Chapter 126
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 126 (အားကစားပြိုင်ပွဲ ၁၇)


လျှိုကျောက်ချင်းက မင်းသမီးအဖြစ် ဟန်ဆောင်ကာ “လက်ထပ်ခြင်း”ဖြစ်သောကြောင့် C-166 သုတေသနအဖွဲ့သည် သူ့အပေါ် မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုနိုင်သောကြောင့် ပြိုင်ဘက်၏ခြေထောက်မှ ဘောလုံးကို လုယူကာ သူ့အနားမှာ အမြဲရှိနေပြီး ကာကွယ်ပေးနေသော ရွှီယိရှန်းကို ပေးလိုက်သည်။


ငြိမ်းချမ်းရေးပြုလုပ်ခြင်း၏ 5 မိနစ်ကြာ “ခံနိုင်ရည်”အချိန်၌ 183 သုတေသနအဖွဲ့သည် ပြိုင်ဘက်၏ဂိုးပေါက်ကို ကျော်ဖြတ်ကာ သူတို့၏အလွန်ကောင်းမွန်သော ကန်သွင်းမှုနှင့် စုစည်းမှုစွမ်းရည်ဖြင့် 1 ဂိုး သွင်းခဲ့သည်။


ဘောလုံးကို လျှိုကျောက်ချင်းက ကန်သွားတာဖြစ်ပြီး ပွဲကြည့်စင်ရှိ ကျောင်းသားများက ပြောကြလေသည်။

"မင်းသမီးက ဘောလုံးကို လုယူပြီး ဆန့်ကျင်ဘက်ဂိုးပေါက်ကို ကန်လိုက်တယ်၊ ဒီမင်းသမီးက သူလျှိုဖြစ်သွားပြီ!"


"သူလျှိုမင်းသမီးက ပြောတယ် ‘183 သုတေသနအဖွဲ့ရဲ့ ကျောင်းသားတွေက ငါ့အသင်းဖော်တွေ’တဲ့!"


C-166 သုတေသနအဖွဲ့သည် ဘောလုံးကို ဂိုးပေါက်ဆီသို့ အကြိမ်များစွာ ကန်သွင်းခဲ့သည်။ ကံမကောင်းစွာဖြင့် ကျန်း‌ ရှောင်နျန်၏ မြေထိုးစက်က ပိတ်ဆို့ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပေ။


သို့သော်လည်း နှစ်ဖက်စလုံးက မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုနိုင်သောကြောင့် လျှိုကျောက်ချင်း၊ ရွှီယိရှန်းနှင့် ကျိုဖုန်းတို့ ပါဝင်သော တိုက်စစ်မှူး သုံးဦးသည် ယွဲ့ရှင်းဝမ်၏ လိုက်လျောညီထွေရှိသော ကွင်းလယ်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ သူတို့အား လုံးလုံးလျားလျား ခုခံကာကွယ်ရန် 166 သုတေသနအဖွဲ့အတွက် ခက်ခဲသည်။


ကျိုဖုန်းက နောက်ထပ် 1 ဂိုးသွင်းယူခဲ့ပြီး 2:0 ဖြစ်သွားသည်။


ဤအခိုက်အတန့်တွင် C-166 သုတေသနအဖွဲ့မှလူများက ရုတ်တရက် timeout ယူဖို့ တောင်းဆိုခဲ့သည်။


ဤစာကြည့်တိုက်ဘောလုံးပွဲတွင် ပထမပိုင်းနှင့် ဒုတိယပိုင်းတစ်ခုစီအတွက် timeout တစ်ခါစီ ခေါ်ခွင့်ရှိသည်။ သူတို့သည် ယခုအချိန်တွင် timeout ‌ခေါ်ခဲ့ကြပြီး နောက်ထပ်တန်ပြန်တိုက်စစ်များကို ဆွေးနွေးလိုကြသည်။


ကျန်းရှောင်နျန်က မြေထိုးစက်ကို ဂိုးပေါက်ရှေ့တွင် ချထားသည်။ မြေထိုးစက်မပျောက်သွားသ၍ ဂိုးပေါက်ဆီ သွားလို့မရဘူး။ အဖွဲ့ခေါင်းဆောင်က တိုးတိုးပြောသည်။

"ပထမပိုင်းပြီးဖို့ 8 မိနစ်ကျန်သေးတယ်… ငါတို့တွေ မြေထိုးစက်ကို မရှင်းရင် လုံးဝဂိုးသွင်းလို့ရမှာမဟုတ်ဘူး…"


