Chapter 36
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 36 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၁၇)


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် လျှို့ဝှက်အခန်းကို ရှင်းလင်းပြီးနောက် မကြာမီတွင် သူတို့၏ ကိုယ်ပိုင်နေရာသို့ ပြန်လည်ပြောင်းရွှေ့ခံခဲ့ရသည်။


3 of Hearts လျှို့ဝှက်ခန်း၏ ရှင်းလင်းရေးအခြေအနေမှာ ရင့်ရှောင်ယာနှင့် သူမအား အဆောက်အဦးမှ တွန်းချခဲ့သော လူသတ်သမားနှင့် အဆိပ်ခတ်ခဲ့သူကို ရှာဖွေရန်ဖြစ်သည်။ 2 of Hearts လျှို့ဝှက်ခန်းနှင့်ဆင်တူသည့် ဇာတ်ကွက်ကို ကစားသမားများအား လုံးဝခွဲခြမ်းစိတ်ဖြာရန် မလိုအပ်ပါ။ လျှို့ဝှက်ဇာတ်ကွက်က ဇာတ်ကွက်ကတ်ထဲတွင် တည်ရှိနေလိမ့်မည်။

 

လူနှစ်ဦး၏ ကိုယ်ပိုင်နေရာသည် ပေါင်းစည်းထားသည့် အခြေအနေတွင် ရှိနေသေးသည်။ သူတို့ကိုယ်ပိုင်နေရာထဲသို့ ဝင်လိုက်သည်နှင့် အနီရောင်ဂါဝန်ရှည်ဝတ်ထားသော လှပသောအမျိုးသမီးတစ်ဦးက ဆိုဖာပေါ်မှ ပြုံးလျက် သူတို့ကိုကြည့်နေတာကို တွေ့လိုက်ရသည်။ 

"မတွေ့ရတာကြာပြီ။"


Hearts ၏စောင့်ရှောက်သူသည် သူမ၏မျက်နှာပေါ်တွင် ဖော်ရွေပြီး နူးညံ့သိမ်မွေ့သော 'အစ်မကဲ့သို့' အပြုံးအမြဲရှိသည်။


ရှောက်လုံးက သူမကို ခေါင်းငြိမ့်ပြသည်။ 

"မင်္ဂလာပါ A of Hearts… ငါတို့ပြန်ဆုံကြပြန်ပြီ"


A of Hearts က ခံစားချက်ဖြင့် ပြောလေသည်။

"3 of Hearts က 2 of Hearts ထက် အဆင့်ပေမဲ့ နင်တို့နှစ်ယောက်က အဲဒါကို ပြီးပြည့်စုံစွာရှင်းလင်းခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တောင် ချိုးခဲ့သေးတယ်… ငါ တကယ်ကို အံ့ဩသွားတာ"


ရှောက်လုံက စိတ်ဝင်တစား မေးသည်။

"C အဆင့် လျှို့ဝှက်ခန်းတွေမှာ သဲလွန်စ စုဆောင်းခြင်း သတိပေးချက်တွေမရှိဘူး… နောက်ဆုံးမှာ ငါတို့ရဲ့ရမှတ်က ဘယ်လိုလဲ"


A of Hearts က အပြုံးဖြင့် ရှင်းပြသည်။

"ဒီလျှို့ဝှက်ခန်းကို ရှင်းဖို့ နည်းလမ်းနှစ်ခုရှိတယ်… ပထမတစ်ခုက ရဲနောက်ကို လိုက်ဖို့ပဲ… ရဲတွေက စိန်ခေါ်သူတွေကို သဲလွန်စတွေရှာဖို့ ကူညီပေးလိမ့်မယ်… သံသယရှိသူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ ကန့်သတ်ကတ်(ကိုယ်ပျောက်ဝတ်ရုံ)ကိုအသုံးပြုပြီး ရဲတပ်ဖွဲ့ရဲ့တိုးတက်မှုကို အာရုံစိုက်နေသမျှကာလပတ်လုံး သူတို့က ခုနစ်ရက်မြောက်နေ့မှာ အမှုကို ဖြေရှင်းနိုင်မှာဖြစ်တယ်"


ယွီဟန်ကျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ရဲတွေက ခုနစ်ရက်မြောက်နေ့မှပဲ ဒီအမှုကို ဖြေရှင်းနိုင်ခဲ့တာပေါ့… ဖိနပ်ရဲ့ အဓိကသက်သေက ရှင်းပစ်ခံလိုက်ရလို့လား"


A of Hearts က ခေါင်းငြိမ့်လိုက်သည်။ 

"နောက်နေ့ မုန်တိုင်းတိုက်ပြီး ကျောင်းရဲ့ အမှိုက်ပုံးက ပြည့်နေပြီးတော့ သန့်ရှင်းရေးသမားတွေက ရှင်းပစ်ဖို့ အဆင့်သင်ဖြစ်နေပြီ… ဒါက တကယ်တော့ သတိပေးချက်တစ်ခုဖြစ်ပေမဲ့ စိန်ခေါ်သူတော်တော်များများက အဲဒါကို သတိမထားမိကြဘူး… သူတို့က အမှိုက်ပုံးဆီ မသွားဘဲ ကျောင်းက ထွက်သွားတဲ့ အမှိုက်ပုံးကို ကြည့်ပြီး အရေးကြီးတဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးစေခဲ့တယ်… အမှိုက်ပုံးထဲမှာ ဒီဖိနပ်တွေကို ရှာတာက အချိန်ကို ပုံမှန်အားဖြင့် နှောင့်နှေးစေလိမ့်မယ်"


