အပိုင်း ၂
Viewers 23k

ဖုကျန်း ရှက်သွားပြီး ခေါင်းငုံ့ကာ အခြားဘက်သို့ ခြေ ၂ လှမ်းခန့် ဖြည်းဖြည်းချင်းတိုးသွားလိုက်သည်။ ထိုလူက ဖုကျန်းလှုပ်ရှားသည့်ပုံစံကိုမြင်လိုက်ရသောအခါ သူ့အကြည့်က တစ်ခဏ ရပ်တန့်သွားပြီးနောက် သူရပ်နေသောနေရာဘေးတွင် မျက်လုံးမှိတ်ကာထိုင်နေသော လူငယ်လေး၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ထေတာ့"
အိပ်မက်မက်နေပုံရသော ဆံပင်အဝါရောင်နှင့်ထိုလူငယ်က အိပ်ချင်မူးတူးနှင့် မျက်လုံးများကို ဖွင့်ကာ မပျော်မရွှင်နှင့် မျက်မှောင်ကြုံလိုက်သည်။ ထို့နောက်တစ်ချက်သမ်းဝေလိုက်ပြီး မေးလိုက်သည်။
"လောင်တ ဘာလုပ်တာလဲ... ဒီမှာကျွန်တော်ခက်ခက်ခဲခဲနဲ့ အိပ်ပျော်နေပြီဟာကို..."
ထိုလူက ဆံပင်အဝါနှင့်လူငယ်ကို ဖုကျန်း
ဘက်သို့ တစ်ချက်မျက်စပစ်၍ ပြလိုက်ပြီး
ပြောလိုက်လေသည်။
"မင်းထိုင်ခုံပေးလိုက်ပါလား"
ဖုကျန်း တစ်ခဏလောက် အံ့ဩသွားပြီး
နောက် ထိုလူက သူ၏ခြေထောက်များကို
သတိထားမိသွားသည်ကို သိလိုက်ကာ တစ်ချက်ပြုံး၍ ငြင်းပယ်လိုက်သည်။
"ရပါတယ်.. ကျွန်တော် ဒီတိုင်းပဲရပ်နေလိုက်ပါမယ်..."
ထိုလူက ဖုကျန်း၏ငြင်းပယ်မှုကို မသိ
ကျိုးကျွန်ပြုလိုက်ကာ ဆံပင်အဝါနှင့်လူငယ်အားပြောလေသည်။
"မြန်မြန်"
"လောင်တ ကတော့လေ တကယ်ကို ကျွန်
တော့်အဖေကျနေတာပဲ..."
ဆံပင်အဝါနှင့်လူငယ်က သက်ပြင်းရှည်ကြီးချလိုက်ပြီး လောင်တဆိုသူအားပြောလိုက်ပြီးနောက် ဖုကျန်းဘက်သို့ကြည့်၍ ပြုံးဖြဲဖြဲလုပ်ပြ၍ နေရာမှ ထပေးလိုက်ကာ ပြောလေသည်။
"ညီလေး ထိုင်လိုက်နော်..."
ဖုကျန်း ခဏလောက် တွေဝေနေပြီးနောက်ဆံပင်အဝါရောင်နှင့် လူငယ်အားပြော
လိုက်၏။
"ကျေးဇူးတင်ပါတယ်..."
