Chapter 47
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 47 (3 of Spades – ငွေကြေးအကျပ်အတည်း ၀၇၊ အာမခံချက်)

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် နံနက်စာ အနည်းငယ်စားပြီး အောက်ထပ်သို့ ဆင်းသွားကြသည်။ သူတို့ ဟိုတယ်က ထွက်လာသောအခါ လူသွားလူလာများသည့်လမ်းမှာ ရန်ဖြစ်သံတွေကြားလိုက်ရသည်။

လူငယ်တစ်ဦးက မီနူးကို ညွှန်ပြပြီး အော်ဟစ်လေသည်။
"ဒါက ပိုက်ဆံခိုးတာမဟုတ်ဘူးလား… ကျွန်တော်က ခေါက်ဆွဲတစ်ပန်းကန်ကို ရွှေဒင်္ဂါး 800 နဲ့ပဲ စားဖူးတယ်… ဒီနေ့ 3,200 ဖြစ်နေတာ… သူဌေး… ခင်ဗျား ပိုက်ဆံ အရမ်းလိုချင်နေတာလား"

သူဌေးက ခါးသက်သက်အမူအရာဖြင့် ပြောလာသည်။
"ဒီမနက် ဆန်ခေါက်ဆွဲဈေးက လေးဆတက်သွားတယ်… ငါ့မှာလည်း နည်းလမ်းမရှိဘူး… အရင်ဈေးနဲ့ရောင်းရင် ပိုက်ဆံရှုံးမှာပေါ့… အခု အရာအာလုံးက ဈေးတက်နေတာဆိုတော့ ငါ့လုပ်ငန်းက သွားစရာမရှိတော့ဘူး"

သူ့ဘေးနားရှိ လူငယ်လေးက ဒေါသတကြီးနဲ့ ပန်းကန်လုံးကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ 
"မစားဘူး"

သူဌေးက ချက်ချင်းလိုက်သွားသည်။
"Fuck… ပန်းကန်ကို ရိုက်ခွဲပြီး ထွက်ပြေးချင်တာလား… ရပ်လိုက်စမ်း… မင်းငါ့ကို ပိုက်ဆံရှုံးအောင်လုပ်နေတာပဲ"

လူငယ်သည် လျင်မြန်စွာ လှည့်ပြီး ထွက်ပြေးသွားသည်။ အနည်းငယ်ဝဖြိုးနေသော သူဌေးက လူငယ်၏နောက်သို့ လိုက်လာရင်း မောဟိုက်နေခဲ့သည်။ ဆန်ခေါက်ဆွဲဆိုင်မှ ဖောက်သည်အများအပြားသည် သူဌေးက လိုက်ဖမ်းနေတာကို မြင်ပြီး ပြေးထွက်သွားကြသည်။ သူဌေးက ဆိုင်ကို ပြန်ရောက်ပြီး လွတ်နေသော ထိုင်ခုံများကို ရှာတွေ့တော့ သူ့မျက်နှာက အိုးအောက်ခြေလောက် မည်းသွားခဲ့သည်။ သူက တံခါးပိတ်ပြီး 'လုပ်ငန်းရပ်ခြင်း' ဆိုင်းဘုတ်ကို မချိတ်ဆွဲမီ စားပွဲထိုးများအား ပန်းကန်အလွတ်ကို စိတ်ပျက်လက်ပျက်ဖြင့် သန့်ရှင်းရေးလုပ်ခိုင်းခဲ့သည်။

မဝေးလှသောနေရာတွင် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် လူငယ်တစ်ဦး ငြင်းခုံနေကြသည်။ အကြောင်းပြချက်ကတော့ ယောင်္ကျားလေးက လမ်းလျှောက်လာရင်း ဂရုမစိုက်မိဘဲ သူမကိုတိုက်မိပြီး သူမခြင်းထဲရှိ ကြက်ဥတွေကွဲသွားခဲ့သည်။ လျော်ကြေးငွေ ရွှေဒင်္ဂါးပြား 10,000 တောင်းခဲ့ပြီး ယောင်္ကျားလေးက ငြင်းဆိုခဲ့သည်။ အမျိုးသမီးက သူ၏အင်္ကျီလက်များကို ကိုင်ထားပြီး လွှတ်ဖို့ ငြင်းဆန်ခဲ့သည်။

ပတ်ပတ်လည်တွင် လူများစွာရှိ၍ လူအုပ်ကြီးက တီးတိုးပြောဆိုနေခဲ့သည်။
"ဒီဈေးနှုန်းက ရူးနေတာမဟုတ်ဘူးလား… ကံကောင်းလို့ မနေ့က စူပါမားကတ်ကိုသွားပြီး အသင့်စားခေါက်ဆွဲတွေ အများကြီးဝယ်ခဲ့တယ်…"

"ငါ မနေ့က ကြက်ဥတွေရာနဲ့ချီပြီး ဝယ်ခဲ့တယ်… အခုသာ ငါရောင်းရင် ရောင်းရမှာမဟုတ်ဘူး"

"အလျင်စလို မရောင်းနဲ့… မနက်ဖြန် ဈေးတက်နေသေးရင် ဘယ်လိုလုပ်မလဲ"

"ဘုရားရေ… တက်ဦးမှာလား…"

"ဒါက လူတွေကို အသက်မရှင်နိုင်အောင် လုပ်နေတာပဲ"

လူကူးလမ်းသည် မြို့၏ အိုဟောင်းသောအစိတ်အပိုင်းဖြစ်ပြီး စတိုးဆိုင်ငယ်များစွာ လည်ပတ်လျက်ရှိသည်။

