Chapter 167
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 167 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၄)


သုံးဖို့ ပိုက်ဆံမလောက်ရင် သူတို့ဘာလုပ်ရမလဲ။


183 သုတေသနအဖွဲ့မှ ကျောင်းသားများသည် တက္ကသိုလ်ကျောင်းတက်စဉ်ကာလတွင် နေထိုင်စားသောက်ရေးအတွက် မည်သည့်အခါမျှ မစိုးရိမ်ခဲ့ကြပေ။ သူတို့မိဘများက လစဉ် စားဝတ်နေရေးစရိတ်များကို အချိန်မှန်ပေးပြီး သူတို့ ပိုက်ဆံမဖြုန်းတီးသ၍ ကောင်းကောင်းစားသောက်နိုင်သည်။


ယခုမူ သူတို့သည် စီနီယာအစ်ကိုလျှို၏ အကြံပြုချက်ကို လိုက်နာပြီး အရေးပေါ်ဆေးဝါးများဝယ်ရန် ရံပုံငွေတချို့ ချန်ထားခဲ့ပါက တစ်ဦးစီသည် ဘီစကွတ် 5 ထုပ်ဝယ်ရန် ငွေအလုံအလောက်ရှိမည်ဖြစ်သည်။ 14 ရက်ခွဲ၍ သုံးရက်လျှင် တစ်ထုပ်စားပြီးနောက် ဤနေရာတွင် သူတို့တွေ ငတ်သေမည်ဟု ခန့်မှန်းရသည်။


အားလုံးက တစ်ယောက်ကိုတစ်ယောက် ခဏလောက်ကြည့်နေကြသည်။


လင်းမန့်လော်က အကြံပြုခဲ့သည်။

"တကယ်လို့အဆင်မပြေရင် လေကိုသန့်စင်ဖို့ ငါ သစ်ပင်ကြီးတစ်ပင်ကိုဆင့်ခေါ်တဲ့အခါ အရွက်တွေကိုစားကြမလား… ငါ့နွယ်ပင်တွေက စားလို့ရပါတယ်… ဒီကမ္ဘာမှာ အစိမ်းရောင်အပင်တွေမရှိတဲ့အတွက် အားလုံးစားဖို့ ငါ အစိမ်းရောင်အပင်တချို့ ထုတ်ပေးလို့ရပါတယ်"


လူတိုင်း: "..."


ဒါဆို နောက်ရက်တွေမှာ သူတို့က မြေဆီလွှာကိုစုပ်ယူပြီး အရွက်တွေကို စားကြရမှာလား။ ဒါက အလွန်သနားစရာကောင်းပါသည်။


လန်ယာရုန်က သူမနဖူးကို ကူကယ်ရာမဲ့ ကိုင်လိုက်သည်။

"မန့်လော်… နင့်ရဲ့အစိမ်းရောင်နွယ်ပင်တွေက လူတွေကိုတောင်ချည်ပြီး ညစ်သတ်လို့ရတယ်… လက်တွေ ဓားတွေနဲ့လည်း ဖြတ်လို့မရတဲ့ သံမဏိနဲ့တူတယ်… အဲဒါကို ငါတို့သွားတွေနဲ့ ကိုက်လို့ရပါ့မလား"


လင်းမန့်လော်က ရှင်းယန်ကို တာဝန်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။

"ရှင်းယန်ရှိတာပဲမဟုတ်ဘူးလား… မစားခင် ပြုတ်လို့ရတယ်လေ"


ရှင်းယန်၏မျက်နှာက ခံစားချက်မဲ့နေသည်။

"ပြုတ်ပြီးရင် ကိုက်စားနိုင်လို့လား"


အစားအသောက်မက်သူတစ်ယောက်အနေဖြင့် ခယ်ရှောင်ပင်းသည် ချက်ချင်းပင် စိတ်ရင်းမှန်ဖြင့် အကြံပြုခဲ့သည်။

"စီနီယာအစ်မလင်းရဲ့ အရွက်နဲ့ နွယ်ပင်တွေကို ငါတို့ငတ်ပြတ်ပြီးသေဆုံးခါနီးအထိ မစားသင့်ဘူးလို့ ငါထင်တယ်… အဲဒီအထိအတွေ့နဲ့အရသာက ရှုပ်ထွေးနေလိမ့်မယ်"


ကျန်းဖျင်စစ်သည် အရွက် သို့မဟုတ် နွယ်ပင်ကိုစားရန် စိတ်မဝင်စားသောကြောင့် ရှင်းဝမ်ကို ကြည့်လိုက်သည်။

