Chapter 159
Viewers 22k

Volume 7 : ဥပဒေဌာန


Chapter 159 (ပြစ်မှုမရှိကြောင်းချေပချက် ၁၃)


အမျိုးသမီးအဝတ်အစားနဲ့ Boss ကျိရှောင်ဟွေးနှင့် ရှဲ့ရှန်းချင်၏ ချစ်သူ ကျိုးယိကျားတို့က ရှဲ့ရှန်းချင်ကို သတ်ခဲ့သည်ဟု သံသယရှိသည်။


အခင်းဖြစ်ပွားသည့်နေ့တွင် သူတို့၏ အိပ်ဆောင် 105 မှ လူလေးဦးသည် နံနက် 4 နာရီအထိ ဂိမ်းကစားခဲ့ကြသည်။ အိပ်ယာထနောက်ကျတာကြောင့် လူတိုင်းက ‘ငါ ‌အိပ်မောကျနေခဲ့တာ… နေ့လယ် 11 နာရီအထိ အိပ်ခဲ့တယ်’ဟု ပြောကြသည်။ ဆိုလိုတာက မနက် 4 နာရီကနေ နေ့လယ် 11 နာရီအထိ သူတို့အားလုံး အိပ်နေကြပြီး အခြားအခန်းဖော်မျယး ထွက်သွားသလားဆိုတာ သက်သေမပြနိုင်ပေ။ ထိုသို့သော ‘အလီဘိုင်’က ယုံကြည်စိတ်ချမှုမရှိပါ။


လီဟွေ့ကျွမ်း၏ ထွက်ဆိုချက်အရ ရှဲ့ရှန်းချင်၏ စားပွဲပေါ်ရှိ ‌anime ရုပ်ပုံများကို ကျိုးယိကျားမှ မပေးကြောင်း သိရှိရသည်။ ရှဲ့ရှန်းချင်နှင့် ကျိရှောင်ဟွေးတို့ နှစ်ဦးစလုံးသည် anime ချစ်သူများဖြစ်သောကြောင့် ကျိ‌ရှောင်ဟွေးမှ ထိုအရာများကို သူမအား ပေးခဲ့ခြင်းဖြစ်နိုင်သည်။


ယွဲ့ရှင်းဝမ်ကို ပျော်ရွှင်စေခဲ့တာကတော့ နာရီဝက်ကြာ ဖုန်းခေါ်ဆိုပြီးနောက် လီဟွေ့ကျွမ်းသည် သံသယတချို့ကို တွေ့ရှိခဲ့ပြီး တရားရုံးတွင် ထွက်ဆိုရန် သဘောတူခဲ့သည်။ သူမက ပြောသည်။

"ကျွန်မက ရှောင်ထင်နဲ့ သာမန်ဆက်ဆံရေးရှိတယ်ဆိုပေမဲ့ သူမက အရမ်းလုံ့လဝီရိယရှိပြီး အလုပ်ကြိုးစားတဲ့မိန်းကလေးပါ… သူမက လူသတ်သမားမဟုတ်ဖို့ ကျွန်မလည်း မျှော်လင့်ပါတယ်… ရှင်သာ သူမကို ခုခံချေပပေးပြီး သူမကို အပြစ်မရှိကြောင်း သက်သေပြနိုင်မယ်ဆိုရင် ကျွန်မ တရားရုံးမှာ သက်သေထွက်ဆိုဖို့ ဆန္ဒရှိပါတယ်"


လီဟွေ့ကျွမ်းက တရားရုံးသို့ လာရောက်ရန် ဆန္ဒရှိနေခြင်းက ကျူးရှောင်ထင်အတွက် သတင်းကောင်းဖြစ်သည်။


တရားရုံးချိန်းရောက်ဖို့ တစ်ရက်ပဲကျန်တော့သည်။


နံနက်ခင်းတွင် လန်ယာရုန်သည် ကျူးရှောင်ထင်မှ ရှေ့နေကိုတွေ့ရန် တောင်းဆိုကြောင်း ရဲတပ်ဖွဲ့ထံမှ ရုတ်တရက် အကြောင်းကြားစာ ရရှိခဲ့သည်။


နှစ်ယောက်သား ရဲတပ်ဖွဲ့ထံ အပြေးအလွှားရောက်လာသောအခါ ကျူးရှောင်ထင်သည် သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအနည်းငယ်ကို ပြသခဲ့သည်။ သူမက စိတ်လှုပ်ရှားစွာ ပြောသည်။

"လျှိုကျားကျားရဲ့အမှုက လူသတ်သမားကို ဖမ်းမိသွားပြီလို့ ရဲက ကျွန်မကို ပြောပြခဲ့တယ်… ကျွန်မက အပြစ်မရှိဘူး ဒါပေမဲ့ တရားရုံးမှာတော့ ထွက်ဆိုပေးရမယ်"


လန်ယာရုန်သည် ရဲများ၏ စွမ်းဆောင်ရည်ကို အံ့အားသင့်သွား၏။

"လူသတ်သမားက ဘယ်သူလဲဆိုတာ သူတို့ နင့်ကို ပြောပြခဲ့လား"


