Chapter (1)
Viewers 85


''အရှင့်သား သူတို့တွေက ဒီရွာကနောက်ဆုံးရှင်ကျန်ခဲ့တဲ့ လူသားတွေပါ''


သူ့ဘေးနားကနေစကားပြောသံကြားရတော့ ဂျော့ရှာတစ်ယောက်မိန်းမောနေတုန်းပါပဲ။အသံအနေထားကတော့သူ့ကိုစိုးရိမ်နေတဲ့ပုံပါ။


''အရှင့်သား''


ကြောက်စရာပုံသဏ္ဍန်နဲ့ သတ္တဝါကြီးတစ်ကောင်ကိုသူ့ဘေးမှာတွေ့လိုက်ရတဲ့အချိန်မှာ ဂျော့ရှာရဲ့စိတ်တွေပြန်ကြည်လင်လာခဲ့ပါပြီ ၊ ခုဏကစိုးရိမ်နေပုံပေါက်တဲ့အသံက ဒီသတ္တဝါကြီးရဲ့ပါးစပ်ကနေထွက်ပေါ်လာတဲ့ပုံပါပဲ။


ဒီသတ္တဝါကြီးနာမည်က အပြစ် နတ်ဆိုး ဇီနာ့ပါ။


ဒီသတ္တဝါကြီးရဲ့ နာမည်ကဂျော့ရှာရဲ့ မှတ်ညာဏ်ထဲအလျှင်အ​မြန်ပဲ ပေါ်လာခဲ့တယ်၊ ထူးဆန်းနေတာက သူဒီသတ္တဝါကြီးရဲ့ ကြောက်လန့်ဖွယ်အသွင်ပြင်ကို ဘာမှမခံစားရတာပါပဲ။


''ရှင်ကျန်ခဲ့တဲ့လူသားတွေလား.....''


သတ္တဝါကြီး ညွှန်ပြနေတဲ့ဘက်ကိုဂျော့ရှာကြည့်လိုက်တော့ မြေပြင်ပေါ်မှာပုံထပ်နေတဲ့ ခန္ဓာကိုယ် တွေနဲ့တဟုန်းဟုန်းတောက်လောင်နေတဲ့မီးတောက်

တွေကိုတွေ့လိုက်ရတယ်။သွေးနဲ့ မီးသွေးနံ့တွေကလေထုထဲမှာပျံ့နှံ့နေခဲ့တယ်။


ဒီရွာလေးကခုလေးတင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးကို ကြုံတွေ့လိုက်ရပြီးတော့ ရှင်ကျန်ခဲ့တဲ့ ရွာသားတွေဟာလည်း နွယ်ပင်တစ်မျိုးမျိုးနဲ့အစုလိုက်ချည်နှောင်ခံထားရပါတယ်။သူတို့ရဲ့အဝတ်တွေက ဂျော့ရှာ ရင်းနှီးနေတဲ့ယခုခေတ်အဝတ်အစားတွေမဟုတ်ပါဘူး။အဲ့ဒီအစားသူတို့တွေကြည့်ရတာ ဥရောပအလယ်ခေတ်လောက်က အဝတ်အစားတွေကိုဝတ်ဆင်ထား ပုံပါပဲ။


''အရှင့်သား၊ အရှင့်သားရဲ့အမိန့်တိုင်းဒီရွာကို ဓါးပြတိုက်ခဲ့တဲ့ ဓါးပြတွေကိုသုတ်သင်ပြီးပါပြီ၊ ဒီရွာသားတွေကို ရောအကုန်သတ်လိုက်ရမလား''


ဒီစကားကို အပြစ်နတ်ဆိုး ဇီနာ့ ကမေးလိုက်တာပါ။သူ့ရဲ့အရပ်အမောင်းက နှစ်မီတာလောက်မြင့်ပြီး ပုံစံက ခြသေ့်နဲ့ ပုတ်သင် နှစ်မျိုးရောထားတဲ့ကြောက်စရာသားရဲကောင်ကြီးလိုပါပဲ၊ သူစကားပြောလိုက်တိုင်းလည်း မြစိမ်းရောင်မီးတောက်တွေကပါးစပ်ကနေထွက်ထွက်လာနေပါသေးတယ်။


