အပိုင်း ၁
Viewers 23k

ဖုကျန်း အိမ်ပြန်ရောက်ချိန်တွင် မနက် ၂ နာရီပင် ထိုးနေပြီဖြစ်သည်။
သူက လတ်တလောတွင်ဘားတစ်ခု၌ စားပွဲထိုးအနေနဲ့ အလုပ်ပြောင်း
လုပ်နေပြီဖြစ်ပြီး နေ့တိုင်း ယခုအချိန်ရောက်မှသာ အလုပ်ဆင်းရသည်။
ဧည့်ခန်းကျဉ်းကျဉ်းလေးက မှောင်နေပြီး မည်သည့်အသံမှမကြားရပေ။သူ့အခန်းဖော်တွေကဒီအချိန်ဆို အိပ်ပျော်နေလောက်ပြီဆိုတာ ဖုကျန်းသိ၏။ ထို့ကြောင့်ပင် ခြေလှမ်းကိုဖွဖွနင်း၍ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သော့ကိုထုတ်၍ သူ့အခန်းတံခါးလေးကို ဂရုတစိုက်ဖွင့်လိုက်ပြီး ဖြည်းဖြည်းဖွဖွလေးနင်းကာ ဝင်လိုက်သည်။ ထို့နောက် သူ့အခန်းဖော်များအနှောင့်အယှက်မဖြစ်စေရန် တံခါးကို အသံမထွက်အောင် ပြန်ပိတ်လိုက်သည်။
အခန်းကိုပြန်ရောက်ရောက်ချင်း အလုပ်ယူနီဖောင်းကို အလျင်အမြန်ချွတ်လိုက်သည်။
သူ အခန်းမီးတောင်မဖွင့်မိပဲ သူ့အခန်းထဲကတစ်ယောက်အိပ်ခုတင်လေးပေါ်သို့ အလွန်ပင်ပန်းနေသော ခွေးတစ်ကောင်လိုမျိုး အမြန်တက်ပြီးလဲလျောင်းလိုက်လေသည်။
အမှောင်ထဲမှာမို့လားမသိသော်လည်း သူ့အသက်ရှုသံကိုသူ ပီပီသသကြားနေရသည်။ ပြီးခဲ့တဲ့၂ နှစ်လုံးသူအရမ်းပင်ပန်းခဲ့ရပြီးနောက် ဒီရက်ပိုင်းအတွင်းတွင် သူ့နှလုံး၌ပြဿနာတစ်ခုခုရှိလာသလို ခံစားနေရသည်။
အိပ်ရာပေါ်မှာလှဲလိုက်ပြီးမကြာခင်မှာပဲ နှလုံးက တရစပ် ပြင်းပြင်းထန်ထန်ကိုခုန်လာသည်။အသက်ရှုရတာလဲလေးပင်လာပြီး နှလုံးခုန်
နှုန်းကလဲပိုဆိုးဝါးလာသည်။အချိန်အတော်လေးကြာပြီးသွားသည့်နောက်တွင်တော့ သူ့နှလုံးကပုံမှန်ပြန်ဖြစ်လာပြီဖြစ်သည်။
ဖုကျန်း အသက် ၂ ချက်လောက်ဝဝရှုပြီး ဖြည်းဖြည်းချင်းအိပ်ရာမှထကာအခန်းမီးထဖွင့်လိုက်သည်။ဒီအိမ်လေးကို သူအပါအဝင် လူငါးယောက်ပေါင်းငှားထားတာဖြစ်သည်။ ထိုအထဲ
တွင်မှ သူ့အခန်းက အသေးဆုံးဖြစ်ပြီး ၅ စတုရန်းမီတာပင် မရှိဘဲ အခန်းထဲတွင်လဲကျဉ်းမြောင်းသော တစ်ယောက်အိပ်ခုတင်လေး နှင့် အံဆွဲပါသော စားပွဲခုံလေးတစ်လုံးအပြင် အခြားမည်သည့်အရာမှမရှိပေ။
ဒီရပ်ကွက်လေးထဲက အဆောက်အဦးတော်တော်များများက သက်တမ်းဆယ်စုနှစ်အချို့ရှိနေပြီဖြစ်ပြီး အပြင်နံရံများကလဲဆွေးမြေ့နေပြီဖြစ်ကာ လေအနည်းငယ်ပြင်းပြင်းတိုက်သောနေ့များတွင်ပင် တိုက်များပေါ်မှ အချို့အုတ်အပိုင်းအစများ ပြုတ်ထွက်ကျလာတတ်သည်။
