Chapter 125
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 125 (အားကစားပြိုင်ပွဲ ၁၆)


အုပ်စုအဆင့်၏ပထမပွဲကိုအနိုင်ရပြီးနောက် 183 သုတေသနအဖွဲ့သည် 2 မှတ်ရရှိကာ ဦးဆောင်ခဲ့သည်။


ဒုတိယပွဲကတော့ ပထမတစ်ဝက်၏ အခြားနှစ်သင်းကြားက ပြိုင်ဆိုင်မှုဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် အခြားပြိုင်ဘက်များကို သိစေရန်အတွက် ပွဲ့ကြည့်ဖို့ သူ၏အဖွဲ့ဝင်များနှင့် ပွဲကြည့်စင်တွင် ထိုင်နေခဲ့သည်။


ယှဉ်ပြိုင်မှုအပြီးတွင် ပထမတစ်ဝက်ရှိ အဖွဲ့များအားလုံး၏ အမှတ်များက ဖန်သားပြင်ပြင်ကြီးပေါ်တွင် ပေါ်လာမည်ဖြစ်သည်။ C-183 သုတေသနအဖွဲ့နှင့် B-68 သုတေသနအဖွဲ့တို့သည် ဂိမ်းတစ်ခုစီတွင် အနိုင်ရကာ 2 မှတ်ရရှိထားကြသည်။ A-37 နှင့် A-91 သည် ဂိမ်းကိုရှုံးခဲ့ပြီး 0 မှတ်ရရှိထားခဲ့သည်။


ဒုတိယအကျော့တွင် ယွဲ့ရှင်းဝမ်နှင့် သူ၏အဖွဲ့သည် တစ်ပွဲနိုင်ခဲ့သော B-68 သုတေသနအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။


ဤအဖွဲ့တွင် ဂီတသင်တန်းကျောင်းနှင့် အားကစားကျောင်းမှ ကျောင်းသားအများအပြားရှိသည်။ အားကစားကျောင်းမှ ယောင်္ကျားလေး သုံးဦးသည် တိုက်စစ်မှူးအဖြစ် ဆောင်ရွက်ကြသည်။ ကွင်းလယ်တွင် အရပ် 175 မီတာခန့် မြင့်သော ယောင်္ကျားလေးတစ်ဦး ရှိပြီး စက္ကန့်တိုင်းလိုလို ဂိမ်းကိုသယ်ဆောင်ကာ အတော်လေး ကျွမ်းကျင်စွာ ကစားခဲ့သည်။ ဂီတသင်တန်းကျောင်းမှ မိန်းကလေးနှစ်ယောက်သည် အဓိကနယ်ပယ်ထိန်းချုပ်ရန် ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များကို စုစည်းပြီး အသံတိုးတိုးဖြင့် ပြောခဲ့သည်။

"သူတို့က ငါတို့ရဲ့အရင်ပွဲကို ကြည့်ဖူးနိုင်ပြီး ဖျင်စစ်ရှိရင် ဂိုးသွင်းရခက်တယ်ဆိုတာ သူတို့သိလောက်တယ်… အဲဒါဆို ဖျင်စစ်ကို ပစ်မှတ်ထားဖို့ အစွမ်းကုန်ကြိုးစားကြလိမ့်မယ်… သူတို့တိုက်ခိုက်တဲ့အခါ ငါတို့က ဖျင်စစ်တစ်ယောက်တည်းကိုပဲ အားကိုးမယ်ဆိုရင် ငါတို့ဂိုးပေါက်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး… အဲဒါကြောင့် ငါတို့ရဲ့အနေအထားကို ပြောင်းချင်တယ်…"


ကျိုဖုန်းက ရိုးရှင်းစွာ မေးသည်။

"ရှင်းဝမ်မှာ ဘယ်လိုအကြံအစည်သစ်တွေရှိလို့လဲ?"


ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ရှောင်နျန်၊ မင်းက ဖျင်စစ်ကို နှစ်ထပ်အာမခံဖို့အတွက် ကူညီဖို့ လာခဲ့လိုက်…" သူသည် သူ၏ အကြံအစည်ကို အဖွဲ့ဝင်များအား အသံတိုးတိုးဖြင့် ထပ်ခါတလဲလဲ ပြောခဲ့ပြီး အားလုံးက သဘောတူခဲ့ကြသည်။


ဂိမ်းက မကြာမီစတင်တော့မည်ဖြစ်သည်။


ဂီတသင်တန်းကျောင်းတွင် ပြင်းထန်သော နယ်ပယ်ထိန်းချုပ်ရေးစွမ်းရည်ရှိပြီး လူများကို အိပ်ငိုက်စေရန် “မမေ့နိုင်သောည”ကို တီးခတ်နိုင်သည်။ ယွဲ့ရှင်းဝမ် ထင်ထားသည့်အတိုင်း C-183 နှင့် A-37 ကြားပွဲစဉ်ကို သူတို့ကြည့်ရှုခဲ့ပြီး ကျန်းဖျင်စစ်သာရှိရင် ဘောလုံးကန်လို့မရကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင် ဂိမ်းအစပိုင်းတွင် ဂီတသင်တန်းကျောင်းမှ မိန်းကလေးနှစ်ဉီး တိုက်ရိုက်ရောက်လာခဲ့ပြီး အထူးသဖြင့် C-183 ၏ နောက်ကျောဘက်မှ ကျန်းဖျင်စစ်ကို စိုက်ကြည့်နေခဲ့သည်။