ကျူးရှောင်ထင်၏အမူအရာက မည်းမှောင်သွားပြီး သူမက တိုးတိုးပြောသည်။

"အဲဒီနေ့က ကမ်းခြေမှာ ကျွန်မတို့ကို ဓာတ်ပုံရိုက်ပေးတဲ့ မိန်းကလေးပဲ… ကျွန်မတို့ အသားကင်နေရာကို ဖြတ်သွားတော့ သူမက ကျွန်မရဲ့အချဉ်ရည်ထဲကို ဝမ်းနုတ်ဆေးတွေ ထည့်ခဲ့ပြီး ကျွန်မကို တစ်ညလုံး ဝမ်းပျက်အောင်လုပ်ခဲ့တာ… ကျွန်မ ထွက်သွားတော့ သူမက လျှိုကျားကျားကို အဆိပ်ခတ်ဖို့ တဲထဲဝင်သွားပြီး အဲဒီနောက် ကျားကျားကို ရေနစ်နေတဲ့ပုံစံအတုလုပ်ဖို့ ပင်လယ်ထဲ ပစ်ချလိုက်တာ… အခင်းဖြစ်ပွားတဲ့နေ့က နေထွက်တာကိုကြည့်ဖို့ စောစောထလာတဲ့ လူတစ်ယောက်က သူမ တဲထဲဝင်သွားတာကို မြင်လိုက်တယ်တဲ့"


မျက်မြင်သက်သေ၊ အထောက်အထား၊ အဆိပ်၏အရင်းအမြစ်၊ လူသတ်ရန်ရည်ရွယ်ချက်…


ဤကျိုးကြောင်းဆီလျော်သောကွင်းဆက်သည် ပုလင်းပေါ်တွင် ထားခဲ့သော ကျူးရှောင်ထင်၏ လက်ဗွေများထက် ပိုမိုယုံကြည်စိတ်ချရသည်။


ကမ်းခြေကိစ္စတွင် ရဲများက လူသတ်သမားကို ဘောင်ခတ်လိုက်ပုံရသည်။ ဓာတုဗေဒဌာနမှ မိန်းကလေးသည် သူမချစ်သူ၏ နှလုံးသားထဲက လရောင်ဖြူကို မနာလိုဖြစ်သဖြင့် လရောင်ဖြူကို ဒေါသဖွင့်ချရန် သတ်ပစ်လိုက်သည်။ ဤအစွန်းရောက်ချဉ်းကပ်မှုသည်လည်း ကြေကွဲစရာဖြစ်စေခဲ့သည်။


ကျူးရှောင်ထင်၏မျက်လုံးများက အနည်းငယ်နီသွားသည်။

"ကျားကျားက တကယ်ကံမကောင်းတာပဲ… သူမက သိပ္ပံအတန်းက ချန်ခိုင်မင်ကို လုံးဝမသိဘူး… သူမက အရမ်းလှတာကြောင့် ချန်ခိုင်မင်ကသာ သူမကို တစ်ဖက်သတ်သဘောကျနေခဲ့တာ… ချန်ခိုင်မင်ရဲ့ကောင်မလေးက သူမကို သတ်ပစ်လိုက်တယ်…" သူမက ဆို့နင်စွာ ပြောခဲ့သည်။ "အဲဒါက ကျွန်မအမှားလည်း ဟုတ်တယ်… ကျောင်းကို ကျွန်မတစ်ယောက်တည်း မပြန်ခဲ့သင့်ဘူး… ကျွန်မသာ သူမကို မထားခဲ့ရင် သူမက မတော်တဆဖြစ်မှာ မဟုတ်သလို ကျွန်မလည်း ချောက်ချခံရမှာမဟုတ်ဘူး"


လန်ယာရုန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒါက ဖြစ်ခဲ့ပြီးပြီပဲ… နောင်တရနေလို့ အသုံးမဝင်ပါဘူး… ဒီကိစ္စရဲ့အမှားက သူတို့ရဲ့ခံစားချက်ပြဿနာတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘဲ တစ်ဖက်လူကို အပြစ်ပုံချတဲ့ ချန်ခိုင်မင်တို့စုံတွဲဖြစ်ပြီး ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်ပါနဲ့"


ကျူးရှောင်ထင်သည် မျက်ရည်များကို ထိန်းကာ အသက်ပြင်းပြင်းရှူရင်း သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

"တရားရုံးက မနက်ဖြန်စမှာ လျှိုကျားကျားရဲ့အမှုက မနက်ပိုင်းဖြစ်ပြီး ရှဲ့ရှန်းချင်ရဲ့အမှုက နေ့လယ်စမှာ… မနက်ပိုင်းမှာ အဲဒီနေ့က လျှိုကျားကျားဆီကနေ ကျွန်မထွက်သွားတဲ့ ထူးခြားတဲ့အခြေအနေတွေကို ရှင်းပြပေးဖို့ မျက်မြင်သက်သေအဖြစ် လုပ်ရမှာ… နေ့လယ်မှာတော့ ကျွန်မက တရားခံပဲ…"