ထို့ကြောင့်ပင် ထိုနံရံများဘေးမှ ဖြတ်လျှောက်သူများ သတိထားမိစေရန် အဆောက်အဦအပြင်ဘက်တွင် အရိုးခေါင်းနှင့် အရိုးများပါသောပုံဖြင့် သတိပေးဆိုင်းဘုတ်ကို ထောင်ထားရသည်။အဆောက်အဦး၏ အတွင်းပိုင်း၌လဲ အတော်
ကိုပင် ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ အချိုးအကွေ့များ မပါသော ကွန်ကရစ်လှေကားထစ်များက ၈ လွှာထိတိုင်အောင်ရှိနေသည်။ ဝါကျင်သည့်အရောင်သမ်းနေပြီဖြစ်သော နံရံပေါ်တွင်လဲ ကလေးများက ရောင်စုံခဲတံပေါင်းများစွာဖြင့်ဆွဲထားသော ကာတွန်းရုပ်ပုံများ၊ကြိုးမဲ့အင်တာနက်တပ်ဆင်ရန်ကြော်ငြာ၊Decorations ကြော်ငြာများစသည်ဖြင့် များပြားစွာရှိနေလေသည်။
လာမည့် နှစ်အနည်းငယ်အတွင်းတွင် ဤတိုက်ကိုဖြိုချပြီးတက္ကသိုလ်အိမ်ရာတစ်ခု ဆောက်ရန်ရှိသည်ဟုလဲ အချို့ကပြောကြသည်။
အိမ်ပိုင်ရှင်က ဒေသခံတစ်ယောက်ဖြစ်ပြီး
ဤတိုက်ခန်းတွေနေထိုင်ခြင်းမရှိပေ။ လစဉ်တိုင်း၏ ၅ ရက်နေ့တွင် အိမ်လခတောင်းရန်လာရောက်လေ့ရှိလေသည်။ ဖုကျန်းတို့နေထိုင်ရာ ဤအိမ်တွင်တော့ ဧည့်ခန်း၊ မီးဖိုချောင်၊အိမ်သာ၊ ရေချိုးခန်းများကို မျှဝေပြီးသာသုံးရသည်။
အိမ်လခမှာ အလွန်သက်သာပြီး တစ်လကို
ယွမ် ၄ဝဝ သာပေးရသော်လည်း ထိုပမာဏကပင် ဖုကျန်းအတွက် များနေသေးသည်။ ဖုကျန်းသည် တစ်ရက်ကို အလုပ်နှစ်ခုလုပ်နေရသော်လည်း တစ်လကို ယွမ် ၄၀၀၀ ပင်မရ
ချေ။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး
နှင့် ဆေးဖိုးကုန်ကျငွေကိုဖယ်လိုက်လျှင် ယွင် ၁၀၀၀ ပင်မကျန်တော့။
လွန်ခဲ့သော ၄ လပိုင်းထဲ၌ ဆောက်လုပ်ရေးလုပ်ငန်းခွင် ထဲတွင် အသေးစားမတော်တဆ
မှုတစ်ခု ဖြစ်ခဲ့သောကြောင့် ရှေ့တစ်နှစ်လုံး
စုထားခဲ့သမျှ ငွေများအကုန်ပါသွားခဲ့သေး
သည်။ယခုတွင်မူသူ၏ ဘဏ်ကဒ်ထဲ၌ ယွမ် ၃၀၀၀ပင်မကျန်တော့ချေ။
တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်ခင် တစ်ပတ်ရစ် ကွန်ပြူတာတစ်လုံးနှင့် Drawing Tablet တစ်လုံးဝယ်ရန်ကြံစည်ထားသေးသည်။ ကွာလတီအရမ်း