"ပိုက်ဆံရှာဖို့ နည်းလမ်းရှာတာက ပိုကောင်းတယ်"


သူတို့လက်ထဲတွင်ရှိသောငွေသည် သုံးစွန်ရန် မလုံလောက်သောကြောင့် ခိုးတာ၊ လုယက်တာ၊ ငွေရှာတာဖြစ်ဖြစ် လုပ်ဆောင်ရမည်။


ဒီလူတွေအားလုံးသည် ငယ်စဉ်ကလေးဘဝကတည်းက ထူးချွန်သောအဆင့်များဖြင့် ကျောင်းသားကောင်းများဖြစ်ခဲ့ပြီး ခိုးယူလုယက်ခြင်း အစရှိသည့် အရာများကို တစ်ခါမှ မလုပ်ဖူးကြပေ။ ယခု သူတို့သည် သဘာဝလွန် စွမ်းရည်များကို သင်ယူခဲ့ပြီးဖြစ်ပြီး သဘာဝလွန်စွမ်းရည်များဖြင့် ခိုးယူလုယက်ရန် လွယ်ကူသော်လည်း သူတို့၏စိတ်များက လေးလံနေဆဲဖြစ်သည်။


စာမေးပွဲပြီးအောင် ပစ္စည်းတွေခိုးယူပါက စာကြည့်တိုက်သည် သူတို့ကို အမှတ်လျှော့မလားဆိုတာ ယွဲ့ရှင်းဝမ် သေချာမသိပေ။


ဇီဝသိပ္ပံဌာက စူပါမားကတ်တွင် အစာရှာဖို့ သွားသောအခါ မြို့ပျက်နေပြီဖြစ်ကာ လူများမရှိတော့သလို စူပါမားကတ်က လုယက်ခံထားရသည်။ သို့သော် ဒီမြို့တွင် လူမှုရေးအစီအမံများ ရှိနေဆဲဖြစ်ကာ စူပါမားကတ်များတွင် စောင့်ကြည့်ရေးကင်မရာများနှင့် တံခါးဝမှာ ငွေကိုင်များရှိသည်…,


ထို့အပြင် ခိုးယူခြင်းက မကောင်းသောအရာဖြစ်သည်။


ဒါကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဒီနေ့အတွက် အစားအသောက်ကို အရင်ဝယ်ကြမယ်… ငါတို့ရဲ့အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ နေရာကိုရှာပြီး ပိုက်ဆံရှာဖို့နည်းလမ်းနဲ့ ဒီလိုညစ်ညမ်းတဲ့ကမ္ဘာကြီးမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဆွေးနွေးကြမယ်"


သူတို့သည် စူပါမားကတ်မှာရပ်ပြီး ရလဒ်များကို ဆွေးနွေးလို့မရဘဲ သွားလာသောသူများက သူတို့ကို ထူးဆန်းသောမျက်လုံးတွေနဲ့ အမြဲကြည့်နေကြသည်။


လူတိုင်း ခေါင်းငြိမ့်သဘောတူခဲ့သည်။

"ပစ္စည်းနည်းနည်း အရင်ဝယ်ပြီး အခြေချဖို့ နေရာရှာမယ်"


ကျန်းဖျင်စစ်သည် လူတိုင်း၏ အမှတ်များကို စုဆောင်းပြီး တစ်ဝက်ကို လဲလှယ်ကာ မျက်နှာဖုံး 12 ခုနှင့် ဘီစကွတ် 2 ဘူးကို ဝယ်ယူရန် ယွမ် 390 ကို ထုတ်ယူခဲ့သည်။ ထူးဆန်းသည်မှာ စူပါမားကက်တွင် တွင်းထွက်ရေမရှိပေ။


အားလုံးက ငွေရှင်းကောင်တာမှာ ငွေရှင်းပြီး ဟွာရှန်းအဆောက်အဦးထဲက ထွက်လာခဲ့သည်။


ဘီစကွတ်တွေက လေးလံမှုမရှိဘဲ ကျိုဖုန်းနှင့် လျှိုကျောက်ချင်းတို့က တစ်ဘူးစီသယ်ပြီး မျက်နှာဖုံးများကို လူတိုင်းဝတ်ဖို့ ဝေငှခဲ့သည်။


