အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၁၀
ဝံပုလွေရိုင်းအဖွဲ့မှ ထွက်ခွာပြီးနောက် မော့ယန်သည်
ခရိုင်အလယ်ရှိ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသည့် အိမ်ခန်းတစ်ခန်းကို ငှားရမ်းခဲ့သည်။
ဒါက လောလောဆယ်အတွက်ပဲဖြစ်သည်။
အရင်မစ်ရှင်အတွက် ခွဲဝေပေးထားသည့် အရင်းအမြစ်များသည်
သူ့လက်ထဲတွင် ရှိနေသေးသည်။ မော့ယန်သည် လိုအပ်သော ပစ္စည်းများကို ချန်ထားခဲ့၍ ကျန်ပစ္စည်းများကို
အရောင်းအ၀ယ် ဈေးကွက်တွင် ရောင်းချရန် ပြင်ဆင်ခဲ့သည်။
သူသည် ယခုအချိန်တွင် ငွေကြေးမလုံလောက်သေးသော်လည်း
ချူးလေး၏ အခြေအနေကိြ ပြောင်းလဲလိုပါက အဖွဲ့ချုပ်ဗဟိုဒေသသို့ သွားရောက်ရမည်ဖြစ်သည်။
သူအဲဒီကို ရောက်တာနဲ့ သူ့ပိုက်ဆံနည်းနည်းလောက်က တန်ဖိုးမရှိတော့မည် မဟုတ်ပေ။
"ချူးလေး မင်း ငါနဲ့လိုက်ချင်လား" မော့ယန်က
မော့ချူးကို သူ့တောင်ပံအောက်မှာ ကာကွယ်နိုင်မှာမဟုတ်တာကိုသိသည်။ သူသည် မော့ချူး၏အနားတွင်
တစ်ချိန်လုံးရှိနေနိုင်မည်မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ သူမကို
ပြုစုစောင့်ရှောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူမကို တစ်ဆင့်ပြီးတစ်ဆင့် ကြီးပြင်းလာစေဖို့ပါပဲ။
“ကောင်းပြီ” မော့ချူးက ချက်ချင်း သဘောတူလိုက်တယ်။
ယခုအချိန်အထိ သူမ၏ အဖွဲ့ချုပ်အပေါ် နားလည်မှုမှာ
တစ်ဖက်သတ်ရှိနေဆဲဖြစ်သည်။ နောက်ပြီး သူမသည် နှစ် ၁၀၀ ကျော် ကွာဟချက်ကို တစ်ခါတည်း အဆင်ပြေစွာမနေနိုင်သေးပေ။
သူမသည် ဤလူ့အဖွဲ့အစည်းနှင့် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရန် ဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံနိုင်ခဲ့သည်။
အဖွဲ့ချုပ်အနေနဲ့ ငြိမ်းချမ်းတယ်ဟု ယူဆ၍မရပါ။
ဤတိုက်ကြီးတစ်ဝိုက်တွင် အလွန်တစ်ရာကြီးကျယ်ခမ်းနားသော မှော်အပင်များနှင့် မှော်သားရဲများ
ပြန့်ကျဲနေသည်။ လူသားများသည် လုံလောက်သော စွမ်းအင်ရရှိရန် သူတို့အား အမဲလိုက်ရပြီး
သူတို့သည်လည်း လူသားများ၏ အသွေးအသားကို ဖျက်ဆီးဝါးမြိုသွားမည်ဖြစ်သည်။ ထိုအဖွဲ့နှစ်ဖွဲ့ကြား