ဆံပင်အဝါနှင့်လူငယ်က ရယ်ပြလိုက်ပြီးနောက် သူ့လောင်တဆိုသူ၏ ဘေးဘက်သို့လျှောက်သွားလိုက်ကာ ပြုံးစစနှင့် ထိုလူ၏နားနားသို့ကပ်၍ တိုးတိုးပြောလိုက်သည်။သူဘာပြောလိုက်သည်ကို ဖုကျန်းမသိပေ။
သို့သော် ထိုလူ၏ မျက်နှာအမူအရာကတော့ မပြောင်းလဲ အေးစက်စက်နှင့်ပင်။လူငယ်က ဖယ်ပေးလိုက်သော ထိုင်ခုံနေရာတွင် ဖုကျန်း ဖြည်းဖြည်းချင်းထိုင်လိုက်ကာသူ့လွယ်အိတ်ကို ကိုင်ထားလျှက် ဖုကျန်းသည် ကားပြတင်းပေါက်၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။
လမ်းဘေးရှိ စီစီရီရီရှိနေကြသော သစ်ပင်များက သူ့မြင်ကွင်းထဲ တရိပ်ရိပ်ဖြတ်သန်းသွားလေသည်။
ဘတ်စ်ကားပေါ်မှာလည်း လူကတစ်ဖြည်းဖြည်းနည်းလာပြီဖြစ်ပြီး ကားပေါ်၌ကိတ်မုန့်နံ့မွှေးမွှေးလေးလဲ ရနေသေးသည်။ကားနောက်ပိုင်းတွင်ထိုင်နေသော အန်တီ ၂ယောက်က ဈေးထဲမှ ဘယ်ဝက်သားက ဈေးပိုပေါလဲ ဆွေးနွေးနေကြသည်။ ဖုကျန်းသည်ပြတင်းပေါက်ဘက်သို့ ခေါင်းကိုမှီလိုက်ပြီးမျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
"သူကမသန်စွမ်းတစ်ယောက်ပဲ..."
ဖုကျန်း စိတ်ထဲ၌ ဆံပင်အဝါနှင့် လူငယ်က လောင်တဆိုသူအား ပြောလိုက်သည်ကိုကြားလိုက်မိသယောင်ပင်။ ထိုလူက ဘာမှပြန်မပြော ခေါင်းငြိမ့်ပြလိုက်မည်ထင်သည်။ဒါမှမဟုတ် ဘာတုံ့ပြန်မှုမှ မလုပ်လိုက်တာလဲဖြစ်နိုင်သည်။ လူငယ်က သက်ပြင်းချလိုက်ကာ စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်က လောင်တသူ့ကို ကြိုက်လို့ လို့ထင်လိုက်တာ..."
ထိုလူက အေးစက်စက်နှင့်ပင်ပြောလေသည်။
"ပါးစပ်ပိတ်ထား..."
လူငယ်က ဟားခနဲရယ်လိုက်ပြီး လက်ဖြင့်ပါးစပ်ပိတ်သည့် အမူအရာမျိုးလုပ်ပြလိုက်သည်။ဖုကျန်း နှုတ်ခမ်းများအနည်းငယ်ကွေးကာပြုံးလိုက်မိသည်။ နောက် ၁ဝ မိနစ်ကြာပြီးနောက်တွင် ဘတ်စ်ကားပေါ်မှ အမျိုးသမီးတစ်ယောက်၏ သိမ်မွေ့သော အသံလေးတစ်ခုထွက်ပေါ်လာသည်။
"ကျင့်ကျန် တံတားမှတ်တိုင်သို့ရောက်ရှိပါပြီ...ဘတ်စ်ကားပေါ်မှ ဆင်းမည့်ခရီးသည်များ မိမိတို့၏ ပစ္စည်းများကို ယူဆောင်ပြီး အနောက်ဖက်တံခါးပေါက်မှ ဆင်းပေးကြပါရှင်..."
