ချောင်ကျန်းကျွင်း၏ ပါးစပ်ထောင့်ရှိ အကွေးလေးသည် ပိုပြီးနက်ရှိုင်းလာသည်။ သူ့သမီးက အလွန် စိတ်ကြီးဝင်တတ်ကြောင်းကို သူပထမဆုံးအကြိမ် သိခြင်းပင်။

 

 

သို့သော် သူ့သမီးက ပိုပြီး ဖြူဖွေးလာပုံပေါ်သည်။ "ပိုဖြူလာတယ်။ သာ့ချောင်က အခု မိန်းမချောတစ်ယောက်ဖြစ်နေပြီ!"

 

 

ဤသည်မှာ ကျေးလက်ရှိလူများကို ချီးမွမ်းခြင်း၏ ထူးခြားသောနည်းလမ်းဖြစ်သည်။ ဖြူဖွေးပြီး လက်မထပ်ရသေးသော မိန်းကလေးများကို မိန်းမလှဟု ခေါ်ပါသည်။ ညိုမည်းသော မိန်းကလေးကို အသားမဲသော မိန်းကလေးဟု ခေါ်သည်။

 

 

သာ့ချောင်သည် မိန်းမချောလေးဟု ပထမဆုံးအကြိမ် အခေါ်ခံရခြင်းဖြစ်သည်။ သူမ၏ မျက်လုံးကြီးများသည် ကောင်းကင်ပေါ်ရှိ ကြယ်များကဲ့သို့ တောက်ပနေပြီး သူမ၏ပါးပြင်များသည် ပျော်ရွှင်မှုကြောင့် နီရဲနေ၏။ အလွန်လှသော မြင်ကွင်းပင်။

 

 

ယနေ့မှစပြီး နေ့တိုင်း မျက်နှာကို ထိုရေနှင့်ဆေးရန် ဆုံးဖြတ်လိုက်သည်။

 

 

သူမသည် အမြဲတမ်း ဖြူဖွေးသော မိန်းကလေး ဖြစ်လိမ့်မည်။

 

 

ချောင်ကျန်းကျွင်းသည် နေရောင်အောက်တွင် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးနေသော ဖက်ထုပ်လေးကို ကြည့်ကာ ရုပ်ရည်အရ ရှောင်ချောင်ထက် အဆိုးဆုံး မဟုတ်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။

 

 

ရှောင်ချောင်နှင့် ယှဉ်လိုက်လျှင် သူမ၏ မျက်နှာက ပိုလှသည်။ အနာဂတ်တွင် သူမကြီးပြင်းလာသည်နှင့်အမျှ ရှောင်ချောင်ကို သာလွန်သွားလိမ့်မည်။

 

 

မိုးရွာပြီး ရက်အနည်းငယ်ကြာသောအခါ ရာသီဥတုက ပိုအေးလာသည်။ ရွှယ်ချွမ်၏ ခန္ဓာကိုယ်သည် မူလအခြေအနေတွင် မဟုတ်ပေ။ ရာသီဥတုပြောင်းလျှင် ဖျားသည်။

 

 

ချောင်ရှို့ကျီသည် သူမသားနှင့် သူမ၏ အိမ်ထောင်ဖက်ကို ပြုစုစောင့်ရှောက်သည်။ သူမသည် မရပ်မနား အလုပ်လုပ်နေရသည်။

 

 

 မူလက သာ့ချောင်အတွက် အဝတ်အစားများ ချုပ်ရန် စီစဉ်ခဲ့သော်လည်း အခုအချိန်အထိ လုပ်ရန် အချိန်မရှိသေးပေ။

 

 

ဝမ်ချွမ်းကျီသည် အခန်းထဲမှ သမ်းဝေရင်း ထွက်လာသည်။ ခြံထဲမှာ အဝတ်အစားချုပ်နေသော ယောက္ခမဖြစ်သူကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများ တောက်ပလာသည်။ သူမက လျှောက်လာရင်း မေးလိုက်သည်။

 

 

 "အမေ၊ ဒီအဝတ်အစားတွေက ဗိုက်ထဲက ကလေးအတွက် လုပ်ထားတာလား?"

 

 

ချောင်ရှို့ကျီက သူမကို မကြည့်ပေ။ သူမသည် သူမ၏အိပ်မက်များကို ပြတ်ပြတ်သားသား ချေမွလိုက်သည်။"မဟုတ်ဘူး၊ ဒါက သာ့ချောင်အတွက်"

 

 

သာ့ချောင်! ဘာလို့ ထပ်ပြီး သာ့ချောင်အတွက်လဲ?!

