Chapter 29
Viewers 19k

👻Chapter 29: 

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (7)



သူမနှင့် ဝမ်ကျယ်က ကွဲသွားခြင်း ဖြစ်သည်။ ကျန့်ယောင်က သူ့ကို ကြိုးစားပြီး ဆက်သွယ်ခဲ့သော်လည်း လိုင်းမမိ၍ထင် ဆက်သွယ်၍ မရခဲ့ပေ။


ယခုတွင် ဝမ်ကျယ်က သူမကို ဖုန်းခေါ်လာသည်။


သူမက ယခု သရဲတစ်ကောင် ဖြစ်နေလေပြီ။ သူမ၏ သရဲအပေါင်းအပါများနှင့် အတူတွဲပြီး သာမန်လူများကို သတ်နိုင်သည်နှင့် ဂိမ်းတွင် အနိုင်ရကာ ဘေးကင်းကင်းနှင့် ထွက်သွားနိုင်မည် ဖြစ်သည်။ သူမနှင့် ဝမ်ကျယ်က အဖွဲ့မတူလျှင် အခြားသူများက သူ့ကို သရဲအဖြစ် သတ်မှတ်အောင် လုပ်ပြီး ဝမ်ကျယ်နှင့် အလုပ်တူတူ တွဲလုပ်ရမည်ပင်။ 


လီရှင်းရန်လို အားနည်းသည့် ကြက်ပေါက်လေးကို သတ်ရန်က လွယ်လွယ်လေးပင်။ သို့သော်လည်း အားကောင်းသည့် တစ်ယောက် ဖြစ်နေပါက ကျန့်ယောင်က အသာစီးရနိုင်မည်ဟု အာမခံနိုင်မည် မဟုတ်ပေ။


မလှမ်းမကမ်းရှိ အိမ်တစ်အိမ်တွင် မေးနှစ်ထပ်နှင့် ဗိုက်ပူပူ အမျိုးသားတစ်ယောက် ရှိနေသည်။


သူက ကျန့်ယောင် လူသတ်နေသည့် မြင်ကွင်းတစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။


ထိုလူက မအော်ရဲ၍ အိမ်ထောင့်လေးတွင် ကျုံ့ကျုံ့လေး ငြိမ်နေရသည်။


ကျန့်ယောင် ထွက်သွားပြီးနောက် ထိုလူက တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်း သူမကို အတည်ပြုပေးလိုက်သည်။


သွေးနီရောင် စာတန်းကြီးက ပေါ်လာသည် [ဒုတိယအကြိမ်အဖြစ် အတည်ပြုချင်သေးသလား]


ထိုလူက စဥ်းစားမနေတော့ပဲ ချက်ချင်းပင် ခေါင်းညိမ့်လိုက်သည်။


သူက ကျန့်ယောင်ကို နှစ်ကြိမ် သတ်မှတ်ပြီးပြီ ဖြစ်သည်။


အဖြေစောင့်နေစဥ်အတွင်း ထိုအမျိုးသားက အလွန် စိတ်လှုပ်ရှားနေခဲ့သည်။


နောက်ဆုံးတော့ သူက ဒီသောက်ကျိုးနည်း ဖြစ်ရပ်ကြီးကနေ ထွက်သွားနိုင်တော့မယ်။


နောက်ဆုံးတွင် အဖြေ ထွက်လာပြီ ဖြစ်သည်။ 


ထိုလူ့မျက်နှာက အံ့သြမှုအပြည့်နှင့် မျက်ဖြူလှန်သွားရသည်။


အတည်ပြုသတ်မှတ်ချက် ...မှားနေပါသည်။


မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး။


ဘယ်လိုလုပ်ပြီး မှားရမှာလဲ။


ဒါ မမှားဘူးလေ။ ဟိုအမျိုးသမီးက အခုလေးတင် သူ့အဖော်ကို သတ်လိုက်တာ ရှင်းရှင်းလင်းလင်းပဲကို။