သဲနှင့်ဖုန်မှုန့်များကို စစ်ထုတ်ရန် မျက်နှာဖုံးများကို ပြုလုပ်ထားသော်လည်း စစ်ထုတ်ထားသောလေသည် လက်တွေ့တွင်အသက်ရှူသလောက် မလတ်ဆတ်ဘဲ ၎င်းသည် ထူးဆန်းသောအနံ့ရှိနေဆဲဖြစ်သော်လည်း သဲတစ်လုတ်စားရတာနှင့် နှိုင်းယှဉ်ပါက ယခုအခါ အခြေအနေမှာ များစွာပိုကောင်းပါသည်။ 


ကျန်းဖျင်စစ်: "အရင်နေထိုင်ဖို့ နေရာရှာမယ်"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

"ငါတို့က လူအများကြီးဆိုတော့ ရှိပြီးသား အဆောက်အဦးတွေကို ရှာရခက်လိမ့်မယ်… ဟွာရှန်းအဆောက်အဦးကို အခုလေးတင် ငါတို့ဝင်လို့ရတာက ဒီရဲ့အနုတ်တစ်ထပ်မှာ စူပါမားကတ်တစ်ခု ရှိနေလို့တာကြောင့် လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်… အခြားရုံးခန်းအဆောက်အဦးတွေနဲ့ အဖွဲ့အစည်းတွေမှာ ရောနှောဖို့ လွယ်မှာမဟုတ်ဘူး"


ကျန်းရှောင်နျန်က ရုတ်တရက် သူ့လက်ကိုမြှောက်ကာ မေးလိုက်သည်။

"အားလုံးမြေအောက်မှာနေဖို့ အဆင်ပြေကြလား"


ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်လာသည်။

"မင်းဘာကိုဆိုလိုတာလဲ"


ကျန်းရှောင်နျန်က အလေးအနက် ဆိုသည်။

"ဗိသုကာဌာနရဲ့ တူးဖော်ခြင်းစွမ်းရည်ကို ကျွန်တော်အရင်က သင်ယူခဲ့တယ်မဟုတ်ဘူးလား… မြေအောက်ခံတပ်တွေ ဆောက်ဖို့ ဖြစ်နိုင်တယ်… ပြီးတော့ အသုံးပြုတဲ့ပစ္စည်းတွေက ငလျင်ဒဏ်ခံနံရံအဆင့်တွေပြီး ဗုံးခိုကျဉ်းနဲ့ဆင်တူတယ်… ဒီမြို့က ဗုံးကျဲခံရရင်တောင် ကျွန်တော်တို့ အသက်ရှင်နိုင်တယ်… ဒါပေမဲ့ မြေအောက်ခန်းက စိုစွတ်ပြီး အေးမှာဖြစ်တာကြောင့် အားလုံးက နေသားမကျဘဲ စိုးရိမ်တယ်"


ချင်မြောင်က ဦးဆောင်ပြီး ပြောလာသည်။

"ငါတော့ ဂရုမစိုက်ဘူး… ငါတို့က ဒီကိုအသက်ရှင်ဖို့ရောက်တာ အလည်ရောက်တာမှမဟုတ်တာ… အသက်ရှင်ရရင် လုံလောက်ပြီ… အရမ်းကြီးကြီးမားမား တောင်းဆိုချင်တာမရှိဘူး"


လန်ယာရုန်က အပြုံးဖြင့် ပြောသည်။

"မြေအောက်ခန်းလား… အကြံကောင်းတစ်ခုလို့ ငါထင်တယ်… ငါတို့တွေ မြေအောက်မှာ ပုန်းလို့ရတယ်… တစ်ဖက်မှာ ပိုလုံခြုံသလို အခြားတစ်ဖက်မှာလည်း ငါတို့က နေထိုင်စရာနေရာရှိတယ်… ဒီတော့ ငါတို့တွေ ပြောက်ကျားလှုပ်ရှားမှုလို နေစရာတစ်နေရာရဖို့ နေ့တိုင်း ကြိုးစားရှာနေစရာမလိုတော့ဘူး"


ချင်လုကလည်း သဘောတူသည်။

"ငါတို့ရဲ့ကိုယ်ပိုင် အခြေစိုက်စခန်းရှိတာက ရုံးအဆောက်အဦးထဲကို ညတိုင်း ခိုးဝင်အိပ်တာထက် အများကြီး ပိုအဆင်ပြေပါတယ်… ရုံးအဆောက်အဦးမှာ စောင့်ကြည့်ရေးကင်မရာတွေရှိသလို ငါတို့က ကိုယ်မပျောက်နိုင်ဘူး… ဒါကြောင့် လူအများကြီး ရုတ်တရက် ပေါ်လာရင် ငါတို့တွေ စောင့်ကြည့်ရေးကင်မရာမှာ ဖမ်းမိပြီး ဒုက္ခရောက်လိမ့်မယ်"


