Chapter 164
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 164 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၁)


ဥပဒေဌာန၏ ဒုတိယသင်တန်းပြီးဆုံးချိန်တွင် ရင်းနှီးသော ရှင်းလင်းရေးအချက်အလက်များက လူတိုင်းရှေ့တွင် ပေါ်လာသည်——


သုတေသနအဖွဲ့: C-183


သင်တန်း: ပြစ်မှုမရှိကြောင်းချေပချက်

 

Credit: 5 မှတ်


ရှင်းလင်းရေးရမှတ်: 96 မှတ်


စုစုပေါင်းရမှတ်: 5x96 = 480 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ နောက်ဆုံးရမှတ်မှာ 720 မှတ်ဖြစ်သည်။


သင်တန်းကျရှုံးမှုနှုန်း: 45%


ရှင်းလင်းရေးရမှတ် 96 မှတ်သည် တရားရုံးတွင် ယွဲ့ရှင်းဝမ်နှင့် လန်ယာရုန်တို့၏ အယူအဆသဘောထားနှင့် ကျွမ်းကျင်သော ခုခံချေပမှုကို စာကြည့်တိုက်စနစ်မှ အသိအမှတ်ပြုကြောင်း သက်သေပြရန် လုံလောက်ပါသည်။


သင်တန်းတစ်ခုတည်းမှာ အမှတ်တွေအများကြီးရလို့ လူတိုင်းက အလွန်ပျော်ကြသည်။


ထုံးစံအတိုင်း စာကြည့်တိုက်ကို ပြန်ရောက်ပြီး အခြားသုတေသနအဖွဲ့များက ကျောင်းသားတွေကို သူတို့ တွေ့ကြသည်။ ပထမသင်တန်း [ရှေ့နေသေဆုံးခြင်း] ပြီးဆုံးပြီးနောက် စိတ်ဓာတ်ကျနေသည့် စိတ်အခြေအနေနှင့် နှိုင်းယှဉ်ပါက ဒုတိယသင်တန်းပြီးနောက် ကျောင်းသားများ၏ အမူအရာများမှာ ပို၍သက်သောင့်သက်သာဖြစ်သည်။ ဒုတိယသင်တန်းတွင် သူတို့သည် တရားခံရှေ့နေများအဖြစ် အပြစ်မဲ့မိန်းကလေးတစ်ဦး၏နာမည်ကို ရှင်းလင်းပေးရန် ကူညီခဲ့သည်။ ဒီအရာက သာမန်အချိန်များတွင် တွေ့ကြုံခံစားရမည်မဟုတ်သော ပြီးမြောက်အောင်မြင်မှုခံစားချက်ဖြစ်သည်။


ချန်မုယွင်သည် လန်ယာရုန်ဆီသို့ လျှောက်လာပြီး မေးလိုက်သည်။

"စီနီယာအစ်မက သင်တန်းကို အောင်ခဲ့မှာပေါ့ ဟုတ်တယ်မလား"


လန်ယာရုန်: "နင်က ငါတို့ကို အရမ်းယုံကြည်မှုရှိနေတယ်ပေါ့"


"အဖွဲ့ထဲမှာ စီနီယာအစ်မလန်အပြင် ရှင်းဝမ်လည်း ရှိတယ်လေ… သူက ဟွာအန်းတက္ကသိုလ် စကားရည်လုအဖွဲ့ကနေလေ… စကားရည်လုပွဲမှာ သူပြောတာကို ကျွန်မတောင် မဖြေနိုင်ဘူး… ဒီတော့ သူက တရားရုံးမှာ စကားပြောလောက်မှာပေါ့ ဟုတ်တယ်မလား"


သူမက ယွဲ့ရှင်းဝမ်ကို လှည့်ကြည့်လိုက်သည်။ ယွဲ့ရှင်းဝမ်က သူ့နှာခေါင်းကို ထိလိုက်ပြီး အပြုံးဖြင့် ပြောသည်။

"အစ်မမုယွင်က မနှစ်က စကားရည်လုပွဲကို စိတ်ထဲထားနေတုန်းလား… ခင်ဗျားရဲ့အိမ်ကွင်းမှာ ကျွန်တော်က အဖွဲ့ကို ဦးဆောင်ပြီး ခင်ဗျားရဲ့ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေပေကျင်းတက္ကသိုလ်က ချန်ပီယံဆုဖလားကို ခိုးယူလို့လား"


ချန်မုယွင်က အလေးအနက် ဆိုသည်။

"စီနီယာနှစ်ကနေ ငါဘွဲ့မရခင် ဆုကိုပြန်လုယူမှာပါ"


လန်ယာရုန်: "ငါက နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်က ကျောင်းသူတစ်ယောက်ဖြစ်သလို 183 သုတေသနအဖွဲ့ထဲမှာ ပါဝင်နေခဲ့တယ်… ဘာလို့ သူလျှိုလိုမျိုး ငါခံစားနေရတာလဲ"


