အပိုင်း ၁၅
Viewers 1k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၁၅

 

 

 

“အားလုံးမင်္ဂလာပါ။ ကျွန်မ နာမည်က မော့ချူးပါ။ မော့ယန်ရဲ့ညီမပါ။" မိန်းကလေး၏ ကြည်လင်အေးမြသောအသံသည် ခန်းမထဲတွင် ထွက်ပေါ်လာပြီး တင်းမာသောလေထုကို မသိမသာ လျော့ပါးသွားစေသည်။

 

 

"ရှင်တို့ မြင်တဲ့အတိုင်းပဲ ကျွန်မမှာ ရေအမျိုးအစား အဆင့်(၁) စွမ်းရည်ပဲရှိတယ်။ ကျွန်မရဲ့အစ်ကို မော့ယန်က Cအဆင့် မစ်ရှင်အတွက် ဒီမှာရှိနေရတဲ့ အကြောင်းရင်းက ကျွန်မနဲ့ အဖော်လိုက်ပေးဖို့ပဲ။"

 

 

“အခု ရှောက်ယွမ် ပြောလိုက်တာတွေအတွက်” မော့ချူးက ရေးရေးလေးပြုံးလိုက်ပြီး သူမရဲ့အကြည့်ဟာ တင်းမာနေသည်။ “အားလုံး ဘာလို့ သေချာမစဥ်းစားကြည့်ကြတာလဲ နောက်ပြီး အစ်ကိုက ဘယ်တုန်းက C အဆင့်အောက် နိမ့်တဲ့တာဝန်ကို ယူဖူးလို့လဲ”

 

 

သူမက ဒီလိုပြောလိုက်တဲ့အခါ စိတ်ပြင်းပြတက်ကြွနေသူများဟာ ဖြည်းဖြည်းချင်း တည်ငြိမ်သွားကြသည်။

တကယ်လည်း မော့ယန်ဟာ ဝံပုလွေရိုင်းအဖွဲ့ထဲတွင် Sအဆင့်အထက် အဖွဲ့တာဝန်များကိုလက်ခံခဲ့သည်။ သူတစ်ယောက်တည်းဆိုရင်တောင်မှ Cအဆင့်အောက်က တာဝန်များကို တစ်ခါမှ လက်မခံခဲ့ပေ။

 

 

သူ ဒါကိုလုပ်နေရခြင်းက သူ့ရဲ့ အဆင့်(၁)ညီမလေးကို ကာကွယ်ရန်ဖြစ်သည်။ နောက်တော့ သူတို့သည် အလယ်တွင်ရပ်နေသည့် မိန်းကလေးငယ်လေးကို ကြည့်လိုက်ကြသည်။ သူမဟာ ဖြူဖတ်ဖြူရော်နှင့် အားနည်းနေသည့်ပုံပင်။ လူတိုင်း ပြောစရာစကားမရှိတော့ပေ။

 

 

“အဲ့တော့ဘာဖြစ်လဲ။” ဘယ်လိုများ ရှောက်ယွမ်က လူတိုင်း စိတ်အခြေအနေ ပြောင်းသွားတာကို သတိမထားမိလည်း မသိပေ။ သူက ချက်ချင်းပဲငြင်းလိုက်သည်။

 

 

“ အခုတော့ မော့ယန်က Cအဆင့်မစ်ရှင်ကို လက်ခံနေတာက အမှန်တရားပဲလေ။ မင်းတို့ ဆင်ခြေပေးမယ်ဆိုရင်တောင် အမှန်တရားကို ပြောင်းလို့မရဘူး”

 

 

“ရှောက်ယွမ် ပြောတာမှန်ပါတယ်။ ကျွန်မ အစ်ကိုက ဒီမစ်ရှင်ကို လက်ခံတော့မလို့ပါ ဒါပေမဲ့ လက်မခံရသေးဘူးလေ။” မော့ချူးရဲ့အပြုံးက ပို လေးနက်လာသည်။ ခင်ဗျားက စကားနိုင် ထိုးချင်နေတာမလား။ အဖော်လုပ်ပေးရတာပေါ့။

