Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 48 (3 of Spades – ငွေကြေးအကျပ်အတည်း ၀၈၊ လျှို့ဝှက်ဆန်းကြယ်သောကောင်လေး)
အလှဆင်ဈေးတွင်…
၎င်းမှာ အလှဆင်ကုမ္ပဏီ အများအပြားရှိသည့်အပြင် မြို့၏အကြီးဆုံး ပရိဘောဂမြို့နှင့် အီလက်ထရွန်းနစ်မြို့လည်းဖြစ်သည်။
စူပါမားကတ်များတွင် မငြိမ်မသက်ဖြစ်မှုများနှင့် နှိုင်းယှဉ်ပါက ပရိဘောဂမြို့က အတော်လေးတည်ငြိမ်သည်။ ဆိုဖာများ၊ ကုတင်များနှင့် ဗီဒိုများသည် အလွန်ကြီးမားသောကြောင့် ရွှေ့ရခက်ပါသည်။ အိုးနှင့် ပန်းကန်လုံးများကဲ့သို့ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်များ သို့မဟုတ် ထိုင်ခုံနှင့် ကြမ်းသုတ်များကဲ့သို့ နေ့စဥ်သုံးပစ္စည်းများကို သူတို့တွေဦးနှောက်မလွတ်သ၍ ကိုင်ဆောင်ရန် မလိုအပ်ပါ။
သို့သော်လည်း ယွီဟန်ကျန်းက လူနှစ်ယောက်၏ ဦးနှောက်တွင် ပြဿနာများ ရှိနေတာကို အမှန်ပင် မြင်လိုက်ရသည်။
သူတို့သည် အစားအစာဝယ်ဖို့ စူပါမားကတ်ကို မသွားဘဲ လက်မ 50 LCD တီဗီကို ယူဖို့ အီလက်ထရွန်းနစ်မြို့ကို ပြေးလာခဲ့သည်။
ငွေကြေးပျက်ပြားလုနီးပါးဖြစ်ခဲ့ပြီး စားရေးသောက်ရေးမှာလည်း ပြဿနာဖြစ်ခဲ့သည်။ တီဗီကို လာယူတာက ဘာသဘောလဲ။ ဓာတ်အားပြတ်တောက်မှုဖြစ်လျှင် သူတို့ ဘာလုပ်ကြမည်နည်း။
လူငယ်နှစ်ဦးသည် အနက်ရောင်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီတို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် အပေါက်နှစ်ပေါက်ပါသော အနက်ရောင်ခေါင်းစွပ်များပါရှိကာ မျက်လုံးများကိုသာ ထုတ်ဖော်ပြသထားသည်...
ယွီဟန်ကျန်းသည် လေးနက်သော သံသယများကို ခံစားခဲ့ရသည်။ ဒီလူနှစ်ယောက်က ဘဏ်ကို လုယက်ချင်ပေမဲ့ နေရာမှားပြီး ပြေးလာခဲ့တာလား။
သို့ပေမဲ့ ဒီထူးဆန်းသောလူနှစ်ယောက်က တီဗီကို ကောက်ကိုင်ပြီး လှည့်ကယထွက်ပြေးသွားခဲ့သည်။
အီလက်ထရွန်းနစ်မြို့မှ အမျိုးသမီးမန်နေဂျာသည် ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမသည် လူနှစ်ယောက်၏ အပြုအမူကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ဘဲ တုံ့ပြန်ခြင်းမပြုမီ ခဏတာ အံ့အားသင့်သွားခဲ့သည်။
"လုံခြုံရေး… လုံခြုံရေး… တစ်ယောက်ယောက် တီဗီခိုးနေတယ်"
