Chapter 176
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 176 (ကြည်လင်သောရေနှင့်စိမ်းလန်းသောတောင်တန်း ၀၁)


"ပတ်ဝန်းကျင်ညစ်ညမ်းခြင်း" စာမေးပွဲခန်း၏ နောက်ဆုံးရက်အနည်းငယ်တွင် တာဝန်ရှိသူများသည် ယွဲ့ရှင်းဝမ်နှင့် အခြားသူများက သဲလွန်စများပေးခဲ့သောကြောင့် လူသားစားသော ဓားပြဂိုဏ်းကို အောင်မြင်စွာ နှိမ်နင်းခဲ့ပြီး ယွဲ့ရှင်းဝမ်သည် လူတိုင်းကို ငွေအနည်းငယ်ရအောင် ရေများကို အကြိမ်ကြိမ်ရောင်းချရန် လျှို့ဝှက်စီစဉ်ခဲ့သည်။


သူတို့သည် လိမ္မော်သီးတွေ မရောင်းဝံ့ကြတော့ဘဲ ထို့အပြင် ဒီကမ္ဘာမှာ လိမ္မော်သီးမရှိတာကြောင့် ဒီအသီး၏ရင်းမြစ်ကို ရှင်းပြလို့မရဘူး။ ရေရောင်းချရာတွင် ယခင်နည်းအတိုင်း ရေပုံးအလွတ်များကို လူတိုင်းဝယ်နေကြဆဲဖြစ်ပြီး ၎င်းတို့ကို ရေဖြည့်ကာ ရပ်ရွာအနီးတွင် ပြန်လည်ရောင်းချကြပြီး အကြောင်းပြချက်မှာ အများကြီးဝယ်ထားမိလို့ဖြစ်သည်။


သူတို့၏ ရေရောင်းအားက အလွန်ကောင်းပြီး တစ်နေ့ကို ပုံး 100 လောက်ရောင်းရပြီး သူတို့၏အသားတင်ဝင်ငွေက ယွမ် 4,000 ကျော်ရှိပါသည်။ သူတို့သည် ရက်အနည်းငယ်အတွင်း ငွေအမြောက်အမြား သိမ်းဆည်းနိုင်ခဲ့သည်။ ကံမကောင်းစွာပဲ စာကြည့်တိုက်သည် ငွေကြေးမှအမှတ်များ၏ အချိုးကို 200:1 အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ ဝမ်းနည်းစရာဖြစ်သည်။ စာမေးပွဲခန်းမှ မထွက်ခွာမီ လူတိုင်းသည် အမှတ်များအတွက် ကျန်ငွေကြေးအားလုံးကို လဲလှယ်ခဲ့ကြပြီး အမှတ် 300 ခန့်သာ ရခဲ့သည်။


ခယ်ရှောင်ပင်းက ညည်းညူသည်။

"အမှတ် 300 က စာကြည့်တိုက်မှာ တစ်ရက်စာ နေထိုင်စရိတ်အတွက်ပဲ လုံလောက်တယ်"


စာကြည့်တိုက်ကန်တင်းရှိ အမြန်အစားအစာသည် 10 မှတ် ကုန်ကျပြီး နေ့လယ်စာ တစ်ကြိမ်အတွက် သူတို့သည် အမှတ် 120 အသုံးပြုရသည်။ ရက်အနည်းငယ်ကြာအောင် ကြိုးကြိုးစားစားလုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် အမှတ်အနည်းငယ်သာရခဲ့ပြီး စာကြည့်တိုက်သည် တွင်းကြီးတစ်ခုဟု လူတိုင်းခံစားခဲ့ရသည်။


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလိုက်သည်။

"ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်… အမှတ် 300 ကလည်း အမှတ်ပါပဲ… ဖျင်စစ်ကို အဖွဲ့ရန်ပုံငွေအဖြစ် လွှဲပေးလိုက်မယ်"