 

 

“အဆင့်မြင့်စွမ်းရည် မိသားစုက ဆင်းသက်လာတဲ့သူတစ်ယောက်အနေနဲ့ အကျိုးခံစားခွင့်တွေကို လက်ခံပြီးကတည်းက သက်ဆိုင်တဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်မှာပါ”

 

 

“ကျွန်မအစ်ကိုနဲ့ ကျွန်မနဲ့ Cအဆင့်တာဝန်ကိုယူမှာ မဟုတ်တော့ဘူး။ ကျွန်မက အဆင့်(၁)ကျွမ်းကျင်သူဆိုရင်တောင် Aအဆင့်တာဝန်ကို ထမ်းဆောင်ရဲတယ်” မော့ချူးရဲ့ စကားလုံးများက သြဇာညောင်ပြီး ပါဝါရှိသည်။

 

 

 သို့သော် သူမရဲ့ ခန္ဓာကိုယ်ကတော့ ဒီအချိန်မှာ အကြောက်တရားမရှိတဲ့ သတ္တိတွေနဲ့ ပေါက်ထွက်နေခဲ့သည်။ လူများသည် သူမကို တောက်ပနေသော အကြည့်များနှင့် မကြည့်ဘဲ မနေနိုင်တော့ချေ။

 

 

ဒီစကားလုံးများကို ကြားပြီးသည့်နောက်တွင် အဆင့်မြင့်သူရောနိမ့်သူရော မော့ချူးကို မချီးကျူးဘဲမနေနိုင်ကြတော့ချေ။ လူတိုင်းတွင် အားနည်းချက်များရှိကြသည်။ သို့သော် လုပ်ချင်ကိုင်ချင်စိတ်နှင့် သတ္တိသည် သူတို့လုပ်သည့်အရာတိုင်းတွင် အရေးကြီးသည်။ သူတို့သည် တစ်ခါတစ်ရံတွင် ပါရမီနှင့် ကံ ထက်ပင် အရေးကြီးသေးသည်။

 

 

“ဟား ငါတော့ မင်းကို သတ္တိရှိတာလား၊ သူရဲဘောကြောင်တာလားတောင် မပြောတတ်တော့ပါဘူး” ရှောက်ယွမ်က မော့ချူးရဲ့ စကားများကို ကြားပြီးသောအခါ သူ၏မျက်နှာဖြူရော်သွားသည်။ သူသည် သူမကို ပုတ်ခတ်စောင်းပြောတော့သည်။

 

 

 “Aအဆင့်တာဝန်တွေက ဘယ်လောက်အန္တရယ်ရှိလဲဆိုတာ သိရဲ့လား ကလေးမ မင်းကအခုမှ အဆင့်(၁) ရှိသေးတယ်။အဆင့် (၃)၊ (၄)ကျွမ်းကျင်သူတွေတောင် အဲ့ကိုသွားပြီး အကောင်းပကတိအတိုင်း ပြန်မလာနိုင်ကြဘူး။ ”

 

 

မော့ချူးသည် အခုမှအဆင့်(၁)ကျွမ်းကျင်သူသာဖြစ်သေးပြီး Aအဆင့် မစ်ရှင်ကို တန်းပြီးလက်ခံရဲသည်။ တစ်ဖက်တွင် ရှောက်ယွမ်သည် အဆင့်(၂)တွင် သောင်တင်နေသည်မှာ ကြာလှပြီး အဆင့် C,Dတာဝန်များလောက်သာ လက်ခံရဲသည်။ ထိုကဲ့သို့နှိုင်းယှဥ်ကြည့်လိုက်မည်ဆိုလျှင် သူ့ဂုဏ်သရေသည် ဒီမိန်းမငယ်လေးကြောင့် ကျဆင်းရတော့မည်။

 

 

သူ ဘယ်လိုများ သူမကို စိတ်ကြီးဝင်သွားစေရမှာလဲ။

 

 