ရွှီဖေးရွှယ်က အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။

"ငါ့ကို အပ်လိုက်…"

 

သူမဘေးမှာရပ်နေသည့် မိန်းကလေးက ဆိုသည်။

"ငါက ဖေးရွှယ်နဲ့ ပူးပေါင်းဆောင်ရွက်လိုက်မယ်၊ တစ်ဖက်ကို ထိန်းချုပ်လိုက်တဲ့အခါ နင်တို့က တိုက်စစ်ဆင်ဖို့ စီစဉ်လိုက်…"


ချင်လုအဖြစ် ပုံစံပြောင်းလဲသွားသော သရုပ်ဆောင် ကျောင်းသားက ပြောသည်။

"ငါ ချင်လုအဖြစ်သရုပ်ဆောင်ပြီး ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုကို သင်ယူခဲ့ပေမယ့် အသုံးပြုဖို့စွမ်းရည် 6 ခုပဲ ကျန်တော့တယ်…"


ရိုက်ကူးရေးဌာနမှ ကျောင်းသားက ပြောသည်။

"ပထမပိုင်းမှာ ချင်လုရဲ့စွမ်းရည်ကို အသုံးပြုပြီး ဒုတိယပိုင်းမှာ အခြားတစ်ယောက်ကို ပြောင်းလိုက်!"


အားလုံးက စတင်ဆွေးနွေးကြသည်။

"ငါ ဘယ်သူ့ပုံစံ သရုပ်ဆောင်ရမလဲ?"


"183 သုတေသနအဖွဲ့မှာ အသန်မာဆုံးက ဂိုးသမား ကျန်းဖျစ်စစ်ပဲ၊ ဒါပေမယ့် ကျန်းဖျင်စစ်ပုံစံ မင်း သရုပ်ဆောင်ရင် သူ့စွမ်းရည်တွေက မင်းအတွက် အသုံးမဝင်ဘူး… မင်းက သူ့လို ဖော်မြူလာကို တွက်ချက်နိုင်လို့လား?"


သရုပ်ဆောင်ဌာနမှ ကျောင်းသားက ရှက်ရှက်ဖြင့် ခေါင်းခါလိုက်သည်။

"ကျန်းဖျင်စစ်လို ငါ သရုပ်မဆောင်နိုင်ဘူး၊ သင်္ချာမှာ ငါအရမ်းညံ့တယ်…"


တစ်စုံတစ်ယောက်က အကြံပြုလာသည်။

"ယွဲ့ရှင်းဝမ်လို သရုပ်ဆောင်လိုက်၊ သူ့မှာ ထူးဆန်းတဲ့စွမ်းရည်တွေ အများကြီးရှိတယ်မလား?"


ရွှီဖေးရွှယ်: "ကောင်းတယ်! သရုပ်ဆောင်စွမ်းရည် စောင့်ဆိုင်းချိန်ရောက်သွားရင် နင်က ဒုတိယပိုင်းမှာ ယွဲ့ရှင်းဝမ်လို တိုက်ရိုက်သရုပ်ဆောင်လိုက်၊ သူ့စွမ်းရည်တွေကို သင်ယူပြီး သူ့ရဲ့ကိုယ်ပိုင်ဆေးကို မြည်းခိုင်းလိုက်တာပေါ့!"


အားလုံးက နည်းဗျူဟာကို ဆွေးနွေးပြီးနောက် timeout ကုန်သွားပြီး ကွင်းဆီ ပြန်သွားခဲ့ကြသည်။


ပြိုင်ဘက်က timeout ယူသွားသောအခါတွင် ယွဲ့ရှင်းဝမ်သည်လည်။ သူ၏အဖွဲ့ဝင်များနှင့် ဆွေးနွေးနေသည်။

"သူတို့က ရှောင်နျန်ရဲ့ မြေထိုးစက်ကို ဖယ်ရှားဖို့ သေချာပေါက် ကြိုးစားမှာဖြစ်ပြီး နောက်ထပ်ခုခံကာကွယ်ရေးတာဝန်ကိုတော့ ဖျင်စစ်ဆီ အပ်ထားရမှာပဲ… စီနီယာအစ်မလင်းက အာရုံစိုက်ထားပြီး ထိန်းချုပ်ရေးကနေ လွတ်ပေးဖို့ ဖျင်စစ်ကို အချိန်မရွေးကူညီပါ…"