မှော်ဆန်ပြီး ကြေကွဲဖွယ်ကောင်းသော သံသရာတစ်ခု ဖြစ်ပေါ်နေပြီး သူတို့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့က
အပြီးပြတ် အမြစ်ပြုတ်သွားမှသာ ငြိမ်းချမ်းသွားမည့် အလားပင်။
အဖွဲ့ချုပ်ကို ခရိုင် ၁၂ ခု ခွဲထားပါတယ်။ နယ်စပ်နဲ့
ပိုနီးလေလေ အန္တရာယ် ပိုများလေပင်။ သို့သော် အန္တရာယ်များသည်လည်း အကျိုးအမြတ်များကိုသယ်ဆောင်လာသည်။
ထို့အတွက်ကြောင့် နယ်စပ်တွင် ပြည်သူများ စီးပွား ကူးသန်းရောင်းဝယ်မှုများ ထွန်းကားလာခဲ့သည်။
ခရိုင်(၁၂) သည် ထွန်းကားသောခရိုင်တစ်ခုဖြစ်သည်။ထို့ကြောင့်
ဒီတွင် အရောင်းအဝယ်ဈေးကွက်က အမြဲတမ်း စည်ကားနေသည်။
သေချာတာပေါ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးပေါ်မူတည်ပြီး
ဒီနေရာမှာလည်း အတန်းအစားပေါင်းများစွာ ခွဲခြားထားပါသည်။ ညဈေးများ၊ ပုံမှန်ဈေးဆိုင်များနှင့်
လေလံတင်ရန်အတွက် လေလံတင်သည့်နေရာသို့ တိုက်ရိုက်ပိုနိုင်သည့် ပိုမိုအဆင့်မြင့်သည့်
ဆိုင်များကဲ့သို့ အတန်းအစား ပေါင်းစုံ စျေးဆိုင်များရှိသည်။
မော့ယန်၏လက်ထဲတွင်ရှိသော ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်သောကြောင့်
သူနှင့်ရင်းနှီးသောဆိုင်တွင် ကုန်ပစ္စည်းများကို ထားရှိရန် စီစဉ်ခဲ့သည်။ ကုန်ပစ္စည်းများရောင်းချသောအခါ
ဆိုင်ရှင်မှ ကော်မရှင်ခယူကာ ကျန်ငွေကို သူ့အကောင့်သို့ အလိုအလျောက် လွှဲပေးသွားမည်ဖြစ်သည်။
“အို! သူက…” ဝေသည် ဤဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး
မော့ယန်နှင့် အတော်အတန်ရင်းနှီးသည်။ ဒီကောင်လေးက ကောင်မလေးတစ်ယောက်ကို ခေါ်လာတာ သူ့အတွက်
ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ထုံးစံအတိုင်း သူ သည် အလွန်သိချင်ပြီး စိတ်ဝင်စားနေသည်။
သူ့ကို စတော့မယ့်အချိန်မှာပဲ ကြားဖြတ်ခံလိုက်ရလေသည်။
“ဒါ ကျွန်တော့်ညီမ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပဲ
သူမ နိုးလာခဲ့တာ" မော့ယန်သည် သူ့မျက်လုံး၏ အကြည့်ကို သတိထားမိ၍ ဝေ တစ်ယောက် အတွေးမှားနေသည်ကို
သိလိုက်ပြီး စိုက်ကြည့်နေလိုက်သည်။
"အို့ မင်းညီမလေး နိုးပြီလား" ဒါကိုကြားပြီး
