Chapter (2)
Viewers 95


ဂျော့ရှာ ဒီကမ္ဘာမှာသူ့ရဲ့ရုပ်ရှင်ရိုက်မယ့်အစီအစဥ်ကိုတွေးတောနေတုန်းမှာပဲ ရေ​ဒြပ်စင်အစေခံတစ်ယောက် သူ့အခန်းဆီကိုခပ်သွက်သွက်လျှောက်လာတာတွေ့လိုက်ရတယ်။


ဒီရေဒြပ်စင်အစေခံက အမျိုးသမီးတစ်ယောက်အသွင်အပြင်ရှိပြီးတော့ အရေပြားကိုအရည်တစ်မျိုးနဲ့ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်ကိုထွင်းဖောက် မြင်နိုင်ပါတယ်။


''အရှင့်သား၊ ဆရာသခင်ကသင့်ကို စောင့်ကြည့်သူ ခန်းမကိုဆင့်ခေါ်လိုက်ပါတယ်''လို့ ရေဒြပ်စင်က ခံစားချက်မရှိတဲ့စက်ရုပ်တစ်ရုပ်အသံတိုင်းပြောလိုက်တယ်။


''ကောင်းပြီလေ''


ဒ်ီနန်းတော်မှာ ဆရာသခင် ဆိုတဲ့သူကတစ်ယောက်ပဲရှိပါတယ်။အဲ့ဒီသူကတော့ နတ်ဆိုးမင်းသားရဲ့ဖခင်ဖြစ်သူပါ။


နတ်ဆိုးလောကရဲ့အုပ်ချုပ်သူကို ဒီလောက်မြန်မြန်ဆန်ဆန် တွေ့ရလိမ့်မယ်လို့ ဂျော့ရှာ မထင်ထားပါဘူး.....


သူ့ရဲ့မှတ်ညာဏ်တွေထဲက လမ်းအတိုင်းသွားတာတောင် ဒီဝင်က်ပါလိုရှုပ်ရှပ်ခက်နေတဲ့ နန်းတော်ရဲ့လမ်းတွေထဲမှာ ဆယ်မိနစ်လောက်သွားပြီနောက် နိမိတ်မကောင်းတဲ့ အရှိန်အဝါတွေဖြာထွက်နေတဲ့ တံခါးမကြီးရှေ့ကိုဂျော့ရှာရောက်ရှိလာပါပြီ။


ဂျော့ရှာတံခါးကနေဝင်လိုက်တဲ့အခါ ဆယ်မီတာလောက်ရှည်တဲ့ရုပ်ထုကြီးတွေ ဘေးတစ်ဖက်တစ်ချက်ဆီမှာတန်းစီ နေတဲ့ကြီးမားရှည်လျားတဲ့ စင်းကြံလမ်းကြီးကိုတွေ့လိုက်ရပါတယ်။


ရုပ်ထုတွေအကုန်လုံးကတစ်ခုနဲ့တစ်ခု အသွင်အပြင်တွေမတူညီကြပါဘူး ၊ သူတို့တစ်ခုချင်းဆီကလည်း ဂျော့ရှာလိုကစဥ့်ကလျား နတ်ဆိုးတွေခြည်းပါပဲ။


ရုပ်ထုတစ်ခုချင်းဆီက လည်းဒီကုန်းမြေကြီးကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ထုလုပ်ထားတာပါ။အမှန်တစ်ကယ်တော့ ''ဘုရင်'' ဆိုတာက နတ်ဆိုးလောက ကနတ်ဆိုးတွေအားလုံးကသူတို့ကို ခေါ်ဆိုနေကြတဲ့ ဘွဲ့တစ်ခုပါ။ ဒါပေမယ့်ဒီဘုရင်တွေသူတို့အချင်းချင်း ကြားမှာလက်ဆင့်ကမ်းလာတဲ့ဘွဲ့ ကတော့ ''စောင့်ကြည့်သူ'' တဲ့လေ။