လန်ယာရုန်သည် သူမ၏နောက်ဆုံးပြန်လည်ပြင်ဆင်ထားသော မိန့်ခွန်းမိတ္တူကို ထုတ်ယူပြီး သူမကို ပေးလိုက်သည်။

"ရှဲ့ရှန်းချင်ရဲ့အမှုမှာ တရားခံအနေနဲ့ နင်ကိုယ်တိုင် ထွတ်ဆိုချက်ပေးခွင့်ရှိတယ်… ရှေ့နေယွဲ့ရှင်းဝမ်က နင့်ကိုကူညီဖို့ ဒီမိန့်ခွန်းကို ရေးပေးခဲ့တာ… ဒီနေ့ တတ်နိုင်သမျှ အလွတ်ရအောင်ကျက်ဖို့ ကြိုးစားပါ… စာမူပါအကြောင်းအရာတွေကို နင်ကိုယ်တိုင် ငါတို့ကိုပြောခဲ့တာဖြစ်ပြီး အချိန်ကျလာတဲ့အခါ တရားရုံးမှာ အခင်းဖြစ်ပွားတဲ့နေ့ရဲ့ အသေးစိတ် အချက်အလက်တွေကို နင်ပြန်ပြောပေးရမယ်"


ယွဲ့ရှင်းဝမ်က သူမကို အကြုံပေးသည်။

"သတိထားပါ… အချိန်တိုင်း အမှားမလုပ်မိစေနဲ့… စည်းစနစ်တကျဖြစ်အောင် မင်းရဲ့စိတ်ခံစားချက်တွေကို ထိန်းထားဖို့ မင်းစကားပြောတဲ့အခါ စိတ်မလှုပ်ရှားပါနဲ့… မင်းပြောနေတာတွေက အမှန်တရားပဲဆိုတာ လူတိုင်းယုံကြည်အောင်လုပ်ပါ နားလည်လား"


ကျူးရှောင်ထင်သည် သူတို့နှစ်ဦး၏ နူးညံ့သော အကြည့်များကို တွေ့ပြီး စာရွက် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်… အဲဒါကို မှတ်မိအောင် အစွမ်းကုန် ကြိုးစားပါ့မယ်"


လန်ယာရုန်က ဆက်ပြောသည်။

"အဲဒီအချိန်ကျရင် အစိုးရရှေ့နေက နင့်ကို မေးခွန်းတချို့ မေးနိုင်တယ်… တစ်ဖက်က ခက်ခက်ထန်ထန် နင့်ကို မေးမြန်းလာရင် ငါ အချိန်မီ နှောင့်ယှက်လိုက်မယ်… တစ်ဖက်လူရဲ့အရှိန်အဝါကြောင့် မကြောက်ပါနဲ့… နင်ဘယ်လိုဖြေရမှန်းမသိတဲ့မေးခွန်းတစ်ခုနဲ့ ကြုံလာရင် နင်မသိဘူးလို့ပြောနိုင်တယ်… ဒါမှမဟုတ် ငါတို့ကိုကြည့်ပြီး ဖြေဖို့ငြင်းဆန်နိုင်တယ်… တစ်ဖက်လူရဲ့စကားကြောင့် လှည့်စားမခံနဲ့"


ကျူးရှောင်ထင်က စိတ်လှုပ်ရှားစွာ ပြောသည်။

"ကောင်းပြီ… ကျွန်မ မဖြေနိုင်တဲ့မေးခွန်းတစ်ခုနဲ့ ကြုံလာရင် ကျွန်မ မသိဘူးလို့ ပြောလိုက်မယ်"


လန်ယာရုန်သည် သူမ၏နောက်ကျောကို ညင်သာစွာ ပွတ်သပ်ကာ နူးညံ့စွာ ပြောလိုက်သည်။

"နင့်အတွက် အကျိုးရှိတဲ့ သဲလွန်စတွေကို ငါတို့တွေ့ထားပြီ… သက်သေတွေလည်း အများကြီး ဖိတ်ခေါ်ထားတယ်… နင့်ကိုယ်နင်ကော ငါတို့ကိုကော ယုံကြည်မှုရှိရမယ် ဟုတ်ပြီလား"


ကျူးရှောင်ထင်က ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့" 


ရဲစခန့်မှထွက်လာပြီးနောက် ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလိုက်သည်။

"စီနီယာအစ်မလန်က အရမ်းတော်တဲ့ရှေ့နေပဲ"


လန်ယာရုန်က အကူအညီမဲ့စွာပြောသည်။

"ငါလည်း ဘဲကို စင်ပေါ်တက်ခိုင်းတာနဲ့ အတူတူပါပဲ… ဘွဲ့လွန်ကာလမှာ ငါ့ရဲ့တရားရုံးတက်တဲ့ အကြိမ်ရေက အကန့်အသတ်ရှိတယ်… ဟင်း… မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ငါတို့ကြည့်ရုံပေါ့"


