အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၃
“ဘယ်လို”
ဟူထျန်းရဲ့မျက်လုံးများ ပြူးသွားပြီး တင်းမာစွာမေးလိုက်သည်။
“ကောင်လေး မင်းအခုဘာပြောလိုက်တာလဲ”
အခြားအဖွဲ့ဝင်များကလည်း မော့ယန်ကို မယုံနိုင်သည့်မျက်လုံးများနှင့်
ကြည့်နေကြသည်။ သူတို့ဟာ တာဝန်ကိုငါးနှစ်လောက် ထမ်းဆောင်ပြီး အတူတကွ အလုပ်လုပ်ခဲ့သူများ
ဖြစ်သည်။ အခုတွင် မော့ယန်သည် အသေးအဖွဲ့ ကိစ္စလေးအတွက်နှင့် အဖွဲ့အစည်းထဲမှ နှုတ်ထွက်ရန်
ပြောနေသည်။
“ကျွန်တော် အဖွဲ့အစည်းထဲက ထွက်တော့မယ်လို့ ပြောလိုက်တာ”
ဟု မော့ယန်က ခေါင်းဆောင်ဟူ၏ မျက်လုံးများကိုကြည့်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။
ဟူထျန်းဟာ နှုတ်ခမ်းတွေဆက်ဆက်တုန်နေပြီး စားပွဲကိုအားနဲ့ထုလိုက်ကာ
သူမျက်နှာသည်လည်း ဒေါသများနှင့်ပြည့်နေသည်။ “မင်း ဘာတွေပြောနေတာလဲ။ ဒီနှစ်တွေမှာ ငါတို့တွေက
အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတာကွ။ ဒီကိစ္စလေးလောက်နဲ့ မင်းကအဖွဲ့အစည်းထဲက ထွက်ချင်တယ်ပေါ့လေ”
“မှန်တယ်” အခြားအဖွဲ့ဝင်များကလည်း သူ့ကိုမထွက်သွားစေရန်
တိုက်တွန်းကြသည်။ “မော့ယန် မင်းထွက်သွားရင် ငါတို့ဝံပုလွေရိုင်းအဖွဲ့အစည်းမှာ အရေးပါတဲ့အပိုင်းက
လပ်နေလိမ့်မယ်ကွ”
“ဟုတ်တယ်။ မင်းက ဒီတိုင်းပဲ ထွက်သွားတော့မှာလား”
ဒါပေမဲ့လည်း မော့ယန်ကတော့ တုပ်တုပ်မျှမလှုပ်ခဲ့ပါဘူး။
“တော်ပြီ” ခေါင်းဆောင်ဟူဟာ သူ့သမီးမှားမှန်းသိသည်။
သူက လက်ထောင်ပြီး တားလိုက်သည်။ “ချင်းချင်းလုပ်လိုက်တာက လက်မခံနိုင်စရာကောင်းတာအမှန်ပဲ။
မင်းသူမကို အပြစ်ပေးရင်လည်း ငါဘာမှဝင်ပြောမှာမဟုတ်တော့ဘူး။ ဒီလောက်ဆို လုံလောက်တယ်မလား”
ဟူထျန်းက သူ့သမီးဒုက္ခခံရမှာကို မကြည့်ရက်ပေ။
ဒါပေမဲ့လည်း မော့ယန်ဟာ ဒီလောက်အရွယ်လေးမှာတောင် မိုးကြိုးစွမ်းအင်တွင် အဆင့်(၅)ပညာရှင်ဖြစ်နေပြီ။
သူ့ရဲ့အလားအလာက အများကြီး ရှိသေးသည်။ ဒီလိုအရေးမဖွဲ့လောက်တဲ့ ကိစ္စအတွက်နှင့် သူ့ကိုထွက်သွားခွင့်ပြုလိုက်ရန်လည်း
မတန်ချေ။