စောင့်ကြည့်သူ ဆိုတဲ့နာမည်က ကြားရတာတော့ ရိုးရိုးလေးပါပဲ ဒါပေမယ့် ဒီနာမည်က ဟိုးရှေးပဝေသဏီထဲက လက်ဆင့်ကမ်းလာကြတာပါ။


ဒီနာမည်ရဲ့ဆိုလိုရင်းကိုတော့ ဂျော့ရှာလည်းမသိပါဘူး
ဒါပေမယ့် စောင့်ကြည့်သူတွေရဲ့ ဒဏ္ဍာရီ ပုံပြင်တွေကတော့မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းပြောဆိုလာကြတာယနေ့ထိပါပဲ။


ဂျော့ရှာရဲ့ဖခင်၊ နတ်ဆိုးဘုရင် နော့ဒ်လိန်း ကမျက်မှောက်ကာလာ စောင့်ကြည့်သူပါ။


ဂျော့ရှာ   သူ့ရဲ့ ဘိုးဘေးဘီဘင်ရုပ်ထုတွေတန်းစီထားတဲ့ လမ်းအဆုံးက ကြီးမားကျယ်ပြန့်တဲ့ဟောခန်းကြီးဆီကိုလျှောက်လာလိုက်ပါတယ်။ဒီ​ဟောခန်းကြီးကရှင်းလင်းထွက်နေပြီးတော့ ''ဘုရင့်ခန်းမတော်'' ဆိုတဲ့နာမည်နဲ့တောင်မကိုက်ညီပါဘူး။ ယဇ်ပူဇော်စင်လိုကျောက်တိုင်ကြီးကလဲပြီး ဘာမှရှိမနေပါဘူး၊ရုတ်စွအဆုံး ဘုရင့်ပ္ပလင်တောင်ရှိမနေပါဘူး။


ဂျော့ရှာ ရဲ့အစ်ကိုကြီး နဲ့ အစ်မကြီး ပြီးတော့သူ့ညီမ အကုန်လုံးကသူမရောက်ခင်ထဲကရောက်နေကြပါပြီ။သူတို့အကုန်လုံး ယဇ်စင်ကြီးရှေ့မှာမတ်တပ်ရပ်နေကြပါတယ်။


လေးနက်တဲ့လေထုက ဟောခန်းကြီးရဲ့ထောင့်တိုင်းကိုပြန့်နှန့်နေပြီးတော့ သူ့ရဲ့ညီအစ်ကိုမောင်နှစ်မတွေကလည်းသူရောက်လာတောင်တစ်ချက်လေးတောင် လှည့်မကြည့်ကြပါဘူး။ဒါပေမယ့်အကြီးနှစ်ယောက်နဲ့ အငယ်ကြားမှာနေရာတစ်နေရာစာတော့လွတ်နေပါသေးတယ်၊ ကြည့်ရတာသူ့အတွက်နေရာသက်သက်ဖယ်ပေးထားပုံပါ။


ဂျော့ရှာလည်း လိုက်လျောညီထွေစွာနဲ့လွတ်နေတဲ့နေရာ ကိုအမြန်ဝင်လိုက်ပြီး သူ့အစ်ကို​ တွေအစ်မတွေလို ယဇ်စင်ရှေ့မှာရပ်လိုက်ပါတယ်။ယဇ်စင်ရှေ့မှာတော့ သူတို့ကိုကျောပေးရပ်နေတဲ့ပုံရိပ်တစ်ခုရှိနေပါတယ်။


''နော့ဇ်၊ စက်စလီ၊ ဂျော့ရှာ၊ ဖေးယ်''


သြဇာညောင်းတဲ့ အသံတစ်သံကသူတို့ရဲ့နာမည်တွေကိုခေါ်လိုက်တာပါ။


''နှစ်ပေါင်းသုံးဆယ်ရှိပြီ........ဒီအချိန်လောက်နဲ့မင်းတို့လေးယောက်က လူကြီးတွေမဖြစ်သေးဘူးဆိုတာငါသိပါတယ်၊ ဒါပေမယ့် ရင့်ကျက်လာဖို့တော့လုံလောက်တဲ့အချိန်ပဲ''