ယွဲ့ရှင်းဝမ်: "ခယ်ရှောင်ပင်းရဲ့ဘက်က တိုးတက်မှုအသစ်တွေ ရှိလောက်တယ်… မနက်ဖြန် 105 အိပ်ဆောင်မှာရှိတဲ့ ယောင်္ကျားလေးတွေအားလုံးကို တရားရုံးမှာ သက်သေအဖြစ် ဖြေရှင်းခိုင်းရမလား"


လန်ယာရုန်က ခေါင်းခါလိုက်သည်။

"အရမ်းနောက်ကျသွားပြီ… မနက်ဖြန်ရဲ့ အကောင်းဆုံးရလဒ်ကတော့ ငါတို့တွေ့ရှိထားတဲ့ သဲလွန်စအသစ်တွေကို တရားသူကြီးက အသိအမှတ်ပြုဖို့ပဲ… ဒီအမှုမှာ လူသတ်သမားအသစ်တစ်ယောက်ရှိနေတယ်လို့ ထင်မှတ်ပြီး တရားရုံးကို ခေတ္တဆိုင်းငံ့ထားဖို့ သဘောတူပြီး အစိုးရရှေ့နေရုံးကို ပြန်ခေါ်ဖို့ ထပ်ပြောတာပဲ"


ယွဲ့ရှင်းဝမ်က WeChat အဖွဲ့ကိုဖွင့်ပြီး မေးလိုက်သည်။

"အချိန်က အရမ်းကပ်နေပြီ… သက်သေတွေကို ခေါ်လို့ပြီးပြီးလား… @ကျိုဖုန်း"


ကျိုဖုန်း: "ပြီးပြီ… သော့လုပ်တဲ့ဦးလေးက တရားရုံးမှာ သက်သေထွက်ဆိုဖို့ ဆန္ဒရှိတယ်"


ယွဲ့ရှင်းဝမ်: "ကောင်းလိုက်တာ… လီဟွေ့ကျွမ်း၊ anime ကလပ်က ချီရှင်းယွီတို့လည်း တရားရုံးမှာ သက်သေထွက်ဆိုဖို့ ဆန္ဒရှိတယ်"


လျှိုကျောက်ချင်းက အဖွဲ့ထဲတွင် စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အမြန်တင်ပြခဲ့သည်။

"ငါ ဆေးရုံမှာ စစ်ဆေးခဲ့တယ်… ဆေးပညာဌာနမှ ရွှီရုန်းရုန်းနဲ့ ဝမ်ရှောင်လုတို့မှာ ရွှီရုန်းရုန်းက ရည်းစားရှိပြီး သူတို့ရဲ့မိဘတွေနဲ့ တွေ့ဆုံပြီး လက်ထပ်ဖို့ကိစ္စပြောနေကြပြီ… ရှဲ့ရှန်းချင်ကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူး… ဝမ်ရှောင်လုက အေးစက်တဲ့ပင်ကိုယ်စရိုက်ရှိပြီး ကျောင်းမှာ သုတေသနလုပ်ဖို့ နေရာတစ်ခုရထားပြီးပြီ… နေ့စဉ် အချိန်အများစုကို သိပ္ပံနည်းကျသုတေသနနဲ့ စာတမ်းတွေအပေါ်ပဲ အာရုံစိုက်ပြီး ရှဲ့ရှန်းချင်နဲ့ ကျူးရှောင်ထင်တို့နဲ့ အငြင်းပွားတာမျိုး မရှိဘူး"


ဆေးပညာဌာန၏အကြောင်းက ပြတ်တောက်သွားသည်။ အခင်ဖြစ်ပွားချိန်တွင် မိန်းကလေးနှစ်ဦးသည် အိပ်ဆောင်တွင်ရှိကြပြီး ရှဲ့ရှန်းချင်နှင့် ကျူးရှောင်ထင်တို့ကို သိရှိခဲ့သော်လည်း သူတို့တွင် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်မရှိပေ။ ရွှီရုန်းရုန်း၏ အတင်းအဖျင်းပြောဆိုမှုသည် လူသတ်သမားကဲ့သို့မဟုတ်ပါ။ ဝမ်ရှောင်လုသည် လူများကို ဂရုမစိုက်သလို ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးဘဲ သူမသည် များသောအားဖြင့် ဤကဲ့သို့သော စရိုက်မျိုးရှိသောကြောင့် သူမကိုယ်သူမတောင် ဂရုစိုက်ပုံမပေါ်ပေ။


ကျန်းဖျင်စစ်: "105 အိပ်ဆောင်ထဲက ယောင်္ကျားလေးတွေကိုပဲ အာရုံစိုက်ရတော့မယ်"


မိန်းကလေးအိပ်ဆောင်ထဲမှာ လူသတ်ပြီး အခြားတစ်ယောက်ကို ချောက်ချခဲ့သည်။ ဖြစ်နိုင်ခြေအရှိဆုံးလူသတ်သမားက မမျှော်လင့်ထားသော ယောင်္ကျားလေးဖြစ်သည်။