လင်းမန့်လော်: "ကောင်းပြီ၊ ဖျင်စစ်ကို ကူညီဖို့ ငါ နောက်တန်းကို ပြန်သွားလိုက်မယ်၊ စီနီယာအစ်မလန်က ကွင်းလယ်က ကျွန်မနေရာကိုယူလိုက်…"


ကျိုဖုန်း: "တိုက်စစ်မှူးတွေကလည်း တိုက်စစ်ကို အားမလျှော့သင့်ဘူး… 2 ဂိုးကွာဟမှုက အမီလိုက်ဖို့ လွယ်တယ်…"


ထိုအချိန်တွင် လျှိုကျောက်ချင်း၏ ‘ဝမ်ချန်နှင့် လက်ထပ်ထိမ်းမြားခြင်း’ အချိန်ကုန်သွားပြီး ရှေးခေတ်ဝတ်စုံမှ ယခင်ပုံစံအတိုင်း ပြောင်းသွားသည်။ ဒါကိုကြားတော့ သူက ချက်ချင်း ပြောလိုက်သည်။

"ကျိုဖုန်း၊ မင်းကစားတာ ကောင်းတယ်… သူတို့ရဲ့နောက်တန်းကို ဖြတ်ကျော်ပြီး ရွှီယိရှန်းဆီ ဘောလုံးပို့လိုက်… ယိရှန်းနဲ့ ငါက ဆက်လက်ပူးပေါင်းပြီး ဘယ်ဘက်ကနေ အဓိကတိုက်စစ်ဆင်လိုက်မယ်… သူတို့ရဲ့ဘယ်ဘက်ခံစစ်က အတော်လေး အားနည်းတယ်…"


ရွှီယိရှန်းနှင့် ကျိုဖုန်းတို့ နှစ်ဦးစလုံးသည် နားလည်ကြောင်းကိုပြသရန် ခေါင်းငြိမ့်လိုက်ကြသည်။


ယွဲ့ရှင်းဝမ်က သူ့လက်ကို ဆန့်ထုတ်ပြီး ပြောလိုက်သည်။

"အားလုံး fighting!"


အားလုံးက သူတို့၏လက်များကိုထပ်ကာ တစ်ပြိုင်နက်တည်း အော်လိုက်သည်။

"Fighting!"


နှစ်ဖွဲ့စလုံးက ကွင်းထဲပြန်ဝင်ပြီး ပွဲကို ဆက်လက်ကစားခဲ့ကြသည်။


ပွဲအစမှာ ဝီစီသံမြည်လာတာနဲ့ အနုပညာ‌တက္ကသိုလ်မှ ရွှီဖေးရွှယ်သည် နောက်တန်းသို့ ပြေးသွားခဲ့သည်။ ရုတ်တရက် သူမလက်ထဲတွင် ခဲဖျက်အကြီးကြီး ပေါ်လာပြီး အရှေ့မှာရပ်ထားသော မြေထိုးစက်အား ‘ဖျက်ပစ်ခြင်း’လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။


မြေထိုးစက်က တကယ်ပျောက်သွားတာလား။


ပရိသတ်တစ်ဦးက အော်လိုက်သည်။

"အနုပညာဌာနရဲ့ ခဲဖျက်က ဧရာမမြေထိုးစက်ကို ဖျက်ပစ်နိုင်တယ်!"


"ဂိုးပေါက်ကို ဖျက်နိုင်သလား?"


ထိုစကားလုံးများထွက်လာသည်နှင့် တစ်ပြိုင်နက် ရွှီဖေးရွှယ်၏‌ခဲဖျက်သည် သူမ၏ဂိုးပေါက်အနီးတစ်ဝိုက်သို့ ပျံသန်းကာ ဂိုးပေါက်ကိုဖယ်ရှားပစ်ရန် သူမက ထိန်းချုပ်ခဲ့သည်။


ပရိသတ်များ: "……"


အရမ်းမိုက်တာပဲ!


ဘောလုံး ဘယ်လိုကစားတော့မှာလဲ? ဂိုးပေါက်ကပျောက်သွားပြီကို ဘောလုံးကို ဘယ်ဆီကန်သွင်းမှာလဲ? C-166 သုတေသနအဖွဲ့၏ ပြသဆောင်ရွက်မှုက လူတိုင်းအတွက် မျက်စိဖွင့်စရာလည်း ဖြစ်သည်။


ကျိုဖုန်းက တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားပြီး ချက်ချင်း သူ့စကားများကို ပြောင်းလိုက်သည်။

"မင်းတို့တွေ အစွမ်းကုန် ခုခံကာကွယ်ကြ!"