မကောင်းသော်ငြား ယွမ် ၂ဝဝဝ ၊ ၃ဝဝဝကြားလောက်နှင့် ဝယ်နိုင်သည်ဆိုလျှင်ပင်လုံလောက်ချေပြီ။
ဖုကျန်း သူ့လက်များကိုလှုပ်ရှားရင်း နောက်တစ်နေ့အတွက် မည်သို့နေထိုင်ရမည်ကို
တွက်ချက်လိုက်သည်။ နောက်ဆုံးတွင်တော့သက်ပြင်းအရှည်ကြီးချလိုက်ရင်း အိပ်ရာပေါ်သို့ တစ်ခေါက်ပြန်လှဲချလိုက်ပြီး ခေါင်းအုံးတစ်လုံးကိုဆွဲ၍ သူ့မျက်နှာကိုသူ အုပ်လိုက်
လေသည်။ ကွန်ပြူတာတစ်လုံးနှင့် Drawing
Tablet တစ်လုံးဝယ်နိုင်လျှင် အားလုံး
အဆင်ပြေသွားတော့မည်ဟု ကိုယ့်ကိုယ်ကို
နှစ်သိမ့်လိုက်နိုင်သည်။
ဖုကျန်း လက်လှမ်း၍ အခန်းမီးပိတ်ပြီးနောက်အိပ်ရာခေါင်းရင်းတွင် ထားထားသောစောင်ကို လှမ်းယူလိုက်ပြီး တစ်ကိုယ်လုံးလုံအောင်ခြုံလိုက်သည်။ ထို့နောက်တွင်တော့ လျင်မြန်
စွာပဲ သူအိပ်ပျော်သွားလေသည်။
သူ အိပ်မက်တစ်ခုမက်သည်။
အိပ်မက်ထဲတွင် သူအေးစိမ့်နေသောမြေကြီးပေါ်တင် လဲလျောင်းပေါ်တွင် လဲလျောင်းနေပြီး သူ့မျက်နှာအစိတ်အပိုင်းများက နာကျင်မှုကြောင့်ရှုံ့တွနေသည်။ သူ့မျက်နှာက ယခုတွင် ရုပ်ဘယ်လောက်ဆိုးနေပြီ ဆိုသည်ကို မှန်ထဲ၌ပင်ကြည့်ရန်မလိုတော့ပေ။ သူ၏ဖခင်ဖြစ်သူက ဒုတိယထပ်ကစင်္ကြံလမ်းပေါ်တွင်ရပ်နေပြီး အလွန်ကောင်းမွန်သောငွေထည်
ဖြင့်ပြုလုပ်ထားသော လက်ရန်းကိုကိုင်
ထားလျှက် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ
သည့် လောက်ကောင်များကိုကြည့်နေသော အကြည့်မျိုးဖြင့် သူ့ကိုကြည့်နေသည်။
ဖုကျန်း၏ ခြေထောက်များ အလွန်နာကျင်နေပြီဖြစ်သည်။ သူ၏အဖေကိုလှမ်းကြည့်လိုက်ပြီး မတိုင်မီက ဖြစ်ပျက်ခဲ့သော ကိစ္စများကိုရှင်းပြရန် ပါးစပ်ဟလိုက်သည်။ သို့ရာတွင် သူ့အားမနှစ်မြို့သလိုကြည့်နေသော ဖခင်ဖြစ်သူကိုကြည့်လိုက်သောအခါ သူ့လည်ပင်းထဲ၌ချည်လုံးတစ်လုံးဆို့ခံထားရသကဲ့သို့ တစ်ဆို့နေပြီး မည်သည့်အသံမှထွက်မလာနိုင်တော့ချေ။
ဖုကျန်းကို လွန်စွာမုန်းတီးနေသော အမျိုးသမီးသည် အဖေ့နောက်မှထွက်လာပြီး လက်ထဲသို့ ရေတစ်ခွက်ထည့်ပေးရင်း အယုံသွင်းရန်ပြော
လိုက်သည်။
"ဖေဖေ စိတ်လျှော့ပါဦး"
အဖေက ထိုအမျိုးသမီးဘက်သို့လှည့်ကာ ပြုံး
ပြလိုက်ရင်းပြန်ပြောသည်။
"ဒီတစ်ခေါက် သမီး ဒုက္ခများသွားရပြီ"
