အပိုင်း ၄
Viewers 23k

ဖုကျန်း ရောက်ရှိနေသော လမ်းမှာ လမ်းအပိတ်ဖြစ်နေကာ ဆက်သွား၍ မရပေ။ သူ နံရံကိုကိုင်ကာ ခါးကိုတစ်ဝက်နီးပါးခန့်ကိုင်း၍ အသက်လုရှူနေရ၏။ အချိန်အတန်ကြာပြီးနောက် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသောအခါမှသာ ခါးပြန်မတ်လိုက်သည်။သူ နံရံဘက်သို့မှီလိုက်ပြီး ကောင်းကင်ထက်ရှိ တစ်ထီးတည်း အေးစက်စက်တည်ရှိနေသော လမင်းကြီးကို မော့ကြည့်လိုက်သည်။
လမင်းကြီးက အဝါရောင်ပိုးထည်လွှာတစ်
လွှာဖြင့် အုပ်မိုးခံထားရသယောင်ရှိပြီး အပြာ
ရောင်မျဉ်းတန်းလေးများ ရစ်ဝဲနေကာ သူငယ်
စဉ်က ကစားခဲ့သော ဂေါ်လီလုံးလေးများကဲ့သို့ပင် ရှိနေလေသည်။သူ ယခုလေးတင်မြင်လိုက်ရသော အကိုဖြစ်သူ ဖုတင်းကို သတိရလိုက်သည်။ ထိုသူကသူ့ကိုကြည့်ပုံမှာ သူမက်နေကြ အိပ်မက်များထဲတွင် သူ့အားကြည့်သော အကြည့်နှင့် တူ
တူပင်ဖြစ်လေသည်။
ဖုတင်းသည် သူ့အားအလိုမရှိတော့ပေ၊ အလွန်လဲမုန်းတီးနေပြီးအကယ်၍သာ ဖုကျန်း၏ကိုယ်ထဲ၌ သူနှင့်တူညီသောသွေးများ စီးဆင်းမနေခဲ့လျှင် ထိုသူ၏ကားအောက်၌ သူသေပြီးနေလောက်ပြီ
ဖြစ်၏။
မဟုတ်ပေ...သူနှင့် ဖုတင်း၏ သွေးသား
တော်စပ်မှုမှာ ထိုလောက်ထိမနီးစပ်ပေ။သူတို့ကိုမွေးပေးထားသော အမေများမှာပင်မတူညီကြပေ။ ဖြစ်နိုင်သည်မှာ ဖုတင်းသည် ဟိုးယခင်ကတည်းက သူ့အားမုန်းတီးနေခဲ့ပြီး ထန်ဝမ်ရောက်ရှိလာမှုက ထိုအမုန်းတရားများကိုပြသရန် အကြောင်းပြချက်ပေးခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ဖုကျန်းသည် အကိုဖြစ်သူအား မဟုတ်မမှန်သော အတွေးနက်နက်ပေါင်းစုံဖြင့်ထင်ကြေးများမပေးချင်သော်လည်း ထိုအကြောင်းအရင်းမှလွဲ၍အခြားအရာများကိုလည်းမတွေးမိချေ။သူငိုလိုက်ချင်သည်။သို့သော် သူ၏ မျက်လုံးများမှာ ခြောက်ကပ်နေကာ မျက်ရည်ပင် မထုတ်နိုင်တော့ချေ။
ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ကာ Lock ဖွင့်လိုက်ပြီးနောက် Galleryထဲ၌နောက်ဆုံးသိမ်းထားသောပုံလေးကို ဖွင့်ကြည့်လိုက်သည်။ထိုပုံမှာလွန်ခဲ့သော ၅ နှစ်ခန့်က သူတို့မိသားစုသုံးယောက် တောင်တရုတ်ပင်လယ်ထဲသို့အပျော်ခရီးထွက်ခဲ့စဉ်က ခိုးရိုက်ခံခဲ့ရသောပုံဖြစ်ပြီး သူအိမ်ပေါ်မှ နှင်ချခံရပြီးနောက်တွင်မှအင်တာနက်ထဲမှ ရှာကာ သိမ်းထားခဲ့သောပုံလေးဖြစ်လေသည်။