ကျန်းဖျင်စစ်က ရှင်းဝမ်ကို ကြည့်ပြီး မေးလိုက်သည်။

"ငါ့မှာ ငွေကြေးနဲ့ မလဲလှယ်ရသေးတဲ့ အဖွဲ့အမှတ် 1,000 ရှိတယ်… အစပိုင်းမှာ လူတိုင်းပေးခဲ့တဲ့အမှတ်တွေထဲက ဝယ်ခဲ့တဲ့ ပစ္စည်းတွေကလွဲရင် 4,000 လောက်ကျန်နေသေးတယ်… ငါ အားလုံးကို ပြန်မျှဝေပေးရမလား" 


ယွဲ့ရှင်းဝမ်သည် ခဏစဉ်းစားပြီး ပြောသည်။

"မလိုအပ်ဘူးမလား… ငါတို့က စာကြည့်တိုက်မှာနေပြီး ငါတို့ရဲ့နေထိုင်မှုစရိတ်က နေ့တိုင်းစားဖို့ 300 ကျော်လိုတယ်… မင်းလက်ထဲမှာ ဒီအမှတ်တွေက နှစ်ပတ်စာနေထိုင်စရိတ်ကို ပေါင်းလိုက်ပေါ့…" သူက ခဏရပ်လိုက်ပြီး ပြောသည်။ "နောက်ထပ်ဌာနတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိဘူး… ငါတို့တွေ တစ်ပတ်ကို ဌာန 2-3 ခုတက်နိုင်ရင် နှစ်ပတ်အတွင်း စာကြည့်တိုက်ကနေ ထွက်သွားနိုင်လောက်တယ်"ဃ


ကျန်းဖျင်စစ်က ရိုးရှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ… ဒါဆို ဒီအမှတ်တွေကို ငါ သိမ်းထားမယ်… နောက်ထပ် အားလုံးက နေထိုင်စရိတ် ပေးစရာ မလိုတော့ဘူး… ကိုယ့်ရဲ့စွမ်းရည်တွေကို အဆင့်မြင့်တက်ဖို့ ရှင်းလင်းရေးအမှတ်တွေကို သိမ်းထားနိုင်တယ်" 


ပတ်ဝန်းကျင်ညစ်ညမ်းခြင်းအတန်းသည် အစပိုင်းတွင် ငွေကြေးနှင့် လဲလှယ်ရန် အမှတ်များ လိုအပ်သောကြောင့် သူတို့က အမှတ်အားလုံးကို ပေးအပ်ခဲ့သည်။ လက်ရှိအချိန်တွင် အဖွဲ့ရန်ပုံငွေကို ကိုင်ထားသူ ကျန်းဖျင်စစ်မှလွဲ၍ ကျန်သောသူများက အမှတ်မရှိဘဲ ဆင်းရဲနေကြသည်။


ကံကောင်းထောက်မစွာ ဒီသင်တန်းပြီးသွားရင် လူတိုင်းမှာ အမှတ်များ ထပ်မံရလိမ့်မည်။


ည 12 နာရီတွင် အားလုံး၏ လေးထောင့်ဘောင်ထဲတွင် ရင်းနှီးသော အချက်ပြသံတစ်ခု ထွက်ပေါ်လာသည်——


သုတေသနအဖွဲ့: C-183


သင်တန်း: ပတ်ဝန်းကျင်ညစ်ညမ်းခြင်း


Credit: 3 မှတ်


ရှင်းလင်းရေးရမှတ်: 92 မှတ်


နောက်ဆုံးအမှတ်: 3x92 = 276 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ စုစုပေါင်းအမှတ် 414 မှတ် ရရှိပါသည်။


သင်တန်းကျရှုံးမှုနှုန်း: 10% 


လျှိုကျောက်ချင်းသည် သင်တန်းကျရှုံးနှုန်းကို မြင်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