သူ့ရဲ့ကြီးမားတဲ့လက်ကြီးထဲမှာလည်း ချောရည်တွေစီးဆင်းနေတဲ့အသွားနှစ်ဖက်ပါ ဧရာမလှံကြီးကိုကိုင်ဆောင်ထားပါသေးတယ်။


ရွာသားတွေကသူတို့နားကိုကပ်လာတဲ့ ထိတ်လန့်ဖွယ်နတ်ဆိုးကြီးကို ကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့

ကြည့်လိုက်ကြပါတယ်။


''မလိုဘူး၊သူတို့ကိုဒီတိုင်းသာခေါ်သွားလိုက်''



လောလောဆယ်ဘာတွေဖြစ်နေလဲ​ ဂျော့ရှာမသိသေးပါဘူး။လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်ကတောင် 

ဂိမ်းရေးဆွဲသူတစ်ယောက်အနေနဲ့ အချိန်ပိုကိုစိတ်ပျက်လက်ပျက်ဆင်းနေရ တာကနေ ဟောခုလည်းကြရော ဒီဆန်းကြယ်တဲ့ ကမ္ဘာကြီးကိုရောက်နေပြီး ဘေးမှာကလည်းသူခိုင်းတာလုပ်မယ့်နတ်ဆိုးကြီးတစ်ကောင်ကရှိနေပြန်သေးတယ်။


ကမ္ဘာကူးပြောင်းတဲ့ဖြစ်စဥ်ကရုတ်တရက်ကြီးဖြစ်သွားတာပဲ။


''အမိန့်တိုင်းပါ၊ အရှင့်သား''


အပြစ်နတ်ဆိုး ဇီနာ့က ဂျော့ရှာအမိန့်ကိုနာခံစွာပြန်ပြောလိုက်တယ်။ပြီးနောက်သူ့ ရဲ့လက်သည်းချွန်ကြီးတွေကို ​ဝှေ့ရမ်းလိုက်တဲ့အခါမှာ အစိမ်းရောင်အလင်းတွေတောက်ပနေတဲ့ တည်နေရာ ​ခုန်​ပေါက် တစ်ခု ဂျော့ရှာ ​​ရှေ့ မှာပေါ်လာပြီးအထဲကနေ သေးငယ်တဲ့မှင်စာလေးတွေအမြောက်အမြား ခုန်ပေါက်ထွက်လာကြပါတယ်။ ပြီးနောက် နွယ်ပင်တွေနဲ့ တုတ်နှောင်ခံထားရတဲ့ရွာသားတွေကို သူတို့ရဲ့ အကြောက်အကန်ငြင်းဆန်သံ စိတ်ပျက်လက်ပျက်ငိုသံတွေကို လျစ်လျူရှုပြီး အပေါက်ဆီကိုဆွဲခေါ်သွားကြပါတော့တယ်။


ဂျော့ရှာသူ့မှတ်ညာဏ်တွေထဲကို ပြန်ရှာကြည့်လိုက်တော့ နတ်ဆိုးဆိုတာက မျိုးနွယ်စုအများကြီးရှိမှန်းသိလိုက်ရတယ်။ခုဒီမှင်စာလေးတွေက နတ်ဆိုးသွေးဆက်မှာ အနိမ့်ဆုံး နေရာကအကောင်တွေပါပဲ။သူတို့မှာ ညာဏ်ရည်အနည်းငယ်ပဲရှိပြီးတော့ ခွန်အားအရာမှာလည်း သာမန်လူသားတစ်ယောက် ထက်မပိုလွန်းမရော့လွန်းလောက်ပါပဲ။သူတို့ရဲ့အားသာချက်ဆိုလို့ အရမ်းမြန်တဲ့သားဖွားစက်ဝန်းပဲရှိပါတယ်။


တစ်ခြားတစ်ဖက်မှာတော့ အပြစ်နတ်ဆိုး ဇီနာ့က သွေးမျိုးဆက်မြင့်တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူ့ရဲ့သက်တော်စောင့်အဖြစ်အမှုထမ်းနေသူပါ။အပြစ်နတ်ဆိုးတစ်ကောင် ခွန်အားကြီးမကြီးကိုသူ့ပုံပန်းသဏ္ဍာန်ကြည့်ပြီးခန့်မှန်းရင်တောင်ရနိုင်ပါတယ်။