 

တစ်ဖက်အဖွဲ့က ဂိုးပေါက်ကို ဖျက်ပစ်ခဲ့ပြီး သူတို့သည် ခဏမျှ မတိုက်ခိုက်၍မရခဲ့ပေ။ သို့သော် အနုပညာဌာန၏ ခဲဖျက်သည် BUG မဖြစ်နိုင်ဘဲ ၎င်းသည် ရှိပြီးသားအရာများကို တိုက်ရိုက်ပျောက်ကွယ်သွားအောင် မပြုလုပ်နိုင်ဟု ကျိုဖုန်း ယုံကြည်ခဲ့ကာ အချိန်ကန့်သတ်ချက်ဖြင့် ‘ယာယီပျောက်ကွယ်သွားခြင်း’ ဖြစ်ရမည်။


ပရိသတ်များလည်း ဆွေးနွေးနေကြသည်။

"ခဲဖျက်က သက်ရှိလူကို ဖျက်နိုင်သလား? လူကို ဖျက်နိုင်ရင်က အဲဒါက ကောင်းကင်ဘုံကို အံတုနိုင်လိမ့်မယ်!" 


"ဒါက အမြင်အာရုံကနေ ယာယီပျောက်ကွယ်သွားတာ ဖြစ်နိုင်ပြီး ခဏအကြာမှာ ပြန်ပေါ်လာလိမ့်မယ်… မဟုတ်ရင် ရွှီဖေးရွှယ်ရဲ့ခဲဖျက်က စာကြည့်တိုက်တစ်ခုလုံးက ကျောင်းသားတွေအားလုံးကို ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်ပြီး ဒီလိုစွမ်းရည်တွေ ပေါ်လာဖို့ မဖြစ်နိုင်ဘူး…"


ဂိုးပေါက် ပျောက်ကွယ်သွားသည့်အခိုက်တွင် ယွဲ့ရှင်းဝမ်၏ရင်ထဲ သံသယရှိနေသော်လည်း မကြာခင် သဘောပေါက်သွားခဲ့သည်—— အနုပညာဌာနသည် ပတ်ဝန်းကျင်အမြင်အာရုံကို ထိန်းချုပ်နိုင်ပြီး အခုလေးတင် ရွှီဖေးရွှယ်သည် အားကစားကွင်းကို တောအုပ်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ယခုအခါ ဂိုးပေါက် ပျောက်ကွယ်သွားသည်။ ၎င်းက ယာယီသက်ရောက်မှုဖြစ်ပြီး မကြာခင် ပြန်ပေါ်လာလိမ့်မည်။


ခံစစ်ကို သူသွားခါနီးတွင် ရွှီဖေးရွှယ်အနီးတွင် ရပ်နေသော မိန်းကလေးက ‌ရုတ်တရက် အော်လိုက်သည်။

"အမှန်တရားကတစ်ခုပဲရှိတယ်!"


ထို့နောက် ကွင်းထဲတွင် မျက်မှန်တပ်ထားပြီး ချစ်စရာကလေးငယ်ကို လူတိုင်းတွေ့လိုက်ရသည်။


ပရိသတ်များက ရယ်ကြလေသည်။

"အဲဒါက… စုံထောက် conan မဟုတ်ဘူးလား?"


"လခွမ်း၊ စုံထောက် conan တောင် ထွက်လာပြီ! အန်နီမေးရှင်းထုတ်လုပ်ရေးက ကျောင်းသားတွေက အန်နီမေးရှင်းဇာတ်ကောင်တွေကို ဆင့်ခေါ်နိုင်တာ အရမ်းမိုက်တာပဲ!"


"Pikachu ကိုဆင့်ခေါ်တယ်၊ Sailor moon အဖြစ် ပုံစံပြောင်းတယ်၊ စုံထောက် conan ကိုခေါ်တယ်… အန်နီမေးရှင်းဘာသာရပ်တောင် ယူချင်သွားပြီ!"


စုံထောက် conan က ကျန်းဖျင်စစ်ကို စိုက်ကြည့်ရင်း သူ၏ညာလက်ကိုမြှောက်က လက်ညှိုးထိုးလိုက်သည်။

"မင်းက လူသတ်သမားပဲ!"