"ဒါက ငါမြင်ဖူးသမျှသင်တန်းတွေထဲမှာ ကျရှုံးမှုနှုန်းအနည်းဆုံးသင်တန်းပဲ… ဆေးပညာဌာနရဲ့ ပထမဆုံးသင်တန်း ‘စမ်းသပ်ခန်းမှလွတ်မြောက်ခြင်း’ရဲ့ ကျရှုံးနှုန်းက 20% ဆိုတာ မှတ်မိသေးတယ်"


ကျိုဖုန်းက ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ဒီသင်တန်းကို ရှင်းဖို့နည်းလမ်းက တကယ်တော့ အရမ်းရိုးရှင်းတယ်… ပုန်းဖို့နေရာရှာပြီး စုဆောင်းထားတဲ့ အမှတ်တွေကို ပိုက်ဆံနည်းနည်းနဲ့ လဲလှယ်ပြီးတော့ စူပါမားကက်ကနေ အစားအသောက်တွေဝယ်ပြီး 14 ရက်ကြာရင် သင်တန်းကို အောင်နိုင်တယ်"


လင်းမန့်လော်: "ဒီသင်တန်းရဲ့ credit 3 မှတ်က ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်းကို တွေ့ကြုံခံစားရအောင်ပါပဲ… ဇီဝသိပ္ပံဌာနရဲ့ သန္ဓေပြောင်းသတ္တဝါတွေဆီက ထွက်ပြေးရတာနဲ့ နှိုင်းယှဉ်ရင် ငါတို့တွေ လိုက်လျောညီထွေရှိပြီး ရှင်သန်နေနိုင်သ၍ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းကို အောင်ဖို့က တကယ်တော့ မခက်ဘူး"


ယွဲ့ရှင်းဝမ်က ထောက်ခံခဲ့သည်။

"ကျွန်တော်တို့တွေ လိမ္မော်သီးရောင်းဖို့ ထွက်သွားတဲ့အတွက် အများကြီး ပြဿနာတက်သွားတာပါ… အစကတည်းက ကျွန်တော်တို့တွေ တိတ်တဆိတ် ပုန်းနေခဲ့ရင် ဒီအတန်းက အရမ်းလွယ်လိမ့်မယ်… ဒါပေမယ့် ကျွန်တော်တို့ ပုန်းအောင်းပြီး အတန်းကိုအောင်ခဲ့ရင် အမှတ်တွေ အရမ်းမြင့်မယ်မထင်ဘူး… ကျွန်တော်တို့တွေ အောင်ရုံလောက်အမှတ်ပဲရလိမ့်မယ်… အမှတ်များများရဖို့ ကမ္ဘာကြီးကို စူးစမ်းရမယ်"


မည်သို့ပင်ဆိုစေကာမူ လူတိုင်းသည် နောက်ဆုံးရမှတ် 90 ကျော်၍ အလွန်ကျေနပ်ခဲ့ကြသည်။


အထူးသဖြင့် အစားအသောက်၊ ဘီစကွတ်နဲ့ အသီးအရွက်စွပ်ပြုတ်တွေ 14 ရက်လောက်စားရတာ နည်းနည်းတော့ ခက်ပါသည်။ စာကြည့်တိုက်သို့ပြန်ရောက်ပြီးနောက် လူတိုင်း၏ပထမဆုံးတုံ့ပြန်မှုသည် အဆာပြေမုန့်များဝယ်ရန် စာကြည့်တိုက်စူပါမားကတ်သို့ သွားခြင်းဖြစ်သည်။


ယွဲ့ရှင်းဝမ်က အာလူးကြော်နှစ်ထုပ်ဝယ်ပြီး စားဖို့ပြန်သွားခဲ့သည်။ ခယ်ရှောင်ပင်းသည် ပိုလို့တောင် ပုံကြီးချဲ့နေခဲ့သည်။ သူသည် ချောကလက်၊ ချိုချဉ်နှင့် ဖရဲသီးစေ့များကို ဝယ်ခဲ့သည်။ သူသည် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းတွင် 414 မှတ်ရရှိပြီး တစ်ဝက်ကို စာကြည့်တိုက်တွင် အသုံးပြုခဲ့ကာ လွန်ခဲ့သော 14 ရက်အတွင်း သူ့ဗိုက်က ဘယ်လောက်တောင် အဆင်မပြေဖြစ်သလဲဆိုတာ ဖော်ပြနေသည်။


