Volume 9 : ပထဝီဝင်ဌာန
Chapter 184 (ရေခဲခေတ် ၀၃)
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ရေခဲခေတ်အတွင်း ကမ္ဘာမြေကြီးတစ်ခုလုံး၏ သုံးပုံတစ်ပုံသည် ထူထပ်သော ရေခဲမြစ်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရေခဲမြစ်များပေါ်တွင် လမ်းလျှောက်ခြင်း၊ လူတိုင်း ရိုးရိုးဖိနပ်စီးထားသောကြောင့် လူတစ်ဝက်လောက်သည် ခြေလှမ်းနှစ်လှမ်းမတိုင်မီ ချော်လဲလုနီးပါးဖြစ်ခဲ့သည်။
အားလုံးက တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးပေးသည့်အတွက်ကြောင့် လူ 12 ယောက်က မြေပြင်ပေါ်ကို တစ်ပြိုင်နက်တည်း လဲကျသွားသည်။
ရေခဲပြင်ပေါ်ပြုတ်ကျတာက မြေပြန့်ထက် ပိုနာကျင်ပါသည်။ယွဲ့ရှင်းဝမ်က ခါးသီးသောမျက်နှာဖြင့် ပြောသည်။
"ဖျင်စစ်နဲ့ ချင်လုတို့ရဲ့ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကိုပဲ ငါတို့ အားကိုးနိုင်မယ်ထင်တယ်… ငါ စကိတ်စီးမသင်ဖူးတာကြောင့် ဒီရေခဲပြင်ပေါ်မှာ ကီလိုမီတာအနည်းငယ် လှမ်းလျှောက်ဖို့ မပြောနဲ့ ခြေလှမ်းအနည်းငယ်တောင် လှမ်းလျှောက်ဖို့ ခက်ခဲတယ်"
ကျန်းဖျင်စစ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ယွဲ့ရှင်းဝမ်ကို အလျင်အမြန်ဆွဲထူကာ အသံတိုးတိုးဖြင့် ပြောသည်။
"ငါ့ရဲ့သြဒီနိတ်စနစ်က နာရီဝက်တိုင်း စောင့်ဆိုင်းချိန်ရှိတယ်… ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ ငါတို့တွေ မမှောက်ခင် ကုန်းမြေကို ရှာလို့ရပါ့မလား"
ချင်လု: "ကျောက်ထုလွှာလှုပ်ရှားမှုက တစ်ကြိမ်ကို မီတာ 500 နဲ့ 12 ကြိမ်နေရာပြောင်းပြီး မီတာ 6,000 သွားနိုင်တယ်… ဒီရေခဲရဲ့ ဧရိယာက သိပ်မကျယ်ဖို့ ငါမျှော်လင့်တယ်… မဟုတ်ရင် ငါတို့ တစ်ညလုံး ရေခဲပေါ်မှာအိပ်ရမှာ"
ခယ်ရှောင်ပင်းသည် အေးခဲနေသော လက်ချောင်းများကို ပွတ်သပ်ကာ မီးလောင်နေသော ထင်းကို ကြည့်ရင်း ပြောသည်။
"ဖျင်စစ်က အားလုံးကို လေထဲမှာ နေရာရွှေ့ပြောင်းရန် ထိန်းချုပ်ဖို့ သြဒီနိတ်စနစ်ကို အသုံးပြုရင် ဒီတောက်လောင်နေတဲ့မီးကို သယ်ယူဖို့ မလွယ်ကူဘူးမလား… မီးမရှိဘဲ ငါတို့တွေ လမ်းတစ်ဝက်မှာတင် အေးခဲပြီး သေသွားနိုင်တယ်"
လန်ယာရုန်က ခါးသက်သက်မျက်နှာဖြင့် ပြောသည်။
"ငါ့တစ်ကိုယ်လုံးမှာ သွေးတွေ အေးခဲနေသလို ခံစားရတယ်… ငါဒီလိုဆက်သွားနေရင် ရေခဲရုပ်ဖြစ်သွားလိမ့်မယ်"
လျှိုကျောက်ချင်းက စနောက်လေသည်။
"ဒါဆို စီနီယာအစ်မ အရင်ဆုံး ပိုကောင်းတဲ့ ကိုယ်နေဟန်ထားမျိုးလုပ်ထားသင့်တယ်"
လောင်ကျွမ်းနေသော မီးသည် သူတို့၏ တစ်ခုတည်းသော အပူဓာတ် အရင်းအမြစ်ဖြစ်သည်။
သို့သော် ဤမီးလောင်ကျွမ်းမှုတွင်ပင် လူတိုင်းသည် အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်နေကြဆဲဖြစ်ကာ သူတို့ပတ်ဝန်းကျင်ရှိ အပူချိန်သည် အလွန်နိမ့်ကျပြီး သူတို့တွင် အနွေးထည်များ မပါရှိဘူး။
