အပိုင်း ၈
Viewers 1k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၈

 

 

မော့ချူးက ဒီရောဂါ‌‌လောက်နဲ့ ဆေးရုံမှာနေဖို့ မလိုအပ်ပေ။ အနာဂတ်တွင် သူမ၏ အစားအသောက်ကို အာရုံစိုက်နေသ၍ ထိုကဲ့သို့သော ပြဿနာများ ရှိမည်မဟုတ်ပေ။

 

 

တစ်ဖက်တွင် ရှန်းယိသည် မော့ချူး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အလွန်စိတ်ဝင်စားနေခဲ့သည်။ လေ့လာမှုကောင်းတစ်ခုရရန် သူမအား ဆေးဘက်ဆိုင်ရာဌာနသို့ အလွန်ခေါ်သွားချင်နေခဲ့သည်။ သို့သော် မော့ယန်၏ နက်မှောင်နေသော မျက်နှာထားကြောင့် သူ ကြောက်လန့်သွားသည်။

 

 

မော့ချူးသည် သူမရှေ့ရှိ မြင်ကွင်းကို အံ့အားသင့်သွားပြီး မောင်နှမနှစ်ယောက်တို့သည် ဆေးသုတေသနဌာနမှ ထွက်လာခဲ့သည်။ ၂၁ ရာစုမဟုတ်တော့ဘူးဆိုတာ သူမ သိပေမယ့် အခုမှပဲ သူမရဲ့အဖြစ်မှန်အသစ်နဲ့ ထိတွေ့ခွင့်ရခဲ့သည်။

 

 

ကျယ်ပြောလှသော အာကာသကြီးအောက်တွင် အလင်းရောင်နှင့် အရိပ်များ ပြန့်ကျဲနေပြီး ထင်ယောင်ထင်မှား ဖြစ်နေသည့် အလင်းရောင်များစွာ လင်းလက်သွားကြသည်။ သူမသည် ကား၏အရိပ်ကို ယောင်ဝါးဝါးမြင်နေရသည်။

 

 

“ဒါက မောင်းနှင်ခြင်းစက် ပဲ” မော့ယန်က သူမအံအားသင့်နေသည်ကိုမြင်ပြီး ရှင်းပြခဲ့သည်။ “မင်းသွားချင်တဲ့နေရာရဲ့ သြဒီနိတ်တွေကို သတ်မှတ်ဖို့ပေးလိုက်ဖို့ပဲ လိုတယ်။ မောင်းနှင်ခြင်းစက်က မင်းရဲ့ ကိုယ်ပိုင်ခလုတ်ခုံကိုချိတ်ပြီး အကောင်းဆုံး မောင်းနှင်မှု အစီအစဉ်ကို အလိုအလျောက် ရွေးချယ်ပေးလိမ့်မယ်။ ဒါက သုံးရတာ အရမ်းအဆင်ပြေတယ်။”

 

 

"ကိုယ်ပိုင်ခလုတ်ခုံ" နောက်ထပ်အသုံးအနှုန်းအသစ်ဖြစ်ခဲ့သည်။

 

 

"အော ငါမေ့တော့မလို့" သူပြောသည့်အတိုင်း မော့ယန်သည် တစ်နေရာမှ ခမ်းနားထည်ဝါသော အပြာရောင် နာရီပတ်ကြိုးကို ထုတ်ယူကာ မော့ချူး၏ ဘယ်ဘက်လက်ကောက်ဝတ်တွင် ဂရုတစိုက် ပတ်ပေးလိုက်သည်။ အံ့သြစရာကောင်းသည်မှာ နာရီကြိုးသည် လက်နှင့်ထိတွေ့ပြီးသည့်နောက် အရေပြားထဲသို့ အလိုအလျောက် အရည်ပျော်ဝင်သွားသည်။ တစ်ချက်လောက်ကြည့်ရုံမျှဖြင့် ရှိနေသည်ကို မသိရချေ။

 

 

“ဒါက နောက်ဆုံးပေါ် ကိုယ်ပိုင်ခလုတ်ခုံပဲ။ ချည်နှောင်လိုက်ပြီးရင် ကိုယ်တိုင်မချွတ်သေးသရွေ့ သူကညွှန်ကြားချက်တွေကို ဆောင်ရွက်ပေးနေလိမ့်မယ်။ နောင်မှာ မင်းနားမလည်တာတစ်ခုခုရှိရင် ခလုတ်ခုံ ကို တိုက်ရိုက်သွားမေးလို့ရတယ်"

 

 

“ဟုတ်ပြီ” မော့ချူးသည် သူမ၏လက်ကောက်ဝတ်ရှိ ကိုယ်ပိုင်ခလုတ်ခုံကို ကြည့်လိုက်ကာ နာခံသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

 

 

ထိုကဲ့သို့နာခံမှုရှိသောအကြည့်သည် မော့ယန်၏ နှလုံးသားကို ပျော့ပျောင်းသွားစေခဲ့သည်။ သူသည် သူမ၏ နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်တွေကို မပွတ်သက်ပဲမနေနိုင်တော့ပါ။

 

 

