အပိုင်း ၉
Viewers 1k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၉

 

 

ဘုရားရေ

 

 

မော့ချူးသည် ချက်ခြင်းပင် စိတ်မကြည်မသာဖြစ်သွားခဲ့သည်။

 

 

သေချာကြည့်လိုက်ပြီးနောက် မော့ချူးသည် သန့်စင်သောနို့က တကယ်ပဲ ကလေးအစားအစာဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ အသက်ကဖြင့် အရမ်းကြီးနေပြီ၊ အခုထိ ကလေး အစားအစာ စားနေရတုန်းပင်။

 

 

ဝမ်းနည်းခြင်း နှင့် စိတ်တိုခြင်း စိတ်ခံစားမှုနှစ်ခုလုံးကို ခံစားရင်း မော့ချူးသည် ဝဘ်ဆိုဒ်ကို အရူးအမူး ကြည့်နေလိုက်သည်။ သို့သော် သူမသည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို ရုတ်တရက် တွေ့ရှိခဲ့သည်။ အဲ့ဒါကတော့ သန့်စင်သောနို့က အပင်များမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကျန်တာများမှာ စွမ်းအင်မှ တိုက်ရိုက်ထုတ်လုပ်ထားသည်။

 

 

ဒါက တခြားအစားအစာတွေနဲ့ ဓာတ်မတည့်ပြီး သန့်စင်သောနို့တစ်ခုတည်းနှင့်သာ တည့်သော အကြောင်းအရင်းများဖြစ်မလား။

 

 

မော့ချူးဟာ လေးနက်သော အတွေးများထဲသို့ ရောက်သွားခဲ့သည်။

 

 

တစ်ဖက်တွင်လည်း ဝဘ်ဆိုဒ်ထဲတွင် ရှာရင်းဖွေရင်း အလှုပ်ရှုပ်နေသည်။

 

 

မော့ယန်သည် ချက်ချင်းပင် အသင်းမှ နှုတ်ထွက်မည့်အကြောင်းကို ဖြတ်၍ပြောလိုက်သည်။

 

 

အမှန်တော့ ခရိုင် ၁၂ခုတွင် ကျွမ်းကျင်သူများစွာရှိသော်လည်း အဆင့်(၅) အထက်တွင် လူ၃၀ထက်မပိုပေ။ ထို့အပြင် မိုးကြိုးစွမ်းအင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အားကောင်းလှသည်။

 

 

မော့ယန်ဟာ ငယ်လည်းငယ်သေးသည်။ အကယ်၍ ဝံပုလွေရိုင်းများအဖွဲ့သာ မော့ယန်ကိုဆုံးရှုံးလျှင် သူတို့အဖွဲ့မှာ ခရိုင် ၁၂ခုတွင် ၂ဆင့် ၃ဆင့်လောက်ကျသွားပေမည်။

 

 

မည်သူမျှ ထိုကဲ့သို့ အဖြစ်မျိုး မရောက်ချင်ပေ။

 

 

"မော့ယန် မင်းပြန်စဉ်းစားဦးမယ်မလား “ဟူထျန်းသည် ထိုကဲ့သို့ အခြေအနေများကို အတွေ့အကြုံရှိပြီး သူရဲ့စကားတွေက ဒီကိစ္စရဲ့ အဓိကနေရာကို ထိထိမိမိဖြစ်သွားသည်။ "မင်းအဖွဲ့ထဲက ထွက်သွားရင် မင်းရဲ့ညီမလေးကို မင်းနောက်ကျရင် မစ်ရှင်ထွက်သွားတဲ့အခါ ဘယ်သူက စောင့်ရှောက်မှာလဲ"

 

 

“အဖွဲ့ထဲမှာ အမျိုးသမီးတွေ အများကြီးရှိနေသေးတာမို့ ချူးလေးကို ပြုစုစောင့်ရှောက်လို့ရသေးတယ်။ ချင်းချင်းကိုလည်း ငါသူမနဲ့ စကားသေချာပြောပြီး သူမရဲ့သဘောထားကို သေချာပြင်ပေးလိုက်မယ်"

 

 

"မလိုပါဘူး" လူအများ၏ ဖြောင်းဖြမှုမျာကို ဆန့်ကျင်ပြီး မော့ယန်သည် သူ၏ မူလ ရည်ရွယ်ချက်ကို မပြောင်းလဲသေးပေ။ "ကျွန်တော်က ချူးလေးကို ကျွန်တော်ကိုယ်တိုင် ပြုစုစောင့်ရှောက်ပါ့မယ်"

 

 

“ခေါင်းဆောင် စိတ်မပူပါနဲ့။ ကျွန်​​တော်​တို့ အသင်းက​နေ ထွက်​ခွာသွား​ပေမယ့်​​ အခြားအသင်းတစ်​သင်းကိုမှ ဝင်​မှာ မဟုတ်​ပါဘူး" မော့ယန်သည် မော့ချူး၏ ခန္ဓာကိုယ်ကို ပြောင်းလဲရန် နည်းလမ်းရှာချင်သည်။ သူ့မှာ တခြားဘာကိုမှ ဂရုစိုက်နေဖို့ အချိန်မရှိတော့ပါ။

 

 

