Chapter 30
Viewers 1k

👻Chapter 30: သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (8)



အချိန်ကား ၈နာရီ တိတိ ထိုးသွားပြီ ဖြစ်သည်။


ဂိမ်း၏ ပထမတစ်ဖြတ်က ပြီးသွားပေပြီ။ 


သွေးနီလ နေရာတွင် အဖြူရောင် လမင်းကြီး ဝင်ရောက်လာပြီး လူကောင်းအဖွဲ့အတွက် အချိန် ကျရောက်လာသည်။


ကျန့်ယောင်၏ စူးစူးဝါးဝါး အော်သံကြီးက လူတိုင်း၏ နှလုံးသားကို အရိပ်ကြီးတစ်ခုလို လွှမ်းခြုံသွားသည်။


လော်မင်က အခြေအနေကို စစ်ဆေးရန် အရင်ဆုံး ပြေးသွားလိုက်သည်။


ကောင်ငယ်လေး၏ စောစောက အပြုအမူက ပြောင်းပြန် ဖြစ်သွားပြီ ဖြစ်သည်။ သူက လော်မင့်ပေါင်ကို တင်းတင်းဖက်ထားပြီး တသိမ့်သိမ့် တုန်နေသည်။ ကောင်လေး၏ မျက်လုံးထဲတွင် သူက အားကိုးရသည့် သူတစ်ယောက် ဖြစ်နေသည့်ပုံပင်။


"ဦးလေး...ဦးလေးမှာ ခြေထောက်လည်း မရှိဘူး" ကောင်လေး၏ အသံက နူးညံ့နေသော်လည်း အံ့သြရိပ်များ ပါဝင်နေသည်။


လော်မင်၏ မျက်လုံးများက ဒေါသကြောင့် လက်ခနဲ ဖြစ်သွားပြီး အင်္ကျီအောက်က လက်ကလည်း လက်သီးဆုပ်အဖြစ် ပြောင်းသွားသည်။


သူက ကောင်လေးကို ဆွဲထုတ်ရန် ပြင်လိုက်စဥ် ကောင်ငယ်လေး ပြောလာသည့် စကားကို ကြားလိုက်ရသည်


 " အရမ်း မိုက်တာပဲ။ စက်ရုပ်ကြီးနဲ့ တူတယ်"


"ဦးလေးက...ကတ်ကြေး ခြေထောက် အက်ဒ်ဝပ်ပဲ " ထိုကောင်လေးက တခစ်ခစ် ရယ်မောနေပြီး ဒူးကုန်းလိုက်ရင်း လော်မင်၏ သံခြေကျင်းဝတ်များကို ထိတွေ့လာသည်။[T/N: ဒါကလေ ကတ်ကြေးလက်နဲ့ အက်ဒ်ဝပ် ဆိုတဲ့ အမေရိကန် သဘာဝလွန် ရုပ်ရှင်ကားတစ်ခု ရှိတယ်။ ရုပ်ရှင်ထဲမှာ ဇာတ်ကောင်က ကတ်ကြေးလက်တွေ ရှိတဲ့ အက်ဒပ်ဝပ်ဆိုတဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့်လည်း လော်မင့်မှာ အက်ဒ်ဝပ်လို ကတ်ကြေးလက် မရှိပဲ သံခြေထောက်တွေ ရှိနေတာကြောင့် ကောင်လေးက သူ့ကို ကတ်ကြေးခြေထောက်နဲ့ အက်ဒ်ဝပ်လို့ ခေါ်လိုက်တာပါ]


လော်မင်က ကြောင်တောင်တောင် ဖြစ်သွားရသည်။ 


မိုက်တာလား။


တစ်ယောက်ယောက်က သူ့ကို မိုက်တယ်လို့ ပြောတ ပထမဆုံး ကြားဖူးတာပဲ။


လော်မင်က အေးစက်စက် ပြောလိုက်သည်


 " အက်ဒ်ဝပ်က ကောင်မလေး တစ်ယောက်ကို သဘောကျပြီး သူမရဲ့ ရည်းစားကို မတော်တဆ သတ်လိုက်မိတယ်။ အဆုံးမှာ သူ့ကို မကောင်းဆိုးဝါးလို့ သတ်မှတ်ခံရပြီး နန်းတော်ကြီးထဲမှာ အထီးကျန်ရင်း သေသွားရတယ်"