A of Hearts က ခဏရပ်ကာ ဆက်ပြောသည်။

"အခြေအနေအများစုမှာ မေပယ်တောအုပ်ထဲက အရိုးတွေဟာ ငါးရက်မြောက်နေ့မှာ ပေါ်လာလိမ့်မယ်… နင်တို့ရဲ့သဲလွန်စစုဆောင်းမှု တိုးတက်မှုက အရမ်းမြန်တာကြောင့် ဇာတ်ကွက်ကို စောစီးစွာ စတင်ခဲ့ပြီး အဲဒါက သုံးရက်မြောက်နေ့မှာ ပေါ်လာခဲ့တယ်"


စိန်ခေါ်သူ၏ရှာဖွေမှုတိုးတက်မှုအပေါ် အခြေခံ၍ လျှို့ဝှက်ခန်းဇာတ်ကွက်ကို ပြောင်းလဲစေနိုင်သောအားဖြင့် ချိန်ညှိထားပုံရသည်။ ယွီဟန်ကျန်းက ‌နားလည်မှုဖြင့် ခေါင်းငြိမ့်လိုက်သည်။ 

"ငါတို့က ဖိနပ်ကို ကြိုတင်ရှာတွေ့ခဲ့ပြီး ငါတို့ရဲ့ရှင်းလင်းရေးရမှတ်က တိုးသွားတာလား"


"ဖိနပ်တင်မကဘူး… ချောကလက်၊ ပဝါ၊ ရည်းစားစာ၊ ရှဲ့ရှင်းဟယ်ရဲ့အိတ်ထဲက ‘မွန်တီခရစ်တိုမြို့စား’စာအုပ်နဲ့ ရင့်ရှောင်ယာရဲ့စာအုပ်ထဲက ‘ငါဘာလုပ်ရမလဲ’ဆိုတာတွေက ပထမဆုံးသဲလွန်စတွေပဲ… ဓာတ်ခွဲခန်းသော့၊ အဆိပ်နဲ့ လက်မှတ်စာအုပ်က ဒုတိယသဲလွန်စတွေဖြစ်တယ်… စစ်းဟန်နဲ့ ပျောက်ဆုံးနေသူသုံးယောက်တို့ရဲ့ အချက်အလက်တွေက တတိယသဲလွန်စတွေဖြစ်တယ်… စတုတ္ထသဲလွန်စက ရုံးခန်းထဲမှာရှိပြီး နောက်ဆုံးသဲလွန်စကတော့ ကျန်းချင်ရဲ့ လူ့အရိုးလည်ဆွဲပါပဲ"


သူမက လူနှစ်ယောက်ကို လေးလေးနက်နက် ကြည့်နေမိသည်။ 

"နင်တို့က လျှို့ဝှက်ခန်းရဲ့ သဲလွန်စတွေ အကုန်ရှာတွေ့ပြီး ရဲတွေ့ထက်အရင် ရှာတွေ့ခဲ့တယ်… ဒါကြောင့် သဲလွန်စတိုင်းက နင်တို့ရဲ့ရှင်းလင်းရေးရမှတ်ကို တိုးစေတယ်"


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် နားလည်မှုဖြင့် ကြည့်လိုက်ကြသည်။


တစ်နည်းဆိုရသော် ဖြစ်စဉ်ကိုဖြေရှင်းပြီး အသက်ရှင်လိုသူများသည် ရဲများ၏အကူအညီကို အားကိုးပြီး ရဲနောက်ကွယ်မှ ငါးဆားငန်အဖြစ် လုပ်ဆောင်နိုင်ကြသည်။ ခုနစ်ရက်တိတိ ငတ်မသေဘဲ အသက်ရှင်နေသ၍ သူတို့က လူသတ်သမားကိုလည်း ဖမ်းနိုင်သည်။ သို့သော် ပြီးပြည့်စုံသောရှင်းလင်းရေးကို လိုလားသူများသည် သက်သေများကို ရှာဖွေခြင်း၊ သဲလွန်စရှာဖွေခြင်းနှင့် မှန်းဆချက်ပြုလုပ်ခြင်းတို့ကို ရဲတပ်ဖွဲ့၏ ရှေ့ကနေ လှမ်းတက်ရမည်ဖြစ်သည်။


ယွီဟန်ကျန်း၏သော့ဖွင့်ခြင်းစွမ်းရည်ကြောင့်သာ မဟုတ်ပါက သူတို့သည် ရုံးတွင် သက်သေများ ရှာမတွေ့နိုင်ပေ။


ယွီဟန်ကျန်းက မေးလိုက်သည်။

"3 of Hearts လျှို့ဝှက်ခန်းရဲ့ ဖယ်ရှားခံရမှုနှုန်းက ဘယ်လောက်လဲ"