ယွဲ့ရှင်းဝမ်: "အဲဒါကို ရှောင်ခယ်၊ ဖျင်စစ်နဲ့ ရှင်းယန်တို့လက်ထဲ အပ်ထားလိုက်မယ်… မနက်ဖြန် ရုံးချိန်းမတိုင်မီ ရှဲ့ရှန်းချင်နဲ့ ကျူးရှောင်ထင်တို့နဲ့ပတ်သက်တဲ့ 105 အိပ်ဆောင်ကအကြောင်းကို နောက်ထပ်သဲလွန်စတွေ ရှာကြည့်ထားပါ… သဲလွန်စများလေ ငါတို့အတွက် ပိုကောင်းလေပဲ"


ခယ်ရှောင်ပင်းနှင့် ကျန်းဖျင်စစ်တို့သည် အင်တာနက်တွင် အတူတကွ ရှာဖွေခဲ့ကြပြီး နောက်ဆုံးတွင် သူတို့၏ကြိုးစားအားထုတ်မှုက အရာထင်ခဲ့သည်။ နေ့လယ်ပိုင်းတွင် သူတို့သည် ယခုနှစ် ဇူလိုင် 1 ရက်က ပေရှန်းမြို့၌ ကျင်းပသည့် ရုပ်ပြပွဲတစ်ခု၏ ဓာတ်ပုံကို တွေ့ရှိခဲ့သည်။


လမ်းသွားလမ်းလာတစ်ဦးက ဓာတ်ပုံတချို့ရိုက်ပြီး Weibo တွင် တင်ခဲ့သည်။ ဓာတ်ပုံတစ်ပုံထဲက အမျိုးသမီးအဝတ်အစားနဲ့ Boss ကျိရှောင်ဟွေးဖြစ်ပြီး သူနဲ့ ဓာတ်ပုံတွဲရိုက်သော မိန်းကလေးက ရုပ်ပြပွဲကိုသွားခဲ့သော ရှဲ့ရှန်းချင်ဖြစ်သည်။


လမ်းသွားလမ်းလာများက ဒီဓာတ်ပုံကို ရိုက်ပြီး ‘မိန်းကလေးနှစ်ယောက်က အရမ်းလှတယ်’ လို့ မှတ်ချက်ပေးခဲ့သည်။ ရှင်းရှင်းပြောရရင် လမ်းသွားလမ်းလာများသည် မိန်းမလိုဝတ်ထားသော ယောင်္ကျားတစ်ယောက်အနေနဲ့ ကျိရှောင်ဟွေးကို မမြင်ခဲ့ဘူး။ ‘မိန်းကလေးနှစ်ယောက်’တွဲရပ်ထားသည့် ရင်းနှီးသော ဓာတ်ပုံက သူတို့၏ လျှို့ဝှက်ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သက်သေပြရန် လုံလောက်ပြီး ရှဲ့ရှန်းချင် ရုပ်ပြပွဲသို့ တက်ရောက်ခဲ့ခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။


ကျန်းဖျင်စစ်သည် ဇူလိုင်လ 1 ရက်နေ့တွင် ကျုံးကျန့်၏ moments ကို တွေ့ရှိခဲ့ပြီး ဇူလိုင်လ 1 ရက်နေ့တွင် အတူတွဲကစားသည့် အခန်းဖော်သုံးယောက်ဖြစ်သော ကျိုးယိကျား၊ ကျုံးကျန့်နှင့် ကျန်းပင်းတို့၏ screenshots များကို တွေ့ရှိခဲ့သည်။ သူတို့သုံးယောက်က တစ်နေ့လုံး ကစားခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ အခန်းဖော်ကျိရှောင်ဟွေးနှင့် ချစ်သူရှဲ့ရှန်းချင်တို့က ရုပ်ပြပွဲမှာ တွေ့ဆုံခဲ့ကြသည်။


သူ့ရည်းစားက သူ့အခန်းဖော်နှင့် သူ့နောက်ကွယ်မှာ တွေ့နေတာကို ကျိုးယိကျားသိရဲ့လား။


ခယ်ရှောင်ပင်းသည် ထိုနေ့ရုပ်ပြပွဲ၏ဓာတ်ပုံများကို ဆက်လက်ရှာဖွေခဲ့ပြီး များပြားသောသတင်းများအရ ဇူလိုင် 1 ရက်က Weibo တွင် ဖြတ်သွားဖြတ်လာသူများရိုက်ထားသော ဓာတ်ပုံအားလုံးကို တွေ့ရှိခဲ့ပြီး ကျိရှောင်ဟွေးနှင့် ရှဲ့ရှန်းချင်တို့နဲ့ ပတ်သက်သော သဲလွန်စ 10 ခုကို စစ်ဆေးခဲ့သည်။ 