“ဒါပေမယ့်..." လော်မင်က တစ်ခုခုကို တွေးမိသွားသည်။ သူ၏ မျက်လုံးများ မြောက်တက်လာသည်


 " အဆုံးမှာ အဲ့ဒီကောင်မလေးကလည်း အက်ဒ်ဝပ်ကို ချစ်သွားတယ်လေ"


သူက ချူကျောင်းကို လှည့်ပြီး ချောင်းကြည့်လိုက်သည်။ 


ကောင်လေးက လော်မင် ပြောသည့်အရာကို နားမလည်ချေ။ သူက လော်မင့်ကို မော့ကြည့်လာသည်။ သူ့ရှေ့က လူကြီးမှာ ကမ္ဘာကြီးကို ကယ်တင်ခဲ့သည့် Ultraman ဖြစ်နေသလို ကောင်လေး၏ မျက်လုံးထဲတွင် ယုံကြည်မှုနှင့် အားကိုးလိုဟန်တို့ ပြည့်နှက်နေသည်။ [T/N: Ultraman (ウルトラマン, Urutoraman) ဆိုတာက စူပါဟီးရိုး ဇာတ်ကောင် တစ်ခု ဖြစ်ပြီးတော့ Tsuburaya ကနေ ထုတ်လုပ်ထားတဲ့ Ultra seriesရဲ့  ပထမဆုံး ပါဝါရိန်းဂျား ဖြစ်ပါတယ်။]


"ဦးလေး။ ဦးလေးက သေချာပေါက် အဲ့ဒီလူဆိုးတွေကို သတ်နိုင်တယ်။ အဲ့ဒီအချိန်ကျရင် ဦးလေးက သေချာပေါက် အရမ်း ကြည့်ကောင်းနေမှာ" 


လော်မင်၏ နားရွက်များ နီမြန်းလာရသည်။ သူက မနေတတ်သလို ကောင်ငယ်လေးကို မချီလိုက်ရင်း ထိုကောင်လေး၏ မျက်နှာကို ပုတ်လိုက်ကာ အမှန်ပြင်ပေးလာသည်။


 "ငါ့ကို ဦးလေး ဦးလေးလို့ ခေါ်ခေါ်မနေစမ်းနဲ့"


သူက ချူကျောင်းကို ညွှန်ပြလိုက်ရင်း ရှက်သလို ပြောလာသည် " သူမကို မမလို့ ခေါ်ရင် ငါ့ကိုလည်း ကိုကိုလို့ ခေါ်ပေါ့ကွ"


ချူဟွိုက်က လီရှင်းရန်၏ အလောင်းရှေ့ ထိုင်ချလိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး တွန့်ကွေးနေသည့် အလောင်းကို ဆန့်ပေးလိုက်သည်။


ထိုသို့ လုပ်နေစဥ်အတွင်း လီရှင်းရန်၏ ပိုက်ဆံအိတ်က ထွက်ကျလာသည်။


ကျင်းထျန်းယိက ကောက်ကိုင်လိုက်ပြီး တစ်ချက်ကြည့်လိုက်မိရာ အကြည့်မလွဲနိုင် ဖြစ်သွားရသည်။


ပိုက်ဆံအိတ်ထဲတွင် ဓါတ်ပုံတစ်ပုံ ရှိနေသည်။


သစ်ပင်တစ်ပင် အောက်တွင် ခုနစ်နှစ် ရှစ်နှစ်အရွယ်ကောင်မလေး တစ်ယောက်က ဝှီးချဲပေါ်ထိုင်နေသည့် လူတစ်ယောက် ရှေ့တွင် ရပ်နေသည်။


