အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၂
“ရှင် ကျွန်မကိုလုပ်တယ်ပေါ့” ဘာတွေဘဲဖြစ်ဖြစ်
မိန်းကလေးတစ်ယောက်က သူမရဲ့ အသွင်အပြင်ကို ဂရုအစိုက်ဆုံးပင်။ မော့ယန်က သူမရဲ့မျက်နှာကို
ထိခိုက်အောင်လုပ်လိုက်သည်။ ဟူချင်းရဲ့မျက်နှာက ချက်ချင်းမဲမှောင်သွားပြီး သူမရဲ့စိတ်ထဲမှာ
မုန်းတီးစိတ်တွေ၊ ရှက်စိတ်တွေ ပြည့်သွားခဲ့သည်။
သူမရဲ့လက်ကိုမြှောက်လိုက်ပြီး ချွန်ထက်နေတဲ့ဓားမြှောင်နဲ့
မော့ယန်ကို ထိုးရန်ရွယ်လိုက်သည်။ ဒါပေမဲ့ မော့ယန်က ကြိုသတိထားမိပြီး ဟူချင်းရဲ့ လက်ကို
တင်းကြပ်စွာ ဆုပ်ကိုင်ပြီးတားလိုက်သည်။
“ခေါင်းဆောင်ဟူကြောင့်သာ မဟုတ်ရင် ငါမင်းကို ဒီနေ့အတွက်
လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး” ဟု မော့ယန်က သုတ်မှုန်စွာပြောလိုက်သည်။ သူက သူရဲ့
ဘယ်ဘက်လက် သွယ်သွယ်လေးကို အနည်းငယ်မြှောက်လိုက်ပြီး ခရမ်းနက်ရောင်တောက်နေတဲ့ ဘောလုံးတစ်လုံးကို
လေထဲတွင် ဝှေ့ရမ်းလိုက်သည်။ ထွက်လာတဲ့အရောင်တွေဟာ တရှဲရှဲမြည်နေပြီး အလွန်ကြောက်စရာကောင်းနေသည်။
“အား” အဲဒါကိုမြင်ပြီး အနောက်ကဘမိန်းကလေးတွေက
နောက်တစ်ကြိမ်မအော်ဘဲ မနေနိုင်တော့ပါ။ သူတို့ရဲ့မျက်နှာတွေ ဖြူရော်နေကြပြီး ဖြစ်နိုင်ရင်ဘဒီနေရာကနေ
အမြန်ဆုံး ထွက်သွားချင်နေကြသည်။
မော့ယန်ဟာ စွမ်းအင်အဆင့်(၅)ရှိပြီး ဝံပုလွေရိုင်းအဖွဲ့အစည်းတစ်ခုလုံးမှာ
အတော်ဆုံးသူအဖြစ် သတ်မှတ်ထားကြသည်။ သူ့ရဲ့လက်ထဲမှာရှိတဲ့ စွမ်းအင်ဘောလုံးသေးသေးလေးနဲ့တောင်
သူတို့အကုန်လုံးကို သတ်၍ရသည်။
“အဲ့တော့ ကျွန်မကို သတ်တော့မယ်ပေါ့လေ” ဟူချင်းက
မော့ယန်နဲ့ အနီးဆုံးနေရာမှာရှိနေပြီး သူ့ရဲ့လက်ထဲက စွမ်းအားတွေကို ကောင်းကောင်းကြီး
ခံစားနေရသည်။
ဒါပေမဲ့
အဲ့လိုသိနေတာတောင် ဟူချင်းက အရှက်မကွဲချင်ဘူး။ သူမက ပြန်လည်ချေပပြီး ပြောလိုက်သည်။
“ဒီကောင်မလေးက ဆန်ကုန်မြေလေးပဲ။ မဟုတ်ဘူး ဆန်ကုန်မြေလေးကမှ သူ့ထက်သာဦးမယ်”
“တိတ်စမ်း” မော့ယန်ရဲ့ မျက်လုံးတော့ဟာ ပိုပိုပြီး
မဲမှောင်လာသည်။ သူကစိုက်ကြည့်နေပေမဲ့ ဘာလုပ်တော့မယ်ဆိုတာကို မှန်းလို့မရပါဘူး။ သူက
ဟူချင်းရဲ့ လက်တုတ်တုတ်ကြီးကို ဆွဲကိုင်လိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်ကို ချိုးဖို့လုပ်လိုက်သည်။
“အား
နာလိုက်တာ၊ အရမ်းနာတာပဲ။ ကျွန်မကို လွှတ်”
နာကျင်နေတဲ့ အော်သံက တစ်ခန်းလုံးကိုလွှမ်းခြုံသွားသည်။
အားလုံးလည်း သူမနာကျင်နေတာကို သူမရဲ့ စူးရှပြီးတုန်ယင်နေတဲ့ အသံကနေ တဆင့် သိနိုင်ကြသည်။
ဟူချင်းက ရုတ်တရက်မျက်ရည်တွေကျလာသည်။ သူမရဲ့နှာခေါင်းက
နှပ်တွေထွက်လာပြီး အသေးစိတ်လိမ်းချယ်ထားတဲ့ သူမမိတ်ကပ်ပေါ်ကို စွန်းထင်ကုန်သည်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း
တွန့်လိမ်နေသည်။ သူမရဲ့ လက်ကောက်ဝတ်တစ်ခုတည်းကိုပဲ မော့ယန်ကဆွဲထားသော်လည်း သူမကို ကြည့်ရသူမှာ
တော်တော်အဖြစ်ဆိုးနေဟန်ရသည်။
“အကိုမော့ ဒီအင်အားတွေက အခုမစ်ရှင်အတွက် ခွဲထားတဲ့ဟာတွေပါ။
တစ်ချက်ကြည့်ကြည့်ပါဦး”
တံခါး
“ကျွီ”ခနဲ ပွင့်လာသည်။ ဝေ့ယွမ်က လက်ထဲမှာသူရဲ့ အိတ်ကို ကိုင်ထားသည်။ စကားမဆုံးသေးခင်မှာပဲ
သူဟာ သူရှေ့က မြင်ကွင်းကြောင့် ဆွံအသွားသည်။
သူရဲ့နောက်က မိန်းကလေးတွေက သတိပြန်ဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက်
အော်ကာ ပြေးသွားတော့သည်။
...