မနက်စောစော ဆန်ခေါက်ဆွဲဆိုင်မှ လူများစွာထွက်ပြေးလာသောကြောင့် မုန့်ဆိုင်ကိုလည်းဖောက်သည်များက ရိုက်ခွဲမှာကို စိုးရိမ်သောကြောင့် သူဌေးက ပိတ်ခဲ့ရသည်။ မနေ့က လူသွားလူလာများသည့် လမ်းဟာ ရုတ်တရက် လူသူကင်းမဲ့သွားတာကို ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ တွေ့လိုက်ရသည်။ စတိုးဆိုင်များ၏ တံခါးများတွင် 'လုပ်ငန်းရပ်ခြင်း' ဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး လမ်းသွားလမ်းလာများမှာလည်း ထိတ်လန့်မှုများနှင့် ပြည့်နှက်နေပါသည်။

ရှောက်ချင်းကော်က သူ့ဟိုတယ်၏ ဧည့်ခန်းမှာ သူတို့ကို စောင့်နေခဲ့သည်။ လူနှစ်ယောက်ကိုမြင်ပြီး သူက ချက်ချင်းနှုတ်ဆက်ကာ မေးလိုက်သည်။ 
"မနေ့ညက အခြေအနေဘယ်လိုရှိလဲ… မင်းတို့တွေ သူခိုး‌တွေနဲ့ ဆုံခဲ့လား"

ရှောက်လုံက ခေါင်းခါလိုက်သည်။ 
"မတွေ့ဘူး… ရှန်းရွှိန်တည်းခိုခန်းက အရမ်းတိတ်ဆိတ်နေတယ်"

ရှောက်ချင်းကော်က သူ့နားထင်ကို ပွတ်သပ်လိုက်သည်။
"မနေ့ညက ဘေးခန်းက မိန်းကလေးနှစ်ယောက် တစ်ညလုံး ငိုနေတာကြောင့် ငါအိပ်မပျော်ဘူး… သူတို့ပစ္စည်းတွေအကုန် ခိုးသွားပုံရတယ်... မနေ့က သူခိုးရဲ့သိမ်းဆည်းမှုက အရမ်းများပြားတာမို့ အခုလောလောဆယ် ရှန်းရွှိန်တည်းခိုခန်းကို လှုပ်ရှားဖို့ မစီစဉ်ထားတာများလား"

ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ 
"ရှန်းရွှိန်တည်းခိုခန်းက စိန်ခေါ်သူဦးရေ အများဆုံး စုစည်းရာ နေရာပဲ… အဲဒီမှာ နေထိုင်သူ 20 ကျော်ရှိတယ်… လူတွေအများကြီး စုဝေးနေရင် သူခိုးက အန္တရာယ်ရှိလိမ့်မယ်… အဲဒီသူခိုးက အရမ်းလိမ္မာပါးနပ်ပြီး စီစဉ်ချနေတာ ဖြစ်နိုင်တယ်"

ရှောက်ချင်းကော်က သက်ပြင်းချလိုက်သည်။ 
"ငါသာသိခဲ့ရင် ပစ္စည်းတွေအားလုံးကို မင်းတို့ဆီထားခဲ့ပါတယ်"

ရှောက်လုံက သူ့ကို နှစ်သိမ့်ပေးဖို့ ပြုံးလိုက်သည်။
"အရေးမကြီးပါဘူး… ခိုးယူခံရတဲ့ပစ္စည်းတွေက ကျွန်တော်တို့ အရန်ပစ္စည်းတွေရဲ့ ဆယ်ပုံတစ်ပုံအောက်သာရှိပြီး ဂိုဒေါင်မှာ ပြဿနာမရှိဘူး"

ယွီဟန်ကျန်းက ပါးစပ်ကိုဖွင့်လိုက်သည်။ 
"ငါ စစ်ဆေးဖို့ ဂိုဒေါင်ကို သွားလိုက်မယ်… မင်းတို့ အတူတူလှုပ်ရှားပြီး ဘေးကင်းရေးကို ဂရုစိုက်ကြပါ"

***

ရှောက်ချင်းကော်နှင့် ရှောက်လုံတို့က စတော့ရှယ်ယာဈေးကွက်သို့ ထပ်မံဝင်ရောက်ခဲ့ကြသည်။

ယနေ့ခေတ်အိမ်ခြံမြေစတော့ရှယ်ယာများသည် အလွန်တည်ငြိမ်ဆဲဖြစ်ပြီး တချို့မှာ အတက်လမ်းကြောင်းပင်ရှိသေးသည်။ ဥပမာအားဖြင့် မနေ့က ရှောက်ချင်းကော် အာရုံစိုက်ခဲ့သော ထျန်းဟုန်အိမ်ခြံမြေ၊ ရုန်ကွမ်းအိမ်ခြံမြေနှင့် ဖုန်းခဲ့အိမ်ခြံမြေအုပ်စုသည် 5 ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။

စတော့ဈေးကွက်တွင် 5% တိုးခြင်းသည် အလွန်မြင့်မားသော အမြတ်ဖြစ်နေပါပြီ။ ရင်းနှီးမြှုပ်နှံသူအများအပြားက ဒါကိုတွေ့ရှိပြီး ဆွေးနွေးကြသည်။
"အခြားစတော့ရှယ်ယာအားလုံးကို ရောင်းပြီး အိမ်ခြံမြေစတော့တွေကို ဝယ်တာက ပိုကောင်းသလား… ငါဝယ်တဲ့ အစားအသောက်စတော့က 25% ကျဆင်းသွားတယ်… ဒါက တကယ့်ကို သွေးထွက်အောင် ဆုံးရှုံးမှုပဲ… ဒီလိုမှန်းသိရင် ငါ အိမ်ခြံမြေစတော့တွေဝယ်ခဲ့ပါတယ်…"