ဖုကျန်း မျက်လုံးများကိုဖွင့်လိုက်ပြီး ထိုင်ခုံမှထလိုက်ကာ အနောက်တံခါးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။ ဟိုလူလည်း ဒီမှတ်တိုင်မှာပဲဆင်းမည်ထင်ရသည်။သူက ဖုကျန်း၏နောက်မှ ကာကွယ်ပေးမည့်အမူအရာမျိုးဖြင့် လိုက်လာသည်။ ဖုကျန်း ထိုလူ့ အမူအရာကို ပြန်ကြည့်လိုက်ပြီး သူ့စိတ်ခံစားမှုကြောင့်ဖြစ်မှာပါလေ ဟုသာ တွေးလိုက်၏။
ဘတ်စ်ကားရပ်သွားပြီး နောက်တံခါးပွင့်
သောအခါတွင် ဖုကျန်း ဂရုတစိုက်နှင့် ကား
ပေါ်မှ ဆင်းလိုက်သည်။သူ့ကျောပိုးအိတ်ကို လက်မောင်းမှာလွယ်လိုက်ပြီး နောက်ဘက်သို့တစ်ခေါက်လှည့်ကြည့်လိုက်ရာ ထိုလူနှင့် ဆံပင်အဝါရောင်ပိုင်ရှင်လူငယ်လဲ ကားပေါ်မှဆင်းလာသည်ကိုမြင်လိုက်ရသည်။
ထိုအချိန်မှာပင် ထိုလူက ခေါင်းလှည့်ကြည့်လာရာ နှစ်ယောက်သား အကြည့်ချင်းဆုံသွားရလေသည်။နောက်ဆုံးမှာတော့ ဖုကျန်းတစ်ယောက် ထိုလူ၏အသွင်အပြင်ကို ပီပီသသမြင်ရလေ
ပြီ။ သူ၏ဆံပင်များက ရှုပ်ထွေးပြီး ပျက်စီးနေသည်။ သူ့မျက်နှာအစိတ်အပိုင်းများကဖြောင့်မတ်ပြီး နိုင်ငံခြားသားများ၏ ပုံစံမျိုးဖြစ်၏။ အပြာရောင်မျက်လုံးများပိုင်ဆိုင်ကာကြည့်လိုက်လျှင် ရွှေအိုရောင်နေခြည်အောက်က စမ်းချောင်းလေးကဲ့သို့ ခံစားမှုမျိုးရစေ၏။ဖုကျန်း ထိုလူအားပြုံးပြလိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်သည်။
ထိုလူ၏ အမူအရာကအနည်းငယ်ပြောင်းလဲသွားသယောင်ပင်။နောက်တွင်တော့ သူ့အကြည့်များကို သူ့ထံမှဖယ်ရှားလိုက်သည်။ ဖုကျန်း ထိုလူအားလက်ပြနှုတ်ဆက်လိုက်သည်။ ကံကြမ္မာ
တိုက်ဆိုင်သဖြင့် ခဏမျှတွေ့ဆုံခဲ့သောသူအားအနာဂတ်တွင် နောက်တစ်ကြိမ်ထပ်မတွေ့နိုင်လောက်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုလူ၏ သူ့အပေါ်ကြင်နာပေးမှုကိုတော့ အချိန်အတော်ကြာထိ မေ့နိုင်တော့မည်မဟုတ်ပေ။ဖုကျန်း နောက်လှည့်ကာ သူ့အလုပ်ရှိရာ ဘားဆီသို့ ဦးတည်ကာ လျှောက်သွားလိုက်၏။ညာဘက်လမ်းဆုံဘက်မှ ဖုကျန်း၏သဏ္ဍာန်ပျောက်ကွယ်သွားသည်အထိ ကြည့်ကာဆံပင်အဝါနှင့် လူငယ်က ခေါင်းမော့လိုက်ပြီး ထိုလူ၏ပခုံးကိုပုတ်လိုက်ရင်းပြောလေသည်။
"လောင်တ သူ့ကိုကြည့်ရတာ ကျွန်တော်တို့
သွားမယ့်နေရာကိုပဲသွားနေသလိုပဲနော်..."
ထိုလူက ဆံပင်အဝါရောင်ကောင်လေး၏ပြောစကားကို လစ်လျူရှုလိုက်ပြီး
မေးလိုက်သည်။
"ငါယူလာခိုင်းထားတာတွေ ယူလာလား...
အကုန်လုံးရော အဆင်သင့်ဖြစ်နေကြပြီလား..."
ဆံပင်အဝါနှင့်လူငယ်က သူ့ရင်ဘတ်သူပုတ်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
"ကျွန်တော် သေချာကိုင်တွယ်လိုက်မှာမို့ စိတ်မပူပါနဲ့..."