ကစဥ့်ကလျား နတ်ဆိုးမျိုးနွယ်က နတ်ဆိုးမျိုးနွယ်တွေအားလုံးကြားမှာသက်တမ်းအတိုဆုံးပါ။သူတို့ရဲ့သက်တမ်းနှစ်ပေါင်းနှစ်ရာက လူသားတွေရဲ့သက်တမ်းနဲ့တူညီလုနီးပါးလေ။


နှစ်နှစ်ဆယ်ဆိုတာ ကစဥ့်ကလျား နတ်ဆိုးတစ်ကောင်အတွက်တော့လူငယ်ပဲရှိပါသေးတယ်၊ဂျော့ရှာကလည်းဒီနှစ်မှ တစ်ဆယ့်ခုနှစ် ပတ်ခြာလည်ပဲရှိပါသေးတယ်။သူ့ညီမလေး ဖေးယ် ဆိုရင်ဆယ့်လေးနှစ်ပဲရှိပါသေးတယ်။သူတို့ကိုသာဒီအသက် အရွယ်နဲ့ လူသားလောကထဲသာပစ်ချလိုက်ရင် နည်းသလားတောင်နေသွားဦးမယ်။


''ဖခင်၊ သင်ကျွန်တော်တို့ကိုဘာများခိုင်းစေစရာရှိလို့ပါလဲ''


စစ်သားတစ်ယောက်လိုမာမာပြတ်ပြတ် အသံကဂျော့ရှာ ရဲ့ ဘေးနားကနေ ​ထွက်ပေါ်လာတယ်။ဒီအသံကသူ့အစ်ကိုကြီး နော့ဇ်ရဲ့ အသံပါ။သားအကြီးဆုံးဖြစ်တဲ့ နော့ဇ်က ဒီနတ်ဆိုးလောကရဲ့ဗိုလ်ချုပ်ကြီးတစ်ယောက်ပါ၊ နတ်ဆိုးတစ်ထောင်လောက်ကိုဦးဆောင်ပြီးတော့ ​ရှေ့တန်းစစ်မြေပြင်ကိုစောင့်ကြပ်နေတယ်လေ။


ဂျော့ရှာ ဖတ်ဖူးနေကြကမ္ဘာကူးပြောင်းတဲ့စာအုပ်တွေထဲက ဇာတ်ကောင်စရိုက် ပါပဲ။


''ငါမင်းတို့ လေးယောက်ထဲကနေ နောက် ၂ နှစ်ကြာရင် စောင့်ကြည့်သူတစ်ယောက်ရွေးမယ်လို့ဆုံးဖြတ်ချက်ချထားတယ်''


နော်ဒ်လိန်း ပါးစပ်ကနေဒီစကားတွေထွက်ကြ လာတာနဲ့ အရင်ထဲကလေးနက် နေတဲ့လေထုက ပိုပြီးတော့တင်းကြပ်လာပါတော့တယ်။


စောင့်ကြည့်သူတစ်ယောက်ဖြစ်လာတယ်ဆိုတာဘာလဲ၊ နောက်ထပ်နတ်ဆိုးလောကရဲ့အရှင်သခင်ဖြစ်လာဖို့လို့ဆိုလိုလိုက်တာပဲလေ။


ဂျော့ရှာအတွက်ကတော့ထီးနန်းအတွက် ရုန်းကန်ခြင်းဆိုတာနောက်ထပ်တစ်ခေါက်ရှင်းပြစရာကိုမလိုပါဘူး။ အာရှမှာပဲ ဖြစ်ဖြစ် ဥရောပမှာပဲ ​ဖြစ်ဖြစ်ထီးနန်းအတွက်ရုန်းကန်တယ်ဆိုတာမပြီးနိုင်တဲ့ပိတ်ကားကြီးလိုပါပဲ။