လူတိုင်းမှာ ထင်မြင်ချက်မရှိဘူးဆိုတာမြင်တော့ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဒါဆို အဲဒီလိုလုပ်ရအောင်… ငါတို့တွေ စွန့်ပစ်နယ်မြေကို ရှာကြမယ်… ရှောင်နျန်က ဆောက်လုပ်ရေးအတွက် တာဝန်ယူပြီး မြေအောက်အခြေစိုက်စခန်းတစ်ခုဆောက်ပြီး နောက်ထပ် 14 ရက်ကြာအောင် ငါတို့တွေ မြေအောက်မှာနေကြမယ်"


အားလုံးက ဟွာရှန်းအဆောက်အဦး တံခါးနားကို ရောက်လာကြသည်။


လမ်းဘေးတွင် မြို့မြေပုံတစ်ခုပါသော ဖန်သားပြင်ကြီးတစ်ခုရှိသည်။


မြို့က ကြီးကြီးမားမားမဟုတ်ပေမဲ့ တောင်တွေဝိုင်းရံထားသည်။ ကျန်းဖျင်စစ်က တောင်တန်းတွေထဲက တစ်ခုကို ညွှန်ပြပြီး ပြောသည်။

"ချင်းရှတောင်က ဒီနေရာနဲ့ အနီးဆုံးပဲ… အခြေစိုက်စခန်းဆောက်ဖို့ တောင်ခြေကို သွားရအောင်… အချိန်မရွေး ပြန်ပြီးလိုအပ်တာတွေဝယ်ဖို့ ပြန်လာရတာ ငါတို့အတွက် လွယ်ကူတယ်"


ယွဲ့ရှင်းဝမ်: "ချင်းရှတောင်က ဒီကနေ 3 ကီလိုမီတာ ဝေးပြီး မှောင်သွားရင် လမ်းပေါ်မှာ လမ်းသွားလမ်းလာ မရှိတော့ဘူး… ချင်လုက ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး နေရာတွေပြောင်းပြီးတော့ ငါတို့တွေ ဆယ်စက္ကန့်အတွင်း အဲဒီကို ရောက်နိုင်တယ်"


ကျန်းရှောင်နျန်ကလည်း သဘောတူသည်။

"အင်း… ဒီကမ္ဘာကလူတွေ ကျွန်တော်တို့ကို ထူးဆန်းတဲ့အမူအရာနဲ့ မကောင်းဆိုးရွားတွေဆိုပြီး မဖမ်းမိအောင် မှောင်ပြီးမှ ဆောက်လုပ်တာက ပိုကောင်းမယ်ထင်တယ်"


ရွှီယိရှန်းသည့် ရင်ပြင်ပေါ်ရှိ နာရီကိုကြည့်ရင်း ပြောလိုက်သည်။

"ညနေ 4 နာရီထိုးနေပြီဆိုတော့ မမှောင်ခင် နာရီအနည်းငယ်လိုသေးတယ်… ငါတို့ ဘာဆက်လုပ်ကြမလဲ… အချက်အလက်တချို့ လိုက်ရှာကြမလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

"အားလုံးပဲ ညနေ 6 နာရီ မတိုင်ခင် ဒီမှာ ဆုံကြမယ်"


အားလုံးက နှစ်ယောက်တစ်တွဲသွားကာ သတင်းအချက်အလက်မေးရန် လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို ရှာဖွေကြသည်။


ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က ဘေးချင်းကပ်လျက် လျှောက်လာခဲ့သည်။ လမ်းထောင့်သို့ လျှောက်သွားသောအခါ စျေးဝယ်အိတ်များ ကိုင်ဆောင်ထားသော အထည်ဆိုင်မှ မိန်းကလေး နှစ်ယောက် ထွက်လာတာကို တွေ့လိုက်ရသည်။ယွဲ့ရှင်းဝမ်က ရှေ့ကို တိုးလာပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

"မင်္ဂလာပါ… ရေဘယ်မှာဝယ်လို့ရလဲ"


မိန်းကလေးက သူတို့ကို သံသယစိတ်နဲ့ ကြည့်နေသည်။ နှစ်ယောက်သားက အရပ်ရှည်ရှည် သွယ်လျသောခန္ဓာကိုယ်ရှိပြီး သဲမုန်တိုင်းက သူတို့၏ ဦးခေါင်းနှင့် မျက်နှာများကို မှုတ်ထုတ်သော်လည်း သူတို့၏ အသွင်အပြင်ကို မထိခိုက်စေခဲ့ပေ။ အရပ်ရှည်ရှည် မိန်းကလေးက ပြုံးပြီး သိချင်စွာ မေးသည်။