သူတို့၏အဖွဲ့ဝင်များသည် တိုက်စစ်ကို စီစဉ်ပြီး ကွင်း၏ဒုတိယတစ်ဝက်ဆီ ဘောလုံးယူလာနိုင်သ၍ ကျန်းဖျင်စစ် အိပ်ပျော်သွားအောင် သူတို့၏တူရိယာများဖြင့် တီးမှုတ်မည်ဖြစ်သည်။


ကျန်းဖျင်သည် VIP အဖြစ် ဆက်ဆံခံခဲ့ရပြီး သူ၏စွမ်းရည်များကို မထုတ်နိုင်ခဲ့ပေ။


သို့သော် 183 သုတေသနအဖွဲ့တွင် ကျန်းဖျင်စစ်တစ်ယောက်တည်း ရှိတာမဟုတ်ပေ။


183 သုတေသနအဖွဲ့၏ နောက်တန်းခံစစ်က သိသိသာသာ အားကောင်းလာခဲ့သည်။ လန်ယာရုန်က သူမ၏စွမ်းရည်များကို ချန်မထားတော့ဘဲ တစ်ဖက်လူများက သူတို့ဘက်အခြမ်း၏ ဒုတိယတစ်ဝက်ဘက်သို့လာနေတာကို သူမတွေ့လိုက်တိုင်း တစ်ယောက်ပြီးတစ်ယောက်ကို သူမထောင်ချလိုက်သည်။ ရှင်းယန်ကလည်း သူ၏ပေါင်းခံပုလင်းကို ချန်မထားတော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ကို ပေါင်းခံပုလင်းထဲ ထည့်ထားခဲ့သည်။


အကယ်၍ ပြိုင်ဘက်သည် လန်ယာရုန်နှင့် ရှင်းယန်၏ ခံစစ်များကို ကျော်ဖြတ်ရန် တယ်လီပို့စွမ်းရည်ကို အသုံးပြုပါက ကျန်းရှောင်နျန်သည် နောက်ဆုံးအဆင့်ကို ထိန်းထားနိုင်မည်ဖြစ်သည်။ သူသည် ဂိုးရှေ့တွင် ငလျင်ဒဏ်ခံနံရံတစ်ခုကို စိုက်ထူခဲ့သည်။ ဂိုးပေါက်ကို နံရံက ပိတ်ဆို့ထားသောကြောင့် သူတို့က ဘယ်လိုလုပ်ကန်သွင်းနိုင်မည်နည်း။


ဖိုရမ်တိုက်ရိုက်ထုတ်လွှင့်ခြင်းပို့စ်တွင် ထပ်မံညည်းညူခဲ့ကြသည်။

"ရှင်းဝမ်က ပြောတယ်၊ ‘ကျန်းဖျင်စစ်ကို အိပ်ပျော်နေတာကို အခွင့်ကောင်းယူပြီး ဂိုးသွင်းချင်တာလား? တောင်းပန်ပါတယ်၊ နတ်ဘုရားက မင်းတို့အတွက် ဂိုးပေါက်ကို ပိတ်လိုက်ပြီ!"


"ဂိုးပေါက်ရှေ့က နံရံအစီအစဉ်ဟာ စီနီယာအစ်ကိုရှင်းဝမ်ဆီကနေ ထွက်ပေါ်လာတဲ့ မကောင်းတဲ့အကြံအစည်ဆိုတာ သေချာတယ်!"


B-68 သုတေသနအဖွဲ့က ခေါင်းကိုက်နေခဲ့သည်။


သူတို့တွင် ဂီတသင်တန်းကျောင်း၏ အသံထိန်းချုပ်ခြင်းရှိပြီး အားကစားကျောင်း၏ ဘောလုံးကစားခြင်းနှင့် ဘောလုံးပေးပို့နိုင်မှုမှာ အလွန်အားကောင်းသော်လည်း 183 သုတေသနအဖွဲ့တွင် ဂိုးပေါက်ကို စောင့်နေသည့် ကျန်းဖျင်စစ်၏ coordinate system အပြင် ကျန်းရှောင်နျန်၏ နံရံလည်းရှိသည်။


ငလျင်ဒဏ်ခံနံရံကို တိုက်ရိုက် ရိုက်ခွဲ၍မရဘဲ စွမ်းရည်ပြီးဆုံးမှသာ အလိုအလျောက်ပျောက်သွားနိုင်သည်။ ကျန်းရှောင်နျန်၏ ငလျင်ဒဏ်ခံနံရံတည်ရှိနေချိန်အတွင်း သူတို့တွေ ဂိုးမသွင်းနိုင်သလို နံရံပျောက်ကွယ်သွားပြီးနောက် အိပ်ပျော်နေသော ကျန်းဖျင်စစ်လည်း နိုးလာခဲ့သည်။


