Chapter 56
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 56 (တရားဝင်အဖွဲ့ ၀၂)


ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့ကို အဆင့်မြင့်တင်ရန် အဖွဲ့ဝင်သုံးယောက်ကို ခေါ်ဆောင်လာသည်။ တက်ဘလက်ကွန်ပျူတာတွင် အချက်ပြတစ်ခုပေါ်လာပြီး လက်ရှိ C-183 ပထမအဆင့် သုတေသနအဖွဲ့ ဖြစ်နေဆဲဖြစ်ပြီး ဒုတိယအဆင့် သုတေသနအဖွဲ့သို့ အဆင့်မြင့်တင်ရန် အမှတ် 2,000နှင့် တတိယအဆင့် သုတေသနအဖွဲ့သို့ အဆင့်မြင့်တင်ရန် အမှတ် 3,000 လိုအပ်သည်။


တစ်နည်းဆိုရသော် တတိယအဆင့်သို့ အဆင့်မြင့်တင်ရန် အမှတ် 5,000 ထုတ်ယူရမည်ဖြစ်သည်။


အမှတ်များစွာသည် ယွဲ့ရှင်းဝမ်ကို အနည်းငယ် စိတ်ဆင်းရဲစေသော်လည်း သုတေသနအဖွဲ့ကို တိုးချဲ့ရန်က အရေးကြီးပြီး သူ၏အဘိဓာန်ကို အဆင့်မြင့်ဖို့က အလျင်စလိုလုပ်ရန် မလိုအပ်ပေ။ ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"အမှတ် 5,000၊ ငါတို့လေးယောက်က အဲဒါကို အညီအမျှခွဲဝေရအောင်…"


ကျန်းဖျင်စစ်: "တစ်ယောက်စီ ရှင်းဝမ်ကို အမှတ် 1,250 ပေးလိုက်…"


အခြားအဖွဲ့ဝင်များက သုတေသနအဖွဲ့တွင် မပါဝင်သေးသောကြောင့် သူတို့နှင့် တိုက်ရိုက် အမှတ်ဖလှယ်လို့မရဘဲ သူတို့လေးဦးသည် သုတေသနအဖွဲ့ကို အဆင့်မြင့်တင်ရန်အတွက် အမှတ်များကို စုဆောင်းရမည်ဖြစ်သည်။ 


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့သည် တွက်ချက်တတ်သူများ မဟုတ်သောကြောင့် ယွဲ့ရှင်းဝမ်ထံသို့ အမှတ် 1,250 ပေးလိုက်သည်။


ယွဲ့ရှင်းဝမ်သည် တက်ဘလက်၏ လက်ဗွေအသိအမှတ်ပြုဧရိယာပေါ်တွင် သူ၏လက်ချောင်းကို ညင်သာစွာတင်လိုက်ပြီး မျက်နှာပြင်ပေါ်တွင် အချက်ပြတစ်ခုထွက်ပေါ်လာသည်။

"C-183 သုတေသနအဖွဲ့ကို အဆင့် 3 အထိ အဆင့်မြင့်တင်ဖို့ အမှတ် 5,000 အသုံးပြုရပါမယ်၊ အတည်ပြုပါသလား?"

ယွဲ့ရှင်းဝမ်က အတည်ပြုလိုက်သည်။ 


နောက်ထပ်အချက်ပြတစ်ခု ထပ်ပေါ်လာသည်။

"အဆင့် 3 သုတေသနအဖွဲ့က အဖွဲ့ဝင် 12 ဦးကို ထားရှိနိုင်ပါတယ်… [X အဖွဲ့ဝင်]ရဲ့လုပ်ဆောင်ချက်ကို သော့ဖွင့်ပြီး၊ [credit မျှဝေခြင်း]ရဲ့လုပ်ဆောင်ချက်ကို သော့ဖွင့်ပြီး၊ အသေးစိတ်အချက်အလက်များကိုကြည့်ရှုရန် ကျေးဇူးပြု၍နှိပ်လိုက်ပါ…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သိချင်စိတ်ကြောင့် အသေးစိတ်အချက်အလက်များကို ချက်ချင်းနှိပ်လိုက်သည်——


[X အဖွဲ့ဝင်]


ဒီအဖွဲ့ဝင်က အဖွဲ့၏ပုံသေအဖွဲ့ဝင်မဟုတ်ပါ၊ အဖွဲ့၏အများဆုံးလူဦးရေ ကန့်သတ်ချက်နဲ့ မသက်ဆိုင်တာကြောင့် အချိန်မရွေး အစားထိုးနိုင်ပါသည်။ အဖွဲ့ဝင်က တစ်ချိန်တည်းမှာ သုတေသနအဖွဲ့နှစ်ခုတွင် ပါဝင်နိုင်ပြီး credit မှတ်ကို ရယူနိုင်ကာ ‘ပြင်ပအကူအညီ’ရဲ့ အခန်းကဏ္ဍနဲ့ ညီမျှပါသည်။ လိုအပ်ပါက ‘X အဖွဲ့ဝင်’ခေါ်ယူနိုင်သော်လည်း တစ်ထပ်မှာ ခေါ်ယူရန် အခွင့်အရေးတစ်ခုသာ ရှိတာကြောင့် ၎င်းကို ဉာဏ်ရှိရှိ အသုံးပြုပါ။