"ဟုတ်တယ်… ဈေးတွေက အရူးလိုဖြစ်နေနိုင်ပေမဲ့ အိမ်ဈေးတွေက တည်ငြိမ်တယ်"

ရှောက်လုံသည် ဒီမှတ်ချက်တွေကို ကြားပြီး ဘာပြောရမှန်းတောင် မသိတော့ချေ။

ကြောက်စရာကောင်းသောအရာက အစပိုင်းမှာ စိတ်ပျက်အားငယ်မှု မခံစားရဘူး။ မျှော်လင့်ချက်ကို အဆက်မပြတ် ပေးပြီးတော့ ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်ဖို့ပါပဲ။

ရှောက်ချင်းကော် ခန့်မှန်းထားသည့်အတိုင်း A of Clubs မှ ကမ္ဘာကြီးကို ထိန်းချုပ်နိုင်ခဲ့ပါက သူသည် လူတို့၏ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများကို တစ်ခုချင်းစီ ဖျက်ဆီးပစ်ချင်တာဖြစ်သည်။ အိမ်‌ခြံမြေစတော့ရှယ်ယာများ အမှန်တကယ်မြင့်တက်လာသည်ကိုမြင်လျှင် လူများစွာသည် အိမ်ခြံမြေစတော့များဆီသို့ ပြောင်းလဲလာကြသည်။ ဤအိမ်ခြံမြေစတော့များ ပြိုလဲပြီးသည်နှင့် ဤလူများက အသက်ရှင်နိုင်ပါ့ဦးမလား။

ဉာဏ်ကောင်းသူတချို့က တစ်ခုခုမှားနေတာကို သတိပြုမိပြီး စတော့ရှယ်ယာများကို ချက်ချင်းရောင်းလိုက်ပေမဲ့ ဆုံးရှုံးမှုများကို ပြန်လိုချင်သည့် ကံကောင်းလိုစိတ်ရှိသူများလည်း အမြဲရှိကြပါသည်။ ဒါက 'လောင်းကြေးထပ်ခြင်းစိတ်ပညာ'နဲ့ အတူတူပါပဲ။ သူတို့ 1,000 ဆုံးရှုံးပြီးတာနဲ့ ပြန်ရနိုင်သလို ခံစားရသည်။ သူတို့ 2,000 ရှုံးပြီးတာနဲ့ ပြန်အနိုင်ရနိုင်တယ်လို့ ခံစားမိနေတုန်းပါပဲ။ သူတို့က လက်လျှော့လိုစိတ်မရှိကြဘဲ ပိုပိုပြီး ရင်းနှီးမြုပ်နှံခဲ့ကြသည်။

ရင်းနှီးမြုပ်နှံသူ အများအပြားကို စတော့ရှယ်ယာများတွင် ပိတ်လှောင်ထားခဲ့သည်။ အပြင်ထွက်ဖို့ ဘယ်လိုလုပ်လွယ်မှာလဲ။

ရှောက်လုံသည် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ ရင်းနှီးမြှုပ်နှံသူ အများအပြားသည် အဆောက်အဦး၏ ခေါင်မိုးပေါ်တွင် စုဝေးနေကြတာကို တွေ့လိုက်ရသည်။ ဒီနေ့ စတော့ရှယ်ယာများသည် မနေ့ကထက် 50% ကျဆင်းသွားသည်။ ဒီရင်းနှီးမြုပ်နှံသူများက သူ့အလိုလို စီစဉ်ပြီး မြို့၏အစိုးရကို ကြေညာချက်ထုတ်ဖို့ တောင်းဆိုသည့်ဆိုင်းဘုတ်ကို ပြုလုပ်ခဲ့သည်။ 

ဗဟိုရင်ပြင်နဲ့ မနီးမဝေးမှာ လူတချို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အမျိုးမျိုးသော ကြွေးကြော်သံများဖြင့် ဆိုင်းဘုတ်များ လွှင့်ထူခဲ့ကြသည်။ "စျေးနှုန်းများပြန်လည်ရရှိရန် လေးလေးနက်နက် တောင်းဆိုအပ်ပါတယ်!" "တည်ငြိမ်တဲ့ဈေးကွက်ကို ပြန်ပေးပါ!" "တစ်ပတ်စာ လစာက ကြက်ဥတစ်ကတ်တောင် မတတ်နိုင်တော့ဘူး။ ငါတို့ ဘယ်လိုနေထိုင်ရမှာလဲ?"

ရင်ပြင်မှာ တုန်လှုပ်ချောက်ချားမှုတွေ ပြည့်နှက်နေပေမဲ့ ရဲများ စည်းကမ်းထိန်းသိမ်းဖို့ ထွက်သွားတာကြောင့် သွေးထွက်သံယို မရှိခဲ့ပါဘူး။

နံနက် 8 နာရီ 50 မိနစ်တွင် suit ဝတ်ထားသော လူလတ်ပိုင်းတစ်ဦးသည် အလယ်ဗဟိုရင်ပြင်တွင် ရုတ်တရက် ပေါ်လာသည်။

ထိုအမျိုးသားသည် ကင်မရာအများအပြားကို မျက်နှာမူကာ တည်ငြိမ်စွာ ပြောလဲ့သည်။ 
"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ… ဒါက သတင်းစာရှင်းလင်းပွဲတစ်ခုပါ… ကျွန်တော်က လျှိုချင်းမင်ဖြစ်ပြီး A မြို့ရဲ့ ဈေးကွက်ကြီးကြပ်စီမံခန့်ခွဲခြင်း ဒါရိုက်တာတစ်ယောက်ပါ… ကျေးဇူးပြုပြီး မတုန်လှုပ်ပါနဲ့ မထိတ်လန့်ပါနဲ့… ဒီမှာငွေကြေးမုန်တိုင်းတစ်ခုရှိနေပြီး ဒီမြို့ရဲ့စျေးနှုန်းတွေက လာမဲ့ရက်အနည်းငယ်အတွင်း အတိုင်းအတာတစ်ခုအထိ အတက်အကျရှိနေမှာဖြစ်ပါတယ်… ဒါပေမယ့် စျေးကွက်ကို တတ်နိုင်သမျှ ထိန်းညှိပြီး တတ်နိုင်သမျှ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေပါတယ်…"