လူနှစ်ဦးက သူတို့၏စွမ်းရည်များကို အလှည့်ကျအသုံးပြုကြပြီး နှစ်ထပ်အာမခံက B68 သုတေသနအဖွဲ့ကို အလွန်ခက်ခဲစေသည်။


A-37 အဖွဲ့၏ ဒဿနိကဗေဒဌာနမှ မိန်းကလေးသည် ပွဲကြည့်စင်ကနေ ဂိမ်းကိုကြည့်ရင်း ပြောခဲ့သည်။

"အဲဒီနံရံကို ဖြေရှင်းဖို့ ငါ့မှာနည်းလမ်းရှိတယ်၊ ‘ချောက်ထဲကိုစိုက်ကြည့်ခြင်း’ကိုဖွင့်လိုက်ပြီး နံရံကို ချောက်ထဲပြုတ်ကျသွားစေရုံပဲ…"


နိုင်ငံရေးသိပ္ပံဌာနမှ အသင်းဖော်က ပြောသည်။

"‘ကဏ္ဍပေါင်းစုံမှာ ကောင်းမွန်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း’နဲ့ တရားမဝင် အဆောက်အဦးအားလုံးကို ငါဖြိုချနိုင်တယ်…"


သူ့ဘေးနားရှိ တစ်ယောက်က အကူအညီမဲ့စွာ ပြောလာသည်။

"ကံမကောင်းစွာပဲ B-68 သုတေသနအဖွဲ့မှာ ဗိသုကာဌာနရဲ့ နံရံကို ဖြိုဖျက်နိုင်တဲ့ အဖွဲ့ဝင်တွေ မရှိဘူး… နံရံကို မဖြိုဖျက်နိုင်ရင် နောက် ၅ မိနစ်အတွင်းမှာ သူတို့တွေ ခံစစ်ကို ပြန်သွားရုံပဲရှိမယ်…"


သို့သော် 183 ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့က မလွယ်ပါ။


ချင်လုသည် ဘောလုံးကိုယူကာ နေရာပြောင်းလိုက်ပြီး ယွဲ့ရှင်းဝမ်က တိုက်စစ်ကို စတင်ရန် ဘောလုံးကိုပေးကာ တိုက်စစ်မှူးများထဲမှ ကိုယ်ပွားများနဲ့ ရွှီယိရှန်းသည် အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ကိုယ်ပွားငါးယောက်သည် ဘောလုံးကို အချင်းချင်း ဖြတ်ပေးကာ ဘယ်တစ်ယောက်ကို ကြည့်ရမလဲမသိတော့ပေ။


ရလဒ်အနေဖြင့် ကျိုဖုန်းသည် လျင်မြန်သော တိုက်စစ်ဆင်ရန် နံရံတည်ရှိမှု၏ မိနစ်အနည်းငယ်ကို အသုံးပြုကာ ဂိုးကို 1:0 အဖြစ် ပြောင်းလဲခဲ့သည်။


နံရံ ပျောက်ကွယ်သွားပြီးနောက် ကျန်းဖျင်စစ်သည် အိပ်ပျော်ရာမှ နိုးလာသော်လည်း ပြိုင်ဘက်သည် ဂိုးမသွင်းသေးပေ။


နောက်ဆုံးမှာတော့ ဂိမ်းက 2:0 နဲ့ ပြီးဆုံးခဲ့သည်။


183 သုတေသနအဖွဲ့က အမှတ်ထပ်ရခဲ့သည်။


တတိယပွဲစဉ်မှာတော့ အုပ်စုအဆင့်၏ နောက်ဆုံးပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့သည်။ ပထမဂိမ်းနှစ်ခု၏ အတွေ့အကြုံအရ ပြိုင်ဘက်သည် ယခုတစ်ကြိမ်တွင် ကျန်းဖျင်စစ်ကို ကြည့်ရုံသာမက ကျန်းရှောင်နျန်တို့လည်း ကြည့်ကာ ထိန်းချုပ်ခဲ့ပြီး နောက်ဆုံး 2 မိနစ်အထိ နှစ်ဖွဲ့ကြားက ဂိုးသည် 2:2 ဖြစ်နေခဲ့သည်။


ကျိုဖုန်းသည် အလုံးအရင်းဖြင့် တိုက်စစ်ဆင်ရန် လက်ဟန်ပြပြီး ချင်လုနှင့် ချင်မြောင်သည် ဘောလုံးကို ယူကာ နောက်တန်းခံစစ်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး ရှေ့ဘက်သို့ နေရာပြောင်းလိုက်သည်။


တစ်ဖက်ကလူက ရုတ်တရက် အံ့အားသင့်သွားသည်။

‘အမြွှာလား?’