လျှိုကျောက်ချင်းက သူမဘေးကနေ အရွှန်းဖောက်သည်။

"သူလျှိုကို ကျွန်တော်တို့ လက်သင့်ခံထားမိပြီ"


အားလုံးက ခဏလောက် စနောက်နေကြပြီး ချန်မုယွင်က အကြုံပြုလာသည်။

"ဆယ်နာရီပဲရှိသေးတာဆိုတာ ကန်တင်းက မဖွင့်သေးဘူး… ကြိုတင်စီစဉ်ထားနိုင်အောင် နောက်ထပ်ဌာနအချိန်ဇယားကို ငါတို့ သွားကြည့်ကြမလား"


ဥပဒေဌာန၏ မသင်မနေရသင်တန်းနှစ်ခုကို တနင်္လာနေ့ မနက် 8:00 မှ 10:00 နာရီနှင့် အင်္ဂါနေ့ မနက် 8:00 မှ 10:00 နာရီအထိ အသီးသီးစီစဉ်ပေးထားခဲ့သည်။ [ပြစ်မှုမရှိကြောင်းချေပချက်]စာမေးပွဲပြီးနောက် စာကြည့်တိုက်အချိန်က မနက် 10:00 ဖြစ်ပြီး နေ့လယ်စာမစားမီ 2 နာရီရှိနေသေးသည်။


အားလုံးက ချန်မုယွင်၏ အကြံပြုချက်ကို နားထောင်ပြီး အပေါ်ထပ်ဓာတ်လှေကားကို တက်သွားသည်။ 6 ထပ်ရှိ ဥပဒေဌာနကို ရှင်းလင်းပြီးဖြစ်သောကြောင့် သူတို့ ဓာတ်လှေကားစီးသောအခါ 7 ထပ်ပေါ်ရှိ ခလုတ်များသည် မီးလင်းလာသည်။


1 ထပ်: ဆေးပညာဌာန


2 ထပ်: သင်္ချာဌာန


3 ထပ်: ဗိသုကာဌာန


4 ထပ်: ဇီဝသိပ္ပံဌာန


5 ထပ်: အများသူငါစိတ်ကြိုက်သင်တန်းများ


6 ထပ်: ဥပဒေဌာန


7 ထပ်: ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (အသစ်)


အသစ်ပေါ်လာသောဌာနက တကယ်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဖြစ်သည်။


လင်းမန့်လော်က အလွန်ဝမ်းသာသွားသည်။

"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနဆိုတော့ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းတော့ မဟုတ်လောက်ဘူးမလား"


ဥပဒေဌာနရှိ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းနှစ်ခုသည် သူတို့၏ ဦးနှောက်ဆဲလ်များစွာကို သေစေခဲ့သည်။ ဆက်လက်၍ ကျိုးကြောင်းဆင်ခြင်နေရပါက သူတို့တွေ ခေါင်းကိုက်တော့မည်ဟု ခန့်မှန်းရပြီး ဦးနှောက်သက်သာရာရစေရန် အခြားသင်တန်းများတက်သင့်ပါသည်။


လန်ယာရုန်: "ငါတို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက မန့်လော်ရှိတယ်… မုယွင်… နင်က အခြားအဖွဲ့ဆီကနေ လူတစ်ယောက်ကို ငှားမှာလား"


ချန်မုယွင်က အကူအညီမဲ့စွာ ပြောသည်။

"ကျွန်မတို့ရဲ့တိုးတက်မှုနှုန်းက အခြားသုတေသနအဖွဲ့တွေထက် အရှေ့ရောက်နေပြီး ချင်းလန်ဘက်မှာပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်နဲ့ ယောင်္ကျားလေးတစ်ယောက်ရှိပြီး အခြားအဖွဲ့တွေမှာမရှိဘူး… ကျွန်မ လူငှားချင်ရင်တောင် ဘယ်သူမှမရှိဘူး"


ယွဲ့ရှင်းဝမ်က ပြုံးကာ အကြံပြုသည်။

"X အဖွဲ့ဝင်တွေက အစ်မနဲ့တူတဲ့ သင်တန်းတိုးတက်မှုကို ကန့်သတ်မထားဘူး… အစ်မမုယွင်က ဖိုရမ်မှာ လူစုဆောင်းနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆက်စပ်တဲ့ ဘာသာရပ်က အတန်းဖော်တစ်ယောက်ကိုရှာပြီးတော့ ပြင်ပအကူအညီအဖြစ် အစ်မရဲ့အဖွဲ့ထဲ ယာယီဝင်ခိုင်းလိုက်ပေါ့"


ချန်မုယွင်၏ မျက်လုံးများက တောက်ပလာသည်။

"ဟုတ်တယ်…အဲဒါက နည်းလမ်းကောင်းပဲ"