လူများသည် ခေတ္တတိတ်ဆိတ်နေပြီး သူပြောသည့်စကားအတိုင်း သူ့ကိုကြည့်နေကြသည်။

ဒါရိုက်တာ လျှိုချင်းမင်သည် နိဂုံးမချုပ်ခင်မှာ လူတွေ နားမလည်နိုင်သော ငွေကြေးဆိုင်ရာ ဗဟုသုတများစွာကို ပြောကြားခဲ့သည်။
"ကျေးဇူးပြုပြီး ဒုက္ခဖြစ်စေပြီး ကိစ္စတွေပိုဆိုးသွားအောင် လူမစုကြပါနဲ့… အိမ်ပြန်ပြီး လေအေးပေးစက်ဖွင့်ပြီး တီဗီကြည့်တာရ ပိုကောင်းတယ်… ဒီသီတင်းပတ်ကုန် အိပ်မက်ဆိုးတွေ မကြာခင် ကုန်လွန်တော့မှာ ဖြစ်ပြီး ဈေးနှုန်းတွေက ပုံမှန်အဆင့်ကို မြန်မြန်ဆန်ဆန် ပြန်ရောက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"

ရှောက်လုံ: "…"

ဒီဇာတ်လမ်းက ဘာလဲ… သုံးနှစ်သားကလေးကို လှည့်စားနေတာလား…

ရှောက်ချင်းကော်က သူ့မျက်ခုံးကို နှိပ်လိုက်သည်။
"လျှိုချင်းမင် ဒီနာမည်က… ချင်းမင်ပွဲတော်လား(သင်္ချိုင်းကန်တော့ပွဲ)… သူက ‌တစ္ဆေဆိုတာ သူယုံသလား"


ရှောက်လုံက မပြုံးနိုင်တော့ပေ။
"ဒီကမ္ဘာကြီးမှာ ချင်းမင်ပွဲတော် မရှိနိုင်ဘူးမလား… ဒါပေမဲ့ သူ့နာမည်ကိုကြားတဲ့ စိန်ခေါ်သူတွေအားလုံးက နားလည်ကြလိမ့်မယ်… ဒါက A of Spades ဒါမှမဟုတ် A of Clubs ရဲ့ အခြေအနေကို ယာယီတည်ငြိမ်စေဖို့ တမင်စီစဉ်ထားတဲ့ ဇာတ်ကောင်ပဲ… နောက်တစ်ပတ်မှာ သူထွက်ပြေးသွားနိုင်တယ်"

ရှောက်ချင်းကော်: "…"

အားလုံးကို ယာယီတည်ငြိမ်စေရန်အတွက် ဒါရိုက်တာကို စေလွှတ်လိုက်သည်။ သို့သော် ဤနည်းဖြင့် လူများကို လှည့်စားခြင်းသည် သူတို့ မပေါက်ကွဲမီတွင် ခေတ္တတည်ငြိမ်မှုကိုသာ ဖြစ်စေသည်။

ဈေးတက်ရုံတင်မကဘဲ စျေးကွက်ကို ကြီးကြပ်သည့် အရာရှိများက လူတိုင်းကို လှည့်စားခဲ့သည်။ ဘယ်သူက သည်းခံနိုင်မှာလဲ။

ဒါရိုက်တာလျှို၏ မဆီမဆိုင် မှတ်ချက်များနှင့် ရဲအရာရှိ၏ ထိန်းချုပ်မှုကြောင့် စုရုံးနေသောလူများ လျင်မြန်စွာ လူစုခွဲခဲ့ကြသည်။ သူတို့ရင်ထဲမှာ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားကြသည်။ သူပြောခဲ့သည့်အတိုင်း စျေးနှုန်းအတက်အကျများသည် တည်ငြိမ်ခြင်းမပြုမီ တစ်ရက် သို့မဟုတ် နှစ်ရက်သာ ကြာနိုင်မည်ဖြစ်သည်။

လူတိုင်းက ဒါကို မယုံကြပေမဲ့ သူတို့က ကိုယ့်ကိုကိုယ် နှစ်သိမ့်ရာတွင် ကောင်းကောင်းလုပ်နိုင်ကြသည်။ တစ်ခါတစ်ရံ သူတို့သည် ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ကို ရင်ဆိုင်ရန်ထက် မုသားစကားကို နားထောင်ခြင်းကို နှစ်သက်ကြသည်။

ဗဟိုရင်ပြင်ရှိ စူပါမားကတ်သည် လူများဖြင့် စည်ကားနေသည်။

ယနေ့နံနက်တွင် စူပါမားကတ်များ ပြန်လည်ရောင်းချပြီး လူတိုင်းဝယ်ရန် အရူးအမူးဖြစ်နေကြသည်။ စင်ပေါ်ရှိ ပစ္စည်းများ ပြောင်သွားကာ တန်းစီမှုမှာ မနေ့ကထက် နည်းပါးနေပါသည်။ ၎င်းသည် မနေ့ကထက် စိတ်အခြေအနေ ပိုပြင်းထန်လာတာကို မြင်နိုင်သည်။

ရှောက်ချင်းကော်နှင့် ရှောက်လုံတို့သည် မနေ့က အင်တာနက်ကဖေးသို့ မသွားမီ စူပါမားကတ်၏ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။