စောင့်ရှောက်သူက ပြန်ဖြေသည်။ "60%"


သူမက ဝမ်းနည်းစွာ ပခုံးတွန့်လိုက်သည်။ 

"သူတို့ထဲက အများစုကို လုံခြုံရေးအစောင့်တွေက ရှာဖွေတွေ့ရှိပြီး ကျောင်းထဲကနေ ထုတ်လိုက်တယ်… ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြုတဲ့အခါ တိကျစွာ နားလည်မှု ဆိုးရွားလွန်းတာကြောင့် သူတို့က အဓိက အချက်အလက်များစွာ ပျောက်ဆုံးသွားပြီး ကျိုးကြောင်းဆင်ခြင်မှု အမှားအယွင်းတွေ ဖြစ်စေတဲ့ တချို့သောသူတွေရှိတယ်… တချို့က အားကိုးလို့မရလောက်အောင် အိပ်မောကျသွားပြီး လျှို့ဝှက်ခန်းရဲ့ အဓိကဇာတ်ကောင် ရင့်ရှောင်ယာကိုတောင် ရှာမတွေ့ခဲ့ကြဘူး… သူတို့က အဓိကဇာတ်ကောင်ကို ရှာရင်း ခေါင်းမပါတဲ့ ယင်ကောင်တွေလို လှည့်ပတ်ပြေးပြီး သူတို့ရဲ့ ရမှတ်တွေက လျှော့ကျသွားတယ်"


ရှောက်လုံ: "..."


အခြားအရာတွေကို နားလည်နိုင်ပေမဲ့ အအိပ်လွန်သွားတာတော့… တွေးကြည့်ဖို့တောင် ခက်တယ်…


ရှောက်လုံက စောင့်ရှောက်သူကို ကြည့်လိုက်သည်။

"ဒီပြီးပြည့်စုံသောရှင်းလင်းရေးအတွက် ဆုတွေက ဘာတွေလဲ… မင်း အခု ရှင်းပေးလို့ရမလား"


"ရတာပေါ့… ကျေးဇူးပြုပြီး ကတ်ထုပ်ကို စစ်ဆေးလိုက်ပါ"


ရှောက်လုံကို ကတ်ထုပ်ကို ဖွင့်ကြည့်လိုက်တော့ ကတ်အသစ်သုံးမျိုး ရှိနေသည်။


[အသုံးအဆောင်ကတ်: ကိုယ်ပျောက်ဝတ်ရုံ]


ရှားပါးမှု: A


ဖော်ပြချက်: 3 of Hearts ကန့်သတ်ကတ်။ ပြီးပြည့်စုံသောရှင်းလင်းရေးပြီးနောက် ဤကန့်သတ်ချက်ကို ရုတ်သိမ်းပြီး အခြားလျှို့ဝှက်ခန်းများတွင် အသုံးပြုနိုင်သည်။


အကျိုးသက်ရောက်မှု: အသုံးပြုသည့်အခါ မမြင်နိုင်သောအခြေအနေကို ထည့်သွင်းပြီး မိနစ် 30 ကြာ မမြင်နိုင်ပါ။ လျှို့ဝှက်ခန်း၏ အချိန်စီးဆင်းမှုနှုန်းအရ နေ့တိုင်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်။


[ကိရိယာကတ်: သော့]


ရှားပါးမှု: B


ဖော်ပြချက်: 3 of Hearts လျှို့ဝှက်ခန်းကိုရှင်းလင်းခြင်းအတွက် သတ်မှတ်ထားသောဆုဖြစ်သည်။


အကျိုးသက်ရောက်မှု: ၎င်းသည် တံခါးသော့များ၊ အံဆွဲသော့များ၊ မီးခံသေတ္တာသော့များအပါအဝင် လျှို့ဝှက်ခန်းကမ္ဘာရှိ မည်သည့်သော့ကိုမဆို ဖွင့်နိုင်ပါသည်။ သို့သော် ၎င်းကို Diamonds လျှို့ဝှက်ခန်းတွင် အသုံးမပြုနိုင်ပါ။ သော့ကို 5 ကြိမ်အသုံးပြုနိုင်ပြီး 5 ကြိမ်အသုံးပြုပြီးနောက် ပျက်စီးသွားမည်။


သော့သည် ဖြစ်စဉ်ရှင်းလင်းရေးအတွက် ဆုကတ်ဖြစ်သည်။ ယွီဟန်ကျန်းသည် သော့ဖွင့်ခြင်း ကျွမ်းကျင်မှုရှိပြီး ဤကတ်ကို အသုံးနည်းသည်။ နောက်မှရောင်းဖို့စဉ်းစားနိုင်သည်။ ကိုယ်ပျောက်ဝတ်ရုံသည် ဖြစ်စဉ်ကို ပြီးပြည့်စုံစွာရှင်းလင်းပြီးနောက် ရွေးချယ်မှု A ကို ရွေးချယ်ရာမှ ၎င်းကို လျှို့ဝှက်ခန်းထဲကနေ အောင်မြင်စွာ ထုတ်ယူခဲ့သည်။