တရုတ်သမိုင်းထဲကနာမည်ကြီးတဲ့ စီမာမျိုးနွယ်စုက စောင်းမျိုးနွယ်စုကိုအတင်းအကြပ်သိမ်းပိုက်ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့သုံးပြည်ထောင်ခေတ်ကုန်ဆုံးပြီး ဂျင်မင်းဆက်ဖြစ်ပေါ်လာတာတွေ။ဥရောပမှာဆိုရင်လဲ အက်ဒ်ဝပ်ဖိုက် အဂ်လန်ရဲ့ထီးနန်းကိုရဖို့သူ့တူအရင်းကို သတ်ဖြတ်တဲ့ ရစ်ချက်သရီးစတာတွေရှိပါတယ်။


ဘယ်သမိုင်းပဲကြည့်ကြည့် ဘုရင်ဆိုတဲ့ရာထူးက သွေးစွန်းပြီးမှရလာတာတွေကြီးပါပဲ။


ခုလည်း ဂျော့ရှာ စဥ်းစားကြည့်တော့ သူ့မောင်နှစ်မတွေလည်း ဓါးသွေးပြီးတစ်ယောက်လည်ပင်း တစ်ယောက်ထောက်ကြတော့မှာပါ.........


''ကျေးဇူးပြုပြီး ကျွန်တော့်ကို စောင့်ကြည်သူအရွေးချယ်ခံစာရင်းထဲကပယ်ချပေးပါ''နတ်ဆိုးလောကရဲ့အရှင်သခင်ကိုကြည့်ပြီးတော့ ဂျော့ရှာကျယ်ကျယ်လေးအော်ပြောလိုက်ပါတယ်။


''အိုး ဂျော့ရှာမင်း စောင့်ကြည့်သူ နေရာကိုဆန္ဒမရှိဘူးလား''


ဘုရင်တစ်ယောက်ရဲ့ရာထူးကိုမလိုချင်ဘူးတဲ့လား၊ နတ်ဆိုးလောကရဲ့အုပ်ချုပ်သူဆိုတာ ဒီလောကထဲကအရာအားလုံးကိုပိုင်ဆိုင်သူပါ၊သူ့ရဲ့စကားတစ်ခွန်းနဲ့လည်းလူပေါင်းများစွာရဲ့သေခြင်း ရှင်ခြင်းကိုဆုံးဖြတ်လို့ရပါသေးတယ်။


ကြားရတာတော့ အရမ်းကောင်းပြီး အရမ်းမိုက်နေတာပါပဲ ရာထူးနဲ့အာဏာဆိုတာကလည်း သေချာပေါက်ကိုခံစားလို့ကောင်းတဲ့အရာပေါ့၊အဲဒါပေမယ့်မင်း အသက်ရှင်သန်နိုင်မှ ခံစားလို့ရမှာပါ။


ပွင့်ပွင့်လင်းလင်းပြောရရင် သူ့အစ်ကိုကြီးနဲ့ အစ်မကိုဂျော့ရှာဘယ်လိုမှမယှဥ်နိုင်ပါဘူး။ရုတ်စွအဆုံး သူ့ညီမလေးနဲ့တောင်မယှဥ်နိုင်ပါဘူး။ထီးနန်းတိုက်ပွဲမှာ ပထမဆုံးအနစ်နာခံသွားရပါလိမ့်မယ်။


ဒီနေရာကလူသားတွေကြီးပဲ ရှိတဲ့အမိကမ္ဘာမြေကြီးမဟုတ်ပါဘူး။ကမ္ဘာမြေမှာဆိုရင် အရင်ညှိနှိုင်းမယ်၊အဲ့ဒါမှမရရင် ဓါးတွေ သေနတ်တွေနဲ့ရှင်းကြမယ်။အကုန်လုံးက ရုပ်ပိုင်းဆိုင်ရာခွန်အားမတိမ်းမရိမ်းတွေချည်းပါပဲ။အဲ့လိုဆိုရင် ခံသာပါသေးတယ်။


ဒါပေမယ့် ဒါကတစ်ခြားကမ္ဘာလေ ပိုပြီးတိတိကျကျပြောရရင် ​မှော် စွမ်းအင်တွေရှိတဲ့ကမ္ဘာတစ်ခုလေ။