သို့သော် ကျန်းဖျင်စစ်သည် မီးလောင်နေသော ထင်းကို အားလုံးနှင့်အတူ ပျံသန်းလို့မရပေ။ ထိုအခြေအနေတွင် လူတိုင်းသည် မီးကြောင့် မနွေးထွေးတော့ဘဲ ကျန်းဖျင်စစ်၏တွက်ချက်မှုကိုလည်း အခက်တွေ့စေသည်။
အားလုံးက စိုးရိမ်နေကြပြီး ရှင်းယန်က ရုတ်တရက် တည်ငြိမ်စွာ ပြောခဲ့သည်။
"ငါ့မှာ နည်းလမ်းရှိတယ်… ငါ့ပေါင်းခံပုလင်းကို ချဲ့ပြီး အားလုံးကိုထည့်ဖို့ ကွန်တိန်နာအဖြစ် ပြောင်းသွားနိုင်တယ်"
ခယ်ရှောင်ပင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါပေမဲ့ မင်းရဲ့ပေါင်းခံစွမ်းရည်က လူ့ခန္ဓာကိုယ်ထဲက ရေတွေကို အငွေ့ပျံသွားအောင် လုပ်တာမဟုတ်ဘူးလား… ငါတို့ 12 ယောက်က မင်းကြောင့် အငွေ့ပျံသွားရင် အဖွဲ့လိုက် ချက်ချင်း ရှင်းပစ်ခံရမှာပေါ့"
ရှင်းယန်က ရှင်းပြသည်။
"အရက်မီးခွက်ရဲ့ အပူပေးလုပ်ဆောင်ချက်ကို မဖွင့်ထားသ၍ ပေါင်းခံပုလင်းက ရိုးရှင်းတဲ့ကွန်တိန်နာဖြစ်ပြီး လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေမဲ့ အငွေ့ဖြစ်စေမှာ မဟုတ်ဘူး… အနည်းဆုံးတော့ အပြင်က လေအေးတွေထဲမှာ နေတာထက် ပုလင်းထဲမှာနေတာက အားလုံးအတွက်ပိုကောင်းတယ်လို့ ငါထင်တယ်"
ခယ်ရှောင်ပင်းသည် ဖန်ပုလင်းတစ်လုံးထဲတွင် စုဝေးနေထိုင်ပြီး ကောင်းကင်တွင် ပျံသန်းနေသော လူ 12 ဦး၏ ပုံကို စိတ်ကူးကြည့်သည်...
သူတို့က ထိတ်လန့်ဖွယ်ဇာတ်ကားများ ရိုက်ကူးနေတာလား။
ခယ်ရှောင်ပင်းက မေးခဲ့သည်။
"မီးကကော"
ရှင်းယန်က ခဏလောက်စဉ်းစားပြီး ဆိုသည်။
"မီးလောင်နေတဲ့မီးသွေးကို ငြိမ်းသတ်ပြီးရင် ပေါင်းခံပုလင်းသေးသေးလေးနဲ့ အဖုံးပိတ်ပြီး ကျန်နေတဲ့အပူတွေကို သိမ်းဆည်းပြီး အပူပေးစက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်… အားလုံးက တစ်ခုစီကိုင်ထားပြီး လက်မောင်းထဲမှာကိုင်ထားရင် နွေးသွားလိမ့်မယ်"
ခယ်ရှောင်ပင်းက အံ့သြသွားသည်။
"အားလုံးက ပုလင်းသေးသေးလေးယူပြီး ပုလင်းကြီးထဲမှာ ထိုင်ကြမှာလား"
ရှင်းယန်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်"
ယွဲ့ရှင်းဝမ်သည် ရှင်းယန်၏အကြံအစည်ကို အလွန်သဘောကျခဲ့သည်။ သူ့စိတ်ထဲတွင် သရုပ်ဖော်ကြည့်ကာ ဤနည်းလမ်းက ဖြစ်နိုင်ခြေရှိသဘ်ဟု ခံစားမိသောကြောင့် သူက ပြောလိုက်သည်။
"လုပ်ရအောင်… ငါ အခြားနည်းလမ်းကို စဉ်းစားလို့ မရဘူး… ရှင်းယန်က ပုလင်းတစ်လုံးလုပ်ပြီး အားလုံး တန်းစီကြ"
ရှင်းယန်: "စိတ်မပူပါနဲ့… လေလည်ပတ်မှုသေချာစေဖို့ မင်းတို့ရှိတဲ့ပုလင်းတွေကို ငါပိတ်ထားမှာမဟုတ်ဘူး"