သူတို့သည် B ကို မရွေးချယ်ဘဲ ရွှေဒင်္ဂါးသန်းတစ်ဝက် ဆုံးရှုံးသွားသော်လည်း ရှောက်လုံ၏စိတ်သည် ဤကတ်နှစ်ကတ်ကို မြင်ပြီးနောက် ပိုမိုကောင်းမွန်လာခဲ့သည်။


တတိယကတ်က အမှန်ပင် ဇာတ်ကွက်ကတ်ဖြစ်သည်။


[ဇာတ်ကွက်ကတ်: သွေးစွန်းနေသောမေပယ်ရွက်]


ရှားပါးမှု: S


ဖော်ပြချက်: 3 of Hearts လျှို့ဝှက်ခန်း သွေးစွန်းနေသောမေပယ်ရွက်ကို ပြီးပြည့်စုံစွာရှင်းလင်းခြင်းအတွက် ဆုဖြစ်သည်။


မှတ်ချက်: 3 of Hearts လျှို့ဝှက်ခန်း၏ ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုရန်အတွက် ဒီဇာတ်ကွက်ကတ်ကို အချိန်မရွေး နေရာမရွေး ဖွင့်နိုင်ပါသည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။


2 of Hearts ဇာတ်ကွက်ကတ်တွင် ကျောက်စန်းသည် လူနှစ်ဦးကိုသတ်ပြီး သူ၏ညီဝမ်းကွဲအလောင်းကို သယ်ဆောင်သွားတာ ပြသခဲ့သည်။ နောက်ဆုံးတွင် သူသည် ဝင်ပေါက်တွင်ရပ်ကာ ကင်မရာကို ပြုံးပြပြီး ရှောက်လုံ၏ ဦးရေပြားကို ထုံကျင်သွားစေသည်။ ဒီအမှုမှာ လူသတ်မှုကျူးလွန်သူဟာ စိတ်ဖောက်ပြန်ခဲ့ပေမဲ့ ရှောက်လုံက သေဆုံးသူနဲ့ လုံးဝအဆက်အသွယ်မရှိဘူး။ ဇာတ်ကွက်ကိုကြည့်ရတာ တီဗီဇာတ်လမ်းတွဲကြည့်တာနဲ့တူသည်... လေးနက်သောခံစားချက်တွေမရှိဘူး။


3 of Hearts လျှို့ဝှက်ခန်းက ကွဲပြားသည်။ သူသည် ရင့်ရှောင်ယာကို လူကိုယ်တိုင်မြင်ပြီး ကျန်းချင် သင်ပြတာကို နားထောင်ရင်း စာသင်ခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။ ဒီလူများက အစစ်အမှန်ရှိပြီး သူ့ပတ်ဝန်းကျင်က တကယ့်လူများလိုပါပဲ။ ရှောက်လုံသည် ရင့်ရှောင်ယာ၏ ကြေကွဲဖွယ် ပြတ်ကျသွားသော အခြေအနေကို မကြည့်ရှုနိုင်ခဲ့ပေ။


သို့တိုင် သူသည် လျင်မြန်စွာ အသက်ရှုသွင်းပြီး သူ့စိတ်ကို ချိန်ညှိလိုက်သည်။ သူသည် ရင့်ရှောင်ယာ သေဆုံးရသည့် အကြောင်းရင်းအမှန်ကို သိချင်နေသည်။


ရှောက်လုံသည် ဇာတ်ကွက်ကတ်ကို ပြတ်ပြတ်သားသား ဖွင့်လိုက်သည်။ မေပယ်ရွက်ပါသော ကတ်ပြားသည် လေထဲတွင် လှည့်ပတ်ကာ နံရံပေါ်ရှိ ကြီးမားသော ဖန်သားပြင်တစ်ခုသို့ လျင်မြန်စွာ လှန်သွားသည်။ ၎င်းက လျှို့ဝှက်ခန်း၏ ဇာတ်လမ်းအပြည့်အစုံကို စတင်ပြသခဲ့သည်။


လွန်ခဲ့သောငါးနှစ်က မေပယ်တောအုပ်အထက်တန်းကျောင်း။


ကျောင်းကို အခုမှ ဆောက်ပြီး အနီးနားက ကျောင်းပေါင်းများစွာကို ပေါင်းစည်းခဲ့သည်။ အဆိုပါအတိုင်းအတာသည် မကြုံစဖူးဖြစ်ပြီး မြို့ခေါင်းဆောင်များသည် ဖဲကြိုးဖြတ်ခြင်းအခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပါဝင်ခဲ့ကြသည်။


စစ်းဟန်သည် အတန်းဖော်တစ်ဦး၏ဘေးတွင် လျှောက်လာရင်း ကျောင်းလွယ်အိတ်ကို သယ်လာသည်။ မိန်းကလေး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။ မေပယ်တောအုပ်ကို မသွားခင် ကျောင်းကို စူးစမ်းလေ့လာရင်း ကြွေကျနေသော သစ်ရွက်များကို ကြည့်ပြီး မျက်နှာပေါ်က တိမ်ဝင်နေသော အပြုံးတစ်ခုရှိသည်။