တတိယအဆင့် သုတေသနအဖွဲ့တွင် "X အဖွဲ့၀င်များ" ၏တည်ရှိမှုသည် အထူးဌာနများသို့သွားသည့်အခါ ပြင်ပအကူအညီများအဖြစ် ဆက်စပ်ဘာသာရပ်များမှ ကျောင်းသားများကို ခေါ်ယူရန်ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်သည် ‘သင်တန်းတိုးတက်မှုက တသမတ်တည်းရှိမရှိ’ ကို တင်းတင်းကျပ်ကျပ် ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ သူတို့သည် 2 ထပ်နှင့် 3 ထပ်တွင်သာ သင်တန်းတိုးတက်မှုရှိသော ကျောင်းသားများကိုပင် ခေါ်ယူနိုင်ပြီး သုတေသနအဖွဲ့တွင် ယာယီပါဝင်ကာ 7 ထပ်မြောက်သို့သွားနိုင်သည်။


သင်တန်းပြီးသည်နှင့် X အဖွဲ့ဝင်သည် credit များရနိုင်သော်လည်း သူ၏ကိုယ်ပိုင်သင်တန်းတိုးတက်မှုသည် ယခင်အတိုင်းပင်ဖြစ်ပြီး 7 ထပ်သို့ တိုက်ရိုက်ခုန်တက်မည်မဟုတ်ပါ။


ယွဲ့ရှင်းဝမ်က လင်းမန့်လော်ဆီ လျှောက်လာပြီး မေးလိုက်သည်။

"စီနီယာအစ်မ… ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှာ ဘယ်ဘာသာရပ်တွေပါလဲ"


ချန်မုယွင်ကလည်း ပြောသည်။

"ငါလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအကြောင်း သိပ်မသိဘူး… မန့်လော် မိတ်ဆက်ပေးလို့ရမလား"


လင်းမန့်လော်က ခေါင်းငြိမ့်ပြပြီး မိတ်ဆက်ခဲ့သည်။

"ငါတို့ဌာနမှာ ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ဂျင်နီယာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသိပ္ပံ၊ ဂေဟဗေဒနဲ့ အရင်းအမြစ်နှင့်ပတ်ဝန်းကျင်လိုမျိုး ပင်မဘာသာရပ်တွေရှိတယ်… ငါတို့ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ဂျင်နီယာဘာသာရပ်မှာ ငါတို့လေ့လာတဲ့သင်တန်းတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ဂျင်နီယာဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစောင့်ကြည့်ခြင်းနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတားဆီးကာကွယ်ခြင်းတို့ကိုဖြစ်တယ်… ဥပမာအားဖြင့် သောက်သုံးရေသန့်စင်ရေး ပရောဂျက်တွေ စီစဉ်ခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုကို စောင့်ကြည့်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ မြေဆီလွှာညစ်ညမ်းမှုတားဆီးကာကွယ်ခြင်းနှင့် ရေညစ်ညမ်းမှုပြသနာများ အစရှိသဖြင့်ပေါ့…"


"ဂေဟဗေဒဘာသာရပ်တွေမှာ သက်ရှိတွေနဲ့ ပတ်ဝန်းကျင်ကြားက ဆက်စပ်မှုကို လေ့လာတယ်… သက်ရှိအမျိုးမျိုး ကြီးထွားဖို့နဲ့ မျိုးပွားဖို့အတွက် လိုအပ်တဲ့ပတ်ဝန်းကျင်က ကွဲပြားတယ်… ရိုးရှင်းတဲ့ နားလည်မှုကတော့ ဘယ်လိုပတ်ဝန်းကျင်မျိုးက ဘယ်လိုသက်ရှိတွေကို လိုက်လျောညီထွေဖြစ်အောင် ရှင်သန်နိုင်စေပြီး ဘယ်လိုပတ်ဝန်းကျင်မျိုးက သက်ရှိတွေကို သေစေနိုင်သလဲပေါ့… သက်ရှိအမျိုးမျိုးရဲ့ ဂေဟဗေဒလက္ခဏာတွေကို နားလည်သဘောပေါက်ခြင်းနဲ့ ပစ်မှတ်ထားစိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသွင်ပြောင်းခြင်းတို့ကို ဆောင်ရွက်တယ်"


လူတိုင်းက အားရပါးရ နားထောင်နေကြသည်။


တက္ကသိုလ်ဘာသာရပ်များကို ပိုင်းခြားပြီးနောက် ၎င်းသည် တောင်များကဲ့သို့ ယှက်နွယ်နေပြီး အခြားဘာသာရပ်များမှ ကျောင်းသားများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အလွန်နည်းပါးစွာ သိကြသည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဘာသာရပ်များက အလွန်ရေပန်းစားလာခဲ့သည်။ ယခုအခါ လူသားများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပို၍ အာရုံစိုက်လာကြသည်။ အလွန်အကျွံ အမြတ်ထုတ်ခြင်းသည် ဂေဟစနစ်ပျက်စီးခြင်းသို့ ဦးတည်စေသည်။ ကြီးမားသော ဂေဟစနစ်တည်ဆောက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမြင့်တင်မှုသည် အနာဂတ်မျိုးဆက်သစ်များအတွက် အကျိုးရှိမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် စီနီယာအစ်မမန့်လော်ထံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ဝိသေသလက္ခဏာများကို လေ့လာခဲ့ပြီး ခန့်မှန်းခဲ့သည်။