ယခုတွင်မူ သူတို့မိသားစု သုံးယောက်တွဲပုံ
မှာ အင်တာနက်ပေါ်တွင် လုံးဝမရှိတော့ပေ။ ဖုမိသားစု၏ အငယ်ဆုံးသခင်လေးဖြစ်သောသူ၏ အကြောင်းများ အချက်အလက်များမှာလဲ အလုံးစုံ ဖျက်ခံလိုက်ရလေပြီ။ သူဘွဲ့မရခင်နောက်ဆုံးအနေဖြင့် ရိုက်ခဲ့သော ရုပ်ရှင်လေးမှာလဲ မထုတ်လွှင့်ရသေးခင်မှာပင် နှုတ်ဆိတ်သွားခဲ့လေကာ ထိုရုပ်ရှင်၏ အကြောင်းမှာလဲ အနည်းငယ်မျှပင် အသံထွက်မလာတော့ချေ။
တကယ်တမ်းတွင်မူ ဖုကျန်းသည် ယခုဖြစ်
ခဲ့သည်နှင့် ဆင်တူသော အဖြစ်အပျက်မျိုး
များကို မကြာခဏပင် အိပ်မက်ထဲ၌ တွေ့ကြုံမြင်မက်လေ့ရှိ၏။ထို့ကြောင့်ပင် ယခုအဖြစ်အပျက်သည်လည်းအိပ်မက်တစ်ခေါက်ထပ်မက်လိုက်သကဲ့သို့ပင်။ တကယ်တမ်း၌ ဘာမှမဟုတ်ဘဲ နံနက်မိုးလင်းပြီဆိုလျှင် အရာအားလုံးအဆင်ပြေသွားပေလိမ့်မည်။
ဖုကျန်း ဖုန်း Screen ပေါ်မှပုံကို Delete နှိပ်လိုက်သည်။
"ခုချိန်ကစပြီးတော့ ကျွန်တော်တို့က သူစိမ်းတွေဖြစ်သွားပြီ...နောက်ထပ်မတွေ့ရပါစေနဲ့လို့မျှော်လင့်ပါတယ်...ခင်ဗျားတို့ကို ကောင်းမွန်တဲ့အနာဂတ်တွေကစောင့်ကြိုနေပြီးတော့ လိုအင်ဆန္ဒတွေလဲ ပြည့်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်...ကျွန်တော့်ကိုယ်ကျွန်တော်လဲ အသက်ရှည်ပါစေ...မင်္ဂလာရှိသော ကောင်းသောမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..."
အချိန် အတော်ကြီးကြာသွားပြီးနောက် ဖုကျန်း လမ်းကြားထဲမှ ထွက်လာခဲ့သည်။လမ်းမပေါ်တွင်မူ ဖုတင်း၏ အရိပ်အရောင်ကိုမတွေ့ရတော့ပေ။ ထိုနေရာမှာ နဂိုမူလကရှိခဲ့သည့်အတိုင်း တိတ်ဆိတ်စွာ ရှိနေလေပြီ။ ဖုကျန်းတစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်နိုင်ပြီး ဘတ်စ်ကားဂိတ်ရှိရာဆီသို့ ထော့နဲ့ထော့နဲ့ပင် လျှောက်သွားလိုက်သည်။
