အပိုင်း ၃
Viewers 23k

သူဌေးကျန့်က ယခုကိစ္စတွင် စိတ်မချရသည့်အချက်များရှိသေးကြောင်း တွေးမိကာ မေးလိုက်၏။
"သူထွက်ပြေးသွားရင်ရော..."
မန်နေဂျာ အနည်းငယ်ပြုံးလိုက်ပြီးမျက်လုံးကို မှေးစင်းလိုက်သည်။ သူ့မျက်နှာက နှစ်ပေါင်း ၂၀၀၀ လောက်ကျင့်ကြံလာသော မြေခွေးအိုကြီးနှင့်ပင်တူနေ
သည်။
"စိတ်မပူပါနဲ့ ကျွန်တော် အစောကတည်းက ဖုကျန်းသောက်မယ့်ရေထဲမှာ ဆေးခတ်ဖို့တစ်ယောက်ယောက်ကိုခိုင်းထားပြီးသား သူ့လိုခြေကျိုးတစ်ယောက်က ကျန်းဟန်ရှူးလိုလူမျိုးဆီက ရုန်းထွက်နိုင်မှာတဲ့လား...နောက်တစ်နာရီ နှစ်နာရီလောက်နေရင် ကျွန်တော်တို့အဲ့အခန်းထဲသွားပြီး ဓါတ်ပုံနည်းနည်းပါးပါးရိုက်ယူထားကြတာပေါ့...သိပ်မကြာခင်မှာပဲ အဲ့ပုံတွေကျွန်တော်တို့ရလာတော့မှာပါ...”
သူဌေးကျန့်က တစ်ခုခုကိုနားမလည်ဟန်ဖြင့်
ပြောပြန်သည်။
" မင်းကဘာလို့ ယောက်ျားတစ်ယောက်ကို ရှာပြီး ဒီလိုလုပ်တာလဲ..."
"မိန်းမတစ်ယောက်နဲ့ တူတူရှိတာဆိုရင် ဘာများထူးဆန်းနေတော့မှာလဲ...ကျန်းဟန်ရှုဆီပုံတွေပို့လိုက်ရင်တောင် အလေးအနက်ဘယ်ထားတော့မလဲ..."
"ဒါလဲ ဟုတ်သားပဲ..."
သူဌေးကျန့်က လျှာသပ်လိုက်ရင်း မန်နေဂျာကို လက်မထောင်ပြလိုက်လေသည်။
မန်နေဂျာသည် ကျန်းဟန်ရှု၏မာနထောင်လွှားနေသောပုံစံကို ယခင်တည်းက ကြည့်မရခဲ့ပေ။ သူကျေနပ်စွာ တစ်ချက်ရယ်လိုက်သည်။သီးသန့်ခန်းထဲရှိလေထုက အလွန်သာယာနေပေသည်။
ဖုကျန်းတစ်ယောက် ကျန်းဟန်ရှုကိုတွဲ၍ အပေါ်ထပ်သို့တက်သွားလိုက်သည်။ ကျန်းဟန်ရှု၏ တစ်ကိုယ်လုံးအလေးချိန်က သူ့
အပေါ်သက်ရောက်နေလေရာ သူ လှုပ်ရှားရာ၌ အခက်အခဲကြုံနေရလေသည်။
ကံကောင်းစွာဖြင့်ပင် လွန်ခဲ့သော
၂ နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အုတ်၊သဲ သယ်ခဲ့သော ကျေးဇူးဖြင့် ခွန်အားအတော်အတန်ခန့် စုဆောင်းမိနေပြီဖြစ်ရာကျန်းဟန်ရှုကို ကူတွဲနိုင်နေခြင်းပင်။
စင်္ကြံလျှောက်လမ်းတစ်လျှောက်တွင် မီးများက မှိန်နေပြီး လမ်းလျှောက်နေသော လူနှစ်ယောက်၏ အရိပ်များက ရောနှောနေလေသည်။ အောက်ထပ်မှ ကြားနေရသော သီချင်းသံက ရုတ်တရက် တိတ်သွား၏။ ဆူညံသံများ