ဒီတတိယမင်းသားက သူ့ရဲ့ ပါရမီ တွေအကုန်လုံးကို တီထွင်တာတွေ ဖန်တီးတာတွေနေရာမှာပဲ အသုံးချခဲ့တာကြောင့် ညီအကိုမောင်နှစ်မတွေကြားထဲမှာ ခွန်အားအနည်းဆုံးဖြစ်နေတယ်လေ။သူ့ရဲ့ညီမငယ်ကတောင်သူ့ကို တစ်စစီ ကြိမ်ဖန်များစွာ စုတ်ဖြဲနိုင်ပါတယ်။


သူ့လိုအားအနည်းဆုံးလူတစ်ယောက် အတွက် ထီးနန်းဆိုတာ ငရဲကိုသွားရမယ့်လက်မှတ်တစ်စောင်လိုပါပဲ။


ရာထူးနဲ့အာဏာတွေထက် ဂျော့ရှာ ကစိတ်လွတ်ကိုယ်လွတ်ပဲနေခြင်တာပါ ၊ဥပမာ ဂိမ်းပွဲတော်သွားပြီး သုံးရက်သုံးညလောက်လျောက်လည်တာတွေ လုပ်ချင်ရာလုပ်တာတွေ စတဲ့လူငယ် တွေလိုနေခြင်တာပါ။အဲ့လိုလည်း ဂျော့ရှာတစ်ကယ်နေခဲ့တာပါပဲ။


''ဆန္ဒမရှိပါဘူး ကျွန်တော်ပိုပြီး အရေးကြီးတာတွေလုပ်ဖို့ရှိနေလို့ပါ၊ဒါကြောင့် ကျွန်တော့်ကိုနှုတ်ထွက်ခွင့်ပြုပါ''


ဂျော့ရှာအနေနဲ့ ရုပ်ရှင်နဲ့ ဂိမ်းမင်းလုပ်ငန်းကိုလုပ်ကိုင်မယ်လို့ဆုံးဖြတ်လိုက်ပါပြီ။ဘုရင်တစ်ယောက်လုပ်ဖို့ဆိုတာ လူပင်ပန်းစိတ်ပင်ပန်းတဲ့အလုပ်ပါ။ဒါကြောင့်သူ့ညီကိုမောင်နှစ်မတွေ ထီးနန်းကိုလိုချင်တယ်ဆိုလည်း သူတို့ဘာသာစိတ်ကြိုက်ယူပါစေတော့။


''ပိုအရေးကြီးတဲ့အရာဟုတ်လား''


နော့ဒ်လိန်း နောက်ထပ်အမိန့်တစ်ခုမပေးခင်မှာဂျော့ရှာ ကိုအချိန်အတော်ကြာကြည့်နေလိုက်ပါတယ်။


''နော့ဇ်၊ စက်စလီ၊ ဖေးယ် မင်းတို့သုံးယောက်အရင်ပြန်လို့ရပြီ''


ငါ့ကို ဘုရင်အတင်းအကြပ်လုပ်ခိုင်းတော့မှာလား။ရှေးတုန်းကပုံပြင်တစ်ချို့မှာဘုရင်တွေကသူတို့ရဲ့ ဆက်ခံသူကိုဒီလိုအတင်းလွှဲပေးတာကို ဂျော့ရှာ အမှတ်ရလိုက်မိပါပြီ၊ ဒီလိုနဲ့ပဲ လူတိုင်းကရှုံ့ချကြတဲ့သားအငယ်ကောင်ကဘုရင်ဖြစ်သွားတဲ့ ဇာတ်လမ်းတွေလေ။


ဘာ​ကြောင့် အဲ့လိုရွေးလဲဟုတ်လား၊ ရွေးရတဲ့အကြောင်းအရင်းတွေအများကြီးရှိတာပေါ့။သူတို့အပြောအရ ခန္ဓီတရားကောင်းတာ၊သူများအပေါ်မှာ ကြင်နာသနားတတ်တာဘာညာသာရကာတွေပါ။ဂျော့ရှာ ကအဲ့ဒါတွေအကုန်လုံးကိုသောက်ပိုတွေလို့ပဲ ထင်ပါတယ်။အနည်းဆုံးအနေနဲ့ ဒီကမ္ဘာမှာတော့ လူတစ်ကာရှုံ့ချခံ ထောက်ခံသူမရှိတဲ့ သူတစ်ယောက်က ဘုရင်တစ်ယောက်တာဝန်ကို မယူနိုင်​ပါဘူး။