ဖုကျန်းရင်ထဲ၌ သူသည် ရေခဲလှိုဏ်ဂူထဲပြုတ်ကျသွားသလို ခံစားလိုက်ရသည်။သူ၏တစ်ကိုယ်လုံး အေးစက်နေပြီး ထိုအေးစက်မှုကြောင့်ပင် တစ်ကိုယ်လုံးတုန်ယင်နေသယောင်၊ သွားများမှာလဲအေးစက်မှုကြောင့် မေးချင်းတောင်ရိုက်လျှက်။တစ်ယောက်ယောက်က သူ့နားစည်များကို တူတစ်ချောင်းဖြင့်ထုရိုက်နေသလို ခံစားနေရ
သည်။
သူ့ဖခင်၏မျက်နှာထက်၌ အလွန်အမင်း
စိတ်ပျက်နေသော အမူအရာ ပေါ်လာပြီး သူ့ကို အေးစက်စွာပင် ပြောလာသည်။
"ထွက်သွား မင်းကိုငါ နောက်တစ်ခါမမြင်ရ
စေနဲ့..."
ဖုကျန်း စကားပြောရန်ပါးစပ်ဟလိုက်
သော်လည်း အက်ကွဲနေသော အော်သံတစ်သံသာထွက်လာသည်။အဖေက မျက်မှောင်ကြုပ်လိုက်ပြီးနောက်ကြာမီမှာပင် အစေခံတစ်ယောက်ရောက်လာပြီး ဖုကျန်းအား ဖုအိမ်တော်အတွင်းမှ
ဆွဲထုတ်သွားပြီး လမ်းမပေါ်သို့ အမှိုက်ပစ်သကဲ့သို့ပင် ပစ်ထားခဲ့လေသည်။
ဤသို့ဖြင့်ပင် ဖုကျန်းတစ်ယောက် နှစ် ၂၀
ကျော်နေထိုင်လာပြီး သူ၏အိမ်လဲဖြစ်သောဖုအိမ်တော်မှ၊ ဖုမိသားစုထံမှ မောင်းထုတ်ခံလိုက်ရလေသည်။
ဖုကျန်း အိပ်ရာမှနိုးလာပြီး အိပ်ရာဘေးမှနှိုးစက်နာရီလေးကိုလှမ်းကြည့်လိုက်သည်။မနက် ၅ နာရီထိုးနေပြီဖြစ်သည်။ သူ ဒီတစ်ခေါက် မည်သို့အိပ်ရာမှနိုးလာရသည်ကိုသူသေချာမသိ။ သေချာသည်က လက်ရှိအချိန်တွင် သူ့စိတ်က အလွန်နိုးကြားနေပြီး နိုးတစ်ဝက်အိပ်တစ်ဝက်အနေအထား မဟုတ်ပေ။
သူ စောင်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်
မိသည်။အိပ်မက်၏အေးစက်မှုက သူ့အရိုး
ထဲထိနာကျင်ရသော ပြည်တည်နာကဲ့သို့ ယခုထိသူ့ခန္ဓာကိုယ်ထက်၌ ရစ်ဝဲနေတုန်းပင်။ သူ့ ခြေထောက်များက ရုတ်တရက် နာကျင်လာ ပြန်သည်။ ရေတွက်၍တောင် မရနိုင်လောက်သည့် ပိုးမွှားကောင်များက သူ၏ ခြေထောက်ပေါ်တက်၍ သူတို့၏ ချွန်ထက်သော သွားများဖြင့် သူ့အသွေးအသားများကို ကိုက်ဖြတ်ဝါး
မျိုနေသယောင်။
ဘေးခန်း၌ တစ်ယောက်ယောက်က တီ
ဗွီဖွင့်ကြည့်နေပြီး အသံက အတော်လေး
ကျယ်သည်။ ဤနေရာတွင် အသံသိပ်မလုံ
သောကြောင့် ဖုကျန်းသည် တီဗွီထဲမှ စကားများကို တစ်လုံးမကျန် အကုန်ကြားနေရလေသည်။ပြီးခဲ့သောညတွင် ရှီလင်ဒေသရှိ ဘဏ်တစ်