*****


[Credit မျှဝေခြင်း]


‘သုတေသနအဖွဲ့အတွက် ကန့်သတ်ထားသည်’ဟု အမှတ်အသားပြုထားသော သင်တန်းများတွင် သုတေသနအဖွဲ့တစ်ခုလုံးရှိ အဖွဲ့ဝင်များ၏ လူဦးရေတစ်ဝက်ကျော်က သင်တန်းစာမေးပွဲအောင်သောအခါ ကျန်အဖွဲ့ဝင်များက credit မှတ်နှင့် ပျမ်းမျှအမှတ်များကို အလိုအလျှောက် မျှဝေနိုင်ပါသည်။ ‘တစ်ဝက်’ကို သုတေသနအဖွဲ့၏ အဖွဲ့ဝင်ဦးရေ ကန့်သတ်ချက်အပေါ် အခြေခံပြီး တွက်ချက်ပါသည်။ ဥပမာအားဖြင့် တတိယအဆင့် သုတေသနအဖွဲ့၏ အများဆုံးလူဦးရေ ကန့်သတ်ချက်မှာ 12 ဦးဖြစ်ပြီး တစ်ဝက်ကျော်ဖြစ်သော လူ 7 ဦး စာမေးပွဲအောင်တာနဲ့ ကျန် 5 ဦးသည်လည်း တူညီစွာစာမေး‌ပွဲအောင်ပါလိမ့်မည်။


အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်များကို ကျွမ်းကျင်သောနယ်ပယ် ဘာသာရပ်အမျိုးမျိုးတွင် စာမေးပွဲဖြေဆိုရန် မတူညီသောအဖွဲ့များကို စီစဉ်ပေးနိုင်ပါသည်။ credit မျှဝေခြင်းပုံစံတွင် အဖွဲ့ဝင်များ သင်တန်းကျသွားပါက စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခြင်းမရှိသော အဖွဲ့ဝင်များလည်း ကျရှုံးသည်ဟု သတ်မှတ်ကာ သုတေသနအဖွဲ့မှ အဖွဲ့ဝင်အားလုံးကို ပထမထပ်သို့ ပြန်ပို့မည်ဖြစ်ပြီး သင်တန်းပြန်တက်ရပါမည်။ 


သုတေသနအဖွဲ့ တိုးချဲ့ခြင်းဖြင့် အဖွဲ့ဝင်ဦးရေ တဖြည်းဖြည်း တိုးလာမည်။ အဖွဲ့ခေါင်းဆောင်တွင် ကြီးလေးသောတာဝန်ရှိပြီး ကျေးဇူးပြု၍ သုတေသနအဖွဲ့ဟ ကန့်သတ်လုပ်ဆောင်ချက်များကို သတိဖြင့်အသုံးပြုပါ။


ယွဲ့ရှင်းဝမ်က ဂရုတစိုက် စဉ်းစားလိုက်သည်။

"X အဖွဲ့ဝင်က ပြင်ပအကူအညီပဲ… သူတို့က ထွက်သွားစရာမလိုဘဲ သုတေသနအဖွဲ့နှစ်ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်လို့ရတယ်… ဆိုလိုတာက ငါတို့တွေ အခြားသုတေသနအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အဖွဲ့ဝင်တွေကို ဖလှယ်လို့ရတယ်မလား?"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ သူ့အသံက အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"ဒါက တချို့သောဌာတွေရဲ့ သင်တန်းတွေမှာ ကျွမ်းကျင်သူမပါဘဲ အောင်ဖို့ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်! ကျောင်းသားတွေက အပေါ်ထပ်ကို သွားလေလေ၊ သင်တန်းတွေ ပိုခက်လာတာကြောင့် ကျောင်းသားဦးရေ နည်းလာလေဖြစ်ပြီး 2 ထပ်နဲ့ 3 ထပ်မြောက် သင်တန်းတွေတောင် သုတေသနအဖွဲ့နဲ့မှ အောင်မြင်နိုင်တာ… ငါတို့အတွက် သတ်မှတ်ထားတဲ့ အဖွဲ့ဝင်တွေကို စုဆောင်းဖို့က ပိုမိုခက်ခဲလာမှာဖြစ်ပြီး X အဖွဲ့ဝင်တွေက သုတေသနအဖွဲ့ကို အကန့်အသတ်မရှိ ဖြစ်နိုင်ခြေတွေ ပေးဆောင်နိုင်တယ်မလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အဲဒီအဓိပ္ပါယ်ပဲ… ဘယ်သုတေသနအဖွဲ့မှာမဆို ဘာသာရပ်အားလုံးက ကျောင်းသားတွေ ပြည့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး… X အဖွဲ့ဝင်ရဲ့ တည်ရှိမှုက အခြားတက္ကသိုလ်ကသင်တန်းတချို့ကို ရင်ဆိုင်ရတဲ့အခါ အဖွဲ့ဝင်တွေပို အခြားသုတေသနအဖွဲ့နဲ့ ဖလှယ်တာ ဒါမှမဟုတ် အကူအညီပေးဖို့ သူတို့ရဲ့ အဖွဲ့ဝင်ကို ယာယီ‘ငှား’တာမျိုး လုပ်လို့ရတယ်…"