လောလောဆယ် ဂျော့ရှာတစ်ယောက် ''ကံကောင်းတဲ့အငယ်ဆုံးသား'' ဆုကိုပေါက်တော့မယ်လို့ခံစားနေရပါပြီ။


သူ့ရဲ့မောင်နှစ်မတွေထွက်ခွာပြီးနောက် အခန်းကြီးထဲမှာ ဂျော့ရှာနဲ့ နော့ဒ်လိန်းနှစ်ယောက်ပဲကျန်ခဲ့ပါတယ်။


''စိတ်အေးအေးထားပါ၊ မင်းအဲ့လိုစိတ်ဖိစီးနေစရာမလိုပါဘူး''နော့ဒ်လိန်း ပြောလိုက်ပါတယ်။


နော့ဒ်လိန်း ရဲ့ပြောသံကြားမှ ဂျော့ရှာတစ်ယောက်နတ်ဆိုးလောကရဲ့အရှင်သခင်ဆိုသူကို သေချာအကဲခပ်လိုက်ပါတယ်။သူကအိုနေပါပြီ ဖရိုဖရဲမုတ်ဆိတ်မွှေးအချို့နဲ့ မျက်နှာမှာအရေးအကြောင်းတွေနဲ့ပါ။


ဒါကတော့ စတွေ့တွေ့ခြင်းဂျော့ရှာစဥ်းစားလိုက်မိတာပါ။ဂျော့ရှာထင်ထားတာထက်ကိုသူက ပိုပြီးအိုမင်းနေပါပြီ၊ သူ့ရဲ့ပုံက အုပ်ချုပ်သူတစ်ယောက်ထက် သူ့ကလေး ၄ ယောက်ကို ရုန်းကန်ပြီးပျိုးထောင်နေရတဲ့လူအိုကြီးတစ်ယောက်ပုံ ပိုပေါက်ပါတယ်။


''ဂျော့ရှာ မင်းလူသားတွေနဲ့ နတ်ဆိုးတွေရဲ့ ဆက်ဆံရေးအပေါ်ဘယ်လိုမြင်လည်း''


နတ်ဆိုးလောကရဲ့အုပ်ချုပ်သူက လိုရင်းကိုပဲတိုက်ရိုက်မေးလိုက်ပါတယ်။ဒီမေးခွန်းကလည်းနတ်ဆိုးတစ်ကောင်အတွက်ဖြေရခက်တဲ့မေးခွန်းဖြစ်နေပြန်ပါတယ်။


''လက်ရှိမှာတော့ သူတို့တွေကရန်သူတွေပေါ့ ဒါပေမယ့်အဲ့ဒါကိုပြောင်းလဲနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်''


ခဏတာတုံ့ဆိုင်းပြီးမှ ဂျော့ရှာ အဖြေပြန်ပေးလိုက်ပါတယ်။


''ပြောင်းလဲနိုင်မယ်ဟုတ်လား ၊ လူသားမျိုးနွယ်ကငါတို့ကို မကောင်းမှုရဲ့ပြယုဂ်လို့သတ်မှတ်ပြီး အရိုးထဲထိမုန်းနေကြတာလေ။ခုလက်ရှိ နှစ်ရာပေါင်းများစွားဖြစ်နေတဲ့စစ်ပွဲက အဲ့ဒါရဲ့သက်သေပဲလေ။ဒါတောင်မင်းက...........မင်းကပြောင်းလဲနိုင်တယ်လို့ထင်နေတုန်းပဲလား''


''ဒါပေါ့ သူတို့ရဲ ​ထင်မြင်ချက်နဲ့ရှုထောင့်ကိုပြောင်းလဲနိုင်ပါသေးတယ်။ကျွန်တော်တို့လိုတာ အချိန်ပဲ''