ကျန်းဖျင်စစ်: "…"


Conan ၏ စကားအတိုင်း ရဲအရာရှိများအဖြစ် ဝတ်ဆင်ထားသော လူနှစ်ဦးရောက်လာပြီး ကျန်းဖျင်းစစ်ကို ဖမ်းဆီးခဲ့သည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို စိုက်ကြည့်ကာ ကူကယ်ရာမဲ့သော အကြည့်ကို ပေးလိုက်သည်။


လင်းမန့်လော်က စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။

"ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ? မြက်ခင်းပြင်နဲ့တောင် ငါ ထိန်းချုပ်မှုကို ဖယ်ရှားလို့မရဘူး!"


ကျန်းဖျင်စစ်ကို အားကစားကွင်းမှ ဖယ်ရှားလိုက်ခြင်းကြောင့် ပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရာနှင့်ချီသော အကြောင်းပြန်မှုများ ရှိခဲ့သည်။


ကျောင်းသားတော်တော်များများ အံ့အားသင့်နေကြသည်။

"စီနီယာအစ်ကိုကျန်းကို ရဲတွေ ဖမ်းခေါ်သွားပြီ… သူ့ရဲ့အကူအညီမဲ့တဲ့အကြည့်ကို မြင်ပြီး ငါဘာလို့ ရယ်ချင်နေရတာလဲ?"


"တစ်ဆိတ်လောက်၊ စီနီယာအစ်ကိုကျန်းက ဘာပြစ်မှုကျူးလွန်ခဲ့တာလဲ?"


"ကျန်းဖျင်စစ်က ဂိုးသမား၊ C-166 သုတေသနက မြေထိုးစက်ကို ဖယ်ရှားလိုက်ရတောင် ဂိုးသွင်းနိုင်မှာမဟုတ်ဘူး… ဒီတော့ သူတို့က စုံထောက် conan ကိုလွတ်ပြီး ကျန်းဖျင်စစ်ကို လူသတ်သမားအနေနဲ့ ‌‌ထွက်သွားခိုင်းလိုက်တာပဲ!"


"ရှုပ်ထွေးလိုက်တာ၊ စီနီယာအစ်ကိုကျန်းနဲ့ စီနီယာအစ်ကိုယွဲ့က လက်ထပ်စာချုပ်ချုပ်ခဲ့ပေမယ့် စီနီယာအစ်ကိုကျန်းက လူသတ်သမားအဖြစ် သတ်မှတ်ခံလိုက်ရတယ်!"


"အဲဒါက အချစ်ဟာသဇာတ်လမ်းကနေ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်သွားတာလား?"


"ရုပ်ရှင်၊ အနုပညာနဲ့ အန်နီမေးရှင်းဘာသာရပ်တွေ ပေါင်းစည်းထားတာက တကယ့်ကို ဆန်းကြယ်တာပဲ! ဘောလုံးကစားရင်း သည်းထိတ်ရင်ဖိုတွေ ပါလာပြီ!"


စုံထောက် conan ၏ လူသတ်သမားအား ဖော်ထုတ်ခြင်းသည် ဥပဒေဌာနရှိ ထောင်ဒဏ်ချမှတ်ခြင်းနှင့် မတူပါ။ ဥပဒေဌာနက အကျဉ်းထောင်များကို တိုက်ရိုက်ဆင့်ခေါ်ပြီး လူများကို ပိတ်လှောင်ထားပေမယ့် စုံထောက် conan ကတော့ လူသတ်သမားကို ဖော်ထုတ်ပြီး ရဲများကို ခေါ်ဆောင်သွားပေးဖို့ တောင်းဆိုခဲ့သည်။


၎င်းက ယွဲ့ရှင်းဝမ်၏ လိမ္မော်သီးဝယ်ခြင်းစွမ်းရည်နှင့် အနည်းငယ်ဆင်တူပြီး ထိန်းချုပ်မှုကို ဖယ်ရှား၍မရပေ။


"လွှမ်းမိုးထိန်းချုပ်ခြင်းစွမ်းရည်လား? လူသတ်သမားလို့ သတ်မှတ်ခံရတဲ့ ပစ်မှတ်က ကွင်းထဲကနေ တိုက်ရိုက် အထုတ်ခံရမှာလား?" ယွဲ့ရှင်းဝမ်သည် ဖြတ်သွားသော ကျန်းဖျင်စစ်ကို တွေ့သောအခါ အမြန်မေးလိုက်သည်။


"ဟုတ်တယ်…" ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။ ထုတ်ပယ်ခံရမည့်အချိန်အတိအကျကို သူမသိသော်လည်း ကွင်းထဲတွင် လူတစ်ယောက်လျော့ပြီး ဂိုးသမားက မရှိသောကြောင့် အလွန်အန္တရာယ်များသည်။ သူက ယွဲ့ရှင်းဝမ်ကိုကြည့်ကာ တိုးတိုးပြောလိုက်သည်။

"တတ်နိုင်သမျှ မြန်မြန်လုပ်လိုက်…"


တစ်ချိန်တည်းမှာပင် ယွဲ့ရှင်းဝမ်က သူ့လက်ကို မြှောက်လိုက်သည်။

"C-183 သုတေသနအဖွဲ့က လူလဲမယ်!"