လျှိုကျောက်ချင်းကလည်း မနေနိုင်ဘဲ ချီးမွမ်းလိုက်သည်။

"လူ့ကျင့်ဝတ်အကြောင်း ပြောလေ့မရှိတဲ့ စာကြည့်တိုက်က နောက်ဆုံးတော့ လူသားဆန်ဆန်အရာကို ဖန်းတီးခဲ့ပြီပေါ့!"


ကျန်းဖျင်စစ်: "credit မျှဝေခြင်းပုံစံက အရမ်းအသုံးဝင်တယ်… ငါတို့ 11 ဦးက နောက်ပိုင်းသင်တန်းတွေမှာ အားလုံး တစ်ခါတည်း ဝင်ဖြေစရာမလိုတော့ဘူး… တချို့ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းတွေက လူများလေ ပိုရှုပ်လေဖြစ်ပြီး ‌စာမေးပွဲအောင်ဖို့အတွက် လူတစ်ချို့ကိုပဲ ရွေးချယ်ပြီး အခြားသူတွေက credit မှတ်တွေကို တိုက်ရိုက်မျှဝေနိုင်တယ်…"


ခယ်ရှောင်ပင်းက ယွဲ့ရှင်းဝမ်ကို ကြည့်လာသည်။

"ဒါက အဖွဲ့ခေါင်းဆောင်ရဲ့ လူစီစဉ်နိုင်ခြင်းကို စမ်းသပ်မှုတစ်ခုပဲ…"


ယွဲ့ရှင်းဝမ်က ရယ်လေသည်။

"ဒါနဲ့ပတ်သက်ပြီးတော့ ငါအတော်လေး ယုံကြည်မှုရှိပါတယ်… လက်ရှိအဖွဲ့ထဲက လူတွေအားလုံးကလည်း ငါ့ညွှန်ကြားချက်ကို နားထောင်ဖို့ ဆန္ဒရှိရမယ်… နားမလည်ရင် ငါရှင်းပြလို့ရတယ်…"


ထို့ကြောင့် ကျိုဖုန်းက ယွဲ့ရှင်းဝမ်ကို အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့သည်။ ကျန်းဖျင်စစ်က သူ့ကို ‘စီနီယာအစ်ကို’အဖြစ် အပေါ်ယံမှာ လေးစာတယ်ဆိုရင်တောင် အရေးကြီးသောအခိုင်အတန့်မှာ သူ့စကားနားထောင်ရန်မလိုအပ်ပေ။ ရှင်းယန်နှင့် ချင်မြောင်တို့သည် အခြားသူများထက် ပို၍အေးစက်ကြပြီး ကျိုဖုန်းက သူတို့နှင့် မရင်းနှီးသောကြောင့် ယွဲ့ရှင်းဝမ်ထံသို့ ပေါင်းသင်းဆက်ဆံရေးကို ရိုးရှင်းစွာ လွှဲပြောင်းပေးခဲ့သည်။


အစည်းအဝေးခန်းသို့ပြန်ရောက်ပြီးနောက် ယွဲ့ရှင်းဝမ်က အဆင့် 3 သုတေသနအဖွဲ့၏ လုပ်ဆောင်ချက်များကို လူတိုင်းအား မိတ်ဆက်ခဲ့သည်။


ချင်မြောင်က သော့ချက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။

"သုတေသနအဖွဲ့အတွက် ကန့်သတ်ထားတာလား? ‘သုဒ္ဓကိန်းများဝင်္ကပါ’အတွက် စာရင်းသွင်းခြင်းအချက်အလက်မှာ ‘သုတေသနအဖွဲ့အတွက် ကန့်သတ်ထားသည်’ဆိုတဲ့ စကားလုံးပါနေတာကို ငါမှတ်မိတယ်… ဆိုလိုတာက အဲဒီအချိန်မှာသာ ငါတို့သုတေသနအဖွဲ့က အဆင့် 3 ဖြစ်သွားရင် credit မျှဝေခြင်းက ပွင့်သွားပြီပေါ့… အဲဒီလုပ်ဆောင်ချက်နဲ့ ရှင်းဝမ်က သင်တန်းအောင်မြင်ဖို့ ဝင်္ကပါကျွမ်းကျင်တဲ့ ကျောင်းသား 7 ယောက်ကို ရွေးချယ်ပြီး ဝင်္ကပါမကျွမ်းကျင်တဲ့ ကျောင်းသားတွေ စောင့်ခိုင်းပြီးတော့ လဲလျောင်းပြီး အနိုင်ယူလိုက်ရုံပဲမလား?"