ရှင်းယန်သည် အစားအစာပြုလုပ်ရန် တုံ့ပြန်ပြောဆိုလေ့ရှိသောကြောင့် ယခုအခါ လူတိုင်းသည် သူ၏ဖန်ပုလင်းထဲတွင် လူကိုယ်တိုင်ရှိနေရမည်ဖြစ်သည်။ သေချာပေါက် အဲဒါက စိတ်ပိုင်းဆိုင်ရာအရ အဆင်မပြေဖြစ်ပြီး သူတို့က အငွေ့ပြန်တော့မှာလားလို့ အမြဲခံစားရလိမ့်မည်။
သို့သော် ရှင်းယန်က သူသည် အပူပေးကိရိယာကို မဖွင့်ဘူးဟု ပြောသောကြောင့် ဤပုလင်းသည် အမှန်ပင် အအေးဓာတ်ကို ကာကွယ်နိုင်သည်။
အားလုံးက အမြန်တန်းစီပြီး မတ်တတ်ရပ်လိုက်သည်။ ရှင်းယန်သည် ပထမဦးစွာ မီးငြိမ်းသတ်ပြီး အပူကာပုလင်းငယ် 12 လုံးကို ပြုလုပ်၍ တစ်ဦးစီအား ဖြန့်ဝေပြီးနောက် ပေါင်းခံပုလင်းကြီးများကို ခေါ်ယူကာ အဖွဲ့ဝင်များအား ပုလင်းများထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထည့်လိုက်သည်။
ခယ်ရှောင်ပင်းသည် သူ့ဘေးနားက ဖန်ပုလင်းထဲရှိ အဖွဲ့ဝင်များအား ကြည့်ကာ အကူအညီမဲ့စွာ သူ့နဖူးကို ကိုင်လိုက်သည်။
"ဒီလိုပုံစံက နည်းနည်းထူးဆန်းပေမဲ့ ဖန်ပုလင်းက အေးတဲ့လေကို ခွဲထုတ်နိုင်ပြီး အရင်က နည်းနည်းတော့ နွေးလာတယ်"
ယွဲ့ရှင်းဝမ်သည် ရှေ့ဆုံးမှာရှိနေပြီး သူက ပုလင်းထဲမှာထိုင်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ဖျင်စစ် သွားကြရအောင်"
ကျန်းဖျင်စစ်က သူ့ညာလက်ကို မြှောက်လိုက်ပြီး ပြောသည်။
"အားလုံးထိုင်ကြ"
အားလုံးက ယွဲ့ရှင်းဝမ်အတိုင်း ပုလင်းထဲမှာ ထိုင်နေလိုက်သည်။ ပုလင်း 12 လုံးကို စုစည်းထားသောကြောင့် လူတိုင်း၏ ရွေ့လျားမှုလမ်းကြောင်းကို ကျန်းဖျင်စစ်က ညှိနှိုင်းသတ်မှတ်လှုပ်ရှားမှုနည်းလမ်းဖြင့် ထိန်းချုပ်နိုင်သည်။ ကျန်းဖျင်စစ်သည် ဖော်မြူလာအနည်းငယ်ကို အမြန်ရေးသားခဲ့သည်။ ပုလင်း 12 လုံးသည် စုပေါင်းကာ လေထဲသို့ တက်လာသည်ကို လူတိုင်းမြင်ရပြီး sine မျဉ်းကွေးအရ အရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာကြသည်။
ခယ်ရှောင်ပင်းသည် ပုလင်းထဲတွင်ထိုင်ကာ အကြည်ရောင်ဖန်ပုလင်းကနေ သူ့ခြေထောက်အောက်ရှိ အဆုံးမဲ့ရေခဲကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အရမ်းပျော်ဖို့ကောင်းတာပဲ… ငါငယ်ငယ်က အကြည်ရောင်ချားရဟတ်စီးဖို့ ကစားကွင်းကိုသွားသလိုမျိုး ခံစားရတယ်"
ရွှီယိရှန်းက ပြုံးကာ ပြောသည်။
"ရှင်းယန်ရဲ့နည်းလမ်းက တကယ်ကောင်းတယ်… အားလုံးကို အကြည်ရောင်ပုလင်းနဲ့ ပျံသန်းစေပြီး အနွေးဘူးကို ငါတို့လက်ထဲမှာ ကိုင်ထားတယ်… ဓာတုဗေဒဌာနရဲ့ ကိရိယာတွေက တကယ်ကို စွယ်စုံရပြီး ဘာမဆို လုပ်လို့ရတယ်"
ယွဲ့ရှင်းဝမ်၏ပုလင်းနှင့် ကျန်းဖျင်စစ်၏ပုလင်းသည် ဘေးချင်းကပ်လျက်ရှိပြီး ရေခဲပြင်အထက်တွင် ပျံဝဲနေသော ဖန်ပုလင်းပေါ်တွင်ထိုင်ရင်း ဤအံ့သြဖွယ်အတွေ့အကြုံကို သူတို့တစ်သက်လုံး မေ့နိုင်ဦးမည်လား။ အိပ်မက်ထဲမှာတောင် ဒီလို ထူးထူးဆန်းဆန်း မြင်ကွင်းမျိုး သူတို့တစ်ခါမှ မမက်ဖူးဘူး။
