Chapter 168
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 168 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၅)


အချိန်စောသေးသည်နှင့် အားလုံးက အခြေစိုက်စခန်းကို စီစဉ်ရန် အတူတကွ စတင်လုပ်ဆောင်ကြသည်။


လင်းမန့်လော်သည် လွတ်နေသော ဧည့်ခန်းကို ကြည့်လိုက်ပြီး ပြောသည်။ 

"ဧည့်ခန်းမှာ ထိုင်ခုံတွေ မရှိတော့ ကြမ်းပြင်မှာ ထိုင်ရင် အရမ်းအေးမှာ… ငါတို့က တစ်နေ့လုံး မတ်တတ်ရပ်ပြီး စကားပြောလို့လည်း မရဘူး… လေကို အရင်သန့်စင်ဖို့ ငါ သစ်ပင်ဆင့်ခေါ်ပြီး အခြေစိုက်စခန်းတစ်ခုလုံး သန့်သွားတဲ့အခါ အားလုံးက ငါ့သစ်ပင်ကို ခုတ်လှဲပြီး သစ်သားတုံးတွေကို ကုလားထိုင်တွေအဖြစ် လုပ်ကြမလား"


ကျိုဖုန်းက သူ့နဖူးကို ကိုင်ကာ ပြောသည်။

"အဲဒါက တကယ်ကို အကောင်းဆုံးအသုံးချနေတာပဲ"


လန်ယာရုန်က မေးသည်။

"မန့်လော်… နင့်ရဲ့သစ်ပင်စိမ်းသန့်စင်ခြင်းစွမ်းရည်က 24 နာရီ တစ်ခါသုံးလို့ရတယ်မလား… သစ်ပင်ခုတ်လှဲလိုက်လို့ နောက်သုံးဖို့မထိခိုက်ဘူးဆိုရင် မနက်ဖြန် ထပ်ပြီးဆင့်ခေါ်လို့ရတယ်မလား"


လင်းမန့်လော်က ခေါင်းငြိမ့်ပြီး ပြောသည်။

"စာကြည့်တိုက်ရဲ့ စွမ်းရည်က အဲဒီလိုဖြစ်ပုံရတယ်… အဲဒါက ရှင်းဝမ်ရဲ့အဘိဓာန်လိုပဲ… အဲဒါကို ဆင့်ခေါ်ပြီး တစ်ဝက်လောက်ကို ဆုတ်ဖြဲမီးရှို့လိုက်တယ်… အဲဒါကို ပြန်ဆင့်ခေါ်တဲ့အခါ မူရင်းအဘိဓာန်လို ထူတယ်"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။

"ဟုတ်တယ်… စွမ်းရည် စောင့်ဆိုင်းချိန်ပြီးတဲ့အခါ အဲဒါက အလိုအလျောက် ပြန်ကောင်းလာလိမ့်မယ်… အိမ်သုံးပစ္စည်းတွေကို ကိုယ်တိုင်လုပ်ဖို့အတွက် အဲဒီထူးခြားချက်ကို ကျွန်တော်တို့ အသုံးပြုနိုင်တယ်"


ခယ်ရှောင်ပင်းက ခေါင်းကုတ်လိုက်သည်။

"စီနီယာအစ်မမန့်လော်ရဲ့သစ်ပင်က အရမ်းကြီးတာကို ကျွန်တော် မှတ်မိတယ်… အဲဒါကို ဘယ်လိုခုတ်မှာလဲ"


လျှိုကျောက်ချင်းက လွှကို ပေါ့ပါးစွာထုတ်ပြီး ပြောသည်။

"ဒါကိုသုံးမယ်… ငါ အရင်က ခွဲစိတ်လွှကို ပြောင်းလဲခဲ့ပေမဲ့ တစ်ခါမှ မသုံးဖူးဘူး… မန့်လော်ရဲ့ သစ်ပင်ကို ငါ လွှနဲ့ဖြတ်လိုက်ရုံပဲ… လွှက နံရံနဲ့ ကျောက်တုံးတွေတောင် ဖြတ်နိုင်တာ သစ်ပင်လောက်ကတော့ ပြောစရာမလိုဘူး"


ခယ်ရှောင်းပင်က ထိတ်လန့်သွားသည်။

"ခွဲစိတ်မှုက အရမ်းကြမ်းတာပဲ"


ကျန်းဖျင်စစ်က ရုတ်တရက် ပြောလိုက်သည်။

"ငါက မဆုံးမရှိတြိဂံပေတံတွေကို ဆင့်ခေါ်နိုင်တယ်… တြိဂံပေတံကို ဆင့်ပြီး ယာယီကုတင်အဖြစ် တန်းစီလိုက်တာ အေးစက်တဲ့ကြမ်းပြင်မှာ အိပ်တာထက် ပိုကောင်းတယ်… အိပ်ခန်းတိုင်းမှာ ကုတင်လုပ်ချင်လား"


ယွဲ့ရှင်းဝမ်က သေချာစွာ ပြောသည်။

"သေချာတာပေါ့… ဖျင်စစ်… ငါမင်းကို ကူညီပေးမယ်"


လင်းမန့်လော်: "ဒါဆို ငါအရင်ဆုံး သစ်ပင်စိမ်းကို ဆင့်ခေါ်လိုက်မယ်… လေထုသန့်စင်ပြီး တစ်နာရီလောက်ကြာတဲ့အခါ စီနီယာအစ်ကိုလျှိုက သစ်သားတုံးတွေလုပ်ဖို့ သစ်ပင်ကို ခုတ်လှဲမယ်"