"ရှင်တို့က ဘာလို့ ခေါင်းစွပ်မဝတ်တာလဲ"


ယွဲ့ရှင်းဝမ်: "ငါတို့ အခြားနေရာက လာခဲ့တာဖြစ်ပြီး ဒီကအခြေအနေကို သေချာမသိလို့ပါ"


မိန်းကလေးက ခေါင်းငြိမ့်ပြပြီး ပြောသည်။ 

"ရေသန့်ကို ဗဟိုရင်ပြင်က ရေအရင်းအမြစ် စီမံခန့်ခွဲရေး ဗျူရိုမှာ ဝယ်ယူလို့ ရပါတယ်… အိမ်ထောင်စု တစ်ခုစီကို တစ်ပတ် 10 လီတာ ကန့်သတ်ထားတယ်… ဝယ်ဖို့အတွက် ID ကတ်နဲ့ တန်းစီရပါတယ်… အပြင်လူဆိုရင်တော့ ရှင့်ရဲ့ ID ကတ်နဲ့ ရေသန့်ဘူး သွားဝယ်လို့ရတယ်"


ယွဲ့ရှင်းဝမ်က ဆက်မေးသည်။

"အိမ်မှာရေမရှိဘူးလား" 


မိန်းကလေး: "ဟုတ်တယ်… ပိုက်နဲ့ရေက ဆိုးဆိုးရွားရွား ညစ်ညမ်းနေပြီး ရေအရင်းအမြစ် စီမံခန့်ခွဲရေးဗျူရိုက သန့်စင်ပြီးမှသာ သောက်သုံးနိုင်တာ"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"အစားအသောက်အတွက်ပဲ တစ်ပတ်ကို 10 လီတာက လုံလောက်မှာမလား… မင်းတို့က ရေချိုးလေ့မရှိဘူးလား"


မိန်းကလေးက သူ့ကို အံ့အားသင့်စွာကြည့်လာသည်။

"ရေချိုးတာက ဘာကိုဆိုလိုတာလဲ"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်: "..."


အခြားမိန်းကလေးက သူမ၏အင်္ကျီလက်ကို ညင်သာစွာဆွဲပြီး တိုးတိုးပြောလိုက်သည်။

"ဒီလူနှစ်ယောက်က ထူးဆန်းတယ်… အစ်မ အိမ်မြန်မြန်ပြန်ရအောင်"


အရပ်ရှည်ရှည် မိန်းကလေးက ပြုံးပြပြီး တောင်းပန်ရင်း သူမညီမနဲ့ လှည့်ထွက်သွားသည်။


ကျန်းဖျင်စစ်၏မျက်နှာသည် အလွန်တောင့်တင်းနေပြီး ခဏအကြာတွင် သူက တိုးတိုးပြောလိုက်သည်။

"ကမ္ဘာပေါ်ကလူတွေ… ရေမချိုးကြဘူးလား"


ယွဲ့ရှင်းဝမ်သည် ရယ်ရမလား ငိုရမလား မသိတော့ပေ။

"ရေအရင်းအမြစ်တွေရဲ့ ညစ်ညမ်းမှုက ပြင်းထန်ပြီး အစားအသောက်နဲ့ သောက်ဖို့အတွက် အရမ်းခက်ခဲတယ်… ရေချိုးဖို့ ရေဘယ်လိုရှိနိုင်မှာလဲ… နောက်ပြီး ဒီလိုရာသီဥတုမျိုးမှာ ရေချိုးလား မချိုးလားဆိုတာ ပြောနိုင်ပါ့မလား"


ကျန်းဖျင်စစ်သည် မိန်းကလေးနှစ်ယောက်၏ နောက်ကျောကို လှည့်ကြည့်လိုက်သည်။ သူတို့သည် အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ထားကာ ဆံပင်များကို ခေါင်းစည်းပုဝါဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားကာ သူတို့၏မျက်နှာများတွင် ကြီးမားသောမျက်နှာဖုံးများတပ်ကြပြီး မျက်လုံးတစ်စုံသာ ထင်ရှားနေပါသည်။