နှင့် ဒရမ်တီးသံများပါ ရပ်သွားပြီး စင်္ကြံ
တစ်လျှောက်၌ တိတ်ဆိတ်လို့နေ၏။
ကျန်းဟန်ရှု၏ အသက်ရှူသံက ဖြည်းဖြည်းချင်း
လေးပင်လာသလို ခံစားရပြီး သူအသက်တစ်
ချက်ရှူလိုက်တိုင်း သူ့မျက်နှာပေါ်ကို လေနွေး
နွေးလေးက လာရောက်ထိတွေ့နေသည်ကို ဖုကျန်းခံစားလိုက်ရသည်။ ထိုလေထဲ၌ အသီးနံ့သင်းသင်းလေးလဲပါနေသလိုပင် ဖုကျန်းခေါင်းအနည်းငယ်မူးလာသည်။
ရုတ်တရက် အောက်ထပ်ရှိ မှောင်မဲနေ
သော စတိတ်စင်မှ အဖြူရောင်အလင်းတန်းတစ်ခု လင်းလာလေသည်။ အဖြူရောင်ဝတ်ထားသော အဆိုတော်မလေးတစ်ယောက်က လက်ထဲမှဂစ်တာကို ကြိုးညှိလိုက်ပြီးနောက်သီချင်းတစ်ပုဒ်ကိုစတင်ဆိုလိုက်သည်။
ဖုကျန်း ကျန်းဟန်ရှုကို တွဲရင်း သုံးလွှာဆီသို့ဦးတည်ကာသွားလိုက်သည်။ ကျန်းဟန်ရှုက လမ်းတစ်လျောက် လုံး အသံတိတ်နေသော်လည်းသူ၏ အသက်က ပိုပို၍ လေးပင်လာသည်။ သူ လက်ကိုမြှောက်၍ သူ့ဂျာကင် ကြယ်သီးများအား တစ်လုံးပြီးတစ်လုံးစတင်ဖြုတ်လေတော့သည်။
ကြယ်သီးတစ်လုံး လှေကားပေါ်သို့ပြုတ်
ကျသွားသံပင် ကြားလိုက်ရသည်။ဖုကျန်း အခန်း ၃၀၆ သို့ရောက်ချိန် အခန်းထဲမှ အပြင်အဆင်ကိုကြည့်ရင်းအသက်ရှူပင်ရပ်သွားသလို ခံစားလိုက်ရ၏။၂ ယောက်ခန်းကြီးပါလား။
ကျန်းဟန်ရှု၏မျက်နှာမှာ နီရဲနေသည်။သူ
ဝတ်ထားသော ဂျာကင်မှာလဲ ကျွတ်လုနီးနီးဖြစ်နေလေပြီ။ ထိုလူက
ဆေးခတ်ခံထားရတာ သေချာနေလေပြီ။ဖု
ကျန်းအနည်းငယ်တွန့်သွားပြီး
ကျန်းဟန်ရှု၏ မျက်နှာကိုပုတ်၍ မေးလိုက်သည်။
"ကျန်းလူကြီးမင်း အဆင်ပြေရဲ့လား..."
ကျန်းဟန်ရှုက နေမကောင်းသော ကလေး
ငယ်တစ်ယောက်လို နှာသံတစ်ချက်ပြုလိုက်သည်။
ဖုကျန်း၏ မျက်လုံးများ၌ အပြုံးတစ်ခုပေါ်လာပုံမှာ အဝါရောင် အလင်းမှိန်မှိန်
အောက်၌ ကြယ်လေးများ အများအပြား
ပုန်းကွယ်နေသယောင်ပင်။
ဖုကျန်း ကျန်းဟန်ရှုကို အိပ်ရာပေါ်တင်ပေးလိုက်သည်။ သူပြန်ထလိုက်ချိန်
တွင် ခေါင်းမူးလာပြီး သူခြေလက်များက
ရုတ်တရက် အားအင် ကုန်ခန်းသွားသလိုခံစားလိုက်ရသည်။
သူ အရမ်းပင်ပန်းသွား၍ ထင်လိုက်ပြီး ဂရု
မထားပဲ ကျန်းဟန်ရှုကို တိုးတိုးပြော
လိုက်သည်။
"ကျွန်တော်ခင်ဗျားကို ရေတစ်ခွက်ငှဲ့ပေးမယ်..."