လျှိုကျောက်ချင်းကလည်း သူ့အင်္ကျီလက်များကို ပင့်တင်ပြီး အလုပ်စလုပ်သည်။

"လာကြ… လာကြ… အပ်ချုပ်တတ်တဲ့သူရှိကြလား… ငါနဲ့အတူ ကုတင်နဲ့ စောင်တွေ ချုပ်ရအောင်… ခွဲစိတ်ချုပ်ရိုးနဲ့ ခွဲစိတ်ခန်းပတ်တီးတွေ အကန့်အသတ်မရှိ ငါထောက်ပံ့ပေးနိုင်တယ်"


"နင်က ခွဲစိတ်ဆရာဝန်လား… အပ်ချုပ်သမားလား…" လန်ယာရုန်က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။


လျှိုကျောက်ချင်းက သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။

"စီနီယာအစ်မလန်… ခွဲစိတ်ဆရာဝန်ရဲ့ လက်ရာက အပ်ချုပ်သမားထက် မဆိုးပါဘူး… ပလပ်စတစ်ဆာဂျရီဌာနမှာ ကျွန်တော် အလုပ်သင်ဆင်းတုန်းက အလှချုပ်ရိုးတွေကို ဘယ်လိုချုပ်ရတယ်ဆိုတာ သင်ယူခဲ့တယ်"


သူစကားပြောနေစဉ်တွင် ခွဲစိတ်ချုပ်ရိုးများနှင့် ခွဲစိတ်အပ်များစွာကို ဆင့်ခေါ်ကာ အပ်များနှင့် ချည်များကို အမြန်ချည်ပြီး လန်ယာရုန်အား ပေးလိုက်သည်။

"စီနီယာအစ်မလည်း စမ်းကြည့်လေ… ကိုယ့်ဟာကိုယ် ကုတင်စောင်လုပ်လိုက်"


လန်ယာရုန်သည် ရယ်ရမလား ငိုရမလား မသိတော့ဘဲ အပ်နှင့်ချည်များကို ယူကာ အမြွှာညီအစ်မများဖြစ်သော ချင်မြောင်နှင့် ချင်လုတို့ကလည်း ကူညီရန် ရောက်လာခဲ့သည်။


လျှိုကျောက်ချင်းသည် ပတ်တီကို အဆက်မပြတ်ဆင့်ခေါ်ခဲ့ပြီး အထည်ချုပ်စက်ရုံရှိ ‘ပိတ်စထုတ်လုပ်သည့်စက်’ကဲ့သို့ သူ၏လက်မှ ဆေးဘက်ဆိုင်ရာပတ်တီးများ လွှတ်ထွက်သွားပြီး ကြမ်းပြင်ကို မျက်စိတစ်မှိတ်အတွင်း ဖုံးလွှမ်းသွားခဲ့သည်။


လင်းမန့်လော်လည်း လေထုသန့်စင်ရန် သစ်ပင်ကြီးကိုလည်း ဆင့်ခေါ်ခဲ့သည်။ မြေအောက်လေထုသည် ဖုန်မှုန့်များ ပြည့်နှက်နေသည်။ သန့်စင်ပြီးနောက် လူတိုင်းသည် အသက်ရှုခြင်းမှာ ထူးထူးခြားခြား ချောမွေ့လာသည်ကို ခံစားခဲ့ရပြီး ထူးဆန်းသော အနံ့မရှိတော့ပေ။


လူတစ်စုသည် စောင်များပြုလုပ်ရန် အလုပ်များနေပြီး ဧည့်ခန်းထဲတွင် မတ်တတ်ရပ်ရန် နေရာမရှိသလောက်ပင်။


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို သူ့ဘေးရှိ အခန်းလွတ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ယာယီကုတင်ပြုလုပ်ရန် တြိဂံပေတံကို အသုံးပြုခဲ့သည်။ အလျား 2 မီတာရှိသော တြိဂံနှစ်ခုကို ဆင့်ခေါ်ကာ 2x2 မီတာ ကုတင်တစ်လုံးအဖြစ် ဆန့်ကျင်ဘက်သို့ တြိဂံနှစ်ခုကို လှည့်လိုက်သည်။


ကျန်းဖျင်စစ်သည် တြိဂံပေတံများကို အလိုအလျောက် အရွယ်အစား ပြောင်းလဲနိုင်သောကြောင့် တြိဂံပေတံများသည် တစ်လွှာပြီးတစ်လွှာထပ်သွားကာ အကြည်ရောင်ကုဗတုံးအဖြစ် ဖွဲ့စည်းထားသည်။ ၎င်းက အလွန်မြင့်နေဖို့ မလိုဘဲ အေးသောကြမ်းပြင်ထက် ပိုသက်သောင့်သက်သာရှိသော tatami ဖျာ အလွှာ 50 ကျော်ကို စုထားရန် လုံလောက်ပါသည်။


ကျန်းဖျင်စစ်သည် ပေတံကို ဆင့်ခေါ်ပြီး ယွဲ့ရှင်းဝမ်က ပေတံကို စီစဉ်ရန် သူ့ကို ကူညီပေးခဲ့သည်။ နှစ်ယောက်သားသည် ကုတင်ပြုလုပ်ရန် 10 မိနစ်သာ ကြာခဲ့သည်။ ယွဲ့ရှင်းဝမ်းသည် လွတ်နေသောအခန်းကို ကြည့်လိုက်ပြီး အကြံပြုခဲ့သည်။