နတ်ဆိုးတွေက လူသားတွေနဲ့အသွင်အပြင် လုံးဝမတူညီကြပါဘူး ၊ ဂျော့ရှာမနေနဲ့ဝမ်းသာရမှာက သူ့မျိုးနွယ်စုက နတ်ဆိုးတွေရဲ့ သွေးဆက်မှာထိပ်ဆုံးကရပ်တည်နေပြီး လူသားပုံသဏ္ဍာန်နဲ့တူနေတာပါပဲ။ခေါင်းမှာ ဦးချို နှစ်ချောင်းပါနေတာကလွဲလို့ပေါ့။


ဂျော့ရှာအနေနဲ့ကမ္ဘာကူးပြောင်းလာတာကို လက်ခံပေးလို့ရပါသေးတယ် ဒါပေမယ့် လူသားမဟုတ်တဲ့ မျိုးနွယ်စုကို ကူးပြောင်းခံရတာတော့ လက်မခံနိုင်စရာပါ။


အဲ့ဒီအစား မျိုးရိုးမြင့် ကစဥ့်ကလျား နတ်ဆိုးဖြစ်လာတယ်တဲ့လား.......ဒါလည်းမဆိုးပါဘူး။


''ဇီနာ့ ပြန်ကြရအောင်'' ဂျော့ရှာပြောလိုက်တယ်။


''အရှင့်သား ဒီအနီးနားကမြို့တွေကို ဆက်ကြူးကြော်ဖို့စိတ်ကူးထားတယ်မလား''


''မြို့တွေကို ကြူးကြော်ဖို့လား?''


ဂျော့ရှာပတ်ဝန်းကျင်ကို တစ်ချက်​ ပြန်ကြည့်လိုက်တယ် ထို့နောက်သူ့မှတ်ညာဏ်တွေကိုတစ်ချက်ပြန်စစ်ကြည့်လိုက်တော့သူဘာလို့ဒီနေရာ ကိုရောက်နေရတာလဲမှတ်မိလိုက်ပါပြီ။


ခပ်အအ နတ်ဆိုးမင်းသားဟာ လူသားလောကကို စူးစမ်းဖို့ထွက်လာခဲ့တာပါ။သူ တည်နေရာခုန်ပေါက်ကနေ ထွက်လာပြီးပြီးချင်းမှာပဲ လူသားကုန်သည်တွေနဲ့တွေ့တော့တာပါပဲ။သူတို့နဲ့လိုက်ပါပြီးနားနေစဥ်မှာ ဓါးပြတွေရွာကိုဝင်စီးပြီးကုန်သည်တွေကို ဓါးပြတိုက်တော့တာပါပဲ။


ရွာတစ်ခုလုံးမွှေနှောက်ခံရပြီးတော့ နေထိုင်သူတွေကောတည်းခိုသူတွေကော အသတ်ခံကြရတော့တာပါပဲ။နောက်ဆုံးမှာတော့ နတ်ဆိုးမင်းသား ဒီမြင်ကွင်းကို မကြည့်ချင်တော့ တာနဲ့ သူ့သက်တော်စောင့်ကို ဆင့်ခေါ်ပြီးဓါးပြတွေ သတ်ဖြတ်ခိုင်းလိုက်ရတာပါ။


နတ်ဆိုးမင်းသားအနေနဲ့ ရွာလုံးကျွတ်သတ်ဖြတ်ခံရမယ့် ဘေးကနေကယ်တင်လိုက်ပေမယ့်လို့ ရွာသားတွေဘက်ကကြည့်ရင် နတ်ဆိုးတွေ ဖမ်းဆီးအခေါ်ခံရတာထက်  ဓားပြတွေသတ်တာခံရတာမှသာပါဥိီးမယ်။


''ဟင့်အင်း စိတ်မဝင်စားဘူး''


​ဒါပေါ့ နတ်ဆိုးမင်းသားရဲ့ ကလေးကလားစူးစမ်းခြင်တာကို ဂျော့ရှာကဘာလို့လိုက်လုပ်ရမှာလည်း ပြီးတော့ လူသားတွေနဲ့ ပြဿနာဖြစ်မှာကိုလည်း သူမလိုလားဘူးလေ။