ထို့ပြင် ခေါင်းဆောင်၏ အရှိန်ဖြင့် မော့ယန်သည်
ဟူချင်းအပေါ် အရမ်းရက်စက်မည်မဟုတ်ပေ။
“အဖေ ဘာတွေပြောနေတာလဲ” ဟူချင်းဟာ သူ့အဖေရဲ့ စွန့်လွှတ်မှုကို
နားမလည်နိုင်ဖြစ်နေသည်။ အဲ့ဒီစကားတွေကြားပြီးတဲ့နောက်မှာ သူမ အရမ်းစိတ်တိုသွားသည်။
ဟူထျန်းက သူ့သမီးကို မော့ယန်ကို တောင်းပန်ခိုင်းနေသတာား။ သူမကတော့ တောင်းပန်မယ့်အစား
ကျားပါးစပ်ထဲကိုသာဝင်ပြီး အစားခံလိုက်မယ့်လူစားမျိုးပါ။
“ခေါင်းဆောင် ကျွန်တော်သေချာဆုံးဖြတ်ချက်ချပြီးသွားပါပြီ”
မော့ယန်ဟာ ထိုင်ခုံမှာထိုင်နေပြီး သူ့မျက်နှာထားဟာ အတည်ပေါက်ဖြစ်နေသည်။
ဟား ကောင်လေးက ဘယ်သူဘာပြောပြော နားမထောင်ပါဘူး။
ဟူထျန်းဟာ မျက်မှောင်ကျုံ့လိုက်ပြီး သူ့ကိုထွက်မသွားဖို့
ဖြောင်းဖြလိုက်သည်။ “ငါတို့တွေက အခုဆိုရင် ညီအစ်ကိုတွေ မဟုတ်ဘူးလား။ မင်းတစ်ကယ်ပဲထွက်သွားဖို့
ဆန္ဒရှိတာလား”
“ခေါင်းဆောင်” နောက်ဆုံးတော့ မော့ယန်ရဲ့လေသံဟာပြောင်းလဲသွားခဲ့သည်။
သူက အခန်းထဲက ချိတ်ပိတ်ထားတဲ့ အဆောင်ကို လှည့်ကြည့်လိုက်ပြီး
သူ့မျက်နှာထားက နူးညံ့သွားသည်။
“ချူးလေးက ကျွန်တော့်အတွက် ဘယ်လောက်အရေးပါလဲ ခင်ဗျားတို့သိသင့်တယ်”
“ဟူချင်းနဲ့ အခြားသူတွေ ချူးလေးအပေါ်မှာထားတဲ့
သဘောထားကို ကျွန်တော် အရင်က မသိခဲ့ဘူး။ အခုတော့သိပြီ။ ဒါကို ဒီတိုင်းမျက်ကွယ်မပြုထားနိုင်ဘူး။
ချူးလေးကို မုန်းတဲ့သူတွေနဲ့ တစ်မိုးထဲမှာ ကျွန်တော်မနေနိုင်ပါဘူး”
အဲ့ဒါကိုကြားပြီး ဟူထျန်းရဲ့မျက်နှာထားဟာ ရုတ်တရက်မာသွားသည်။
အဲ့ဒါက သူအခုမှ မော့ယန် သူ့ညီမကို ဘယ်လောက် တန်ဖိုးထားလဲ သတိရသွားသည်။
ဒီလူငယ်လေးဟာဆိုရင် မစ်ရှင်တွေကနေ ရတဲ့သဘာဝရတနာတွေကိုလည်း
မသိမ်းထားပါ။ အကုန်လုံးကို မော့ချူးအတွက်သုံးသည်။ အဖွဲ့ချုပ်က သူ့ကိုခွဲဝေပေးတဲ့ ဒင်္ဂါးတွေကိုလည်း
မော့ချူးလိုအပ်တဲ့ ဝိဉာဉ်ဆေးတွေပဲဝယ်သည်။ ဒါတွေအားလုံးက မော့ချူးကို သူ့ကိုယ်သူထက်
ပိုတန်ဖိုးထားတာကို ပြလိုက်တာပင်။
“အဲ့ဒါဆိုရင် ဟူချင်းနဲ့ တစ်ခြားသူတွေလည်း ပြောင်းလဲလို့ရတာပဲလေ”