"မင်း ပေတံကို ခပ်သေးသေးဖြစ်အောင်လုပ်ပြီး ပစ္စည်းတွေ အလွယ်တကူထားနိုင်အောင် ကုတင်ဘေး စားပွဲတစ်ခု လုပ်ကြမလား"


ကျန်းဖျင်စစ်သည် ခေါင်းငြိမ့်လိုက်ပြီး ကုတင်ဘေးမှာ ရိုးရိုးရှင်းရှင်း စားပွဲတစ်ခု လုပ်လိုက်သည်။


ခယ်ရှောင်ပင်းနှင့် ရှင်းယန်တို့က ဝင်လာကြသည်။ ပေတံများဖြင့် ပြုလုပ်ထားသော အကြည်ရောင်ကုတင်ကို တွေ့ပြီးနောက် ခယ်ရှောင်ပင်းက မနေနိုင်ဘဲသက်ပြင်းချလိုက်သည်။

"တြိဂံပေတံကို ဒီလိုလည်း သုံးလို့ရတာလား… မင်းတို့က တကယ်မိုက်တာပဲ… ဘယ်လိုနည်းနဲ့မဆို စဉ်းစားနိုင်တယ်"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။

"ကိုယ်တိုင်လုပ်ရင် စားစရာနဲ့ အဝတ်အစားတွေ အများကြီးသက်သာလိမ့်မယ်" သူက ရှင်းယန်ကိုကြည့်ကာ ပြောလိုက်သည်။ "စကားမစပ် ကုတင်ဘေးက စားပွဲပေါ်မှာ အရက်မီးခွက်ကိုတင်ပြီး စားပွဲတင်မီးအိပ်ဖြစ်အောင် လုပ်လိုက်ပါလား"


ရှင်းယန်သည် ရိုးရှင်းသော "စားပွဲတင်မီးအိမ်" ကိုပြုလုပ်ရန်အတွက် အကြည်ရောင်ပေါင်းခံပုလင်းကို အရက်ဆီမီးခွက်၏အပြင်ဘက်တွင် ထားလိုက်သည်။ နွေးထွေးသော အလင်းရောင်က တစ်ခန်းလုံးကို လင်းထိန်စေခဲ့သည်။ ဖန်ပုလင်းမှာ အဟတစ်ခုရှိနေသောကြောင့် အိပ်နေချိန်တွင် အရက်မီးခွက်ကို အချိန်မရွေးပိတ်နိုင်သည်။


ယွဲ့ရှင်းဝမ်သည် စီစဉ်ပေးထားသည့် အိပ်ခန်းကို ကြည့်ကာ အလွန်ကျေနပ်သွားပြီး ကျန်းဖျင်စစ်နှင့် နောက်အိပ်ခန်းဆီသို့ ဆက်လက်ထွက်ခွာခဲ့သည်။


ရှင်းယန်က ရုတ်တရက်ပြောလိုက်သည် 

"ရှင်းဝမ်… မင်းရဲ့မိုးသည်းခြင်းစွမ်းရည်ကို ငါ့အတွက် တစ်ကြိမ်လောက် ချန်ထားခဲ့ဦး… သောက်ဖို့အတွက် ငါ ရေသန့်စင်လိုက်မယ်"


ယွဲ့ရှင်းဝမ်: "စိတ်မပူပါနဲ့… မိုးသည်းခြင်းက စောင့်ဆိုင်းချိန် 1 နာရီပဲရှိပြီး ရေချိုးဖို့အတွက်ပဲ အဓိကသုံးထားတာ… ငါ့မှာ ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’စွမ်းရည် ရှိသေးတယ်… အချိန်ကျရင် မင်းရဲ့ပေါင်းခံပုလင်းထဲကို တိုက်ရိုက်ရေထည့်လိုက်တာက ပိုအဆင်ပြေတယ်မဟုတ်ဘူးလား"


ရှင်းယန်သည် ဇီဝသိပ္ပံဌာနတွင် တစ်ကြိမ်အသုံးပြုခဲ့သည့် အကွာအဝေး တိုက်ခိုက်ရေးစွမ်းရည် နှစ်ခုဖြစ်သော ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’နှင့် ‘ရဲရဲတောက်ပရေရီမြက်ခင်းပြင်မီး’တို့ကို မေ့လုနီးပါးဖြစ်ခဲ့သည်။ အကယ်၍ သူတို့က ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’စွမ်းရည်ကို တိုက်ရိုက် အသုံးပြုပြီး ပေါင်းခံပုလင်းထဲကို ရေထည့်လိုက်ရင် သောက်သုံးရေပြဿနာအတွက် စိတ်ပူစရာမလိုတော့ဘူး။


အားလုံး တစ်နာရီကျော်လောက် အလုပ်ရှုပ်နေကြပြီး မြေအောက်အခြေစိုက်စခန်းကို ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့သည်။


အိပ်ခန်းခြောက်ခန်းတွင် ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် ကုတင်များနှင့် ကုတင်ဘေးစားပွဲများပြုလုပ်ရန် တြိဂံပေတံများကို အသုံးပြုခဲ့ပြီး ကုတင်ဘေးစားပွဲတစ်ခုစီတွင် ရှင်းယန်၏‘စားပွဲတင်မီးအိမ်’ကို အလင်းရောင်အတွက် အသုံးပြုခဲ့သည်။