သူမက သေချာပေါက် လူမဟုတ်ဘူး။


သတ်မှတ်ချက် မှားသွားရင် သူက သရဲသတ်တာ ခံရတော့မှာလား။


မဖြစ်နိုင်တာ။


ရုတ်တရက် သူ့နောက်က ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ ထိုအမျိုးသား၏ ပုခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာသည်။


"မင်းကို တွေ့ပြီ" အေးစက်ပြီး အခိုးငွေ့နေသည့် အသံတစ်သံ ထွက်လာ၏။


…


၇နာရီ ၅၅မိနစ်တွင် သွေးနီလအချိန် ကုန်ဆုံးသွားပြီ ဖြစ်သည်။


ကျန့်ယောင်က ထွက်သွားပြီးနောက် လော်မင်က မေးလာသည် 


" မင်း သူမကို ဇစ်မြစ်ဖော်ချင်လား"


"မဖော်ချင်ဘူး" ချူဟွိုက် အဖြေက ရှင်းသည်။


"ဘာလို့လဲ" 


ချူဟွိုက်က ပေါ့ပေါ့ပါးပါး ပြောလာသည် 


" သူမက သရဲ မဖြစ်နိုင်ဘူး" 


သူက ထပ်ပြောလာသည်


 " သူမက တစ်ယောက်ယောက်ကို သတ်ခဲ့ရုံလေးပဲ။ အဲ့တာနဲ့ သူမကို သရဲလို့ သက်သေပြလို့်မရဘူး"


လော်မင်က သူ့ကို နားမလည်သည့် အကြည့်နှင့် ကြည့်လာသည်။


ချူဟွိုက်က မေ့လဲသွားစေနိုင်သည့် မေးခွန်းမျိုး မေးလာသည် " ရှင် တစ်ခုခု သိထားတယ် မဟုတ်လား"


"မင်း ဘာကို ပြောချင်တာလဲ" လော်မင်က သူ့ရှေ့က လူကို တည့်တည့်မကြည့်ရဲတော့ချေ။


ချူဟွိုက်က ပြုံးလိုက်သည် " သူမက သရဲ ဖြစ်တယ် ထားပါတော့။ ဒီလိုဆိုရင် သရဲတွေမှာ ကန့်သတ်ချက်တွေ အများကြီး ရှိနိုင်ပြီးတော့ ကျွန်မတို့နဲ့ ခွန်အားအတူတူ ရှိနိုင်တယ်။ မဟုတ်ရင် ခုနက အမျိုးသမီးက မီးဖိုချောင်ဓါးနဲ့ လူသတ်မှာ မဟုတ်ဘူး။ တစ်ယောက် တစ်ယောက်ချင်းချမယ့် တိုက်ပွဲမှာ ကျွန်မတို့က နိုင်နိုင်ချေမရှိဘူး။ ဒါပေမယ့်လည်း နှစ်ယောက် တစ်ယောက် တိုက်မယ်ဆိုရင် သူ့ကို အလှဲထိုးနိုင်ဖို့ ၁၀၀ရာခိုင်နှုန်း အပြည့် ရှိတယ်"


ချူဟွိုက်က လော်မင်နားကို တစ်စတစ်စ ကပ်လာရင်း

 " ဒါကြောင့် ရှင် ကျွန်မကို ပြောပြပေးနိုင်မလား။ ကျွန်မတို့ အပြင်ထွက်ရင် သေသွားမယ်ဆိုတာ ဘာလို့ အရမ်း သေချာနေရတာလဲ" 


သူက ဆက်ပြောလာသည် " မဟုတ်မှ..." 