"ဒါဆို သွားကြရအောင်" မော့ယန်သည် သူ့ခလုတ်ခုံမှ လက်ဖဝါးအရွယ် ချစ်ပ်ပြားကို ထုတ်ယူလိုက်သည်။ သူ့လက်ချောင်းကို ခေါက်လိုက်ရာတွင် ချစ်ပ်သည် မောင်းနှင်ခြင်းစက်အဖြစ် ပြောင်းလဲသွားသည်။ မောင်းနှင်ခြင်းစက် ပေါ့ပေါ့ပါးပါးရှိသည့် ဒီဇိုင်းဖြစ်ပြီး ခဲရောင်ဖြစ်သည်။ ၎င်းသည် ၂၁ရာစု ပြိုင်ကားတစ်စီးထက်ပင် ပို၍မိုက်နေသည်။

 

 

မော့ချူးက အရုပ်အသစ်တစ်ခု ရခဲ့သည်။ သူမသည် ကားပေါ်တွင်ထိုင်လိုက်ကာ စိတ်ဝင်တစားနှင့် ဆော့ကစားနေတော့သည်။ သူမသည် သူမ၏ ကိုယ်ပိုင်ခလုတ်ခုံ အလယ်ကို ပေါ့ပေါ့တန်တန် နှိပ်လိုက်ပြီး ပကတိမျက်နှာပြင်တစ်ခု ပေါ်လာသည်။

သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖော်ပြနေသည်။

 

 

[မော့ချူး - အမျိုးသမီး]

 

 

[အသက်- ၁၅။ သွေးအမျိုးအစား- အို]

 

 

 [သွေးပေါင်ချိန် ပုံမှန်၊ ခန္ဓာကိုယ်အပူချိန် ပုံမှန်]

 

 

[ခန္ဓာကိုယ်အခြေအနေ အကဲဖြတ်ခြင်း- အခြေအနေ ဘီ (စွမ်းအင်ပြန်လည် ဖြည့်တင်းရန် အကြံပြုသည်)]

 

 

ဂိတ်ပေါ်ရှိ အနီရောင်အကြံပြုချက်ကို မြင်လိုက်ရသဖြင့် မော့ချူ၏ မျက်လုံးများက မှောင်မိုက်သွားသည်။

မောင်းနှင်းခြင်းစက်၏ အရှိန်သည် အံ့သြစရာကောင်းလောက်အောင် မြန်သည်။ ကီလိုမီတာ ၄၀ ခရီးကို မိနစ် ၂၀ တောင် မကြာလိုက်ပေ။

 

 

"ချူးလေး၊ ငါ့ကို ဒီမှာ ခဏစောင့်။ ငါ ခဏနေ ပြန်လာခဲ့မယ်" ဟူချင်း၏ လုပ်ရပ်ကိုမြင်၍ မော့ယန်က အသင်းကနေ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

 

 

“ဟုတ်ပြီ” မော့ချူးက အပြုံးမပျက် ခေါင်းညိတ်လိုက်သည်။

 

 

"ဟုတ်ပြီ ငါ့ရဲ့ ကိုယ်ပိုင်ခလုတ်ခုံရဲ့ ပေးဆောင်ခြင်းကို မင်းနဲ့ မျှဝေလိုက်ပြီ။ တစ်ခုခုဝယ်ချင်ရင် စတားနက်ကို တိုက်ရိုက်သွားပြီး ကြည့်လိုက်လို့ရတယ်။”

 

 

“ကောင်းပြီ!” မော့ချူးက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

 

 

သို့သော် သူမ၏အစ်ကိုကြီး၏ ကိုယ်ပိုင်ခလုတ်ခံရှိ ပိုက်ဆံများကို မြင်သောအခါ မော့ချူးမှာ ပါးစပ်အကျယ်ကြီး ပွင့်သွားသည်။ သူမ၏ မျက်လုံးများလင်းလက်တောက်ပသွားသည်။— 360,000 ဖက်ဒရေးရှင်းဒင်္ဂါးပြားတွေ။

 

 

သူက ဘောစိပဲ။ သုညများစွာသည် သူမ၏မျက်လုံးနှင့်အပြည့်ပင်။

 

 

သို့သော် သေသေချာချာ တွေးကြည့်တော့ အဓိပ္ပါယ်ရှိလှသည်။ အဖွဲ့ချုပ်၏ ခရိုင် ၁၂ခု၏ တတိယအဖွဲ့အနေဖြင့် ဝံပုလွေရိုင်းအဖွဲ့ သည် မစ်ရှင်တစ်ခုသွားသည့်အခါတိုင်း အဖိုးတန် ရတနာများကို ရရှိမည်ဖြစ်သည်။ ထို့အပြင် မော့ယန်တွင် အဆင့်(၅) မိုးကြိုးစွမ်းရည်ရှိသောကြောင့် သူ့အားခွဲဝေပေးသည့် ပစ္စည်းများက မဆိုးလှ‌ပေ။

 

 

ထိုကြောင့် သူမသည် သူ့ကို ညှာနေစရာမလိုတော့ပေ။

မော့ချူးသည် စတားနက်ကို ပျော်ပျော်ကြီးဖွင့်ကာ အစားအသောက်လိုင်းကို တွေ့သွားလေသည်။ ယခု သူမသည် နွားနို့အကြည်သာ သောက်နိုင်သော်လည်း ရွေးချယ်စရာများကို ကြည့်နေခြင်းဖြင့် သူမသည် အနည်းဆုံးတော့ သူ့မကိုယ်သူမ ကြည်နူးနေနိုင်သေးသည် ။

 

 

အစားအသောက်လိုင်းတွင် ဒီလို အရသာချို့တဲ့စားစရာများကို မြင်တွေ့ရန် သူမဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။ အဲ့ဒီအပြင် နွားနို့သည် အရသာအရှိဆုံး စားစရာဖြစ်နေခဲ့သည်။