အင်တာနက်ကဖေး၏ ဈေးနှုန်းများသည် တစ်နာရီလျှင် ရွှေဒင်္ဂါး 1,600 အထိ တိုးလာသည်။ ရှောက်လုံသည် အပြောင်းအလဲရှိနေဆဲဖြစ်သောကြောင့် ကွန်ပြူတာနှစ်လုံးအတွက် အခကြေးငွေပေးချေခဲ့သည်။ ရှောက်ချင်းကော်သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ အိမ်ခြံမြေစတော့များကို တိုတိုတုတ်တုတ် ပြောပြသည်။ ထိုအချိန်တွင် ရှောက်လုံသည် အချက်အလက်တချို့ကို စစ်ဆေးရန်အင်တာနက်ပေါ်တက်ခဲ့သည်။

3 of Spades လျှို့ဝှက်ခန်း၏ကမ္ဘာနှင့်ပတ်သက်သောအချက်အလက်များကိုသာ သူရှာဖွေတွေ့ရှိခဲ့သည်။

ဤမြို့ကို 'City A' ဟုခေါ်ပြီး ကတ်ကမ္ဘာရှိ နေရာငယ်လေးဖြစ်နိုင်သည်။ မီဒီယာများက လူတိုင်းကို ဦးနှောက်ဆေးကြောရန် ကြွေးကြော်သံအမျိုးမျိုးကို အသုံးပြုနေကြစဉ် ဖိုရမ်များမှ လူအများအပြားက ကတိသစ္စာပြုခဲ့ကြသည်။ 
"ငွေကြေးမငြိမ်မသက်ဖြစ်မှုက ယာယီပါပဲ… ငါတို့ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်တယ်" 

"အခက်အခဲတွေကို ရင်ဆိုင်ပြီး City A ကို ကာကွယ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ပါ" 

"ဈေးတက်တာက စားသုံးမှုကို နှိုးဆွဖို့ပဲ… အားလုံးက ဘေးကင်းအောင်နေပြီး စျေးကွက်က မကြာခင် ပုံမှန်ပြန်ဖြစ်မှာပါ"

စိတ်အားတက်ကြွစေသော ဇာတ်လမ်းများ အများအပြားရှိပါသည်(ဇာတ်လမ်းများသည် လူတို့၏ဘဝတွင် ပြောင်းလဲခြင်းကို အမှန်တကယ် မသက်ရောက်မှုရှိသောကြောင့် အလွဲသုံးစားလုပ်လေ့ရှိသည်)။ သို့သော် ဖြေကြားချက်များတွင် လူများစွာက သူတို့ကို ယုံကြည်ကြောင်း ပြသခဲ့သည်။

ဖိုရမ်ရှိလူများကို အကောင်းမြင်ဝါဒီများနှင့် အဆိုးမြင်ဝါဒီများအဖြစ် ပိုင်းခြားထားသည်။ ငွေကြေးအကျပ်အတည်းသည် သူတို့လက်ထဲတွင် စုဆောင်းငွေနှင့် ထောက်ပံ့မှုများ ရှိနေသရွေ့ မကြာမီ ဖြတ်သန်းနိုင်လိမ့်မည်ဟု အကောင်းမြင်သမားများက ပြောကြားခဲ့သည်။ အဲဒီမှာ ကြောက်စရာ မလိုပါဘူး။

အဆိုးမြင်သမားများက ဒီနေရာကနေ လွတ်မြောက်ဖို့ ကြိုးစားနေကြလေပြီ။ 
"မနက်ဖြန် လမြို့ကိုသွားဖို့ လက်မှတ်ကို ကြိုမှာထားတယ်… လက်မှတ်ဈေးက အရမ်းမြင့်ပေမဲ့ City A ကနေ ထွက်ခွာဖို့က အကောင်းဆုံးရွေးချယ်မှုလို့ ငါယုံကြည်တယ်"

"ဒီမှာ နှစ်အတော်ကြာ ငါနေခဲ့ပြီး မထွက်သွားချင်ပေမဲ့ ငါသည်းမခံနိုင်တော့ဘူး… ခဏတာရှောင်ဖို့ လယ်ကွင်းထဲက ဆွေမျိုးတစ်ယောက်ဆီ သွားလည်ဖို့ စီစဉ်ထားတယ်"

သူတို့သည် ကိုယ်ပိုင်လုပ်ငန်းလုပ်သူများဖြစ်၍ ထွက်သွားနိုင်သည်။ 

ဒီမှာ အလုပ်အကိုင်၊ ချစ်ခင်သူများနှင့် အိမ်ရှိသောသူများကကော။ သူတို့သည် ဒီမှာ အမြစ်တွယ်နေတော့ ဘယ်လို ထွက်သွားနိုင်မှာလဲ။

ရှောက်လုံသည် အွန်လိုင်း လက်မှတ်စနစ်ဖြင့် 'လမြို့'သို့ လက်မှတ်ဝယ်ရန် ကြိုးစားခဲ့သည်။ သူ၏အထောက်အထားကို အတည်ပြုပြီးသည်နှင့် လက်မှတ်ရောင်းချသည့်စနစ်က 'သင်လက်မှတ်ဝယ်ခွင့်မပြုပါ' ဟုပြသခဲ့သည်။ ရလဒ်ကတော့ သူမျှော်လင့်ထားသည့်အတိုင်းပါပဲ။

သူသည် စိန်ခေါ်သူတစ်ဦးဖြစ်ပြီး လွတ်လပ်သူလူများကဲ့သို့ ထွက်ပြေးရန် လက်မှတ်မဝယ်နိုင်ခဲ့ပါ။ 