ရှင်းယန်က ခပ်ရေးရေး မေးခဲ့သည်။

"မင်းက အမှတ်တွေအားလုံးကို အဆာပြေမုန့်တွေဝယ်ဖို့သုံးနေတာ ရှောင်ထူကို အဆင့်မြင့်ဖို့ အစီအစဉ်မရှိဘူးလား။"


ခယ်ရှောင်ပင်းသည် ကုတင်အစွန်းမှာထိုင်ပြီး အဆာပြေမုန့်တွေထုတ်ကာ ပြောလိုက်သည်။

"ဘာကိုစိုးရိမ်နေရမှာလဲ… ငါတို့မိသားစုရဲ့ရှောင်ထူက သူ့ဘာသာသူ ဖွံ့ဖြိုးလာလိမ့်မယ်… ရှောင်ထူက သင်ယူဖို့အတွက် အရင်ဆုံး ပိတ်ပစ်ရပြီး အဲဒါက ဝိညာဉ်ဖြစ်လာတော့မှာ" 


ရှင်းယန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ရှောင်ထူက အလိုအလျောက် ပြောင်းလဲသွားတာ ထူးဆန်းတယ်လို့ မထင်ဘူးလား"


ခယ်ရှောင်ပင်းက ချောကလက်တစ်ပိုင်းကို အခွံခွာလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အချိုအရသာက သူ့လျှာဖျားမှာ ပျံ့နှံ့သွားသည်။ သူက အသက်ပြင်းပြင်းရှူပြီး မျက်လုံးကို ကျဉ်းမြောင်းကာ ပြုံးလိုက်သည်။ 

"ဒါက အနည်းငယ်ထူးဆန်းတယ်… ဒီတစ်ခေါက် ရှောင်ထူကို အဆင့်မြင့်ဖို့ ငါအမှတ်တွေ အသုံးမခဲ့တာကြောင့် စွမ်းရည်အသစ်တွေကို အဲဒါက မသင်ယူခဲ့ပေမဲ့ ရှောင်ထူရဲ့မှတ်ဉာဏ်က တိုးတက်လာတယ်"


ရှင်းယန်: "အဲဒါက အရပ်လည်းမြင့်လာပြီး မင်းရဲ့ခါးလောက်ရှိနေပြီ"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်… အစတုန်းက ငါ့ရှောင်ထူက လက်ဖဝါးအရွယ်ပဲရှိတယ်… အဆင့်မြင့်လိုက်တဲ့အခါ အဲဒါရဲ့အရပ်က သိသိသာသာ တိုးလာလိမ့်မယ်… ပုံမှန်အားဖြင့် ငါ သင်တန်းတစ်ခုပြီးတိုင်း အဲဒါက 5 စင်တီမီတာလောက် တိုးလာလိမ့်မယ်" ခယ်ရှောင်ပင်းက ခေတ္တရပ်လိုက်ပြီး ခေါင်းကုတ်လိုက်သည်။ "dungeon ကို ရှင်းလင်းဖို့ ကြီးထွားလာနေတဲ့ တိရစ္ဆာန်ကို ခေါ်လာရသလို ခံစားရတယ်… ပိုင်ရှင်က အဆင့်တစ်ခုကို ရှင်းလင်းပြီးရင် တိရစ္ဆာန်ကလည်း အတွေ့အကြုံရလာမှာလား"


ရှင်းယန်သည် သူ၏အသုံးအနှုန်းက အလွန်သင့်လျော်သည်ဟု ခံစားမိသောကြောင့် သူဆက်မပြောတော့ပေ။


ခယ်ရှောင်ပင်းက ချောကလက်တစ်ခုကို အခွံခွာပြီး တစ်ဖက်လူကို ပေးလိုက်သည်။

"မင်းလည်း တစ်ခုစားကြည့်ပါလား… အရသာရှိတယ်"


