အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၁၁
အိမ်ပြန်ရောက်ကြသောအခါ မော့ချူးသည် နွယ်မြက်တစ်ထောင်ကို
ကလိကြည့်နေသည်။
ပထမဆုံးတွင် မော့ယန်သည် အနည်းငယ် စိတ်ပူနေသည်။
နောက်ပြီး နွယ်မြက်တစ်ထောင်ဟာ အဆိပ်ရှိပြီး ချူးလေးသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသည်။
သူမ တစ်ခုခု ဖြစ်သွားခဲ့ရင်ရော။ သို့သော်လည်း အနည်းငယ်အကြာ ကြည့်လိုက်ပြီးနောက် ချူးလေးသည်
သန်သန်မာမာ ဖြစ်နေတုန်းပင်။ ထို့ကြောင့် သူဝင်ရောက် မစွက်ဖက်တော့ပေ။
မော့ချူးသည် ထိုအရာအကြောင်းကို အလွန်သိချင်နေသည်။
သူမသည် အိတ်ထဲမှထုတ်လိုက်ပြီး မြေကြီးများနှင့် ဖုံးထားလိုက်သည်။
နွယ်မြက်တစ်ထောင်သည် အပင်ကြီးလွယ်သောကြောင့် လူပြောများသည်။
မြေကြီးရှိနေသရွေ့ အမြစ်တွယ်လွယ် အညှောက်ထွက်လွယ်ပြီး ထိန်းချုပ်ရန်မဖြစ်နိုင်ပေ။
လူတစ်ယောက်လောက် ငြိသွားသည်နှင့် တစ်ပြိုင်နက် အသွေးအသားများ ခြောက်သွေ့ခြင်းမဖြစ်ဘဲနှင့်
လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း မော့ချူးအိတ်ထဲမှ နွယ်မြက်တစ်ထောင်များကို
အထူးနည်းလမ်းဖြင့် ရိတ်သိမ်းထားပြီး ပြန်လည်ရှင်သန်နိုင်စွမ်း မရှိသောကြောင့် စိတ်ပူစရာမလိုပေ။
မော့ချူးသည် သူမ၏ တံတွေးကို မျိုချလိုက်သည်။ သူမရှေ့က
အရာက အာလူးဖြစ်နိုင်သည်ဟု သူမထင်မိလိုက်သည့်အခါ သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
ယခု သူမတွင် ထူးဆန်းသောအပင်များအိတ်ထဲတွင်ရှိသည်။
ထို့ကြောင့် အိတ်ထဲတွင် ချိုချဉ်ငံစပ်သော အာလူးသီးများ၊ အာလူးချောင်းများနှင့် အာလူးကြော်များ
ရှိလာလိမ့်မည် ဟု တွေးကြည့်လိုက်ရုံနဲ့ သူမ အရမ်းပျော်နေသည်။
သို့သော်လည်း မော့ချူးသည် ၎င်းတို့ကို သေချာ လှန်ကြည့်လိုက်ရာ
အမြစ်တစ်ခုစီ၏ သေးငယ်သော အစိတ်အပိုင်းကို အဖြူရောင်ဓာတ်ငွေ့တစ်မျိုးဖြင့် ဖုံးလွှမ်းနေပြီး
ကျန်အစိတ်အပိုင်းများကို အနက်ရောင်ဓာတ်ငွေ့များဖြင့် ဖုံးအုပ်ထားကြောင်း ရုတ်တရက် သိလိုက်ရသည်။
အရောင် ခြားနားမှုမှာ အလွန် ကွဲပြားနေသည်။
မော့ချူးသည် စိတ်အားထက်သန်မှုရှိသူဖြစ်သည်။ သူမသည်