ဝေ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မော့ယန်တွင် ဆယ်နှစ်ကျော် သတိလစ်မေ့မြောနေသည့် ညီမလေးတစ်ယောက်ရှိသည်ကို
သူသိထားသည်။ သို့သော် ယနေ့လူကိုယ်တိုင်တွေ့ရန် သူ မမျှော်လင့်ခဲ့ပေ။
“ဒါ ပျော်စရာကိစ္စပဲ” ဝေ သည် ဦးစွာတွင် နွေးထွေးသော
ပုဂ္ဂိုလ်ဖြစ်သည်။ သူက ဝမ်းသာအားရနဲ့ “မော့ယန်ရဲ့ညီမလေးက ငါ့ညီမလေးပဲ။ လာပါ အစ်ကို
ဒီနေ့ မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ပေးမယ်"
"မလိုပါဘူး" မော့ချူးက ခေါင်းကို အမြန်ခါလိုက်ပြီး
ငြင်းလိုက်သည်။
"ညီမလေးချူးက အကို့လက်ဆောင်ကို ငြင်းမှာလား"
ဝေသည် သိပ်မကြိုက်သောပုံဖြင့်ပြောလိုက်သည်။ "မင်းငါ့ကိုမကြိုက်ရင် ငါပြောတာကို
မကြားသလိုသာ ဟန်ဆောင်နေလိုက်"
“အင်း…” မော့ချူး အခက်တွေ့နေသည်။
"ဘာမှမဖြစ်ဘူး၊ ဒီကောင်က အမြဲဒီလိုပဲ။ သူဒီလို
ရူးနေတာပဲ" မော့ယန်က “ချူလေး အဲဒါကို လက်ခံလိုက်” လို့ ထပ်ပြောပြန်သည်။
"မှန်တယ်" ဒါကိုကြားတော့ ဝေက ချက်ချင်းပဲ
ဝမ်းသာသွားသည်။ ကောင်တာမှ သေတ္တာတစ်ဘူးကို အသေအချာယူ၍ ဖွင့်လိုက်သည်။ အတွင်းတွင် လက်ရာမြောက်သော
လက်ကောက်တစ်ခုပါရှိပြီး ၎င်းတွင် ဖောက်ထွင်းမြင်ရသော ခရမ်းရောင်ပုတီးစေ့များနှင့်ပြုလိုက်ထားသည်။
အလွန်တစ်ရာ လှပလှသည်။
မော့ချူးသည် ထိုပစ္စည်းက မည်မျှလောက် အဖိုးတန်သည်ကို
မသိခဲ့ပေ။ သို့သော် မော့ယန်၏ အမူအရာကတော့ ပြောင်းလဲသွားသည်။ ဤခရမ်းရောင်ဝိညာဉ်ပုလဲကို
ခရမ်းရောင်သမင်မှ ရရှိခဲ့သည်။ ၎င်းကို အထူးနည်းပညာဖြင့် ထွင်းထုထားပြီး စိတ်ဓာတ်ကို
အာဟာရဖြည့်သွင်းရန် ချီ ၏ အကျိုးသက်ရောက်မှုကြောင့် ၎င်းသည် ချူးလေး၏ လက်ရှိအခြေအနေအတွက်
အလွန်သင့်လျော်သည်။
ဒီလက်ကောက်လေးတစ်ခုတည်းနှင့် မော့ယန် ဒီတစ်ကြိမ်ယူလာခဲ့သည့်
ပစ္စည်းအားလုံးတန်ဖိုးကို ကာမိဖို့ လုံလောက်သည်။
“အင်း ဒါ အရမ်းတန်ဖိုးရှိတယ်။ မင်း...” မော့ယန်က
သူ့စကားမဆုံးခင်မှာပဲ ဝေ က သူ့ကို စကားဆုံးအောင်ဆက်မပြောခိုင်းတော့ပေ။
"ဟေ့ မင်းက လူယုတ်မာ ငါက ဒါကို ညီမလေးချူးကို