 

ယခင်ဂိမ်းတွင် ချင်မြောင်သည် နောက်တန်းတွင်သာ ကစားပြီး ချင်လုက ဘောလုံးပေးပို့ရန် ရံဖန်ရံခါ အနေအထားပြောင်းခဲ့သည်။ ညီအစ်မနှစ်ဦးသည် တစ်ပုံစံတည်းဖြစ်နေသောကြောင့် ပြိုင်ဘက်အများစုက ချင်မြောင်၏တည်ရှိမှုကို သတိမထားမိခဲ့ကြပေ။


ရလဒ်အနေဖြင့် ချင်မြောင်သည် ဘောလုံးနှင့်အတူ ရှေ့သို့ရောက်လာပြီးနောက် သူမသည် သမိုင်းဌာန၏ လှုပ်ရှားမှုကြီးကို တိုက်ရိုက်ဖွင့်ခဲ့သည်— ‘ဦးတည်ချက်ခြောက်ခုကို ဖယ်ရှားခြင်း’


သူမကို အနီးနားရှိ လူတစ်စုက လဲကျသွားပြီး ခဏကြာသည်အထိ မထနိုင်ခဲ့ဘူး။


ဂိုးသမားလည်း လဲကျသွားခဲ့ပြီး ကျိုဖုန်းက ဘောလုံးကို လွယ်လွယ်ကူကူ ကန်သွင်းဖို့ အခွင့်အရေးကို ရယူခဲ့သည်။


3:2၊ ဝီစီသံမြည်လာပြီး C-183 အဖွဲ့က နောက်ထပ်ဂိမ်းတစ်ခုကို အနိုင်ရခဲ့သည်။


အုပ်စုအဆင့်တွင် C-183 သုတေသနအဖွဲ့သည် သုံးပွဲဆက်တိုက်အနိုင်ရခဲ့ပြီး အုပ်စုတွင်း 6 မှတ်ဖြင့် ဆီမီးဖိုင်နယ်သို့ရောက်ရှိခဲ့သည်။


နောက်တစ်ဆင့်အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကတော့ ရှုံးထွက်အဆင့်ဖြစ်သည်။ သူတို့သည် ပထမတစ်ဝက်၏ ပထမနေရာဖြစ်ပြီး ဒုတိယတစ်ဝက်၏ ဒုတိယနေရာရှိ C-166 သုတေသနအဖွဲ့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


လူတိုင်းသည် ပြိုင်ဘက်၏ အချက်အလက်ကို ကြည့်ရင်း အနားယူရန် သူတို့ထိုင်ခုံဆီသို့ ပြန်သွားကြသည်။


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။

"ဆီးမီးဖိုင်နယ်ရဲ့ပြိုင်ဘက်တွေမှာ ငါတစ်ခါမှမမြင်ဖူးတဲ့ ဘာသာရပ်တွေ အများကြီးရှိတယ်…"


ကျိုဖုန်းက ပြိုင်ဘက်၏စာရင်းကို တစ်ချက်ကြည့်လိုက်သည်။

"ဒါရိုက်တာ၊ သရုပ်ဆောင်၊ အနုပညာနဲ့ အန်နီမေးရှင်းထုတ်လုပ်ရေး?"


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာသည်။

"အဲဒါက ရုပ်ရှင်တက္ကသိုလ်နဲ့ အနုပညာတက္ကသိုလ်ကမလား?"


ယွဲ့ရှင်းဝမ်သည် စာရင်းကို စေ့စေ့စပ်စပ်ကြည့်ကာ ပြောလိုက်သည်။

"အနုပညာတက္ကသိုလ်က ရွှီဖေးရွှယ်လို့ခေါ်တဲ့ ဒီမိန်းကလေးက ကျောင်းသားသဘောတူညီချက်ဖွဲ့စည်းချိန်မှာ ကျောင်းအသီးသီးရဲ့ ကျောင်းတံဆိပ်တွေကို ရေးဆွဲပေးခဲ့တဲ့ မိန်းကလေးပဲ… သူမက အရမ်းအစွမ်းထက်ပြီး ချင်းချန်အနုပညာတက္ကသိုလ်ကပဲ…"


ချင်းချန်အနုပညာတက္ကသိုလ်သည် ပြည်တွင်းအနုပညာအသိုင်းအဝိုင်း၏ နန်းတော်ဖြစ်သည်။ ၎င်းသည် နှစ်စဉ် နိုင်ငံတစ်ဝှမ်းရှိ ပန်းချီကျောင်းသား 100 အောက်သာ လက်ခံသည်။ လိုအပ်ချက်များက အတော်လေးတင်းကျပ်၏။ ဤကျောင်းသို့ ဝင်ရောက်နိုင်သော ပန်းချီကျောင်းသားများသည် ပန်းချီဆွဲရာတွင် ထက်မြက်သောအရည်အချင်းရှိရမှာဖြစ်ပြီး သူတို့၏ယဉ်ကျေးမှုသင်တန်းကလည်း အလွန်ဆိုးရွား၍မရပေ။


ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် အဲဒါတွေအတွက်ကတော့…


ကျိုဖုန်း: "အဲဒါက ကျိုတိုရုပ်ရှင်တက္ကသိုလ်က ဖြစ်နိုင်ပြီး နိုင်ငံရဲ့ ထိပ်ဆုံးရုပ်ရှင်ကျောင်း 2 ခုထဲမှာလည်း ပါဝင်တယ်…"


အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ဒုတိယတစ်ဝက်၏ဂိမ်းက အခြားကွင်းမှာဖြစ်ပြီး သူတို့ကို ဂရုတစိုက်ကြည့်ရှုရန် သူတို့မှာအချိန်မရှိသောကြောင့် ဤအဖွဲ့တွင် မည်သည့်စွမ်းရည်ရှိသည်ကိုမသိကြသောကြောင့် သူတို့သည် အမည်မသိပြိုင်ဘက်များအပေါ် သတိလက်လွတ် မတိုက်ခိုက်ရဲပေ။


ယွဲ့ရှင်းဝမ်က လူတိုင်းကို သတိပေးသည်။

"ငါ့ရဲ့လိမ္မော်သီးဝယ်တဲ့စွမ်းရည်ကို အသုံးပြုပြီးသွားပြီ… ဒီနေ့မှာ လူရွှင့်ရဲ့လမ်း နှစ်ကြိမ်နဲ့ ဆူညံမနေနဲ့ တစ်ကြိမ်ကို အသုံးပြုနိုင်သေးတယ်… ကျန်တာတွေကတော့ ‘အလင်းကဲ့သို့လျင်မြန်ခြင်း’နဲ့ ‘လေးစားမှုဖြင့်ဝပ်တွားခြင်း’လိုမျိုး စောင့်ဆိုင်းချိန်တိုတောင်းတွေကို အသုံးပြုနိုင်ပြီး ‘ရွှေရောင်ပုစဉ်ရင်ကွဲခွံ’လည်း အသုံးပြုနိုင်တယ်…"


ကျန်းဖျင်စစ်: "ငါ့ရဲ့ coordinate system က စောင့်ဆိုင်းချိန် မိနစ် 30 ပဲရှိပြီး ဂိမ်းစတာနဲ့ ငါ အဲဒါကို အသုံးပြုနိုင်ပြီ… အသစ်လေ့လာထားတဲ့ Sequence of Numbers လည်း ရှိသေးတယ်… အရင်ဂိမ်းတွေမှာ အားလုံးက ကိုင်တွယ်နိုင်မယ်လို့ ငါထင်တာကြောင့် လောလောဆယ် အဲဒါကို ငါချန်ထားလိုက်မယ်…"


ကျန်းရှောင်နျန်: "ကျွန်တော့်ရဲ့ နံရံတည်ဆောက်ခြင်းက အချိန်ကုန်သွားပြီ၊ စီနီယာအစ်ကိုကျန်းရဲ့ခံစစ်နဲ့ ပူးပေါင်းလို့ မရတော့ဘူး… ဒါပေမယ့် မြေတူးစက်ကိုတော့ အခုထိ အသုံးပြုလို့ရတုန်းပဲ…"


ယွဲ့ရှင်းဝမ်က လှည့်ကာ မေးလိုက်သည်။

"စီနီယာအစ်မလန်ရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို အခုထိ အသုံးမပြုရသေးဘူးမလား?"


လန်ယာရုန်: "အရပ်ဘက်ရေးရာဗျူရိုနဲ့ ကွာရှင်းခွင့်မှတ်ပုံတင်ခြင်းက လှုပ်ရှားမှုကြီးနှစ်ခုဖြစ်ပြီး စောင့်ဆိုင်းချိန် 24 နာရီရှိတယ်… အဲဒါကြောင့် ငါ ပေါ့ပေါ့ဆဆ မသုံးရဲဘဲ ဖိုင်နယ်မှ ထုတ်သုံးဖို့ စိတ်ကူးထားတာ…"


ယွဲ့ရှင်းဝမ်: "တကယ်လို့ ပြိုင်ဘက်က အရမ်းအင်အားကြီးနေရင် ဖိုင်နယ်အထိ စောင့်စရာ မလိုပါဘူး… ဘာဖြစ်မလဲဆိုတာ ဆက်စောင့်ကြည့်တာပေါ့…"


လူတိုင်းက သဘောတူညီစွာ ခေါင်းငြိမ့်လိုက်သည်။


မကြာမီ ဂိမ်းစတင်ခဲ့သည်။


နှစ်ဖက်စလုံးမှ ကစားသမားများသည် ကွင်းထဲသို့ ဝင်ရောက်ကြပြီး အသင်းခေါင်းဆောင်သည် ဘောလုံးစပေးရန်ဆုံးဖြတ်ဖို့ အကြွေစေ့ကို ခန့်မှန်းခဲ့သည်။ ယခုတစ်ကြိမ်တွင် ဘောလုံးစပေးဖို့က C-166 သုတေသနအဖွဲ့၏ ဘက်တွင် ရှိနေသည်။


ဘောလုံးဖြတ်ပေးရန် တာဝန်ယူထားသော ကောင်လေးသည် သွက်သွက်လက်လက် လှုပ်ရှားကာ အလယ်မျဉ်းကို အမြန်ဖြတ်ပြီး ဘောလုံးကို တစ်ဖက်မှ မိန်းကလေးထံ ကန်လိုက်သည်။ မိန်းကလေးသည် ဘောလုံးကို ခြေထောက်ဖြင့် ရပ်လိုက်ပြီး စုတ်တံကို ကောင်ကိုင်လိုက်သည်။ ယွဲ့ရှင်းဝမ်သည် သူမတွင် ဘာစွမ်းရည်ရှိမှန်းမသိပေမယ့် သူတို့ရှေ့ကပုံသည် ဘောလုံးကွင်းမဟုတ်ဘဲ ရောင်စုံတောအုပ်ကြီးဖြစ်သွားသည်။


ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် အော်ဟစ်နေ၏။

‘အနုပညာဌာနရဲ့စွမ်းရည်က မြင်ကွင်းသက်ရောက်မှုကို တိုက်ရိုက်ပြောင်းလဲစေတာလား?’