တံခါးနားက လုံခြုံရေးအစောင့်များသည် တုံ့ပြန်ပြီး အဲဒီလူများကို လိုက်ဖမ်းကြသည်။
LCD တီဗီသည် အလွန်လေးလံပြီး လုံခြုံရေးအစောင့်များ မဖမ်းမီ လူငယ်နှစ်ဦးက ခြေလှမ်းအနည်းငယ်သာ ပြေးခဲ့သည်။ သူတို့ကို မြေကြီးပေါ်သို့ ဖိချကာ လုံခြုံရေးအစောင့်များက ရဲများကို မခေါ်မီ အံ့သြသည့်ပုံစံဖြင့် စိုက်ကြည့်နေကြသည်။
မကြာခင် ရဲများရောက်လာသည်။
အဖွဲ့ကို ဦးဆောင်နေသည့် ရဲအရာရှိက လူနှစ်ယောက်ကို ပြင်းပြင်းထန်ထန် အလွန်ဆိုးရွားသောအမူအရာဖြင့် ရှုံ့ချခဲ့သည်။
"ဒီအချိန်က အသင့်စားခေါက်ဆွဲခြောက်တွေဝယ်ဖို့ မင်းတို့ရဲ့ခွန်အားကို အသုံးပြုရမဲ့အချိန်ပဲ… မင်းတို့က တီဗီခိုးဖို့ ကြိုးစားနေတယ်… တီဗီကြည့်ရတာ အရမ်းကြိုက်တာလား"
ခေါင်းပေါ်ရှိ အနက်ရောင်ခေါင်းစွပ်များကို ရဲများက ဖယ်လိုက်သည်…
သူတို့က ရုပ်ရည်ချောမောပြီး ကျွမ်းကျင်သူခိုးများလို မထင်ရပါ။
ရဲတပ်ဖွဲ့၏ဝေဖန်မှုကို ခံရသဖြင့် သူတို့နှစ်ဦးသည် ထောင့်တစ်နေရာတွင် ခေါင်းပေါ်လက်နှစ်ဖက်တင်ကာ ဝပ်နေခဲ့ကြသည်။ သူတို့၏နားရွက်များနီရဲပြီး တစ်ယောက်က ပျော့ညံ့စွာ ပြောခဲ့သည်။ "ကျွန်တော်တို့က စိတ်မြန်သွားတာပါ… အဟန့်…" ကျန်တစ်ယောက်က ပြုံးနေခဲ့သည်။ "ရဲအရာရှိ… ကျွန်တော်တို့က တမင်ခိုးဖို့ ကြိုးစားတာပါ… ဒေသန္တရဥပဒေတွေအရ ကျွန်တော်တို့ကို ဘယ်နှစ်ရက်အကျဉ်းထားမှာလဲ"
ရဲအရာရှိက ပြန်ပြောခဲ့သည်။
"ပေါ်တင်လုယက်ပြီး လူမှုဖူလုံရေးကို အန္တရာယ်ဖြစ်စေတာကြောင့် ဖမ်းဆီးထိန်းသိမ်းတာ ခုနစ်ရက်ကျော်တယ်"
စိတ်ပျက်နေသော အမူအရာများကို ပြသမည့်အစား သူတို့နှစ်ဦးသည် တောက်ပလာပြီး အကျဉ်းချခံရမည်ကို ပျော်ရွှင်နေပုံရသည်။
ရဲအရာရှိက သူတို့ခေါင်းကို ပုတ်လိုက်သည်။
"ဒါဆို မင်းတို့က ရဲစခန်းသွားချင်နေတာလား"
လူနှစ်ယောက်က ချက်ချင်း သူတို့၏ခေါင်းကို ပွေ့ဖက်လိုက်ပြီး အော်ဟစ်ကြသည်။
"မဟုတ်ဘူး… မဟုတ်ဘူး… ကျွန်တော်တို့ မလုပ်ရဲတော့ပါဘူး"
ရဲက လက်ထိတ်များကို ထုတ်ယူကာ သူတို့ကို ကားပေါ်သို့ ခေါ်ဆောင်ပြီး အရောင်းမန်နေဂျာထံ ပြန်သွားခဲ့သည်။ အမျိုးသမီးမန်နေဂျာက အံ့အားသင့်သွားသည့်ပုံစံဖြင့် ပြောခဲ့သည်။
"ဒီလူတွေက ဘယ်သူတွေလဲ… တီဗီခိုးဖို့ ဒီကိုပြေးပြီး ဖမ်းမမိခင် နှစ်လှမ်းလောက်ပဲပြေးခဲ့တယ်… သူတို့က ဒီကို ဟာသလုပ်ချင်လို့ လာခဲ့တာလား"
