အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၄
အရမ်းဆူညံနေတာပဲ။
မော့ချူးက ဆူညံသံတွေကို ဆက်တိုက်ဆက်တိုက် မကြားရခင်က
သူမ အချိန်အကြာကြီး အိပ်ပျော်နေခဲ့တာကို ခံစားမိသည်။ ဆူညံသံများက သူမဖြည်းဖြည်းချင်းမနိုးခင်အထိ
ပို၍ကျယ်ကျယ်လာသည်။
သူမ၏ သွယ်လျသောမျက်တောင်များသည် အနည်းငယ်လှုပ်ကာ
ချိတ်ပိတ်ထားသည့်အဆောင်ထဲမှ မိန်းကလေးငယ်လေးသည် နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း
မျက်လုံးများပွင့်လာသည်။
သူမ၏ အနက်ရောင် မျက်စံလေး နှစ်ခုသည် ကြီးမားသော
ကြယ်စုကြီးများနှင့် တူပြီး သူမ၏ မျက်နှာ အသွင်အပြင်မှာ ချောမွတ်လှသည်။ သို့သော် သူမသည်
ချိတ်ပိတ်ထားသော အဆောင်တွင် အကြာကြီးနေခဲ့ရသောကြောင့် သူမ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့ပြီး
ပိန်ပိန်ပါးပါးဖြစ်နေသည်။
“ချူးလေး မင်းနိုးလာပြီလား။ ချူးလေး...” နူးညံ့ပြီး
အနည်းငယ်တုန်နေသော အသံကို သူမကြားရသည်။
မော့ချူးက ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။
ချောမောလှသော လူငယ်တစ်ယောက်က သူမကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးတွေက အနည်းငယ်နီနေပေမယ့်
သူ့နှုတ်ခမ်းထောင့်က အပြုံးလေးက အခန်းတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သည်။
ချိတ်ပိတ်ထားသောအဆောင်ထဲမှ နိုးလာတဲ့ မိန်းမငယ်လေးကို
မော့ယန်သည် မျက်တောင်မခတ်နိုင်လောက်အောင်ကြည့်နေသည်။ သူ့နှလုံးသားထဲက ထွက်လာတဲ့ ပျော်ရွှင်မှုက
သူ့ကို ဖုံးလွှမ်းသွားသည်။
“သူမနိုးလာပြီ။ သူမနိုးလာပြီ” သူ့ဘေးနားကအဖွဲ့ဝင်များဟာ
မယုံနိုင်စွာဖြင့် မျက်လုံးများပြူး၍ ပြောနေကြသည်။
အဖွဲ့ချုပ်၏ ဆေးဘက်ဆိုင်ရာနည်းပညာသည် အလွန်အဆင့်မြင့်သည်။
စိတ်ပိုင်းဆိုင်ရာ သေဆုံးခြင်းမဟုတ်သရွေ့ ဦးနှောက်သေခြင်းပင်လျှင် ကယ်တင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း မော့ချူး၏ ဦးနှောက်လှိုင်းများသည်
၁၅နှစ်ကြာ ငြိမ်သက်နေခဲ့သည်။ အခြားသူသာ မော့ယန်နေရာဆိုလျှင် မျှော်လင့်ချက်မဲ့နေလိမ့်မည်။
မော့ယန်သာလျှင် ခံနိုင်ရည်ရှိခဲ့သည်။
ဒါပေမဲ့လည်း ဘယ်သူကမှ မော့ချူးကို ပြန်လည်နိုးထလာမယ်ဟု
မမျှော်လင့်ထားကြပါ။ ဒီမိန်းမပျိုလေး ပြန်နိုးလာမည်ဟု တွေးထားမည်မဟုတ်ပါ။
အဲ့ဒါကြောင့် လူတိုင်းက မော့ချူးကို ဒဏ္ဍာရီလာ
အဆင့်(၂၀)သားရဲတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင် ငေးကြည့်နေကြသည်။ မော့ယန်သာ မတားလိုက်ဘူးဆို
သူတို့က ဒီသတင်းကို စတားနက်မှာ တင်ကြဦးမည်။ ကြည့်ရှုသူဦးရေကလည်း သေချာပေါက် သတ်မှတ်ထားသည်ထက်တောင်ကျော်လွန်နေပေလိမ့်မည်။