မိန်းကလေးတော်တော်များများက ပြင်ဆင်ထားသော အိပ်ရာခင်းများနှင့် စောင်များကို အိပ်ခန်းထဲ ယူလာပြီး တစ်ခုစီ ကုတင်ပေါ်မှာ ချထားသည်။ အဖြူရောင် ပတ်တီးတစ်စသည် ဆေးရုံလူနာဆောင်တစ်ခုနှင့်တူသော်လည်း ‌ခြုံရန် စောင်ရှိခြင်းက ကောင်းနေပြီဖြစ်ပြီး သူတို့တွေ ချေးများ၍မရပေ။


ဧည့်ခန်း၏တစ်ဖက်ခြမ်းတွင် လင်းမန့်လော်၏ သစ်ပင်စိမ်းက ‘လေကိုသန့်စင်ခြင်း’တာဝန်ပြီးဆုံးသွားခဲ့ပြီး လျှိုကျောက်ချင်းမှ လွှဖြင့် သစ်သားတုံး 12 ခုကို အဝိုင်းပုံစံ ဖြတ်တောက်ခဲ့သည်။ ပင်စည်၏ အထူဆုံးအပိုင်းသည် နောက်ပိုင်းတွင် ထမင်းစားပွဲအဖြစ် အသုံးပြုနိုင်သည့် သစ်သားစားပွဲကို ပြုလုပ်ခဲ့သည်။


ရေချိုးခန်းထဲကို ရှင်းယန်နှင့် ခယ်ရှောင်ပင်းတို့က တာဝန်ယူသည်။


လူတွေအားလုံး လာကြည့်တော့ သူသည် ပေါင်းခံပုလင်းကို 50 စင်တီမီတာလောက်ချဲ့ပြီး ပုလင်းဝကို ခွဲကာ မိုးရွာသောအခါ မိုးရေတွေ မဆုံးရှုံးစေရန် ဖန်ခွက်တွေ အများကြီး လုပ်ထားတာ တွေ့လိုက်ရသည်။ ဖန်ခွက်တစ်လုံးထဲမှာ ထည့်ထားသော မိုးရေတွေကို မနက်ဖြန် သူတို့မျက်နှာကို ဆေးကြောဖို့ အသုံးပြုနိုင်ပါသည်။ အဖုံးပါသော ဖန်ပုလင်းကိုလည်း သူလုပ်ထားပြီး ရေချိုးသောအခါမှာလည်း သူ့အဝတ်တွေကို ချွတ်ပြီး မိုးရေမစိုအောင် ပုလင်းထဲမှာ ထည့်ထားနိုင်သည်။


ပို၍ချဲ့ကားတာတော့ သူသည် လျှိုကျောက်ချင်း၏ ပတ်တီးကိုငှားပြီး ရေချိုးခန်းကို တစ်ခန်းစီခွဲလိုက်သည်။


လျှိုကျောက်ချင်းက ရယ်ရမလား ငိုရမလား မသိတော့ပေ။

"ရှင်းယန်… မင်းက တကယ်တွေးတတ်တာပဲ… ရေချိုးခန်းကန့်လန့်ကာကို ပတ်တီးနဲ့သုံးတယ်နော်"


ရှင်းယန်က ပေါ့ပါးစွာ ပြောသည်။

"လူတွေအများကြီးနဲ့ ရေချိုးတာကို ကျွန်တော် ကျင့်သားမရလို့"


ယွဲ့ရှင်းဝမ်ကတော့ ဒါကအရေးမကြီးဘူးဟု ထင်သည်။ တောင်ပိုင်းသားများသည် အများအားဖြင့် သီးသန့်ရေချိုးခန်းများကို အသုံးပြုကြသော်လည်း အမှန်တကယ်တွင် မြောက်ဘက်မှာ အများသုံးရေချိုးခန်းများစွာရှိသည်။ လူတစ်ဒါဇင်နဲ့ အတူတူ ရေချိုးပြီး တစ်ယောက်ကို တစ်ယောက် မြင်နေသည်။ သို့သော် ရှင်းယန်ကဲ့သို့သော အတန်းဖော်တချို့သည် ကိုယ်ရေးကိုယ်တာကိစ္စကို ပို၍တန်ဖိုးထားကြပြီး အခြားသူများနှင့် ရေမချိုးချင်ကြကြောင်း နားလည်ပေးနိုင်သည်။


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို ကြည့်ပြီး ပြုံးကာ ပြောသည်။

"ဒီရေချိုးခန်းက လေးနေရာခွဲဖို့ လုံလောက်တယ်… တစ်ခန်းက မျက်နှာသစ်ဖို့နဲ့ အဝတ်လျှော်ဖို့ဖြစ်ပြီး အခြားအခန်းသုံးခန်းက ရေချိုးဖို့… ငါတို့ ယောင်္ကျားလေးတွေက အများကြီးဆိုတော့ ငါတို့တွေ သုံးဖွဲ့ခွဲလိုက်မယ်… ငါတို့နှစ်ယောက်စလုံး နောက်ဆုံးမှချိုးရအောင်"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ"


ယွဲ့ရှင်းဝမ်: "အားလုံး ဒီနေ့တစ်နေကုန် ပင်ပန်းထားကြပြီ… ရေချိုးပြီးရင် စောသောအိပ်ရာဝင်ကြတော့… မင်းတို့လုပ်စရာရှိရင် မနက်ဖြန်မှ ငါတို့ဆွေးနွေးကြမယ်"