အဝါရောင် မှိန်ဖျော့ဖျော့ လမ်းမီးများအောက်တွင် သူ၏အရိပ်မှာ ဖြည်းဖြည်းချင်း ရှည်ထွက်လာသယောင်...လမ်းပေါ်မှ ကားဟွန်းတီးသံ၊ အချက်ပေးဥဩဆွဲသံများမှာလဲ နားထဲ ဝင်လိုက်ထွက်လိုက်ရှိနေလေသည်။ မြောက်အရပ်မှတိုက်ခတ်လာသော လေအေးက လမ်းမပေါ်မှ သစ်ပင်များကို ဖြတ်၍တိုက်ခတ်သွားရာ ထိုအပင်များမှထွက်လာသော အသံများကလဲ ကြောက်လန့်ဖွယ်ရာ ဖြစ်နေ၏။ သစ်ကိုင်းသစ်ခက်များကလေတစ်ချက်တိုက်တိုင်းတွင် လှုပ်ခါယမ်းနေပြီး ညဉ့်နက်၍ အိမ်မပြန်နိုင်စဉ် အမဲလိုက်
ထွက်လာသော တောကောင်များနှင့်တွေ့၍
ကြောက်လန့်ကာ တုန်ရီနေသယောင်ပင်။
ဘားထဲမှအလျင်စလိုထွက်လာသည်ဖြစ်
သောကြောင့် ဖုကျန်း အဝတ်အစားလဲ
ရန်ပင် အချိန်မရခဲ့ချေ။သူ ပါးလွှာသော
ဘောင်းဘီ တစ်ထည်ကိုသာဝတ်ဆင်ထားခဲ့လေရာ ခြေထောက်များက လေအေးနှင့်ထိတွေ့သောအခါ၌ နာကျင်မှုက တိုးဝင်လာလေသည်။ သို့သော် သူ၏ ခံနိုင်ရည်စွမ်းသည်ယခင်ကထက်စာလျှင် အများကြီး တိုးတက်လာပြီဖြစ်လေရာ ယခင်ကလို ကလေးတစ်ယောက်ကဲ့သို့နာကျင်စွာ အော်ဟစ်ငိုကြွေးတော့မည်မဟုတ်ပေ။
သူ့ရှေ့၌ရှိနေသောကျယ်ဝန်းပြန့်ပြူးလျှက်ရှိသည့် လမ်းမထက်၌ ကျောက်တုံးလေးများပြန့်ကျဲနေလေသည်။အဖြူနှင့် အနက် စပ်ထားသည့် အရောင်နှင့် ကြောင်လေးတစ်ကောင်က လမ်းဘေးမြက်ခင်းထဲမှပြေးထွက်လာပြီး လမ်းမကိုဖြတ်၍ပြေးသွားသည်ကိုမြင်လိုက်ရသည်။
ထိုကြောင်လေး အဝေးသို့ပြေး
ထွက်သွားသည်ကိုမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း သူသည်လည်း ဘဝလမ်းမထက်တွင် သူ့နည်းသူ့ဟန်ဖြင့်လျှောက်လမ်းရပေဦးမည်ဆိုသည်ကို တဖြည်းဖြည်း သတိရလာသည်။
ဘတ်စ်ကားလေးကအများသုံးရေချိုးခန်း
နောက်ဘက်တွင်ရှိသော စွန့်ပစ်ခံထားရသည့်မြက်ခင်းပြင်ပေါ်တွင်ဆောင်းခိုနေသော ဖားတစ်ကောင်ကဲ့သို့ ရပ်နားထားလျှက်ရှိလေ၏။
ဖုကျန်းသည် ထိုဖား၏ဝမ်းဗိုက်ထဲသို့ဝင်သွား
လိုက်ပြီး ဖုန်းမှ အလင်းရောင်၏အကူအညီ
ဖြင့် နောက်ဆုံးတန်းသို့လျှောက်သွားကာထိုင်ချလိုက်သည်။ ထိုနောက်တွင်တော့ ပြတင်းပေါက်ဘက်သို့ ခေါင်းမှီကာစတင်၍အိပ်စက်လိုက်လေတော့သည်။များမကြာမီပင် ကားပေါ်၌လူများ
တဖြည်းဖြည်းများလာလေသည်။ ကားဆရာက သူ့ကိုယ်သူအားပေးသည့်အနေဖြင့်ချောင်း
တစ်ချက်ဟန့်ကာ ရေတစ်ခွက်သောက်လိုက်
ပြီးနောက် ခရီးသည်အပြည့်နှင့် သူ၏ယာဉ်
အားကြီးမားသော်လည်းတိတ်ဆိတ်လျက်ရှိနေသော မြို့လေးအတွင်းသို့ ညဘက်ခရီးစဉ်ကို စတင်၍ မောင်းနှင်လေသည်။