"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ သင်တန်းက ကျွန်တော်တို့ကို ပတ်ဝန်းကျင်ညစ်ညမ်းခြင်းကို ကိုင်တွယ်ခိုင်းလောက်တယ်မလား"


လင်းမန့်လော်: "ဖြစ်နိုင်တယ်"


စကားစမြည်ပြောနေစဉ် လူတိုင်းက 7 ထပ်ရှိ ဖန်သားပြင်ကြီးဆီသို့ ရောက်လာကြသည်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ သင်တန်းရွေးချယ်မှုဖန်သားပြင်တွင် ယခုအပတ်အတွက် သင်တန်းအချိန်ဇယား ပေါ်လာသည်။ ၎င်းတို့အနက် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ တို့သည် မသင်မနေရသင်တန်းများဖြစ်ပြီး အင်္ဂါနှင့် ကြာသပတေးတို့သည် စိတ်ကြိုက်သင်တန်းများဖြစ်သည်။


မနက် 8:00 မှ 10:00 အထိ မသင်မနေရသင်တန်း

[ပတ်ဝန်းကျင်ညစ်ညမ်းခြင်း] Credit 3 မှတ်


နေ့လယ် 2:00 မှ 4:00 အထိ မသင်မနေရသင်တန်း

[ကြည်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်း] Credit 3 မှတ်


ယွဲ့ရှင်းဝမ်သည် အချိန်ဇယားကို ကြည့်လိုက်ပြီး တွေးတောကာ ပြောလာသည်။

"တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာတို့က မသင်မနေရသင်တန်းတွေ ဖြစ်တယ်… ဒီနေ့က အင်္ဂါနေ့ပဲရှိသေးတာ… မနက်ဖြန်ကျရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ မသင်မနေရသင်တန်းကို ငါတို့သွားကြမယ်… တစ်ခုကမနက်၊ တစ်ခုကနေ့လယ်ဆိုတော့ ငါတို့တွေက တစ်ရက်တည်းနဲ့ သင်တန်းနှစ်ခုပြီးလောက်တယ်မလား"


ဒါက အချိန်အများကြီး သက်သာစေသည်။


လင်းမန့်လော်: "သွားလို့အဆင်ပြေရင် ဗုဒ္ဓဟူးနေ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနပြီးသွားပြီး ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အခြားဌာနကို သွားလို့ရတယ်"


ယွဲ့ရှင်းဝမ်က တစ်ဖက်ကိုလှည့်ပြီး မေးလိုက်သည်။

"ဒါက ငါတို့ အခု credit ဘယ်လောက်ရှိပြီလဲ"


ခယ်ရှောင်ပင်းက သူ့လက်ပ်တော့ကို ချက်ချင်းဖွင့်လိုက်ပြီး ဂရုတစိုက်တွက်ချက်ခဲ့သည်။

"အများသူငါစိတ်ကြိုက်သင်တန်း[တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ]မှာ credit 2 မှတ်၊ အားကစားပြိုင်ပွဲက ဆုတံဆိပ်တွေအတွက် credit 2 မှတ်၊ ဌာနရဲ့ မသင်မနေရသင်တန်းတွေထဲက ဆေးပညာဌာနမှာ credit 6 မှတ်၊ သင်္ချာဌာနမှာ credit 9 မှတ်၊ ဗိသုကာဌာနမှာ credit 10 မှတ်၊ ဇီဝသိပ္ပံဌာနမှာ credit 10 မှတ်နဲ့ ဥပဒေဌာနမှာ credit 9 မှတ် စုစုပေါင်း credit 48 မှတ်ရှိတယ်"


သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။

"စီနီယာအစ်မလန်နဲ့ ရှောင်နျန်တို့က ပထမအပတ်ရဲ့ အများသူငါစိတ်ကြိုက်သင်တန်းမှာ မပါဝင်ခဲ့တာကြောင့် အခြားသူတွေထက် credit 2 မှတ်လျော့ပြီး သူတို့ရဲ့ credit 46 မှတ်ပဲရှိတယ်… ဖျင်စစ်နဲ့ ရှင်းယန်တိုါက အဖွဲ့မဖွဲ့ခင် စိတ်ကြိုက်သင်တန်းတွေ တက်ခဲ့တာကြောင့် သူတို့က ငါတို့ထက် credit 6 မှတ်နဲ့ credit 4 ပိုများနေတယ်"


လန်ယာရုန်က ကူကယ်ရာမဲ့စွာ ပြောသည်။

"ပထမအပတ်မှာ သင်တန်းရွေးချယ်တုန်းက ငါ့လက်အမြန်နှုန်းက နှေးကွေးတာကြောင့် မတတ်နိုင်ခဲ့ဘူး"