ကျိရှောင်ဟွေးသည် ထိုအချိန်က anime မိန်းကလေးအဖြစ် ပန်းရောင်ဂါဝန်နှင့် ရွှေရောင်ဆံပင်တုကို ဝတ်ဆင်ထားသည်။ ရှဲ့ရှန်းချင်သည် ရိုးရှင်းသောအဖြူရောင် ဂါဝန်၊ ဒေါက်မြင့်ဖိနပ်နှင့် ဆံမြီးကျစ်ဖြင့် ဖြူစင်လှပသည်။


သူတို့နှစ်ယောက်သည် ရုပ်ပြပွဲဆိုင်းဘုတ်ရှေ့တွင် အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြသည်။ သူတို့က နေ့လယ်စာအတူတူစားကြပြီး ရုပ်ပြပွဲကိုသွားလည်ကြကာ ဈေးဝယ်ထွက်ကြသည်။ ဓာတ်ပုံများသည် လမ်းသွားလမ်းလာများ၏ အမြင်ဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး ဝမ်းသာအားရရယ်မောနေကြသည်။ ပို၍အရေးကြီးသည်မှာ ဓာတ်ပုံတစ်ပုံတွင် ရှဲ့ရှန်းချင်သည် ကျိရှောင်ဟွေးနှင့် ဆင်တူသော အရုပ်တစ်ရုပ်ကို ကိုင်ဆောင်ထားသည်။


ခယ်ရှောင်ပင်းသည် ဤဓာတ်ပုံများကို အဖွဲ့ထံသို့ စိတ်လှုပ်ရှားစွာ ပေးပို့ခဲ့သည်။

"ကျိရှောင်ဟွေးနဲ့ ရှဲ့ရှန်းချင်တို့က အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတယ်… လမ်းသွားလမ်းလာတွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေရဲ့ timeline အရ ရှဲ့ရှန်းချင်က နေ့လယ်က အရုပ်မကိုင်ထားသေးပေမဲ့ ညနေမှာ အဲဒါကို ကိုင်ထားခဲ့တယ်… အဲဒီအရုပ်ကို ကျိရှောင်ဟွေးက သူမအတွက် ဝယ်ပေးခဲ့တာဖြစ်မယ်"


ချင်မြောင်: "ရှဲ့ရှန်းချင်ရဲ့ အိပ်ဆောင်နံရံက ပိုစတာထဲမှာ ဒီ anime ကောင်မလေးလည်း ရှိတယ်… စားပွဲပေါ်မှာ ပုံစံတူ အရုပ်တစ်ရုပ် ရှိတယ်… အဲဒါက ရှဲ့ရှန်းချင်ရဲ့ အကြိုက်ဆုံး anime ဇာတ်ကောင် ဖြစ်လိမ့်မယ်… ကျိရှောင်ဟွေးက သူမနဲ့အတူ အပြင်ထွက်ပြီး သူမအကြိုက်ဆုံးဇာတ်ကောင်ကို cosplay လုပ်တာက သေချာပေါက်တိုက်ဆိုင်မှုမဟုတ်ဘူး"


ချင်လုက မနေနိုင်စွာ ပြောသည်။

"သူ cosplay လုပ်နိုင်တဲ့ anime အမျိုးသမီး ဇာတ်ကောင်တွေ အများကြီး ရှိတယ်… သူက ရှဲ့ရှန်းချင်ရဲ့ အကြိုက်ဆုံးဇာတ်ကောင်ကို အထူးရွေးချယ်ပြီး cosplay လုပ်တာက ကျိရှောင်ဟွေးက အရမ်းသတိထားနေတယ်ဆိုတာ ပြသနေတယ်… သူမ ဂိမ်းကစားတာညံ့တာကြောင့် သူမရည်းစားဆီက ဖုန်းခေါ်ပြီး အဆူခံရတာနဲ့ နှိုင်းယှဉ်ရင် ရင်းနှီးတဲ့ကျိရှောင်ဟွေးက ရှဲ့ရှန်းချင်ရဲ့နှလုံးသားကို ဖမ်းဖို့ ပိုလွယ်တယ်မဟုတ်ဘူးလား"


လင်းမန့်လော်: "မိန်းကလေးတွေက ဘဝရဲ့အသေးစိတ်အချက်အလက်တွေကို ပိုအာရုံစိုက်ကြတယ်… ကျိရှောင်ဟွေးက သီးသန့်ဆန်ပြီး ကျိုးယိကျားလောက် တောက်ပပြီး ရွှင်လန်းမှုမရှိပေမဲ့ မိန်းကလေးတွေ ကြိုက်နှစ်သက်တဲ့ anime ဇာတ်ကောင်တွေကို သူသရုပ်ဆောင်နိုင်ပြီး တစ်ဖက်လူဆီ anime ရုပ်တွေပို့ပေးတာကြောင့် မိန်းကလေးတွေကို စိတ်ချမ်းသာစေဖို့ဆိုတာ တကယ်လွယ်တယ်"


ကျိရှောင်ဟွေးက အလွန်နူးညံ့သိမ်မွေ့ပြီး ကျိုးယိကျားလောက် မချောမောသည်မှာ သိသာပါသည်။