ဒိုင်လူကြီး၏ ကြေညာချက်က ကွင်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

"C-183 သုတေသနအဖွဲ့က နံပါတ် 1၊ ကျန်းဖျင်စစ်ရဲ့နေရာကို နံပါတ် 9၊ ခယ်ရှောင်ပင်းအား လူစားလဲပါမယ်…"


ဘေးနားတွင် ရှောင်ထူနှင့် ဓာတ်ပုံရိုက်နေသော ခယ်ရှောင်ပင်းက ကြေညာချက်ကို ကြားပြီးနောက် သူသည် ကွင်းထဲသို့ အလျင်အမြန်ဝင်ရောက်ခဲ့ပြီး ကျန်းဖျင်စစ်၏ ဂိုးသမားနေရာကို အစားဝင်ခဲ့သည်။


ခယ်ရှောင်ပင်းက ကျန်းဖျင်စစ်ကဲ့သို့ ပြိုင်ဘက်၏ ဘောလုံးလမ်းကြောင်းကို ပြောင်းလဲရန် coordinate system ကို အသုံးမပြုနိုင်ပါ။ သူ့အရပ်က 175 စင်တီမီတာပဲရှိတော့ ဘောလုံးမကစားနိုင်ဘဲ ပြိုင်ဘက်က ကန်သွင်းရင် သူဘောလုံးကို မပုတ်ထုတ်နိုင်ပေ။ သူဘာလုပ်ရမလဲ။


သူတွေးနေချိန်မှာပဲ ချင်လုပုံစံ သရုပ်ဆောင်ထားသော ပြိုင်ဘက်က 183 ခံစစ်ကို ဖြတ်ကျော်ဖို့ ကျောက်ထုလွှာလှုပ်ရှားမှုဖြင့် ပြိုင်ဘက်ဂိုးပေါ်ဆီ တယ်လီပို့လိုက်ပြီး 183 ၏ဂိုးသမား ပြောင်းလဲသွားပြီး အသားမကျသေးတာကို အခွင့်ကောင်းယူကာ ရှည်လျားသော ကန်သွင်းမှုကို ပြုလုပ်ခဲ့ပြီး—— ဂိုးသွားခဲ့သည်။


ဂိုးက 2:1 ဖြစ်သွားပြီး တစ်ဖက်အဖွဲ့က 1 ဂိုးပြန်ရခဲ့သည်။


ယွဲ့ရှင်းဝမ်က သူ့ကို လက်ဟန်အမူအရာပြလိုက်သည်။

"ရတယ်၊ မင်း အသားကျအောင်ပဲ အမြန်လုပ်လိုက်!"


ခယ်ရှောင်ပင်းက နေသားကျအောင်လုပ်ပြီး သူ့စိတ်ထဲမှာ စိုးရိမ်နေခဲ့သည်။


2 မိနစ်မပြည့်ခင်မှာပဲ ပြိုင်ဘက်က ဘောလုံးနှင့်အတူ ခံစစ်ကို အလျင်အမြန် ဖြတ်သွားပြန်သည်။ ချင်လု၏စွမ်းရည်ကို သင်ယူခဲ့‌သော သရုပ်ဆောင်က ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ဖြင့် ဘောလုံးကို ယူဆောင်ပြီး ဂိုးပေါက်အထိ တောက်လျှောက် တယ်လီပို့ခဲ့တာကြောင့် ခုခံရန် ခက်ခဲခဲ့သည်။


ပြိုင်ဘက်က သူတို့၏ကွင်းကို နောက်ထပ်တစ်ခါ ထပ်ရောက်လာတာကို မြင်တော့ ခယ်ရှောင်ပင်းက ချက်ချင်း ရှောင်ထူကို ပြောလိုက်သည်။

"ရှောင်ထူ ကျားနှစ်ကောင်!"


ရှောင်ထူ၏ခေါင်းက လင်းလက်သွားသည်။

"ကောင်းပြီ သခင်၊ ကျားနှစ်ကောင်ဆိုမယ်!"