အဖွဲ့ချုပ်ရဲ့ ဆေးဝါးတွေဟာ အလွန်အစွမ်းထက်သည်။
ဟူချင်းရဲ့ ထိခိုက်ဒဏ်ရာသေးသေးလေးအတွက် ကုသဖို့
နာရီဝက်ပဲ အချိန်ယူရသည်။ သူမရဲ့မျက်နှာက ရှင်းလင်းသွားပြီး ခြစ်ရာလည်း မရှိတော့ပါ။
“မော့ယန် အခုတစ်ခေါက်ဖြစ်သွားတဲ့ကိစ္စက ချင်းချင်းအပြစ်ပဲ။
ဒီမဆင်မခြင် ကလေးမကတော့” အခန်းထဲတွင် ဟူထျန်းက သူ့သမီးကို တင်းမာစူးရှစွာကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ သူမကို သင်ခန်းစာကောင်းကောင်းပေးလိုက်ပါမယ်။
ငါ့ကို ထောက်ထားပြီးပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါ”
ဟူထျန်းက ဝံပုလွေရိုင်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်သည်။
သူ့မှာ စူးရှပြီးကြမ်းတမ်းတဲ့ အသွင်သဏ္ဌာန်ရှိသည်။
ဒါပေမဲ့ သူ့မျက်ခုံးနှစ်ခုကြားက အရေးကြောင်းများက သူ့ဘဝကြမ်းတမ်းပုံကို ဖော်ပြနေသည်။
သူက လူမှန်တစ်ယောက်ဖြစ်ပြီး တည်ကြည်ဖြောင့်မတ်သည်။
နောက်ပြီး အခြားသူအားလုံးက လေးစားအားကျရသော ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်သည်။
ဒါပေမဲ့လည်း
သူ့တစ်ဦးတည်းသော သမီးအပေါ် မရက်စက်နိုင်တာကြောင့် သူမက မောက်မာပြီးဗိုလ်ကျတတ်စွာ ကြီးပြင်းလာတာဖြစ်သည်။
“အဖေ သမီး ဘာအမှားလုပ်လို့လဲ” ဟူချင်းက အနာသက်သာသွားတော့
မော့ယန်ပေးလိုက်တဲ့ သင်ခန်းစာကို မေ့နေတဲ့ပုံပင်။ အခုကျ သူမအဖေရဲ့ အရှိန်ဖြင့် ချက်ချင်းပြန်ပြီး
ယုံကြည်မှုတွေရှိလာသည်။ “သမီးပြောလိုက်တာတွေက အမှန်တွေပဲလေ။ နောက်ပြီး...”
ကျန်နေသေးတဲ့သူမစကားတွေက မော့ယန်ရဲ့ စူးရှတဲ့အကြည့်ကြောင့်
ထွက်မလာတော့ပေ။ နောက်ပြီး သူမဆက်မပြောဝံ့တော့ဘူး။
သူမက အရမ်းကြောက်နေပြီ။ တကယ်လို့ ဝေ့ယွမ်သာ အချိန်ကိုက်
မရောက်လာပဲ မော့ယန်ကို မတားလိုက်ရင် သူမကို မော့ယန်က သတ်တော့မယ်လို့တောင် သူမထင်နေသည်။
မော့ယန်က ထိုင်ခုံပေါ်ကို တည့်မတ်စွာ ထိုင်လိုက်သည်။
တော်တော်လေးကြာတော့ သူက “ဒီကိစ္စကို ဒီတိုင်းပဲထားလိုက်ကြရအောင်”
ဟု ပြောလိုက်သည်။
ဟူးထျန်းနဲ့ အခြားသူတွေ စိတ်သက်သာရာမရခင်မှာပဲ
မော့ယန်ရဲ့ နောက်ထပ်စကားကတော့ သူတို့ရဲ့နားထဲ မိုးကြိုးပစ်လိုက်သည့် အတိုင်းပင်။
“ပြီးတော့ ကျွန်တော် အဖွဲ့အစည်းထဲကနေ နှုတ်ထွက်ပါမယ်”