ကျန်းရှောင်နျန်: "ကျွန်တော်က အခြားသူတွေထက် ရက်အနည်းငယ် နောက်ကျပြီးမှ စာကြည့်တိုက်ထဲကို ဝင်ခဲ့ပြီး ပထမအပတ်က စိတ်ကြိုက်သင်တန်းနဲ့ လွဲချော်ခဲ့တယ်"


ဆိုလိုသည်မှာ အဖွဲ့ထဲရှိ ကျောင်းသားအများစုမှာ credit 48 ဖြစ်ပြီး စီနီယာအစ်မလန်နှင့် ကျန်းရှောင်နျန်တို့က credit 46 သာရှိသည်။ နောက်ပိုင်းအဆင့်မှာ သူတို့နှစ်ယောက်က စိတ်ကြိုက်သင်တန်းကို တက်ဖို့လိုပါသည်။


ယွဲ့ရှင်းဝမ်: "သိပ္ပံနဲ့နည်းပညာ၊ ဓာတုစက်မှု၊ လူမှုရေး၊ သမိုင်းနဲ့ စီးပွားရေးဌာနတွေလို အနောက်မှာ ဌာနဘယ်လောက်ရှိသေးသလဲ ငါမသိဘူး… အဲဒီဌာနကြီးတွေက အခုထိ မပေါ်လာသေးဘူး… ကံကောင်းထောက်မစွာ ငါတို့ရဲ့ credit တွေက တစ်ဝက်ကျော်ကျော်ရှိနေပြီ… ငါတို့က စာကြည့်တိုက်ကနေ ဘွဲ့ရဖို့ ခြေတစ်လှမ်းနီးလာပြီ"


သူတို့မသိလိုက်ခင်မှာ သူတို့သည် credit တစ်ဝက်ကျော်ကို ရခဲ့ပြီး သူတို့တွေ စာကြည့်တိုက်ကို ရောက်ပြီးနောက် အချိန်တွေ အလွန်ကုန်သွားပုံရသည်။


ကျန်းဖျင်စစ်: "တစ်လှမ်းချင်း စလိုက်ရအောင်… ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ သင်တန်းနှစ်ခုစလုံးက credit 3 မှတ်တွေပဲဆိုတော့ အရမ်းကြီးမခက်လောက်ဘူး"


သင်တန်း၏အခက်အခဲမှာ အထပ်နှင့် မသက်ဆိုင်ဘဲ credit မှတ်များနှင့်သာ သက်ဆိုင်ပါသည်။ credit 3 မှတ်တန်သင်တန်းသည် ဥပဒေဌာန၏ 4 မှတ် သို့မဟုတ် 5 မှတ်လို ခက်ခဲမည်မဟုတ်ပါ။ ထို့အပြင် [ပတ်ဝန်းကျင်ညစ်ညမ်းခြင်း]နှင့် [ကြည်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်း]ဟူသော သင်တန်းအမည်များမှ ကျိုးကြောင်းဆီလျော်သော သင်တန်းမဟုတ်ပေ။


လင်းမန့်လော်က ခန့်မှန်းသည်။

"[ပတ်ဝန်းကျင်ညစ်ညမ်းခြင်း]က ငါတို့တွေ ညစ်ညမ်းမှုအရင်းအမြစ်ကို ထိန်းသိမ်းတာဖြစ်လောက်တယ်… [ကြည်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်း]က စာမေးပွဲအကြောင်းအရာက ဘာလဲဆိုတာ မမြင်ရတော့ မနက်ဖြန်မှ ငါတို့ သိလိမ့်မယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး သူ့အဖွဲ့ဝင်များကို ကြည့်လိုက်သည်။

"အားလုံး အနားယူပြီး ကောင်းကောင်းအိပ်ကြတာပေါ့… ဒီနေ့ အဖွဲ့လိုက် လှုပ်ရှားမှု မရှိတဲ့အတွက် အချိန်ပိုနေတယ်… မနက်ဖြန် မနက် 7:30 မှာ 7 ထပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှာ စုဝေးပြီး သင်တန်းတွေကို ဆက်တက်ကြမယ်"


အားလုံးက အိပ်ဆောင်ကို ပြန်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် သူ့လက်ထဲတွင် လုံလောက်သော အမှတ်များရှိနေသဖြင့် ကျန်းဖျင်စစ်နှင့်အတူ စူပါမားကတ်သို့ သွားကာ အဆာပြေမုန့်များစွာ ဝယ်ကာ သူစားချင်သော အာလူးကြော် ထုပ်အနည်းငယ်ကိုလည်း သိမ်းထားခဲ့သည်။ စွမ်းရည်များအဆင့်မြင့်ရန် လက်ရှိအချိန်မှာ အလျင်စလို မဖြစ်ဘူး။ နောက်ပိုင်းအဆင့်တွင် စွမ်းရည်စာအုပ်ကို အဆင့်မြင့်တင်ရန် အမှတ်များ များလာလေလေ အမှတ်များများ အသုံးပြုရန် လိုအပ်လေဖြစ်သည်။ ဥပမာအားဖြင့် ယွဲ့ရှင်းဝမ်၏ [ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ]သည် အဆင့်မြင့်တင်ရန် အမှတ် 1,500 သို့မဟုတ် 2,000 မှတ် လိုအပ်သည်။