ထိုလူက ကောင်လေးကိုကြည့်လိုက်ပြီးပြောသည်။
"သူတို့မသိလောက်ဘူးဆိုတာ သေချာတယ်
နော်..."
ကောင်လေးက ခေါင်းငြိမ့်ပြီး လက်မနှင့်
လက်ညှိုးကိုဝိုင်းကာ OK Sign လုပ်ပြလိုက်သည်။ထိုလူ၏ ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားသည်။ထို့နောက် အောက်သို့ကြည့်လိုက်ရာ မီးခိုးရောင် ကြမ်းခင်းအုတ်ပြားများပေါ်မှအဖြူရောင်ဝက်ဝံရုပ် ကီးချိန်း လေးပေါ်သို့အကြည့်ရောက်သွားလေသည်။
"ဒါက ခုနက ဟိုညီလေးရဲ့ ပစ္စည်းထင်တယ်
နော်..."
ဆံပင်အဝါနှင့်ကောင်လေးက မြေကြီးပေါ်က သော့ချိတ်လေးကိုကောက်လိုက်ပြီး သူ့
လက်များပေါ်တင်ကာကစားရင်းပြောလိုက်သည်။
"ကြည့်ရတာ ဒါက နှစ်အတော်ကြာပြီထင်
တယ်..."
"သွားကြစို့"
ထိုလူက အသံဩဩဖြင့်ပြောလိုက်သည်။
ယနေ့လမ်းမှာ ကားပိတ်သောကြောင့် ဖုကျန်းပုံမှန်ထက် အနည်းငယ်နောက်ကျ၍ ဘားသို့ရောက်လာရသည်။ ဘားထဲသို့ ဝင်ဝင်ချင်းမှာပင် ဟိုတယ် မန်နေဂျာက သူ့အားလှမ်းခေါ်လိုက်၏။ ဘားထဲ၌ ဧည့်သည်များများစားစားမရှိသေးပေ သို့သော် နားစည်ကိုထိခိုက်စေလောက်သော အသံနှင့် သီချင်းသံများ၊မျက်နှာကျက်ပေါ်မှ တဖြတ်ဖြတ်နှင့် လင်းနေသော ရောင်စုံ နီယွန်မီးသီးများ၊ မိုက် စမ်းနေပြီဖြစ်သော စင်ပေါ်မှ တီးဝိုင်းအဖွဲ့အဆိုတော်များ၏
အသံတို့နှင့် စည်ကားနေပြီဖြစ်သည်။
ဖုကျန်း ဝင်လာသည်ကို မြင်သောအခါ
မန်နေဂျာက မျက်မှောင်ကြုံ့လိုက်ပြီး သူ့ဖုန်းပေါ်မှ အချိန်ကို ကြည့်လိုက်သည်။ သူအရမ်းနောက်မကျသော်လဲ မန်နေဂျာ၏ မျက်နှာမှာပုပ်သိုးနေလေသည်။
"မြန်မြန်လုပ် မြန်မြန်လုပ်.. ဧည့်သည်တွေစောင့်နေပြီ..."
ဖုကျန်း ဘာမှမပြောဘဲ ခေါင်းသာငြိမ့်ပြ
လိုက်ပြီး အဝတ်လဲခန်းသို့ မြန်မြန်သွားကာအဝတ်အစားလဲလိုက်သည်။မန်နေဂျာဘေးမှ အပြာရောင်ဝတ်စုံနှင့်လူကဖုကျန်းထွက်သွားသည်ကိုကြည့်ပြီးနောက်မန်နေဂျာကို မေးလိုက်သည်။
" ဘာလို့ဒီမှာ ခြေကျိုးတစ်ယောက်ကိုခေါ်ထားတာလဲ..."
မန်နေဂျာက ရယ်လိုက်ပြီးပြန်ပြော၏။
"သူက နည်းနည်းကြည့်ကောင်းတယ်လို့ မထင်ဘူးလား..."
အပြာရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့လိုက်ပြီးပြောသည်။
"ကြည့်ကောင်းတယ်...ဒါပေမယ့် အလုပ်လုပ်တာမသေသပ်ရင် ဘာမှသုံးစားမရဘူးလေ..."
မန်နေဂျာက အနီးအနားက ဘားတွင်ရှိနေ
သော ယမကာအဖျော်ဆရာအားလှမ်းကြည့်လိုက်သည်။ အချိန်အတော်ကြာ အသံတိတ်နေပြီးနောက် ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး သူ့ခြေထောက်နဲ့ခြေချောင်းတွေက မကောင်းပေမယ့် သူအလုပ်လုပ်တာအရမ်းမြန်တယ်...နောက်ပြီး သူ့ကိုပေးရတဲ့လစာကလဲနည်းတယ်လေ...လှူတယ်လို့တောင်သဘောထားလို့ရသေးတယ်၊ ပြီးတော့ ဒီနေ့သူအရမ်းအသုံးဝင်မယ့်နေရာရှိတယ်..."
ဝတ်စုံအပြာနှင့်လူက တစ်ခုခုကိုနားလည်သွားသယောင်ဖြင့် အသံကိုနှိမ့်လိုက်ရင်း မန်နေဂျာကိုမေးလိုက်သည်။
"အဲ့ဒီ ကျန်းဟန်ရှူး က ဘာပြဿနာမှမရှိတာသေချာလား..."
မန်နေဂျာက ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။
"မပူပါနဲ့... သေချာစစ်ဆေးပြီးပြီ ဘာပြဿနာမှမရှိဘူး..."
ကျန်းဟန်ရှူး ဆိုသည်မှာ ဖုကျန်းဘတ်စ်ကားပေါ်တွင်တွေ့ခဲ့သော ထိုလူဖြစ်သည်။ သူဘားသို့ လာချိန်တွင် ကောင်းကင်က မှောင်aနပြီဖြစ်ပြီး အထဲ၌ ဆူညံနေကာ အသီးနံ့နှင့် အရက်နံ့တို့ပေါင်းကာ ထူးဆန်းသည့်အနံ့အသက်မျိုးပင်ရနေသည်။
သူက ဘားထဲသို့ တစ်ယောက်ထဲဝင်လာ၏။မတိုင်ခင်က သူနှင့်အတူရှိနေခဲ့သော ဆံပင်အဝါနှင့်ကောင်လေး၏ အမည်မှာ ဝမ်ထုံဖြစ်သည်။ ဗေဒင်ဆရာက ဝမ်ထုံ၏ ကံကြမ္မာမကောင်း၍ မိန်းကလေးလိုထားမှသာ သူအသက်ရှည်မည်ဆိုသဖြင့် သူ့မိသားစုက ဤကဲ့သို့ မိန်းကလေးဆန်သောအမည်ကို ပေးထားသည်ဆို၏။
မန်နေဂျာက ကျန်းဟန်ရှူးဝင်လာသည်ကိုမြင်သောအခါ အမြန်ပင် သီးသန့်ခန်းအတွင်းသို့ပို့ဆောင်ပေးလိုက်ကာပြောသည်။
"ကျန်းလူကြီးမင်း နောက်ဆုံးတော့ရောက်လာပြီပဲ ကျွန်တော်က ခင်ဗျားဒီလိုအလုပ်တွေ မလုပ်လောက်ဘူးထင်တာ..."
ကျန်းဟန်ရှူးက နှုတ်ခမ်းများကိုစေ့လိုက်
ပြီး ပြုံးလိုက်သည်။ သူ၏စရိုက်နှင့် ဘား
တစ်ခုလုံးတွင်ရှိသော မည်သည့်အရာနှင့်မျှ
သဟဇာတမဖြစ်နေပေ။ သူ လက်ပတ်နာရီကိုကြည့်လိုက်ပြီး မန်နေဂျာကိုပြောလိုက်၏။
"အမြတ်အစွန်းထွက်မယ့်အလုပ်ပဲဟာကို မလုပ်ဘဲကျော်သွားဖို့ မဖြစ်ဘူးလေ..."