ရေခဲပြင်သည် ကြီးမားသော်လည်း အားသာချက်မှာ မြင်ကွင်းအလွန်ကျယ်ပြီး သူတို့ကို ရပ်တန့်ရန် အတားအဆီးမရှိပေ။ ဤနည်းဖြင့် ကျန်းဖျင်စစ်၏ သြဒီနိတ်စနစ် လည်ပတ်မှုကို ဆက်လက်လုပ်ဆောင်နိုင်သည်။
လူတိုင်းသည် တစ်လမ်းလုံး အတားအဆီးမရှိ သွားခဲ့ပြီး ပုလင်းထဲတွင် အကြာကြီး နေခဲ့ရကာ ပို၍ပူနွေးလာသည်။
ယွဲ့ရှင်းဝမ်သည် သူ့ဘေးရှိ ပုလင်းထဲက ကျန်းဖျင်စစ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဖျင်စစ်… မင်း ငယ်ငယ်က ကစားကွင်းကို သွားဖူးလား"
ကျန်းဖျင်စစ်က ခေါင်းခါလိုက်သည်။ "ဟင့်အင်း"
အခြားအပျော်အပါးမက်သောကလေးများနှင့် နှိုင်းယှဉ်ပါက ကျန်းဖျင်စစ်သည် ကလေးဘဝကတည်းက တိတ်ဆိတ်ခြင်းကို နှစ်သက်သည်။ တစ်ယောက်တည်းနေရတာကို နှစ်သက်ပြီး သူ့အသက်ထက်ကျော်လွန်သော ခက်ခဲသော သင်္ချာပုစ္ဆာများကို လေ့လာရတာ နှစ်သက်သည်။ သူ့မိဘများအမြင်မှာတော့ သူက အလွန်ဉာဏ်ကောင်းပေမဲ့ အသက်တူသော ကလေးများ၏အမြင်မှာတော့ သူ့ပင်ကိုယ်စရိုက်က နည်းနည်းတော့ ငြီးငွေ့စရာကောင်းပါသည်။
ယွဲ့ရှင်းဝမ်သည် ကလေးတစ်ယောက်အနေဖြင့် အခန်းထဲမှာ တိတ်တဆိတ် သင်္ချာလုပ်နေသော ကျန်းဖျင်စစ်ကို စိတ်ကူးကြည့်ရင်း အပြုံးဖြင့် ပြောလိုက်သည်။
"ငါတို့ စာကြည့်တိုက်ကနေ ထွက်သွားတဲ့အခါ တစ်ရက်လောက် ကစားကွင်းကို သွားကြည့်ရအောင်… ဒီဖန်ပုလင်းက ထိုင်ရတာ အဆင်မပြေဘူး… အဲဒီအချိန်ရောက်တဲ့အခါ တကယ့်ချားရဟတ်ဆီ ငါမင်းကို ခေါ်သွားမယ်"
ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက ညင်သာစွာ မြှောက်သွားပြီး တိုးတိုးပြောလိုက်သည်။ "ကောင်းပြီ"
လူထူထပ်သောနေရာတွေကို သူမကြိုက်ပေမဲ့ ရှင်းဝမ်က သူ့ကို ခေါ်သွားမယ်ဆိုရင် ဘယ်နေရာကိုမဆို သူသွားနိုင်သည်။
သူတွေးနေရင်းနဲ့ ကောင်းကင်မှာ ရုတ်တရက် နှင်းတွေကျလာသည်။ ငန်းမွေးနှင်းများ တဖွဲဖွဲကျလာပြီး အေးစက်သောလေနှင့် နှင်းများရောပြီး ပုလင်းအဝကနေ အပြင်းအထန် စိမ့်ဝင်လာတော့ လျှိုကျောက်ချင်းက ချက်ချင်း ဆဲဆိုလိုက်သည်။
"ဒီစောက်အိမ်က ညမှာ အပေါက်ယိုနေသလိုပဲ… အေးခဲနေတဲ့ရာသီဥတုမှာလည်း နှင်းတွေကျနေတယ်"
ခဏတာ နွေးသွားပေမဲ့ နှင်းများကျလာပြီး ပုလင်းက အအေးကို မကာကွယ်နိုင်တော့ဘူး။
လေလည်ပတ်မှုသေချာစေရန်အတွက် ရှင်းယန်က ပေါင်းခံပုလင်း၏အဝကို မပိတ်ထားပေ။ နှင်းများထူထပ်စွာကျလာသောအခါ ပုလင်းထဲတွင်ထိုင်နေသောလူတိုင်းသည် ဆံပင်ဖြူအဘိုးကြီးနှင့် အဘွားကြီးကဲ့သို့ နှင်းပွင့်များက ခေါင်းများပေါ်ကို အမြန်ဖုံးအုပ်သွားကြသည်။
ယွဲ့ရှင်းဝမ်သည် အေးလွန်းသဖြင့် အကြိမ်ပေါင်းများစွာ နှာချေလိုက်ရာ ကျန်းဖျင်စစ်က သူ့ကို စိုးရိမ်စွာ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နာရီဝက်ရှိပြီ… ငါ့စွမ်းရည်က စောင့်ဆိုင်းချိန်ရောက်သွားပြီ… ငါတို့အားလုံရပ်လိုက်သင့်လား ဒါမှမဟုတ် ချင်လုကို ဆက်သွားခိုင်းလိုက်ရမလား"