ပြိုင်ဘက်က ကန်သွင်းရန် အခွင့်အရေးယူတော့မယ်လို့ ခန့်မှန်းပြီး ယွဲ့ရှင်းဝမ်က အလျင်အမြန် အော်လိုက်သည်။

"ရှောင်နျန်!"

 

ကျန်းရှောင်နျန်က တုံ့ပြန်ခဲ့သည်။ သူ၏နံရံတည်ဆောက်ခြင်းကို အသုံးပြုပြီးသွားသော်လည်း သူ့တွင် မြေတူးစက်ရှိနေသေးသည်။


ဂိုးပေါက်အနီးတွင် ဗိသုကာဌာန၏ မြေတူးစက်သည် မြေထိုးစက်တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတာကို သူတို့မြင်လိုက်ရသည်။ ကြီးမားသောအရာသည် ဂိုးရှေ့မှာ ရပ်နေပြီး C-166 သုတေသနအဖွဲ့မှ ဘောလုံးကို ကန်လိုက်ကာ ၎င်းသည် မြေထိုးစက်ကိုထိမှန်ပြီး ပြန်ခုန်ထွက်သွားကာ ကျန်းရှောင်နျန်၏ ဦးခေါင်းကို ထိမှန်လုနီးပါးသွားတာကို ပရိတ်သတ်များမြင်ခဲ့ရသည်။


သူတို့တွေ ကြည်လင်သော အမြင်အာရုံကို ပြန်လည်ရရှိပြီး ယွဲ့ရှင်းဝမ်က အလျင်အမြန် ပြောလိုက်သည်။

"အနုပညာဌာနက ပတ်ဝန်းကျင်ရဲ့ ပုံရိပ်ကို ပြောင်းလဲနိုင်တယ်၊ အားလုံးသတိထားကြ!"


အခုလောလောဆယ် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာသည့်မြင်ကွင်းကို အနုပညာတက္ကသိုလ်မှ မိန်းကလေးကိုယ်တိုင်က ရေးဆွဲခဲ့သည်။


လင်းမန့်လော်သည် ထိုစကားကိုကြားသောအခါ နွယ်ပင်များသည် သူမ၏လက်မှ ထွက်သွားကာ စုတ်တံကိုကိုင်ထားသော အနုပညာဌာနမှ မိန်းကလေးအား ချည်နှောင်ရန်သွားခဲ့သည်။ သို့သော်လည်း နွယ်ပင်များက သူမကို ချည်နှောင်ခါနီးတွင် သူမဘေးနားရှိ မိန်းကလေးက ရုတ်တရက် အော်လိုက်သည်။

"သွားတော့ Pikachu!"


ချစ်စရာကောင်းသော Pikachu သည် အနုပညာဌာနမှ ရွှီဖေးရွှယ်၏ နေရာကိုယူလိုက်သည်။


ပြီးတာနဲ့ ချက်ချင်းပဲ မိန်းကလေးက ထပ်အော်လိုက်သည်။

"လမင်းကိုယ်စား ငါနင့်ကို ဖျက်ဆီးမယ်…"


သူမပြောပြီးသည်နှင့် သူမသည် Sailor Moon အဖြစ်သို့ ရုတ်တရက်ပြောင်းသွားကာ သူမ၏လက်မှ တောက်ပသော အလင်းလုံးလေး ပစ်လွတ်လိုက်တာကို မြင်လိုက်ရပြီး အခုလေးတင် နွယ်ပင်ထုတ်လိုက်သော လင်းမန့်လော်ကို မြေပြင်ပေါ်သို့ လဲချလိုက်သည်။ စီနီယာအစ်မလင်း၏ နွယ်ပင်သည် Pikachu ကို ချည်နှောင်ပြီး သူမက သတိလစ်သွားခဲ့သည်။


လူတိုင်း: "..."


ပရိသတ်က ရယ်မောလိုက်ကြသည်။


သူမဘေးရှိ ယောင်္ကျားလေးသည် ရုပ်ရှင်တက္ကသိုလ်၏ ရိုက်ကူးရေးဌာနဖြစ်ပြီး မီးလုံး၊ အသံ၊ ကင်မရာ အစရှိသည့် ပစ္စည်းတွေ အများကြီးကို တိုက်ရိုက်ဆင့်ခေါ်ပြီး ‌ကျော်လောင်စွာ ပြောလိုက်သည်။

"‘စာကြည့်တိုက်’ရုပ်ရှင်၊ ပထမဇာတ်ဝင်ခန်း၊ စတင်သရုပ်ဆောင်မယ်၊ ရှူတင်စတော့!"


ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း အဖွဲ့ဝင်များမှလွဲ၍ ပြင်ပမှဝင်ရောက်သူများကို ပိတ်ထားခဲ့သည်။ စွမ်းရည်ကို အဓိပ္ပါယ်ကောက်ရာတွင် အဖွဲ့တစ်ခုလုံးသည် ပြင်ပကမ္ဘာမှ တိုက်ခိုက်မှုမှန်သမျှကို 5 မိနစ်ကြာ ခုခံနိုင်စွမ်းရှိသည်။


သရုပ်ဆောင်ဌာနမှ သရုပ်ဆောင်မင်းသားက ချက်ချင်း အော်လိုက်သည်။

"ငါ ကျောင်းသူချင်လုပုံစံ သရုပ်ဆောင်ချင်တယ်!"


သူသည် ချက်ချင်းပင် ချင်လု၏အသွင်အပြင်သို့ ပြောင်းလဲသွားသည်။ သူသည် မျက်နှာတူရုံသာမက အဝတ်အစားများတောင် အတူတူပဲဖြစ်ပြီး သူက ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ကိုလည်း သင်ယူခဲ့ပြီး သူ၏အဖွဲ့ဝင်များကို ဂိုးပေါက်နားသို့ နေရာရွှေ့ပြောင်းရန် အမြန်အသုံးပြုခဲ့သည်။


ချင်လု: "..."


ယွဲ့ရှင်းဝမ်: "..."


သရုပ်ဆောင်ဘာသာရပ်က အရမ်းမိုက်ပါလား? အဲဒါက တိုက်ရိုက်သရုပ်ဆောင်ပြီး စွမ်းရည်အားလုံးကို သင်ယူနိုင်တာလား?"


ချင်လုနှင့် ချင်မြောင်သည် အမြွှာများဖြစ်သောကြောင့် “ချင်လု”သရုပ်ဆောင်လိုသည်ဟု ရုပ်ရှင်တက္ကသိုလ်မှ သူသည်လည်း ချင်လုဖြစ်လာပြီး ကွင်းထဲတွင် တူညီသောမျက်နှာသုံးခု ပေါ်လာသည်။


ဖိုရမ်ကျောင်းသားများ: "သုံးမြွှာပူးလား?"


"ဒီဘောလုံးပွဲက ရုပ်ရှင်ဖန်တီးတာထက်တောင် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်!"


ဘောလုံးကွင်းတွင် အလင်းရောင်၊ အသံ၊ ကင်မရာများနှင့် ကိရိယာအစုံအလင် ပါဝင်လာသည်။


ဘောလုံးပွဲဆိုပေမယ့် "ဟာသရုပ်ရှင်" ၏အကျိုးသက်ရောက်မှုကို အမှန်တကယ်ကစားခဲ့ပါသလား။


ယွဲ့ရှင်းဝမ်က နံပါတ် 8 ချင်မြောင်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်မြောင်က ချက်ချင်း သဘောပေါက်သွားပြီး သမိုင်းဌာန၏ လှုပ်ရှားမှုကြီးကို တိုက်ရိုက်ဖွင့်လိုက်သည်။

"ဝမ်ချန်နှင့် လက်ထပ်ထိမ်းမြားခြင်း!"


ယခင်ဆွေးနွေးတုန်းက သမိုင်းဌာန၏ ချစ်ကြည်ရေးစွမ်းရည်ကို အသုံးပြုမယ်ဆိုရင် လျှိုကျောက်ချင်းက ရန်သူ၏စခန်းကိုသွားပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် မင်းသမီးလေးဖြစ်ချင်တယ်လို့ ပြောခဲ့သည်။


မင်းသမီးဝမ်ချန်အဖြစ် သတ်မှတ်ခြင်းခံရသော လျှိုကျောက်ချင်းသည် သူ၏ဝတ်စုံကို ချက်ချင်း ပြောင်းလဲသွားခဲ့သည်။


အရပ်ရှည်သော စီနီယာအစ်ကိုလျှိုသည် ရှေးခေတ်အမျိုးသမီးဝတ်စုံနှင့် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ကင်မရာတပ်ထားသော ဆန့်ကျင်ဘက်ဆီသို့ သူ့မျက်နှာပေါ်ကအပြုံးဖြင့် လျှောက်သွားခဲ့သည်။


—— မင်းတို့က ရုပ်ရှင်ရိုက်ပြီး ထိန်းချုပ်ရေးနဲ့ တိုက်ခိုက်ရေးတွေကို ခုခံချင်နေတာမလား?