ဝေ့ယွမ်က မော့ယန်ကို အရိုသေဆုံးသူပါ။ သူ့စံပြပုဂ္ဂိုလ်က ဒီတိုင်းထွက်သွားတာကို သူဘယ်လိုကြည့်နိုင်ပါ့မလဲ။
မော့ယန်ကတော့ ဘာမှမပြောခဲ့ပါဘူး။ သူက ဟူချင်းကိုသူ့မျက်လုံးတွေနဲ့
စိုက်ပဲကြည့်နေခဲ့သည်။ အဲ့ဒါက သူဘာပြောမယ်ဆိုတာပါပဲ။
တစ်ဖက်မှာထိုင်နေတဲ့ ဟူထျန်းဟာ စကားပြန်ပြောရန်
ရှက်အားနာဖြစ်နေသည်။ နောက်ပြီး ဟူချင်းက သူ့သမီးလေ။ သူ့သမီး အကျင့်အကြောင်း သူကောင်းကောင်းကြီး
သိသည်။
“အခုတော့ဒီလောက်ပါပဲ။ ကျွန်တော့်ပစ္စည်းတွေကို
နောက်မှ သိမ်းလိုက်မယ်။ မော့ယန်က သူ့စကားမဆုံးသေးခင်မှာပဲ ကျယ်လောင်တဲ့ လေချွန်သံကို
ခဏကြားလိုက်ရသည်။
ဒင်း ဒေါင် --- ဒင်း ဒေါင်--
မော့ယန်ရဲ့မျက်နှာထားဟာ ရုတ်တရက်အေးခဲသွားသည်။
သူက အခန်းအလယ်က ချိတ်ပိတ်ထားတဲ့ အဆောင်ဘက်ကို လှည့်ကြည့်လိုက်သည်။
ဆယ့်ငါးနှစ်တိုင်ကြာအောင် တိတ်ဆိတ်နေခဲ့တဲ့ ချိတ်ပိတ်ထားတဲ့
အဆောင်လေးကနေ အခု ကျယ်လောင်တဲ့အသံတစ်ခု ထွက်လာသည်။ သိသာသည့် အစိမ်းရောင်အလင်းရောင်တစ်ခုသည်
အခန်းငယ်ထဲမှာ ရုတ်တရက် လင်းလာခဲ့သည်။ အဲ့ဒါဟာ ချိတ်ပိတ်ထားသည့်အဆောင်ထဲမှ လူက ဦးနှောက်နှင့်
ပြန်လည်ချိတ်ဆက်မိသွားသောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် အခန်းငယ်ထဲမှလူ နိုးထလာပြီ
ဖြစ်သည်။
အကုန်လုံး ဆွံ့အနေကြသည်။ သူ့တို့ကိုနောက်မှာထားခဲ့လိုက်ပြီး
မော့ယန်ကတော့ ချိတ်ပိတ်ထားတဲ့အဆောင်ထဲကိုသွားလိုက်သည်။ သူ့ရဲ့မျက်လုံးများက အဆောင်ထဲက
မိန်းကလေးကို ကြည့်နေတဲ့အချိန်တွင် လင်းလက်တောက်ပနေသည်။
“ချူးလေး ချူးလေး” သူ့ရင်ထဲမှာ စိတ်ခံစားချက်တွေလှုပ်ရှားနေသော်လည်း
မော့ယန်ရဲ့ အသံဟာ အလွန်နူးညံ့ပြီးတည်ငြိမ်နေခဲ့သည်။ သူမဟာ သူ့ရဲ့ သွေးသားရင်းညီမဖြစ်ပြီး
မွေးကတည်းက အိပ်ပျော်နေခဲ့တဲ့သူပင်။ အခုတော့ သူမက တကယ်...တကယ်ပဲ နိုးထလာခဲ့ပြီ။
သူ့ရဲ့မြူးကြွနေတဲ့ အကြည့်တွေအောက်မှာ အထဲက မိန်မငယ်လေးကတော့
ငြိမ်သက်စွာအိပ်နေတုန်းပင်။ နည်းနည်းလေးတောင် မလှုပ်နေခဲ့ပေ။
တီးလုံးသံလေးက
တစ်ကမ္ဘာလုံးကို ကြားစေချင်တဲ့အတိုင်း ဆက်နေခဲ့သည်။