ချင်လုသည် ကျောက်ထုလွှာလှုပ်ရှားမှုကို 12 ကြိမ် နေရာရွှေ့ပြောင်းနိုင်ပြီး သူတို့က အရှေ့ကို မီတာ 6,000 လှမ်းနိုင်သည်။
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး သုတေသနအဖွဲ့ chat channel မှာ စာရိုက်ခဲ့သည်။
"ချင်လု… မင်းရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုကို 10 ကြိမ်သုံးပြီး အရေးပေါ်အခြေအနေအတွက် စွမ်းရည်နှစ်ခုကို ချန်ထားလိုက်… 10 ကြိမ်ပြီးလို့ ငါတို့ ကုန်းမြေကို မတွေ့သေးရင် ဒီည ဒီရေခဲပြင်ကနေ ငါတို့တွေ ထွက်နိုင်မှာမဟုတ်တာကြောင့် အခြားနည်းလမ်းကို စဉ်းစားကြတာပေါ့"
ချင်လုက သုတေသနအဖွဲ့ chat channel တွင် စာရိုက်ခြင်းဖြင့် ချက်ချင်းတုံ့ပြန်ခဲ့သည်။
"ကောင်းပြီ… ဖျင်စစ်က ပုလင်းကို ရေခဲပြင်ပေါ်ချပေးပါလား… ငါ နေရာပြောင်းဖို့ အဆင်သင့်ဖြစ်ပြီ"
ပုလင်း 12 လုံး ဆက်တိုက်ကျလာပြီး ချင်လုသည် ကမ္ဘာလုံးကို ထုတ်ကာ နေရာများကို လျင်မြန်စွာ ရွှေ့ပြောင်းခဲ့သည်။
တစ်ကြိမ်နေရာရွှေ့ပြောင်းရန် 2 စက္ကန့်ခန့်သာ ကြာပြီး 10 ကြိမ်ဆက်တိုက် နေရာရွှေ့ပြောင်းခြင်းဖြင့် လူတိုင်းကို မီတာ 5,000 ရှေ့သို့ တယ်လီပို့ခဲ့ကြသည်။
သို့သော် ပတ်ဝန်းကျင်တွင် အဆုံးမရှိသော ရေခဲပြင်များရှိနေသေးသည်။ မြင်ကွင်းသည် လုံးဝပြောင်းလဲမသွားဘဲ ကုန်းမြေအရိပ်အယောင် လုံးဝမရှိပေ။ သူတို့သည် ရေခဲပြင်ပေါ်တွင် အကြာကြီး လျှောက်လာရင်း တစ်နေရာတည်းမှာရှိနေသလို ခံစားခဲ့ရသည်။
ဘာမှမရှိဘဲ ကျယ်ပြောလှသော ရေခဲပြင်ပေါ်တွင် သူတို့ 12 ယောက်သာရှိပြီး ၎င်းက ကမ္ဘာကြီး၏အဆုံးသတ်သွားသလို ခံစားရသည်။
နှင်းများက ပိုပိုပြီးထူထပ်လာကာ လူတိုင်း၏အဝတ်အစားများနှင့် ဘောင်းဘီရှည်များဟာ နှင်းများနှင့် စိုစွတ်နေပြီး အပူချိန် အနုတ် 30 ဒီဂရီက သူတို့၏ အဝတ်အစားများကို ချက်ချင်းနီးပါး အေးခဲသွားစေသည်။ အေးခဲနေပြီဖြစ်သော ရာသီဥတုတွင် အေးခဲသွားသော အဝတ်များကို ဝတ်ရသည်မှာ သည်းမခံနိုင်တော့ပေ။
ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူကာ နှာခေါင်းထဲက လေကို အေးစိမ့်စိမ့်ခံစားရင်း သူ့သွားများက တုန်ယင်နေပြီး လျင်မြန်စွာ ပြောလိုက်သည်။
"ရပ်တော့… မှောင်လာပြီ… ညအတွက် ရေခဲမြေအောက်ခန်းဆောက်လိုက်"
ကျန်းရှောင်နျန်က ခဏအကြာ အံ့အားသင့်သွားပြီး အတည်ပြုခဲ့သည်။