ရှောက်ယွမ်၏ စကားများက ကြားရသည်မှာ အဆင်မပြေဖြစ်သော်လည်း လူတိုင်းရဲ့ခေါင်းကို ရေအေးနဲ့လောင်းချလိုက်သကဲ့သို့ပင်။ ရန်စပြီးတဲ့နောက်မှာ သူတို့အားလုံးဟာ အဖြစ်မှန်ကို ရင်ဆိုင်ရတော့ပေမည်။

 

 

Aအဆင့်၏ အန္တရာယ်မှာ အလွန်ကြီးသည်။ ပုံမှန်အားဖြင့် အဆင့်(4)လောက်ရှိသူများသာ တာဝန်ကို လက်ခံရဲသည်။ ဒါတောင်မှ မစ်ရှင်တိုင်းမှ အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်လာနိုင်မယ်လို့ အာမခံချက်မရှိချေ။

 

 

မော့ချူး ဒီမိန်းကလေးငယ်လေးဟာ အဆင့်(၁)ကို ခြေချကာစပင် ရှိသေးသည်။ စွမ်းရည်ကတော့ ကောင်းလှသည်။ မော့ယန်၏ အကူအညီနှင့် ဆိုရင်တောင် Aအဆင့် မစ်ရှင်မှ လုံခြုံစွာပြန်လာဖို့ အလွန်ခက်ခဲပေသည်။

 

 

ရှောက်ယွမ်ရဲ့ လှောင်ပြောင်ပြောဆိုခြင်းကို မော့ချူးက လုံးဝစိတ်မဆိုးချေ။ “ကျွန်မ သရဲဘောကြောင်တာလား၊ သတ္တိရှိတာလားဆိုတာ မစ်ရှင်ပြီးသွားတဲ့အခါ ကျွန်မတို့အားလုံး သိသွားကြမယ်မလား”

 

 

ရှောက်ယွမ်နှင့် စကားနာထိုးနေမည့်အစား လက်တွေ့ ပြသလိုက်ခြင်းက ပိုကောင်းလိမ့်မည်။ သူမက သူ့မျက်နှာကို ရိုက်လိုက်လို့ရသည့် သက်သေတွေကို ပြသပါလိမ့်မည်။

 

 

“တော်လောက်ပြီ ကလေးမ။ ပြန်စဥ်းစားလို့ပဲ ပြောချင်တယ်” ရှောက်ယွမ်က သူမရဲ့နောက်က မော့ယန်ကို ဒေါသထွက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

 

 

 “မင်းတစ်ခုခုဖြစ်သွားရင် မင်းအစ်ကိုက သူ့ဘဝကိုပေးဆပ်ရလိမ့်မယ်။ တန်တယ်လို့ တကယ်ထင်လား”

 

 

ဒါကိုကြားပြီး မော့ချူးဟာ မျက်မှောင်ကြုတ်လိုက်တော့သည်။ အဲ့ဒီအချိန်တွင် ထိုလူသည် သူမအစ်ကို၏ ဂုဏ်သရေကို ချပစ်ဖို့မမေ့လိုက်ချေ။

 

 

“ဒါဆို ငါတို့ အလောင်းအစားလုပ်ရင်ရော” မော့ချူးကလှည့်ကြည့်လိုက်ပြီး သူမ၏အသံမှာ ချက်ချင်းကျယ်သွားသည်။ “ကျွန်မအစ်ကိုနဲ့ ကျွန်မ တာဝန်ကိုပြီးစီးပြီး ဘေးကင်းကင်းပြန်ရောက်လာရင် ရှင်က အားလုံးရှေ့မှာ အစ်ကို့ ကို တောင်းပန်ရမယ်။ အဲ့လိုပြန်မရောက်လာရင်တော့ ကျွန်မက ရှင့်ကိုတောင်းပန်မယ်။ ဘယ်လိုလဲ”

 

 

မော့ချူးရဲ့စကားလုံးများဟာ ရှောက်ယွမ်ကို အကျဥ်းအကြပ်ဖြစ်သွားစေသည်။

 

 