ဒါကိုကြားတော့ ကျန်းရှောင်နျန်၏မျက်လုံးများ တောက်ပလာသည်။

"ကျွန်တော့်လို ဦးတည်ချက်နဲ့ပတ်သက်ပြီး အမြင်အာရုံညံ့ဖျင်းတဲ့သူအတွက်တော့ ဝင်္ကပါအတန်းကို ကျော်လိုက်လို့ရတယ်မလား?"


ကျိုဖုန်းက သူ့မေးစေ့ကို ပွတ်လိုက်သည်။

"စိတ်ဝင်စားဖို့ကောင်းတာက မတူညီတဲ့သင်တန်းတွေမှာ တက်ဖို့အတွက် မတူညီတဲ့အဖွဲ့ဝင်တွေကို ငါတို့ရွေးချယ်လို့ရတာပဲ… ကျိုးကြောင်းဆင်ခြင်ခြင်း ကောင်းမွန်တဲ့သူတွေက ‌ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းတွေကို တက်နိုင်ပြီး တိုက်ခိုက်ရေးနဲ့ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်တွေ ရှိတဲ့သူတွေက ရှင်သန်ခြင်းသင်တန်းတွေကို တက်နိုင်တယ်…"

သူက ယွဲ့ရှင်းဝမ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒါက ရှင်းဝမ်ကို ခေါင်းကိုက်စေလိမ့်မယ်… စာမေးပွဲဖြေတိုင်း ဘယ်သူသွားမယ်၊ ဘယ်သူမသွားဘူးဆိုတာ ဆုံးဖြတ်ရတာနဲ့ မင်းဆံပင်တွေ ကျွတ်လိမ့်မယ်…"


ယွဲ့ရှင်းဝမ်က ကျောင်းသားအားလုံးကို တစ်ချက်ကြည့်ပြီး လေးနက်စွာပြောလာသည်။

"တကယ်လို့ နောင်အခါ ငါတို့တွေ လူခွဲပြီး သင်တန်းကိုဖြေဖို့ လိုအပ်တယ်ဆိုရင် မင်းတို့ ငါ့ရဲ့ညွှန်ကြားချက်ကို နားလည်နိုင်မယ်လို့ မျှော်လင့်တယ်… မင်းတို့မှာ မေးစရာတွေရှိရင် ငါနဲ့မျက်နှာချင်းဆိုင်ပြောပြီး စိတ်ထဲမသိမ်းထားပါနဲ့… ငါက ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူ ဖြစ်တာကြောင့် မင်းတို့သာ ငါနဲ့ မျက်နှာချင်းပြောရင် ငါဒေါသမထွက်ပါဘူး… ဒါပေမယ့် ငါ့နောက်ကွယ်မှာ မင်း‌တို့တွေ အခြားသူတွေနဲ့ အပြစ်တင်ပြောဆိုနေရင် ငါသိတဲ့အခါ ဒေါသထွက်လိမ့်မယ်…"


လျှိုကျောက်ချင်းက စလေသည်။

"ရှင်းဝမ် ဒေါသထွက်ရင် နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်လိမ့်မယ်. သူ့အဘိဓာန်က အုတ်ခဲထက် ပိုထူပြီး ငါတို့သာ အရိုက်ခံရရင် အချိန်မရွေး မေ့သွားနိုင်တယ်…"


သူ့အဘိဓာန်ကို သတိရလိုက်ပြီး အစည်းအဝေးခန်းထဲမှာ ရယ်မောသံတွေ ထွက်လာသည်။


ယွဲ့ရှင်းဝမ်လည်း ပြုံးလိုက်သည်။

"အခုကစပြီး ငါတို့ကအဖွဲ့တစ်ဖွဲ့ဖြစ်လာမှာဖြစ်ပြီး အရာအားလုံးက အဖွဲ့ရဲ့အကျိုးစီးပွားတွေအပေါ် အခြေခံလိမ့်မယ်… စာကြည့်တိုက်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အားလုံး အတူတူစုစည်းပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီး၊ အချင်းချင်းကူညီဖို့ဆိုတာက ရှားပါးတဲ့အရာပဲ ဖြစ်တယ်… လူတိုင်း တစ်ယောက်ကိုတစ်ယောက် လေးစားဖို့ မျှော်လင့်ပြီး အငြင်းပွားမှုတွေ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့…"


ကျန်းဖျင်စစ်က ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။

"ငါတို့ထဲက တစ်ယောက်မှ ကလေးတွေမပါဘူး… ငါတို့အားလုံးမှာ နှလုံးသားတွေရှိတယ်… ဒါကြောင့် ရှင်းဝမ်ကို အခက်အခဲဖြစ်အောင် မလုပ်ပါနဲ့…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ငါ အားလုံးကို သေချာပေါက် ယုံကြည်ပါတယ်… နောက်တစ်ခုက မင်းတို့ရဲ့ credit မှတ်တွေနဲ့ လက်ရှိစွမ်းရည်တွေကို စုလိုက်ရအောင်…"