"စီနီယာအစ်ကိုဆိုလိုတာက ကျွန်တော် ရေခဲကိုတူးပြီး ရေခဲမြေအောက်ခန်းကို ဆောက်ရမှာလား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ… ငါတို့တွေ ဒီည ရေခဲပြင်ပေါ်က လေဟာပြင်မှာ နေလို့မရဘူး… ငါတို့တွေ ဒီမှာ အေးခဲပြီးသေလို့မရဘူး… ရေခဲမြေအောက်ခန်းက အရမ်းအေးတယ်ဆိုပေမဲ့ အနည်းဆုံးတော့ အဲဒါက လေအေးနဲ့ ထူထပ်တဲ့နှင်းတွေကို ခံနိုင်ရည်ရှိတယ်… ဒီတစ်ခေါက် ရှောင်နျန်က ရေခဲမြေအောက်ခန်းအတွင်းမှာ ဗိသုကာဌာနရဲ့ ဘိလပ်မြေနံရံအလွှာကို လဲချလိုက်ပြီး အားလုံးက မီးပုံလုပ်မယ်… တစ်ညလောက်တော့ အဆင်ပြေမှာပါ"
ဤသည်မှာ လက်ရှိ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ရေခဲမြေအောက်ခန်း တည်ဆောက်ရန် ရေခဲမျက်နှာပြင်ကို တူးရမည်။ ပတ်ဝန်းကျင်သည် ရေခဲများပြည့်နှက်နေပြီး အပူချိန်သည် အလွန်နိမ့်ကျနေမည်မှာ သေချာသော်လည်း နှင်းထူထပ်သော လေအေးများနှင့် နှိုင်းယှဉ်ပါက ပိတ်ထားသော ရေခဲမြေအောက်ခန်းသည် သူတို့၏ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ကျန်းရှောင်နျန်က ချက်ချင်းအလုပ်လုပ်ခဲ့သည်။ မြေတူးစက်သည် မြေဆီလွှာကို အလွန်လျင်မြန်စွာ တူးနိုင်သော်လည်း ရေခဲမျက်နှာပြင်ကို တူးရန် မလွယ်ကူသည်မှာ ထင်ရှားသည်။ ယခင်က အခြေစိုက်စခန်းတည်ဆောက်ရန် 10 မိနစ်ခန့် အချိန်ယူခဲ့သော်လည်း ယခုတစ်ကြိမ်မှာ နာရီဝက်နီးပါးကြာမြင့်ခဲ့သည်။
တစ်ကိုယ်လုံးရှိ သွေးများသည် ရေခဲအဖြစ်သို့ အေးခဲသွားတော့မည်ဟု လူတိုင်းက ခံစားလိုက်ရသည်။ ရှင်းယန်သည် ပေါင်းခံရန် အရက်မီးခွက်ကို ပြတ်ပြတ်သားသား ထုတ်လိုက်သည်။ သူသည် မိနစ်ဝက်မျှသာ ရေငွေ့ပျံစေပြီးနောက် အဖွဲ့ဝင်များ ထိခိုက်မှုမဖြစ်စေရန် ချက်ချင်းရပ်လိုက်သည်။ အရက်မီးခွက်ကိုဖွင့်လိုက်သည်နှင့် ပုလင်းထဲတွင်ရှိသော နှင်းပွင့်များသည် ချက်ချင်းအငွေ့ပျံသွားပြီး ပုလင်းကိုလေပူများဖြင့်ဖုံးကာ အဖွဲ့ဝင်များ၏အအေးဒဏ်ကို သက်သာစေသည်။ သို့သော် ရပ်သွားပြီးနောက်တွင် နှင်းပွင့်များ ပိုမိုကျဆင်းလာသည်။
နာရီဝက်ကြာမျှ ဒီပုံစံအတိုင်းနေပြီးနောက် ကျန်းရှောင်နျန်၏ "ရေခဲမြေအောက်ခန်း"ကို နောက်ဆုံးတွင် တည်ဆောက်နိုင်ခဲ့သည်။
အားလုံးက သူတို့၏အသက်များအတွက် ထွက်ပြေးသကဲ့သို့ မြန်မြန်ဆန်ဆန် ရေခဲမြေအောက်းခန်းထဲမှာ ပုန်းနေကြသည်။
အခန်းအပူချိန်က အလွန်အေးနေတော့ အားလုံးက မီးကို မြန်မြန်လေး ညှိလိုက်သည်။ ယွဲ့ရှင်းဝမ်နှင့် ရှင်းယန်တို့သည် ရေနွေးဆူရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ရေနွေးပူပူသောက်ပြီးနောက် လူတိုင်းသည် နောက်ဆုံးတွင် ခန္ဓာကိုယ်ရှိဆဲလ်များ ပြန်လည်နုပျိုလာကြောင်း ခံစားခဲ့ရပြီး သူတို့သည် ရေခဲရုပ်တုကဲ့သို့ လမ်းလျှောက်ခြင်းမရှိတော့ပေ။
လင်းမန့်လော်က ရေနွေးပုလင်းကိုကိုင်ပြီး တုန်တုန်ယင်ယင်နဲ့ ဆိုသည်။
"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ငါတို့အတွက် တကယ်ကို ဖော်ရွေတယ်ဆိုတာ ငါတွေ့ခဲ့တယ်"
ရွှီယိရှန်းက လေးလေးနက်နက် သက်ပြင်းချရင်း ပြောခဲ့သည်။