သို့ပေမဲ့ ကျိုးယိကျားကတော့ သူ့ကောင်မလေး၏စိတ်ကို ကောင်းကောင်းနားလည်ပုံမပေါ်ဘူး။ နှုတ်ခမ်းနီနှင့် အဆာပြေမုန့်များကဲ့သို့ လူကြိုက်များသည့်အရာများကို သူ့ကောင်မလေးအား လက်ဆောင်ပေးခဲ့သည်။ ထိုအရာများက ကျိရှောင်ဟွေး ပေးပို့သော အကန့်အသတ်ထုတ် အရုပ်များကဲ့သို့ ကောင်းမွန်မည်မဟုတ်ပေ။


ကျိရှောင်ဟွေးနှင့် ရှဲ့ရှန်းချင်တို့သည် သာမန်သူငယ်ချင်းများဖြစ်ခဲ့ရင် သူက ဘယ်လိုလုပ် အရုပ်ပေးမည်နည်း။


သာမန်ကောင်လေးတစ်ယောက်က ‘အခန်းဖော်၏ရည်းစား’ကို အရုပ်ပေးမှာလား။ သူငယ်ချင်း၏ဇနီးကို တပ်မက်စိတ်မဖြစ်ရပါ။ ဤသည်မှာ တားမြစ်ချက်တစ်ခုဖြစ်သည်။


ယွဲ့ရှင်းဝမ်က ချက်ချင်းဆိုသလို ပြောလိုက်သည်။

"ကျိရှောင်ဟွေးနဲ့ ရှဲ့ရှန်းချင်တို့ရဲ့ ဆက်ဆံရေးက မရိုးရှင်းဘူး… ကျိရှောင်ဟွေးနဲ့ ရှဲ့ရှန်းချင်တို့က သီးသန့်အဆက်အသွယ်တွေ အချိန်အကြာကြီး ရှိထားခဲ့တယ်ဆိုတာကို သက်သေပြဖို့ နောက်ထပ်အထောက်အထားတွေ ရှာကြည့်ပါ"


တစ်နာရီကျော်ကြာပြီးနောက် ခယ်ရှောင်ပင်းသည် အဖွဲ့ထဲတွင် ပွက်လောရိုက်ပြီး သဲလွန်စအသစ်များ ပေးပို့ခဲ့သည်။

"ငါ ကျိရှောင်ဟွေးရဲ့ ကိုယ်ရေးကိုယ်တာနေရာကို ထိလိုက်ပြီး သူ့အွန်လိုင်းစျေးဝယ် ID ကို စစ်ကြည့်လိုက်တော့ သူ့မှာ လွန်ခဲ့တဲ့ခြောက်လလောက်က cosplay အတွက် anime ဇာတ်ကောင်တွေ ဝတ်စုံတွေ၊ ပစ္စည်းတွေ၊ ဆံပင်တုတွေ အများကြီး ဝယ်ထားတာ တွေ့လိုက်ရတယ်… cosplay အဝတ်အစားအပြင် သူက နေ့စဉ်အမျိုးသမီးအဝတ်အစား ဝတ်စုံတွေနဲ့ အနက်ရောင် ဆံပင်ရှည်လည်း ဝယ်ခဲ့တယ်"


Anime ပုံစံသည် ယေဘုယျအားဖြင့် ပို၍ချဲ့ကားပြီး အကြည့်တစ်ချက်တည်းဖြင့် ၎င်းက anime ဇာတ်ကောင်ဖြစ်သည်ကိုသိသည်။ လက်တွေ့မှာ အမျိုးသမီးဇာတ်ကောင်များအတွက် cosplay လုပ်သည့် ယောင်္ကျားလေးတွေ အများကြီးရှိသည်။ ဒါက ကိုယ်ပိုင်ဝါသနာဖြစ်ပြီး မေးစရာထုတ်မရှိဘူး။


သို့ပေမဲ့ ကျိရှောင်ဟွေး ဝယ်သော ‘နေ့စဉ်အဝတ်အစားများ’က ပြဿနာကြီးတစ်ခုဖြစ်သည်။ အပြာရောင်ဂါဝန်၊ အဖြူရောင်ဒေါက်မြင့်ဖိနပ်နှင့် အနက်ရောင်ဆံပင်တုကို သူ့ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားချိန်၌ လုံးဝကို ‘အမျိုးသမီးတက္ကသိုလ်ကျောင်းသူ’၏ ပုံသဏ္ဌာန်ဖြစ်သည်။


ဒါက ရိုးရှင်းသော anime cosplay မဟုတ်ဘူး။ ဒါက ယောင်္ကျားလေးတစ်ယောက်သည် အမျိုးသမီးအဖြစ် တိုက်ရိုက် ရုပ်ဖျက်ထားတာ မဟုတ်ပါလား။