လော်မင်၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး အမြန် စကားဖြတ်ပြောလာသည်


" အဲ့ဒီတုန်းက အခြေအနေက အရေးကြီးနေလို့လေ။ ကိုယ် ကောင်းကောင်း မစဥ်းစားမိပဲ သူမ ခွန်အားကို အတွက်မှားသွားတယ်"


ချူဟွိုက်က မယုတ်မလွန်အောင် ခေါင်းညိမ့်ပြလာသည်။


သို့သော်လည်း လော်မင်က စိတ်အေးသွားသလို သက်ပြင်းမချလိုက်မီ တစ်ဖက်လူ၏ စကားသံကို ကြားလိုက်ရသည်


 " ခုနက ပြတင်းပေါက်ကို မဖွင့်ခိုင်းဘူး ဆိုတာက သရဲက နံရံဖောက်ပြီး ဝင်လာနိုင်တဲ့ အစွမ်းမရှိဘူးဆိုတာ ရှင်သိနေလို့ မဟုတ်လား"


“ရှင်ပြောကြည့်" 


ချူဟွိုက်၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားရင်း " ရှင်က ဒီကိစ္စကို ဘာလို့ ရှင်းရှင်းလင်းလင်း သိနေရတာလဲ"


လော်မင်က ခါးသက်သက် ပြုံးလိုက်ရင်း အကုန်လုံးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေချင်မိသည်။ သို့သော်လည်း သူက ထိုသို့လုပ်ရန် အခွင့်အရေးမရလိုက်မီ တံခါးကို ပုဆိန်နှင့် ထုလိုက်သလို ဘန်းခနဲ မြည်သံကြီး ထွက်လာသည်။


နှစ်ယောက်သား ချက်ချင်း အလန့်တကြား ဖြစ်သွားရသည်။


သူတို့ကို တွေ့သွားတာလား။


အပြင်ဘက်ကလူတွင် သူတို့ကို အန္တရာယ်ပေးနိုင်သည့် လက်နက်တစ်မျိုး ရှိနေသည်။


ကောင်ငယ်လေးကလည်း ဆူဆူညံညံ အသံကြောင့် လန့်နိုးလာပြီး ချက်ချင်း ထငိုလာသည်။


ချူဟွိုက်က ရုတ်တရက် သူ့ကိုယ်ထဲရှိ သွေးများ အေးစက်သွားသလို ခံစားမိသည်။


လော်မင်က အမြန်ပြေးသွားပြီး ထိုကောင်လေး၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။


ထိုကောင်လေးက ခြေထောက်နှင့် ကန်ရင်း ရုန်းကန်လာကာ မျက်လုံးများကလည်း ကြောက်ရွံ့မှု အထင်းသား ပေါ်နေသည်။


ထုရိုက်သံကြီးက တစ်စတစ်စ ကျယ်ကျယ်လာပြီး လရောင်၏ အကူအညီနှင့် ချူဟွိုက်က တံခါးကို ဖောက်ထွင်းလာသည့် ပုဆိန်၏ အစွန်းကိုပင် တွေ့လိုက်ရသည်။


တံခါးက အိုဟောင်းနေပြီဖြစ်၍ ဤအတိုင်း ဆက်ဖြစ်နေပါက ထိုလူ တံခါးဖျက်ပြီး အပြင်မှဝင်လာရန် သိပ်မကြာလောက်တော့ချေ။


တံခါးကို ထုရိုက်နေသည့် ပုဆိန်သံကြီးက ချူဟွိုက်၏ နှလုံးကို ပြင်းပြင်းထန်ထန် ထိုးနှက်နေသည်။


သူနှင့် လော်မင်က တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ခေါင်းညိမ့်လိုက်သည်။ လော်မင်က ထိုကောင်လေးကို လက်တစ်ဖက်နှင့် အမြန်သယ်သွားရင်း ပြတင်းပေါက်ဆီ ပြေးသွားကာ အားကုန်သုံးဖွင့်လိုက်သည်။