ရေချိုးဖို့ လူတွေ တန်းစီနေကြသည်။ မိန်းကလေးများကတော့ သူတို့ကိုယ်တိုင်စီစဉ်ကြသည်။ ယောင်္ကျားလေးများမှာ လျှိုကျောက်ချင်း၊ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့က တစ်ဖွဲ့၊ ရှင်းယန်၊ ကျန်းရှောင်နျန်နှင့် ခယ်ရှောင်ပင်းတို့က တစ်ဖွဲ့ဖြစ်ပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က နောက်ဆုံးဖြစ်သည်။


ရှင်းယန်၏ သီးခြားရေချိုးခန်းကို ပတ်တီးနှင့်ခွဲလိုက်သည့် အလေ့အကျင့်ကိုလည်း လူတိုင်းက သဘောကျကြသည်။ လူအများရှေ့မှာ ကိုယ့်အဝတ်အစားတွေကို ချွတ်ရတာင ရှက်စရာကောင်းပြီး သပ်သပ်စီချိုးတာက ပိုအဆင်ပြေသည်။


တစ်ဖွဲ့ချိုးပြီးနောက် စွမ်းရည်က 1 နာရီကြာအောင် ‌စောင့်ဆိုင်းချိန်ရောက်သွားသည်။ ကံကောင်းထောက်မစွာ ယခုအချိန်က အတော်စောနေသေးသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် နောက်ဆုံးအထဲကို ဝင်သွားကြသည်။ ယွဲ့ရှင်းဝမ်သည် သူ့အဝတ်အစားများကို ချွတ်ပြီး ရှင်းယန်၏ ဖန်ပုလင်းထဲသို့ ထည့်ကာ ရေချိုးခန်းထဲသို့ ခြေဗလာဖြင့် လျှောက်သွားပြီး ကျန်းဖျင်စစ်က တစ်ဖက်အခန်းသို့ ဝင်သွားခဲ့သည်။


အရက်မီးခွက်မှ အပူပေးထားသော ရေနွေးနွေးသည် စီးကျလာသောအခါ မည်မျှသက်သောင့်သက်သာရှိသည်ကိုတော့ ပြောစရာမလိုပေ။


ယွဲ့ရှင်းဝမ်သည် မျက်လုံးများကိုမှိတ်ထားပြီး နောက်လှည့်ကာ ကျောကိုပွတ်သပ်ချင်နေသည်။ ရုတ်တရက် သူ့ခြေထောက် ချော်သွားသည်။ သူ့ခန္ဓာကိုယ်ကို ထောက်ဖို့အတွက် သူ မသိစိတ်က နံရံကို ထောက်ဖို့ သွားခဲ့ပေမဲ့ သူ့ဘေးနားက ပတ်တီးကို မတော်တဆ ဆွဲယူလိုက်သည် 


ကျယ်ကျယ်လောင်လောင်အသံဖြင့် အခန်းခွဲထားသော ပတ်တီးကို ဆုတ်ဖြဲလိုက်သည်။


ရေချိုးနေသော ကျန်းဖျင်စစ်သည် အနည်းငယ် တောင့်ခဲသွားသည်။


ယွဲ့ရှင်းဝမ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျန်းဖျင်စစ်က သူ့ရှေ့မှာ ကိုယ်လုံးတီးရပ်နေတာကို တွေ့လိုက်ရပြီး သူ့ပါးပြင်တွေ ရုတ်တရက် နီမြန်းလာပြီး သူက အလျင်အမြန် ရှင်းပြလိုက်သည်။

"ငါ ခြေချော်သွားလို့ပါ… ငါ မင်းကို ချောင်းကြည့်ဖို့ ပတ်တီးကို ပတ်တီးကို မတင်ဆွဲလိုက်တာမဟုတ်ပါဘူး"


ကျန်းဖျင်စစ်: "..."


မိုးရေတွေအောက်မှာ ယွဲ့ရှင်းဝမ်၏ တစ်ကိုယ်လုံး စိုစွတ်နေပြီး မျက်တောင်မွှေးတွေ စိုနေကာ ဆံပင်တွေက နားရွက်နားမှာ ကပ်နေပြီး ရေစက်လေးတွေက သူ့လည်ပင်းသွယ်လျလျနဲ့ နူးညံ့သော ညှပ်ရိုးပေါ်ကို လျှောကျလာကာ လှပပြီးကောက်ကွေ့နေသော သူ့ခန္ဓာကိုယ်မှ တစ်ဆင့် ကြမ်းပြင်သို့ စီးဆင်းသွားသည်။


ကျန်းဖျင်စစ်၏အကြည့်သည် ရှင်းဝမ်ဆီမှာ ကပ်နေပြီး ခဏတာမျှ မခွာနိုင်တော့ပေ။


ယွဲ့ရှင်းဝမ် ရေချိုးနေသောပုံစံကို သူ တစ်ခါမှ မမြင်ဖူးဘူး။ စိတ်အားထက်သန်ပြီး တောက်ပနေသာ ကောင်လေးနှင့် နှိုင်းယှဉ်လျှင် ရှင်းဝမ်သည် ဒီအချိန်မှာ မိုးရေစိုပြီးနောက် ပို၍စွဲဆောင်မှုရှိကာ သူ့လက်မောင်းထဲကို ဆွဲသွင်းပြီး အပြင်းအထန် နမ်းရန် ကျန်းဖျင်စစ်ကို ပြုလုပ်နေသည်။