သူက မော့ချူး ဘေးကင်းကင်းပြန်လာနိုင်မယ်ဆိုတာကို အယုံအကြည်မရှိပေမဲ့လည်း မော့ချူးဟာဆိုရင် အလွန်သန်မာလှသည်။ သူမက မစ်ရှင်ကိုကျော်ဖြတ်ပြီး ပြန်လာနိုင်လောက်တဲ့ထိ ကံကောင်းနေနိုင်သည်။ အဲ့ဒီအချိန်မှာသာ သူတောင်းပန်ရမည်ဆိုလျှင် အကြီးအကျယ်ဘအရှက်ကွဲမည်မှာ အမှန်ပင်။

 

 

သူက အခြားနည်းမစဥ်းစားနိုင်ခင်မှာပဲ မော့ချူးကနောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ “အခုလိုပုံစံကြည့်ရတာ ရှင် ကျွန်မနဲ့ လောင်းရမှာကြောက်နေတာလား”

 

 

မော့ချူးသည် မခံချိမခံသာဖြစ်ချင်စရာကောင်းပြီး သူမရဲ့ အသံအနေအထားကို ပြောင်းပြောလိုက်သည်။ “ကောင်းပြီလေ။ ရှင့်အသက်အရွယ်နဲ့ အခုထိ အဆင့်(၂)ကျွမ်းကျင်သူပဲ ရှိသေးတယ်ဆိုတော့ လောင်းဖို့ သတ္တိမရှိတာလည်း အံ့သြစရာမဟုတ်ပါဘူး။ အဲ့ဒါဆိုလည်း ကျွန်မက မလောင်းရသေးဘဲ နိုင်တယ်ပဲထားလိုက်ပါတော့...”

 

 

ဒီလိုပြောခံနေရတာတောင် ရှောက်ယွမ်က မလောင်းသေးရင် သူသည် လူရယ်စရာကောင်းနေတော့မည်။

 

 

“ကောင်းပြီလေ။ လောင်းရတာပေါ့” ရှောက်ယွမ်သဘောတူလိုက်သည်။ သူက အဆင့်(၁)သာရှိသေးသည့် ကလေးမလေးက Aအဆင့် မစ်ရှင်ကနေ အကောင်းအတိုင်း ပြန်လာနိုင်မည်ဆိုတာကို မယုံပေ။

 

 

“ဒါပေမဲ့ Aအဆင့် မစ်ရှင်တွေမှာလည်း ခက်ခဲတဲ့အတိုင်းအတာက အမျိုးမျိုးရှိတယ်လေ။ မော့ယန်ကတော့ စိန်ခေါ်မှုအနည်းဆုံးတစ်ခုကို ရွေးလိမ့်မယ်မလား” ရှောက်ယွမ် ထပ်ပြောလိုက်သည်။

 

 

ရှောက်ယွမ်သည် ကိုင်တွယ်ရခက်သည့်လူစားမျိုးဖြစ်သည်။ မော့ချူး၏ အပြောအဆိုခံရပြီးသည့်နောက် သူသည် သူမကို ဘယ်လိုပဲဖြစ်နေနေ ပြန်၍ချေပတော့မည်။

 

 

သူက မစ်ရှင်များကို ပြသထားသည့် မျက်နှာပြင်ကြီးကို ကြည့်နေလိုက်သည်။ ရုတ်တရက် တစ်ခု တက်လာခဲ့သည်။ “ဒီတစ်ခုဆိုရင်ရော”

 

 

တစ်ချက်ကြည့်လိုက်ကြပြီးနောက် လူတိုင်းတုန်လှုပ်သွားကြသည်။

 

 

အဆင့်မြင့်မစ်ရှင် - သွေးအလင်းသားရဲ၏ ဦးခေါင်းကို ရယူရန်။

 

 

သွေးအလင်းသားရဲဆိုသည်မှာ မှော်သားရဲအမျိုးအစားဖြစ်ပြီး မည်သူမျှ သွားမထိရဲသည့် သတ္တဝါဖြစ်သည်။