ရှင်းယန်သည် သူ့လက်ထဲရှိ ချိုချဉ်များကို တင်းမာသောအမူအရာဖြင့် ကြည့်နေသည်။ ခယ်ရှောင်ပင်း၏လက်ချောင်းများက အလွန်ဖြူပြီး အနက်ရောင်ချောကလက်က သူ့လက်ဖဝါးအလယ်တွင်ရှိနေကာ မျက်မှန်အနောက်က ကောင်လေး၏ မျက်လုံးများသည် အပြုံးနဲ့ ကွေးညွှတ်နေပြီး သူ၏အသွင်အပြင်က နှစ်သက်စရာလက်ဆောင်ကို သူ့အား ပေးသလိုဖြစ်နေသည်။


ရှင်းယန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ချောကလက်ကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ထို့နောက် သူ့မျက်ခုံးများသည် ဆေးသောက်နေသကဲ့သို့ ချက်ချင်းပင် ရှုံ့တွလာသည်။


ခယ်ရှောင်ပင်းသည် သူ့အပြုံးကို ရုတ်သိမ်းလိုက်၏။

"ချိုတယ်မလား… ဒါက ငါစားဖူးသမျှထဲမှာ အချိုဆုံး ချောကလက်ပဲ"


ရှင်းယန်သည် အော့အန်ချင်သော်လည်း သူ၏ စိတ်ညစ်နေသော အမူအရာကို ထိန်းကာ ခယ်ရှောင်ပင်းကို အေးစက်စွာ စိုက်ကြည့်ပြီး ချောကလက်ကို အစွမ်းကုန် မျိုချလိုက်သည်။ ခယ်ရှောင်ပင်းက အပြုံးဖြင့် ပြောသည်။

"ရှင်းယန်… ဒီအချိန်အတွင်း မင်းအများကြီး ပြောင်းလဲသွားတာကို သတိထားမိလား"


ရှင်းယန်က မျက်ခုံးပင့်လိုက်သည်။

"ဟုတ်လား"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကိုပင့်တင်ပြီး လေးလေးနက်နက်ပြောခဲ့သည်။

"အရင်တုန်းကဆို မင်းက တစ်ယောက်တည်းနေပြီး မင်းကို သူများတွေ သန်းနဲ့ချီပြီး အကြွေးတင်နေတဲ့ မျက်နှာမျိုးနဲ့ အမြဲနေတယ်… ငါ မင်းကို နှုတ်တောင်မဆက်ရဲဘူး… ဒါပေမဲ့ အခုတော့ အားလုံးက မင်းကို စနောက်တဲ့အခါ မင်းက စိတ်မဆိုးဘဲ ငါတို့အဖွဲ့ရဲ့ စားဖိုမှူးဖြစ်လာတယ်… မင်း အားလုံးအတွက် ပေါင်းခံပုလင်းနဲ့ ချက်ပြုတ်တာကိုတွေ့ရင် မင်းက ပေါင်းသင်းရမခက်ဘူးလို့ ငါထင်တယ်"


ရှင်းယန်၏ မျက်နှာသည် အနည်းငယ် အေးခဲသွားပြီး တုံ့ပြန်ခြင်း မပြုခဲ့ပေ။


ခယ်ရှောင်ပင်းသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း သက်ပြင်းချလိုက်သည်။

"တချို့အရာတွေက တကယ်တော့ ရင်ထဲမှာ မြှုပ်နှံထားစရာမလိုဘဲ အနှောင်အဖွဲ့ဖြစ်လာတယ်… မင်း အထက်တန်းကျောင်းတုန်းက မင်းအနီးနားက အတန်းဖော်တွေ မင်းနဲ့ သိပ်ခင်မင်မှုမရှိဘူးဆိုတာ ငါသိပါတယ်… ဒါပေမဲ့ အဲဒါကအတိတ်ကလေ… အခုကမတူတော့ဘူး… အားလုံးက မင်းကို သဘောကျကြတယ်… မင်း ရေချိုခန်းကို ပတ်တီးနဲ့ခွဲပြီး ပေါင်းခံပုလင်းကို ရေချိုးဇလုံလုပ်ဖို့ အသုံးပြုတုန်းက စီနီယာအစ်မလန်၊ စီနီယာအစ်မလင်းနဲ့ အခြားသူတွေက အသေးစိတ်ကျလို့ မင်းကိုတောင် ချီးကျူးကြတယ်"