“ဟာ အဲ့တော့ သူမက နိုးလာပြီပေါ့” ဟူချင်းက စိတ်လှုပ်ရှားနေတဲ့ပုံပေါ်ပေမဲ့
သူမရင်ထဲမှာ မကျေမချမ်းဖြစ်နေသည်။ “နှစ်တွေအများကြီး အိပ်ပျော်နေတယ်ဆိုတာကလည်း တကယ်ဟုတ်လား
မဟုတ်လား ဘယ်သူကသိမှာလဲ”
“မင်း တိတ်စမ်း” မော့ယန်ရဲ့ တင်းမာနေတဲ့မျက်နှာထားကိုကြည့်လိုက်ပြီး
ဟူထျန်းက ချက်ချင်းပဲ မော့ချူးပြောနေတာကို အော်ပြီးရပ်ခိုင်းလိုက်သည်။ ဘာလို့ဒီကောင်မလေးက
အမြဲတမ်း မော့ယန်ကို ရန်စချင်နေရလဲမသိဘူး။ သူမဒီလိုလုပ်ပြီး ဘာရမယ်ထင်နေလဲမသိဘူး။
“ကောင်းပြီ။ မော့ချူး နိုးလာတယ်ဆိုတာက သတင်းကောင်းပဲပေါ့။
ငါတို့ အပြင်ထွက်ကြရအောင်။ သူတို့မောင်နှမနှစ်ယောက် စကားပြောပါစေ”
ခေါင်းဆောင်ဟူက ခပ်မြန်မြန်ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
သူသာ သူ့သမီးကို မခေါ်သွားသေးလျှင် သူမော့ယန်ကို ဘာတွေတောင်းပန်နေရဦးမယ်ဆိုတာ မသိဘူးလေ။
အဲ့ဒါကိုကြားပြီး လူတိုင်းက သူတို့ရဲ့သိချင်စိတ်တွေ
ခဏထားလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှ ထွက်သွားကြသည်။
“ချူးလေး နေရတာအဆင်ပြေရဲ့လား။ နေလို့မကောင်းတာမျိုးတွေ
ရှိလား။” အမြဲတမ်း တည်ငြိမ်စွာ နေတတ်တဲ့ မော့ယန်က တုန်တုန်ယင်ယင်နှင့် မေးလိုက်သည်။
သူ့ရဲ့ အပြုအမူတွေက သိမ်မွေ့ပြီး မော့ချူးကို အဆောင်ထဲမှ ထွက်ရန်ကူညီလိုက်သည်။ သူက
မှန်လုံကို သူလက်နဲ့ကိုင်ပေးထားလိုက်သည်။
မော့ချူးကတော့ စကားမပြောခဲ့ပါဘူး။ သူမအဆင်ပြေတယ်ဆိုတာပြောဖို့
ခေါင်းအနည်းငယ်သာ ညိမ့်ပြလိုက်သည်။
သူမ စိတ်တွေရှုပ်ထွေးနေသည်။
သူမက ကားတိုက်မှုမှာ သေသွားခဲ့တာကို ရှင်းရှင်းလင်းလင်း
မှတ်မိနေသေးသည်။ ဒါက ပြန်ဝင်စားတာလို့ ခေါ်ရမလားပဲ။
မော့ချူးက သူမဦးနှောက်က ရေမွန်းထားသလို ခံစားနေရသည်။
ဖြစ်နိုင်ချေမှာ သူမသည် နှစ်အကြာကြီး အိပ်ပျော်နေသောကြောင့် ဖြစ်မည်။ အနည်းငယ်မျှလှုပ်ရှားတယ်ဆိုရင်တောင်
တော်တော်လေးခေါင်းမူးနေသည်။
သူ့ညီမကို အဆက်မပြတ် ဂရုစိုက်တတ်တဲ့ မော့ယန်က
သူမ၏ မသက်မသာဖြစ်နေသည်ကို အလိုအလျောက် သတိထားမိသည်။ "ချူလေး မင်းက အခုမှနိုးလာကစရှိသေးတယ်။
အရမ်းကြီး စဥ်းစားနေစရာမလိုဘူး။ ခဏလောက် အိပ်လိုက်လေ"
မော့ချူးက ဆတ်ခနဲ ခေါင်းခါလိုက်သည်။ သူမ၏ တစ်ကိုယ်လုံး
ပျော့ပျောင်းနေသည်။ ပြန်အိပ်ရရင် ကုတင်ပေါ်ကို လဲကျသွားနိုင်သည်။
"ဒါဆို ငါ မင်းနဲ့ ဘာလို့ စကားပြောဖော်လုပ်ပေးမယ်လေ"
ထိုစကားကိုကြားသောအခါ မော့ချူး၏ မျက်လုံးများ
တောက်ပလာသည်။
မော့ယန်က မထိန်းနိုင်ဘဲ ပြုံးပြီး တိုးတိုးလေးမေးခဲ့သည်။ "ငယ်ငယ်တုန်းက အဖြစ်အပျက်ကို မှတ်မိသေးလား"
မော့ချူးက မလုံမလဲခံစားလိုက်ရပြီး ခေါင်းယမ်းလိုက်သည်။