ကျန်းဖျင်စစ်သည် လျင်မြန်နေသော သူ့နှလုံးခုန်သံကို ကြားလိုက်ရသည်။


သူ၏နက်မှောင်သောအကြည့်ကြောင့် ယွဲ့ရှင်းဝမ်က ‌ပူလာသည်။ သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ငုံ့လိုက်သည်။

"ငါ ရေ‌ချိုးဖို့ နောက်အခန်းကို သွားလိုက်မယ်…" ပတ်တီးစတစ်ခုပဲ ပြုတ်ထွက်သွားပြီး အခြားအခန်းက ပတ်တီးသည် ကောင်းနေသေး၏။ သူသည် တစ်ဖက်သို့ လှည့်တော့မည့်အချိန်မှာ ကျန်းဖျင်စစ်က ရုတ်တရက် သူ့လက်ကို ဆန့်တန်းကာ သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ၏အသံက အနည်းငယ်ဩရှရှဖြင့် ပြောလာသည်။

"အဆင်ပြေပါတယ်… ဒီမှာပဲ ချိုးလိုက်ပါ"


သူ့လက်ကောက်ဝတ်မှ အပူချိန်သည် သူ့တစ်ကိုယ်လုံးကို မီးလောင်လုမတတ် ဖြစ်သွားစေကာ ယွဲ့ရှင်းဝမ်၏ နှလုံးခုန်သံသည် ခဏတာ ထိန်းမရတော့ပေ။


ရေချိုးနေသော ကောင်လေးနှစ်ယောက်က ဘာဖြစ်နေတာလဲ။ အများသုံးရေချိုးခန်းထဲမှာ အတူတူ ရေချိုးနေကြသည့် ယောင်္ကျားကြီး တစ်ဒါဇင်ကျော် ရှိပါသည်။


သူက ဘာလို့ အပြစ်ရှိသလို ခံစားနေရတာလဲ…


မိုးက မရပ်မနားရွာနေပြီး မိုးသံတွေက သူ့နားထဲမှာ တဖွဲဖွဲကျနေသည်။ သူ့ရှေ့မှာ ကျန်းဖျင်စစ် ပိုင်ဆိုင်သော သန်မာသည့် ခန္ဓာကိုယ်ရှိသည်။ ကောင်လေး၏ခန္ဓာကိုယ်က သွယ်လျအချိုးကျပြီးတော့ ဝမ်းဗိုက်တွင် ဗိုက်ကြွက်သားရှစ်ခုကို ရှင်းလင်းစွာ မြင်နိုင်ကာ ပြီးတော့…


မဟုတ်သေးဘူး… သူ ဘာကြည့်နေတာလဲ…

 

ယွဲ့ရှင်းဝမ်သည် သူ့အကြည့်များကို ဘယ်မှာထားရမှန်းမသိတော့ဘဲ လျှပ်စစ်ရှော့ခ်ဖြစ်သွားသလို ကျန်းဖျင်စစ်၏လက်ကနေ သူ ရှောင်ဖယ်လိုက်ကာ ပြောသည်။

"ငါ ဟိုဘက်သွားလိုက်မယ်… ဒီမှာ လူကျပ်တယ်" ထူးဆန်းသော အကြောင်းပြချက်ဖြင့် သူသည် ပတ်တီးရှိသော နောက်တစ်ခန်း ရေချိုးခန်းသို့ သွားခဲ့သည်။


အဖြူရောင်ပတ်တီးသည် နှစ်ယောက်သား အမြင်အာရုံကို ပိတ်ဆို့ထားသည်။


သို့သော် ပြင်းထန်သောနှလုံးခုန်သံကို အလွယ်တကူမဖြေဖျောက်နိုင်တော့ဘဲ ယွဲ့ရှင်းဝမ်သည် နံရံကိုမှီကာ အသက်ပြင်းပြင်းရှူပြီး ခေါင်းမှဖုန်မှုန့်များကို အမြန်ဆေးကြောကာ ခန္ဓာကိုယ်ကို ဆေးကြောပြီးနောက် စီနီယာအစ်ကိုလျှိုပေးသော ပတ်တီးအသစ်ဖြင့် အခြောက်ခံလိုက်ပြီး အပြင်ထွက်ကာ သူ့အဝတ်အစားများကို ဝတ်လိုက်သည်။


သူတို့ရေချိုးခန်းထဲက ထွက်လာတော့ အခြားကျောင်းသားတွေက အိပ်ဖို့ အခန်းပြန်သွားကြလေပြီ။


ကျန်းရှောင်နျန်သည် အိပ်ခန်း 6 ခန်း၊ နှစ်ယောက် တစ်ခန်းပြုလုပ်ထားပြီး ဘယ်ဘက်က ပထမအခန်းသည် ရှင်းဝမ်နှင့် ဖျင်စစ်အတွက် သီးသန့်ဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် အိပ်ခန်းထဲသို့ ခြေဖျားထောက်သွားကာ စောင်အောက်တည့်တည့်တွင် လဲလျောင်းနေလိုက်သည်။


ခဏအကြာတွင် ကျန်းဖျင်စစ်လည်း ရေချိုးပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။