ဓားငယ်တစ်ချောင်းကို ထုတ်ကာ အဖြူရောင်အပိုင်းကို ဖြတ်ထုတ်လိုက်သည်။ သူမ အနံ့ခံလိုက်သည်နှင့်
အာလူး၏ ရနံ့သည် ယခင်ကထက် အဆများစွာ ပြင်းထန်လာသည်။ အနက်ရောင်အပိုင်းကို ရှူမိသောအခါတွင်
အာလူး၏ အနံ့မရှိသလောက်ဖြစ်နေသည်။
နွယ်မြက်တစ်ထောင်၏ အမြစ်များသည် အဆိပ်ပြင်းသည်။
အနက်ရောင်ဓာတ်ငွေ့ ဖုံးလွှမ်းထားသော ဧရိယာသည် အဆိပ်ရှိသော အစိတ်အပိုင်းဖြစ်ပြီး အဖြူရောင်အပိုင်းသည်
စားသုံးနိုင်သော အာလူးဖြစ်နေလိမ့်မလား။
မော့ချူး ထိုအကြောင်းကို ပိုတွေးလေလေ သူမ ပိုစိတ်လှုပ်ရှားလာလေဖြစ်သည်။
သူမသည် ဒီသီအိုရီ ဟုတ်မဟုတ်ကို ချက်ချင်းစမ်းသပ်ချင်သည်။
သို့သော် အခြေခံဆီ၊ ဆား၊ ပဲပိစပ်၊ ရှာလကာရည်နှင့်
လက်ဖက်ခြောက်တို့ကို မဆိုထားနှင့် ဒီကမ္ဘာပေါ်တွင် ယောက်မဇွန်းပင်မရှိသည်ကို သူမသဘောပေါက်ခဲ့သည်။
ထိုအရာများမပါဘဲ ချိုချဉ်ငံစပ်သော အာလူးပြားများကို
မည်သို့ပြုလုပ်နိုင်မည်နည်း။ မော့ချူး မင်း တုံးလွန်းတယ်။
သူမမှာ ရွေးချယ်စရာ မရှိတော့သောအခါ နောက်ထပ်အကောင်းဆုံးအရာက
ထွက်ပေါ်လာခဲ့သည်။ သူမသည် အာလူးအတုံးများကို တစ်လုံးပြီးတစ်လုံး ကောက်ယူပြီး မီးသေးလေးထဲသို့
ပစ်ချလိုက်သည်။ သူမသည် အာလူးဖုတ်ကို တိုက်ရိုက်စားနိုင်သည်။
နာရီဝက်အကြာတွင် ပြင်းထန်သောရနံ့တစ်ခု ထွက်ပေါ်လာသည်။
မော့ချူ၏ ဗိုက်လည်း တုံပြန်ကာ မြည်လာသည်။
မော့ချူးသည် ပူလွန်းနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ
ကိုင်လိုက်သည်။ သူမသည် မီးထဲမှ အာလူးတစ်လုံးကို ကောက်နှုတ်လိုက်ပြီး အပြင်အခွံကို လျင်မြန်စွာ
နွှာလိုက်သည်။ အာလူး၏ ထူးခြားသောရနံ့သည် သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
အာလူးများကို ပါးစပ်ထဲထည့်လိုက်သည်နှင့် ထိုရနံ့က
သူမကို ပို၍ပင် စားချင်စိတ်စောလာစေသည်။ သူမ ပါးပါးလေး ကိုက်လိုက်ရာ အရသာရှိလှသော အရသာကြောင့်
သူမ ငိုနိုင်သည်။
သူမကိုလည်း အပြစ်ပြော၍မရပါ။ နေ့တိုင်း နွားနို့စစ်စစ်သောက်ရသည့်
အရသာနှင့် နှိုင်းစာရင် မော့ချူးသည် ကောင်းကင်ဘုံ ရောက်သွားသကဲ့သိုပင် ခံစားရတယ်။
တစ်ကိုက် ကိုက်ပြီးနောက် သူမဗိုက်ထဲက ဆာလောင်မှုကို