ဒေသဆိုင်ရာဖိုရမ်များနှင့် သတင်းများကို တစ်နာရီကြာကြည့်ရှုပြီးနောက် ရှောင်လုံသည် ထွက်ပြေးရန် လက်မှတ်ဝယ်ယူသည့် လွတ်လပ်သူအရေအတွက်မှာ လူနည်းစုမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ ဤလူများသည် ဉာဏ်ကောင်းကြသည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း အဓိကအချက်မှာ အသွားအလာ ပုံမှန်အတိုင်းလည်ပတ်နေဆဲဖြစ်သည်။

အသွားအလာ ပြတ်သွားပါက သူတို့ မပြေးနိုင်တော့ဘူး။

သူ့ဘေးတွင် ရှောက်ချင်းကော်သည် ယနေ့အတွက် စတော့ရှယ်ယာဈေးကွက်တွင် ပြီးဆုံးခဲ့ပြီး ရှောက်လုံက သူ့ထံသို့ ရွှေ့သွားခဲ့သည်။

ရှောက်ချင်းကော်က တိုးတိုးလေးပြောလိုက်သည်။
"ပရော်ဖက်ဆာရှောက်… မင်းက web စာမျက်နှာတွေကို ကြည့်နေတာ… ဘာတွေ့လိုက်လဲ"

"ဖိုရမ်က ပြန်ကြားချက်တွေနဲ့ network ဆိုက်အမျိုးမျိုးမှာ ထုတ်ပြန်နေတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး 40 ရာခိုင်နှုန်းခန့်လူတွေက ဈေးနှုန်းတွေ ပြန်လည်ကောင်းမွန်လာမယ်လို့ အကောင်းမြင်နေကြတယ်… ကျန်တဲ့သူတွေက ထွက်သွားဖို့အတွက် လက်မှတ်ဝယ်ဖို့ အလျင်လိုနေကြတယ်"

ရှောက်ချင်းကော်က သူ့မေးစေ့ကို ထိလိုက်သည်။ 
"မနက်ဖြန်က ရုံးတက်ရက်ဖြစ်ပြီး သပိတ်မှောက်မှုတွေ ကြီးကြီးမားမားဖြစ်မှာ သေချာတယ်… သယ်ယူပို့ဆောင်ရေးစနစ် ပျက်သွားတာနဲ့ အကောင်းမြင်သူတွေက အဆိုးမြင်ခြင်းကို ပြောင်းလဲသွားလိမ့်မယ်" သူက ခဏလောက် စဉ်းစားပြီး ရုတ်တရက် ပြောလိုက်သည်။ "ငါ ကြိုတင်ပြင်ဆင်ပြီး လက်တော့ပ်ဝယ်ဖို့ အင်တာနက်ကဖေးပိုင်ရှင်ကို ရှာရမယ်"

ရှောက်လုံက သဘောပေါက်သွားသည်။ 
"မနက်ဖြန်အင်တာနက်ကဖေးလည်းပိတ်မှာကို ခင်ဗျားစိုးရိမ်နေတာလား"

ရှောက်ချင်းကော်က ခေါင်းငြိမ့်လိုက်သည်။ 
"ငါပြင်ဆင်ထားရမယ်"

ယနေ့တွင် ဤအင်တာနက်ကဖေးသည် အေးစက်ပြီး လူသူကင်းမဲ့နေစဉ် စားသောက်ဆိုင်များစွာသည် 'အပိတ်' ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ အွန်လိုင်းတွင် လူသုံးယောက်မှ ငါးယောက်သာ ရှိခဲ့သည်။ မနက်ဖြန် ဈေးနှုန်း နှစ်ဆထပ်တက်လာရင် လူများက စားရေးသောက်ရေး အဆင်မပြေကြသလို အွန်လိုင်းတက်ဖို့ အင်တာနက်ကဖေးကို ဘယ်သူကလာမည်နည်း။

ရှောက်ချင်းကော်က အင်တာနက်ကဖေးရှေ့က စားပွဲကိုလာပြီး မေးလိုက်သည်။
"သူဌေး… ခင်ဗျား ကျွန်တော့်ကိုရောင်းနိုင်တဲ့ ကွန်ပျူတာအဟောင်းတွေရှိလား… လိုအပ်ချက်တွေ အများကြီးမရှိပါဘူး… အင်တာနက်သုံးနိုင်သရွေ့ အဆင်ပြေတယ်"

သူဌေးက စျေးပြောသည်။
"ရွှေဒင်္ဂါး 100,000… အသုံးမပြုတဲ့ စက်တချို့ရှိပြီး ကြိုက်ရာရွေးနိုင်တယ်"

ရှောက်လုံက ပြုံးလိုက်သည်။ 
"သူဌေး… ခင်ဗျားက လက်ရှိဈေးကွက်ကို သိတာပဲ… ဒီအင်တာနက်ကဖေးမှာ ထိုင်ခုံ 50 ကျော်ရှိပြီး လူလေးငါးဦးပဲ အွန်လိုင်းပေါ်တွင် ရှိတယ်… မနက်ဖြန် ဘယ်သူမှ မလာလောက်တော့ဘူး… လူတွေက စားဖို့အခက်အခဲရှိတယ်… အွန်လိုင်းပေါ်တက်ဖို့ အပိုငွေတွေ ဘယ်သူမှာရှိမလဲ"

ဒီလူငယ်က မှန်တယ်ဆိုတာ သူသိသည့်အတွက် သူဌေး၏နှုတ်ခမ်းက ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း လျှပ်စစ်နှင့် အင်တာနက် ကောက်ခံမှုများ မြင့်တက်လာခဲ့သည်။ သူ၏အင်တာနက်ကဖေးဟာ စီးပွားရေးတိုးတက်မှုအတိုင်း လိုက်လုပ်ခဲ့ရသည်။ ပြီးခဲ့သော သီတင်းပတ်က သူ့စက်အားလုံးသည် အသုံးပြုသူများရှိခဲ့ပြီး မနေ့က လူတစ်ဝက်သာရှိကာ ယနေ့မှာတော့...