ဖုကျန်းသည် ရှေ့ဘက်ခုံရှိလူငယ်လေးမှ
ဗီဒီယိုတစ်ခုကို ဖွင့်ကြည့်သောအသံကြောင့်နိုးလာလေသည်။ မျက်လုံးများကိုဖွင့်ကာ
ဖုန်းမှ screenကိုကြည့်လိုက်သည်။ထို့နောက်
ပြတင်းပေါက်၏ အပြင်ဘက်သို့ခေါင်းလှည့်
ကြည့်လိုက်၏။
ကား၏ ပြတင်းတံခါးမှာမြူလွှာတစ်လွှာဖြင့်အုပ်ဆိုင်းလျှက်ရှိလေရာ ဖုကျန်းသည် ထို
ပေါ်၌တစ်စုံတစ်ရာကိုဆွဲရန် လက်လှမ်းလိုက်
သည်။သို့သော် သူ့လက်များကအေးစက်စက်
မှန်သားကို ထိလိုက်သောအခါတွင် သူ၏စိတ်ရုတ်တရက် ဘာလုပ်ရမည်မသိတော့ပေ။ပြတင်းတံခါးမှန်ကိုလက်ဖဝါးဖြင့် အုပ်၍
မှတ်စုစာအုပ်တစ်အုပ်စာ အရွယ်အစားရှိ
သည့် ပမာဏလောက်ကိုသုတ်လိုက်ကာ
အပြင်ဘက်သို့ကြည့်လိုက်လေသည်။ကောင်းကင်မှနှင်းများတဖြုတ်ဖြုတ်
ကြွေကျနေသည်မှာ လမ်းမီးဝါဝါအောက်၌
ပိုးစုန်းကြူးလေးများအုပ်စုဖွဲ့ကာ ဆော့ကစားနေသယောင်ပင်ထင်ရသည်။
မြေပြင်၌ အဖြူရောင် အလွှာတစ်ထပ်အုပ်မိုးထားလေရာကားဖြတ်သွားပြီးနောက်၌ အနက်ရောင်ဘီးရာနှစ်ရာမှာအမှတ်အသားကဲ့သို့ပင် ကျန်ရစ်ခဲ့လေတော့သည်။အခန်းသို့ပြန်ရောက်ချိန်တွင်နံနက်အစောပိုင်းပင်ရှိသေးလေရာ အခန်းဖော်များမှာလည်းအိပ်ပျော်နေကြလောက်မည်ဖြစ်သောကြောင့် အသံကို တိုးနိုင်သမျှတိုးတိုးဖြင့်ပင် သူ၏အခန်းကျဉ်းလေးထဲသို့ရောက်အောင် သွားလိုက်သည်။
ဖုကျန်း ဘားမှဝတ်ဆင်လာရသော
အဝတ်အစားများကို ချွတ်လိုက်ပြီးနောက်
အိပ်ရာပေါ်တွင်ထိုင်လိုက်သည်။ ယခုတွင်မူသူသည် အလွန်နိုးကြားနေကာ နည်းနည်းလေးမျှပင် မအိပ်ချင်ပေ။ ယနေ့ဖြစ်ပျက်သွားသည်ကိုကြည့်ခြင်းအားဖြင့် ထိုဘားသည် အချိန်အတန်ကြာအောင် ဖွင့်နိုင်တော့မည် မထင်ဖွင့်နိုင်မည် ဆိုလျှင်တောင်မှ သူပြန်မသွားသင့်တော့ဟု ထင်မိသည်။
ယနေ့ညတွင် သူ့အားကြိုတင်ကြံစည်ကာ လုပ်
ကြခြင်းဖြစ်ပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် ဘားသို့ ရောက်
ချိန်မှစ၍သူတို့အလုပ်သမားခေါင်းဆောင်
မှပေးသော ရေတစ်ခွက်သာသောက်မိသည်ကြောင့်ပင်။ သို့သော်သူနားမလည်နိုင်သည်
မှာ အဘယ်ကြောင့် ထိုသို့သောဆေးကို သူ
သောက်မည့်ရေထဲခတ်ထားရသနည်း။
ဖုကျန်း မည်သို့ပင်စဉ်းစားစေကာမူ