သူတို့သည် ဥပဒေဌာနရှိ သင်တန်းနှစ်ခုတွင် စုစုပေါင်း အမှတ် 1,290 ရခဲ့ပြီး အဆာပြေမုန့်နှင့် နေ့စဥ်အစားအစာများ ဝယ်ယူခြင်းအပြင် သူတို့တွင် အမှတ် 1,000 ခန့် ကျန်နေသေးသည်။ ယွဲ့ရှင်းဝမ်သည် ဌာနနှစ်ခုကိုဖြတ်ကျော်ပြီး အမှတ်များစုဆောင်းပြီမှ စွမ်းရည်းစာအုပ်အားလုံးကို အဆင့်မြင့်ရန် စီစဉ်ထားသည်။ 


အိပ်ဆောင်သို့ပြန်ရောက်ပြီးနောက် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်တို့သည် ရေချိုးပြီးနောက် အသီးသီး၏ကုတင်များပေါ်တွင် လဲလျောင်းနေကြသည်။


ကျန်းဖျင်စစ်က ရုတ်တရက်ပြောလိုက်သည်။

"ရှင်းဝမ်… မင်း အရင်က ခန့်မှန်းချက်က အရမ်းကျိုးကြောင်းဆီလျော်တယ်"


ယွဲ့ရှင်းဝမ်က လှည့်လာပြီး သူ့ကို မျက်နှာမူလိုက်သည်။

"စာကြည့်တိုက်က လူမျိုးစုံသုံးအွန်လိုင်းဂိမ်းတစ်ခုနဲ့တူတယ်လို့ ငါ့ရဲ့အထင်က ကျိုးကြောင်းဆီလျော်တယ်လို့ မင်းပြောချင်တာလား"

 

ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ငါက ဌာနတစ်ခုစီရဲ့ စာမေးပွဲအကြောင်းအရာကို သေသေချာချာ တွေးကြည့်လိုက်တော့ သင်တန်းတော်တော်များများမှာ တက္ကသိုလ်ကျောင်းသားတွေကို အခြားနည်းနဲ့ သင်ပေးနေသလိုမျိုး ပညာရေးဆိုင်ရာ အရေးပါမှုကို တွေ့ရတယ်"


ယွဲ့ရှင်းဝမ်က ထထိုင်ပြီး မျက်မှောင်ကြုတ်ကာ သူအရင်က ဖြတ်သန်းခဲ့သော သင်တန်းများအကြောင်း တွေးနေသည်။


ဆေးပညာဌာနတွင် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်က လူနာများအား ဆေးဝါးများဖြင့် သတ်ဖြတ်ခြင်း၊ ဓာတ်ခွဲခန်းတွင် ဗီဇပြောင်းလဲခြင်း၊ သင်္ချာဌာနတွင် အတွက်အချက်စွမ်းရည်ကို စမ်းသပ်သည့် ဝင်္ကပါ၊ ဗိသုကာဌာနတွင် ဖြစ်ကတက်ဆန်းဆောက်ထားသော အဆောက်အဦးစီမံကိန်း၊ ဇီဝသိပ္ပံဌာနတွင် မျိုးရိုးဗီဇီပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော မျိုးစိတ်များ ဗီဇပြောင်းလဲမှုနှင့် ဆဲလ်မွေးမြူရေးတွင် လူသားများ၏ သန္ဓေသားဖွံ့ဖြိုးမှုဖြစ်စဉ်ကို နားလည်စေသည်။ ဥပဒေဌာနကတော့ အသိသာဆုံးဖြစ်ပြီး ရှေ့နေသေဆုံးခြင်းသည် ဥပဒေလုပ်ငန်း၏ အမှောင်ဘက်ခြမ်းကို ဖော်ပြထားပြီး ပြစ်မှုမရှိကြောင်းချေပချက်သည် လူများကို အလင်းဘက်အခြမ်းအား ယုံကြည်စေသည်။


ဒီသင်တန်းများသည် သူတို့ကို စိတ်လှုပ်ရှားစရာကောင်းသော လွတ်မြောက်ရေးလမ်းကို ပို့ပေးတာပဲဖြစ်ဖြစ်၊ အမှန်တရားကိုရှာဖွေပြီး နည်းလမ်းအမျိုးမျိုးနဲ့ စမ်းသပ်ခွင့်ပေးသည်… သို့ပေမဲ့ ၎င်းတို့မှာ တူညီတာက သင်တန်းတစ်ခုစီမှာ အဓိကအကြောင်းအရာတစ်ခုရှိပြီး သူတို့အား တစ်ခုခုကို သင်ပေးနေခြင်းဖြစ်သည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"စာကြည့်တိုက်က တက္ကသိုလ်ကျောင်းသားတွေအတွက် စမ်းသပ်ဂိမ်းတစ်ခုများလား… ဒီနည်းနဲ့ စာမေးပွဲတွေကို အဆက်မပြတ် ဖြေဆိုခိုင်းပြီး ဌာနအသီးသီးရဲ့ သင်တန်းတွေကို တွေ့ကြုံနေရတာကြောင့် နောက်ဆုံးရှင်းလင်းရေးက ဘက်စုံအားကောင်းပြီး ပထမတန်းစား စိတ်ပိုင်းဆိုင်ရာ အရည်အသွေးရှိတဲ့ အဖွဲ့ပဲဖြစ်လိမ့်မယ်"