ခုဓါးပြတိုက်ခံရသည့်အကြောင်းကြားလိုက်ရသည်။ တရားခံက Adult toy ၂ ခုနှင့် ယွမ် ၃၀၀၀ ကို ယူဆောင်သွားလေသည်။
Adult Store တစ်ခုက Century မူလတန်းကျောင်း
အနီးအနားတွင်ဖွင့်ထားပြီး ကလေးမိဘများက ထိုဆိုင်ကို ကျောင်းအနီးအနားမှ ပယ်ရှားရန် တိုင်တန်းမှုများရှိနေကြောင်း သတင်းများဖြစ်ပေသည်။
ထို့နောက်တွင်တော့
အမျိုးသမီးတစ်ယောက်က ချင်မိသားစု၏
အကြီးဆုံးသားနှင့် စေ့စပ်ကြောင်းလမ်းသောသတင်း။ ချင်မိသားစု၏ အမြင်ကြည်မှု ရရှိစေရန်အတွက် ဖုမိသားစုမှ ထိုအမျိုးသမီးကိုလက်ဖွဲ့အနေဖြင့် ကုမ္ပဏီ၏ ရှယ်ယာ ၅% ကိုလက်ဖွဲ့အနေနှင့် ပေးလေသည်။
သူမ၏အကိုဖြစ်သူက ပုံပြင်ဆန်သော ရဲတိုက်တစ်ခုအား သူမနှင့်ခင်ပွန်းတို့ မွေးလာမည့် ကလေးအတွက်ဆောက်ပေးလေသည်။ ရဲတိုက်အတွင်း၌ ကန်ကြီးတစ်ကန်နှင့် ကစားကွင်းတစ်ခုပင် ပါသေးသည်။လူတိုင်းက သူမကို အားကျနေကြသည်။
ဖုကျန်းသည် လည်ချောင်းထဲမှနာကျင်မှု
တစ်ခုကို ခံစားလိုက်ရသည်။ အလွန်အေးသောကြောင့်ထင်ရ၏။ သူစောင်ကိုမလိုက်ပြီး အိပ်ရာပေါ်၌ထိုင်လိုက်သည်။ နောက်တွင်တော့ ချမ်းအေးမှုကြောင့် တုန်ယင်လာရသည်။ ဖိနပ်စီးပြီး ဧည့်ခန်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားပြီး ရေတစ်ခွက်ယူကာ ဧည့်ခန်းတွင်းရှိ ဆိုဖာအဟောင်းပေါ်၌ထိုင်ချလိုက်သည်။
ရေခွက်ကိုကိုင်ထားပြီး တစ်ငုံသောက်လိုက်သည်။ အေးမြလှသောရေက လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ တောက်လျှောက်ဆင်းသွားပြီးနောက် စူးရှသောနာကျင်မှုတစ်ခုခံစားလိုက်ရသည်။
သို့ရာတွင် ဖုကျန်း၏မျက်နှာပေါ်မှ အမူအရာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ မည်သို့သော နာကျင်မှုမှမခံစားရသည့်အလား။ လေထုထဲမှ အသင့်စားခေါက်ဆွဲပြုတ်အနံ့ရလိုက်သေးသည်။ မိုးမလင်းသေးသဖြင့် အမှောင်ထဲမှ အသံများ
အား သေးသေးလေးမှအစ သူအကုန်ကြားနေရသည်။ အပြင်ဘက် လမ်းမပေါ်မှ သွားနေသော ကားများ၏ ဟွန်းတီးသံများပါမကျန်အကုန်ကြားနေရသည်။
ဖုကျန်း သူ့လက်ထဲမှရေခွက်ကိုအောက်ချ
လိုက်ပြီး နောက်ဘက်ရှိဆိုဖာပေါ်သို့ မှီချ
လိုက်သည်။ ဘာကြောင့်မှန်းမသိ သူ့ငယ်
