Chapter 115
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 115 (အားကစားပြိုင်ပွဲ ၀၆) 


ပြိုင်ပွဲမစတင်မီတွင် အနီးအနားမှ ကျောင်းသားအများအပြားက ယွဲ့ရှင်းဝမ်ကို အာရုံစိုက်ခဲ့ကြသည်။ ယွဲ့ရှင်းဝမ်ကို လူတိုင်း၏"အာရုံစိုက်"ခြင်းသည် ယွဲ့ရှင်းဝမ်၏နည်းဗျူဟာကို အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲစေသည်။ ထို့အပြင် ယွဲ့ရှင်းဝမ်ကို စိုက်ကြည့်နေသော မျက်လုံးများစွာရှိပြီး သူ့ကို ရွယ်ထားသည့် စွမ်းရည်များစွာရှိနေတာကြောင့် သူတို့၏ရလဒ်က အလွန်ဆိုးရွားသွား၍ ပြိုင်ဘက်တွေ မမြင်နိုင်တော့ဘူးဆိုရင် အားလုံးက အာရုံပြောင်းပြီး သူတို့ကို လွတ်ပေးလိမ့်မည်။


ယွဲ့ရှင်းဝမ်သည် အစတုန်းက တစ်ပတ်လောက် နောက်ကျချင်ပေမယ့် ယခုတွင်မူ တစ်ပတ်လောက်နောက်ကျတာက အားလုံး၏သတိရှိမှုကို ဖြေလျှော့ရန် မလုံလောက်ဘူးဟု ထင်ရသည်။


ပြိုင်ပွဲမစမီ ကြိုတင်ပြင်ဆင်ချိန် နောက်ဆုံးမိနစ်ကျန်သေးသဖြင့် ယွဲ့ရှင်းဝမ်က အဖွဲ့ဝင်သုံးဦးကို အတူတူခေါ်ကာ အသံလျှော့ပြီး ပြောလိုက်သည်။

"ဖိုင်နယ်မှာ ငါတို့ရဲ့နည်းဗျူဟာကို ပြောင်းရအောင်… ငါ ပထမဆုံး ပြေးလိုက်မယ်…"


ပဏာမနှင့် ဆီမီးဖိုင်နယ်များတွင် ရွှီယိရှန်းသည် ပထမဆုံးပြေးသူဖြစ်ပြီး ပြိုင်ပွဲအစတွင် ထိန်းချုပ်ခြင်းစွမ်းရည်များစွာရှိရင်တောင် ရွှီယိရှန်းက ‘mitosis’ကို အားကိုးပြီး အခြားပြိုင်ဘက်များ၏ ထိန်းချုပ်ခြင်းကို ရှောင်ရှားနိုင်သည်။ ဒုတိယနှင့် တတိယအပတ်များတွင် ကျောင်းသားများစွာ၏ စွမ်းရည်များက စောင့်ဆိုင်းချိန်ရောက်သွားပြီး အတော်လေးလုံခြုံသွားသည်။


ယွဲ့ရှင်းဝမ်သည် ပထမဆုံးပြေးရန် အစပြုခဲ့သည့်အခါတွင်လည်း သူ့ကိုယ်ပိုင်ထည့်သွင်းစဉ်းစားမှုများရှိခဲ့ပြီး တိုးတိုးလေးရှင်းပြခဲ့သည်။

"ငါ့ရဲ့အမုန်းတရားတန်ဖိုးက အကြီးမားဆုံးပဲ… သူတို့က ငါပထမဆုံးပြေးမယ်ဆိုတာ မြင်ရင် စွမ်းရည်အမျိုးမျိုးနဲ့ ငါ့ကို မိတ်ဆက်လိမ့်မယ်…"


ကျန်းဖျင်စစ်က သူဘာကိုဆိုလိုသည်ကို စက္ကန့်ပိုင်းအတွင်း နားလည်သဘောပေါက်ခဲ့သည်။

"မင်းက ပထမဆုံး ရှေ့ထွက်ရပ်ပြီး အဖျက်စွမ်းအားတွေကို စွဲဆောင်မလို့လား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း၊ ငါ အရင်ဆုံး သူတို့ရဲ့အာရုံတွေကို စွဲဆောင်လိုက်မယ်၊ ပြီးရင် ‘ရွှေပုစဉ်းရင်ကွဲခွံ’သုံးပြီး လွတ်မြောက်ဖို့ သင့်တော်တဲ့အချိန်ကို ရှာပြီးတော့ နောက်အဖွဲ့ဝင်ဆီ တုတ်ကို လွှဲပြောင်းလိုက်မယ်… အခြားပြေးလမ်းကလူတွေ ငါတို့အပေါ်အာရုံမစိုက်အောင် အဲဒီအပြေးသမားတွေထက် ငါတို့က အရမ်းနောက်ကျကျန်နေရမယ်…"


ရွှီယိရှန်းက စိတ်ပူစွာ ပြောသည်။

"ဒါပေမယ့် ငါတို့ အရမ်းနောက်ကျကျန်ခဲ့ရင် အမီလိုက်နိုင်ပါ့ဦးမလား?"