ဒီလိုမှော်သားရဲမျိုးများသည် သွေးနဲ့ အသားကို အလွန်ကြိုက်ကြသည်။ လူဖြစ်စေ အခြားမျိုးနိမ့်သားရဲများဖြစ်စေ သွေးအလင်းသားရဲ မျက်စိကျသွားသည်နှင့် သေသည်အထိ ခုခံတိုက်ခိုက်ရတော့သည်။

 

 

ထို့ပြင် သွေးအလင်းသားရဲများသည် ဖမ်းမိထားသောသားကောင်ကို ချက်ချင်းမစားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် သွေးများ ခမ်းခြောက်ပြီး အရိုးဖြူများမကျန်မချင်း တစ်ရက်လျှင် အစိတ်ပိုင်းတစ်ပိုင်းချင်းစီသာ စားသည်။

 

 

သူတို့သည် အလွန်ကြောက်စရာကောင်းသော မှော်သားရဲများဖြစ်ကြသည်။ သူ၏ဦးခေါင်းကို ရအောင်ကြိုးစားဖို့မပြောနှင့် ပုန်းချိန်တောင်ရလိုက်မည်မဟုတ်ချေ။

 

 

သို့သော်လည်း သွေးအလင်းသားရဲများ၏ လည်ပင်းသည် အလွန်မာကျောပြီး အားကောင်းသည်။ သူ့ကို အဖွဲ့ချုပ်၏ ကြီးမားတဲ့ စက်ပစ္စည်းများတွင် အသုံးပြုသည်။ ထို့ကြောင့် သွေးအလင်းသားရဲများ၏ ဦးခေါင်းစျေးနှုန်းမှာ အမြဲမြင့်မားနေသည်။

 

 

အမှန်အတိုင်းပြောရလျှင် မော့ချူးကဲ့သို့ အရှုပ်ထုပ်ကသူ့ကိုနှောက်ယှက်နေဖို့ မဆိုထားဘိ၊ မော့ယန်တောင်မှ ဒီမင်ရှင်ကို ပြီးမြောက်နိုင်မည် မဟုတ်‌ပေ။

 

 

ရှောက်ယွမ်သည် ပြုံးလိုက်ပြီး သူလုပ်လိုက်သည့်အရာအတွက် ကျေနပ်နေသည်။ “ကဲဘယ်လိုလဲ ကလေးမ။ မင်းဆက်လောင်းချင်သေးလား”

 

 

ဟ မင်းက ကိုယ့်သေတွင်းကို တူးနေတာလား။ မင်းဘာလို့ ကိုယ့်ကိုကိုယ် အဲဒီထဲမှာ မမြှုပ်ထားလဲ။

 

 

မော့ချူးက သွေးအလင်းသားရဲက ဘယ်လိုမျိုးဆိုတာ မသိပေမဲ့လည်း လူတိုင်းရဲ့မျက်လုံးတွေထဲက အကြောက်တရား တွေကနေ တဆင့် နားလည်နိုင်သည်။ သို့သော်လည်း သူမကအခု ကျားကိုတောင် ထိုင်စီးနေရပြီ။ သူမ ဒီအချိန်မှာသာ သဘောမတူလိုက်ရင် သူမတစ်ယောက်တည်း လှောင်ပြောင်ခံရမည်သာမဟုတ် မော့ယန်ပါ ပါလိမ့်မည်။

 

 

“ဘာလို့ငါက ဆက်မလုပ်ရမှာလဲ” မော့ချူးက သူမသွားများကို ကြိတ်လိုက်သည်။ “အလောင်းအစားက စပြီပဲ”

 

 

သူတို့က မင်ရှင်ကို မအောင်မြင်ခဲ့ရင်တောင် ရှောက်ယွမ်ကို တောင်းပန်ရုံတင်သာဖြစ်သည်။

 

 

သို့သော်လည်း နောက်ဆုံးကျမှ ထွက်ပြေးသွားမည်ဆိုလျှင် ပို၍ရှက်ဖို့ကောင်းနေလိမ့်မည်။

 

 

သူမက ဒီကစားပွဲ ကစားသည့်ပုံကို နားလည်သည်။