နှိုးဆွလိုက်သလိုပင်။ မော့ချူးသည် မရပ်တမ်း နောက်ထပ် လေးငါးချက်လောက် ဆက်တိုက်စားလိုက်သည်။
ထို့နောက်တွင်လည်း သူမသည် လက်ထဲတွင် တစ်ခုကို ကိုင်ထားသေးပြီး ရံဖန်ရံခါ ကိုက်လိုက်သေးသည်။
သူမကိုကြည့်ရသည်မှာ အိမ်မွေး ဟမ်စတားတစ်ကောင်ကဲ့သို့ပင်။ မော့ယန် ထွက်ထွက်ချင်း ဤမြင်ကွင်းကို
မြင်လိုက်ရပြီး မရယ်ပဲမနေနိုင်တော့ပေ။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူ့စိတ်နှင့်
ပြန်ကပ်သွားသည်။ ချူးလေး ဘာစားနေတာလဲ။ အပိုင်းပိုင်းဖြတ်ထားသော စပျစ်နွယ်ပင်တစ်ထောင်၏
အမြစ်များကိုကြည့်ရင်း မော့ယန်၏ အမူအရာ ချက်ချင်းပြောင်းသွားသည်။ ‘ပုတ်'ကနဲ ဖြင့် မော့ချူး၏
လက်မှ အမြစ်ကို အပြင်းအထန် ပုတ်ပစ်လိုက်သည်။
ဒီမိန်းကလေးသည် စပျစ်နွယ်ပင်တစ်ထောင်၏ အမြစ်များကို
အမှန်တကယ်နှစ်ခြိုက်စွာ စားနေခဲ့သည်။ မသေသည်ပင်ကံကောင်း၊ ကြောက်စရာကောင်းလှသည်။
"ချူးလေး မင်းဘယ်လိုနေလဲ" မော့ယန်၏နှလုံးသည်
လျင်မြန်စွာခုန်နေသည်။ “ဒီအရာက အဆိပ်အရမ်းပြင်းတယ်။ မင်းဘာလို့ ဒါကိုအမှုမဲ့အမှတ်မဲ့
စားနေရတာလဲ”
"ဘာမှမဖြစ်ပါဘူး" မော့ချူး ကတော့ တုံ့ပြန်မှု
မရှိသေးပါဘူး။ သူမ အာလူးဖုတ် တစ်လုံးပဲ စားခဲ့တာ မဟုတ်လား။ သူမ ဘာများဖြစ်မှာမလို့လဲ။
"မဟုတ်ဘူး မင်းကို စောင့်ကြည့်စစ်ဆေးဖို့
ငါနဲ့ ဆေးသုတေသနဌာနကို လိုက်ရမယ်" မော့ယန်ကတော့ စိုးရိမ်နေသေးသည်။ နွယ်မြက်တစ်ထောင်၏
အဆိပ်သည် အလွန်ပြင်းထန်ခြင်း မရှိသော်လည်း ချူးလေးသည် အလွန်အမင်းစားခဲ့သည်။ ဘာပြဿနာမှ
မရှိဘူးဆိုတာ အာမခံဖို့ ခက်သည်။ အခြေအနေကို စောင့်ကြည့်ရတာက ပိုစိတ်ချရသည်။
"ကျွန်မ တကယ်အဆင်ပြေပါတယ်" မော့ချူးသည်
ဒီအခိုက်အတန့်တွင် မော့ယန်၏ လက်ကို အမြန်ဆွဲယူလိုက်ပြီး "အစ်ကို ညီမလေးက အဆိပ်သင့်နေတဲ့ပုံပေါ်လို့လား"
ဒါကိုကြားတော့ မိုယန်က သူမကို သေသေချာချာ စစ်ဆေးလိုက်သည်။
တင်းကျပ်နေသော သူ့မျက်ခုံးများ တဖြည်းဖြည်း ဖြေလျှော့သွားသည်။
ယခင်က မော့ချူး၏ မျက်နှာသည် အမြဲတမ်း ဖြူဖျော့နေပြီး
သူမသည် အလွန်အားနည်းနေပုံရသည်။ ယခုတွင် သူ့မျက်နှာက နီရဲနေပြီး မျက်လုံးများကလည်း နီရဲနေသည်။