နတ်ဆိုးအရှင်သခင်ရဲ့ မေးခွန်းကို ဂျော့ရှာခိုင်မာစွာပြန်ပြောလိုက်ပါတယ်။


''ဘယ်လိုပြောင်းအောင်လုပ်မှာလည်း၊ စိတ်လှည့်စားတဲ့မှော်ပညာကိုသုံးပြီးတော့လား။အဲ့သလိုလု​ပ်ပြီး သူတို့သာသိသွားရင် ငါတို့နတ်ဆိုးတွေကိုပိုပြီး ရွံမုန်းလာလိမ့်မယ်။ဒီနှစ်ရာပေါင်းများစွာကြာတဲ့ စစ်ပွဲကြောင့်ငါတို့မျိုး နွယ်တွေအင်အားနည်းနေကြပြီ နောက်ထပ်စစ်ပွဲတစ်ခုသာထပ်တိုက်ရရင် ငါတို့ရဲ့အဆုံးသတ်ဖြစ်သွားနိုင်တယ်''


ကြည့်ရတာနတ်ဆိုးအရှင်သခင် ကလူသားတွေနဲ့နောက်ထပ်စစ်ပွဲတစ်ပွဲထပ်မတိုက်ချင်တော့တဲ့ပုံပါ။


နတ်ဆိုးမျိုးနွယ်က ဂျော့ရှာတွေးထင်ထားသလိုအရမ်းသန်မာမနေပါဘူး ပြီးတော့ ဒ်ီကမ္ဘာကလူသားတွေကလည်း အရမ်းအားနည်းမနေပါဘူး။


''ဒါကြောင့် ဂျော့ရှာ နောက်ထပ်စစ်ပွဲတစ်ခုထပ်ဖြစ်ခဲ့ရင်မင်းအနေနဲ့ငါတို့ မျိုးနွယ်တွေကိုဦးဆောင်ပြီး ခိုလှုံဖို့နေရာအသစ်ရှာရမယ်၊ နော့ဇ် နဲ့ စက်စလီကတော့သေချာပေါက်ရှေ့တန်းကိုသွားမှာပဲ''


သူရှုံးနိမ့်မယ်လို့တောင်ကြိုသိပြီးပြီလား၊ ဒါပေမယ့်ဂျော့ရှာကတော့ထွက်ပြေးဖို့ရည်ရွယ်ချက်မရှိပါဘူး။


''စိတ်လှည့်စားတဲ့ ​မှော်ပညာကိုသုံးဖို့မလိုပါဘူး၊ ကျွန်တော်တို့ရဲ့ပုံသဏ္ဍာန် နဲ့ ယဥ်ကျေးမှုကို လူသားတွေသူတို့ဘာသာစိတ်ဝင်စားရှာဖွေလာအောင် ၊လက်ခံလာအောင်လုပ်လို့ရမယ့်နည်းကျွန်တော့်မှာရှိတယ်''


ဂျော့ရှာမှာသူဘာဆက်လုပ်မယ်ဆိုတဲ့ အစီစဥ်စိတ်ထဲမှာ ဆွဲပြီးပါပြီ၊အဲ့ဒီအစီအစဥ်ကိုအခြေခံပြီး နော့ဒ်လိန်း ကိုယုံကြည်ချက်ရှိရှိပြန်ပြောလိုက်တာပါ။


အမိကမ္ဘာမြေကြီးရဲ့လူသားတွေ နတ်ဆိုးအပေါ်ဘယ်လိုမြင်လဲ၊ကြောက်စရာလို့လား၊ အရိုင်းစိုင်းကြီးလို့လား။မှားတယ် ၊ အကုန်မှားတယ်။


ဂိမ်းတွေဆော့ဖူး ရုပ်ရှင်တွေကြည့်ဖူးတဲ့သူတွေတော့နားလည်ပါ လိမ့်မယ်။သူတို့ရဲ့နတ်ဆိုးတွေအပေါ်အမြင်ကအရမ်းမိုက်တယ်ဆိုတာပါပဲ။