လူတိုင်းက ဒီလိုမျိုး ဝတ်ဆင်ထားတာကြောင့် ကိုယ့်မျက်နှာကို ဆေးကြောဖို့၊ မိတ်ကပ်နဲ့ ရေချိုးဖို့ ကြိုးစားအားထုတ်မှုကို အမှန်တကယ် သက်သာစေပါသည်။


တကယ်တော့ ကျန်းဖျင်စစ်က နေ့တိုင်း ရေချိုးတတ်သောသူတစ်ယောက်ဖြစ်သည်။ ဤကမ္ဘာပေါ်ရှိလူများသည် ရေမချိုးဖူးကြောင်းကို သူ့အတွက် စိတ်ကူးရခက်သည်။ အဲဒါက ဘယ်လိုအတွေ့အကြုံမျိုးလဲ။ ခန္ဓာကိုယ်က နံတယ်မဟုတ်လား...


ထားလိုက်ပါ… အဲဒါကို တွေးရတာ စိတ်မသက်မသာဖြစ်မိတယ်…


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်၏ ရုပ်ဆိုးသော မျက်နှာကို သတိပြုမိကာ ပြုံးပြီး သူ့ပခုံးကိုပုတ်လိုက်သည်။

"စိတ်မပူပါနဲ့ မင်းရေချိုးချင်ရင် ငါ့မှာနည်းလမ်းရှိတယ်"


ကျန်းဖျင်စစ်က သူ့ကို လှည့်ကြည့်လိုက်တော့ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"နောက်ကျရင် မင်းသိလိမ့်မယ်… သွားကြရအောင်"


နှစ်ယောက်သား ရင်ပြင်ကို အတူတူပြန်လာကြပြီး အဖွဲ့ဝင်များက အမြန်ရောက်လာသည်။


ခယ်ရှောင်ပင်းက အစားအသောက်ဆိုင်ရာ အချက်အလက်များကို အာရုံစိုက်ခဲ့သည်။

"ဒီမြို့မှာ နေထိုင်သူတွေရဲ့နေ့စဉ် အစားအစာက အဓိကအားဖြင့် ဘီစကွတ်နဲ့ ပေါင်မုန့်တွေပဲ… ရံဖန်ရံခါမှာ ယာဂုအိုးတစ်လုံးချက်ပြုတ်ဖို့ ရေကိုအသုံးပြုပြီး ဆားရည်စိမ်တွေကိုစားတယ်… သစ်သီးတွေနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက ချမ်းသာတဲ့သူတွေသာ တတ်နိုင်ပြီး နှစ်ကူးရက်မှာ စပျစ်သီးတစ်တွဲ ဒါမှမဟုတ် ပန်းသီးအနည်းငယ်ကို သာမန်လူတွေဝယ်ယူခြင်းက အရမ်းဇိမ်ရှိနေပြီ"


လျှိုကျောက်ချင်း: "ဒီမြို့တစ်ခုမြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် နှစ်စဉ် လူပေါင်း သောင်းနဲ့ချီ သေဆုံးနေတယ်… အဆုတ်ကင်ဆာဖြစ်ပွားမှုက 10%၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာက 20% အထိ မြင့်မားနေတယ်… ကျန်းမာတဲ့သူတွေက ရှားတယ်… ကလေးမွေးနှုန်းလည်း အရမ်းနည်းပြီး မြို့နေလူဦးရေလည်း လျော့ပါးလာတယ်"


လင်းမန့်လော်က လေးနက်စွာပြောခဲ့သည်။

"သိပ္ပံနဲ့နည်းပညာရဲ့ ပံ့ပိုးမှုနဲ့တောင် ဒီကြမ်းတမ်းတဲ့အခြေအနေတွေမှာ အချိန်ကြာမြင့်စွာနေထိုင်ခြင်းက လူသားတွေရဲ့ ပျမ်းမျှသက်တမ်းကို အသက် 40 အထိ တိုစေတယ်… လူငယ်တွေက မျိုးဆက်ပွားဖို့ ဆန္ဒမရှိကြဘဲ သက်တမ်းတိုတာကြောင့် မျိုးစိတ်တွေ မျိုးသုဉ်းသွားခြင်းဖြစ်တယ်"


လန်ယာရုန်: "ငါ အခုပဲ လမ်းသွားလမ်းလာတချို့ကို စကားစမြည်ပြောဖို့ တားလိုက်တာ အားလုံးက စိတ်ဓာတ်ကျနေတဲ့ပုံစံတွေနဲ့ လူသေကောင်ကြီး လမ်းလျှောက်နေသလို နေထိုင်နေကြတာကို တွေ့ရတယ်… သူတို့မှာ ဖျော်ဖြေရေး လှုပ်ရှားမှုတွေ မရှိဘူး"