ထို့နောက် အရွယ်ရောက်ပြီးသူ၏ ခါးလောက် အရပ်ရှည်သော အဖြူရောင် စက်ရုပ်တစ်ရုပ်သည် ၎င်း၏ခြေထောက်က ဘီးလုံးများကို လိမ့်ကာ သီချင်းဆိုရင်း ကွင်းကို စက်ဝိုင်းပုံစံ စတင်ပတ်ပြေးနေသည်။

"ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး၊ မြန်မြန်ပြေး…"


C-166 သုတေသနအဖွဲ့မှ ကျောင်းသားများသည် ၎င်း၏သီချင်းဆိုသံကြောင့် ဆွဲဆောင်ခံရပြီး ၎င်းနောက်သို့ ပြေးလိုက်သွားကြသည်။


သည်လိုနဲ့ ဘောလုံးပွဲက ကွင်းပတ်ပြေးပွဲဖြစ်လာသည်။


C-166 သုတေသနအဖွဲ့မှ လူများသည် ရယ်ရမလား၊ ငိုရမလားမသိတော့ပေ။


မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့ကို ပြေးဖို့ တွန်းအားပေးနေသလိုမျိုး သူတို့သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ စက်ရုပ်နောက်ကိုလိုက်ကာ ပတ်ပြေးနေတော့သည်။


ထိုမြင်ကွင်းသည် အလွန်ရယ်စရာကောင်းပြီး ပရိတ်သတ်များကို ရယ်မောသွားစေခဲ့သည်။

"ဒီခယ်ရှောင်ပင်းရဲ့စက်ရုပ်က ဘယ်လိုလုပ် ကလေးသီချင်းတွေကို ဆိုနေသေးတာလဲ!"


"166 သုတေသနအဖွဲ့က ဒေါသထွက်နေလောက်ပြီ၊ ကွင်းလယ်အထိ ဘောလုံးကို ကန်လာပြီး အခုကျတော့ စက်ရုပ်နောက်လိုက်ပြီး ကွင်းပတ်‌ပြေးနေကြတယ်…"


ခယ်ရှောင်ပင်းသည် လက်တော့ပ်ပေါ်တွင် လမ်းကြောင်းကို သတ်မှတ်ပြီး ရှောင်ထူက ကွင်းကို လှည့်ပတ်ပြေးကာ C-166 သုတေသနအဖွဲ့မှ ကျောင်းသားများအားလုံးသည် ရှောင်ထူ၏နောက်သို့ လိုက်သွားကြသည်။ ခံစစ်တွင် ကာကွယ်ရန် အားလုံးနီးပါးမရှိတော့ပေမယ့် သူတို့က ဂိုးပေါက်ကို ဖျက်ပစ်ထားပြီး 183 သုတေသနအဖွဲ့ကလည်း ကန်သွင်းလို့မရတာကြောင့် ကျိုဖုန်း၊ လျှိုကျောက်ချင်းနှင့် အခြားသူများက ဘောလုံးပေးရင်း ပြေးနေတာကို ကြည့်ရှုခဲ့ကြသည်။


ရှောင်ထူ၏ ရုတ်တရက် အသွင်အပြင်သည် 166 သုတေသနအဖွဲ့၏ တိုက်ခိုက်မှုအစီအစဉ်ကို လုံးဝထိခိုက်စေခဲ့သည်။


ရှောင်ထူသည် သီဆိုပြီးပြီးချင်း ခယ်ရှောင်ပင်းဆီ ပြန်သွားသောအခါ ရွှီဖေးရွှယ် ဖျက်ပစ်လိုက်သော ဂိုးပေါက်က ပေါ်လာသော်လည်း မြေထိုးစက်က အရိပ်အယောင်မပြသေးပေ။


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ကောက်ချက်ချခဲ့သည်။

"ပတ်ဝန်းကျင်မှာ ရှိပြီးသားအရာတွေကို ဖျက်လိုက်ရင် ယာယီပျောက်သွားပြီး 3 မိနစ်အကြာမှာ ပြန်ပေါ်လာမယ်… နောက်ပိုင်း ထပ်ထည့်တဲ့ အရာဝတ္ထုတွေက ဖျက်ပြီးရင် လုံးဝပျောက်သွားမှာဖြစ်ပြီး ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး… ခဲဖျက်က ငြိမ်သက်တဲ့ အရာဝတ္ထုတွေကိုပဲ ဖျက်ပစ်နိုင်လောက်ပြီး လှုပ်ရှားနေတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေကို မဖျက်နိုင်လောက်ဘူး…"