သူမအတန်းဖော်က ပြောသည်။

"စစ်းဟန်… ငါတို့ကျောင်းသစ်က အရမ်းလှတယ်… နင်အကြိုက်ဆုံး မေပယ်ပင်တွေရှိတယ်"


စစ်းဟန်သည် မေပယ်ပင်များကြားတွင် ရပ်ကာ မေပယ်ရွက်ကို ကောက်ကိုင်လိုက်သည်။ 

"ဟုတ်တယ်… ကျောင်းပတ်ဝန်းကျင်က ကောင်းတယ်… ဒီကျောင်းကို ပြုပြင်ဖို့ ကျောင်းက သိန်းရာနဲ့ချီ အကုန်အကျခံခဲ့တယ်လို့ ကြားတယ်… စာသင်ခန်းအတွင်းက စားပွဲခုံနဲ့ ထိုင်ခုံတွေ၊ ဓာတ်ခွဲခန်းထဲက ကိရိယာများနှင့် အင်တာနက်စင်တာက ကွန်ပျူတာတွေက အသစ်တွေချည်းပဲ"

 

သူမအတန်းဖော်က အလွန်စိတ်ရှုပ်သွားသည်။

"ငါတို့သွားဖူးတဲ့ ယိုယွင်းနေတဲ့ကျောင်းထက် ပိုကောင်းတယ်"


စစ်းဟန်က ရပ်လိုက်ပြီး ဒီအနီရောင်မေပယ်တောအုပ်ကို ကြည့်လိုက်သည်။

"ဒီနေရာက တကယ်လှတယ်… ကျောင်းဆင်းရင် ငါဒီကိုလာလို့ရတယ်"


သူမအတန်းဖော်က တွေးဆသည်။

"နင့်ရဲ့အောင်မြင်မှုတွေအပေါ် အခြေခံပြီး ဒီတစ်တန်းလုံး စာမေးပွဲရဲ့ ထိပ်တန်း 10 မှာဝင်ဖို့ ပြဿနာမရှိဘူးမလား… ကျောင်းစတက်ရင် အတန်းတင်စာမေးပွဲဖြေမယ်လို့ ငါကြားတယ်… နင်ကတော့ သေချာပေါက် အဓိကအတန်းကို ဝင်နိုင်မှာပါ"


စစ်းဟန်က နိမ့်ချစွာ ပြန်ပြောသည်။

"အခုက ကျောင်းသုံးကျောင်းပေါင်းထားပြီး အတန်းဖော်တွေ အရမ်းများတယ်… ငါ့ရဲ့အဆင့်က အဓိကအတန်းကို ဝင်ဖို့ လုံလောက်မှာမဟုတ်ဘူး… အချိန်ကျရင် ကောင်းကောင်းကြိုးစားကြတာပေါ့… ငါတို့အတူတူနေနိုင်မယ်လို့ မျှော်လင့်တယ်"


နောက်နှစ်ရက်တွင် မေပယ်တောအုပ်အထက်တန်းကျောင်းသည် ကျောင်းတစ်ကျောင်းလုံး စာမေးပွဲကို ပြုလုပ်ခဲ့သည်။ စစ်းဟန်သည် တစ်တန်းလုံးတွင် အဆင့်ငါးအနေနဲ့ ဝိဇ္ဇာအတန်းသို့ ဝင်ရောက်ခဲ့သည်။ သူမ၏အတန်းဖော်သည် ထိပ်တန်း 100 တွင်သာ အဆင့်သတ်မှတ်ခံရပြီး သူမနှင့်အတူတူ အတန်းထဲသို့မဝင်နိုင်ခဲ့ပေ။ ဒါတောင်မှ သူမ၏သူငယ်ချင်းကို နှစ်သိမ့်ပေးခဲ့သည်။ ထို့အပြင် သူတို့နှစ်ယောက်သည် မနက်ခင်း မေပယ်တောအုပ်ထဲမှာ အတူတူ စာလေ့လာလို့ရသည်။


ဤမေပယ်တောအုပ်သည် စစ်းဟန်နှင့်အတူ အလွန်နာမည်ကြီးခဲ့သည်။ မနက်တိုင်း သူမသည် တရုတ်စာများ သို့မဟုတ် အင်္ဂလိပ်စကားလုံးများကိုရွတ်ဆိုရန် ကျောင်းသို့ အစောကြီးရောက်သည်။ လေးနက်သော မိန်းကလေးတစ်ယောက်သည် စာအုပ်ကိုကိုင်ကာ လှပသော နတ်သူငယ်တစ်ကောင်ကဲ့သို့ မေပယ်တောအုပ်အတွင်း ပေါ့ပေါ့ပါးပါး ရွေ့လျားသွားခဲ့သည်။


သိပ်မကြာခင်မှာပဲ ဘာသာစကားဆရာက သူမကို သတိထားမိခဲ့သည်။


ဘာသာစကားဆရာဖြစ်ပြီး သူမ၏အတန်းပိုင်ဆရာလည်းအဖြစ် မျိုးရိုးအမည် ကျိုးရှိကာ သူသည် အသက် 40 ရှိပြီဖြစ်သည်။ သူသည် လူလတ်ပိုင်းများ၏ ဘီယာဗိုက်မပါသော အသွင်သဏ္ဌာန်ကောင်းသူဖြစ်သည်။ သူသည် အလွန်ဗဟုသုတကြွယ်ပြီး စာရေးကောင်းသောကြောင့် ကျောင်းသားများကြားတွင် နာမည်ကြီးခဲ့သည်။