ဗလာကျင်းနေသော အင်တာနက်ကဖေးကို ကြည့်ရင်း သူလည်း စိတ်မကောင်းဖြစ်မိသည်။ ဒါက သူ၏ ရင်းနှီးမြုပ်နှံမှုဖြစ်သည်။ ဒီအင်တာနက်ကဖေးဖွင့်ဖို့ သူ့ဘဝ၏ တစ်ဝက်စာကို စုဆောင်းထားခဲ့သည်။

ရှောက်လုံက အပြုံးဖြင့် ဆက်ပြောသည်။
"ခင်‌ဗျားမှာ ကွန်ပျူတာတွေ အများကြီး ရှိပြီး ဘယ်သူမှ မသုံးရင် သံတိုသံစနဲ့ ဘာမှမထူးခြားပါဘူး… ကျွန်တော်တို့ကို တစ်လုံးရောင်းလိုက်ပါ"

သူဌေးက သေချာစဉ်းစားပြီး ပြောခဲ့သည်။
"ကောင်းပြီ… ဒါဆို မင်းတို့ကဘယ်ဈေးပေးမှာလဲ"

ရှောက်လုံက အဆိုပြုခဲ့သည်။
"ရွှေဒင်္ဂါးမဟုတ်ဘူး… ခင်‌ဗျားရဲ့လက်တော့ပ်အဟောင်းအတွက် ချောကလက် 10 ဘူးနဲ့ ကျွန်တော်လဲလှယ်မယ်… ချောကလက်က လက်ရှိဈေးကြီးတယ်… သိချင်ရင် ခင်ဗျား စူပါမားကတ်ကို သွားကြည့်ဖို့ပဲလိုတယ်… ဒီချောကလက် 10 ဗူးက ရွှေဒင်္ဂါးပြားထောင်သောင်းချီတန်ပြီး မနက်ဖြန်မှာ စျေးတက်သွားနိုင်တယ်"

ပရော်ဖက်ဆာရှောက်က တကယ်ကို ဉာဏ်ကောင်းတယ်လို့ ရှောက်ချင်းကော် တွေးခဲ့သည်။ ဈေးနှုန်းယိုယွင်းပြီးနောက် 'ပစ္စည်းအတွက်ပစ္စည်း'လဲလှယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပိုနေသော ရွှေဒင်္ဂါးများကို လျှို့ဝှက်ခန်းထဲကနေ အခြားကမ္ဘာတွေဆီ သယ်သွားနိုင်သည်။

သူဌေးက မသေချာသလို မျက်မှောင်ကြုတ်လိုက်သည်။ ရှောက်လုံက ဆက်လက်ပြီး ပြောသည်။
"ကျွန်တော်တို့က မြင့်မားတဲ့ဖွဲ့စည်းမှုပုံစံရှိတဲ့ desktop ကို မလိုချင်ပါဘူး… အင်တာနက်သုံးနိုင်တဲ့ လက်တော့ပ်တစ်လုံးပဲလိုတာပါ… ဒီတစ်ခုက အရမ်းဟောင်းနေပြီထင်တယ်… ခင်ဗျား ကျွန်တော်တို့ကို ပေးလိုက်လို့ရပါတယ်"

ရှောက်လုံသည် သူ၏ ကျောပိုးအိတ်မှ ချောကလက်ကို ထုတ်ယူနေစဉ် ထိုစကားပြောခဲ့သည်။

စူပါမားကတ်မှာ ချောကလက်တွေ ကုန်သွားတော့ သူဌေးက မနေနိုင်ဘဲ တံတွေးမျိုချလိုက်သည်။ 

သူသည် ခဏလောက် တိတ်ဆိတ်နေပြီး အံကြိတ်လိုက်သည်။
"ကောင်းပြီ… ငါ ဒီလက်တော့ပ်ကို ဖောက်သည်အချက်အလက်တွေ စီမံခန့်ခွဲဖို့ အသုံးပြုခဲ့တာ လေးနှစ်ရှိပြီ… အချက်အလက်တွေကို USB flash drive မှာ ငါကူးယူပြီးရင် မင်း ယူသွားလို့ရတယ်"

အင်တာနက်ကဖေးပိုင်ရှင်တစ်ယောက်သည် ကွန်ပျူတာအဟောင်းတစ်လုံးမဆိုထားနှင့် ကွန်ပျူတာများက လိုအပ်မှုအနည်းဆုံးအရာဖြစ်သည်။

ရှောက်လုံသည် လက်တော့ပ်တစ်လုံးအတွက် ချောကလက် 10 ဘူးကို ပျော်ရွှင်စွာ လဲလှယ်ခဲ့သည်...

ဒါက ကမ္ဘာအစစ်ဖြစ်သည်ကို သူမယုံနိုင်ပေ။

ရှောက်ချင်းကော်သည် လက်တော့ပ်ကို ကိုင်ကာ အင်တာနက်ကဖေးဆိုင်မှ ထွက်လာစဉ် စိတ်လှုပ်ရှားစွာ စကားပြောခဲ့သည်။ 
"ပရော်ဖက်ဆာရှောက်… မင်းတုံ့ပြန်မှုက အရမ်းမြန်တယ်… ငါ အဲဒါအတွက် ပိုက်ဆံပေးချေလုနီးပါးပဲ"