ထိုလူက ရှပ်အင်္ကျီအဖြူ ဝတ်ထားပြီး လူကြီးလူကောင်းဆန်သည့် ပုံပေါ်သည်။ သူက ကောင်မလေးကို လက်ဟန်အမူအရာ လုပ်ပြပြီး ရယ်မောနေသည်။ ထိုလူ့အပြုံးက ပန်းများ ပွင့်ဖူးနေသလို ခမ်းနားလှသည်။ 


သူတို့ပြောနေသည့် လက်ဟန်ဘာသာစကားက 'အချစ်' ဆိုသည့် အရာ ဖြစ်နေသည်။


ချူဟွိုက်က ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။


သို့သော်လည်း သူ့ပုံကြီးကို တွေ့လိုက်၍ လန့်သွားရသည်။ ချူဟွိုက်က ကျင်းထျန်းယိဆီမှ ပိုက်ဆံအိတ်ကို ချက်ချင်း ဆွဲလုလိုက်ရင်း လီရှင်းရန်၏ အင်္ကျီထဲ ပြန်ထိုးထည့်လိုက်သည်။


ချူဟွိုက်က လီရှင်းရန်၏ မျက်လုံးများကို ပိတ်ထားလိုက်သည်။


" မင်း သူမကို သိတာလား" ကျင်းထျန်းယိက မေးလာသည်။


"..မသိဘူး"


“သူ့ကိုရော..." ကျင်းထျန်းယိက ပိုက်ဆံအိတ်ကို လက်ညှိုးထိုးပြပြီး ချူဟွိက်ကို မေးလာသည်။


"...သူ့ကိုလည်း မသိဘူး"


"အို့" ကျင်းထျန်းယိက တွေးတွေးဆဆ ခေါင်းညိမ့်လိုက်ရင်း " ဒါဆို ကိုယ့်ကိုပြောကြည့်။ သူက သူမကို သဘောကျနေတယ်လို့ ထင်လား" 


ကျင်းထျန်းယိက ချူဟွိုက်က တစ်ချက်မှ မရှက်ပဲ သူ့ကို ဗြောင်လိမ်နေ၍ အနည်းငယ် စိတ်ပျက်သွားသည်။ ပြီးတော့ ဒီမိန်းမက ချူဟွိုက်ပုံကို သွားလေရာ သယ်သွားတယ် ဆိုတော့ သူမရဲ့ နှလုံးသားရေးကိစ္စက သိသာနေတာပဲလေ။


ချူဟွိုက်က ရှက်သွားသည်။ ကျင်းထျန်းယိက လီရှင်းရန်က သူ့ကို ကြိုက်နေတာလားလို့ မေးချင်တာလား။


ဤလူက အထူးတဆန်းတွေ မေးလာ၍ သူ့ဘက်ကတည်တည်ငြိမ်ငြိမ် ပြန်ဖြေဖို့ လိုသည်ပင်။


ချူဟွိုက်က မထူးဆန်းသလို ဖြေလိုက်သည် " ...ဘယ်သိပါ့မလဲ"


"ဒီလူက သူမကို ဓါတ်ပုံတောင် ပေးထားတာ ဆိုတော့ သူမကို အရမ်းသဘောကျတာ ဖြစ်ရမယ်"


 á€™á€ťá€€á€şá€œá€Żá€śá€¸á€á€­á€Żá€ˇ မှေးပြီး ကြည့်လာသည့် ကျင်းထျန်းယိပုံစံက အန္တရာယ်များလှသည်။ သူက ချူဟွိုက်ကို တောက်လောင်နေသည့် အကြည့်နှင့် တစ်စိုက်မတ်မတ် ကြည့်လာသည်။


တစ်ဖက်လူက စိုက်ကြည့်လာ၍ ချူဟွိုက်မှာ အနေခက်သွားပြီး အကြည့်လွှဲလိုက်သည် “…တိတ်တိတ်လေး ရိုက်ထားတာ နေမှာ"