သူက မေပယ်တောအုပ်ထဲရှိ မိန်းကလေးကို ပြုံးပြပြီး မေးလိုက်သည်။

"စစ်းဟန်… မင်း ဒီကိုလာပြန်ပြီလား"


စစ်းဟန်က ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ 

"မင်္ဂလာပါ ဆရာမ…"


ဆရာကျိုးက သူမကို ‌အားပေးခဲ့သည်။

"ဆက်ကြိုးစားပြီး စာမေးပွဲမှာ အဓိကအချက်တွေကို မင်း သေချာပေါက် ဖြေ‌ဆိုနိုင်မှာပါ"


စစ်းဟန်က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့"


သူသည် သူမ၏အလေးစားရဆုံး အတန်းပိုင်ဆရာဖြစ်သည်။ သူမသည် သူ့စကားများကို နားထောင်ပြီး သူမ၏ရလဒ်များက အလွန်တည်ငြိမ်သည်။


စစ်းဟန်က ပို၍ပို၍ လှပလာသည်။ ဆရာ၏ဂရုစိုက်မှုက လွန်ကဲနေမှန်း သူမ မသိခဲ့ဘူး။ ဘာသာစကားအတန်း၏ ကိုယ်စားလှယ်အဖြစ် အတန်းဆရာက သူမနှင့် မကြာခဏ စကားပြောတတ်သည်ဟုသာ သူမ ရိုးရိုးရှင်းရှင်း တွေးခဲ့သည်။


တစ်ခေါက်တော့ သောကြာနေ့မှာ ကျောင်းဆင်းလို့ စစ်းဟန်သည် သူမတာဝန်နေ့မို့ အလွန်နောက်ကျမှ ပြန်ခဲ့ရသည်။ သူမသည် ကျောင်းတံခါးဆီသို့ လမ်းလျှောက်လာသောအခါ မိုးရွာစပြုလာသည်။ မိန်းကလေးသည် မိုးရေများစိုရွှဲသွားခဲ့သည်။


ကားမောင်းလာရင်း ဖြတ်သွားသော အတန်းပိုင်ဆရာက သူမရေစိုနေတာတွေ့တော့ တံခါးဖွင့်ဖို့ အစပျိုးလိုက်သည်။

"စစ်းဟန်… မင်း ထီးမယူလာဘူးလား… လမ်းကြုံတာနဲ့ ငါမင်းကို တစ်ခါတည်းပြန်လိုက်ပို့ပေးမယ်"


စစ်းဟန်က အလွန်ရှက်သွားသည်။ ဆရာက သူမအား အိမ်ပြန်ပို့ပေးမှာကို သူမ ဘယ်လိုလုပ်လက်ခံနိုင်ရမှာလဲ။


သို့သော် မိုးက ပိုသည်းလာပြီး ဆရာက သူမကို ဝင်ခိုင်းရန် တံခါးဖွင့်ပေးနေပြီဖြစ်သည်။ ဆရာနေထိုင်သည့်နေရာနှင့် သူမနေထိုင်သည့်နေရာက အမှန်တကယ်ပင် နီးသည်။ သူမက ကျေးဇူးတင်ကြောင်းပြောပြီး နောက်ခုံမှာထိုင်ရင်း လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ဂရုတစိုက် ထိုင်ခဲ့သည်။


သူမ မမျှော်လင့်ခဲ့တာကတော့...


ဒီဆုံးဖြတ်ချက်က သူမအဖြစ်ဆိုး၏ အစဖြစ်လာသည်။


ကားသည် မူလလမ်းကြောင်းမှလွဲ၍ အဝေးသို့ မောင်းနှင်သွားခဲ့သည်။ ဒါက စစ်းဟန်ကို ထိတ်လန့်စေခဲ့သည်။

"ဆရာ… ကျွန်မ ရောက်ပြီ… ဆရာ…"


ရှေ့က ကားသမားသည် သူမ‌ပြောတာတွေကို လျစ်လျူရှုထားခဲ့သည်။


အသက် 40 အရွယ် ယောင်္ကျားကြီးတစ်ယောက်သည် လူသူမရှိသော ဆင်ခြေဖုံးရပ်ကွက်သို့ ကားကို မောင်းနှင်လာပြီး မိန်းကလေးအား ကားထဲတွင် သော့ပိတ်ကာ ရက်စက်စွာ ညစ်ညမ်းစေခဲ့သည်။


စစ်းဟန်သည် ဒေါသအလွန်ထွက်ကာ အသက်မရှူနိုင်ခဲ့ပေ။ သူမအမြဲတမ်းလေးစားရသောလူသည် တကယ်တော့ လူ့အရေခွံခြုံထားသော သားရဲလို့မထင်ခဲ့မိဘူး။