ကျန်းဖျင်စစ်က သဘောတူသည်။

"ငါလည်း အဲဒီလိုထင်မိတယ်… မဟုတ်ရင် လက်တွေ့မှာ တက္ကသိုလ်ကျောင်းသား 30,000 ကျော်က သတင်းအစအနမရှိဘဲ ပျောက်ဆုံးသွားခဲ့တယ်… ငါတို့တွေက စာကြည့်တိုက်ထဲကို ရုတ်တရက်ဆွဲခေါ်ခံခဲ့ရပြီး ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေက သတိမထားမိကြဘူး"


ယွဲ့ရှင်းဝမ်က ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။

"တစ်ခုခုကို စမ်းသပ်ဖို့အတွက် ငါတို့က ဂိမ်းထဲကို အတင်းဆွဲခေါ်ခံရတဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပုံရတယ်"


လက်တွေ့မှာ ဘာတွေ ပြောင်းလဲသွားလဲ သူတို့ မသိနိုင်သေးဘူး။


အခန်းထဲမှာ ခဏတာ တိတ်ဆိတ်သွားသည်။


ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောသည်။

"ကိစ္စမရှိပါဘူး… စာကြည့်တိုက်တည်ရှိမှုရဲ့ အဓိပ္ပါယ်က ဘယ်လိုပဲဖြစ်နေပါစေ ငါတို့ရဲ့ပန်းတိုင်က အတူတူပါပဲ… ငါတို့ဒီကနေထွက်သွားနိုင်သရွေ့ ဒီအရာအားလုံးရဲ့ အကြောင်းရင်းကို ငါတို့သိလိမ့်မယ်"


ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်၏စိတ်က ပိုပြီး သက်သောင့်သက်သာရှိသွားသည်။

"မှန်တယ်… စာမေးပွဲကို ဖြေပြီးမှ ဒီအကြောင်း ပြောကြတာပေါ့"


နှစ်ယောက်သားက အပြန်အလှန် ပြုံးပြကြသည်။


ကျန်းဖျင်စစ်၏မျက်လုံးများက နူးညံ့သိမ်မွေ့နေသည်။

"အိပ်တော့… ဒီတစ်ခေါက် မင်း အရမ်းပင်ပန်းခဲ့မှာပဲ"


ယွဲ့ရှင်းဝမ်: "မင်းလည်း ပင်ပန်းခဲ့တာပဲ မဟုတ်ဘူးလား… မင်း တရားရုံးမှာ မပေါ်လာပေမဲ့ 105 အိပ်ဆောင်က ယောင်္ကျားလေးတွေနဲ့ ပတ်သက်တဲ့ သက်သေအားလုံးကို ရှင်းထုတ်ပြီး စီနီယာအစ်မမန့်လော်ဆီ မင်းလွှဲပြောင်းပေးခဲ့တယ်ဆိုတာ ငါသိပါတယ်… တရားရုံးမစခင် မင်းက နှစ်ရက်လောက် တစ်ညလုံး နေခဲ့ရမှာပေါ့"


ကျန်းဖျင်စစ်၏နှုတ်ခမ်းများက အနည်းငယ် မြှောက်သွားသည်။

"ဒါက ငါလုပ်သင့်တဲ့အရာပါ"


ယွဲ့ရှင်းဝမ်၏နှလုံးသားက နွေးထွေးမှုကို ခံစားလိုက်ရပြီး သူက နူးညံ့စွာပြောသည်။

"မင်းနဲ့အတူရှိရင် ငါ အမြဲတမ်း ယုံကြည်မှုပိုရှိတယ်လို့ ခံစားရတယ်"


သူသာ စာကြည့်တိုက်မှာ ကျန်းဖျင်စစ်နှင့် မတွေ့ခဲ့ပါက အဖွဲ့ကို တစ်ယောက်တည်း မည်ကဲ့သို့ ဦးဆောင်မည်ကို စိတ်ကူးရခက်ပါသည်။ ဖျင်စစ်နဲ့သာဆိုရင် သူ တကယ်စိတ်သက်သာရာရသည်။ အဖွဲ့၏နေ့စဉ်အမှတ်များကို ဖျင်စစ်မှစီမံခန့်ခွဲပြီး ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းကို သူကြုံတွေ့ရတိုင်း သဲလွန်စများနှင့် အသေးစိတ်အချက်အလက်များကို ဖျင်စစ်မှ စီစဉ်ပေးသည်။ လွတ်မြောက်ရေးသင်တန်းများတွင် ဖျင်စစ်၏ coordinate system က လူတိုင်းအား အချိန်မရွေး ထွက်ခွာနိုင်စေမည့် plug-in တစ်ခုဖြစ်တယ်ဆိုတာ ပြောစရာတောင်မလိုပေ။