ယွဲ့ရှင်းဝမ်က လေးနက်စွာ ပြောသည်။

"စီနီယာအစ်ကိုရွှီက ဒုတိယပြေးပါ၊ ကျွန်တော်က အဖွဲ့လိုက်အရှိန်မြင့်ခြင်းကို ဖွင့်ပေးပြီး စီနီယာက ထိန်းချုပ်ခြင်းတွေကို ရှောင်ရှားဖို့ 'mitosis' ကို အားကိုးနိုင်တယ်… ချင်လုဆီ တုတ်လွှဲပြီးရင် ချင်လုက အဆက်မပြတ် နေရာပြောင်းဖို့ ကျောက်ထုလွှာလှုပ်ရှားမှုကို တိုက်ရိုက်အသုံးပြုပြီး နောက်ဆုံးအပြေးသမား ဖျင်စစ်ဆီ တုတ်ကိုလွှဲမယ်… အရင်ကွာဟချက်အားလုံးကို ပြန်လည်အမီလိုက်နိုင်ဖို့ ဖျင်စစ်မှာနည်းလမ်းရှိတယ်ဆိုတာ ငါယုံကြည်တယ်…"


သူနှင့် ကျန်းဖျင်စစ်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်နားလည်မှုဖြင့် ခေါင်းငြိမ့်ပြကြသည်။


ယွဲ့ရှင်းဝမ်က ပထမဆုံးပြေးပြီး ကျန်းဖျင်စစ်က အဆုံးစည်းကို ပြေးရန် တာဝန်ယူထားသည်။ သူတို့နှစ်ယောက်ကြောင့် ရွှီယိရှန်းနဲ့ ချင်လုတို့က အများကြီး စိတ်သက်သာရာ ရသွားသည်။


အားကစားကွင်းတွင် ရင်းနှီးသော စက်အသံက ပဲ့တင်ထပ်လာသည်။

"4x800 မီတာ လက်ဆင့်ကမ်းပြိုင်ပွဲ တရားဝင်စတင်ပါပြီ… ပထမဆုံးအပြေးသမားတွေက အဆင်သင့် ပြင်ဆင်ထားပါ… နေရာယူမယ်… အသင့်ပြင်—— ပြေး!"


သေနတ်သံ ထွက်ပေါ်လာသည့်အချိန်တွင် စွမ်းရည်အမျိုးမျိုးက တကယ်ကို လွှမ်းမိုးသွားခဲ့သည်။


ပြေးလမ်း 1 တွင် ယွိမင်ယွီ၏ “ဆိုက်ဘေးရီယားအအေးလှိုင်း”ကို ဦးစွာထုတ်လွတ်ခဲ့ပြီး အေးစက်သောလေသည် ဖြတ်သွားကာ အနီးနားရှိ ကျောင်းသားများ၏ ကြီးမားသော ဧရိယာက အေးခဲသွားခဲ့သည်။ ပြေးလမ်း 2 တွင် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ လျှိုရှောင်းရှောင်းသည် သင်ခန်းစာကို ထပ်မံစတင်ခဲ့သည်။ သင်ခန်းစာထွက်လာပြီးတာနဲ့ လူတိုင်းသည် နေရာမှာတင် မတ်တတ်ရပ် အပြစ်ပေးခံရသည်။


ပြေးလမ်း 3 ရှိ သုတေသနအဖွဲ့သည် အဖွဲ့ B ဖြစ်ပြီး သေမင်းဒိုင်းရှိသည်။ အဖွဲ့ခေါင်းဆောင်ချန်မုယွင်သည် ချက်ချင်းပင် သေမင်းကို အားကိုးပြီး လွတ်မြောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် စီရင်ချက်ချရန် “ထောင်ဒဏ် 7 နှစ်”ဟု အော်ခဲ့သည်—— အကျဉ်းထောင်သည် ကောင်းကင်မှပြုတ်ကျပြီး ၎င်းက ယွဲ့ရှင်းဝမ်ကို ပိတ်လှောင်ခဲ့သည်။


ပြေးလမ်း 6 ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မိန်းကလေးသည် ယွဲ့ရှင်းဝမ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ခဲ့သည်။ ပြေးလမ်း 9 ရှိ ဓာတုဗေဒဌာနမှ ကျောင်းသားသည် နောက်ကျကျန်နေရန် ဆန္ဒမရှိဘဲ ယွဲ့ရှင်းဝမ်ဆီ ပုလင်းတစ်လုံး ပစ်ချခဲ့သည်။ ပြေးလမ်း 5 ရှိ စီးပွားရေးဌာနမှ မိန်းကလေးသည် ပတ်ပတ်လည်ကို ရွှေဒင်္ဂါးပြားတွေ ပြန့်ကျဲသွားစေပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ယွဲ့ရှင်းဝမ် မြှုပ်သွားခဲ့သည်…


ယွဲ့ရှင်းဝမ်သည် စမှတ်နေရာကနေ ရှေ့သို့ ခြေတစ်လှမ်းသာ လှမ်းခဲ့ပြီး ပြိုင်ပွဲအစကတည်းက ကြောက်မက်ဖွယ်ကောင်းသော “VIP ဆက်ဆံမှု”ကို ခံစားခဲ့ရသည်။


သူသည် မတ်တတ်ရပ်၊ အေးခဲ၊ ချည်နှောင်၊ ထောင်ကျ၊ ပုလင်းထဲထည့်ကာ ရွှေဒင်္ဂါးများဖြင့် အမြှုပ်ခံရပြီး အပြစ်ပေးခံခဲ့ရသည်။


ယွဲ့ရှင်းဝမ်သည် အစိမ်းရောင်နွယ်ပင်များဖြင့် ချည်နှောင်ထားသော ရေခဲပန်းပုရုပ်ထုအဖြစ် ပြောင်းလဲသွားပြီး တောက်ပသောရွှေရောင်အကျဉ်းထောင်ထဲတွင် အမြှုပ်ခံထားရတာကို လူတိုင်းတွေ့လိုက်ရသည်။


အားကစားကွင်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်၌ ယခုအချိန်တွင် ယွဲ့ရှင်းဝမ်၏ အသွင်အပြင်ကို ချဲ့ထွင်ထားကာ ပရိသတ်၏ ရယ်မောသံများ ထွက်ပေါ်လာသည်။


ရှေ့ဆုံးတန်းရှိ ကျောင်းသားများက မနေနိုင်စွာ ပြောကြသည်။

"စီနီယာအစ်ကိုရှင်းဝမ်က အရမ်းသနားစရာကောင်းတာပဲ!"


