အပိုင်း ၁
Viewers 2k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၁

 

 

“အိုက်ယိုး ဒါက တွေ့ရခဲတဲ့ ဝိညာဉ်ဆေး မလား နောက်ပြီး နေမကောင်းတဲ့သူတွေအတွက် သုံးရတာလေ”

 

 

“ဟုတ်တယ်။ ဒီမိန်းကလေးက အိပ်ပျော်နေတာ ၁၀နှစ်လောက်ရှိပြီ။ သူနိုးလာလိမ့်မယ်လို့ နင်ထင်လား”

 

 

“ဟားဟား ဒီဝိညာဉ်ဆေးက ဘာမှမဟုတ်ဘူး။ ငါကြားတာက မော့ယန်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်တဲ့။ ကံမကောင်းတာက အဲ့ဒါတွေအကုန်လုံးက သူ့ညီမအတွက်ပဲတဲ့”

 

 

မိန်းကလေးတွေရဲ့စကားပြောသံတွေက မော့ချူးနားထဲမှာ ဆူညံနေသည်။ ဘာနဲ့တူလဲဆိုတော့ ဘဲကောင်(၁၀၀)လောက်က အဆက်မပြတ် အော်နေတာနဲ့ တူနေသည်။ နောက်ပြီး သူမကို ခေါင်းကိုက်စေသည်။

 

 

“ရှူး... တိုးတိုးပြော။ တစ်ယောက်ယောက်က ဒီစကားတွေကို သွားဖြန့်လိုက်လို့ မော့ယန်ကြားသွားရင် ငါတို့ ဒုက္ခအကြီးအကျယ်‌ ရောက်မှာ”

 

 

“ဟာ ဘာကိုကြောက်ရမှာလဲ။ ငါတို့ ပြောနေတာတွေက အမှန်တွေလေ” မောက်မာတဲ့ မိန်းကလေးက သူမရဲ့ အသံကို မြှင့်၍ ပြောလိုက်သည်။ သူမရဲ့အသံက ရှက်ရမ်း ရမ်းတဲ့ပုံစံ ပေါက်နေပြီး ဆက်ပြောလိုက်သည်။

 

 

 “မော့ယန်ကို ဒုက္ခပေးတဲ့ ဒီကျက်သားရေ မရှိတဲ့ကောင်မလေးကြောင့်သာ မဟုတ်ရင် သူ့အသက်ကို အမြဲတမ်း စွန့်စားနေရမှာမဟုတ်ဘူး”

 

 

“ဟုတ်တယ်”

 

 

“ချင်းချင်းပြောတာမှန်တယ်”

 

 

“မှန်တယ်မှန်တယ်” မိန်းကလေးတွေအားလုံးထောက်ခံကြတာကို ကြားပြီး မောက်မာတဲ့မိန်းကလေးရဲ့ အသံက ပိုကျယ်လာတော့သည်။

 

 

 “ငါပြောရရင်တော့ ဒီအမှိုက်မက သေသွားတာပဲပိုကောင်းတယ်။ သူအသက်ရှင်နေလည်း ဝန်ထုပ်ပိုတာပဲရှိတယ်။ ဘယ်အချိန်ထိ မော့ယန်ကို ဒုက္ခပေးနေဦးမှာလဲမသိဘူး” ဟု သူမက ပြောလိုက်သည်။

 

 

“မင်းဘယ်လို ပြောလိုက်တာလဲ” ရုတ်တရက် စူးရှပြီးဒေါသထွက်နေတဲ့ အမျိုးသားအသံက ဖြတ်ပြောလိုက်သည်။

 

 

“ကျွန်မ ပြောတာက ဒီကောင်မလေး -----“ ဟု မိန်းကလေးက ဆက်ပြောလိုက်သည်။ ဒါပေမဲ့ အသံပိုင်ရှင်ကို နောက်လည့်ကြည့်လိုက်ချိန်မှာ သူမမျက်နှာ ဖြူရော်သွားသည်။ ကျန်နေသေးတဲ့ စကားလုံးများဟာ သူမလည်ချောင်းထဲမှာတင် တစ်နေပြီ။ သူမပြောဖို့ကြိုးစားပေမဲ့လည်း ဘာစကားလုံးမှ ထွက်မလာတော့ချေ။

 

 

အခန်းထဲမှာရှိတဲ့ မိန်းကလေးတွေရဲ့ မျက်နှာထားများ ပြောင်းသွားကြသည်။ အချို့ဆို အနည်းငယ်ပင် တုန်တုန်ယင်ယင် ဖြစ်နေကြသည်။

 

 

တံခါးမှာ ရပ်နေတဲ့ အမျိုးသားဟာ ရုပ်ရည်ချောမောသည်။ အရပ်ရှည်ရှည် ဗလတောင့်တောင့် ဖြစ်ပြီး သူ့ပုံစံက အလွန်စွဲဆောင်မှုရှိနေသည်။ အဲ့အချိန်မှာ သူ့ရဲ့ တစ်ကိုယ်လုံး သွေးနီနီတွေ စွန်းနေသည်။ အားလုံးလည်း ထိုသွေးညှီနံ့များကို ရသည်။ အဲ့ဒီအမျိုးသားရဲ့မျက်နှာက အေးစက်နေပြီး သွေးဆာနေတဲ့မျက်လုံးများနှင့် စိုက်ကြည့်နေကာ သူ့ရဲ့ သတ်ချင်ဖြတ်ချင်သည့်စိတ်များကလည်း ပေါ်လွင်နေသည်။