မိန်းကလေး၏ စိတ်ပျက်အားငယ်စွာ အော်ဟစ်သံကြောင့် ရှောင်လုံ၏အမူအရာ ပျက်စီးသွားကာ ဒီသားရဲ၏ ခေါင်းကို လက်သီးဖြင့် ထိုးသတ်လိုက်ချင်သည်။


မိုးသည်းထန်စွာရွာပြီးနောက် စစ်းဟန်သည် နံနက်စောစောတွင် အိမ်သို့ပြန်လာကာ သူမ၏ခန္ဓာကိုယ်ကို ရူးသွပ်စွာဆေးကြောခဲ့သည်။ သူမသည် ငယ်ရွယ်သေးပြီး သူမ၏ပင်ကိုယ်စရိုက်မှာ အတော်ပင် နူးညံ့သည်။ သူမ ရုတ်တရက် ဒီလို အဖြစ်မျိုး ကြုံတွေ့ပြီး စိတ်ရှုပ်သွားခဲ့သည်။ သူမ အရင်ဆုံး ရဲစခန်းသွားရမယ်ဆိုတာ သူမ မသိခဲ့ဘူး…


ရလဒ်အနေနဲ့ သူမ ရဲစခန်းကို တိုင်ကြားလိုသောအခါ သက်သေမရှိတော့ဘူး။


နောက်နေ့တွင် ထိုလူက အရက်မူးပြီး သတိလွတ်သွားသည်ဟု သူမကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့သည်။ သူမကို အမြဲတမ်း သဘောကျနေတာကြောင့် သူဒီလိုလုပ်လိုက်မိပြီး သူမက သူ့ကို ခွင့်လွတ်ဖို့ မျှော်လင့်ခဲ့သည်။ သူသည် သူမရှေ့မှာ ဒူးထောက်ပြီး ရဲကိုမခေါ်ဖို့ ဒါမှမဟုတ် အခြားသူများကို မပြောဖို့ ကတိတောင်းခဲ့သည်။


စစ်းဟန်သည် ဘာလုပ်ရမှန်းမသိဖြစ်ကာ ဘယ်သူ့ကိုမှ မပြောရဲခဲ့ဘူး။ သူမသည် ကျောင်းပြန်တက်ပြီး မကြာခဏ စိတ်ရှုပ်နေတာကြောင့် ရလဒ်များ ကျဆင်းသွားသည်။


သူမ ကူကယ်ရာမဲ့ ဖြစ်နေချိန်မှာ ကျန်းချင်က သူမကို နိုင်ငံခြားကနေ ဖုန်းခေါ်ပြီး နူးညံ့စွာ မေးသည်။

"ရှောင်ဟန်… နေကောင်းလား… နင့်ရဲ့ကျောင်းအသစ်နဲ့ကော လိုက်လျောညီထွေဖြစ်ရဲ့လား"


စစ်းဟန်၏ နှုတ်ခမ်းများက တုန်ခါလာပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။ 

"အစ်မ… အလုပ်ရှုပ်နေလား"


"မကြာသေးခင်က ငါ အရေးကြီးတဲ့ စာမေးပွဲတစ်ခုရှိလို့ နင့်ကိုရက်အတော်ကြာအောင် မဆက်သွယ်နိုင်ခဲ့တာ… နင်အဆင်ပြေရဲ့လား"


စစ်းဟန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခဏ တုံ့ဆိုင်းသွားသည်။ အဆုံးတွင် သူမက အံကြိတ်လိုက်သည်။ 

"ကျွန်-ကျွန်မ အရမ်းအဆင်ပြေပါတယ်…"


ပထမအချက် သူမသည် အလွန်အရှက်ကွဲခဲ့ပြီး ဘယ်လိုပြောရမလဲကို မသိခဲ့ပေ။ ဒုတိယအချက် နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေသော သူမ၏အလုပ်ကြိုးစားသောအစ်မကို စိတ်မထိခိုက်စေချင်ဘူး။ ဒါက အိပ်မက်ဆိုးတစ်ခုမျှသာဖြစ်ပြီး အိပ်မက်မှ နိုးလာသောအခါ အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု သူမထင်ခဲ့သည်။


အိပ်မက်ဆိုးက မပြီးသေးဘူးလို့ သူမ မထင်ထားဘူး… ဒါဟာ အစပဲရှိပါသေးဟည်။


သူမ အယုံကြည်ရဆုံး စိတ်ပညာဆရာသည် ငယ်ရွယ်ပြီး ကြင်နာတတ်သူဖြစ်သည်။ သူမ၏ စွမ်းဆောင်ရည် ကျဆင်းသွားကာ အာရုံမစိုက်နိုင်တော့ပေ။ သူမသည် သူ့ဆီသွားပြီး အကြံဉာဏ်များတောင်းကာ သူမ၏စိတ်ကို ချိန်ညှိပေးခဲ့သည်။ ဒီဆရာ၏လမ်းညွှန်မှုအောက်မှာ သူမ၏တွေဝေသောစိတ်က တဖြည်းဖြည်း ပြန်ကောင်းလာသည်။


သို့သော် တချို့သောလူများမှာ အောက်ခြေမရှိဘူး။ သူတို့က ဒူးထောက်ပြီး တောင်းပန်ရင်တောင် အသုံးမဝင်သော စကားလုံးတွေချည်းပါပဲ။