ယွီဟန်ကျန်း၏ အေးစက်သောမျက်လုံးများက ဒီဟာသဖြစ်စဉ်ကို ကြည့်နေသည်။
သူတို့နှစ်ဦးသည် စိန်ခေါ်သူများဖြစ်ပြီး သူတို့၏ပစ္စည်းများ ခိုးယူခံခဲ့ရသည်ဟု ခန့်မှန်းရသည်။ ခိုကိုးရာမဲ့ဖြစ်နေသဖြင့် သူတို့သည် သိသာထင်ရှားသော ခိုးယူမှုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ခုနစ်ရက်ကြာ အကျဉ်းချခံထားရန်ဖြစ်သည်။
အဖမ်းခံရပြီး အစားအသောက်နှင့် နေစရာနေရာလည်း ရှိသည်။ ဖြစ်စဉ်ကို ချောမွေ့စွာ ကျော်ဖြတ်နိုင်မည်မလား။
သူတို့က ဉာဏ်ကောင်းတာလား၊ တုံးအတာလား။ ယွီဟန်ကျန်းသည် ဒီလူနှစ်ယောက်၏စိတ်ကို တကယ်နားမလည်တော့ပေ။
သူတို့သည် ထိန်းသိမ်းရေးစခန်းတွင် ခုနစ်ရက်ပတ်လုံး ဘေးကင်းစွာ နေထိုင်နိုင်မည်ဟု ထင်ပါသလား။
ဒီလိုသာဆိုရင် စိန်ခေါ်သူအားလုံးသည် ဘဏ်တစ်ခုကို ဖြိုခွင်းရန် တွန်းအားပေးပြီး ဖြစ်စဉ်ကို ရှင်းလင်းရန် ခုနစ်ရက်ကြာ အကျဉ်းခန်းထဲတွင် ထိုင်နေကြမည်။ Spades လျှို့ဝှက်ခန်းကို ဒီလောက် လွယ်လွယ်ကူကူ ရှင်းလင်းနိုင်မှာလား။
သပိတ်လှိုင်းလုံးသည် အလွှာပေါင်းစုံကို ထိခိုက်စေမည်ဖြစ်ပြီး ရဲတပ်ဖွဲ့က သေချာပေါက် ခြွင်းချက်မရှိပါ။
ထိန်းသိမ်းရေးစခန်းမှာ ရပ်တန့်သွားပြီး အကျဉ်းသားများကို စားစရာနှင့်ရေ ပေးစရာလူမရှိသောအခါ ဉာဏ်ကောင်းသူများလို့ခေါ်သည့် ဒီလူများက သံတိုင်များကို မျက်ရည်စီးကြောင်းဖြင့် စိုက်ကြည့်နေရလိမ့်မည်။
ယွီဟန်ကျန်းက လှည့်၍ အလှဆင်ဈေးသို့ ဝင်လိုက်သည်။
မနေ့က ဖောက်သည်များဖြင့် ရန်ဖြစ်ခဲ့သည့် အလှဆင်ကုမ္ပဏီများနှင့် ပရိဘောဂစတိုးဆိုင်များ အများကြီးရှိခဲ့သည်။ ဒီနေ့တော့ သူတို့ကပိတ်ထားသည်။ သံတံခါးများကို သော့ခတ်ထားပြီး လမ်းများပေါ်တွင် မည်သူမျှ မတွေ့နိုင်ပေ။
သိသာထင်ရှားစွာ လူအများစုသည် ဈေးနှစ်ဆတက်သွားသည်ကို သိကြပြီး နေ့စဥ်သုံးပစ္စည်းများကို ဝယ်ယူရန် ဟင်းသီးဟင်းရွက်ဈေး၊ စူပါမားကတ်များနှင့် အခြားနေရာများသို့ ပြေးကြသည်။ အလှဆင်ဈေးရှိ သူဌေးများသည် လုပ်ငန်းအားလုံးကို ရပ်တန့်လိုက်သည်။ နောက်ဆုံးအနေနဲ့ သူတို့ကိုယ်တိုင်နှင့် သူတို့၏ မိသားစုများကို ကျွေးမွေးတာက အရေးကြီးဆုံးပါပဲ။
ရှာမတွေ့စေရန်အတွက် ယွီဟန်ကျန်းက ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြုခဲ့သည်။