သူက ခယ်ရှောင်ပင်းကို ကြည့်ကာ

"ရှောင်ခယ်က အဲဒါတွေကို မင်းရဲ့လက်ပ်တော့ထဲ ရေးထားလိုက်… မင်းရဲ့ကွန်ပျူတာ စာမေးပွဲခန်းထဲသွားရင် ယူသွားလို့ရတယ်…"


ခယ်ရှောင်ပင်က သူ့လက်ပ်တော့ကို ချက်ချင်းဖွင့်လိုက်ပြီး အဖွဲ့ဝင်များ၏ အချက်အလက်ဇယားကို အမြန်လုပ်လိုက်သည်။ 


ကျိုဖုန်း: "လောလောဆယ်မှာ ‘စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း’ကနေ credit 2 မှတ်၊ ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’ကနေ credit 4 မှတ်၊ ‘ကျောက်မျက်ရတနာသုံးသပ်ခြင်း’ကနေ credit 2 မှတ်၊ ‘သုဒ္ဓကိန်းများဝင်္ကပါ’ကနေ credit 3 မှတ်နဲ့ သင်္ချာဌာနရဲ့ ဒုတိယသင်တန်းဖြစ်တဲ့ ‘သေခြင်းကုဒ်’ကိုတော့ စာမေးပွဲဖြစ်ဖို့ အချိန်မရှိသေးလို့ ငါ့မှာ စုစုပေါင်း credit 11 ပဲရှိတယ်… ဗို့အားဖြင့်လျှပ်စစ်က အဆင့် 1 ပဲရှိသေးပြီး series and parallel circuits ကို မလေ့လာရသေးဘူး…"


ယွဲ့ရှင်းဝမ်က မှန်းဆသည်။

"စီနီယာက သင်တန်းပြန်တက်တာဆိုရင် အရင်သင်တန်းတွေမှာ ယူခဲ့တဲ့ credit မှတ်တွေကို ထည့်မတွက်ဘူးလား?"


ကျိုဖုန်းက ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… သင်တန်းပြန်တက်တာက credit အားလုံးကို ရှင်းလင်းလိုက်ပြီး အစကနေပြန်စရတာ… ဒါပေမယ့် credit မှတ်တွေပဲ ပေးပြီး စွမ်းရည်အဆင့်မြင့်ဖို့ အမှတ်တွေကိုမပါဘူး…"


လူတိုင်း: "…"


အားလုံးကို သုညကနေ ပြန်စပြီး ပြန်လာရတာက စိတ်ညစ်စရာကောင်းလှသည်။


လင်းမန့်လော်: "ငါလည်း ကျိုဖုန်းနဲ့ ရွှီယိရှန်းတို့လိုပဲ ငါ့နွယ်ပင်စွမ်းရည်က အဆင့် 1 ပဲ…"


ရွှီယိရှန်း: ငါ့ mitosis က အဆင့် 1 ပဲ…"


ကျန်းရှောင်နျန်က ညင်သာစွာပြောလိုက်သည်။

"ကျွန်တော်က ဒီတစ်ပတ်မှ စာကြည့်တိုက်ကို လာခဲ့ပြီး ဒီတစ်ပတ်ပိတ်ရက်က အများသူငါစိတ်ကြိုက်သင်တန်းကို လွတ်သွားခဲ့တယ်… ကျွန်တော့်ရဲ့ credit မှတ်တွေက စီနီယာအစ်ကိုနဲ့အစ်မတွေထက် 2 မှတ် နည်းတယ်…"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောသည်။

"စီနီယာတို့လေးယောက်က သုတေသနအဖွဲ့ကို တိုက်ရိုက်မဝင်နိုင်သေးဘူး… စီနီယာတို့က စာမေးပွဲမဖြေ‌ရသေးတဲ့ သင်္ချာဌာနမှာ သင်တန်းတစ်ခုရှိသေးတယ်… ဒီတော့ မနက်ဖြန်သောကြာနေ့မှာ ‘သေခြင်းကုဒ်’သင်တန်းကို အရင်ဆုံးပြီးအောင် တက်လိုက်ပြီး ညနေ့ကျမှ သုတေသနအဖွဲ့ကို ဝင်လိုက်ပေါ့…"


ကျိုဖုန်းက ခေါင်းငြိမ့်သည်။

"အင်း… ဒါက တစ်ခုတည်းသော နည်းလမ်းပဲ… ငါတို့မှာ မသင်မနေရသင်တန်းတစ်ခု လိုနေသေးတာဆိုတော့ သင်္ချာဌာနကို အောင်သွားတယ်လို့ မယူဆသေးဘူး…"