အဖြေရှာမရနိုင်ပေ။ ထို့အပြင် သူ၏ လျှို့ဝှက်အပ်သောထိုနေရာမှာလည်း နာနေသေးသည်ဖြစ်ရာ အိပ်ရာပေါ်သို့လှဲချလိုက်ရသည်၊ရုတ်တရက်အကြောင်းပြချက်မရှိဘဲ ယနေ့ညတွင် သူနှင့် ပတ်သက်ခဲ့သော ထိုလူကိုသတိရမိလိုက်သည်။
အချိန်အတော်ကြာမျှ သူ၏မှောင်မိုက်နေ
သော အခန်းကျဉ်းလေးထဲတွင် မမြင်ရတာ
ကြာသော နေရောင်ခြည်ကို ခံစားလိုက်ရသကဲ့သို့ပင်။
သူတို့စုပေါင်းငှားထားသော တိုက်လေး
တွင် ရေချိုးခန်းမှာမျှသုံးရသည်ဖြစ်ပြီး
ဧည့်ခန်း၏အရှေ့ဘက်တွင် တည်ရှိလေသည်။ ယခုအချိန်တွင် ရေချိုးရန်ထွက်သွားလိုက်လျှင်ကျန်ရှိအိမ်သားများအားအနှောင့်အယှက်ပေးမိမည်မှာ အသေအချာပင်ဖြစ်၏။
ထို့ကြောင့်ပင်ရေတစ်ဇလားခန့်သွားယူလိုက်ပြီး အခန်းထဲ၌ပင် ရေပတ်တိုက်လိုက်သည်။ ရေပတ်တိုက်ပြီးချိန်တွင်နံနက် ၂နာရီပင်ရှိတော့မည်ဖြစ်သောကြောင့် ရေဇလုံကိုခုတင်အောက်သို့သာထည့်လိုက်သည်။
........
အား...
ဖုကျန်း အိမ်မက်တစ်ခုမက်ပြန်သည်။ သို့သော် ယခင်ကကဲ့သို့ဆိုးရွားသော အတိတ်ကိုမြင်မက်ခြင်းမဟုတ်ပေ။လူတစ်ယောက် ဘတ်စ်ကားပေါ်တွင် မ
လှုပ်မယှက် ရပ်နေသည်ကိုမြင်ရလေသည်။
နောက်တစ်နေ့ နံနက်တွင် ရွှေနေခြည်
က ဖုကျန်း၏ အခန်းတွင်းသို့ လိုက်ကာ
အဟောင်း၏ အပေါက်များကြားမှတိုးဝင်လာ
သည်။ ဖုကျန်း အိပ်ရာမှနိုးလာပြီး သူ့ရင်ဘတ်
သူ ဖိလိုက်သည်။ အိပ်မက်ထဲမှချိုမြိန်မှုလေး
ယခုထက်တိုင် နှလုံးသားထဲ၌ ကျန်ရှိနေဆဲပင်။
သူ မနေ့ကတွေ့ခဲ့ရသော ထိုလူကို
သဘောကျနေမိပြီထင်၏။ဖုကျန်းသည် တကယ်တန်းတွင်လူတစ်ယောက်ကိုချစ်မိပြီဆိုလျှင် မည်ကဲ့သို့ခံစားရသည်ကို မသိပေ။ အိပ်မက်ထဲ၌ မပီမပြင်ဝိုးတဝါး ခံစားလိုက်ရသော ...နို့သကြားလုံး ကိုစားရသကဲ့သို့ ချိုမြိန်မှုလေးတစ်ခုကိုသာ သတိရနေမိသည်။
ထိုအချိုလေးက သူ၏လျှာဖျားအောက်၌ အမြဲတည်ရှိနေသလိုမျိုးထိုအကြောင်းကိုတွေးလိုက်မိလေတိုင်း ဖု
ကျန်းတစ်ယောက် မပြုံးဘဲ မနေနိုင်ပါချေ။
သို့သော် ဤခံစားမှုသည်က ဝမ်းနည်းစရာပင်ဖြစ်နေလေပြီ။ခံစားချက်ကို အသိ နောက်ကျ
သွားသောကြောင့် ထိုလူ၏ နာမည်ကိုပင်သူမ
သိလိုက်ရပေ။ သူ၏တစ်ဖက်သက် အချစ်
သည်ကား မည်ကဲ့သို့ရလဒ်မျိုးမှမရခင်အဆုံးသတ်သွားခဲ့လေသည်။သူ သက်ပြင်းချလိုက်ပြီးနောက်သူ့ကိုယ်သူအားပေးလိုက်သည်။