ဘဝကို ရုတ်တရက်သတိရလာသည်။ သူကအပြာရောင်ဘောင်းဘီ၊ အဖြူရောင်ရှပ်တို့ကိုဝတ်ဆင်ထားလျှက် သူ့အဖေ သိပ်မကြာခင်ကမှဝယ်ပေးထားသော အနီရောင်ဘောလုံးလေးကို ကိုင်ထားရင်း အိမ်တော်အတွင်းရှိမြက်ခင်းပြင်ပေါ်၌ထိုင်နေသည်။ ရွှေရောင်သမ်းနေသော နေရောင်ချည်က ထူထဲလှသော သစ်ကိုင်းသစ်ခက်များကိုဖြတ်သန်း၍မြက်ခင်းပြင်ပေါ်၌ အရိပ်ပျောက်ကြားများပေါ်လာစေသည်။
နောက်ကျောဘက်မှ ခွေးဟောင်သံအချို့
နှင့်အတူ သူ့အကို ကျောင်းမှပြန်ရောက်လာပြီး သူ့နားသို့လမ်းလျှောက်လာကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက်တွင် သူ့အားကျောပိုးလျှက် အိမ်ထဲသို့ အတူတူဝင်သွားကြသည်။
ဖုကျန်း ဖြည်းဖြည်းချင်း သူ့မှတ်ဉာဏ်အတွင်းမှ ရုန်းထွက်လိုက်သည်။ သူ ဖုမိသားစုမှမောင်းထုတ်ခံလိုက်ရပြီးပြီးချင်းကာလများ၌ဤအရာများအားလုံးသည် အိပ်မက်မျှသာဖြစ်ပြီး သူနိုးထလာချိန်တွင် အားလုံး မူလအနေအထားအတိုင်းပြန်ရောက်သွားလိမ့်မည်ဟု တွေးထင်ခဲ့မိဖူး၏။
ယခုတွင်မူ ဖုကျန်းသည် အိပ်မက်ဖြစ်နေလျှင်တောင် သူမသေမချင်း ထိုအိပ်မက်အတွင်းမှ မနိုးလာချင်တော့သည်ကို နားလည်နေပြီဖြစ်သည်။သူသည် ယခုဆိုလျှင် လူများသောနေရာများသို့ သွားရန်မဝံ့ရဲတော့ပေ။ အကြောင်းမူကားသူ၏အကိုဖြစ်သူက ထိုအမျိုးသမီးအတွက်နှင့် သူတို့၏ရှေ့သို့ ဖုကျန်း နောက်တစ်ခါပေါ်လာခဲ့ပါက သူ၏နောက်ခြေထောက်တစ်ဖက်ကိုပါ ချိုးပစ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့်ဖြစ်လေသည်။
ဖုကျန်း နည်းနည်းတော့ရယ်ချင်သွားမိ၏
သို့သော် သူမရယ်နိုင်။ သူအပေါ်ကိုမော့လိုက်ပြီး သူ့ခေါင်းပေါ်ရှိ မျက်နှာကျက်ကို ကြည့်နေမိသည်။ အမှောင်ထဲတွင်ဖြစ်နေသောကြောင့်သူဘာကိုမှမမြင်ရပဲ သူ၏မျက်စိရှေ့၌ အနီရောင်နှင့် အစိမ်းရောင် အလင်းအစက်အပျောက်လေးမြောက်များစွာက မျောနေကြပြီး တစ်ခုနှင့်တစ်ခု ဖြည်းဖြည်းချင်းရောနှော
သွားသည်ကိုမြင်လိုက်ရလေသည်။
အချိန်အတော်ကြာပြီးနောက်တွင်တော့ ဖု
ကျန်း ဆိုဖာမှထလိုက်ပြီး သူ့အခန်းထဲသို့ပြန်ဝင်သွားလိုက်သည်။
နောက်တစ်နေ့မနက်တွင်
ဆောက်လုပ်ရေး လုပ်ငန်းခွင် ထဲသို့ အုတ်
သယ်ရန်သွားရမည်လေ။ မိုးမလင်းခင်အချိန်လေးအတွင်း ခဏလောက်တော့ အိပ်လို့ရသေးသည်။