ချင်မြောင်: "ချင်လုနဲ့ ငါက ရှင်းဝမ်တို့အဖွဲ့နဲ့ credit မှတ် အတူတူပဲ… ငါတို့က အများသူငါစိတ်ကြိုက်သင်တန်းအတွက် ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’ တက်ခဲ့တယ်… စွမ်းရည်တွေကတော့ ကျောက်ကွမ်းရင့်ရဲ့ ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’ကို ငါသင်ယူခဲ့ပြီး အဖွဲ့အများကြီးကို လက်နက်ဖြုတ်ချနိုင်ပြီးတော့ ငါ့အမှတ်တွေက နောက်ထပ်စွမ်းရည်ကို လဲလှယ်ဖို့ လုံလောက်လုနီးပါးဖြစ်နေပြီ…"


ချင်လု: "ငါ့ကမ္ဘာလုံးရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုက အဆင့် 2 ဖြစ်ပြီး 6 ကြိမ် အသုံးပြုနိုင်တယ်…"


ရှင်းယန်: "အဆုံးမရှိအရက်မီးခွက်နဲ့ တိုက်စားနိုင်တဲ့ အပြင်းစားအက်စစ် Aqua Regia… ငါက စုစုပေါင်း credit 19 မှတ်နဲ့ အပိုစိတ်ကြိုက်သင်တန်းလည်း တက်ခဲ့တယ်…"


ကျန်းဖျင်စစ်: "ငါက စုစုပေါင်း credit 23 မှတ်နဲ့ နောက်ထပ် စိတ်ကြိုက်သင်တန်းတွေနှစ်ခုကို တက်ခဲ့တယ်…"


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့၏ credit မှတ်နှင့် စွမ်းရည်များကို ခယ်ရှောင်ပင်းက သိရှိပြီးဖြစ်တာကြောင့် တိုက်ရိုက်ကူးထည့်လိုက်သည်။။


ဇယားကိုရှင်းလင်းပြီးနောက် ယွဲ့ရှင်းဝမ်ကို ပြသရန် လက်ပ်တော့စခရင်ကို လှည့်လိုက်သည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို စောင့်ဆိုင်းရန်အတွက် ဆေးပညာဌာန၏ စိတ်ကြိုက်သင်တန်းများကို တက်ရောက်ခဲ့ပြီး အများဆုံး credit 23 မှတ် ရရှိခဲ့သည်။ ရှင်းယန်ကလည်း အများသူငါစိတ်ကြိုက်သင်တန်း တက်ပြီးနောက် သူတို့ကို 3 ထပ်မြောက်တွင် စောင့်ဆိုင်းရန် စိတ်ကြိုက်သင်တန်းများ တက်ခဲ့ပြီး credit 19 မှတ် ရခဲ့သည်။ ယွဲ့ရှင်းဝမ်၊ လျှိုကျောက်ချင်း၊ ခယ်ရှောင်ပင်း၊ ချင်မြောင်၊ ချင်လုတို့သည် credit 17 မှတ်ရထားပြီး ကျိုဖုန်းတို့ သုံးယောက်အဖွဲ့က credit 11 မှတ်ရှိကာ ကျန်းရှောင်နျန်တစ်ယောက်တည်း credit 9 ရှိနေခဲ့သည်။


အဖွဲ့က သစ်သားစည်ပိုင်းကဲ့သို့ ဖြစ်နေပြီး ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ အနိမ့်ဆုံးပျဉ်ချပ်အပေါ်တွင် မူတည်နေပြီး ထို့ကြောင့် နောက်လာမည့်သင်တန်းအချိန်ဇယားသည် ကျန်းရှောင်နျန်၏ credit များအပေါ် အခြေခံနေသည်။ ကံကောင်းထောက်မစွာ သူသည် သင်္ချာဌာန၏ ဒုတိယမသင်မနေရသင်တန်းဖြစ်သော ‘သေခြင်းကုဒ်’ကို အောင်သွားရင် credit 6 မှတ်ရနိုင်ပြီး အများသူငါစိတ်ကြိုက်သင်တန်းကို မတက်ခဲ့သောကြောင့် ယွဲ့ရှင်းဝမ်နှင့် အခြားသူများထက် သူက credit 2 မှတ်သာ နည်းတော့ပြီး အမီလိုက်ရန် မခက်ခဲပေ။


သူသည် လိုင်း၏အောက်ခြေတွင် ရှိနေတာကို မြင်လိုက်ရသဖြင့် ကျန်းရှောင်နျန်သည် အနည်းငယ်ရှက်ရွံ့စွာ ခေါင်းငြိမ့်လိုက်သည်။