"စွမ်းရည်တွေအားလုံးက ထူးထူးခြားခြား သူ့အပေါ်ကိုပဲ ထုတ်လွတ်ခဲ့တာလား?"


"ထိန်းချုပ်ခြင်းစွမ်းရည်တွေအားလုံးကို တစ်ခါတည်း သူ့အပေါ်ကျရောက်ခဲ့တာပဲ! ဥပဒေဌာနက သူ့ကို ထောင်ချတယ်၊ စီးပွားရေးဌာနက သူ့ကို ရွှေဒင်္ဂါးပြားတွေနဲ့ မြှုပ်ထားတယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက သူ့ကို နွယ်ပင်တွေနဲ့ ချည်ထားတယ်… ဒီစွမ်းရည်တွေကို တစ်ချိန်တည်း ထုတ်လွတ်နိုင်လောက်တဲ့အထိ စီနီယာအစ်ကိုရှင်းဝမ်ရဲ့ အမုန်းတရားတန်ဖိုးက ဘယ်လောက်ကြီးမားနေတာလဲ? ဒါက dungeonရဲ့ boss အတွက် ဆက်ဆံမှုပဲ မဟုတ်ဘူးလား?"


ယခုအချိန်တွင် ယွဲ့ရှင်းဝမ်၏ရေခဲရုပ်ထုပုံစံက အလွန်မိုက်ပါသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်၌ စွမ်းရည်တွေ အများကြီးရှိနေပြီး အစိမ်းရောင်နွယ်ပင်၊ ရွှေဒင်္ဂါးပြား၊ ပုလင်းနှင့် ပုလင်းအပြင်ဘက်တွင် အကျဉ်းထောင်တစ်ခုရှိသည်။ 


ကျောင်းသားတွေရဲ့ ချစ်ခြင်းမေတ္တာအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်!


ခယ်ရှောင်ပင်းသည် ရှားရှားပါးပါးမြင်ကွင်းကို ရိုက်ကူးရန် ရှောင်ထူကို ပရိသတ်ထံသို့ ခေါ်လိုက်သည်။


ပရိသတ်အားလုံးက ရယ်မောနေစဉ် ကျန်းဖျင်စစ်သည် အခြားပြေးလမ်းများ၏ အဆင့်သတ်မှတ်ချက်များနှင့် စွမ်းရည်အသုံးပြုမှုကို တည်ငြိမ်စွာ တွက်ချက်နေသည်။


အဖွဲ့ B ၏ “သေမင်းဒိုင်း” သည် အဖွဲ့လိုက်ယှဉ်ပြိုင်မှုပြိုင်ပွဲများတွင် အမှန်တကယ် အားသာချက်များရှိသည်။ သူတို့က ပထမလှိုင်းတွင် ထိန်းချုပ်မခံရပေ။ ချောချောမွေ့မွေ့ ပြေးထွက်သွားကြသူများမှာ ပြေးလမ်း 3၊ ပြေးလမ်း 7၊ ပြေးလမ်း 8 နှင့် ပြေးလမ်း 10 အပါအဝင် အဖွဲ့ B သုတေသနအဖွဲ့များအားလုံးဖြစ်သည်။


မြက်ခင်းသန့်စင်ခြင်းဖြင့် ထိန်းချုပ်ခြင်းကိုဖယ်ရှားလိုက်သော ပြေးလမ်း 6 လည်း ရှိသည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏ နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

"ပြေးလမ်း 7 ပေါ်မှာရှိတဲ့ အားကစားကျောင်းမှ ကျောင်းသားက အမြန်ဆုံးဖြစ်ပြီး အနောက်ကနေ ပြေးလမ်း 10 က အားကစားကျောင်းမှ ကျောင်းသားက တစ်လမ်းလုံးခုန်ပြီး အရှေ့ကိုသွားနေတယ်… ပြေးလမ်း 8 က ဇီဝသိပ္ပံဌာနမှ မိန်းကလေးက ကိုယ်ပွားပြီး ပြေးနေတယ်၊ ပြေးလမ်း 6 က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနဲ့ ပြေးလမ်း 3 က ဥပဒေဌာနတို့က အနောက်ကနေ လိုက်နေကြတယ်…"


ယွဲ့ရှင်းဝမ်သည် ပြေးလမ်းပေါ်ရှိ အခြေအနေကို ကြည့်ရှုခဲ့သည်။

"ပြေးလမ်း 3 မှ ချန်မုယွင်က သေမင်းဒိုင်းကို အားကိုးပြီး ပထမလှိုင်းကို ရှောင်ရှားခဲ့ပေမယ့် သူမက နောက်ဆုံးကိုရောက်သွားပြီး ရှေ့က ကျောင်းသားတွေကို ရပ်တန့်ဖို့ နည်းလမ်းရှာလိမ့်မယ်၊ ပြီးတော့ ပြေးလမ်း 6 မှ မိန်းကလေးလည်း အတူတူပဲ…"


ယွဲ့ရှင်းဝမ် မျှော်မှန်းထားသည့်အတိုင်း အနောက်တွင်ကျန်ခဲ့သော မိန်းကလေးနှစ်ယောက်က တစ်ချိန်တည်း တိုက်ခိုက်ခဲ့သည်။