ရှင်းယန်သည် တည်ငြိမ်သောမျက်နှာဖြင့် ရေချိုးခန်းဘက်သို့ လှည့်ကာ စကားတစ်ခွန်းကို ပစ်သွင်းခဲ့သည်။

"မင်းက အရမ်းစပ်စုတာပဲ"


ခယ်ရှောင်ပင်းသည် သူ၏တောင့်တင်းသော နောက်ကျောကို ကြည့်ကာ နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်သွားသည်။ သူသည် ကျောင်းတွင်းအကြမ်းဖက်မှုကို တစ်ခါမှ မကြုံဖူးသောကြောင့် အထီးကျန်ပြီး အနိုင်ကျင့်ခံရသည့် အချိန်တွင် အသက် 16 နှစ်အရွယ် ရှင်းယန်သည် မည်မျှ ဝမ်းနည်းကြေကွဲခဲ့ရသည်ကို အပြည့်အဝ သူနားမလည်နိုင်ပေ။ သို့သော် စိတ်ပိုင်းဆိုင်ရာအခက်အခဲကို ဖြတ်ကျော်ပြီးပါက ချောမွေ့သောလမ်းဖြစ်လာမည်ဖြစ်သည်။ မကျော်ဖြတ်နိုင်ရင် ကိုယ့်ကိုကိုယ် နှိပ်စက်ညှဉ်းပန်း ခံရလိမ့်မည်။


ရှင်းယန်က သွေးအေးသောလူမဟုတ်ဘူးလို့ ခယ်ရှောင်းပင် အမြဲတမ်းခံစားခဲ့ရပြီး ဒီစာကြည့်တိုက်စာမေးပွဲဖြေပြီးရင် ရှင်းယန်သည် ရိုးသားသောသူငယ်ချင်းတွေရပြီး အလွန်အထီးကျန်မနေဖို့လို့လည်း သူမျှော်လင့်ခဲ့သည်။


ရှင်းယန် ရေချိုးခန်းမှ ထွက်လာသောအခါ ခယ်ရှောင်ပင်းသည် သူ့ဘေးက ကုတင်တွင် လဲလျောင်းနေပြီး မျက်မှန်ရွဲ့စောင်းလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ ဒီလိုအိပ်နေသော အနေအထားက တုံးအပုံရပေမဲ့ ဒီခယ်ရှောင်ပင်း၏ပုံစံက တုံးအပုံပေါ်ပေမဲ့ သူ့ရင်ထဲမှာတော့ တောက်ပသောမှန်တစ်ချပ်လို ဖြစ်နေတယ်ဆိုတာ သူသိသည်။


သူ့အတိတ်ကို ပြောပြလိုစိတ်မရှိသောအပိုင်းသည် သူ့ရင်ထဲတွင် ဆူးပင်ဖြစ်ပြီး ၎င်းသည် နှစ်ပေါင်းများစွာ သူ့တွင် သူငယ်ချင်းမရှိရသည့် အကြောင်းရင်းလည်းဖြစ်သည်။


သူသည် 183 သုတေသနအဖွဲ့တွင် ပါဝင်လာသောအခါ သူသည် လူတိုင်းနှင့် သူငယ်ချင်းဖြစ်ရန်ပင် မစဉ်းစားခဲ့ပေ။ သူ့အမြင်အရတော့ အားလုံးက စာမေးပွဲဖြေပြီး သင်တန်းကို အတူတူအောင်ခဲ့ကြပေမဲ့ သူတို့လိုအပ်တာကိုပဲယူပြီး မသင့်တော်ရင် သူတို့က အဖွဲ့တွေကို အချိန်မရွေးပြောင်းနိုင်ပါသည်။