''အော်ဒါနဲ့ ဇီနာ့ ဟိုနားကတစ်ယောက်က အသက်ရှိတုန်းပဲနော်''


ဂျော့ရှာ တည်နေရာခုန်ပေါက်ထဲမဝင်ခင်လေးတင် ခန္ဓာကိုယ် ​ ပုံကြီးရဲ့အောက်ကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ပုံရိပ်ကိုတွေ့လိုက်ရပါတယ်။


ကြည့်ရတာဒီဓားပြက ညာဏ်ကောင်းတဲ့ပုံပါပဲ၊ သေချင်ယောင်ဆောင်ပြီး အားလုံးကိုအရူးလုပ်နိုင်ခဲ့တယ်လေ ခက်တာက အလောတကြီး အလျင်စလိုထွက်​ ပြေး ဖို့လုပ်မိတာပါပဲ။


''အမိန့်တော်အတိုင်းပါ''


သူဘာကိုဆိုလိုခြင်တာလည်းဆိုတာ ဇီနာ့ကို ပေါ်တင် ပြောပြစရာမလိုပါဘူး ၊ ဇီနာ့ အနေနဲ့ နားလည်ပါတယ်။


အသည်းခိုက်အောင် အော်သံနဲ့ အသားစတွေစုတ်ပြဲသွားတဲ့ အသံကြားမှာပဲ ဂျော့ရှာတစ်ယောက် တည်နေရာခုန်ပေါက်ထဲလှမ်းဝင်လိုက်ပါတော့တယ်။


...............


အနည်းဆုံးအနေနဲ့ နတ်ဆိုးလောက ကဂျော့ရှာထင်ထားသလောက်မဆိုးပါဘူး၊ ကောင်းကင်က အပြာရောင်ပဲ ဖြစ်ပြီးတော့ ဘေးပတ်လည်က အပူချိန်ကလည်း အလယ်အလတ်လောက်နဲ့ နေလို့ထိုင်လို့အဆင်ပြေပါတယ်။



ယနေ့ခေတ်ပေါ်မြင်နေကြဇာတ်လမ်းတွေထဲကလိုသာဆိုရင် နတ်ဆိုးလောက မှာ အချိန်မရွေးပေါက်ကွဲမယ့် လက္ခဏာနဲ့ မီးတောင်တွေ၊ ချော်ရည်ပူတွေစီးဆင်းနေတာတွေ၊ မီးတောင်က ထွက်တဲ့ မီးခိုးနဲ့ပြာမှုန် တွေကြောင့် ကောင်းကင်ကြီးနက်မှောင်တွေတာတွေစတာတွေ ဖော်ပြကြမှာပါ။ ဒီမှာတော့ အဲ့လိုအရာတွေဗလာနတ္ထိပါပဲ။


တည်နေရာခုန်ပေါက်က ပန်းဥယဥ်တစ်ခုထဲကို ဆက်သွယ်ထားတာပါ၊ အမျိုးအမည်မသိတဲ့ ပန်းတွေမြေပေါ်မှာဖူးပွင့်နေပြီး သူတို့ဆီကနေပြာလဲ့လဲ့ အမှုန်လေးတွေနဲ့ လေထဲမှာတောက်ပနေကြတာပါ။


သူ့ဘေးက ကြောက်မက်ဖွယ်နတ်ဆိုးကြီးသက်သေရှိနေလို့သာ၊ နို့မို့ဆိုဂျော့ရှာအနေနဲ့ နတ်ဆိုးလောက ကိုရောက်နေတယ်လို့တောင်ထင်မှာမဟုတ်ပါဘူး။


''အရှင့်သား ကျွန်တော်မျိုး လူသားတွေကို အကျဥ်းထောင်ဆီပို့လိုက်ရမလား'' ဇီနာ့မေးလိုက်ပါတယ်။


''အင်း၊ သူတို့ကိုအရင်ချုပ်ထားလိုက်၊ပြီးရင်စားစရာသောက်သရာတွေလည်းပေးလိုက်ဦး။သူတို့ကိုငတ်ပြီးမသေစေနဲ့ ၊ငါသူတို့ကိုသုံးစရာနေရာရှိသေးတယ်''