အလုပ်သစ်ရှာရပေဦးမည်။
ဖုကျန်း၏ လစာတောင်းဆိုမှုမှာ မများ
ပေ။ သူသည်အခက်အခဲများစွာကိုလည်း
ခံနိုင်ရည်ရှိပြီး ပျင်းရိခြင်းလဲမရှိသောကြောင့်
အလုပ်ရှင်များ၏ မျက်လုံးထဲတွင်သူသည်
အရည်အချင်းပြည့်မီသောအလုပ်သမားဖြစ်နေသင့်သော်ငြား ကံဆိုးစွာပင် လူအနည်းငယ်ကသာ မသန်စွမ်းတစ်ယောက်ကိုအလုပ်ခန့်ချင်သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အပြန်၌ လမ်းတွင် မြင်သမျှ တိုင်ပေါင်းစုံ
တွင် ကပ်ထားသော ကြော်ငြာစာတိုင်းကို
သတိထား၍လိုက်ကြည့်ဖြစ်သည်။ ထို့နောက်
တွင်မူ အလုပ်ခေါ်စာတစ်ခုဆီသို့မျက်စိကျ
သွားလေ၏ အလုပ်လိုအပ်ချက်များမှာ
ဝတ်စုံတစ်စုံကို ဝတ်၍ ကျောင်းဂိတ်ဝတွင်ရပ်
ကာ ကျောင်းသားများထံသို့ ကြော်ငြာစာဝေပေးရမည်ဖြစ်သည်။ အလုပ်လုပ်ရမည့်အချိန်မှာလည်း ညနေ ၅ နာရီမှ ၇ နာရီကြားဖြစ်ကာတစ်နာရီကို ယွမ် ၂၀ နှင့်ညစာပါအပြီးဖြစ်လေရာ ဖုကျန်းအတွက်မူ အလွန်ကောင်းသောအလုပ်ဖြစ်နေလေသည်။
.........
ရက်အနည်းငယ်ကြာသောအခါ
ကျန်းဟန်ရှု ဘား၏အပြင်ဘက်ဆီသို့ တစ်
ခေါက်ရောက်လာခဲ့ပြန်သည်။ ဘားမှာ ယခုအမှုတွဲထဲပာဝင်နေသောကြောင့် ပိတ်လိုက်ရပြီဖြစ်ကာ ပါဝင်သူတိုင်းမှာလည်း ရဲစခန်း၌ဖမ်းခံ
လိုက်ရပြီဖြစ်သည်။
ထိုနေ့က သူ နောက်တစ်နေ့၏နေ့
လည်ခင်းမှနိုးလာခဲ့ပြီး သူ၏ ရှုပ်ပွနေသော
အဝတ်အစားများနှင့် ခန္ဓာကိုယ်အနှံ့ရှိများပြားလှသော အမှတ်အသားများက မတိုင်ခင်ည၌ ဖြစ်ခဲ့သော ကာမဆက်ယှက်မှုမှာမည်မျှပြင်းထန်ခဲ့သည်ကို ပြနေလေသည်။ သို့သော်အခန်းတွင်း၌ သူတစ်ယောက်သာကျန်ခဲ့ပြီးမည်သူမျှရှိမနေခဲ့ပေ။
ကျန်းဟန်ရှုနောက်မှလိုက်လာသော ဝမ်ထုံက သူ့ အမူအရာကြောင့် စဉ်းစားရကျပ်ကာမေးလိုက်သည်။
"လောင်တ .. ဒီကို ဘာလို့ထပ်လာပြန်တာ
တုန်း..."
ကျန်းဟန်ရှု ခေါင်းမော့လိုက်ကာ
ဘား၏သုံးလွှာရှိရာသို့လှမ်းကြည့်လိုက်ရင်းပြန်ဖြေလိုက်သည်။
"တစ်ယောက်ယောက်ကို လာရှာတာ..."
"ဘယ်သူ့ကိုလဲ"
"ရေသူလေး..."
ဝမ်ထုံ၏ မျက်လုံးများ၌ သံသယဖြစ်သော
အငွေ့အယောင်များပေါ်လာပြီး မေးလိုက်
ပြန်သည်။
"ဘာလို့သူ့ကို ရေသူလေးလို့ခေါ်ရတာလဲ..."