ရေသွားငှဲ့ရင်း ရေချိုးခန်းထဲခဏသွား၍
မျက်နှာသစ်ပြီး စိတ်ကြည်လာအောင်လုပ်ရပေမည်။
သို့သော် သူစကားပြောပြီးပြီးချင်းတွင်ပင်
ချာချာလည်နေသော ခံစားချက်ကို ရလိုက်ပြီး ခုတင်ဘေးမှ ဗီရိုကိုဖမ်းကိုင်၍
လဲမကျသွားအောင် ထိန်းထားလိုက်ရသည်။
ထိုအချိန်တွင် အိပ်ရာထက်တွင်လှဲနေသည့်
ကျန်းဟန်ရှုက ရုတ်တရက်ထလာပြီး ဖုကျန်းအားသူ့ဘေးသို့ ဆွဲခေါ်လိုက်လေသည်။
ဖုကျန်း ငယ်စဉ်ကတည်းက သူသည် အခြားယောက်ျားများနှင့်မတူဘဲ ကွဲပြားနေသည်ကိုသိရှိထားသည်။ သူ့သည် Intersex ဟုခေါ်သောခန္ဓာကိုယ်၌ ကိုယ်တွင်းအင်္ဂါအပိုတစ်စုံ ပါဝင်နေသောသူဖြစ်သည်။ အစကမူ သူ၏ဖခင်ဖြစ်သူက နိုင်ငံခြားမှ ကျွမ်းကျင်ဆရာဝန်များအားငှား၍ သူအရွယ်ရောက်ချိန်တွင် ခွဲစိတ်ကုသပေးပြီး ကျန်ရစ်သောဘဝတွင် သာမန်ယောက်ျားတစ်ယောက်ကဲ့သို့နေနိုင်ရန် လုပ်ပေးမည်ဟုဆိုခဲ့သည်။
ကံဆိုးစွာပင် သူအရွယ်ရောက်လာချိန်၌ သူတို့က ဖုကျန်းကို အလိုမရှိကြတော့ပေ။ သူ့အားခွဲစိတ်ကုသပေးမည့် သူကိုလဲ သူ့အစွမ်းအစနှင့်သူ မရှာနိုင်တော့ပေ။ဖုကျန်း၏ မျက်လုံးများက မည်းနက်နေသည်။မသိစိတ်ထဲ၌ သူ မိုးစက်မိုးပေါက်များကျနေသံလိုလို ကြားနေရသည်။
တောက်....တောက်...
(ကားမောင်းလား မမောင်းလားမသိပါဘူး 🤧)
.......
သူထွက်သွားရန်ပြင်လိုက်စဉ်မှာ ပင် ကျန်း
ဟန်ရှု၏ တိုးတိုးညည်းတွားသလိုပြောနေသံကို မသဲမကွဲကြားလိုက်
ရသည်။ဖု
ကျန်း အနည်းငယ် တုံ့ဆိုင်းသွားပြီး ခုတင်
ဘေးသို့သွားကာ ကိုယ်ကိုကိုင်း၍ ကျန်းဟန်ရှု၏ နှဖူးပေါ်သို့ အနမ်းတစ်ပွင့်ချွေလိုက်၏။
အခန်းပြင်သို့ရောက်ရောက်ချင်းမှာပင်
အောက်ထပ်မှ သေနတ်သံ ၂ ချက်ကြားလိုက်ရသောကြောင့် နှလုံးရပ်မတတ်လန့်သွားမိ၏။
ဖုကျန်း လှေကားဆီသို့သွားနေစဉ်တွင် မပီမသဖြင့် မူးယစ်ဆေး ရောင်းသူ၊ရောင်းချခြင်း စသည့်စကားတို့ကြားလိုက်ရသည်။
ထို့ကြောင့်ပင် သူ တစ်ခုခုလွဲနေကြောင်း သတိပြုမိလိုက်ကာ ဘား၏နောက်ပေါက်မှတစ်ဆင့်ခိုးကြောင်ခိုးဝှက် လစ်ထွက်လာခဲ့လိုက်သည်။
ညဘက်ဖြစ်သည့်အလျောက် လမ်းမပေါ်တွင်မည်သူမှရှိမနေပေ။ လမ်းမတစ်ဖက်တစ်ချက်ဆီမှ တည်ငြိမ်စွာရပ်နေသော အစောင့်များကဲ့သို့ထင်ရလောက်သည့် မီးတိုင်များဆီမှမှိန်ဖျော့ဖျော့ အဝါရောင်လမ်းမီးများသာ ရှိနေသည်။