" မင်း ဘယ်လိုသိလဲ" ကျင်းထျန်းယိက တစ်ချက် မပြုံးပဲ မျက်ခုံးပင့်ပြလာသည်။


ချူဟွိုက်က အမြန် ပြန်ဖြေလာသည် "...မှန်းကြည့်တာပါ"


ကျင်းထျန်းယိက မနေနိုင်ပဲ နှုတ်ခမ်းဟလာပြီး ချူဟွိုက်ခါးကို ဆုပ်ကိုင်လာသည် " ဒါဆို...မင်း မကြိုက်ဘူးလား"


ချူဟွိုက်က ချက်ချင်း ဖြေလာသည် " ...အင်း"


ကျင်းထျန်းယိက သူလိုချင်သည့် အဖြေကို ရသွားပြီ ဖြစ်သည်။ သူက ကုန်းလိုက်ပြီး လက်ချောင်းသွယ်သွယ်လေးများနှင့် ဓါတ်ပုံကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ချူဟွိုက်ကြည့်နေချိန်မှာပင် သူ့အိပ်ကပ်ထဲ ထည့်လိုက်သည်။


သူ၏ မျက်နှာအမူအရာက တည်တည်ငြိမ်ငြိမ်ပင်။


ချူဟွိုက်က ရုတ်တရက် သူ့တစ်ကိုယ်လုံး အဝတ်မဲ့သွားသလို ခံစားရသည်။ သူ၏ မျက်နှာက တောက်လောင်နေပြီ ဖြစ်သည်။


"ရှင်ဘာလုပ်နေတာလဲ။ ဒါ သူများပစ္စည်း ခိုးတယ်လို့ ခေါ်တယ်။ အမြန်ပြန်ထားလိုက်လေ" 


ကျင်းထျန်းယိက ချူဟွိုက်ကို ပွေ့ဖက်လာသည် 


" သူမကတောင် သူများဓါတ်ပုံကို ခိုးရိုက်ထားတာပဲ။ ဒါဆို ကိုယ်က ဒီဓါတ်ပုံကို ခိုးလိုက်လည်း ဘာဖြစ်လဲ"


ချူဟွိုက်"....."


ကျင်းထျန်းယိက ခေါင်းစောင်းလိုက်ပြီး ချူဟွိုက်ကို အန္တရာယ်ရှိသည့် အပြုံးတစ်ခု ပြုံးပြလာသည် "ဒီဓါတ်ပုံကို သူမက ခိုးရိုက်ထားတာ မဟုတ်ပဲ သူက သူမကို ပေးခဲ့တာလို့ မင်းပြောချင်ရင်တော့..."


“…မဟုတ်ဘူး" 


ချူဟွိုက်က မုန်းလွန်း၍ သွားတို့ယားလာပြီ ဖြစ်ကာ စိတ်အေးချင်ယောင်ဆောင်လိုက်ရင်း " ရှင်က အဲ့ဒီလူရဲ့ ဓါတ်ပုံနဲ့ ဘာလုပ်မလို့လဲ"


ကျင်းထျန်းယိ " ကိုယ်က မိန်းကလေးပုံတွေ စုနေတာ မဟုတ်ဘူးလေ။ မင်းက သဝန်တိုနေတာလား... ဟမ်"


ကျင်းထျန်းယိက အရမ်းကပ်နေပြီ ဖြစ်သည်။ 'ဟမ်' ဟု ပြောလာသံကြီးက ချူဟွိုက်၏ နားများကို ပူထူသွားစေသည်။


ချူဟွိုက်က ထိုလူနှင့် စကားပြောရန် လက်လျှော့လိုက်ပြီး သေချင်ယောင်ဆောင်နေလိုက်သည်။


" ဒီလို လှပပြီး သန့်ရှင်းစင်ကြယ်တဲ့ လူတစ်ယောက်ရဲ့ ဓာတ်ပုံက ဖြစ်ရပ်ထဲမှာ တစ်သက်လုံး ကျန်နေခဲ့ရရင် သနားစရာပဲလို့ တွေးမိရုံပါ..."