 

 

မိန်းကလေးက အတင်းပြုံးယူလိုက်ပြီး တုန်တုန်ယင်ယင် အသံနှင့် မေးလိုက်သည်။    

 

 

“ မော့...မော့ယန် ဘယ်ချိန်ကပြန်ရောက်နေတာလဲ”

 

 

မော့ယန်က သူမကိုလျစ်လျူရှုလိုက်သည်။ သူတို့ ဘာမှမတတ်နိုင်တော့ပေမဲ့ မော့ယန် ခန္ဓာကိုယ်ထဲမှာစီးနေတဲ့ ဒေါသတွေကို‌တော့ အလွန်ကြောက်နေကြသည်။

 

 

“မင်းတို့ အခု ငါ့ညီမအကြောင်းကို ဘာတွေပြောနေကြတာလဲ”

 

 

“...”

 

 

တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။

 

 

အကုန်လုံးက မော့ယန်ရဲ့ဒေါသကိုကြောက်နေကြပြီး ပါးစပ်လှုပ်ရဲသည့်သူ မရှိပါ။

 

 

အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ စိတ်ကြီးဝင်နေတဲ့မိန်းကလေးက သူမကိုယ်သူမ ကာကွယ်ရန် စပြောခဲ့သည်။ “ကျွန်မ... မဟုတ်ဘူး ကျွန်မတို့က မော့ယန်အတွက်ပြောနေကြတာပါ”

 

 

ဒါပေမဲ့လည်း သူမ မော့ယန်ရဲ့ ဒေါသတွေပြည့်နေတဲ့ မျက်လုံများကို ကြည့်လိုက်တဲ့အချိန် အရမ်းကြောက်သွားကာ ခိုက်ခိုက်တုန်သွားသည်။ သူမက စကားကို ထစ်ထစ်ငေါ့ငေါ့ စပြောတော့သည်။ “ကျွန်မ...ကျွန်မ မော့ယန်အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူကဒီလောက်လုပ်ပေးဖို့မတန်ပါဘူး”

 

 

“ဘာကမတန်တာလဲ” မော့ယန်က အရမ်းစိတ်တိုနေပြီး ပြုံးတော့သည်။ ဒါပေမဲ့ အဲ့ဒီအေးစက်နေတဲ့အပြုံးက လူတွေကိုပိုပြီး တုန်လှုပ်စေသည်။

 

 

“မော့ချူး ဒီလိုဖြစ်နေတာက ဝန်ထုပ်ပဲ ဟုတ်လား”

 

 

ဟူချင်းရဲ့အဖေက ‘ဝံပုလွေရိုင်း’ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်သည်။ သူမမောက်မာနေတာဟာ မောက်မာလို့ရတာက သူမ မိသားစု အဆင့်အတန်းကြောင့်ဖြစ်သည်။ နောက်ပြီး မော့ယန်သည်လည်း ဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေသည်။ ဘယ်လိုပဲဖြစ်နေ သူက သူမနဲ့ ဆက်ဆံရမှာဖြစ်သည်။

 

 

“အား---“

 

 

ဟူချင်းက ကြောက်စရာကောင်းတဲ့ အော်သံကိုအော်လိုက်ရတဲ့အတွက် ကျေနပ်နေသည်။ သူမက မျက်နှာညာဘက်ခြမ်းကို လက်နှင့် တင်ကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီး သူမလက်ချောင်းများကြားမှာ သွေးများစီးကျလာသည်ကို မယုံနိုင်သည့်မျက်လုံးများနှင့် ပြူး၍ကြည့်နေသည်။

 

 

“ဘုရားရေ”

 

 

သူမဘေးမှ မိန်းကလေးများက ထိုအဖြစ်ကိုမြင်သောအခါ လန့်သွားကြသည်။ အဖွဲ့ချုပ်တွင် မိန်းကလေးဦးရေက အမျိုးသားဦးရေအောက် အများကြီးပိုနည်းသည်။ များသောအားဖြင့် အမျိုးသားအများစုက ကူညီရိုင်းပင်းပြီး ကာကွယ်တတ်ကြသည်။ သူတို့သည် မော့ယန်ကို ထိုလောက် အကြင်နာခေါင်းပါးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

 

 

မိန်းကလေးအားလုံး အနောက်ကို ခြေတစ်လှမ်းဆုတ်သွားကြပြီး မော့ယန်၏ ပစ်မှတ်ထားခံရမည်ကို ကြောက်နေကြသည်။

 

 

“ဝန်ထုတ် ဟုတ်လား” မော့ယန်ဟာ သူ့ရဲ့ မျက်ခုံးများကိုပင့်လိုက်ပြီး ထိတ်လန့်စရာကောင်းတဲ့ အရှိန်အဝါက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ “ချူးလေးက ငါ့ရဲ့ တစ်ခုတည်းသော ရတနာပဲ။ ဘယ်သူက မင်းကို အဲ့လိုပြောခွင့်ပြုထားလို့လဲ”