သည်လိုဆိုရင် အနုပညာဌာန၏ ခဲဖျက်လုပ်ဆောင်ချက်သည် အထူးသဖြင့် ကောင်းကင်ဘုံကို အံတုခြင်းမဟုတ်ပါ။ ၎င်းက ‘ဖယ်ရှားခြင်းစွမ်းရည်’နှင့် တူသည်။


နောက်ဆုံးမှ ဂိုးပေါက်ပေါ်လာပြီး ကျိုဖုန်းက နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ စီစဉ်လိုက်သည်။


အခုလေးတင် သဘောတူညီချက်အရ ကျိုဖုန်းသည် ဆန့်ကျင်ဘက်နောက်ခံလူများကို ဆွဲဆောင်ဖို့ ဘောလုံးကို ဆွဲယူပြီး ရွှီယိရှန်းဆီကို ဘောလုံးပေးပို့ခဲ့သည်။ ရွှီယိရှန်းသည် သူတို့၏ အားနည်းသော ဘယ်ဘက်ကို တိုက်ခိုက်ရန် ဘယ်တောင်ပံတိုက်စစ်မှူး လျှိုကျောက်ချင်းထံ လျင်မြန်စွာ ဖြတ်ပေးလိုက်သည်။


သို့သော် လျှိုကျောက်ချင်းသည် ဂိုးပေါက်အနီးသို့ ဘောလုံးကို ယူဆောင်လာစဉ်တွင် ဆန့်ကျင်ဘက် ရိုက်ကူးရေးဌာန၏ ကျောင်းသားက ရုတ်တရက် အော်ပြောခဲ့သည်။

"စင်မြင့်ပေါ်နှင့် စင်မြင့်နောက်!"


ဂိုးပေါက်အနီးတွင် အနီရောင် ကန့်လန့်ကာဖြင့် ပိတ်ဆို့ထားသည့် ကြီးမားသော စင်မြင့်တစ်ခု ပေါ်လာသည်။ ကန့်လန့်ကာပေါ်တွင် ကြီးမားသော စာကြောင်းတစ်ကြောင်းရေးထားသည်။

“ပြဇာတ်စင်မြင့်နောက်ကို တာဝန်မရှိသောသူများ ဝင်ခွင့်မပြုပါ”


ပရိတ်သတ်များ: "..."


မဟာပြဇာတ်ရုံကို သူတို့က အမှန်တကယ် ပြောင်းရွှေ့ခဲ့တာပဲ!


ထို့အပြင် ဂိုးပေါက်သည် စင်မြင့်နောက်ဧရိယာအတွင်း၌ တည်ရှိပြီး ၎င်းက “ဝင်ခွင့်မရှိသောဧရိယာ”ဖြစ်လာကာ လျှိုကျောက်ချင်းက ဂိုးမသွင်းနိုင်ခဲ့ပေ။


183 သုတေသနအဖွဲ့၏ ‌ဂိုးပေါက်ကို ကျန်းဖျင်စစ်မှ ကာကွယ်ခဲ့သည်။ 166 သုတေသနအဖွဲ့၏ ဂိုးပေါက်ကို ဖျက်ပစ်ခြင်း ဒါမှမဟုတ် ‘ပြဇာတ်ရုံစင်မြင့်နောက်’တွင် ဖြစ်လာခြင်းဖြင့် လူများကို မဖြတ်ခိုင်းခဲ့ပေ။ နှစ်ဖက်စလုံးက ရှေ့တိုးနောက်ဆုတ်ဖြင့် ပထမပိုင်း ပြီးဆုံးသွားပြီး ဂိုးက 2:1 မှာသာ ရှိနေခဲ့သည်။


183 သုတေသနအဖွဲ့သည် အမြဲတမ်း အလွန်ယုတ်မာခဲ့ပြီး 166 သုတေသနအဖွဲ့က သူတို့၏အဖွဲ့ဝင်များကို ဘောလုံးကစားရန် တိုက်ရိုက်ခေါ်ဆောင်လာကာ ပြောင်မြောက်သော လုပ်ဆောင်မှုများလည်း ရှိခဲ့သည်။


ပရိသတ်များက ဒါကိုကြည့်ရတာ ပျော်ရွှင်နေကြပြီး လူတိုင်းက အလွန်သိချင်နေကြသည်။

“ဒီအံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းအဆုံးသတ်က ဘယ်လိုဇာတ်သိမ်းမျိုးဖြစ်မလဲ?"


#TK