ကျင်းထျန်းယိက အလေးအနက် ပြောလာ၏။


ချူဟွိုက်"......"ငါ့ကို ချီးမွန်းပေးနေတယ်လို့ပဲ ထင်လိုက်ပါမယ်။


ကောင်ငယ်လေးက ချူဟွိုက်ဆီ အပြေးရောက်လာပြီး ကျင်းထျန်းယိကို ရီဝေဝေကြည့်လာသည် "ကိုကို"


ကျင်းထျန်းယိက သူ့ခေါင်းလေးကို ပွတ်သတ်ပေးလိုက်သည်။


အရမ်း နူးညံ့တာပဲ။


လော်မင်က ကျန့်ယောင်၏ အခြေအနေကို စစ်ဆေးနေခြင်း ဖြစ်သည်။ ထို့နောက် သူက သတင်းပို့ရန် ရောက်လာသည်။ ကောင်ငယ်လေးက သူ့ကို စိုက်ကြည့်လိုက်ရင်း အော်ခေါ်လိုက်သည် 


" ဦးလေး" 


လော်မင်က အံကို တင်းတင်းကြိတ်မိသည်။


ချူဟွိုက်က ရယ်ချင်စိတ်ကို အောင့်ထားရ၏။


"ရှင့်အသက် ဘယ်လောက်လဲ" ချူဟွိုက်က လော်မင့်ကို မေးလိုက်သည်။


သူက လော်မင်က '၁၈ပြည့်ပြီးပြီ' ဟု ပြောလာမှာ စိုး၍ ထပ်ပြောလာသည် " အသက်အမှန်ကို ပြောတာနော်"


"၂၂"လော်မင်က နှာမှုတ်လိုက်ရင်း ကျင်းထျန်းယိကို ရန်စသလို ကြည့်လာသည်။


ချူဟွိုက်က လှည့်ကြည့်လိုက်ပြီး ရှေ့လူကို မေးလိုက်သည် " ရှင်ကရော"


ကျင်းထျန်းယိက မျက်ခုံးပင့်လိုက်ပြီး ခပ်တည်တည်နှင့် မဖြစ်နိုင်သည့်အရာကို ပြောလာသည် "၂၁"


လော်မင်က ဒေါသထွက်လာသလို သူ့ခြေထောက်ကို ပြန်ရိုက်လိုက်ရင်း " ငါ မင်းလို ၂၁နှစ်ပဲ ရှိသေးတဲ့သူနဲ့ ပြိုင်ပြောမနေတော့ဘူး"


သူက တွန့်တွန့်ဆုတ်ဆုတ် ပြောလာသည် " ခုနက လူသတ်ခဲ့တဲ့ အမျိုးသမီးက နောက်ကျောကို ဓါးထိုးခံခဲ့ရတာ"


ချူဟွိုက်၏ မျက်နှာက နစ်ဝင်သွားသည်။ သရဲအဖွဲ့က လူသတ်သမားကလည်း သေသွားပြီလား။


သူက လော်မင် ညွှန်ပြသည့် နေရာဆီ လျှောက်သွားလိုက်သည်။ သူက ဗိုက်နှိပ်ပြီး သေသွားသည့် အမျိုးသမီးအလောင်းတစ်ခုကို တွေ့လိုက်ရသည်။


ချူဟွိုက်က ထိုင်ချလိုက်သည်။ သူက အမျိုးသမီး၏ ဆံပင်ကို သပ်တင်လိုက်ရင်း မျက်နှာကို ကြည့်လိုက်သည်။ သူမက သူ မျက်မြင်တွေ့ခဲ့သည့် လူသတ်သမား ကောင်မလေး ဖြစ်သည်။


ထိုမိန်းကလေးက အနောက်ဘက်မှနေ၍ ခါးတစ်ဝိုက်တွင် အကြိမ်ကြိမ် ဓါးထိုးခံခဲ့ရပြီး သူမသတိမထားမိခင် တစ်ယောက်ယောက်က ဖက်ပြီး လုပ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။