ရှောက်လုံက အနည်းငယ်ပြုံးလိုက်သည်။ 
"မစ္စတာရှောက်က ပစ္စည်းဝယ်တဲ့အခါ စျေးနှုန်းကို စဉ်းစားခဲလိမ့်မယ်… ဒါပေမဲ့ အခုက ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်နေတာကြောင့် ရှားပါးပစ္စည်းတွေကို အပိုပစ္စည်းများအတွက် ရောင်းဝယ်ဖို့ လွယ်ကူသွားတယ်… ဒါက သူ့အတွက် ဆုံးရှုံးမှုတော့ မဟုတ်ပါဘူး"

ရှောက်ချင်းကော်တွင် လေးစားမှုအပြည့်ရှိသည်။ 
"မင်းက အရမ်းသတိထားတာပဲ… လက်တော့ပ်တစ်လုံးအတွက် ချောကလက်တွေနဲ့ လဲလှယ်နေတာက ထူးထူးဆန်းဆန်း အတွေ့အကြုံတစ်ခုပဲ" သူက လက်တော့ပ်ကို ကျောပိုးအိတ်ထဲထည့်ကာ စူးစူးဝါးဝါးကြည့်လိုက်သည်။ "အသင့်စားခေါက်ဆွဲတွေကို မိုဘိုင်းဖုန်းနှစ်လုံးနဲ့ ငါတို့‌တွေ ပြောင်းသင့်သလား"

ရှောက်လုံက ပြန်ပြောခဲ့သည်။
"ကျွန်တော်တို့ တစ်ပတ်ရစ်ဈေးကို သွားကြည့်လို့ရတယ်"

လက်တော့ပ်တစ်လုံးက အားသွင်းနိုင်သောကြောင့် သူက လက်ပ်တော့တစ်လုံးကို ရယူခဲ့သည်။ သူသည် desktop ပြောင်းလိုက်ပါက သယ်ရတာ အဆင်မပြေဘူး။ ဒုတိယအချက်မှာ မီးဖြတ်လိုက်သည်နှင့် ကွန်ပျူတာဖွင့်၍မရတော့ပေ။ ဒါဆို သူတို့တွေ အဆုံးမသတ်သွားဘူးလား။

လက်တော့ပ်တစ်လုံးတွင် ဘက်ထရီသက်တမ်း လေးနာရီရှိပြီး အားအပြည့်ဖြင့် အခြားနေရာများတွင် အသုံးပြုနိုင်သည်။

မိုဘိုင်းဖုန်းလည်း လိုအပ်ပါသည်။ ထို့အပြင် အဖွဲ့ခေါင်းဆောင်ယွီက အမြဲတမ်း တစ်ယောက်တည်း လှုပ်ရှားနေခဲ့ပြီး တကယ်ကို စိုးရိမ်စရာပါ။ မိုဘိုင်းဖုန်းတစ်လုံးရှိနေခြင်းသည် အဖွဲ့ခေါင်းဆောင်ယွီကိုခေါ်ဆိုနိုင်စေရန် သူရည်ရွယ်ခြင်းဖြစ်သည်။ သူနှင့် ရှောက်ချင်းကော်ကလည်း တစ်လုံးစီဝယ်ပြီး ပိုအဆင်ပြေသွားလိမ့်မည်။

ရှောက်လုံနှင့် ရှောက်ချင်းကော်တို့သည် တစ်ပတ်ရစ် မိုဘိုင်းဖုန်းဈေးကွက်သို့ ရောက်လာကြသည်။

ဤနေရာသည် အလွန်ဗလာဖြစ်ပြီး ဆိုင်အနည်းငယ်သာ ဖွင့်ထားသည်။ ထို့အပြင် စျေးကွက်က ဖောက်ပြားသွားခဲ့ပြီး လူအများစုက ပစ္စည်းတွေဝယ်ဖို့ စူပါမားကတ်ကို ပြေးကြသည်။ တစ်ပတ်ရစ် မိုဘိုင်းလ်ဖုန်းများနှင့်ပတ်သက်၍ လုံးဝမစိုးရိမ်ခဲ့ကြပါ။

သူဌေးများမှာလည်း ခေါင်းကိုက်ပြီး စိတ်ဓာတ်ကာ သက်ပြင်းချကြသည်။

ရှောက်လုံသည် နို့၊ ခေါက်ဆွဲခြောက်နှင့် အခြားပစ္စည်းများကို မိုဘိုင်းဖုန်းသုံးလုံးအတွက် လဲလှယ်ခဲ့သည်။ ကုန်ပစ္စည်းဟောင်း၏စျေးနှုန်းအရ မိုဘိုင်းဖုန်းအဟောင်းတစ်လုံးကို ယွမ် 50 ဖြင့် ဝယ်ယူခဲ့သည်။ သို့သော် ယခုအချိန်တွင် ပစ္စည်းဈေးများက အလွန်အမင်း ဖောက်ပြားနေပါသည်။ အသင့်စားခေါက်ဆွဲခြောက်က စားလို့ရပြီး မိုဘိုင်းဖုန်းအဟောင်းက စားလို့မရပေ။

သူဌေးက မိုဘိုင်းဖုန်းသုံးလုံးနှင့် ဆင်းမ်ကတ်သုံးခုကို ပျော်ရွှင်စွာ ပေးခဲ့သည်။

ဤကမ္ဘာကြီးတွင် လူများသည် မိုဘိုင်းဖုန်းများဖြင့် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းအတွက်သာ အသုံးပြုကြသည်။ လက်တွေ့ကမ္ဘာကလို စမတ်ဖုန်းများကဲ့သို့ ဗီဒီယိုများနှင့် WeChat မရှိပါ။ ဒါတောင် သူတို့အတွက် လုံလောက်ပါသည်။ မိုဘိုင်းဖုန်းသုံးလုံးသည် လူသုံးဦးက သီးခြားစီလှုပ်ရှားသောအခါ အချင်းချင်း ဆက်သွယ်ရန် အဆင်ပြေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

#TK