ဂျော့ရှာသူ့ သက်တော်စောင့်ကို အမိန့်ပေးပြီး နန်းတော်အတွင်းပိုင်းကိုဝင်လာလိုက်ပါတယ်။


သူ့မှတ်ညာဏ်တွေအရဆိုရင် ဒီနေရာက နတ်ဆိုးလောကရဲ့ တော်ဝင်မြို့တော် ''အန်နာလောက်ဒီ''ပါ။

နတ်ဆိုးဘာသာစကားနဲ့ဆိုရင် မြို့တော်နာမည်က အသူရာချောက်နက်ရဲ့အစွန်အဖျား လို့အဓိပ္ပါယ်ရပါတယ်။ဘာကိုပြောချင်တာလည်းတော့ဂျော့ရှာလည်းမသိပါဘူး၊သေချာတာတော့ သူခုရောက်နေတဲ့နေရာက မြို့တော်တစ်ခုလုံးရဲ့ အချက်အခြာနေရာပါပဲ။


သူခုရောက်နေတာက နတ်ဆိုးလောကရဲ့အုပ်စိုးသူနေထိုင်တဲ့နေရာဖြစ်ပြီးတော့ သူနဲ့သွေးမျိုးဆက်တူတဲ့သူတွေနေထိုင်တဲ့နေရာလည်းဖြစ်ပါတယ်။


သူ့ရဲ့မှတ်ညာဏ်ပေါ်အခြေခံပြီးတော့ နန်းတော်တွင်းကရှုပ်ရှက်ခက်နေတဲ့လမ်းတွေပေါ်ကနေ ဂျော့ရှာတစ်ယောက် နတ်ဆိုးမင်းသားနေထိုင်ရာနေရာကိုရောက်လာပါတော့တယ်။


''ဒီနေရာကသောက်ရမ်း ရှုပ်ရှပ်ခက်နေတာပဲ''


ဒါကတော့ဂျော့ရှာ နတ်ဆိုးမင်းသားရဲ့ရဲတိုက်ထဲဝင်ပြီးပြီးချင်းပြောမိတဲ့စကားပါ၊ နတ်ဆိုးမင်းသားနေပုံထိုင်ပုံကသူတွေးထားတာနဲ့တစ်ခြားစီပါပဲ။


ပုံမှန်ဆိုရင်ခမ်းနားတဲ့ အခန်းက ပစ္စည်းမျိုးစုံကြမ်းပြင်ပေါ်မှာပြန့်ကြဲနေတယ်လေ။ဘယ်လောက်တောင်ရှုပ်ရှပ်ခက်နေလဲဆိုရင် ကိုယ့်ကိုယ်ကို ဖြစ်ကတက်စန်းနေတက်တယ်လို့ ခံယူထားတဲ့ဂျော့ရှာတောင် သြချယူရတဲ့အထိပါပဲ။


ကြမ်းပြင်ပေါ်မှာပြန့်ကြဲနေတဲ့တစ်ချို့ စာအုပ်တွေ သလင်းကျောက်တွေကို ဂျော့ရှာ မှတ်မိလိုက်ပါတယ် တစ်ခြားအရာတွေကတော့ပုံသဏ္ဍာန်မျိုးစုံ

အရွယ်မျိုးစုံနဲ့အရာတွေပါ။


အခန်းရှင်းဖို့အစေခံတွေဘာတွေမရှိတာလား။ဂျော့ရှာ မှတ်ညာဏ်တွေကိုနောက်တစ်ခေါက်ထပ်ကြည့်ရပြန်ပါပြီ။


အဲ့ဒီမှာသူသိလိုက်ရတာက ကြမ်းပြင်ပေါ်ကပစ္စည်းတွေက မင်းသားရဲ့ 'သုတေသန ' ပြုလုပ်စမ်းသပ်ထားတဲ့အရာတွေဆိုတာကိုပါ။


ဂျော့ရှာအန်နာလောက်ဒီ ၊ နတ်ဆိုးဘုရုင် နော့ဒ်လိန်း ရဲ့ တတိမြောက်သားက တစ်ခြားနတ်ဆိုးတွေလိုမဟုတ်ပါဘူး။ သူ့ရဲ့ အရမ်းထူးချွန်တဲ့ အစ်ကိုကြီး အစ်မကြီး တို့နှစ်ယောက်နဲ့ယှဥ်ရင်ဂျော့ရှာ ကမွေးဖွားချိန်ထဲကအနည်းငယ်ကွဲပြားပါတယ်။