"ကျန်းလူကြီးမင်းက ဇီဇာကြောင်တဲ့သူဆိုတာကျွန်တော်သိပါတယ်..."
မန်နေဂျာက ရယ်ပြီးပြောလိုက်သည်။ သီးသန့်ခန်းထဲသို့ဝင်ပြီးနောက်တွင် ကျန်းဟန်ရှူးကိုမိတ်ဆက်ပေးလိုက်သည်။
"ဒီက သူဌေးကျန့်ပါ...ပစ္စည်းတွေကို စီစဉ်ပေးတာသူပါပဲ...သူနဲ့စကားပြောလိုက်ပါဦး..."
သူဌေးကျန့်ဆိုသူမှာ မတိုင်မီက မန်နေဂျာနှင့်စကားပြောနေသော အပြာရောင်ဝတ်စုံနှင့်လူဖြစ်သည်။ကျန်းဟန်ရှူးက သူ့လက်ကို သူဌေးကျန့်ဆိုသူထံလှမ်းလိုက်ရင်းပြောသည်။
" သူဌေးကျန့်"
သူဌေးကျန့်က ကျန်းဟန်ရှူးနှင့် လက်ဆွဲ
နှုတ်ဆက်ပြီးနောက် သက်ပြင်းတစ်ချက်ချ
လိုက်ပြီးပြောလေသည်။
"ကျန်းလူကြီးမင်းက တကယ်ကိုပဲငယ်ရွယ်ပြီးအလားအလာကောင်းတာပဲ..."
ကျန်းဟန်ရှူးသည် အသက် ၂၅ ၂၆ ဝန်းကျင်လောက်ဟု ထင်ရသည်။ သူက အေးစက်စက်အသံဖြင့်ပင် ပြောလိုက်သည်။
"သူဌေးကျန့်ကိုတော့ ဘယ်ယဉ်နိုင်ပါမလဲဗျာ..."
သုံးယောက်သား သီးသန့်ခန်းထဲ၌ အလာပ
သလ္လာပ စကားအနည်းငယ်ပြောပြီးနောက်
မန်နေဂျာက အထူးတလည်ထုတ်ပိုးထားသောဝိုင်နီပုလင်းကို စားပွဲအောက်မှထုတ်လိုက်ကာဝိုင်ခွက်ထဲထည့်ပြီး ကျန်းဟန်ရှူးဆီကမ်းပေးလိုက်သည်။ကျန်းဟန်ရှူးက သူ့ရှေ့ကဝိုင်ခွက်ကို မသောက်လိုဟန်ဖြင့် ရှေ့သို့တွန်းလိုက်ရာ မန်နေဂျာကမျက်နှာပျက်သွားပြီးပြောလိုက်သည်။
"ဒါကကျွန်တော့်ကို ဂရုမစိုက်တဲ့သဘောလား..."
ကျန်းဟန်ရှူးကပြုံးလိုက်သော်ငြား မျက်ဝန်းများထဲမှ အေးစက်မှုက ရှိနေသေးသည်။
သို့သော်လည်း ဤသည်က အဝါဖျော့ဖျော့မီးရောင်အောက်မှာ ပေါ်လွင်မှုရှိမနေပေ။ သူကခပ်တိုးတိုးပဲပြောလိုက်သည်။
"ဒီနေ့ ကျွန်တော်က ပစ္စည်းတွေကို စစ်ဆေးကြည့်ဖို့လာတာဆိုတော့ သောက်လိုက်ရင်အနှောင့်အယှက်ဖြစ်သွားမှာမို့ပါ..."
မန်နေဂျာက ဝိုင်ခွက်ကို ကျန်းဟန်ရှူးရှေ့သို့ပြန်ပို့လိုက်ရင်း ပြောလိုက်ပြန်သည်။
"ခင်ဗျားရဲ့ သောက်နိုင်စွမ်းကို ကျွန်တော်သိပါတယ်... ဒီဝိုင်လေးတစ်ခွက်က ခင်ဗျားကိုမမူးစေနိုင်ပါဘူး ...နောက်ပြီး ဒီဝိုင်က ပြင်းလဲမပြင်းဘူး...ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်ကကျွန်တော် အီတလီကနေ သယ်လာတာ စမ်းသောက်ကြည့်လိုက်ပါ..."