ယွဲ့ရှင်းဝမ်သည် စစ်မြေပြင်တွင် သတ်ဖြတ်ရန် အပြေးအလွှား ပြေးလာသော စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပါက ကျန်းဖျင်စစ်သည် သူ၏ နောက်ကွယ်မှ စစ်ရေးအကြံပေးကဲ့သို့ ဖြစ်နေမည်လား။


ဒါကိုတွေးရင်း ယွဲ့ရှင်းဝမ်က မနေနိုင်စွာ ပြုံးလိုက်သည်။

"သမိုင်းဌာနက ရှေးခေတ်သင်တန်းတွေကို စီစဉ်ပေးမလားလို့ ငါတွေးမိတယ်… ငါတို့နှစ်ယောက်က စစ်ဗိုလ်ချုပ်ကြီးနဲ့ စစ်ရေးအကြံပေးတွေလိုပဲ… တစ်နည်းဆိုရရင် ငါက ဝိဇ္ဇာကျောင်းသားဆိုတော့ ဗိုလ်ချုပ်နဲ့ အရမ်းတူလား"


ကျန်းဖျင်စစ်: "မင်းမှာ သွေးနွေးတဲ့ ပင်ကိုယ်စရိုက်ရှိတာကြောင့် တိုက်ပွဲဝင်ရတာ ကြိုက်တာလား"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ခေါင်းငြိမ့်သဘောတူသည်။ 

"ဒါက အဓိပ္ပာယ်ရှိတယ်… တကယ်တော့ ငါက ‘ခေတ်သစ် idiom အဘိဓာန်’ကို အုတ်ခဲအဖြစ် အသုံးပြုနိုင်တဲ့သူပဲလေ"

 

ကျန်းဖျင်စစ်: "..."


ရှင်းဝမ်နှင့် စကားပြောတိုင်း သူ အလွန်စိတ်သက်သောင့်သက်သာရှိသလို ခံစားရသည်။ ရှင်းဝမ်၏တက်ကြွမှုက သူ့အနီးနားရှိလူများကို အမြဲသက်ရောက်မှုရှိစေနိုင်သည်။ စာကြည့်တိုက်ကဲ့သို့ ကြမ်းတမ်းသောပတ်ဝန်းကျင်တွင်ပင် ရှင်းဝမ်သည် အမြဲတမ်း အကောင်းမြင်စိတ်ထားရှိခဲ့သည်။


ဒါကလည်း ရှင်းဝမ်နဲ့ ပတ်သက်ပြီး သူအကြိုက်ဆုံးပါပဲ။


ကျန်းဖျင်စစ်သည် သူ၏နှုတ်ခမ်းထောင့်များကို ပေါ့ပါးစွာ မြှောက်လိုက်ပြီး ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။

"ကောင်းကောင်း အနားယူတော့"


ယွဲ့ရှင်းဝမ်: "အင်း… ကောင်းသောနေ့လယ်ခင်းပါ"


ယွဲ့ရှင်းဝမ်က လျင်မြန်စွာ အိပ်ပျော်သွားပြီး အသက်ရှုသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။ ကျန်းဖျင်စစ်သည် လက်နှစ်ဖက်ကို ‌ခေါင်းနောက်သို့ထားကာ ရှင်းဝမ် ပြောလိုက်သည့် ဖြစ်နိုင်ခြေကို တွေးတောနေခဲ့သည်—— ဒါက တကယ်ကို စမ်းသပ်ဂိမ်းတစ်ခုဖြစ်ရင် သူတို့တွေ စာကြည့်တိုက်ကို အတူတူရှင်းလင်းပြီးရင် ဆုတွေ ရှိမှာလား…


ဘွဲ့ရပြီးရင် ရှင်းဝမ်နဲ့အတူရှိဖို့ သူမျှော်လင့်တယ်…


သင်္ချာဌာနနှင့် တရုတ်စာဌာနသည် ယူနစ်အတူတူရှိရန် ခက်ခဲပြီး သူတို့အချင်းချင်း နီးစပ်နေတာက ပိုကောင်းပါသည်။


ကျန်းဖျင်စစ်သည် မှိန်းခနဲ တွေးပြီး မကြာမီ အိပ်ပျော်သွားသည်။


နောက်တစ်နေ့ နံနက်စောစောတွင် လူတိုင်း 7 ထပ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတွင် အချိန်မှန်စုရုံးကြသည်။ နောက်ထပ်သင်တန်း စတော့မည်ဖြစ်ပြီး လူတိုင်းက အမြန်ပြင်ဆင်ကြကာ တက်ဘလက်ဆီသို့ အတူတူသွားပြီး သင်တန်းရွေးချယ်ရေးခလုတ်ကို နှိပ်လိုက်ကြသည်။


#TK