ချန်မုယွင်သည် နှစ်ကြိမ်ဆက်တိုက် ‘ထောင်ဒဏ်ချမှတ်ခြင်း’ သုံးခဲ့ပြီး လက်ရှိဒုတိယနှင့် တတိယနေရာမှ ကျောင်းသားများကို ပိတ်လှောင်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မိန်းကလေးသည် ပထမနေရာကို နွယ်ပင်များဖြင့် ချည်နှောင်ခဲ့သည်။


ထိပ်ဆုံးသုံးဦးကို ထိန်းချုပ်ပြီးနောက် မိန်းကလေးနှစ်ဦးသည် အရိုင်းဆန်စွာ ပြေးကာ ပြေးနေရင်း အချင်းချင်း ခြေထိုးကြသည်။


ပြေးလမ်းပေါ်ရှိ ထိပ်ဆုံးငါးဦးအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်သည်။


အစပိုင်းမှာ စမှတ်နေရာ၌ ရှိနေသည့် ကျောင်းသားတွေကလည်း ငြိမ်မနေပါဘူး။


ယခင်အပြေးပြိုင်ပွဲများစွာပြီးနောက် လူတိုင်းသည် အတွေ့အကြုံနှင့် သင်ခန်းစာများမှ သင်ယူခဲ့ကြသည်။ အုပ်စုလိုက်လက်ဆင့်ကမ်းပြိုင်ပွဲတွင် အဖွဲ့များစွာသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ မြက်ခင်းသန့်စင်ခြင်း၊ တရုတ်ဘာသာစကားဌာန၏ ရွှေပုစဉ်းရင်ကွဲခွဲ၊ ကြိုတင်ကာကွယ်ရေးဆေးပညာဌာန၏ အထူးကာကွယ်ဆေးနှင့် မေ့ဆေးဘာသာရပ်၏ သတိပြန်လည်ခြင်းအပ် စသည်ဖြင့် ‘ထိန်းချုပ်မှုလွတ်မြောက်ခြင်း’ကစားသမားများကို ခေါ်ဆောင်လာမည်ဖြစ်သည်။


ဤစွမ်းရည်များဖြင့် ထိန်းချုပ်မှုများကနေ လွတ်မြောက်နိုင်သည်။


အဖွဲ့ဝင်များ၏ အကူအညီဖြင့် အေးခဲနေသော ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားမှုများဖြစ်ပြုလုပ်ခဲ့ကြပြီး ကွင်းအတွင်း အခြေအနေမှာ ရုတ်တရက် မှန်းဆ၍မရတော့ပေ။


မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြေးလမ်း 7 ပေါ်က ကျောင်းသားသည် နွယ်ပင်ကနေ လွတ်မြောက်ပြီး သူ၏စကိတ်ဘုတ်ဖြင့် ပထမအပတ်ကို ပြီးသွားပေမယ့် စမှတ်ကိုရောက်သောအခါမှာတော့ နောက်ထပ်အသံတစ်ခုက ထွက်ပေါ်လာသည်။

"ကျောင်းသားတွေ၊ ကျေးဇူးပြုပြီး ငါ့ရဲ့ PPT က အဓိကအချက်တွေကို ကူးယူလိုက်ပါ…"

[TK: PPT=PowerPoint Presentation]


အသံထွက်လာသူမှာ ချင်းလန်ဖြစ်သည်။ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ကျောင်းသားများသည် အချိန်မရွေး နေရာတိုင်းတွင် သင်ခန်းစာများ ပို့ချပေးနိုင်ရုံသာမက PPT သင်ရိုးညွှန်းတမ်းကိုလည်း လူတွေကို ကူးယူခွင့်ပေးထားတာလား။


အားကစားကျောင်းမှ ကျောင်းသားများသည် PPT သင်ရိုးညွှန်းတမ်းများ သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရသောအခါ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။


ယွဲ့ရှင်းဝမ်က ဘေးကနေ ပွဲကောင်းကောင်းကို ကြည့်နေသည်——


လူတိုင်း၏အာရုံက နောက်ဆုံးတွင် သူ့ထံမှ လွှဲသွားခဲ့သည်။


အထူးသဖြင့် စီနီယာအစ်ကိုချင်းလန်သည် သူ့ကိုစိုက်ကြည့်နေတာ ရပ်လိုက်ပြီး အမြန်ပြေးနေသော ကျောင်းသားများကို စိုက်ကြည့်ကာ အဓိကအချက်များကို ကူးယူရန် သူတို့အတွက် PPT တစ်ခု ပေးလိုက်သည်။ ရလဒ်မှာ ပြေးလမ်း 7၊ 10 နှင့် 8 မှ ကျောင်းသားများအားလုံးသည် PPT ကိုဖတ်ရန် မတ်တတ်ရပ်နေရပြီး အခြားပြေးလမ်းရှိ ကျောင်းသားများက ချက်ချင်း ကျော်တက်သွားခဲ့သည်။


ပြေးလမ်း 2 သည် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်၏ အဖွဲ့ဖြစ်ပြီး လျှိုရှောင်းရှောင်းက ပထမဆုံးပြေးခဲ့သည်။ မိန်းကလေးက အရပ် 1.6 မီတာအောက်သာရှိပေမယ့် သူမ၏ပြေးနှုန်းက အလွန်မြန်ပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပဲ သူမက ပထမအပတ်ကို ပြီးမြောက်သွားသည်။ ပြေးလမ်း 1 မှ ယွိမင်ယွီသည် ထိန်းချုပ်မှုမှ လွတ်မြောက်ပြီးနောက် ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ဖြင့် နှစ်ကြိမ်ဆက်တိုက် နေရာရွှေ့ပြောင်းကာ ပထမနေရာဖြစ်လာပြီး တုတ်ကို ဇီဝသိပ္ပံဌာန၏ အဖွဲ့ဝင်ထံ တိုက်ရိုက်ပေးခဲ့သည်။