မနက် ၇ နာရီခွဲတွင်တော့ ခေါင်းအုံးဘေးမှ နာရီလေးက Alarm မြည်လာသည်။ ဖုကျန်း အိပ်ရာမှထ၍ အဝတ်အစားများကိုကျွမ်းကျင်စွာဝတ်လိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ၈ နာရီမထိုးခင် ရောက်လာခဲ့ပေသည်။
ယခုအချိန်သည် ဆောင်းရာသီသို့ရောက်နေပြီဖြစ်သည်။ ဤကာလမျိုးသို့ရောက်တိုင်း ဖုကျန်း၏ ခြေထောက်များက ဆိုးဝါးစွာနာကျင်
လာတတ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း
အကိုက်အခဲပျောက်ဆေးများစွာ သောက်ခဲ့သောကြောင့် သူ့ခန္ဓာကိုယ်က ဆေးယဉ်ပါးလာပြီဖြစ်ပြီး ထိုဈေးပေါပေါအကိုက်အခဲပျောက်ဆေးများက သူ့နာကျင်မှုများအတွက် သက်ရောက်မှုသိပ်မရှိနိုင်တော့ပေ။သို့ရာတွင် သူ၏ယခု လက်ရှိဝင်ငွေနှင့် ဆေးကောင်းကောင်းသောက်ရန် ဆိုသည်မှာလဲ မဖြစ်နိုင်သေးပေ။
အချိန်အတော်ကြာပြီးနောက်တွင် ရာသီဥတုပို၍ပင် အေးလာမည် ဖြစ်ပြီး ထိုအချိန်မျိုးတွင် ဖုကျန်းတစ်ယောက် အပြင်၌ အလုပ်လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ယခုကဲ့သို့သော အချိန်မျိုးများ၌ သူ၏ဝင်ငွေမှာလဲတစ်ဝက်ကျော်ကျော်လောက် လျော့သွားပေတော့မည်။ ဖုကျန်းသည် သူ၏မကောင်းတော့သော ခြေထောက်များကြောင့် ဆောက်လုပ်
ရေးလုပ်ငန်းခွင်တွင် တစ်ရက်ကို ၆ နာရီသာအလုပ်လုပ်နိုင်ပြီး ပုံမှန်အလုပ်သမားများရသော လုပ်ခ၏တစ်ဝက်ပင်မရချေ။
ပြီးခဲ့သော ၂ နှစ်အတွင်းမှာပင် ဖု
ကျန်း၏လက်များ၌ အသားမာအလွှာတစ်ခုပိုလာပြီဖြစ်သည်။ ဖုမိသားစု၏ ချစ်လှစွာသော သခင်လေးတစ်ယောက်က တစ်နေ့မှာတော့ ဒီလိုမျိုး ဆိုးဝါးတဲ့ အသွင်သဏ္ဍာန်မျိုးနဲ့ နေရလိမ့်မယ်လို့ မည်သူကတွေးမိပါမည်
နည်း.. ဟာသပြက်လုံးတစ်ခုလိုပါပင်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင်အရေး
အကြီးဆုံးမှာ အသက်ရှင်နေနိုင်ရန်ပင်။ တစ်ရက်လုံးနီးပါး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲအလုပ်လုပ်ပြီးသောနောက်တွင်မူ ဖုကျန်းတစ်ယောက် ထမင်းဘူးဝယ်၍ အနည်းငယ်စားလိုက်ပြီး သူ၏နောက်အလုပ်နေရာဖြစ်သောဘားဆီသို့ အမြန်သွားရပေတော့သည်။