သူ့အသက် ၁၇ နှစ်ပြည့်တာတောင် ထူးဆန်းတဲ့ ပစ္စည်းတွေထွင်ပြီး မြို့တော်ထဲလိုက်ပြီးမွှေ​ နေတုန်းပါပဲ ။အဲ့ဒီတော့မြို့ထဲက နတ်ဆိုးတစ်ယောက်ချင်းဆီတိုင်းက သူ့ကိုရှုံ့ချတဲ့နာမည်ပြောင် ပေးထားကြပါတယ်။


''နိမ့်ကျတဲ့လူသားလိုကောင် '' တဲ့လေ...


ဒါပေမယ့် ဂျော့ရှာကလူသားထက် ရတာသိုက်စောင့်မှင်စာမျိုးနွယ်ဒါမှမဟုတ် လူပုမျိုးနွယ်စုနဲ့ခိုင်းနှိုင်းရင်ပိုမှန်ပါလိမ့်မယ်။ဘာလို့လည်းဆိုတော့ တတိယမင်းသားက စက်မှုအင်ဂျင်နီယာနဲ့ ​မှော်အင်ဂျင်နီယာ ပညာရပ်တွေမှာ ထူးချွန်ပြီးပါရမီပါလို့ပါ၊ အဲ့ဒီပညာရပ်တွေကိုသူကအရမ်းရူးသွပ်တယ်လေ။ရူးသွပ်တယ်ဆိုတာတောင် လျော့ပေါ့ပြောထားတာပါ။


ခုသူ့ဒီအခန်းထဲကပစ္စည်းတွေအကုန်လုံးက သူ့ရဲ့သုတေသနလုပ်လက်စ ပစ္စည်းတွေပါပဲ။


''ပုံရိပ်ဆွဲယူထိန်းသိမ်းမှောက်စက်လုံးနဲ့ အရိပ်မှတ်တမ်းကျောက် ဆိုပါလား''


ဂျော့ရှာစိတ်ထဲကနေ ဒီပစ္စည်းနှစ်ခုရဲ့မိတ်ဆက်နဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကိုလေ့လာကြည့်လိုက်တယ်။သူဆိုရင်တော့ ဒီနှစ်ခုရဲ့လုပ်ဆောင်ပုံအရ 'ကင်မရာ' နဲ့ 'မန်မိုရီကဒ်' လို့ပဲခေါ်မှာပါ။


''စိတ်ဝင်စားစရာပဲ''


စိတ်ဝင်စားရုံတင်မကပါဘူး တတိယမင်းသားရဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး သူအကြံအစည်တွေရလိုက်ပါပြီ။


ဒီတစ်ခြားကမ္ဘာမှာ ရုပ်ရှင်တစ်ခုသူရိုက်လို့ရလောက်လား၊ မဖြစ်နိုင်ရင်လည်း ၊ ​မှော်ပညာများစုဝေးရာ ဟာ့သ်စတုန်း (Hearthstone) လို ကဒ် ဂိမ်းဒါမှမဟုတ်တစ်ခြားဂိမ်းတစ်ခုခုဖန်တီးလို့ရလောက်မလား၊ဒါမှမဟုတ် ရှန်းရှတွေ ဂျပန်မန်ဂါတွေချရေးပြီးထုတ်ဝေလို့ရလောက်မလား......


အနုပညာနယ်ပယ်နဲ့ ဆက်စပ်တဲ့အလုပ်ကိုလုပ်နေရတဲ့သူတစ်ယောက်အနေနဲ့ အမိကမ္ဘာမြေကြီးရဲ ယဥ်ကျေးမှုအနုပညာတွေဒီတစ်ခြားကမ္ဘာမှာ ပြန့်နှန့်အောင်လုပ်ဖို့အရမ်းရေးကြီးတယ်လို့ ဂျော့ရှာခံစားမိတယ်လေ.....မဟုတ်ဘူး ၊ မဟုတ်ဘူး ယဥ်ကျေးမှု ကျူးကျော်ဖို့ ဆိုရင်ပိုမှန်မလား.........