ဇီဝသိပ္ပံဌာနမှ ကျောင်းသားသည် တုတ်ကိုကိုင်ကာ mitosis ဖြင့် ရှေ့သို့ အမြန်ပြေးခဲ့သည်။ အခြားပြေးလမ်းများမှ ကျောင်းသားများသည် အကျပ်အတည်းကို သိရှိပြီး ဇီဝသိပ္ပံဌာနမှ ကျောင်းသားကို ထိန်းချုပ်ရန် သွားခဲ့သည်။


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် အကျဉ်းထောင်ထဲတွင် အေးခဲနေဆဲဖြစ်သည်။


ပြေးလမ်း‌ပေါ်ရှိ ပြိုင်ဆိုင်မှုက ပြင်းထန်သည်။ အဖွဲ့သုံးဖွဲ့က ဒုတိယအပြေးသမားကို တုတ်အား လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ယွဲ့ရှင်းဝမ်နှင့် အခြားသူများက ပထမအပြေးသမားပင် မစရသေးပါ… ဒါက လုံးဝလက်လျှော့ခြင်းလား။


ရှေ့ဆုံးတန်းရှိ ပရိသတ်များသည် ယွဲ့ရှင်းဝမ်ကို လျစ်လျူရှုပြီး သူတို့ရှေ့ရှိ အခြားအဖွဲ့များကို အာရုံစိုက်ခဲ့သည်။


ကျန်းဖျင်စစ်၏အသံက သူ့နောက်မှ ထွက်လာသည်။

"လုံလောက်ပြီမလား?"


ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။

"အင်း၊ စပြီ!"


ရွှေပုစဉ်းရင်ကွဲခွံ!


အဖွဲ့လိုက်နေရာရွှေ့ပြောင်းခြင်းဖြင့် သူ့ကိုယ်သူ မီတာ 100 သို့ တယ်လီပို့ခဲ့သည်။


ပြင်းထန်သောပြိုင်ဆိုင်မှု‌ပြေးလမ်းပေါ်တွင် ပရိသတ်များက ငေးမောနေကြပြီး ဖန်သားပြင်ကြီးရှိ တိုက်ရိုက် ထုတ်လွှင့်မှုသည် လက်ရှိထိပ်ဆုံးပြိုင်ပွဲဝင်သုံးဦးကိုသာ ရည်ရွယ်ထားပြီး ပြေးလမ်း 4 ရှိ အကျဉ်းထောင်ထဲမှ ရေခဲရုပ်ထု ယွဲ့ရှင်းဝမ် ပျောက်ကွယ်သွားတာပို လူအများက သတိပြုမိခြင်းမရှိဘူး။


‌ရွှေပုစဉ်းရင်ကွဲခွံ၏ တယ်လီပို့ခြင်း မီတာ 100 သည် မျဉ်းဖြောင့်ဖြစ်ပြီး အားကစားကွင်းက စက်ဝိုင်းပုံစံဖြစ်သည်။ ထို့ကြောင့် ယွဲ့ရှင်းဝမ်၏စွမ်းရည်ကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် စက်ဝိုင်းတစ်ဝက်နီးပါးကို လှည့်ပတ်သွားပြီး အဲဒီနောက် ချက်ချင်းပဲ သူသည် တစ်ဖွဲ့လုံးအတွက် အကျိုးသက်ရောက်မှုရှိစေရန် ‘အလင်းကဲ့သို့လျင်မြန်ခြင်း’စွမ်းရည်ကို ဖွင့်ခဲ့သည်။ သူသည် အရှိန်ငါးဆဖြင့် စတင်ပြေးပြီး အကွာအဝေးထိန်းချုပ်မှုစွမ်းရည်က သူ့အပေါ်သက်ရောက်လာမှာ စိုးရိမ်သောကြောင့် ထိပ်ဆုံးအဆင့်ရှိသည့် လူတွေနဲ့ အကွာအဝေးကို တမင်တကာထိန်းထားခဲ့သည်။


ပွဲကြည့်နေရာ၌ ခယ်ရှောင်ပင်းသည် အားကစားကွင်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေ၏။

"အခြားပြေးလမ်းတွေက ဒုတိယအပြေးသမားဖြစ်နေပြီ၊ ပြေးလမ်း 1 ဆို တတိယအပြေးသမားဆီ တုတ်လွှဲလိုက်ပြီ… ရှင်းဝမ်က ပထမအပတ်ကို ပြေးနေတုန်းပဲ!"