သို့ပေမဲ့ အချိန်အတော်ကြာ ပေါင်းသင်းပြီးနောက်မှာတော့ ဒီအဖွဲ့ရှိ လူတိုင်းမှာ သူတို့၏ တောက်ပသောအချက်များ ရှိနေတာကို သူတွေ့ရှိခဲ့သည်။ ရှင်းဝမ်၏ ဦးဆောင်မှုအောက်၌ အဖွဲ့ထဲတွင် လိမ်လည်တာ ဒါမှမဟုတ် အချင်းချင်း တွက်ချက်မှုမျိုး မရှိဘဲ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး အချင်းချင်း ကူညီကြသည်။


မရင်းနှီးသော ကောလိပ်ကျောင်းသားအုပ်စုကြားတွင် ဤကဲ့သို့ "ချစ်ခင်မြတ်နိုးခြင်း" ဟူသော ခံစားချက်မျိုး ပေါ်ထွန်းလာမည်ဟု သူ မမျှော်လင့်ထားပေ။


သူ တစ်ခါမှ မပြောဖူးပေမဲ့ သူ့ရင်ထဲမှာ အဖွဲ့ကို တဖြည်းဖြည်း သဘောကျလာခဲ့သည်။


ရှင်းယန်က ကိုင်းလိုက်ပြီး ခယ်ရှောင်ပင်း၏ မျက်မှန်ကို ညင်သာစွာ ချွတ်ကာ သူ့ဘေးရှိ စားပွဲပေါ်မှာ တင်လိုက်သည်။ သူသည် စာကြည့်တိုက်ကနေ ထွက်သွားပြီး တက္ကသိုလ်ကို ပြန်ရောက်ရင် ခယ်ရှောင်ပင်း ပြောခဲ့သလို အတိတ်က ထွက်သွားချင်လိမ့်မယ်လို့ သူတွေးခဲ့သည်။


အခြားသူတွေကို ချဉ်းကပ်ပြီး ယုံကြည်ဖို့ ကြိုးစားကြည့်မည်။


***


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ မသင်မနေရသင်တန်းများက နံနက်ပိုင်းနှင့် နောက်တစ်ချိန်က မွန်းလွဲ ၂ နာရီတွင်ရှိတာကြောင့် လူတိုင်းသည် နေ့လယ်တွင်သာ အနားယူကြပြီး နောက်တစ်ကြိမ် စာမေးပွဲကို ဆက်လက်ဖြေဆိုရန် သင်တန်းရွေးချယ်ရေးစင်တာတွင် အချိန်မီစုရုံးခဲ့ကြသည်။


လွန်ခဲ့သည့် 14 ရက်အတွင်း ရေချိုးခဲ့သော်လည်း သူတို့တွင် ရေချိုးဂျယ်နှင့် ခေါင်းလျှော်ရည်မပါသောကြောင့် ဆံပင်မသန့်ရှင်းကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ ထို့ကြောင့် စာကြည့်တိုက်သို့ ပြန်ရောက်ပြီးနောက် လူတိုင်းက ရေချိုးပြီး အဝတ်အစားများ သပ်သပ်ရပ်ရပ် ဝတ်ဆင်ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"အားလုံးအတွက် စာမေးပွဲတွေ ဆက်တိုက်ဖြေရတာ ခက်ခဲတယ်… အားလုံး အနားယူပြီးပြီလား"


လျှိုကျောက်ချင်းက သူ့လက်ကို အလျင်အမြင် ဝှေ့ယမ်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး… ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့နေရာကနေ တစ်ရက်စောပြီး ထွက်သွားနိုင်ရင် တစ်နေ့ကို စာမေးပွဲ သုံးခုလောက်ဖြေဖို့ ဆန္ဒရှိတယ်… နေ့လယ်မှာ ခဏလောက် အိပ်ခဲ့တာကြောင့် ပြဿနာမရှိဘူး" စီနီယာအစ်ကိုလျှို၏ ပြောကြားချက်ကို လူတိုင်းက သဘောတူပြီး ခေါင်းငြိမ့်ကြသည်။