သူက ဝတ်ရုံကိုသုံးပြီး မြေအောက်ကုန်လှောင်ရုံသို့ သူရောက်လာသည်။ သယ်ယူပို့ဆောင်ရန် ကားများအားလုံးကို ကားပါကင်တွင် ရပ်နားထားရသောကြောင့် ယာဉ်မောင်းများ အလုပ်မဆင်းခဲ့ပါ။ ကံကောင်းထောက်မစွာ သူပြောင်းထားသောသော့များက မပျက်စီးသွားခဲ့ပေ။ အလှဆင်ဈေးသည် သူခိုးများ၏ အာရုံကို မဖမ်းစားခဲ့ပုံရသည်။
ယွီဟန်ကျန်းသည် ရိက္ခာများယူရန် ဂိုဒေါင်သို့သွားနေစဉ် ရုတ်တရက် အလွန်ပေါ့ပါးသော ခြေသံများကို ကြားလိုက်ရသည်။
ယခု သူသည် မမြင်နိုင်တော့ဘဲ မြင်သွားရန် စိုးရိမ်နေစရာ မလိုတော့ပေ။ ထို့ကြောင့် သူသည် ရိုးရှင်းစွာ ခြေသံများအတိုင်း လိုက်ခဲ့လေသည်။
မြေအောက်ကားဂိုဒေါင်ထဲမှာ ညစ်ပတ်သည့်အဝတ်အစားဝတ်ထားသော လူတစ်ယောက်ဟာ သုံးဘီးဆိုင်ကယ်တွန်းဖို့ ရုန်းကန်နေရသည်။ သူ၏သုံးဘီးဆိုင်ကယ်တွင် ခရမ်းချဉ်သီးဖျော်ရည်၊ ကြက်ဥအရည်နှင့် အခြားအစွန်းအထင်းများပါသည့် အနက်ရောင်အမှိုက်အိတ်များစွာကို တင်ဆောင်ထားသည်။ ဤအရာများသည် ပုပ်ပွလာပြီး မနှစ်မြို့ဖွယ်ကောင်းသော အနံ့ကို ပေးစွမ်းလာသည်။
သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူ့ကိုမှ မတွေ့သည့်အတွက် အမှိုက်အိတ်ကို အမြန်ဖွင့်ပြီး နို့၊ ချောကလက်နဲ့ ဘီစကွတ်များကို အောက်ခံအမှိုက်အိတ်ထဲက ထုတ်ယူလိုက်သည်။
ယွီဟန်ကျန်း၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွား၏။
ထိုလူက နို့ငါးပုလင်း၊ ချောကလက်တစ်ဘူး၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ ဘီစကွတ်ခြောက်ထုပ်နှင့် တွင်းထွက်ရေခြောက်ပုလင်းတို့ကို အမြန်ထုတ်လိုက်တာ သူတွေ့လိုက်ရသည်။ သူသည် ပစ္စည်းများကို အိတ်ထဲသို့ထည့်ကာ အမှိုက်ကားအဖြစ် နောက်တစ်ကြိမ် အသွင်ယူပြီး မြေအောက်ဂိုဒေါင်၏ ထောင့်တစ်နေရာသို့ တွန်းသွားခဲ့သည်။
ထို့နောက် ညစ်ပတ်သောအဝတ်အစားများကို ချွတ်ကာ ကျောပိုးအိတ်ထဲမှ သန့်ရှင်းသောအဝတ်အစားများကို ထုတ်ယူပြီး ပြောင်းလဲကာ လှည့်ထွက်သွားခဲ့သည်။
ယွီဟန်ကျန်းက သူ့မျက်နှာကို မြင်လိုက်ရသည်။