ခေါင်းစဉ်က လေးလံလာပြီး လူတိုင်း၏မျက်နှာက အနည်းငယ် ရုပ်ဆိုးသွားသည်။


ဤကဲ့သို့ အလွန်ညစ်ညမ်းသော ပတ်ဝန်းကျင်နှင့် လူသားများ၏ လက်ရှိအခြေအနေကို သူတို့တစ်ခါမှ မတွေ့ဖူးပါ။


အခြေခံအစားအစာနှင့် အာဟာရကို မဆိုထားနှင့် ရေအတွက်ပင် ID ကတ်ဖြင့် တန်းစီရမည်ဖြစ်သည်။ မိသားစုတစ်စုမှာ တစ်ပတ်ကို 10 လီတာ ဘယ်လိုလုပ် လုံလောက်မှာလဲ။ နေ့စဥ်သောက်ဖို့နဲ့ ရံဖန်ရံခါ ထမင်းတစ်နပ်လောက်အတွက် လုံလောက်မှာကို သူတို့စိုးရိမ်မိသည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ငါတို့အခြေစိုက်စခန်းကို အရင်တည်ဆောက်ကြရအောင်" 


မှောင်နေပြီဖြစ်၍ လမ်းမီးများ မရှိတော့သဖြင့် လျှပ်စစ်မီး သက်သာစေရန် ဖြစ်နိုင်သည်။ ကျန်းဖျင်စစ်သည် ချင်လုကို သူ့မှတ်ဉာဏ်ထဲမှာရှိသော အနေအထားအတိုင်း နေရာရွှေ့ခိုင်းလိုက်သည်။ ချင်လုသည် အဆက်မပြတ် နေရာရွှေ့ခြင်းအတွက် ကမ္ဘာလုံးကို ထုတ်ယူပြီး မကြာမီ တောင်ခြေရင်းသို့ ရောက်လာသည်။


လူသူကင်းမဲ့ပြီး ပတ်ဝန်းကျင်က မြို့ကဲ့သို့ ဆိုးရွားသည်။ မြင်ကွင်းအတွင်းရှိ တောင်တစ်ခုလုံးက အစိမ်းရောင်အပင်များ မရှိပေ။


ရှင်းယန်သည် အလင်းရောင်ရရန် အရက်မီးခွက်ကို အသုံးပြုပြီး ကျန်းရှောင်နျန်က လုပ်ငန်းစတင်ရန် မြေတူးစက်ကို ဆင့်ခေါ်ခဲ့သည်။


အစပိုင်းတွင် အဖွဲ့ထဲမှာ နေရာရွှေ့ပြောင်းခြင်းဆိုင်ရာ စွမ်းရည်အများအပြားရှိတာကြောင့် စီနီယာအစ်မမန့်လော်၏ နွယ်ပင်များကို တံတားများတည်ဆောက်ရာတွင်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် ကျန်းရှောင်နျန်သည် "တံတားတည်ဆောက်ခြင်း" စွမ်းရည်ကို မလေ့လာဘဲ ယနေ့ခေတ်တွင် အဆင်ပြေလာခဲ့သည့် "မြေအောက်တည်ဆောက်ခြင်း" ကို သင်ယူခဲ့သည်။


ဗိသုကာဌာန၏ "မြေအောက်ခံတပ်" စွမ်းရည်သည် အလွန်အစွမ်းထက်သည်။ 10 မိနစ်အတွင်း ကျန်းရှောင်နျန်သည် စတုရန်းမီတာ 200 ခန့်ကျယ်သော တွင်းကြီးကို တူးခဲ့သည်။ အဆိုပါမြေကွက်တွင် နှစ်ယောက်အိပ်ခန်း 6 ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း 2 ခန်းတို့ ပါဝင်သည်။


အားလုံးက မြေအောက်ခန်းကို ရောက်လာကြသည်။ ပြတင်းပေါက်လည်းမရှိသလို မြေအောက်အလင်းရောင်လည်း မရှိဘူး။ ရှင်းယန်သည် အခန်းထဲတွင် အရက်မီးခွက်များစွာကို မီးအလင်းရောင်အဖြစ် ထားခဲ့သည်။ အားလုံးက မြေအောက်ခန်းကို လျှောက်သွားပြီး ဂျူနီယာညီလေး၏ လက်ရာကို သဘောကျကြသည်။