ပြတင်းပေါက်က မဖွင့်ရသည်မှာ နှစ်ချို့နေပြီဖြစ်၍ သော့ခလောက်ပင် သံချေးတက်နေပြီဖြစ်သည်။ လော်မင်က သန်မာသော်လည်း ပြတင်းပေါက်ကို မဖွင့်နိုင်သေးပေ။ 


သူက ရုတ်တရက် စိုးရိမ်လာရသည်။


ဤအခြင်းအရာကို မြင်ပြီး ချူဟွိုက်က ကူညီရန် ရောက်လာသည်။


တံခါးသာ အမှန်တကယ် အချိုးလိုက်ခံရပါက တံခါးကို ကာထားသည့် ပစ္စည်းများက အချိန်အနည်းငယ်ခန့် ဟန့်တားပေးထားနိုင်ရန်သာ မျှော်လင့်မိသည်။


နောက်ဆုံးတွင် ပြတင်းပေါက် ပွင့်သွားလေပြီ။ ကျလာသည့် ဖုန်ထုကြီးကြောင့် ချူဟွိုက်မှာ ချောင်းတဟွတ်ဟွတ် ဆိုးလာရသည်။


လော်မင်က ကောင်ငယ်လေးကို မြေကြီးပေါ် ချပေးလိုက်ရင်း ချူဟွိုက်ကို ကူရန် ပြေးသွားစဥ် တစ်ဖက်လူ၏ မျက်နှာက ဖြူဖျော့လာသည်ကို တွေ့လိုက်ရသည်။


လော်မင်က လန့်သွားလေသည် " မင်း ဘာဖြစ်နေတာလဲ"


ချူဟွိုက်က စားပွဲစွန်းပေါ် လက်ထောက်ထားပြီး တဖြေးဖြေး ထိုင်ချကာ လက်ဆယ်ချောင်းကလည်း သစ်သားစားပွဲကို တူးဆွနေမိသည်။


သေစမ်း။ ဘာလို့ ဒီအချိန်ကြီးကျမှ ပေါ်လာရတာလဲ။


ကောင်ငယ်လေး၏ ငိုသံကို အပြင်ဘက်မှ ကြားနေရသည်။


" ရှင်တို့ အရင်သွားနှင့်ကြ" 


ချူဟွိုက်က လော်မင့်ကို မျက်လုံးလှန်ကြည့်လိုက်သည်။ သူ၏ အသံက တည်ငြိမ်ပြီး အလျင်လိုသည့်ပုံပေါက်ကာ သူ့ခန္ဓာကိုယ်ကလည်း အလင်းတို့ ထုတ်လွှတ်မည့်အတိုင်းပင်။


“မသွားဘူး" လော်မင်က ခေါင်းတွင်တွင် ခါပြသည်။


ချူဟွိုက်"ပုဆိန်မကောင်းဆိုးဝါးက ရှိနေသေးတယ်။ ရှင်တို အခု ထွက်မပြေးဘူးဆိုရင် ကလေး သေသွားလိမ့်မယ်"


လော်မင်က လှောင်ရယ်လိုက်ရင်း " သူ့သေတာ မသေတာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ"


"သူ့ကို ခေါ်လာရတာက မင်းဆန္ဒကြောင့်ပဲ ခေါ်လာပေးခဲ့တာ။ မင်းကိုသာ တစ်ခုခု ဖြစ်စေမယ်ဆိုရင် သူ့ကို တစ်ချက်မှ လက်တွန့်မနေပဲ လွှင့်ပစ်လိုက်မှာ"


"ခုဖြစ်ဖြစ် နောက်ဖြစ်ဖြစ် သူက သေသွားမှာပဲ။ မင်း မတွေးမိဘူးလား"


လော်မင်က ထေ့ငေါ့ပြုံးလိုက်ရင်း ပြတင်းပေါက်အပြင်ဘက် ရောက်နေပြီးဖြစ်သည့် ခြေတစ်ဖက်ကို ပြန်ဆွဲယူလိုက်ပြီး ခုန်ချလာသည်။


"ရှင်..." ချူဟွိုက်က အံတင်းတင်း ကြိတ်လိုက်သည်။


သူက ထရပ်ရန် ကြိုးစားလိုက်ရင်း ကောင်ငယ်လေး၏ ပြင်းပြင်းရှရှ ငိုကြွေးသံက အမှောင်ယံညတွင် လှိုက်တက်လာသည်။


"မမရေ..."