ယွဲ့ရှင်းဝမ်က သူ့ဂျူနီယာညီလေး၏ ပခုံးကိုပုတ်လိုက်သည်။

"စိတ်မပူပါနဲ့… အဆုံးမှာ ငါတို့အားလုံးက အတူတူ သေချာပေါက် ဘွဲ့ရမှာပါ… သုတေသနအဖွဲ့မှာ ‘X အဖွဲ့ဝင်’လုပ်ဆောင်ချက် ရှိတာပဲ… မသင်မနေရသင်တန်းတွေကနေ credit 100 ရဖို့ မလုံလောက်ရင် ငါတို့တွေ credit မှတ်ရဖို့ စိတ်ကြိုက်သင်တန်းတွေကို တက်ရမှာပေါ့… မင်းကို အခြားသုတေသနအဖွဲ့ရဲ့ ပြင်ပအကူအညီအဖြစ် ငှားပေးလိုက်ရပါတယ်…"

 

ကျန်းရှောင်နျန်က လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

"အင်း… ကျွန်တော် စီနီယာရဲ့ညွှန်ကြားချက်ကို နားထောင်မယ်!"


ယွဲ့ရှင်းဝမ်က ခေါင်းလှည့်ကာ ကျိုဖုန်းကို ကြည့်လိုက်သည်။

"စီနီယာအစ်ကို၊ ကျိုတိုတက္ကသိုလ်၊ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေရဲ့ သုတေသနအဖွဲ့တွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် လုပ်ရမယ်… နောက်ပိုင်းအဆင့်တွေမှာ credit မှတ်ရရှိဖို့ ‘X အဖွဲ့ဝင်’ကို ကျွန်တော်တို့ သေချာပေါက် အားကိုးရမှာဖြစ်ပြီး သူတို့အဖွဲ့မှာ မတူညီတဲ့ credit တွေ ပါရှိနိုင်တာကြောင့် အချိန်ကျလာရင် အဖွဲ့သားအချင်းချင်း လဲလှယ်ဖို့ ဆွေးနွေးနိုင်တယ်…"


ကျိုဖုန်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့… ငါက လောင်ယွီနဲ့ တော်တော်ရင်းနှီးပြီး ချင်းလန်နဲ့လည်း အမြဲတမ်း အဆက်အသွယ်ရှိတယ်…"


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုကျိုရဲ့အဖွဲ့ကလွဲရင် ကျန်တဲ့သူတွေက သူတို့ရဲ့သုတေသနအဖွဲ့တွေကို ဖျက်သိမ်းပြီး စောင့်ဆိုင်းချိန်ပြီးသွားရင် ကျွန်တော့်ဘက်မှာပူးပေါင်းမယ်… ကျွန်တော်တို့ရဲ့ သုတေသနအဖွဲ့ C-183 ဖြစ်တယ်… စီနီယာအစ်ကိုကျိုက မနက်ဖြန် အဖွဲ့ကိုဦးဆောင်ပြီး သင်္ချာဌာနက ‘သေခြင်းကုဒ်’သင်တန်းကို တက်ပြီးရင် ညနေပိုင်းမှာ ကျွန်တော်တို့အဖွဲ့ထဲဝင်မယ်…"


ကျိုဖုန်းက မေးသည်။

"ဒီအပတ်ရဲ့ အများသူငါစိတ်ကြိုက်သင်တန်းမှာ ငါတို့ ပါဝင်ဦးမလား?"


ယွဲ့ရှင်းဝမ်: "အချိန်ဇယားထွက်လာမှ အဲဒါကို ဆွေးနွေးကြတာပေါ့…"


ရှင်းယန်က အဖွဲ့မှ ထွက်သွား‌ပြီး တတိယထပ်မှာ စောင့်ဆိုင်းနေခဲ့သည်။ ချင်မြောင်နှင့် ချင်လုတို့ ညီအစ်မများက သူတို့၏ကိုယ်ပိုင်အဖွဲ့ကို တည်ထောင်ခဲ့ပြီး ဒီသတင်းကိုကြားသောအခါ သူတို့၏သုတေသနအဖွဲ့ကို ဖျက်သိမ်းပြီး 15 မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် C-183 တွင်ဝင်ရောက်ရန် လျှောက်ထားခဲ့ရာ ယွဲ့ရှင်းဝမ်က ချက်ချင်း လက်ခံခဲ့သည်။ 


နောက်တစ်နေ့ နေ့လယ်ပိုင်းတွင်း ကျိုဖုန်းသည် ‘သေခြင်းကုဒ်’သင်တန်းကိုတက်ရောက်ရန် အဖွဲ့ကို ဦးဆောင်ခဲ့ပြီး စာမေးပွဲကို အောင်မြင်စွာ ပြီးဆုံးပြီးနောက် credit 6 မှတ်ရကာ 2 ထပ်မြောက်က သင်္ချာဌာနကို အောင်မြင်ပြီး အဖွဲ့ကို တရားဝင် ဝင်ရောက်ခဲ့သည်။ ကျိုဖုန်းနှင့် သူ၏အဖွဲ့ဝင်နှစ်ဦးသည် credit 17 မှတ် ဖြစ်လာပြီး ကျန်းရှောင်နျန်က 15 ဖြစ်ခဲ့သည်။ ကျန်းရှောင်နျန် ပြန်လည်ဖြေဆိုနေတာမဟုတ်သောကြောင့် အမှတ်များရနိုင်သည်။ သူ့လက်ထဲမှာ အမှတ်တွေ အများကြီးရှိနေပြီး ဗိသုကာဌာန၏ စွမ်းရည်အသစ်ဖြစ်သော နံရံဆောက်‌လုပ်ရေးကိုလည်း ပြောင်းလဲခဲ့သည်။


ယွဲ့ရှင်းဝမ်က သူ့ကို မေးလိုက်သည်။

"ဒီစွမ်းရည်ကို ဘယ်လိုသုံးရတာလဲ?"