"ဇီဝသိပ္ပံဌာနရဲ့ မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း တိရစ္ဆာန်တွေက အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာ ငါလည်းတွေးမိတယ်"
ချင်လုက ခါးသက်သက်ပြုံးပြီး ပြောခဲ့သည်။
"ပထဝီဝင်ဌာနက ဒီလောက် ဆိုးရွားလိမ့်မယ်လို့ ငါမထင်ထားဘူး… ကံကောင်းလို့ ငါတို့အဖွဲ့မှာ ဓာတုဗေဒဌာနရဲ့ အဆုံးမရှိမီးအရင်းအမြစ်ရှိပြီး ဗိသုကာဌာနရဲ့ ဂျူနီယာမောင်လေးက မြေအောက်ခန်းကို ဆောက်နိုင်တယ်… ငါတို့မှာ အဲဒီစွမ်းရည်တွေမရှိရင် ရေခဲခေတ်မှာ ငါတို့တွေ အေးခဲပြီးသေသွားလိမ့်မယ်"
အခန်းအတွင်း၌ ဘိလပ်မြေအလွှာရှိပြီး အပြင်ဘက်ရှိ ရေခဲအလွှာနှင့် ခွဲထားသောကြောင့် အပူချိန်မြင့်ပြီး သူတို့မြေအောက်ခန်း အရည်ပျော်သွားမှာကို ကြောက်စရာမလိုပေ။ ယာယီအမိုးအကာဖြင့် အားလုံးက နောက်ဆုံးတွင် စိတ်သက်သာရာရသွားကြသည်။ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။
"စီနီယာအစ်ကိုလျှို ညဘက်အိပ်တဲ့အခါ ပတ်တီးတွေကို များများယူပြီး ဖုံးထားလိုက်တာက ဘာမှမပါတာထက် ပိုကောင်းတယ်… နောက်ပြီး စီနီယာအစ်မလင်းရဲ့သစ်ပင်အားလုံးကို ထင်းလုပ်ဖို့အတွက် ခုတ်လှဲပြီး မြေအောက်ခန်းတစ်ခုလုံးကို အပူချိန်တက်လာအောင် မီးမွှေးလိုက်မယ်…"
ရှင်းယန်က သူတို့ကို သတိပေးခဲ့သည်။
"ငါတို့မြေအောက်ခန်းက ရေခဲလွှာအောက်မှာ ရှိနေတာ… နေရာတိုင်းမှာ မီးမွှေးလိုက်ရင် ထင်းက မီးလောင်ကျွမ်းဖို့ အောက်ဆီဂျင်လိုအပ်ပြီး မြေအောက်ခန်းက လေဝင်လေထွက်မရှိတော့ဘူး… မီးလောင်ကျွမ်းခြင်းကြောင့် ကာဗွန်မိုနောက်ဆိုဒ်ထုတ်လုပ်ဖို့ လွယ်ကူပြီး အားလုံးအိပ်နေစဉ် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်စေနိုင်တယ်"
ယွဲ့ရှင်းဝမ်သည် ဤသော့ချက်ကို လျစ်လျူရှုလုနီးပါးဖြစ်ခဲ့ပြီး ချက်ချင်း ပြောခဲ့သည်။
"ဒါဆို စီနီယာအစ်မလင်းရဲ့ စွမ်းရည်က ည 12 နာရီမှာ ပြန်လည်ရရှိမှာကို စောင့်လိုက်ပါ… ပြီးရင် လေကို ပြန်သန့်စင်လိုက်ပြီး နောက်ဆုံးတစ်ခေါက်လိုပဲ လေကောင်းလေသန့်ရအောင် စုဆောင်းသိမ်းဆည်းထားလိုက်မယ်"
ရှင်းယန်က ခေါင်းငြိမ့်လိုက်သည်။
"အင်း… ဒါက အဆင်ပြေလောက်တယ်"
လူတိုင်းသည် လျှိုကျောက်ချင်း၏ ပတ်တီးကို သူတို့၏အဝတ်များအဖြစ် အသုံးပြု၍ ရေခဲမြေအောက်ခန်းထဲတွင် အခြေချနေထိုင်ကြပြီး တစ်ယောက်ပြီးတစ်ယောက် မမ်မီကဲ့သို့ အလွှာများစွာဖြင့် ရစ်ပတ်ထားကြသည်။ သို့ပေမဲ့ နွေးနွေးထွေးထွေးရှိဖို့အတွက် သူတို့၏ပုံစံကို ဂရုမစိုက်တော့ဘူး။
ည 12 နာရီတွင် လင်းမန့်လော်သည် သစ်ပင်စိမ်ကို လေသန့်စင်ရန် ထပ်မံဆင့်ခေါ်ခဲ့သည်။ ရှင်းယန်သည် ညဘက်တွင် မီးလောင်ကျွမ်းရန် လေကို အလုံအလောက်စုဆောင်းခဲ့သည်။ ညဘက်အိပ်ချိန်မှာ လေဝင်လေထွက်ကောင်းစေဖို့ အိပ်ခန်းတစ်ခုစီ၌ သိုလှောင်ထားသော လေပုလင်းကို ထားရှိခဲ့သည်။