ဆယ်ကျော်သက်၏ ချောမောသော မျက်နှာသည် ကလေးကဲ့သို့ အပြစ်ကင်းစင်သော်လည်း သူ့မျက်လုံးများသည် နက်မှောင်ပြီး စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ သူသည် အရှိန်အဟုန်ဖြင့် အရှေ့သို့ လျှောက်သွားကာ သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသကဲ့သို့ နားစွင့်နေခဲ့သည်။ သူသည် တောအုပ်ထဲတွင် သတိအရှိဆုံး သေးငယ်သောတိရစ္ဆာန်တစ်ကောင်နှင့်တူသည်။
ထို့အပြင် ယွီဟန်ကျန်းကို အံ့အားသင့်စေခဲ့သည့်အရာမှာ ဆယ်ကျော်သက်၏ ရုပ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုမှာ အလွန်ကောင်းမွန်သောကြောင့် သူသည် ကာယဗလမောင်နှင့်တူလုနီးပါးဖြစ်သည်။
သူသည် မြေအောက်ဂိုဒေါင်နောက်ဘက်ရှိ နံရံအပေါက်တစ်ခုမှ ခိုးဝင်သွားသောကြောင့် ယွီဟန်ကျန်းက သူ့ကို ယခုပင် လမ်းပေါ်တွင် မတွေ့ခဲ့ရပေ။ အပေါက်က တစ်မီတာအောက် မြင့်ပြီး ငါးတစ်ကောင်လို လိုက်လျောညီထွေဖြစ်အောင် မဝင်ခင် သူ့ကျောပိုးအိတ်ကို ပစ်ချလိုက်သည်။
ယွီဟန်ကျန်းက ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်လိုက်သည်။
ဒါက ဗဟိုရင်ပြင်မှာ ဂစ်တာတီးနေခဲ့သော ဆယ်ကျော်သက်ကောင်လေးဖြစ်သည်။
သုံးဘီးဆိုင်ကယ်မှာ ပစ္စည်းတွေ သိမ်းဆည်းပြီး အမှိုက်သိမ်းယာဉ်အဖြစ် ဟန်ဆောင်ဖို့ စိတ်ကူးက တကယ်ကို ထက်မြက်းပါသည်။ ထို့အပြင် ထောင့်တစ်နေရာက နံစော်နေသည့် အမှိုက်ကားနားကို ဘယ်သူမှ မသွားချင်ကြဘူး။
ယွီဟန်ကျန်း၏ အနီးနားတွင် ဘာအသံမှ မကြားရပါ။ သူသည် ဂိုဒေါင်တံခါးသော့ကိုဖွင့်ကာ ကျောပိုးအိတ်ထဲတွင် ရိက္ခာတချို့ထည့်ပြီး သူ့နေအိမ်သို့ ပြန်လှည့်သွားခဲ့သည်။
ရှောက်လုံနှင့် ရှောက်ချင်းကော်တို့သည် ပြန်လာခဲ့ကြပြီး လက်တော့ပ်ကို အသုံးပြု၍ အင်တာနက်ကို ရှာဖွေခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းနံပါတ်များလည်း သိမ်းထားခဲ့သည်။ ယွီဟန်ကျန်းက မေးလိုက်သည်။
"လက်တော့ပ်နဲ့ မိုဘိုင်းဖုန်းက ဘယ်ကယူလာတာလဲ"
ရှောက်ချင်းကော်က ပြုံးလိုက်သည်။
"ပရော်ဖက်ဆာရှောက်က အဲဒါတွေအတွက် ချောကလက်နဲ့ အသင့်စားခေါက်ဆွဲတွေကို လဲလှယ်ခဲ့တာ"
ယွီဟန်ကျန်း: "…"
ဒါက မယုံနိုင်စရာပါပဲ…
ယွီဟန်ကျန်းက ရှောက်လုံ၏ အပြုံးကို မြင်သောအခါ ဒါကို တွေးပြီး ချီးကျူးလိုက်သည်။ "ကောင်းတယ်"
ရှောက်လုံက သူ့ကို မိုဘိုင်းဖုန်းအဟောင်း တစ်လုံး ပေးလိုက်သည်။ "ကျွန်တော့်နံပါတ်နဲ့ မစ္စတာရှောက်ရဲ့နံပါတ်က လိပ်စာစာအုပ်ထဲမှာရှိတယ်… အဖွဲ့ခေါင်းဆောင်ယွီ နောက်အခါ အပြင်ထွက်ရင် အချိန်မရွေး ဆက်သွယ်လို့ အဆင်ပြေတယ်"