ကျိုဖုန်းက ပြုံးကာပြောသည်။

"ရှောင်နျန်က လုပ်နိုင်တာပဲ… ဒီမြေအောက်အိပ်ဆောင်က တော်တော်ကျယ်တယ်"


ကျန်းရှောင်နျန်က ချီးမွမ်းခံရတာကြောင့် အလွန်ပျော်သွားသည်။

"ဘာပဲဖြစ်ဖြစ် မြေကွက်အတွက် ပိုက်ဆံမလိုဘူးဆိုတော့ ကျွန်တော် နည်းနည်းပိုကြီးအောင်ဆောက်ခဲ့တာ"


လျှိုကျောက်ချင်း: "မြေအောက်က စိုစွတ်ပြီး အေးနေတာပဲ… ဒီတော့ ဒီလိုလုပ်ရအောင်… အားလုံးက စောင်တွေကို ကိုယ်တိုင်လုပ်ရအောင်"


မိန်းကလေး လေးယောက်က သူ့ကို ပြန့်ကြည့်လာပြီး တပြိုင်နက်တည်းပြောလိုက်သည်။

"ရှင်က ပတ်တီးကို စောင်အဖြစ် သုံးချင်တာလား"


လျှိုကျောက်ချင်းက ရယ်ကာ ပြောသည်။

"ငါ့မှာ အဆုံးမရှိ ပတ်တီးနဲ့ ခွဲစိတ်ချုပ်ရိုးတွေ ရှိတယ်… ဒါကြောင့် ငါက အိပ်ရာနဲ့ စောင်တွေလို့ရတယ်… မင်းတို့ ပတ်တီးနဲ့လုပ်ထားတဲ့စောင်ကို ခြုံတာ ပထမဆုံးအကြိမ်မလား… အဲဒါက နွေးထွေးရုံတင်မက အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်တဲ့ မင်းတို့ခန္ဓာကိုယ်က ဝက်ခြံတွေနဲ့ အမာရွတ်တွေအားလုံးကို ဖယ်ရှားပေးနိုင်တယ်"


မိန်းကလေးများ: "..."


ငါတို့အားလုံး ဒီလို "လှပသောစောင်" ကို ရချင်တယ်…


ယွဲ့ရှင်းဝမ်က ဆက်ပြောလာသည်။

"ငါ့ရဲ့မိုးသည်းခြင်းစွမ်းရည်က အဆင့်မြင့်ပြီးနောက် မီတာ 30x30 အထိ ကြီးမားတဲ့မိုးသည်းခြင်းကို ဆင့်ခေါ်နိုင်ပြီး စောင့်ဆိုင်းချိန်က တစ်နာရီဖြစ်တယ်… နောက်ကျရင် ရေချိုးခန်းနှစ်ခုရဲ့ တည်နေရာမှာ မိုးသည်းခြင်းကို ငါတိုက်ရိုက်ဆင့်ခေါ်ပေးမယ်… အများသုံးရေချိုးခန်းအဖြစ် ယောင်္ကျားလေးတွေအတွက်က တစ်ခန်း၊ မိန်းကလေးတွေအတွက်က တစ်ခန်းအသုံးပြုပြီး မိုးရေနဲ့ ရေချိုးကြပေါ့"


ယွဲ့ရှင်းဝမ်က ထပ်ပြောသည်။

"မိုးရေက အရမ်းအေးတယ်… ဒါပေမဲ့ ငါ့ရဲ့မိုးရေကို အခြားဘာသာရပ်စွမ်းရည်တွေနဲ့ ပေါင်းစပ်နိုင်တယ်… ရှင်းယန်က အရက်မီးခွက်ကို တိမ်တိုက်တွေထဲ ပေါင်းထည့်ပြီး မိုးရွာနေစဉ် အပူပေးပြီး ငါတို့တွေ ရေပူချိုးလို့ရတယ်"


ဒီလိုပြောပြီးနောက် သူက ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။ ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်က ပေါ့ပါးစွာ မြှောက်တက်သွားပြီး ယွဲ့ရှင်းဝမ်ကို လက်မထောင်ပြလိုက်သည်။


လူတိုင်း: "???"‌


မြေအောက်စခန်း တည်ဆောက်ထားပြီး ပတ်တီးကို စောင်အဖြစ် အသုံးပြုကာ မိုးရေကို ရေချိုးရန် အသုံးပြုသည်။


သူတို့ရဲ့ 183 သုတေသနအဖွဲ့ပုံစံက ပုံမှန်မဟုတ်မှန်း ငါသိနေတယ်…


#TK