လော်မင်က သူ့ကို ထူပေးလာသည်။ ချူဟွိုက်က တုန်ယင်နေပြီး လက်ချောင်းများကလည်း ပြာနေပြီ ဖြစ်၏။


စားပွဲပေါ် ခြေလှမ်းလိုက်၍ ပြတင်းပေါက်ဆီ ခုန်တက်ရန် လွယ်ကူသွားသည်။ သို့သော်လည်း သူက ခုန်ထွက်ရန် ပြင်လိုက်စဥ် ပြတင်းပေါက်ဘောင်ကို ကိုင်ထားရင်း ရုတ်တရက် ခေါင်းလှည့်ကြည့်လာသည်။


လော်မင်က မေးလာသည် " ဘာဖြစ်လို့လဲ"


ချူဟွိုက်က လော်မင့် နှုတ်ခမ်းပေါ် လက်ညှိုးတင်လိုက်ရင်း တိုးတိုးနေရန် ပြောလိုက်သည်။


ပုဆိန်ထုသံက ပြောင်းသွားပြီ ဖြစ်သည်။


စစချင်းတွင် သုံးချက် ထုနေသော်လည်း တစ်ချက်ထုပြီး နည်းနည်းကြာကြာ ထုလာကာ နှစ်ချက် မြန်မြန် ထုလာသည်။


"ကြာကြာထုမယ် အမြန်ထုပြီးတော့ ပြန်ပြီး ကြာကြာထုမယ်" ချူဟွိုက်က စိတ်ထဲ ရေရွတ်လိုက်သည်။


သေချာပေါက်ပင် ပုဆိန်ထုနေသည့်အသံက သူခန့်မှန်းထားသည့် အရာနှင့် တူနေသည်။


ချူဟွိုက်က အပြုံးတစ်ခု ဖြစ်တည်လာပြီး သူ့မျက်နှာလည်း စိတ်အေးသွားဟန် ပေါ်လာသည်။ 


လော်မင်၏ အံ့သြနေသည့် အကြည့်အောက်တွင် ချူဟွိုက်က အိမ်ထဲသို့ ပြန်ခုန်ချလိုက်ပြီး စားပွဲကို ကိုင်၍ တံခါးဘက်သို့ ခက်ခက်ခဲခဲ လျှောက်သွားလိုက်သည်။


လော်မင်က အလန့်တကြား အော်ပြောလာသည် "မင်း ဘာလုပ်နေတာလဲ"


သူနှင့် ချူဟွိုက်တို့က ဤအိမ်ထဲတွင် ရှိနေမှန်း ထိုကောင်ကြီး သိသွားလည်း သူဂရုမစိုက်ပေ။ ပုဆိန်မကောင်းဆိုးဝါးက အရှုံးမပေးသေး၍ ထိုလူက သူတို့ရှိနေမှန်း သိပြီးသား ဖြစ်လိမ့်မည်။


လော်မင်က ချူဟွိုက်ရှေ့တွင် ရပ်လိုက်သည်။


"ဘေးဖယ်" ချူဟွိုက်က မျက်ခုံးပင့်ပြလာပြီး သူ့နှုတ်ခမ်းကလည်း ပြုံးယောင်သန်းနေသည်


 " ပုဆိန်မကောင်းဆိုးဝါးက ကျွန်မကို ဝန်ခံနေတာ။ ရှင် လမ်းဖယ်ပေး" 


ချူဟွိုက်က စနောက်သလို ပြောလာသည် " ငါ့ယောကျ်ားက ငါ့ကို လာတွေ့နေတာ"