ပြေးလမ်းတစ်ခုစီ၏ အဆင့်သတ်မှတ်ချက်ကို ဖန်သားပြင်ကြီးပေါ်တွင် အချိန်နှင့်တပြေးညီ စာရင်းပြုစုထားမည်ဖြစ်ပြီး ယခုအချိန်တွင် C-183 သုတေသနအဖွဲ့က အောက်ဆုံး၌ ရှိနေသည်။


ကျိုဖုန်း: "ရှင်းဝမ်ရဲ့ဆုံးဖြတ်ချက်ကို ငါယုံကြည်တယ်… သူ အခုအချိန်မှ လွတ်မြောက်ခြင်းထိန်းချုပ်မှုစွမ်းရည် အသုံးပြုလိုက်တာ… နောက်‌ဆုံးနေရာကိုရောက်သွားပြီး အခြားအဖွဲ့တွေရဲ့ အာရုံစိုက်မှုကို လျှော့ချဖို့ ဖြစ်နိုင်တယ်…"


ကွင်းထဲတွင် ပြေးလမ်း 6 ရှိ ဓာတုဗေဒဌာနမှ မိန်းကလေးသည် ပုလင်းများကို တိုက်ရိုက် ဆင့်ခေါ်ကာ ပြေးလမ်း 1 ရှိ ပထမနေရာမှ ကျောင်းသားကို ‌ပိတ်လှောင်လိုက်ပြီး သူမ၏ပြိုင်ဘက်ကို အမြန်ကျော်တက်ခဲ့သည်။ သို့သော် ပထမနေရာကို သူမ မရရှိမီ စက္ကန့်အနည်းငယ်အလိုတွင် ပြေးလမ်း 7 ရှိ အားကစားကျောင်းမှ ကောင်လေးတစ်ယောက်သည် သူ၏ညာလက်ကိုမြှောက်ကာ သူမ၏ပြေးလမ်းရှေ့တွင် အဖြူရောင်လက်ရန်းတစ်ဒါဇင်ကျော်ကို စိုက်ထူလိုက်သည်—— လက်ဆင့်ကမ်းအပြေးပြိုင်ပွဲကနေ တန်းကျော်အပြေးပြိုင်ပွဲအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲစေခဲ့သည်။


မိန်းကလေးသည် ရုတ်တရက် ပေါ်လာသော လက်ရန်းကြောင့် ခလုတ်တိုက်လုနီးပါး ဖြစ်သွားပြီး သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အားကစားကျောင်းမှ ‌ကောင်လေးသည် တုတ်ထောက်ခုန်ကာ သူမကို ‌ဖြတ်ကျော်သွားခဲ့သည်။


သူတို့အရှေ့တွင် နတ်ဘုရားအများအပြားက တိုက်ခိုက်နေကြပြီး ယွဲ့ရှင်းဝမ်သည် နှစ်ပတ်အတွက် အရှိန်မြင့်ကာ ရွှီယိရှန်းအား တုတ်ကို လွှဲပေးလိုက်သည်။


ယခုအချိန်တွင် C-183 သုတေသနအဖွဲ့က နောက်ဆုံးအဆင့်၌ ဖြစ်နေသေးသည်။


ရွှီယိရှန်းက သူ၏ mitosis ကို စတင်အသုံးပြုခဲ့သည်။


ယွဲ့ရှင်းဝမ်၏ အဖွဲ့လိုက်အရှိန်မြင့်ခြင်း ‘အလင်းကဲ့သို့လျင်မြန်ခြင်း’အကူအညီဖြင့် ရွှီယိရှန်းသည် လမ်းတစ်လျှောက်လုံး အမြန်ပြေးခဲ့ပြီး သူ၏ကိုယ်ပွားငါးယောက်ဖြင့် လူများကို အာရုံဖမ်းစားစေသော်လည်း "C183 သုတေသနအဖွဲ့" သည် ဖန်သားပြင်ကြီး၏အောက်ခြေတွင် အဆင့်သတ်မှတ်ထားသောကြောင့် လူတိုင်းက သူ့ကိုအာရုံစိုက်ရန် အချိန်မရှိကြပေ။


ရွှီယိရှန်းသည် မိနစ်ဝက်မပြည့်မီတွင် နှစ်ပတ်ကိုပြေးခဲ့ပြီး တုတ်ကို ချင်လုထံသို့ ပေးလိုက်သည်။


ဖန်သားပြင်ကြီးပေါ်ရှိ အဆင့်သတ်မှတ်ချက်များက တဖြည်းဖြည်း ပြောင်းလဲလာပါသည်။


လင်းယုန်မျက်လုံးဖြင့် ပရိတ်သတ်များသည် အစပိုင်းတွင် အဆင့် 10 ရှိသော ပြေးလမ်း 4 မှ C-183 သုတေသနအဖွဲ့သည် မထင်မှတ်ဘဲ အဆင့်ခြောက်နေရာသို့ ရောက်လာပြီး ရွှီယိရှန်းသည် လေးနေရာဆက်တိုက် လိုက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။


သို့သော် အဆင့်ခြောင်နေရာက ချန်ပီယံဆုရရှိရန် ဝေးနေပါသေးသည်။


ပထမနေရာဖြစ်သည့် ပြေးလမ်း 7 က တုတ်ကို နောက်ဆုံးအပြေးသမားထံ ပေးအပ်လိုက်ပြီဖြစ်ပြီး အဆုံးစည်းဆီသို့ ကွင်းတစ်ဝက်သာ ကျန်တော့သည်။ ယွဲ့ရှင်းဝမ်တို့က တတိယအပြေးသမားကိုသာ အခုလေးတင် တုတ်ပေးလိုက်ပြီး ကွာခြားမှုက သာမန်တော့မဟုတ်ချေ။


ယွဲ့ရှင်းဝမ်က ရုတ်တရက် လျင်မြန်စွာ ရွတ်ဆိုလိုက်သည်။

"လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်"


ကျယ်ပြန့်နေသော ပတ်ဝန်းကျင်က တိတ်ဆိတ်သွား၏။


ဘေးနားရှိ သမိုင်းဌာနမှ ကျောင်းသားသည် မူလက နောက်ဆုံးအပတ်တွင် အားလုံး၏တုတ်များ မြေပြင်ပေါ်ပြုတ်ကျသွားစေဖို့အတွက် ‘ဝိုင်ခွက်’စွမ်းရည်ကို ထုတ်လွတ်ပြီး သူ၏အဖွဲ့ဝင်တွေက နောက်ဆုံးမိနစ်မှာ တန်ပြန်တိုက်စစ်ဆင်နိုင်အောင် ပြုလုပ်ချင်ပေမယ့် သူ့အသံထွက်မလာတာကို တွေ့လိုက်ရသည်။