ယွဲ့ရှင်းဝမ်က နည်းလမ်းတစ်ခုကို တွေးလိုက်သည်။

"ဒီဝတ်စုံကို ကျိရှောင်ဟွေးအပေါ်မှာ ဆင်လိုက်ပြီး အိပ်ဆောင်က အန်တီမှာ ဘာထင်မြင်ချက်တွေရှိမလဲဆိုတာ မေးကြည့်လိုက်ပါ… သူက ဒီဝတ်စုံကိုဝတ်ပြီး မိန်းကလေးအိပ်ဆောင်ထဲကို အကြိမ်ပေါင်းများစွာ ခိုးဝင်ဖူးလောက်တယ်"


ခယ်ရှောင်ပင်းက ချက်ချင်း ဓာတ်ပုံကိုပြင်လိုက်ပြီး ချင်မြောင်ဆီ ပို့လိုက်သည်။


ချင်မြောင်က ဓာတ်ပုံကိုယူပြီး အိပ်ဆောင်အန်တီကို သွားမေးကာ အလျင်အမြန် အတည်ပြုခဲ့သည်။

"အိပ်ဆောင်အန်တီက ပြောတယ်… သူမက အဲဒီမိန်းကလေးကို မြင်ဖူးပြီး သူမက အဆောက်အဦး 6 မှာနေတဲ့ မိန်းကလေးဖြစ်ပြီးတော့ ပိတ်ရက်တွေမှာ အပြင်မှာ အလုပ်သွားလုပ်လေ့ရှိတာကြောင့် နောက်ကျမှ ပြန်တယ်တဲ့"


လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


ပိတ်ရက်တွေမှာ သူက မိန်းကလေးအိပ်ဆောင်ကို မကြာခဏ သွားလေ့ရှိသည်။


ဒါက အရမ်းကြောက်စရာကောင်းတာပဲ…


လန်ယာရုန်က အလျင်အမြန်ပြောသည်။

"မျက်မြင်သက်သေစာရင်းကို ဒီည ငါတို့ မတိုင်ခင် တင်ပြရမှာ… အိပ်ဆောင်အန်တီကို တရားရုံးမှာ ထွက်ဆိုပေးဖို့ အမြန်ဆုံး စည်းရုံးကြည့်ပါ… နောက်ပြီး ငါတို့ ပြုပြင်ထားတဲ့ပုံကို သက်သေအဖြစ် အသုံးပြုလို့မရပေမဲ့ အဲဒါကို သံသယအဖြစ် သုံးလို့ရတယ်… ရှောင်ခယ်… နင် အန်နီမေးရှင်းဗီဒီယိုအတို လုပ်တတ်လား"


ခယ်ရှောင်ပင်း: "အဲဒါက လုပ်ရတာ လွယ်ပါတယ်… စီနီယာအစ်မက ဘာလုပ်ချင်လို့လဲ"


လန်ယာရုန်က သူ့ကို အခင်းဖြစ်ပွားသည့် ရိုးရှင်းသောအန်နီမေးရှင်းဗီဒီယိုတစ်ခုအား ဖန်တီးခိုင်းခဲ့သည်။

"တရားသူကြီးက ကျူးရှောင်ထင်ရဲ့ ထွက်ဆိုချက်ကို ပိုယုံကြည်နိုင်စေဖို့ အခင်းဖြစ်ပွားတာကို ရိုးရှင်းစွာ ပြန်လည်ပြုပြင်ပေးလိုက်ပါ… ငါတို့မှာ အချိန်မရှိတော့ဘူး… မနက်ဖြန်က ခက်ခဲတဲ့ တိုက်ပွဲတစ်ခုပဲ… ငါတို့တွေ တရားရုံးမှာ ကျူးရှောင်ထင်ကို ထိန်းထားပြီး တရားသူကြီးက အမှုကို ပြန်စစ်ဆေးဖို့အတွက် သဘောတူညီခွင့်ရယူရမယ်"


တရားရုံးချိန်းရက်နီးလာပြီ။


လန်ယာရုန်၊ ယွဲ့ရှင်းဝမ်နှင့် လင်းမန့်လော်တို့သည် မေးခွန်းများနှင့် ချေပရေးမူကြမ်းအားလုံးကို အဖြေရှာရန် နံနက် 4 နာရီအထိ နေခဲ့ကြသည်။


မနက်ဖြန်မှာ ခုခံချေပရေး ကျရှုံးရင် တရားသူကြီးက ကျူးရှောင်ထင်ကို လူသတ်မှုနဲ့ စီရင်ချက်ချမှာဖြစ်ပြီး သူတို့လည်း အဆုံးသတ်သွားလိမ့်မည်။


ထို့ကြောင့် တရားသူကြီးနှင့် ဂျူရီအဖွဲ့ဝင်လူကြီးများကို စည်းရုံးသိမ်းသွင်းရန် သူတို့၏ ဦးနှောက်များကို ခေါင်းခြောက်ခံထားရမည်——

 

ကျူးရှောင်ထင်ကို ချောက်ချပြီး ယောင်္ကျားလေးက လူသတ်ဖို့အတွက် မိန်းကလေးအိပ်ဆောင်ထဲကို ခိုးဝင်ခဲ့တာ ဖြစ်နိုင်သည်။


#TK