ပေးတာ။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ဘာမှ မပြောနဲ့" ဝေ သူ့လက်ကို ရိုးရိုးသားသား
ဝှေ့ယမ်းလိုက်သည်။ “ဒါ့အပြင် ဒါတွေက အရာဝတ္ထုသက်သက်ပါပဲ။ ငါလိုလူက ဘာလို့ ဒါကို သိမ်းထားရမှာလဲ"
မော့ယန်သည် ရှက်တတ်သူ မဟုတ်သောကြောင့် သူ၏ကြင်နာမှုကို
ရိုးရိုးရှင်းရှင်းပဲ လက်ခံခဲ့သည်။ “ကောင်းပြီ ကျေးဇူးတင်ပါတယ်ကွာ”
“ရပါတယ် ငါတို့က ရင်းနှီးပြီးသားမို့လို့ ဒီလိုမျိုးတွေပြောဖို့
လိုသေးလို့လားကွာ။ စကားမစပ် စောသေးတယ်လေ။ ညီမလေးချူး ကို လိုက်ပတ်ပြလိုက်ဦးလေ”
ဝေရဲ့လုပ်ငန်းက တော်တော်လေး အဆင်ပြေသည်။ သူပြောသည့်အတိုင်း
ဖောက်သည်များစွာဝင်လာသည်။
ဒါကိုမြင်တော့ မော့ယန်က ဝေ ကို မနှောင့်ယှက်ချင်တော့ပါဘူး။
"ဟမ် ဒါဆို ငါတို့အရင်သွားတော့မယ်။ မင်းအလုပ် ဆက်လုပ်လို့ရတာပေါ့"
ဝေ ၏ဆိုင်မှထွက်လာပြီးနောက် မော့ချူးသည် လမ်းပေါ်ရှိ
ပြောင်လက်တောက်ပသည့်အရာများကို လှမ်းကြည့်လိုက်သည်။ သူမသည် ယခင်က ညဈေးတွင်ရှိနေသကဲ့သို့
ခံစားလိုက်ရသည်။
ရုတ်တရက် မသိသာသောရနံ့တစ်ခုသည် မော့ချူး၏ နှာခေါင်းထဲသို့
ဝင်ရောက်လာကာ သူမ၏ဗိုက်ဗလာနှင့် သူဆာလောင်နေမှုများကို ဆွဲဆောင်လိုက်သည်။ မော့ချူးသည်
သူမဗိုက်ကို သတိမထားမိဘဲ ထိလိုက်သည်။
"ဗိုက်ဆာလား" သူမ၏ လှုပ်ရှားမှုများသည်
သိမ်မွေ့နေသော်လည်း မော့ယန်၏ ထက်မြက်သော မျက်လုံးများနှင့် နားရွက်များကို သူမ မရှောင်နိုင်ပါ။
ခလုတ်ခုံမှ နို့သန့်ဘူးတစ်ဘူးကို အဆင်ပြေပြေ ထုတ်ယူပြီး သူမအား ပေးလိုက်သည်။
သို့သော် ယခုအချိန်တွင် မော့ချူးသည် သန့်စင်သောနို့ကို
မည်သို့ဂရုစိုက်နိုင်မည်နည်း။
အာလူး!
ဒါက အာလူးရဲ့ အနံ့ဖြစ်မှာ သေချာသည်။ သူမသည် အစားကျူးသူ
ဂုဏ်ပုဒ်နှင့် နှစ်၂၀ကျော်လောက်ထိ နေလာသည်။ ထို့ကြောင့် ဒါက အားလူးဖြစ်တယ်ဆိုတာ သူမသိသည်။
မော့ယန်ကို အတင်းဆွဲခေါ်လိုက်ပြီး မော့ချူသည်
အာလူးများကို ရှာတွေ့ရန် အနံ့ကို အားကိုးကာ မူးယစ်ဆေးရှာဖွေရသည့် ခွေးတစ်ကောင်ကဲ့သို့
ရှူရှိုက်လိုက်သည်။
ထောင့်ရှိ ဈေးဆိုင်တစ်ဆိုင်တွင် လူငယ်တစ်ဦးသည်
စိတ်ဆင်းရဲသော အမူအရာဖြင့် သူ့ပစ္စည်းကိုကြည့်ကာ သက်ပြင်းချနေသည်။