လူသတ်သမားက သူမနှင့် ရင်းနှီးဟန်ရှိသည်။ မဟုတ်လျှင် ယခုကဲ့သို့ အန္တရာယ်ရှိသည့် အခြေအနေမျိုးတွင် ပုံမှန်လူက အခြားသူများကို အနားကပ်ခံမည် မဟုတ်။


နောက်ပြီး ဤအမျိုးသမီးကလည်း လီရှင်းရှန်၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သူမကို သတ်ခဲ့လေသည်။ သူမက ထိုအချိန်မျိုးတွင် ပိုပြီး နိုးနိုးကြားကြား နေသင့်သည်။ သို့သော်လည်း အချို့သူများက ပုံသေနည်းအတိုင်း မသွားကြပေ။


ချူဟွိုက်က သွေးပေနေသော ခြေရာများကို ရိပ်ခနဲ တွေ့လိုက်ရသည်။


ခြေရာများက သတိထားမိနိုင်သည့် နေရာတွင် ရှိနေသည်။


တစ်ဖက်လူက ထိုအမျိုးသမီးကို သွေးနီလ၏ နောက်ဆုံးအချိန်တွင် သတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က အိမ်ထဲတွင် ပုန်းနေသည့်သူများ ထွက်လာတော့မည်ကို သိနေသည်။ ထို့ကြောင့် ရှာတွေ့ခံရမည်စိုး၍ သူတို့က ပြေးသွားကြပြီး ခြေရာဖျောက်ရန် အချိန်မလောက်တော့ခြင်း ဖြစ်မည်။


လော်မင်ကလည်း ရောက်လာ၍ သူက ခြေရာများကို သူ့ခြေထောက်နှင့် တိုင်းကြည့်နေသည်။


ထို့နောက် သူက ပြောလာသည် " အဲ့ဒီလူရဲ့ ဖိနပ်ဆိုဒ်က ၄၂ မဟုတ်ရင် ၄၃လောက်ပဲ။ သူက ယောကျ်ားလေး ဖြစ်ရမယ်"


ကျင်းထျန်းယိက ကောင်ငယ်လေးကို ကြည့်ပေးနေသည်။


သူက ကလေးလန့်သွားမည်စိုး၍ တစ်ချက်မှ လာမကြည့်ချေ။ 


ချူဟွိုက်က အတွေးတို့နစ်သွားရသည်။


လူသတ်သမားက အခြားလူသတ်သမား တစ်ယောက်ကို သတ်သွား၍ လီရှင်းရန်ကို သတ်ခဲ့သည့်အမျိုးသမီးက သရဲမဟုတ်မှန်း ပိုသေချာသွားရသည်။


သေချာပေါက် သရဲက သူတို့အမျိုးကို သတ်ရန် မဖြစ်နိုင်ပေ။


သရဲက သူ့အဖွဲ့ဝင်ကို မမှတ်မိတာမျိုးရော ဖြစ်နိုင်လား။


သူတို့က သူတို့အမျိုးကိုလည်း သာမန်လူ တစ်ယောက်လို ဆက်ဆံပြီး သတ်လို့ရတာမျိုးလား။


ဒီအမျိုးသမီး အသတ်ခံလိုက်ရတာက အမှားတစ်ခုကြောင့်လား ဒါမှမဟုတ် သာမန်လူ ဖြစ်နေလို့လား။


ချူဟွိုက်က လက်က နာရီကို တစ်ချက်ကြည့်လိုက်သည်။


၈နာရီ မိနစ်၂၀ ရှိပြီ ဖြစ်သည်။


နောက်ထပ် သွေးနီလသာရန် မိနစ်၄၀သာ ကျန်တော့သည်။


လက်ရှိတွင် သာမန်လူဖြစ်စေ သရဲဖြစ်စေ လူသုံးယောက် သေသွားပြီ ဖြစ်သည်။


ဒါက သူတို့ဘက်မှာ ဖြစ်သွားတာဆိုတော့ တခြားဘက်မှာရော ဘယ်လို ဖြစ်နေပြီလဲ။ သူတို့နဲ့ အတူတူပဲလား။