ပုဆိန်မကောင်းဆိုးဝါး၏ တံခါးထုရိုက်သံက ထိုနေ့က ကျင်းထျန်းယိ ရေးပေးခဲ့သည့် လျှို့ဝှက်ကုတ်နှင့် အတူတူပင်။


မျက်လုံးနှင့် နားက လူကို လှည့်စားနိုင်သည်။


လော်မင်က စိတ်နှင့်ကိုယ် မကပ်တော့သလို ဖြစ်လာသည်။


ချူဟွိုက်က တံခါးနား ရောက်နေပြီ ဖြစ်သည်။


"မဖွင့်လိုက်နဲ့" လော်မင်က အဆုတ်ကွာမတတ် အော်ပစ်လိုက်သည်။


ပုဆိန်စွန်းက ချူဟွိုက်ပေါ် ကျလာချိန် ချူဟွိုက်က ခေါင်းမော့လိုက်သော်လည်း ရှောင်မနေပဲ နှုတ်ခမ်းထက် ဂုဏ်ယူနေသည့် အပြုံးတစ်ခုက ငွားငွားစွင့်စွင့် ရှိနေသည်။


ကျင်းထျန်းယိက နောက်ဆုံး တံခါးကို တွန်းဖွင့်လာသည်။


လရောင်အောက်တွင် တံခါးအပြင်ဘက်တွင် ရပ်နေသည့်သူက ရုပ်ရည်ချောမောလှသော အမျိုးသားတစ်ယောက် ဖြစ်နေ၏။


" ပုဆိန်မကောင်းဆိုးဝါးလား။ ကျွန်မ ရှင့်ကို စောင့်နေတာ ကြာလှပြီ" ချူဟွိုက်က အပြုံးလေးနှင့် ပြောလာသည်။[B.C အရမ်းရိုလွန်းလို့ မျက်လုံးပေါက်ထွက်မတတ် အော်နေပါပြီ]


ကောင်းကင်ယံတွင် ကြယ်တစ်စင်းမှ မရှိသော်လည်း ချူဟွိုက်၏ မျက်လုံးထဲတွင် ကြယ်လေးများ တလက်လက် တောက်ပနေသည်။ 


ကျင်းထျန်းယိက အံ့သြသွားရသည်။ အချိန်အတန်ကြာမှ သူနှင့် ချူဟွိုက်ကြားက ပရိဘောဂပစ္စည်းများကို ဖယ်ပစ်ရင်း လော်မင်၏ နားမလည်သလို အကြည်အောက်တွင် ကျင်းထျန်းယိက သူ့ရှေ့က လူကို ဆွဲဖက်လိုက်သည်။   


“နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ" သူ၏ အသံက အက်ကွဲနေပြီး ချူဟွိုက်ပင် နားမလည်သည့် စိတ်ခံစားချက်များ ရောထွေးနေသည်။


ချူဟွိုက်က ကျင်းထျန်းယိ၏ လည်ပင်းကို သူ့မျက်နှာနှင့် ပွတ်သတ်နေသည်။


သူ့ကိုယ်ထဲရှိ နာကျင်မှုကလည်း ချက်ချင်း ပျောက်ကင်းသွားသည်။


လော်မင်၏ မျက်နှာကလည်း မည်းမှောင်သွားပြီး တဗြဲဗြဲအော်ငိုနေသည့် ကောင်လေးကို ရှာရန် တိတ်တဆိတ် ထွက်သွားလေသည်။


ချူဟွိုက် "စုန့်ချန်ကရော ဘယ်မှာလဲ"


ကျင်းထျန်းယိက သူ့ကို လွှတ်ပေးလိုက်ရင်း မထူးခြားသလို ပြန်ဖြေလာသည် " သူမက ကိုယ့်ကို မယုံဘူးလေ။ ဒါကြောင့် ထွက်သွားပြီ"