ဂီတကျောင်းမှ ကျောင်းသားသည် ပုလွေကိုထုတ်ပြီး ထိပ်ဆုံးကျောင်းသားသုံးယောက်ကို အိပ်ပျော်အောင် ထိန်းချုပ်ချင်ပေမယ့် သူ့ပုလွေသံကနေ ဘာသံမှ ထွက်မလာတာကို တွေ့လိုက်ရသည်။


အားကစားကွင်းနှင့်နီးသော ရှေ့တန်းရှိ ကျောင်းသားများပင် သူတို့၏အော်ဟစ်အားပေးသံများကို မကြားရကြောင်း သတိပြုမိကြသည်။


ဘာဖြစ်သွားတာလဲ?!


အားကစားကွင်းက ချက်ချင်းတိတ်ဆိတ်သွားပြီး လူများစွာကို စိတ်ရှုပ်ထွေးသွားစေသည်။


ထို့နောက် ချင်လုသည် ရွှီယိရှန်းထံမှ တုတ်ကိုယူကာ နှစ်ကြိမ်ဆက်တိုက် နေရာရွှေ့ပြောင်းပြီး မီတာ 800 ကို 4 စက္ကန့်အတွင်း ပြေးသွားကာ တုတ်ကို ကျန်းဖျင်စစ်အား ပေးလိုက်တာကို တွေ့ရတော့ လူတိုင်း အံ့အားသင့်သွားကြသည်။


ဖန်သားပြင်ကြီးပေါ်ရှိ အဆင့်သတ်မှတ်ချက်တွင် ပြေးလမ်း 4 ရှိ C-183 သုတေသနအဖွဲ့သည် တစ်ခဏအတွင်း တတိယနေရာသို့ ခုန်တက်သွားသည်။


နောက်ဆုံးတုတ်က ကျန်းဖျင်စစ်၏လက်ထဲကို ရောက်သွားသည်။


ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး ချင်းလန်က ဒေါသတကြီး အော်လိုက်သည်။

"Fuck! ပြီးသွားပြီ၊ ငါ ရှင်းဝမ်ကိုပဲ အာရုံစိုက်ထားမိပြီး ဒီ Boss ကြီးကို မေ့သွားတယ်!"


သို့ပေမယ့် သူဘယ်လောက်ပဲပြောပြော အခြားကျောင်းသားတွေက သူ့ပါးစပ်လှုပ်တာကိုသာ မြင်နိုင်ပြီး အသံကို မကြားရပါ။


ချင်းလန်သည် ကျန်းဖျင်စစ်၏နောက်ကျောကို ညွှန်ပြပြီး ခါးသက်သက်ပြုံးကာ ပခုံးတွန့်လိုက်သည်။


ယခုအချိန်တွင် ကျန်းဖျင်စစ်သည် တုတ်ကို ကိုင်ထားပြီး ပြိုင်ပွဲပြီးမြောက်ရန် ကွင်းနှစ်ပတ်၊ မီတာ 800 ပြေးရန် လိုအပ်နေသေးသည်။


သင်္ချာဌာနတွင် တိုက်ရိုက် နေရာရွှေ့ပြောင်းနိုင်သော စွမ်းရည် မရှိပါ။


သို့ပေမယ့် သူက အခြားသူများကို နေရာရွှေ့ပြောင်းနိုင်သည်။


ကျန်းဖျင်စစ်သည် သူ၏ဘယ်လက်တွင် တုတ်ကို ကိုင်ထားပြီး ညာလက်ကို အနည်းငယ်မြှောက်ကာ Cartesian coordinate system ကို ဆွဲပြီး ဖော်မြူလာအနည်းငယ်ကို အလျင်အမြန်ရေးသားနေတာ ပရိသတ်များက မြင်တွေ့ခဲ့ကြသည်။


လက်ရှိတွင် ပထမအဆင့်ရောက်နေသည့် ကောင်လေးသည် ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး ပြေးလမ်းတစ်လျှောက် လေဖြင့် နောက်ပြန်လှည့်ရောက်သွားပုံရသည်။


ဒုတိယအဆင့်ရှိ ဓာတုဗေဒဌာနမှ မိန်းကလေးသည်လည်း သူမ၏ခန္ဓာကိုယ်ကို အင်အားတချို့က ထိန်းချုပ်ထားသကဲ့သို့ လေထဲပျံတက်သွားသည်။


တတိယအဆင့်ကို ကျန်းဖျင်စစ်သည် sine လှုပ်ရှားမှုဖြင့် စမှတ်သို့ ပြန်ပို့လိုက်သည်။


ပရိတ်သတ်များ: "……………"


ကျန်းဖျင်စစ်သည် လူသုံးယောက်ကို ဖော်မြူလာသုံးမျိုးဖြင့် ထိန်းချုပ်ခဲ့ပြီး သူ့ရှေ့မှ ကျော်တက်နေသော ကစားသမားများအားလုံးကို သူ့နောက်သို့ ပြန်ပို့ခဲ့သည်။


ပရိသတ်ထဲတွင် ခယ်ရှောင်ပင်းက မနေနိုင်စွာ လက်ခုပ်တီးလိုက်သည်။

"ရှင်းဝမ်နဲ့ ဖျင်စစ်က အရမ်းတော်တာပဲ! ‘ငါ့ထက်မြန်မြန်ပြေးချင်တာလား? တောင်းပန်ပါတယ်၊ နောက်ပြန်သွားလိုက်ပါ… ဟားဟားဟား!’"