ကျန်းဟန်ရှူး၏ မျက်လုံးများက အောက်သို့တစ်ဖန်ပြန်ရောက်သွားပြီး ခွက်ထဲရှိ အနီရောင်ဝိုင်ကို ကြည့်လိုက်သည်။ ထို့နောက်ခွက်ကိုယူလိုက်ကာ ရယ်လိုက်ရင်းပြောသည်။
"ဒါဆိုလဲ ကျွန်တော် စမ်းကြည့်လိုက်မယ်လေ..."
မန်နေဂျာက ချက်ခြင်းပြုံးလိုက်ပြီး သူကိုယ်တိုင်အတွက်နှင့် သူဌေးကျန့်ဆိုသူအတွက်ပါ ဝိုင်များကိုထည့်ပေးလိုက်လေသည်။ ထို့နောက် ကျန်းဟန်ရှူးက ဝိုင်ကို တစ်ငုံစမ်းသောက်ကြည့်လိုက်၏။ဝိုင်သောက်လိုက်ပြီး များမကြာမီမှာပင် ကျန်းဟန်ရှူးသည် သူ၏တစ်ကိုယ်လုံးပူလောင်ပြီးခြောက်သွေ့လာသလိုခံစားလိုက်ရပြီး ခေါင်း
လဲအနည်းငယ်မူးလာလေသည်။ ခုလေးတင်သောက်လိုက်သော ဝိုင်မှာ တစ်ခုခုတော့ပါမည်ထင်ရ၏။ သူ့အင်္ကျီအိပ်ကပ်ကို သိုသိုဝှက်ဝှက်ဖိလိုက်ရင်းပြောလိုက်သည်။
"မန်နေဂျာမွေ့ ဒီဝိုင်က တော်တော်လေး ပြင်းတာပဲ...'
"ဒီနေ့ ခင်ဗျားသိပ်မသောက်နိုင်လို့ဖြစ်ပါလိမ့်မယ်..."
မန်နေဂျာက ပြုံးပြီးပြောလိုက်သည်။
"အခန်းတစ်ခန်းလောက်ယူပြီး ခဏလောက်အနားယူလိုက်ပါလား..."
ကျန်းဟန်ရှူးက အေးစက်စွာပင် ငြင်းပယ်
လိုက်၏ ။
"ရတယ် ကျွန်တော် ပစ္စည်းတွေစစ်ကြည့်ဖို့
သွားနိုင်တယ်..."
ထိုအချိန်တွင် အောက်ထပ်ရှိလူအုပ်ကြားထဲ၌ထော့နဲ့ထော့နဲ့ဖြင့် သွားလာနေသော ဖုကျန်းအား အလုပ်သမားခေါင်းဆောင်က ခေါ်ရင်းပြောလိုက်သည်။
"မင်းကို အပေါ်ထပ်တက်လာဖို့ မန်နေဂျာကခေါ်နေတယ်..."
ထိုစကားအားကြားပြီးနောက် ဖုကျန်းက သူ့လက်ထဲတွင်ရှိနေသော ပန်းကန်ပြားအားချလိုက်ပြီး ခေါင်းဆောင်ပြောသော အပေါ်ထပ်မှ သီးသန့်ခန်းဆီသို့တက်သွားလိုက်သည်။အခန်းတံခါးဝ၌ ရပ်လိုက်ပြီး တံခါးခေါက်လိုက်သည်။ အခန်းထဲဝင်ရန်ပြောသံကြားပြီးနောက် ဖုကျန်း အခန်းထဲသို့ဝင်သွားပြီးမေးလိုက်သည်။
"မန်နေဂျာ.. ကျွန်တော့ကိုရှာနေတယ်ဆိုလို့..."