 

 

သာ့ချောင်အတွက် ဆိုသည်ကို ကြားသောအခါ ဝမ်ချွမ်းကျီက ချက်ချင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။

 ချောင်မိသားစုတွင် ကလေးသုံးယောက်ကို မွေးဖွားခဲ့သည်။

 

 

ထို့အပြင် တစ်ဦးတည်းသော ယောကျ်ားလေး ဖြစ်သည်။ သို့သော် ယောက္ခမသည် သူမ၏ သားသမီးများအတွက် အဝတ်အစားကို တစ်ခါမျှ မပြုလုပ်ခဲ့ပေ။

 

 

မိန်းကလေးများတွင် ဘာမှ မရှိလျှင် အရေးမကြီးပေ။ နောက်ဆုံးတွင် မိန်းကလေးများက တန်ဖိုးမရှိပေ။ သူတို့သည် အခြားမိသားစုအတွက် ကြီးပြင်းလာရသည်။

 

 

သို့သော် အန်းပင်းသည် ချောင်မိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်သည်။ ဒုတိယချောင်သည် မသန်မစွမ်းဖြစ်နေပြီး သားတစ်ယောက်ရှိမည်မဟုတ်ပေ။ တတိယချောင်သည် တစ်နေ့လုံး ကားမောင်းနေသည်။

 

 

 အိမ်ထောင်သက် ငါးနှစ်ကြာပြီးနောက်တွင် မိန်းကလေးတစ်ဦးသာ မွေးဖွားခဲ့သည်။ တစ်ချက်ကြည့်ရုံနှင့် ကလေးအများကြီးရှိမှာမဟုတ်ဘူးဟု ပြောနိုင်သည်။

 

 

တစ်နည်းဆိုရသော် အန်းပင်းသည် ချောင်မိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နိုင်သည်။ သူက ဘာလို့ အဝတ်အစား အသစ်တွေမဝတ်ရဘဲ ဘေးဆိုးကြယ်ပွင့် သာ့ချောင်က ရတာလဲ?

 

 

ဝမ်ချွမ်ကျီသည် ထိုအကြောင်းကို ပိုတွေးလေလေ ပိုပြီး စိတ်လှုပ်ရှားလေလေ ဖြစ်သည်။

 

 

ချောင်ရှို့ကျီသည် အဝတ်အစားများ ချုပ်ရန် ခေါင်းငုံ့နေသည်။ ထို့ကြောင့် သူမ၏ အမူအရာကို သတိမထားမိပေ။ သူမ သိခဲ့လျှင်တောင် ဂရုမစိုက်ပေ။

 

 

အထည်ကသူမအပိုင်ပင်။ သူမ ပေးချင်သော သူတိုင်းကို ဖန်တီးပေးနိုင်သည်။ ၎င်းကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပေ။

 

 

သူမယောက္ခမက လျစ်လျူရှုထားသည်ကို ဝမ်ချွမ်းကျီက မြင်သည်။ သူမက ငြီးတွားချင်သော်လည်း မလုပ်ရဲပေ။ မညည်းညူရခြင်းက သူမကို အလွန်နေရခက်စေသည်။

 

 

 "အမေ၊ အထည်တွေ အများကြီးရှိနေတော့ သုံးလို့ကုန်မှာ မဟုတ်ဘူး။ အန်ပင်းအတွက် နှစ်သစ်ကူးအဝတ်တစ်ထည်လောက် လုပ်ပေးရင်ကော ဘယ်လိုလဲ? သူ့မှာ ဝတ်စရာ အဝတ်အစားအသစ်မရှိဘူး!"

 

 

နောက်ဆုံးတွင် ချောင်ရှို့ကျီက သူမကို မော့ကြည့်သည်။ သူမ၏ အကြည့်များက အေးဆေးပင်။ "ဆောင်းဦးရာသီတုန်း အထည်တစ်ပိုင်းကို မရခဲ့ဘူးလား? နင့်သားကို နင်အလိုလိုက်ရင် အဲ့ဒါကို ထုတ်သုံးလိုက်လေ။ ငါ့ပစ္စည်းတွေကို မကြည့်နဲ့"

 

 

ဝမ်ချွမ်းကျီသည် ဤအရာကြောင့် နင်ကာ သေဆုံးလုနီးပါး ဖြစါသွားရသည်။ အသက်ရှုသံက သူမရင်ဘတ်ထဲတွင် ဆို့နေပြီး မတက်နိုင် မဆင်းနိုင် ဖြစ်ကာ သူမကို သေစေနိုင်သည်!