အရက်မီးခွက်၏အလင်းရောင်အောက်တွင် ကုတင်ပေါ်ရှိ ရှင်းဝမ်၏နားရွက်များသည် သိသိသာသာနီရဲနေပြီး ကျန်းဖျင်စစ်၏နှုတ်ခမ်းများသည် အနည်းငယ်မြှောက်လာကာ ကုတင်ပေါ်သို့ လျှောက်သွားပြီး ထိုင်ချကာ သူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ 

"မင်းဆံပင်မခြောက်ခင် အိပ်နေပြီပေါ့… ဒီအကျင့်ကို ဘယ်အချိန်ကျမှ ပြောင်းလဲနိုင်မှာလဲ"


ယွဲ့ရှင်းဝမ်သည် အိပ်ပျော်ချင်ယောင်ဆောင်ချင်ပေမဲ့ တစ်ဖက်လူက အကြည့်တစ်ချက်ဖြင့် သဘောပေါက်သွားသည်။


သူက ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။

"အဟန့်… မင်း ရေချိုးပြီးပြီပေါ့"


ကျန်းဖျင်စစ်သည် အသံပြုကာ ပတ်တီးအသစ်တစ်ထည်ကို ယူပြီး သူ့ထံပေးကာ ဆိုသည်။

"သုတ်လိုက်"


ယွဲ့ရှင်းဝမ်သည် သူ့ဆံပင်တွေကို စသုတ်လိုက်ပြီး နှစ်ယောက်သားက အကြာကြီး တိတ်ဆိတ်နေကြကာ ယွဲ့ရှင်းဝမ်က ပတ်တီးကို တစ်ဖက်လူဆီ ပြန်ပေးလိုက်ပြီး ကျန်းဖျင်စစ်က အသံတိုးတိုးနဲ့ မေးသည်။

"အခုလေးတင် မင်းရဲ့ကိုယ်ဗလာကို ငါမြင်လိုက်လို့ ရှက်နေတာလား"


ယွဲ့ရှင်းဝမ်၏ပါးပြင်များသည် ခဏတာပူနေသော်လည်း သူ့ပါးစပ်က သတ္တိရှိရန် ကြိုးစားနေသည်။

"ဘာရှက်စရာရှိလို့လဲ… ငါလည်း မင်းကိုမြင်တာပဲ… ငါတို့ကျေပြီ ဘယ်သူမှ အကြွေးမတင်ဘူး"


ကျန်းဖျင်စစ်က သူ့ကို နူးညံ့သောမျက်လုံးများဖြင့် ကြည့်နေသည်။

"တကယ်လား"


ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ပြောသည်။

"ငါတို့က ယောင်္ကျားလေးတွေပဲ… ဒီလိုမြင်တာမျိုးက ဘာအရေးကြီးလို့လဲ… ငါကတော့ စိတ်မရှိဘူး… မင်းက စိတ်ရှိလို့လား"


ကျန်းဖျင်စစ်က ခပ်ရေးရေးပြုံးကာ သူ့အသံတိုးနေသည်။

"မင်းမြင်တာကို ငါစိတ်မရှိပါဘူး"


"..." ဒီအဆိုပြုချက်က ဘာလို့ဒွိဟဖြစ်စေရတာလဲ။ ယွဲ့ရှင်းဝမ်၏ နှလုံးခုန်သံသည် ရယ်စရာကောင်းလောက်အောင် မြန်နေပြီး သူသည် သူ၏ အပြစ်ရှိကြောင်းအသိစိတ်အား အတင်းအကြပ် ဖုံးကွယ်ကာ တည်တံ့သောမျက်နှာဖြင့် ပြောသည်။ "ဟုတ်တယ်… ဒါက မတော်တဆတစ်ခုပဲ… အဲဒါကို စိတ်ထဲမထားပါနဲ့" သူက လျင်မြန်စွာ ကုတင်ပေါ်ပြန်တက်ပြီး ကျန်းဖျင်စစ်၏လက်မောင်းကို နူးညံ့စွာ ပုတ်လိုက်သည်။ "အိပ်တော့"


ကျန်းဖျင်စစ်သည် ကုတင်ဘေး စားပွဲပေါ်ရှိ အရက်မီးခွက်ကို ပိတ်ရန် ခေါင်းကို လှည့်လိုက်ပြီး ကုတင်တစ်ဖက်သို့ လှဲလျောင်းလိုက်သည်။


အပေါ်ယံတွင် ယွဲ့ရှင်းဝမ်သည် ဘာမှမဖြစ်ဟု ဟန်ဆောင်သော်လည်း အိပ်ပျော်သွားပြီးနောက် သူ၏နှလုံးက ပြင်းထန်စွာခုန်နေဆဲဖြစ်သည်။


ဖျင်စစ်၏ ဝတ်စားဆင်ယင်မှု အသွင်အပြင်က အခုလေးတင် သူ့စိတ်ကိုထဲပေါ်လာသည်—— ဖျင်စစ်၏ ပုံသဏ္ဌာန်က ကောင်းမွန်လွန်းသည် မဟုတ်ပါလား။ လှပသောဝမ်းဗိုက်ကြွက်သားများသည် အံ့သြဖွယ်ကောင်းပြီး သွယ်လျဖြောင့်စင်းသောခြေထောက်တစ်စုံကို မော်ဒယ်အဖြစ်အသုံးပြုနိုင်သည်။