ဖုကျန်း၏ ခန္ဓာကိုယ်မှာ အလွန်ပင်လေးလံ
နေပြီး ဘတ်စ်ကားပုံမှန်ရပ်နေကြနေရာသို့ပင်သွားရန် အားအင်မရှိတော့ပေ။ လမ်းပေါ်ရှိဓာတ်တိုင်တစ်တိုင်ကိုသာ မှီ၍ ကားတားစီးရန်စောင့်ဆိုင်းနေလိုက်သည်။
ကျင့်ကျန်တံတား၏ အနီးတစ်ဝိုက်ဒေသမှာစည်ကားသောနေရာတစ်ခုမဟုတ်ပေ။ တက္ကစီလည်း အများအပြားမရှိရာ ယခုကဲ့သို့သောအချိန်မျိုးတွင်မူ ပို၍တောင်နည်းလေသည်။ကိုယ်ပိုင်ကားအများစုမှာလဲ မျက်နှာနီရဲနေသောအရက်မူးသမားတစ်ယောက်ကို တင်ရဲမည်မဟုတ်ပေ။
ဖုကျန်း မွန်းကျပ်လာသလိုခံစားလိုက်ရပြီး သက်ပြင်းချ
လိုက်မိသည်။ ကြည့်ရသည်မှာ ဤညတွင်
သူ ဘတ်စ်ကားဂိတ်သို့ရောက်အောင်
လမ်းလျှောက်သွားရပေတော့မည်။
သူ လမ်း
အနည်းငယ်သာလျှောက်ရသေးသည့်အချိန်၌ အနက်ရောင်တစ်စီး လမ်းချိုးမှကွေ့လာသည်ကိုတွေ့လိုက်ရသည်။
စူးရှလှသော အလင်းရောင်ကြောင့် ဖုကျန်း
မျက်လုံးများကို ပိတ်ကာထားလိုက်မိ၏ထို
ကားရပ်လိမ့်မည်ဟုလဲ သူမထင်မိပေ။
သို့သော် ထိုကားကရပ်သွားပြီး
ကားပေါ်မှဆင်းလာသောလူကို မြင်လိုက်ရချိန်
မှာတော့ ဖုကျန်းတစ်ယောက် ဒီကားကို မတား
ခဲ့လျှင်ကောင်းလိမ့်မည်ဟုသာ တွေးမိလေ
တော့သည်။
"ငါ့ရှေ့မှာ ဘယ်တော့မှထပ်မပေါ်လာတော့နဲ့
လို့ ငါမပြောခဲ့ဘူးလား..."
ထိုလူက ကားထဲမှထွက်လာ၍ ဖုကျန်း၏
ညာဘက်ခြေထောက်ကို အထင်သေးသော
အကြည့်ဖြင့်ကြည့်ပြီးပြောလာသည်။
" ငါပြောထားတာမေ့သွားတာလား... မင်းအဲ့
ခြေထောက်ကို မလိုချင်တော့တာလား..."
ကားထဲမှထွက်လာသောထိုလူသည် ဖုကျန်း၏
အကိုဖြစ်သူ ဖုတင်း ပင်ဖြစ်သည်။ဖုကျန်းသည် သူ၏ရှေ့မှ အရပ်ရှည်ရှည်နှင့် လူအားကြည့်လိုက်မိသည်။ အကိုဖုတင်းကို မမြင်ရသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သော်လည်း ထိုသူက ယခုထိတိုင်သူ့အားမုန်းတီးနေဆဲဖြစ်လေသည်။
သူ ဒီအိပ်မက်မှနိုးမလာချင်တော့။သူခြေတစ်လှမ်းနောက်ဆုတ်လိုက်ရာ သေချာမကြည့်မိ၍ ချော်လဲကျမတက်ပင်ဖြစ်သွားလေသည်။ သူခေါင်းကိုညွှတ်၍ ဖုတင်းအားကြောက်ရွံ့စွာတောင်းပန်လိုက်၏။
"ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော်
တောင်းပန်ပါတယ်..."