ကျိုဖုန်းက ရယ်လိုက်သည်။

"ကျန်းဖျင်စစ်ကြောင့် နောက်ပြန်ပို့ခံလိုက်ရတဲ့ ကျောင်းသားတွေက မေးခွန်းတွေနဲ့ ပြည့်နေမှာမလား?"


လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် သူတို့သည် အဆုံးစည်းသို့ရောက်ရန် ကွင်းတစ်ဝက်သာပြေးဖို့ လိုတော့ပေမယ့် ရလဒ်အနေဖြင့် သူတို့က နောက်ပြန်ပို့ခံလိုက်ရတာလား။


မင်းတို့ ဒီထက်ပိုပြီးယုတ်မာနိုင်ဦးမလား!


လျှိုကျောက်ချင်း: "လူရွှင့်ရဲ့ “ဆူညံမနေနဲ့”က အရမ်းကောင်းပြီး အသံထိန်းချုပ်မှုစွမ်းရည်အားလုံး ပယ်ဖျက်လုနီးပါးပဲ… ကျန်ကိရိယာစွမ်းရည်တွေဖြစ်တဲ့ ပုလင်းနဲ့ နွယ်ပင်တွေကို အသုံးပြုနိုင်ပေမယ့် ကျန်းဖျင်စစ်က လေပေါ်ပျံတက်နေတာကြောင့် လုံးဝဖမ်းလို့မရဘူး…"


ကျန်းဖျင်စစ်၏ တွက်ချက်ခြင်းစွမ်းအားက မည်မျှအစွမ်းထက်သည်ကို ယနေ့တွင် မြင်ကွင်းကြောင့် ပရိသတ်များအားလုံး မျက်လုံးပွင့်သွားကြသည်။


သူ့ရှေ့က ကျောင်းသားသုံးယောက်ကို အမြန်နောက်ပြန်ဆုတ်စေရုံသာမကဘဲ သူသည် အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံး “spiral လှုပ်ရှားမှု”ကိုလည်း အသုံးပြုပြီး အားကစားကွင်းကို ချက်ချင်း နှစ်ပတ်ပတ်ကာ ဖြည်းဖြည်းချင်း ဆင်းသက်ခဲ့သည်။


ယွဲ့ရှင်းဝမ်၏ “ဆူညံမနေနဲ့”ထိန်းချုပ်မှုသည် 10 စက္ကန့်မျှသာဖြစ်ပြီး နောက်ဆုံးအဆင့်တွင် ချင်လုနှင့် ကျန်းဖျင်စစ်တို့သည် အသံထိန်းချုပ်မှုစွမ်းရည်အများစုကြောင့် ထိခိုက်မည်မဟုတ်ကြောင်း သေချာစေနိုင်သည်။


ချင်လုသည် 183 သုတေသနအဖွဲ့ကို အဆင့်ခြောက်နေရာမှ အဆင့်သုံးနေရာသို့ ပြောင်းလဲရန် 4 စက္ကန့်ကြာခဲ့သည်။


ကျန်းဖျင်စစ်သည် တိုက်ရိုက် တန်ပြန်တိုက်စစ်နဲ့ ချန်ပီယံဆုကို ဆွတ်ခူးဖို့ 4 စက္ကန့်ကြာခဲ့သည်။


"4x800 မီတာ လက်ဆင့်ကမ်းပြိုင်ပွဲရဲ့ ချန်ပီယံအဖွဲ့ကတော့ C-183 သုတေသနအဖွဲ့ဖြစ်ပါတယ်…" စက်အသံက ကြေညာလိုက်သောအခါ ပရိသတ်အားလုံးက အံ့အားသင့်နေကြဆဲဖြစ်သည်—— အောက်ဆုံးကနေ ထိပ်ဆုံးရောက်သွားတာလား? သူတို့က ဒီလိုမျိုးလည်း ကစားနိုင်သေးတာလား?!


ယွိမင်ယွီက နောင်တရစွာ ပြောသည်။

"အဲဒီသတ်ဖြတ်သူကြီး ကျန်းဖျင်စစ်ကို ငါမေ့သွားတယ်၊ လူတွေကို နောက်ပြန်သွားအောင် လုပ်ဖို့ ဖော်မြူလာကို သုံးလို့ရသေးတာလား!"


ချင်းလန်က မှင်တက်သွား၏။

"ရှင်းဝမ်က တမင်တကာ အောက်ဆုံးမှာ ပြုတ်ကျကျန်နေခဲ့တာမလား? သူက ဒီလုပ်ဆောင်ချက်ကို တွက်ချက်ပြီးပြီဖြစ်တာကြောင့် နောက်ဆုံးအခိုက်အတန့်မှာ သူက ကွင်းကို တိုက်ရိုက်ထိန်းချုပ်ပြီး ကျန်းဖျင်စစ်ကို တန်ပြန်တိုက်ခိုက်ခွင့်ပေးလိုက်တာလား?"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ ပြေးလမ်းပေါ်ရှိ အခြားကျောင်းသားများက ကူကယ်ရာမဲ့စွာ သူတို့၏နဖူးများကို ထောက်လိုက်ကြသည်။


မင်းတို့ကတော့တကယ်ကို တစ်ခုခုပဲ!


ကွင်းထဲမှာ ပြသတဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လာရင် ငါတို့က 183 သုတေသနအဖွဲ့တစ်ခုလုံးကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်!


#TK