မနက်အစောကြီး ဘာမှ မရောင်းရသေးဘူး။ သူ စိုးရိမနေသည်။
"ဒါ ဘယ်လောက်လဲ"
ထိုလူငယ်သည် ထိုစကားကိုကြားသောအခါ သူ၏မချင့်မရဲစိတ်ကို
ချက်ချင်းမျိုချလိုက်သည်။ သူက ပြုံးပြပြီး ခေါင်းကိုမော့ကာ "ဘာဝယ်ချင်တာလဲဗျ"
"ဒီတစ်ခု" မော့ချူးသည် စားချင်စိတ်များပြည့်နေတာ ရိုးတံအိတ်တစ်ခုကို ညွှန်ပြလိုက်သည်။
"ဒီတစ်ခုပဲလား။ ဒါပဲလား" လူငယ်လေး၏
အသံ တုန်ခါသွားသည်။
သက်ပြင်းချ! သူက ဖောက်သည်ကြီးလို့ ထင်ခဲ့သည်။
စပျစ်ပင်တစ်ထောင်၏ အမြစ်များကို ဈေးကြီးကြီးဖြင့် ရောင်း၍မရပါ။ သူက ဒါကို ဖြည့်စွက်စာအဖြစ်
သုံးဖို့သာ ရည်ရွယ်ထားပေမယ့် ဒီကျိုးပဲ့ပျက်စီးနေတာကို စိတ်ဝင်စားသူတစ်ယောက်ရှိနေတယ်လို့
ဘယ်သူက ထင်မှာလဲ။
ဘေးတွင်ရပ်နေသော မော့ယန်ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
မော့ချူးသည် ငွေကို မဆင်မခြင် သုံးစွဲမည်ကို သူစိုးရိမ်နေသည်မဟုတ်သော်လည်း စပျစ်နွယ်ပင်တစ်ထောင်၏
ပင်မစွမ်းအင်သည် ၎င်း၏အသီးပေါ်တွင်သာ များစွာရှိသည်။
ဤအမြစ်သည်
အနည်းငယ် အဆိပ်ပြင်းသည်ဟူသောအချက်မှလွဲ၍ သုတေသနရည်ရွယ်ချက်၊ အခြားသောအရာများအတွက်လည်း
များစွာအသုံးမဝင်ပေ။
"ဒါကိုလိုချင်တယ်" နီးကပ်လာသည်နှင့်အမျှ
အာလူး၏ရနံ့က ပိုပြင်းလာသည်။ မော့ချူးက ဒီအခွင့်အရေးကို ဘယ်လိုလက်လွှတ်ခံချင်ပါ့မလဲ။
"ကောင်းပြီ ငါတို့ဝယ်လိုက်မယ်။" ချူးလေးသည်
ဤမျှလောက် စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့ရခဲသည်။ မော့ယန်က သဘောတူလိုက်ပြီး ရောင်းသူကို
လှည့်ကြည့်ကာ မေးလိုက်သည်။ "ဒါက ဘယ်လောက်လဲ"
"ခင်ဗျားတို့တကယ်ဝယ်ချင်တာလား" လူငယ်သည်
အနည်းငယ် အံ့အားသင့်သွားသည်။ သူစီးပွားရေးလုပ်လာတာ နှစ်အတော်ကြာပေမယ့် ဒီပစ္စည်းကို
ဘယ်သူကမှ အထူးတလည်ဝယ်တာ မတွေ့ဖူးပေ။
“အဲဒါ ၅၀ မဟုတ်ဘူး... ဖဒရယ်ဒင်္ဂါး ၁၀၀” သူသည်
ချက်ချင်းပင် စျေးတက်ပြောလိုက်သည်။
မော့ယန်သည် စျေးဆက်မစစ်တော့ပေ။ သူက ပိုက်ဆံပေးလိုက်ပြီး
မော့ချူးနဲ့အတူ ထွက်သွားပြီး လူငယ်လည်း ကြောင်တောင်တောင်နှင့်နေခဲ့ရသည်။
ဟေး ဒီရက်ပိုင်းမှာ ထူးထူးခြားခြားတွေ အများကြီး
ရှိနေတာပဲ။