ပထမအကြိမ်ရှိခဲ့လျှင် ဒုတိယအကြိမ်လည်းရှိလာမည်။


သောကြာနေ့ညက Gym ၏အဝတ်လဲခန်းထဲမှာ အတန်းဆရာက သူမကို နောက်တစ်ကြိမ် စော်ကားခဲ့သည်။ သူမသည် အော်ဟစ်အကူအညီတောင်းပြီး ကျောင်း၏လုံခြုံရေးအစောင့်က ဖမ်းမိခဲ့သည်။


လုံခြုံရေးအစောင့် ဝင်လာချိန်မှာတော့ သူမ ကယ်တင်ခဲ့ပြီလို့ ထင်ထားခဲ့သည်။ ဒီလုံခြုံရေးအစောင့်က လူမဆန်ဘဲ သူမကို စော်ကားရန် အမှန်တကယ်ပါဝင်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။


စိတ်ပညာဆရာသည် ရုံးခန်းထဲမှာ မတော်တဆ အိပ်ပျော်သွားပြီး ည 9 နာရီမှာ နိုးလာခဲ့သည်။ အားကစားရုံအတွင်း လှုပ်ရှားမှုများကို ကြားလိုက်ရပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော သူမကိုတွေ့လိုက်ရသည်။


သူမက ငိုယိုပြီး သူ့ကို တောင်းပန်ကာ ရဲကို ခေါ်ခိုင်းသည်။


သို့သော် သူက ထိတ်လန့်တကြားဖြင့် ထွက်သွားခဲ့သည်။


သူက အခုမှ ဘွဲ့ရပြီး ဒီကျောင်းမှာ တာဝန်ကျခဲ့သည်။ လုံခြုံရေးအစောင့်သည် ဒုကျောင်းအုပ်ကြီး၏ ဆွေမျိုးဖြစ်ပြီး ဆရာကျိုးသည် ခိုင်မာသောနောက်ခံရှိသည့် ထူးချွန်သော ဆရာတစ်ဦးဖြစ်သည်။ သူသည် ဤလူနှစ်ယောက်ကို မသက်ဆိုင်သော ကျောင်းသူတစ်ဦးအတွက် အမှန်တကယ် စော်ကားလိုပါသလား။


အများအားဖြင့် ယဉ်ကျေးပြီး ကျိုးကြောင်းဆီလျော်သော စိတ်ပညာဆရာသည် အဓိကအခိုက်အတန့်မှာ... သူက ပြဿနာမရှာချင်သော သူရဲဘောကြောင်သူ ဖြစ်လာခဲ့သည်။


သူမယုံကြည်ရသော စိတ်ပညာဆရာ၏နောက်ကျောကိုကြည့်ရင်း စစ်းဟန်၏စိတ်ပျက်‌သွားသော မျက်ရည်များက ရှောက်လုံ၏နှလုံးသားကို နာကျင်စေခဲ့သည်။


အကယ်၍ သူသာ စစ်းဟန်၏အစ်မဖြစ်ခဲ့လျှင် သူလည်း ဒီသားရဲသုံးကောင်ကို သတ်ပစ်ချင်လိမ့်မည်။


စစ်းဟန်သည် ရဲကို တိုင်ကြားချင်တယ်လို့ တိုးတိုးလေးပြောနေခဲ့သည်။ လုံခြုံရေးအစောင့်နှင့် ဆရာကျိုးတို့က ကြောက်လန့်နေခဲ့ကြသည်။ ဆွေးနွေးပြီးနောက်တွင် သူတို့သည် သူမအား ဆေးကြောသန့်စင်ရန် Gym ၏ ရေချိုးခန်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီး သက်သေမချန်ခဲ့ပေ။ ထို့နောက် ဆရာကျိုးသည် သေကြောင်းကြံစည်မှုမှတ်စု အတုလုပ်ကာ လုံခြုံရေးအစောင့်က စောင့်ကြည့်ရေးမှတ်တမ်းကို ဖျက်လိုက်သည်။ ထို့နောက် သူတို့က သူမကို အဆောက်အဦးထိပ်မှ တွန်းချလိုက်သည်။


ထိုနေ့က စစ်းဟန်၏ 18 နှစ်မြောက် မွေးနေ့ဖြစ်မှန်း သူတို့သိခဲ့သည်။


မိန်းကလေး၏ ခန္ဓာကိုယ်သည် ခေါင်းမိုးပေါ်မှ ပြုတ်ကျပြီး ပြုတ်ကျသည့်အချိန်က အလွန်တိုတောင်းပါသည်။ သူမ၏ မျက်လုံးထဲတွင် ရုံးခန်းအဆောက်အဦးကို မျက်နှာမူထားသည့် မေပယ်တောအုပ်ကြီးသာ ရှိခဲ့သည်။ မရေမတွက်နိုင်သော မေပယ်ရွက်များသည် မြေပြင်ပေါ်တွင် သွေးစွန်းနေသော ကော်ဇောနီကဲ့သို့ ကြွေကျသွားခဲ့သည်။


#TK