ယွီဟန်ကျန်းသည် ခေါင်းငြိမ့်လိုက်ပြီး ဖုန်းကိုယူကာ အိတ်ကပ်ထဲထည့်လိုက်သည်။
"ပရော်ဖက်ဆာရှောက်က တကယ်ကို တွေးခေါ်တတ်သူပဲ"
ရှောက်လုံက မေးလိုက်သည်။
"ခင်ဗျား ဒီနေ့ ဘာတွေ့ခဲ့လဲ"
အချုပ်ခန်းထဲမှာနေပြီး ဖြစ်စဉ်ကိုရှင်းလင်းဖို့အတွက် တီဗီကို တမင်ခိုးယူခဲ့သော ခိုးစွပ်နဲ့လူနှစ်ယောက်နှင့် သူ၏အတွေ့အကြုံအကြောင်း ပြောပြခဲ့သည်။
ရှောက်လုံက မယုံနိုင်အောင်ဖြစ်သွားသည်။
"ဖြစ်စဉ်ရှင်းလင်းဖို့ ထောင်ထဲမှာနေတာလား… ပရမ်းပတာတွေစတင်တဲ့အခါ ထောင်က ကြောက်စရာကောင်းလာလိမ့်မယ်… နောက်တစ်ခုက ထိန်းသိမ်းခံရတဲ့ လူတွေထဲမှာ အကျင့်စာရိတ္တပျက်စီးနေသူတွေရှိနိုင်တယ်… သူတို့က ရိုက်မယ်၊ ခိုးမယ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို ချက်ချင်းသတ်ပစ်နိုင်တယ်…"
ယွီဟန်ကျန်းက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်… အကျဉ်းသားတွေကို ထောင်အစောင့်တွေက ချုပ်နှောင်ပြီး စီမံခန့်ခွဲလေ့ရှိတယ်… အပေါ်ယံအားဖြင့် သူတို့က နာခံကြတယ်… ချုပ်နှောင်မှုမရှိရင် နောက်ဆက်တွဲဆိုးကျိုးတွေက မှန်းဆလို့ မရပးဘူး… အဲဒီနေရာက သွေးထွက်သံယိုဖြစ်မဲ့ ပထမဆုံးနေရာဖြစ်နိုင်တယ်"
ရှောက်ချင်းကော်က သူ့မေးစေ့ကို ထိလိုက်သည်။
"ဒီလူနှစ်ယောက်က ငါ့လိုမျိုး ကြုံခဲ့တာဖြစ်မယ်… အခြားနေရာမှာ တည်းခိုတဲ့ စိန်ခေါ်သူတွေက မနေ့ညက ပစ္စည်းတွေ ခိုးယူခံရတယ်… အသက်ရှင်ဖို့မဖြစ်နိုင်တာကြောင့် သူတို့က ဒီအကူအညီမဲ့ချဉ်းကပ်နည်းကို တွေးခဲ့ကြတာပဲ"
လက်သည်က ဖြစ်စဉ်ရှင်းလင်းရန် အခြားစိန်ခေါ်သူများ၏ ပစ္စည်းများကို ခိုးယူခဲ့သော မနေ့ညက သူခိုးဖြစ်သည်။ ဒါက တကယ်ကို မုန်းစရာကောင်းသည်။
ရှောက်ချင်းကော်၏အခန်းဘေးက မိန်းကလေးနှစ်ယောက်သည် တစ်ညလုံး ငိုယိုပြီး စိတ်ပျက်လက်ပျက်ဖြစ်ပုံရသည်။
ဤးကမ္ဘာ၌ ပစ္စည်းခိုးယူခြင်းသည် လူကိုသတ်ခြင်းနှင့်တူကြောင်း သူခိုးကမသိတာလား။
ရှောက်လုံက သူ့လက်သီးများကို ဆုပ်ထားသည်။
"ဒီသူခိုးတွေက ဖြစ်စဉ်ကိုရှင်းလင်းဖို့အတွက် မသမာတဲ့လုပ်ရပ်တွေလုပ်နေတာပဲ"
ယွီဟန်ကျန်းက သူ့ပခုံးကို ကိုင်လိုက်ပြီး တိုးတိုးပြောသည်။