ချူဟွိုက်က နားလည်သလို ခေါင်းညိမ့်ပြလာသည်။


ထို့နောက် သူက ကျင်းထျန်းယိက သွေးနီလ သာနေသည့်အချိန်အတွင်း သူ့ကို ရှာနေခဲ့မှန်း အမှတ်ရသွားသည်။


ဒီလူက သေရမှာ မကြောက်ဘူးလား။


"ဖုန်းခေါ်တုန်းက..." ကျင်းထျန်းယိက ချုဟွိုက်ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို အသာ ပုတ်ထုတ်ပေးလာသည်။ သူက ရှင်းပြရန် ပြင်လိုက်သည်နှင့် ချူဟွိုက်က တားလာသည်။


" ရှင်က တကယ် သတိထားခဲ့တာပဲ။ ရှင်သာ အများကြီး ပြောခဲ့ရင် သရဲက ရှင့်အသံအတိုင်း တုပပြီး သူများတွေကို လှည့်စားတော့မှာ" 


"သူများတွေကို လှည့်စားတာလား" ကျင်းထျန်းယိက စကားရပ်သွားသည်။


ပြုံးလိုက်ပြီး သူက ဆိုလာသည် "မင်း လှည့်စားခံရမှာ စိုးလို့ပါ"


ချူဟွိုက်က နောက်ဆုံး 'သတိထားပါ' ဆိုသည့် စကား၏ အဓိပ္ပါယ်ကို နားလည်သွားရသည်။


ထိုအချိန်က သူနှင့်ကျင်းထျန်းယိတို့က ဖုန်းပြောနေကြခြင်းဖြစ်သည်။ သရဲက သူ့အသံကို ကြားဖြတ်ယူပြီး လီရှင်းရန်ဆီ လမ်းကြောင်းပြောင်းခဲ့ခြင်း ဖြစ်နိုင်သည်။


ထို့ကြောင့် စကားကို တိုတိုတုတ်တုတ် ပြောမှ သတင်း နည်းနည်းသာ ရမည်ဖြစ်ပြီး သူတို့အတွက် ပိုဘေးကင်းနိုင်မည် ဖြစ်သည်။ 


ကျင်းထျန်းယိက သူ၏ အပေါ်ဝတ်ကို ချွတ်လိုက်သည်။ သူက မေးလာသည်။


 " မင်း ထူးဆန်းတာတစ်ခုခု ကြားလိုက်လို့လား ဒါမှမဟုတ် မြင်လိုက်လို့လား"


သူက တံခါးအကြာကြီး ထုခဲ့သော်လည်း ချူဟွိုက်က ဖွင့်ပေးချင်ဟန် ပြမလာချေ။ ထို့ကြောင့် သူက တစ်ခုခု မှားနေမှန်း သိလိုက်ပြီ ဖြစ်သည်။


ကြည့်ရတာ အဲ့ဒီအချိန်တုန်းက ချူဟွိုက်က စိတ်မချတာ ဖြစ်မယ်။ အကယ်၍ ချူဟွိုက်က တံခါးခေါက်လာသည့်သူက သရဲ ဖြစ်နေမှာ စိုးနေလျှင် ပြတင်းပေါက်ကနေပဲ လှမ်းကြည့်ရုံပဲ တတ်နိုင်၍ သူ့ကို မှတ်မိလောက်မည် မဟုတ်ပေ။


ထို့ကြောင့် ကျင်းထျန်းယိက တံခါးခေါက်သည့် နည်းလမ်းကို ပြောင်းရန် ဆုံးဖြတ်လိုက်သည်။