 

 

ချောင်ကျန်းကော် အလုပ်မှပြန်လာသည်နှင့် သူမှက ညည်းညူတော့သည်။ "အမေက မိသားစုဆက်ဆံရေးကို ခွဲခြားသိမြင်ခြင်းမှာ ဘာကြောင့် ပိုဆိုးလာရတာလဲ? အန်းပင်းက သူမ မြေးပါ။ သာ့ချောင်က မိန်းကလေးပဲလေ။ မြေးမလေးအတွက် အဝတ်အစာ လုပ်ပေးနေပြီးတော့ သူ့မြေးမှာ ဝတ်စရာ အဝတ်အစား အသစ်မရှိတာ သူမသိဘူးလား?"

 

 

ချောင်ကျန်းကော်က သူမကို ထူးဆန်းစွာကြည့်နေသည်။ "မင်းပြောတာကို ကြည့်စမ်း။ အန်းပင်းက အမေ့ရဲ့မြေးအရင်း။ သာ့ချောင်ကကော မဟုတ်ဘူးလား?"

 

 

ဝမ်ချွမ်းကျီက သူမယောက်ျား၏ ဦးနှောက်တွင် အပေါက်ပေါက်နေသလို ခံစားရသည်။ ယခုကဲ့သို့ ရိုးရှင်းသော ကိစ္စကို ဘာကြောင့် နားမလည်နိုင်တာလဲ?

 

 

"ဒါပေမယ့် အန်းပင်းက ငါတို့သား။ ဒါတင်မကဘူး၊ ငါတို့ရဲ့ တစ်ဦးတည်းသောသား။ ချောင်မိသားစုရဲ့ တစ်ဦးတည်းသော မြေး"

 

 

သူမသည် "တစ်ဦးတည်းသော" ဟူသောစကားလုံးကိုတမင်တကာ အလေးပေးခဲ့သည်။ ယခု သူမပြောသည့် ရှင်းလင်းသော စကားကို သူနားလည်သင့်သည် မဟုတ်လား?

 

 

ချောင်ကျန်းကော်သည် သူမက ဉာဏ်ရည်မမီသူတစ်ယောက်လိုမျိုး ကြည့်လိုက်သည်။ "မင်းက သားလေးတစ်ယောက်ပဲ မွေးခဲ့တာကိုး။ ဒါကြောင့် သူက တစ်ဦးတည်းပဲ၊ မင်းက ကျောင်းမတက်ဖူးပေမယ့် ဒီလောက် ရိုးရှင်းတဲ့ တွက်ချက်မှုတောင် မလုပ်နိုင်တာ အရမ်းမိုက်တာပဲ!အဲဒီတုန်းက မင်းကို စာတတ်​ဖို့ အတန်းတက်ဖို့ ပြောခဲ့တာ မင်းက မတက်ချင်ဘူး။ ရှက်ဖို့ကောင်းတယ်ဆိုတာ အခုမှ သိပြီလား?"

 

 

"!"

 

 

ရေတွက်ခြင်းဆိုင်ရာ ပြဿနာကို သူမ ဆွေးနွေးနေတာမလို့လား?

 

 

မြေးထက် မြေးမလေးကို ဦးစားပေးနေသည့် ချောင်မိသားစု ပြဿနာအကြောင်း သူမပြောနေခြင်းပင်။

 

 

ဝမ်ချွမ်းကျီသည် အသက်ရှူမဝဖြစ်ပြီး ​ဒေါသ​ကြောင့်​ ​ခေါင်းကိုက်​​နေသည်​။

 

 

ဝမ်ချွမ်းကျီသည် သူမယောက်ျားကြောင့် ဒေါသထွက်ပြီး သေဆုံးလုနီးပါးဖြစ်နေချိန်တွင် ဖန်ရှောင်ကျွမ်းသည်လည်း ဒုက္ခရောက်နေခဲ့သည်။

 

 

ယခုက ဒီဇင်ဘာလ ဖြစ်သည်။ မြစ်ရေက အရိုးထိတိုင်အောင် အေးခဲစေသည်။ ထိုကဲ့သို့ ရာသီ၌ ရေထဲ ပြုတ်ကျသဖြင့် သူမ ထိုည၌ အဖျားကြီးလာခဲ့သည်။