ကျန်းဖျင်စစ်သည် တြိဂံပေတံကို တစ်ဖန်အိပ်ရာတစ်ခုပြုလုပ်ရန် အသုံးပြုခဲ့ပြီး လူတိုင်းက သီးခြားစီ အိပ်ပျော်သွားကြသည်။
ယွဲ့ရှင်းဝမ်သည် အအေးဒဏ်ကြောင့် တုန်ယင်နေသော ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
ကျန်းဖျင်စစ်သည် သူ့ဘေးနားရှိလူက တစ်ချိန်လုံး တုန်ယင်နေတာကို သတိပြုမိကာ သူ့လက်ကိုဆန့်ပြီး ထိုသူကို သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။
ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။ "…ဖျင်စစ်"
နောက်ဆုံးအကြိမ်က သူသည် ကျန်းဖျင်စစ်ကို ခေါင်းအုံးအဖြစ် မတော်တဆ အသုံးပြုခဲ့ပေမဲ့ အခုတော့ အားလုံးက နိုးနေကြသည်။ ယောင်္ကျားလေးနှစ်ယောက်က ဒီလိုပွေ့ဖက်တာ မကောင်းဘူးမလား။
ယွဲ့ရှင်းဝမ်၏နှလုံးက ဒရမ်တစ်ခုလို ခုန်နေပြီး သူ့စိတ်က ချက်ချင်းပင် ရှုပ်ထွေးသွားသည်။
ကျန်းဖျင်စစ်သည် သူ့လက်မောင်းများဖြင့် ယွဲ့ရှင်းဝမ်ကို ပို၍ပင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးက ဟာကွက်မရှိလုနီးပါး တွဲကပ်နေကြသည်။ သူက သူ့လက်ကိုဆန့်ပြီး ယွဲ့ရှင်းဝမ်၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့အသံက တိုးလျပြီး နူးညံ့နေသည်။
"ဖက်ပြီးအိပ်တာက ပိုနွေးလိမ့်မယ်"
ယွဲ့ရှင်းဝမ်: "…"
ဒါပေမဲ့ ဒီပုံစံက သိပ်မရှင်းဘူးမလား…
သူတို့သည် အဝတ်အစားများဖြင့် ခြားထားသော်လည်း သူတို့ဝတ်ထားသည့်အဝတ်များက အလွန်ပါးလွှာပြီး ထိုကဲ့သို့ ရင်းနှီးသော ကိုယ်ဟန်အနေအထားကြောင့် ယွဲ့ရှင်းဝမ်၏မျက်နှာမှာ အနည်းငယ်နီသွားစေသည်။ သို့ပေမဲ့ သူ ငြင်းဆိုရမှာရှက်သည်။ ထို့အပြင် လူနှစ်ယောက် အတူတူအိပ်တာက တကယ်ကိုပိုနွေးသည်။ ဖျင်စစ်ကလည်း ဒီလိုပြောတော့ သူက ရှက်ကိုးရှက်ကန်းနဲ့ "ငါ့ကို မဖက်နဲ့"လို့ ပြောလိုက်လျှင် သူက အလွန်အမြင်ကျဉ်းသလို မဖြစ်နေဘူးလား။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက ယောင်္ကျားလေးတွေမို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားတာက ကိစ္စမရှိပါဘူး။
ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က ပျော်ရွှင်စွာ ချက်ချင်းလက်ကိုဆန့်ပြီး ကျန်းဖျင်စစ်ကို ပွေ့ဖက်လိုက်သည်။ တစ်ဖက်လူထံမှ လတ်ဆတ်သောအနံ့နှင့် ကိုယ်အပူချိန်က ယွဲ့ရှင်းဝမ်၏နှာခေါင်းကို ကျေနပ်စွာ ရှူရှိုက်မိစေပြီး တိုးတိုးပြောလိုက်သည်။
"တကယ်နွေးတယ်"
သူသည် ကျန်းဖျင်စစ်၏လက်မောင်းများထဲတွင် သူ့မျက်နှာကို ရိုးရိုးရှင်းရှင်း မြုပ်ထားလိုက်သည်။
အမှောင်ထဲမှာ သူ့ဘေးနားရှိ ကောင်လေး၏နှုတ်ခမ်းထောင့်များက နူးညံ့သောအပြုံးတစ်ခု ပေါ်လာတာကို သတိမထားမိလိုက်ပေ။
#TK