ယွဲ့ရှင်းဝမ်၏စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။ အခုလေးတင် ကျန်းဖျင်စစ်မဟုတ်ဘဲ အခြားအဖွဲ့ဝင်များဖြစ်သော ရှောင်ခယ်၊ ရှောင်နျန်အစရှိသော အဖွဲ့ဝင်များဖြစ်ပါက သူသည် ‘အရမ်းမိုက်တဲ့ခန္ဓာကိုယ်ပဲ’ဟု ဟာသအနည်းငယ်ပြောပြီး စနောက်မိလိမ့်မည်။


သို့ပေမဲ့ တစ်ဖက်လူက သူ နှစ်ပေါင်းများစွာ ဂရုတစိုက်နဲ့ လေးစားခဲ့ပြီး သူ့နှလုံးသားထဲမှာ ယုံကြည်စိတ်ချရသူအဖြစ် သတ်မှတ်ခံထားရသောသူ ကျန်းဖျင်စစ်ဖြစ်နေသည်။


ဒီလိုသူငယ်ချင်းကောင်းတစ်ယောက်နဲ့ ရင်ဆိုင်ရသောအခါ ဒီလိုအသေးအဖွဲ့ကိစ္စတွေကို စိတ်ရှုပ်စရာမလိုပါဘူး။ သို့ပေမဲ့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရတာနဲ့ သူ မသိစိတ်က တုန်လှုပ်သွားပြီး နှလုံးခုန်သံမြန်တာနဲ့ မသက်မသာဖြစ်နေရတာ ဘာကြောင့်လဲ။


ယွဲ့ရှင်းဝမ်သည် ကြောင်တက်တက်တွေးလိုက်ပြီးနောက် အိပ်ပျော်သွားသည်။


အမှန်တော့ ဒီနေရာသည် မြေအောက်ဖြစ်တာကြောင့် စိုစွတ်ပြီး အေးနေသည်။ စီနီယာအစ်ကိုလျှို၏ ပတ်တီးသည် သာမန်အပူသာရှိသည်။ ယွဲ့ရှင်းဝမ်သည် ညသန်းခေါင်တွင် အအေးဒဏ်ကို ခံစားလိုက်ရပြီး အလိုအလျောက် တွန့်လိမ်ကာ သူ့အနားရှိ အပူရင်းမြစ်ဆီသို့ မသိလိုက်ဘဲ မှီနေလိုက်သည်။


ရှင်းဝမ် မှီလာသည်ကိုမြင်တော့ ကျန်းဖျင်စစ်သည် သူ့လက်ကိုဆန့်ကာ ယွဲ့ရှင်းဝမ်ကို သူ့၏ရင်ခွင်ထဲသို့ ထည့်ကာ ညင်သာစွာ ပွေ့ဖက်ထားသည်။


ရှင်းဝမ်၏ ရှက်ရွံနီမြန်းမှုနှင့် အနည်းငယ်ကိုးရိုးကားရားနိုင်မှုကနေ အကဲဖြတ်လိုက်ရင် သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ပဲ မှတ်ယူနေသေးတာတော့ မဟုတ်ဘူးမလား။ သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် မှတ်ယူခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ကို မြင်ရုံသာမက လိပ်ပြာသန့်သန့်နဲ့ အချင်းချင်း ကိုယ်ဗလာဖြင့် ရေချိုးနိုင်သည်။

 

သူဘာကြောင့် မသိစိတ်ကနေ ထွက်ပြေးသွားရတာလဲ…


သူက ရင်မဆိုင်ရဲလို့လား… ဒါမှမဟုတ် ရင်ဆိုင်ရမှာ ရှက်လို့လား…


ဒါကိုစဉ်းစားရင်း ကျန်းဖျင်စစ်သည် မနေနိုင်စွာ ကိုယ်ကိုကိုင်းပြီး သူ့လက်မောင်းထဲလူ၏နဖူးကို ညင်သာစွာနမ်းကာ အသံတိုးတိုးဖြင့် ပြောသည်။ 

"မင်းက လူတွေနဲ့ စကားရည်လုတဲ့အခါ လိုက်လျောညီထွေရှိတဲ့ တွေးခေါ်မှုမျိုးရှိပေမဲ့ ခံစားချက်ပြဿနာတွေနဲ့ ကြုံလာတဲ့အခါ မင်းက ဘယ်လိုလုပ် ငတုံးတစ်ယောက်ဖြစ်လာရတာလဲ"


ငတုံးယွဲ့ရှင်းဝမ်ကတော့ ဒီအချိန်တွင် အိပ်မက်မက်နေပါသည်။


အိပ်မက်သည် ကျန်းဖျင်စစ်၏အရိပ်နှင့် ပြည့်နေသည်။ သူသည် ကြောင်တက်တက်ဖြင့် တစ်ဖက်လူကို ပြန်ပွေ့ဖက်ကာ တိုးတိုးပြောခဲ့သည်။ "ဖျင်စစ်…"


ကျန်းဖျင်စစ်သည် ရှင်းဝမ်၏ တိုးတိုးလေးပြောသော အိပ်မက်စကားများကို ကြားလိုက်ရသည်။သူ့နှလုံးသားသည် ရုတ်တရက် ပျော့ပျောင်းသွားကာ အနည်းငယ်ပြုံးပြီး လက်မောင်းနှစ်ဖက်ဖြင့် ယွဲ့ရှင်းဝမ်ကို သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ "ငါဒီမှာရှိတယ်"


ဒီနှစ်တွေတလျှောက် မင်းရဲ့အနားမှာ ငါရှိနေခဲ့တယ်…


#TK