ကျန်းရှောင်နျန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။

"နံရံတွေကို အချိန်မရွေး နေရာမရွေး ဆောက်နိုင်ပြီး ဆက်တိုက်နံရံတွေက အခန်းတစ်ခုနဲ့ ညီမျှတယ်…" သူက ခဏရပ်ကာ ဆက်ပြောသည်။ "ကံမကောင်းစွာပဲ အဆင့် 1 မြေနံရံတွေက ပျက်စီးလွယ်ပြီး တိုက်မိရင် ပြိုကျနိုင်တယ်… အဲဒါကို အဆင့်မြင့်တင်ပြီးရင်တော့ အုတ်နံရံတွေ၊ ကွန်ကရစ်နံရံတွေနဲ့ shear နံရံတွေ ဖြစ်သွားနိုင်တယ်… အဆင့်မြင့်ဆုံး shear နံရံက ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကွန်ကရစ်ဖွဲ့စည်းပုံနဲ့ အသုံးပြုထားတယ်…"


ယွဲ့ရှင်းဝမ်: "…"


ဒါက ‌အံ့ဩစရာကောင်းသည်။ အကယ်၍ သူတို့သည် အနာဂတ်မှာ လိုက်လံဖမ်းဆီးခြင်းမှ မလွတ်မြောက်နိုင်ပါက လူအားလုံးပုန်းအောင်းရန် မြေငလျင်ဒဏ်ခံနိုင်သော အိမ်တစ်လုံးကို ကျန်းရှောင်နျန် ဆောက်နိုင်သည်မဟုတ်ပါလား?


သောကြာနေ့ညတွင် ကျောင်းသားအားလုံး၏ တက်ဘလက်များထဲ၌ အတန်းချိန်ဇယားများ ထပ်မံထွက်ပေါ်လာသည်——


ပိတ်ရက် အများသူငါစိတ်ကြိုက်သင်တန်းများ


8:00 – 10:00၊ တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ


14:00 – 16:00၊ ကျောက်မျက်ရတနာသုံးသပ်ခြင်း



ယွဲ့ရှင်းဝမ် အနည်းငယ် အံ့ဩသွားပြီး သုတေသနအဖွဲ့ chat channel တွင် စာရေးလိုက်သည်။

"ဘာလို့ အများသူငါစိတ်ကြိုက်သင်တန်းက အရင်အပတ်နဲ့ အတူတူ ဖြစ်နေတာလဲ?"


ကျန်းဖျင်စစ်: "ကျောင်းသားတော်တော်များများက ဒီအတန်းတွေတက်ဖို့ မရွေးချယ်နိုင်ခဲ့တာကြောင့် နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးတာဖြစ်နိုင်တယ်…"


ပြီးခဲ့သောအပတ်တွင် ကျောင်းသား 30,000 မှ 5,000 ကိုသာ တောလမ်းခရီးအတွက် ရွေးချယ်ခဲ့သည်။ ၎င်းကို နောက်တစ်ခါတက်ခိုင်းတာက လူများကို credit မှတ်များရရှိရန် အခွင့်အရေးများစွာ ပေးလိမ့်မည်။ 


ကျိုဖုန်းနှင့် သူ၏အဖွဲ့ဝင်နှစ်ယောက်သည် ‘ကျောက်မျက်ရတနာသုံးသပ်ခြင်း’သင်တန်းတွင် ပါဝင်ခဲ့ကြပြီး အခြားသူများက ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’တွင် ပါဝင်ခဲ့ကြတာကြောင့် သူတို့၏သုတေသနအဖွဲ့သည် သင်တန်းနှစ်ခုစလုံးအတွက် စာရင်းသွင်း၍မရတော့ပေ။ ယွဲ့ရှင်းဝမ်က ပြောလိုက်လေသည်။

"ဒီအပတ်ကို ထားလိုက်ပါတော့… အားလုံး ကောင်းကောင်းအနားယူပြီး နောက်အပတ် ဗိသုကာဌာနကို တိုက်ရိုက်သွားမယ်… တနင်္လာနေ့ မနက် 7 နာရီခွဲမှာ နံပါတ် 1 ကန်တင်းမှာ ဆုံကြမယ်… မနောက်ကျစေနဲ့…"


[Volume 3 : သင်္ချာဌာန ပြီးပါပြီ။]


#TK