သူမ ရုတ်တရက် ဆေးတစ်မျိုးမျိုး စားလိုက်သကဲ့သို့ပင်။
မော့ချူးက မော့ယန် တွေးနေတာတွေကို သိရင် သူမ ညည်းညူမိမှာ
အမှန်ပင်။ အရင်က သူမဖြူဖတ်ဖြူရော်ဖြစ်ခဲ့သည်မှာ အလွန်ဆာပြီး သေလောက်အောင်ငတ်နေခဲ့သောကြောင့်သာ
ဖြစ်သည်။
"အစ်ကိုရော ဘာလို့မစားကြည့်လဲ" မော့ချူးသည်
အာလူးများက အန္တရာယ်ကင်းကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ထုံးစံအတိုင်း မော့ယန်လည်း
စားကြည့်နိုင်မည်ဟု သူမမျှော်လင့်ခဲ့သည်။
မော့ချူးထံမှ အာလူးဖုတ်ကို ရရှိပြီးနောက် မော့ယန်သည်
အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
မော့ယန်သည် အနည်းငယ် စိတ်ငြိမ်သွားပြီးနောက် နွယ်မြက်တစ်ထောင်၏
အဆိပ်သည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာကြောင်း သူ သတိရလာသည်။ ယခင်က တစ်စုံတစ်ယောက်သည်
၎င်းအပင်ကို မတော်တဆ စားခဲ့ဖူးသည်။ စက္ကန့် ၃၀ မကျော်ပေ။ အဆိပ်သင့်သည့် လက္ခဏာများ
ပေါ်လာသည်။ ထိုလူသည် ချက်ချင်းပင် စိတ်များရှုပ်ထွေးသွားပြီး အလွန်မူးဝေသွားသည်။
သို့သော်
ချူးလေး သည် ယခု နာရီဝက်ကျော်ကြာအောင် စားနေသည့်တိုင် သူမသည် အကောင်းကြီးရှိနေသေးသည်။
ဒါက သူမကို အဆိပ်မသင့်ဘူးလို့ ဆိုလိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် နွယ်မြက်တစ်ထောင်က အဆိပ်မရှိရင်
စားလို့ရနေတာမျိုးလား။
ဒါကိုတွေးရင်း မော့ယန်က မသိလိုက်ဘဲ ကိုက်မိလိုက်သည်။
ဒီလိုအစားအစာမျိုးနဲ့ ပထမဆုံးအကြိမ် ထိတွေ့ဘူးပေမယ့်
ကျင့်သားရစေမယ့် အာဟာရတောင့်တင်းတဲ့ အရာတစ်ခုဖြစ်ကြောင်း သူ့ရဲ့ အစာအိမ်ဟာ ချက်ခြင်း
ကျေနပ်သိရှိသွားသည်။ ဖော်မပြနိုင်လောက်အောင် အံ့သြစရာကောင်းတဲ့ အရသာဟာ သူ့ခံတွင်းထဲမှာ
စွဲမြဲနေခဲ့သည်။
“ဒါဆို အစ်ကို ဒီမှာ ဒါကိုကြည့်ပါဦး” မော့ချူးသည်
အာလူးနှင့် အဆိပ်ရှိသော အမြစ်ကို မိုယန်ရှေ့တွင် ချထားလိုက်သည်။ "ကြည့်လိုက် ဒီနှစ်ခုကြားက
ခြားနားချက်တစ်ခုကို မြင်တယ်မလား"
ဒါကိုကြားတော့ မော့ယန်က ဂရုတစိုက် စိုက်ကြည့်နေလိုက်သည်။
သို့သော်လည်း အချိန်အတော်ကြာအောင် ရှာကြည့်ပြီးနောက်တွင်လည်း နှစ်ခုကြားက ကွာခြားချက်ကို