ညနေပိုင်းအချိန်သို့ရောက်နေပြီဖြစ်ပြီး ပင်းဟိုင် မြို့လေး၏ ကောင်းကင်ယံမှာ တစ်ခြမ်းက ပြာရီမှိုင်းသော မြူခိုးငွေ့များဖြင့် အုပ်ဆိုင်းလျှက်ရှိကာ ကျန်တစ်ခြမ်းကတော့ နေဝင်ချိန်ဟူသည့်အတိုင်း အနီရင့်ရောင် တောက်ပလို့နေလေသည်။ အထပ်မြင့် အဆောက်အဦများ၏ မှန်နံရံများပေါ်၌ ဆည်းဆာအလှကြောင့် နှင်းဆီနီရောင်တောက်ပလျှက်ရှိနေသည်။
ဖုကျန်း ဘတ်စ်ကားပေါ်၌အားအင်ချည့်နဲ့စွာ လက်ရန်းကိုကိုင်ထားရင်းမျက်လုံးများကို မှေးစင်းထားရင်း ငိုက်မျဉ်းလျှက်ရှိသည်။အစိမ်းရောင် နံပါတ် 309 ဘတ်စ်ကားကြီးကတော့ ပိုးတုံးလုံးငပျင်းကြီး တစ်ကောင်လိုမြို့ထဲတစ်လျှောက် တအိအိနှင့်သွားနေသည်။
လွယ်အိတ်လွယ်ထားသော ကျောင်းသားတစ်ယောက်က မျဉ်းကြားကိုဖြတ်၍ ပြေးလာနေသည်ကိုတွေ့လိုက်ရသဖြင့် ကားဒရိုင်ဘာဘရိတ်ခ်ကိုရုတ်တရက်နင်းချလိုက်လေသည်။
ဖုကျန်း တစ်ကိုယ်လုံးရှေ့သို့ယိုင်ထိုး
ကာ လဲကျသွားသည်။စိတ်ထဲ၌လဲဘာမှမ
စဉ်းစားနိုင်တော့ပဲ ဟာခနဲဖြစ်သွားလေ၏။
သို့ရာတွင် သူတွေးထင်ထားသလို နာကျင်
မှု တစ်စုံတစ်ရာကိုမှ မခံစားလိုက်ရပါ။ နွေးထွေးလှသော ရင်ခွင်တစ်ခုနှင့်ဝင်တိုက်မိသွားပြီး ထိုရင်ခွင်ပိုင်ရှင်ကပင် သူ့ကိုထိန်းကိုင်ပေးထားလိုက်လေရာ သူ လုံးလုံးလျားလျားလဲကျမသွားလိုက်။
ဖုကျန်း မျက်လုံးများလောင်ကျွမ်းနေသလို နီရဲလာပြီး ငိုမဲ့မဲ့ဖြစ်သွားမိ၏။ ထိုအခိုက်အတန့်လေး၌ အကိုဖြစ်သူအား သတိရမိသွားခြင်းကြောင့်ပင်။ဖုကျန်း အသက်တစ်ချက်ရှုသွင်းလိုက်ကာဘေးတွင်ရှိသောထိုင်ခုံကိုကိုင်ထားလျှက်တည့်တည့်မတ်မတ် ဖြစ်အောင် ပြန်ရပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။
သူ့ရှေ့တွင်ရှိနေသောလူက သူ့ထက် ခေါင်းတစ်လုံးနီးပါးပင် ပိုရှည်နေလေ၏။ ထိုသူက အစိမ်းရင့်ရောင် လေကာအပေါ်အင်္ကျီကိုဝတ်ထားပြီး အလင်းရောင်ကိုဆန့်ကျင်လျှက် ရပ်နေသောကြောင့် သူ၏ ပုံပန်းသွင်ပြင်ကိုမူသေချာမမြင်ရပေ။ ထိုလူ၏ မေးတစ်ဝိုက်၌မှတ်ဆိတ်မွေးများရှိနေကာ ဖိုသီဖတ်သီဖြစ်နေသော ပုံစံကိုသာမြင်ရသည်။
ဖုကျန်း ခပ်တိုးတိုးဖြင့်ပင် ထိုလူအားကျေးဇူးတင်စကားဆိုလိုက်သည်။ထိုသူက ခေါင်းတစ်ချက်သာငြိမ့်ပြပြီး အာရုံမစိုက်သည့်ဟန်ဖြင့် ဘာစကားမှပြန်မပြောပေ။