များပြားတဲ့ ဂိမ်းတွေရုပ်ရှင်တွေထဲမှာ နတ်ဆိုးတွေကိုအဓိကထားပြီး ရိုက်ကြ ရေးဆွဲနေကြတာအခုခေတ် ရေပန်းစားနေတာပါ Dungeons and Dragons၊ World of Warcraft ၊ Diablo ၊ Hellboy စတာတွေပါ။ အရင်ခေတ်က ဗီလိန်နေရာကပဲဖြစ်ဖြစ်၊ယနေ့ခေတ် လူစွမ်းကောင်းနေရာကပဲ ​ဖြစ်ဖြစ် နတ်ဆိုးတွေအတွက်တစ်နေရာစာတော့ အမြဲပါနေတာပါပဲ။


Diablo ဂိမ်းကဗီလိန်ပေါ်လာပြီး ''သေခြင်းတစ်ရားဆိုတဲ့အရာတောင် ငါ့ဆီကနေမင်းကိုမကယ်တင်နိုင်ဘူး'' လို့ပြောလိုက်တဲ့အခန်း၊ World of Warcraft ဂိမ်းထဲက မယ်ဂါးနစ်က '' ငါ့နာမည် မယ်ဂါးနစ် ထာဝရဆိုတရားဆိုတာငါပဲ '' လို့ပြောလိုက်တဲ့အခန်းတွေမှာကြောက်ရွံ့မှုအစား လူတိုင်းစိတ်လှုပ်ရှားသွား ပြီးမိုက်တယ်လို့ခံစားရတယ်လေ။


ဂျော့ရှာဒီကမ္ဘာမှာ ဖျော်ဖြေရေးလုပ်ငန်း အောင်မြင် ချင်တယ်ဆိုရင် ရုပ်ရှင်နဲ့ ဂိမ်းတွေကိုသုံးပြီး နေထိုင်သူတွေရဲ့ နတ်ဆိုးတွေပေါ်အမြင်ကို ပြောင်းလဲနိုင်မှပါ။


''ငါတို့ရဲ့ နတ်ဆိုးယဥ်ကျေးမှုကိုလက်ခံလာအောင်ဟုတ်လား''


''သံတမန် နည်းလမ်းအသစ်တစ်ခုလို့ပြောလို့ရပါတယ်။ကျွန်တော်အသေးစိတ်အချက်လက်တွေကိုတော့လောလောဆယ်ပြောလို့မရသေးဘူး ဒါပေမယ့်ကျွန်တော့်ကိုနှစ် အနည်းငယ်လောက်အချိန်ပေးရင် အဲ့နည်းလမ်းကြောင့်ပြောင်းလဲလာတာတွေကိုတွေ့ရပါလိမ့်မယ်''


''မင်းလုပ်ထားတဲ့ အဲ့ဒီထူးထူးဆန်းဆန်းဟာတွေကိုသုံးပြီးတော့လုပ်မှာလား''


''ဟုတ်ကဲ့''


တတိယမင်းသားရဲ့ ဒီပစ္စည်းတွေကြောင့်ပဲ ဒီကမ္ဘာမှာရုပ်ရှင်ရိုက်မယ့်အစီစဥ်ကိုသူစတင်ဖို့စဥ်းစားမိခဲ့တာလေ။


ဒါ့အပြင်တီထွင်ဖန်တီးမှုဆိုတာကလည်း ယဥ်ကျေးမှုအမွေနှစ်တစ်မျိုးပဲလေ။နည်းပညာအမွေအနှစ်တွေ အကုန်လုံးက ဒီလို ဖန်တီးမှုတွေ စူးစမ်းမှုတွေကြောင့် ရလာတဲ့အသီးအပွင့်တွေပါ။


''စိတ်ဝင်စားစရာပဲ ၊ မင်းပြောတဲ့ ယဥ်ကျေးမှုဆိုတာက ငါတို့နတ်ဆိုးတွေနဲ့ လူသားတွေကြားမှာဘယ်လိုပြောင်းလဲမှုတွေသယ် ဆောင်လာမလဲငါစောင့်မျှော်နေပါ့မယ်'' လို့နော့ဒ်လိန်းပြောလိုက်ပါတော့တယ်။