ချူဟွိုက်က ကျင်းထျန်းယိကို စောစောက ဖြစ်ခဲ့သည့်ကိစ္စကို အကျဥ်းချုပ် ရှင်းပြလာသည်။


ကျင်းထျန်းယိက နောက်ဆုံး နားလည်သွားပြီ ဖြစ်သည်။


သူက ချူဟွိုက်ကို သူ့အင်္ကျီခြုံပေးလိုက်သည်။


အဖြူရောင်လ ထွက်ပေါ်ရန် တစ်မိနစ်သာ ကျန်တော့သည်။ ချူဟွိုက်က စိတ်အေးသွားသလို သက်ပြင်းချလိုက်၏။ 


ချူဟွိုက်က ရုတ်တရက် တစ်ခုခုကို နားလည်သွားရင်း မျက်လုံးပြူးပြီး မေးလိုက်သည် 


" ရှင်...ကျွန်မ ဒီမှာ ရှိမှန်း ဘယ်လိုသိသွားတာလဲ"


ကျင်းထျန်းယိက အသံတိတ်နေသည်။ သူတို့က အပြင်ဘက်ကို လမ်းလျှောက်သွားနေစဥ် သူက ချူဟွိုက်၏ ခေါင်းအနောက်ကို ထိန်းကိုင်လာရင်း ရင်ခွင်ထဲ ဆွဲထည့်လာသည်။ 


ကျင်းထျန်းယိက ချူဟွိုက်၏ နားရွက်နားကို မှီလိုက်ပြီး တိုးတိုးပြောလာသည် " ကျောင်းကျောင်း။ ကိုယ်ခုနက ယောကျ်ားလို့ မင်းခေါ်လိုက်တာ ကြားလိုက်တယ်"


ချူဟွိုက်၏ မျက်နှာက တောင့်တင်းသွားပြီး ရှက်သွေးဖြာလာရသည်။


စောစောက သူ ထိုစကားပြောခဲ့သည်က အမှန်ပင်။ သို့သော်လည်း ကျင်းထျန်းယိထံမှ ပြန်ကြားရချိန် အနည်းငယ် နေရခက်လာသည်။


လရောင်အောက်တွင် ကျင်းထျန်းယိ၏ မျက်နှာက နီမြန်းနေသည်။


ချူဟွိုက်က အခုလေးတင် ယောက်ျားဟု ခေါ်လိုက်သည့်အကြောင်း စဥ်းစားနေမိသည်။


"မင်း ကိုယ့်ကို..."


"မရဘူး" ချူဟွိုက်က ငတုံး မဟုတ်ပေ။


အခြားခေါင်းစဥ်ဆိုပါက သူကြိုးစားပေး၍ ရနိုင်သည်။ ဤခေါင်းစဥ်အတွက်က အမှန် မကောင်းလောက်ပေ။ သူက ဒီလို ကိစ္စမျိုးကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။


စဥ်းစားကြည့်ရုံနဲ့တင် ရှက်စရာကြီး။


ချူဟွိုက်က သူငြင်းလိုက်သည်မှာ အနည်းငယ် ပြင်းထန်သွားမှန်း သိလိုက်သည်။ ထို့ကြောင့် သူက ရှက်သွားသလို ခေါင်းငုံ့လာသည်။


ချူဟွိုက် :ကျွန်မ ရှက်လို့ပါ။ ရှင့်ကို တမင်သက်သက် ငြင်းနေတာ မဟုတ်ရပါဘူး။


ကျင်းထျန်းယိ၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားသည်။


သူက နာရီကို တစ်ချက်


ကြည့်လိုက်ရာ ၈နာရီ ထိုးရန် စက္ကန့်၂၀သာ ကျန်တော့သည်။


သူက နောက်ဆုံးတွင် ချူဟွိုက်ကို ရှာတွေ့ပြီ ဖြစ်၍ လောလောဆယ် စိတ်အေးသွားရပေပြီ။


"အား...."


ညမှောင်မှောင်ထဲ အမျိုးသမီးတစ်ယောက်၏ နားကွဲမတတ် အော်သံကြီးက ရုတ်တရက် ထိုးဖောက်လာလေသည်။


ဒါ...ကျန့်ယောင်အသံပဲ။



👻