မတွေ့ပေ။ သူသည် ကူရာမဲ့ကယ်ရာမဲ့ ခေါင်းကိုသာ ခါယမ်းနေနိုင်သည်။
"မဟုတ်ဘူး။ ဘယ်လိုမှ ကွာခြားမှု မရှိနေဘူး”
မော့ချူး အံ့ဩသွားသည်။
“ဒီမှာ အရမ်းထင်ရှားတဲ့ အနက်ရောင်ဓာတ်ငွေ့ဘောလုံးတစ်ခု
ရှိနေတယ်” မော့ချူးသည် အဆိပ်ရှိသော အမြစ်ကို ညွှန်ပြလိုက်သည်။ ထို့နောက် အာလူးကို ညွှန်ပြပြန်သည်။
“အဲဒီမှာ ဓာတ်ငွေ့ဖြူတစ်ဆုပ် ရှိတယ်။ မြင်သာနေတာပဲ။ အစ်ကို သေချာကြည့်"
"အနက်ရောင်ဓာတ်ငွေ့? အဖြူရောင်ဓာတ်ငွေ့?"
မော့ယန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ထဲက အာလူးနဲ့ မြေပြင်ပေါ်ရှိ နွယ်မြက်တစ်ထောင်ကို
တစ်ဖန် ကြည့်လိုက်ပြန်တယ်။ သို့သော် မော့ချူးဖော်ပြခဲ့သော အနက်ရောင်ဓာတ်ငွေ့နှင့် အဖြူရောင်ဓာတ်ငွေ့များကို
သူ မတွေ့ရသေးပေ။ "ချူးလေး ငါတကယ် မမြင်ဘူး"
မော့ချူး အံ့အားသင့်၍သာနေတော့သည်။ အစကတော့ လူတိုင်းမြင်နိုင်မယ်လို့
သူမထင်ခဲ့တယ်။ သို့သော် အစ်ကိုဖြစ်သူ၏ အသွင်အပြင်ကိုကြည့်လျှင် သူမထင်ထားသည်မှာ မဟုတ်ပြန်တော့ပေ။
သူမသာလျှင် မြင်နိုင်သည့်သူဖြစ်နေမည်လား။
မော့ယန်၏ အတွေးများသည် မော့ချူးထက် များစွာ နက်နဲနေသည်။
အဖွဲ့ချုပ်၏ အရင်းအမြစ်များသည် မှော်အပင်များနှင့်
မှော်သားရဲများ၏ စွမ်းအင်ကို လုယူခြင်းအပေါ် မူတည်နေသည်။ နွယ်ပင်၏ အမြစ်များကဲ့သို့
တစ်စုံတစ်ရာကို အစားအစာအဖြစ် အမှန်တကယ် အသုံးချနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။ ဒီသတင်းတွေ
ပြန့်နှံ့သွားရင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ သေချာသည်။
"ချူးလေး" မော့ယန်သည် သူ့လက်ထဲက အာလူးများကို
ချလိုက်ပြီး သူမကို အလွန်လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “မင်း ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။
ဒီအကြောင်းကို တခြားဘယ်သူမှ မသိစေနဲ့ မင်းနားလည်တယ်မလား”
"ကောင်းပြီ ညီမလေးနားလည်ပါတယ်" မော့ချူးက
ခေါင်းညိတ်လိုက်သည်။ စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခြင်းကြောင့် ဒုက္ခရောက်တတ်ခြင်းနိယာမကို
သူမ နားလည်သည်။ ခွန်အားမရှိဘဲနဲ့ သူမသည် မိုက်မဲစွာ ဝှက်ဖဲကို ထုတ်ပြမည်မဟုတ်ပေ။