"မင်းဘာတွေ ပြောနေတာလဲ" ဟူထျန်းသည် မော့ယန်၏ ပုခုံးကို အားဖြင့်ပုတ်လိုက်သည်။ အခြေအနေကိုကြည့်လိုက်ပြီး မော့ယန်ကို ထွက်သွားမည်ကို တားနိုင်မှာမဟုတ်ဘူးဆိုတာ သူ့စိတ်ထဲတွင် သိနေသည်။

 

 

"မင်းညီမလေးကို ပြုစုစောင့်ရှောက်ချင်တာကို ငါတို့နားလည်ပြီ။ ကဲ နှစ်ရက်အတွင်း ငါ မစ်ရှင်စင်တာကိုသွားပြီး မင်းနာမည်ကို ဝံပုလွေရိုင်းအဖွဲ့ကနေ ဖယ်ရှားလိုက်မယ်"

 

 

ဟူထျန်း ထိုကဲ့သို့ပြောပြီးကတည်းက တခြားအဖွဲ့သားလည်း ထုံးစံအတိုင်း တိတ်ဆိတ်စွာနေရုံမျှအပ ဘာမှမတတ်နိုင်တော့ပါ “ကောင်းပြီ” မော့ယန် ခေါင်းညိတ်လိုက်သည်။ သူသည် လူတိုင်းကို အနည်းငယ် မကျေမနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်သေးသည်။

 

 

"မော့ယန် ရှင်တကယ် ထွက်သွားတော့မှာလား" ဟူချင်းသည် သူ၏နောက်တွင် ရှိနေပြီး တော်တော်ကြာကြာ နားထောင်နေခဲ့သည်။ သူ့ကို ဘယ်သူမှ မတားနိုင်မှန်း သိလိုက်ရတော့ သူမ ထိတ်လန့်စပြုလာသည်။

 

 

မော့ယန်အပေါ် သူမ၏ ချစ်ခြင်းမေတ္တာသည် အဖွဲ့ထဲတွင် ပေးသိထားသည့် လျှို့ဝှက်ချက်မျိုးဖြစ်သည်။ မော့ယန်သည် အသင်းမှထွက်ခွာမည့် ဆုံးဖြတ်ချက်သည် စိတ်ဆိုး၍ ပြောသည်ဟုသာ ဖြစ်သည်ဟု သူမထင်ခဲ့သည်။ ဒီအတိုင်း အတည်ထွက်သွားလိမ့်မယ်ဟု မတွေးထားကြပါ။

 

 

"ကျွန်တော် အရင်အပေါ်တက်ပြီး ပစ္စည်းတွေသိမ်းပြီး ထုပ်ထားလိုက်မယ်" မော့ယန်သည် အပေါ်ထပ်သို့ တန်းတန်းမတ်မတ် လျှောက်လာစဥ် ဟူချင်းကို တစ်ချက်ကလေးမျှပင် မကြည့်ခဲ့ချေ။ သူမသည် ခေါင်းဆောင်၏ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့်သာ မဟုတ်ရင် ချူးလေးအပေါ် သူမပြောခဲ့သည့်စကားများကြောင့် အကြိမ် ၁၀၀မက သေနေပေလိမ့်မည်။

 

 

"ကျွန်မကိုဖြေပါ" ဟူချင်းသည် အခုထိ အခြေအနေကို နားမလည်သေးဘဲ မော့ယန်ကို တားရန် စဉ်းစားနေသေးသည်။ သို့သော်လည်း ဟူထျန်းက သူမကို တားလိုက်သည်။

 

 

“အဖေ ဘာလုပ်နေတာလဲ။ သမီးကို မတားနဲ့”

 

 

"တော်လောက်ပြီ။ မင်းကိုယ်မင်း ဘာလုပ်နေလဲကြည့်ဦး” မော့ချူးအပေါ် သူမ၏ သဘောထားကြောင့်သာ မဟုတ်ပါက မော့ယန်သည် ထွက်သွားဖို့ ဆန္ဒပြင်းပြနေမည်လား။ ဒီဒုက္ခပေးတဲ့ ကောင်မလေး။

 

 

မော့ယန်မှာ ကိုယ်ရေးကိုယ်တာပစ္စည်းတွေ အများကြီးမရှိသလို အပြင်က မော့ချူးကိုလည်း စိတ်ပူနေတုန်းမလို့။ သုံးမိနစ်မှ ငါးမိနစ်အတွင်း သူ့ပစ္စည်းများကို ထုပ်ပိုးပြီး စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားလေသည်။

 

 

တစ်ဖက်တွင်မူ ဟူချင်းသည် သူနှင့်ခွဲရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ သူမသည် တံခါးဝသို့ တလျှောက်လုံး သူ့နောက်သို့ လိုက်သွားသော်လည်း မော့ယန်သည် မော့ချူးကို ဘယ်လောက်တွေးပေးပြီး ဘယ်လောက်ဂရုတစိုက်ရှိနေသည်ကို သူမ တွေ့လိုက်ရသောအခါတွင် သူမကို လျစ်လျူရှုပြီး မော့ချူးကို မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်သည်။

 

 

ဒီကောင်မလေးရဲ့ အပြစ်တွေချည်းပဲ။ သူမ ရုတ်​တရက်​ မနိုးခဲ့ရင်​ မော့ယန်​က ဘာလို့ အဖွဲ့ထဲက ထွက်​သွားရမှာလဲ။ သူမကို ဘာလို့ ဒီလောက် နှောက်ယှက်နေရတာလဲ။