ယွဲ့ရှင်းဝမ်သည် ရှေ့သို့ တိုးလာပြီး သင်တန်းရွေးချယ်ရေးခလုတ်ကို နှိပ်လိုက်သည်။


[မသင်မနေရသင်တန်း: ကြည်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်း]


[ဌာန: ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန]


[Credits: 3 မှတ်]


[စာမေးပွဲခန်းစည်းမျဉ်းများ: စာမေးပွဲခန်းရှိ အများဆုံးလူဦးရေမှာ 12 ဦး (X အဖွဲ့ဝင်များ မပါဝင်ပါ)]


[သင်တန်းဖော်ပြချက်: သင့်မြို့ပတ်ပတ်လည်တွင် သဲကန္တာရကြီးတစ်ခုရှိသည်။ ဤနေရာတွင် နေထိုင်သူများသည် နှစ်ဝက်လောက် သဲမုန်တိုင်းဒဏ်ကို ခံစားနေကြရသည်။ ပိုကြောက်စရာကောင်းတာက သဲကန္တာရက မြို့ထဲကို ပြန့်နှံ့နေပြီး ပတ်ဝန်းကျင်မြေဆီလွှာတွေကလည်း သဲကန္တာရဖြစ်နေပါသည်။ ဤအခြေအနေကို တိုးတက်စေရန်အတွက် စာကြည့်တိုက်သည် ပတ်ဝန်းကျင်စီမံခန့်ခွဲရန်နှင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို မြင့်တင်ရန် သင့်အားစေလွှတ်လိုက်သည်]


[စာမေးပွဲလိုအပ်ချက်များ: ပတ်ဝန်းကျင်ကို စီမံခန့်ခွဲပြီး မြို့ကို ကြည့်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်းအဖြစ် ပြန်လည်ဖန်တီးပါ။]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


သင်တန်း၏ဖော်ပြချက်အား ကြည့်လိုက်တော့ ခယ်ရှောင်ပင်းသည် သူ့နဖူးကို ကူကယ်ရာမဲ့ ကိုင်ကာ ပြောလိုက်သည်။

"‘ကြည့်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်း’ဆိုတဲ့သင်တန်းနာမည်ကို မြင်လိုက်တုန်းက စာကြည့်တိုက်က ငါတို့ကို သစ်ပင်များစိုက်ခိုင်းမလားလို့ တွေးလိုက်မိတယ်… တကယ်ကြီးဖြစ်နေတာကို"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ပြောသည်။

"ငါက ကမ္ဘာသစ်ပင်စိုက်ပျိုးရေးနေ့မှာပဲ သစ်ပင်တွေစိုက်ဖူးတယ်… သဲမုန်တိုင်းထဲမှာ သစ်ပင်စိုက်ဖူးတဲ့ အတွေ့အကြုံမရှိဘူး" သူက လင်းမန့်လော်ကိုကြည့်ပြီး မေးလိုက်သည်။ "စီနီယာအစ်မမန့်လော်က ဒီအကြောင်းနဲ့ပတ်သက်ပြီး သိလား"


လင်းမန့်လော်: "ငါ နည်းနည်းတော့သိတယ်… တစ်ဆင့်ချင်းသွားပြီး အရင်ကြည့်ကြတာပေါ့"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ… ဒါဆို အတန်းရွေးလိုက်မယ်"


[သင်တန်းကို အောင်မြင်စွာရွေးချယ်ခဲ့သည့် 183 သုတေသနအဖွဲ့အား ဂုဏ်ပြုပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ "ကြည့်လင်သောရေနှင့် စိမ်းလန်းသောတောင်တန်း" သင်တန်း စာမေးပွဲစတော့မည်ဖြစ်သည်။ ခဏစောင့်ပါ...]


#TK