"အရမ်းဒေါသမထွက်ပါနဲ့… အခြားသူတွေရဲ့စိတ်ကို နားလည်လို့မရဘူး… ကတ်ကမ္ဘာမှာ လူ့ကျင့်ဝတ်စည်းမျဥ်းကို လိုက်နာဖို့ စိန်ခေါ်သူအားလုံးကို ကိုယ်တို့ တောင်းဆိုလို့ မရဘူး"
သူက ခေါင်းစဉ်ပြောင်းလိုက်သည်။
"ကိုယ်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ကြုံခဲ့ရတယ်… ဗဟိုရင်ပြင်မှာ သီချင်းဆိုခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးက သူ့ရဲ့ပစ္စည်းတွေကို အလှဆင်ဈေးမှာ သိမ်းဆည်းထားတယ်… သူ့ရဲ့ ဖုံးကွယ်နည်းက အရမ်းထက်မြက်တယ်… သူက သုံးဘီးဆိုင်ကယ်ကို တိုက်ရိုက်ယူလာပြီး စားစရာတွေအားလုံးကို အနက်ရောင် အမှိုက်အိတ်ထဲ ထည့်လိုက်တယ်"
ရှောက်လုံက အံ့သြသွားသည်။
"အမှိုက်ကားလား… သူတကယ်ကို အများကြီး တွေးခဲ့တာပဲ"
ယွီဟန်ကျန်း: "သူက သူ့ပစ္စည်းတွေကို အမှိုက်ကားပေါ်တင်ပြီး အမှိုက်သိမ်းသူလို ဟန်ဆောင်ခဲ့တယ်… သုံးဘီးဆိုင်ကယ်က လမ်းပေါ်မှာ အချိန်မရွေး စီးနိုင်ပြီး အရမ်းအဆင်ပြေတယ်… မြေအောက်ဂိုဒေါင်ထဲကို ဝင်ပြီး ထွက်သွားတဲ့အခါ အပြန်လမ်းမှာ သူအဝတ်အစားလဲခဲ့တယ်… ကိုယ်သာ ကိုယ်ပျောက်ဝတ်ရုံမဝတ်ထားရင် သူ့ကို မြင်မှာမဟုတ်ဘူး"
ယွီဟန်ကျန်းသည် ပစ္စည်းများကို သီးခြားသိမ်းဆည်းရန် ဂိုဒေါင်ငှားဖို့ လုံလုံလောက်လောက် သတိကြီးထားကြောင်း ရှောက်လုံ ခံစားမိသည်။
ဒီဆယ်ကျော်သက်ကောင်လေးသည် ပိုလို့တောင် အံ့သြစရာကောင်းပြီး အမှိုက်ကားနဲ့ တိုက်ရိုက်ဟန်ဆောင်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ရှောက်ချင်းကော်က မနေနိုင်ဘဲ ရယ်လိုက်သည်။
"ဒီစိန်ခေါ်သူက တကယ့်ကို အရည်အချင်းရှိသူပဲ… အမှိုက်သိမ်းချင်ယောင်ဆောင်ဖို့ သုံးဘီးဆိုင်ကယ်တွန်းရင်း သူ့ကိုယ်သူ ညစ်ပတ်နံစော်အောင်လုပ်တယ်… သူတကယ်လုပ်ခဲ့တာပဲ"
ရှောက်လုံက ကူကယ်ရာမဲ့စွာ သဘောတူလိုက်သည်။
အခြားသူများ၏ ပစ္စည်းများကို ခိုးယူကာ အချုပ်ခန်းထဲတွင်နေရန် သူခိုးအသွင်ဆောင်တာမျိုး သုံးဘီးဆိုင်ကယ်ကို တွန်းထုတ်ကာ အမှိုက်သိမ်းတာမျိုး...
ဤသည်မှာ ဒုတိယနေ့သာဖြစ်ပြီး စိန်ခေါ်သူ အမျိုးအစားအားလုံး ပေါ်လာသည်။ ဒါက တကယ့်ကို အံ့သြစရာပါပဲ။
နှိုင်းယှဉ်ပြောရလျှင် ယွီဟန်ကျန်း၊ ရှောက်လုံနှင့် ရှောက်ချင်းကော်တို့သည် ဤကမ္ဘာပေါ်တွင် သာမန်တွေးခေါ်မှုအရှိဆုံးလူများလား။
#TK