မန်နေဂျာက ကျန်းဟန်ရှူးထံသို့လက်ညှိုးထိုးပြလိုက်ပြီး ဖုကျန်းကိုပြောလေသည်။
"မင်း ကျန်းလူကြီးမင်းကိုကူညီပြီး အပေါ်
ကိုခေါ်သွားပြီး အခန်းနံပါတ် ၃၀၆ မှာနား
ခိုင်းလိုက်..."
ဖုကျန်းက မန်နေဂျာလက်ညှိုးညွှန်သောနေရာသို့ ကြည့်လိုက်ရာ ထိုလူမှာ ခေါင်းငိုက်စိုက်လျက်ရှိပြီး သူ့လက်များကစားပွဲပေါ်၌တင်ထားလျှက် ညာဘက်လက်မှလက်ချောင်းများဖြင့် စားပွဲကို ဖွဖွလေးပုတ်နေသည်။
"အိုကေ..."
ဖုကျန်းပြန်ပြောလိုက်ပြီး ထိုလူထံသို့ လျှောက်သွားလိုက်သည်။ ခါးကိုကိုင်းလိုက်ပြီး ထိုလူ၏လက်မောင်းများကို သူ့ပခုံးပေါ်သို့တင်မည်ပြုစဉ်တွင် ကျန်းဟန်ရှူးကတစ်ယောက်ယောက်လာသည်ကို သတိပြုမိလိုက်သည့်အလား သူ့ကိုဖြည်းဖြည်းချင်းမော့ကြည့်လာသည်။ သူ၏အမူအရာမှာအေးဆေးပင်ဖြစ်သော်လည်း မျက်လုံးများကရှုပ်ထွေးနေဟန်ပင်။ဖုကျန်း ရင်ခုန်မိသွားသည်။ သူ့အားဘတ်စ်ကားပေါ်၌ ကူညီပေးခဲ့သော ထိုလူကိုပြန်မြင်ရမည်ဟု မထင်မှတ်ထားမိပေ။
ထို့နောက် အသက်တစ်ချက်ရှူလိုက်ပြီး
ကျန်းဟန်ရှူးကို ထိုင်ခုံမှ ဆွဲမရန် အားထုတ်လိုက်၏။ ထို့နောက်တွင်တော့ တစ်လှမ်းချင်းထိုသူအား တွဲ၍ သုံးလွှာဆီသို့ တက်သွားလိုက်လေသည်။
ဖုကျန်းနှင့် ကျန်းဟန်ရှူးတို့ သီးသန့်ခန်းထဲ
မှ ထွက်သွားပြီးနောက်တွင် သူဌေးကျန့်ဆို
သူက သူ့လက်ထဲမှဝိုင်ခွက်ကို လှုပ်လိုက်ရင်းပြော၏။
"မင်းသူ့ကို မယုံသေးလို့လား..."
မန်နေဂျာက ပြုံးရင်းပြန်ဖြေသည်။
"တစ်လှေထဲစီးကြတော့မယ်ဆိုရင်အမြတ်အစွန်းတစ်ခုထဲနဲ့ မလုံလောက်တော့ဘူးလေ တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေ ချုပ်ကိုင်ထားနိုင်ရင်အဆင်ပြေပြေနဲ့ ရှေ့ဆက်သွားဖို့အကောင်းဆုံးပဲ..."
"ဖုကျန်းက မင်းဆီပြန်လာပြီး ကိုက်မှာမ
ကြောက်ဘူးလား..."
မန်နေဂျာက သူ့လက်ထဲမှဝိုင်ခွက်ကို လှုပ်လိုက်ပြီး တစ်ငုံသောက်ကာ ပြောလေသည်။
"ကျွန်တော်သူ့နောက်ကြောင်းကို ကြည့်ပြီး
ပြီ သူက ဒီတိုင်းစွန့်ပစ်ခံထားရတဲ့ အမှိုက်
သက်သက်ပါပဲ.. သူသေသွားရင်တောင် ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး..."