"ရှင် ခုနက ဘတ်စ်ကားပေါ်က လူတွေကို ရေခဲ့သေးလား"


လော်မင်က တစ်ခဏမျှ စဥ်းစားနေပြီးမှ ပြုံးပြလာသည် " လေးငါးခြောက်ယောက် ခုနစ်ယောက် ရှစ်ယောက် ကိုယ်တို့ရော ပေါင်းမယ်ဆို ဆယ့်သုံးယောက်"


ချူဟွိုက်"....."


ချူဟွိုက်က ကျင်းထျန်းယိဆီ ပြန်သွားလိုက်ပြီး အခြေအနေကို အကျဥ်းချုပ် ပြောပြလိုက်သည်။


ကျင်းထျန်းယိက ရုတ်တရက် မေးခွန်းထုတ်လာသည်


 " ကျောင်းကျောင်း။ မိန်းမငယ်ငယ်လေး ယူထားတဲ့ အဖိုးကြီးတစ်ယောက်ကို ဘယ်လိုမြင်မိလဲ"


ချူဟွိုက်၏ မျက်လုံးအစုံ ပြူးကျယ်သွားပြီး တံတွေးသီးမတတ် ဖြစ်သွားရသည်။


သူက ကျင်းထျန်းယိ နောက်နေခြင်း ဖြစ်မည်ဟု တွေးမိသည်။ သို့သော်လည်း အချိန်အတော်ကြာ စောင့်ပြီးသည်ထိ ထိုလူ၏ မျက်နှာက အလေးအနက် စဥ်းစားနေသည့်ပုံ ပေါ်သည်


 " မဖြစ်နိုင်တာ..." ချူဟွိုက်က စကားရပ်သွားပြီးမှ တံတွေး အမြန်မြိုချလိုက်ရင်း " ရှင် အတည်ပြောနေတာလား"


ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည်။


ချူဟွိုက်က တွန့်ဆုတ်တွန့်ဆုတ် ပြောလာသည် " ရှင်က ၂၁နှစ်ပဲ ရှိသေးတာ မဟုတ်လား။ ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်း လာမေးနေတာလဲ" 


ကျင်းထျန်းယိက အသက်လိမ်ထားခြင်း ဆိုလျှင်ပင် သူ၏ ရုပ်ရည်ကို တစ်ချက်ကြည့်ရုံနှင့် အသက်လေးဆယ် ရှိနေလျှင်တောင် မည်သူမှ သူ့ကို အဖိုးကြီးဟု တွေးလိမ့်မည် မဟုတ်ပေ။


“သိချင်ရုံပါ"


ချူဟွိုက်က သူ့ရှေက လူကို အချိန်တစ်ခုစာ စိုက်ကြည့်နေမိသည်။ ကျင်းထျန်းယိက အနည်းငယ် အထိမခံဖြစ်နေသည့်ပုံပင်။


ချူဟွိုက်က မရဲတရဲ မေးလာသည် " ရှင် ပြောချင်တဲ့ အသက်က ဘယ်လောက်လောက်လဲ"


ကျင်းထျန်းယိ "ခြောက်ဆယ် ခုနစ်ဆယ်လောက်"


အမှန်တွင်ဖြင့် သူက ချူဟွိုက်ထက် အသက်တစ်ရာခန့် ပိုကြီးလေသည်။ သို့သော်လည်း သူက ဤသို့ စုံစမ်းရုံသာ တတ်နိုင်သည်။


ချူဟွိုက်က ကျင်းထျန်းယိ ပြောသွားသည့် အသက်ကို ကြားလိုက်စဥ် ကျင်းထျန်းယိက သူ့အသက်ကို ပြောနေခြင်း မဟုတ်လောက်ဟု ယူဆလိုက်မိသည်။



👻