ကျန်းဟန်ရှု အနည်းငယ်မျှအသံတိတ်
သွားပြီးနောက်မှလက်ထဲမှ စီးကရက်ကို ပြင်းပြင်းရှိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့.. ငါနိုးလာတဲ့အချိန်မှာသူ
ထွက်ပြေးသွားလို့..."
ဝမ်ထုံက လျှာကိုကိုက်လိုက်ရင်းကျန်းဟန်ရှုကိုပြောလိုက်ပြန်သည်။
"လောင်တကလည်း မိန်းမဆန်လိုက်တာ..."
ကျန်းဟန်ရှု နှုတ်ခမ်းများကို စေ့လိုက်ကာစကားထပ်မဆိုတော့ပေ။
ဝမ်ထုံက ကျန်းဟန်ရှု တစ်ခုခုထူးဆန်းနေသည်ကို ခံစားမိနေသည်ဖြစ်ရာ သူ့လက်မောင်းကို တံတောင်နှင့်တို့လိုက်ရင်းမေးလိုက်ပြန်သည်။
"ဘာဖြစ်လို့လဲ … ချစ်မိသွားပြီလား... "
ကျန်းဟန်ရှု ထိုရေသူလေးပေါ်၌မည်သို့
ခံစားချက်ရှိသည်ကို သေချာမပြောနိုင်ပေ။ထိုသူကမည်သို့ပုံပန်းသဏ္ဍာန်ရှိသည်ကိုပင် မမှတ်မိပေ။ သို့သော်ထိုသူအကြောင်းတွေးလိုက်တိုင်းသူ့နှလုံးသား၌ အဆုံးမရှိသောနာကျင်မှုမျိုးခံစားလိုက်ရသကဲ့သို့ပင်။
ဝမ်ထုံက သိချင်စိတ်ပြင်းပြနေသောမျက်နှာမျိုးဖြင့်ထပ်မေးလိုက်သည်။
"အဲ့ဒီနေ့ကဖြစ်ခဲ့တာ ယောကျာ်းနဲ့လား မိန်းမနဲ့လား..."
ကျန်းဟန်ရှု ထိုညကအဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်ူမမှတ်မိတော့ချေ။သူနိုးလာသောအချိန်၌ အိပ်ရာခင်းပေါ်တွင် အနီရောင်သွေးတစ်ကွက်ကိုမြင်မိခဲ့လေရာ မိန်းမတစ်ယောက်လဲဖစ်နိုင်သောကြောင့် ထိုမေးခွန်းကိုပြန်မဖြေနိုင်ပေ။
ဝမ်ထုံ သက်ပြင်းချလိုက်မိသည်။
လောင်တ တစ်ယောက် သူ့နွေဦးလေးကိုလွတ်သွားတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား...
သူ ကျန့်းဟန်ရှု ပုခုံးကိုအားပေးသလိုပုတ်လိုက်သည်။
"လောင်တ cctv ရော စစ်ကြည့်ပြီးပြီလား..."
ကျန်းဟန်ရှု စကားပြန်မဆိုတော့ပေ။
ထိုညက နှစ်လွှာသုံးလွှာရှိ cctv များကပျက်နေသောကြောင့် ထိုသူတင်မက တစ်ခြားမည်သူ့ကိုမှပြန်မရှာနိုင်တော့ပေ။
သူ သူ့လက်ထဲမှာ စီးကရက်ကို အမှိုက်ပုံးထဲထည့်လိုက်ပြီး ဘတ်စ်ကားမှတ်တိုင်သို့လျောက်လာခဲ့လိုက်သည်။
ဝမ်ထုံ သူ့နောက်မှ အမြန်ပြေးလိုက်ရင်းမေးလိုက်သည်။
"လောင်တ အခုဘာဆက်လုပ်မှာလဲ..."
ကျန်းဟန်ရှု "အုတ်သွားသယ်မယ်..."
ဝမ်ထုံ "ဒီလူကတော့ အပိုစ
ကားတွေပြောနေပြန်ပြီ မဟုတ်က ဟုတ်ကတွေ ..."