—— ဒါဆို ငါတို့လည်း မင်းသမီးဝမ်ချန်ကို လက်ထပ်ထိမ်းမြားဖို့ လွတ်လိုက်မယ်။ လက်ထပ်ထိမ်းမြားစဉ်အတွင်း ငါတို့တွေကို တိုက်ခိုက်မယ့် ဘယ်လိုစွမ်းရည်တွေကိုမှ အသုံးပြုခွင့်မရှိဘူး။


ထို့နောက် နှစ်ဖက်စလုံးသည် စွမ်းရည်များကို အသုံးပြု၍မရတော့ဘဲ ဒါကတရားမျှတပါသည်။


ဖိုရမ်တိုက်ရိုက်ထုတ်လွှင့်မှုပို့စ်တွင် ဂိမ်းကို ကြည့်နေသောလူများက အပြင်းအထန် ရယ်မောကြလေသည်။

"ငါဘာမြင်လိုက်တာလဲ?"


"ဒါက ဘောလုံးပွဲမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး တီဗီဇာတ်လမ်းတွဲရိုက်ကွင်း ဖြစ်လာရတာလဲ? အလင်းရောင်နဲ့ အသံစနစ်တွေ ပြည့်စုံနေပြီး ကွင်းထဲမှာ ရှေးခေတ် အမျိုးသမီး အဝတ်အစားတွေ ဝတ်ထားပြီး ပြေးနေတဲ့ ယောင်္ကျားလေးတစ်ယောက်လည်း ရှိသေးတယ်?"


"ရှေးခေတ်အမျိုးသမီးအဝတ်အစားတွေဝတ်ထားက စီနီယာအစ်ကိုလျှိုမဟုတ်ဘူးလား? အမျိုးသမီးအဝတ်အစားတွေက အရမ်းထူးဆန်းတယ်၊ ဟားဟားဟား!"


"ဒီမင်းသမီးက အရမ်းအရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်လွန်းတယ်…"


"တကယ်တော့ မင်းသမီးက ‌တစ်ဖက်ကဘောလုံးကို ဖြတ်ယူပြီး သူ့အဖွဲ့ဝင်တွေကို ပေးလိုက်တာပဲ… သူက ဘောလုံးယူဖို့ လက်ထပ်လိုက်တာပေါ့၊ အံ့ဩစရာပဲ!"


"ဒီနေ့ 183 သုတေသနအဖွဲ့က အနီရောင်အသင်းဝတ်စုံတွေကို ရွေးချယ်ခဲ့တာ အံ့သြစရာမရှိဘူး… မနက်ပိုင်းမှာ ရှင်းဝမ်နဲ့ ဖျင်စစ်က လက်ထပ်စာချုပ်ချုပ်ဖို့ အရပ်ဘက်ရေးရာဗျူရိုကို ဝင်ရောက်ခဲ့တယ်… နေ့လယ်ပိုင်းမှာ စီနီယာအစ်ကိုလျှိုက မင်းသမီးဖြစ်လာပြီး လက်ထပ်ဖို့ စေလွတ်ခံခဲ့ရတယ်… အနီရောင်က သူတို့ရဲ့ပျော်ရွှင်မှုကို ကိုယ်စားပြုတာပဲ!"


"ဂုဏ်ယူပါတယ် 183၊ ဂုဏ်ယူပါတယ် 183၊ စစ်မှန်တဲ့နှစ်ထပ်ကွမ်းပျော်ရွှင်မှုပါပဲ!"


"အဲဒါက သုံးထပ်ကွမ်းပျော်ရွှင်မှုဖြစ်သင့်တာ၊ ရှင်းဝမ်နဲ့ဖျင်စစ်က လက်ထပ်စာချုပ်ချုပ်ရုံတင်မကဘဲ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ကိုလည်း အလျင်အမြန် အသိအမှတ်ပြုခဲ့တယ်… စီနီယာအစ်ကိုလျှိုကလည်း လက်ထပ်ခဲ့တော့ ဒီနေ့ 183 သုတေသနအဖွဲ့က အရမ်းမိုက်တယ်!"


ဘောလုံးကွင်းက လုံးဝကိုရှုပ်ထွေးနေခဲ့သည်။


အမျိုးသမီးအဝတ်အစားကို ဝတ်ဆင်ထားသည့် လျှိုကျောက်ချင်းသည် အေးဆေးတည်ငြိမ်ပြီး ကျိုဖုန်းနှင့် ရွှီယိရှန်းတို့ကို ဘောလုံးပေးပို့ရန် ကူညီနေဆဲဖြစ်သည်။


သူသည် ဘောလုံးကိုယူရန် ‘လက်ထပ်ခဲ့တာ’ အမှန်ပင်ဖြစ်ပြီး တစ်ဖက်အဖွဲ့က သူ့ကိုမထိန်းချုပ်နိုင်ဘဲ ထို့အပြင် ဒါက ငြိမ်းချမ်းရေး ရင်းနှီးမှုဖြစ်ပြီး ငြိမ်းချမ်းရေးက အဖိုးတန်သည်။


စီနီယာအစ်ကိုလျှိုသည် သိုင်းလောကကိုယ်ကျင့်တရားအကြောင်း မပြောတတ်သော အမှန်တကယ် မင်းသမီးတစ်ဦးဖြစ်ပြီး သူသည် ‘လက်ထပ်လိုက်သော်လည်း သူ၏နှလုံးသားကတော့ 183 မှာ ရှိနေဆဲဖြစ်သည်’။


#TK