အလွန်အမင်းနှိမ့်ချ၍ တောင်းပန်လိုက်သည် ဖြစ်လေရာ စိတ်ပျက်ဖွယ်ပင်ဖြစ်ကာ သနားစရာကောင်းလှ၏။ဖုတင်းက မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။
ဖုကျန်း၏ စိတ်မချမ်းသာဖွယ်
အသွင်အပြင်ကိုမြင်ပြီးနောက် လည်ချောင်းအဝသို့ရောက်နေပြီဖြစ်သော စကားလုံး
ကြမ်းကြမ်းများကို ဖယ်ရှားပစ်လိုက်မိသည်။စိတ်ပျက်ရွံရှာစွာပင် မျက်မှောင်ကြုတ်ကာ
စိတ်ဆိုးမာန်ဆိုးဖြင့် သက်ပြင်းချလိုက်ပြီး ဖုကျန်းအားပြောလိုက်သည်။
"ထွက်သွားစမ်း.. နောက်ကျရင်မင်းမျက်နှာကို
ငါထပ်မတွေ့ရစေနဲ့..."
ဖုကျန်းတစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်
ရလိုက်သည်နှင့် တခြားလမ်းကျဉ်းလေး
တစ်လမ်းထဲသို့ ခလုတ်တိုက်တော့မတတ်
လှည့်၍ပြေးလေတော့သည်။ သို့သော် သူ့
ခြေထောက် ဒဏ်ရာကြောင့် သူမြန်မြန်မပြေး
နိုင်ပေ။ ဖုတင်းသာ လိုက်ဖမ်းချင်လျှင် အား
ပင်မစိုက်ရဘဲ ဖမ်းမိမည်မှာသေချာပေသည်။
ထိုလမ်းကြားထဲ၌ လမ်းမီးပင်မရှိ
သောကြောင့် ဖုကျန်း၏ တစ်ကိုယ်လုံးမှောင်ထဲတိုးဝင်သွားပြီး ဖုတင်း၏ မျက်စိရှေ့မှ ပျောက်သွားခဲ့လေပြီ။
ဖုတင်း၏မျက်ခုံးများပြန်ပြေလျော့သွားသော်လည်း သူ့ နှလုံးသားမှ ပြောမပြတတ်
အောင်နာကျင်နာသဖြင့် လက်ဖြင့် ရင်ဘတ်ကို ဖိထားလိုက်သည်။သို့သော် ခေါင်းပြန်မော့ချိန်၌ သူ့ မျက်နှာမှာ အမူအရာကင်းမဲ့နေလေသည်။
ထိုစဉ် ဖုတင်း၏ ဖုန်းမှ အသံမြည်လာသည်..ဖုန်းမျက်နှာပြင်မှ ခော်ဆိုသူအမည်ကိုမြင်သည်နှင့်သူ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏ နွေဦး၌ ပန်းလေးပွင့်လာသလိုမျိုး ဖုန်း၏ အခြားတစ်ဖက်ဆီမှ နူးညံ့ချိုသာသော မိန်းကလေးတစ်ယောက်၏အသံထွက်ပေါ်လာပြီး ချွဲနွဲ့သောအသံမျိုးဖြင့် ဖုတင်းအားပြောလေသည်။
" ကိုကို.. ဘာလို့မလာသေးတာလဲ ဒီမှာအ
ကြာကြီးစောင့်နေတာကို..."
ဖုတင်းက ပြုံးနေရင်းပင်ပြန်ဖြေလိုက်၏။
"ဝမ်ဝမ်.. နည်းနည်းလေးပဲထပ်စောင့်ပါကွာ..ကိုကို ခဏနေရောက်တော့မယ်..."
ထန်ဝမ်ဝမ်က ဖုန်းထဲမှပြန်ဖြေသည်။
"ကိုကို နောက်ထပ် ၁ဝ မိနစ်ပဲအချိန်ထပ်ရမယ်
နော် မြန်မြန်လာခဲ့..."
ဖုတင်း နက်ရှိုင်း၍ ဆွဲဆောင်မှုအပြည့်ရှိ
သောအသံဖြင့်ပြန်ဖြေလိုက်လေသည်။
"ဟုတ်ပါပြီဗျာ..."