🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]
Ch 162
မုဆိုးဖိုက အလုပ်လက်မဲ့ဖြစ်လာတယ် (၂)
ဝါးဆန်က သာမန်လူများအတွက် အလွန်အရသာရှိပေသည်။
အမတအရှင်နှစ်ဦး ထပ်ရောက်လာသည်ဟူသော သတင်းက မြို့အရှင်၏ အိမ်မှ အလျင်အမြန် ပြန့်နှံ့သွားလေသည်။ ထို့အပြင် သူတို့၏ ကျေးဇူးကြောင့် အမတအရှင်စွေ့က ဖီးနစ်ရရှိခြင်းဝါးပင်ကို အခြားသော သေမျိုးများအတွက်လည်း ချက်ပြုတ်လိုက်သည်။ အာရုံစိုက်အခံရဆုံးမှာ သူက ကျန်ရစ်သည်များကို စမ်းသပ်မှုလယ်ကွင်းများထဲ၌ လုပ်ဆောင်မှုကောင်းသည့် လယ်သမားများနှင့် ကြိုးစားကာ လေ့လာကြသော စိုက်ပျိုးရေး အမှုဆောင်များအား ပေးလိုက်သည်ဟူသည့် အချက်ပင်။
ဝါးပင်မှာ အခြေအားဖြင့်ဆိုလျှင်ပင် ဆယ်စုနှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ပွင့်ပြီး အမြဲလိုလို အစေ့မကျန်ခဲ့သည်ဖြစ်ရာ အလွန်ရှားသည်ဟု ယူဆ၍ ရပေသည်။ ထို့အပြင် ၎င်းက သာမန် ဝါးပင်လည်း မဟုတ်ချေ။ ၄င်းက အထက်တွင် ညွှန်းဆိုခဲ့သည့် နတ်ဘုရားသားရဲ၏ ချစ်ခင်ခြင်းခံရ၍ ဤအမည်ရရှိလာသော ဖီးနစ်ရရှိခြင်း ဝါးပင်ဖြစ်၏။
ထမင်းကို လယ်သမားများနှင့် အမှုဆောင်များထံသို့ အိုးကြီးတစ်အိုးနှင့် ပို့ပေးလိုက်သည်။ အဖုံးကို ဖွင့်လိုက်ပြီးနောက် သာမန်အစေ့ကြီး အနီရောင်ဝါးထမင်းနှင့် မတူသောအစိမ်းရောင် ထမင်းနှစ်စေ့က ပေါ်လာလေသည်။ ဤတစ်ခုမှာ လက်မောင်းတစ်ချောင်းနီးပါးခန့် ရှည်လျားပြီး ၄င်း၏ အရောင်မှာ ကျောက်စိမ်း၏ အစိမ်းရောင်နှင့် ဆင်တူပြီး လေထဲတွင် နှစ်လိုဖွယ်ကောင်းသည့် ရနံ့တစ်ခုက ပြည့်နှက်နေလေသည်။
၄င်းက သူတို့ထံသို့ သယ်ဆောင်လာပြီးနောက် အေးသွားပြီဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည်မှ ဖီးနစ်ရရှိခြင်း စပါးကို ယခင်က မစားဖူးရာ ထပ်မံ နွှေးလိုက်ပါက ဟင်းပွဲကို ပျက်စီးစေမည်ကို စိုးရိမ်၍ အအေးအတိုင်းစားရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းစွာဖြင့် ဖီးနစ်ရရှိခြင်း ဝါးထမင်းမှာ အေးနေသည့်တိုင် အရသာရှိပေသည်။ ၄င်းက နူးညံ့မှု၊ အနည်းငယ်စေးကပ်မှုနှင့် ချိုမြိန်သော အရသာကို ထိန်းထားနိုင်သည်။ သူတို့ကိုယ်တိုင်ကဲ့သို့ သာမန်လူများက ၄င်းကို စားပြီးနောက် လန်းဆန်းသွားသည်ဟုခံစားရကာ အေးစက်ပြီး သက်သောင့်သက်သာ ရှိသော အရှိန်အဝါက သူတို့၏ လည်ပင်းထဲမှ အစားအိမ်နှင့် အတွင်းပိုင်း အင်္ဂါများထံသို့ ပြန့်သွားသည်ကို ခံစားလိုက်ရသည်။
စားသုံးပြီးနောက် သူတို့က စိတ်ထင်၍လား မသိသော်သော်လည်း သူတို့၏ ခန္ဓာကိုယ်က ပို၍ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။
"ငါ တစ်ဘဝလုံး လယ်စိုက်လာတာပေမဲ့ ဒီလောက်အရသာရှိတဲ့ ထမင်းမျိုး တစ်ခါမှ မစားဖူးဘူး..."
လယ်သမားတစ်ယောက်က သူ့ပန်းကန်က ကုန်သွားသည့်အခါ ထုတ်မပြောဘဲ မနေနိုင်ချေ။ ၄င်းမှာ အမတတစ်ယောက်က သေမျိုးလောကသို့ ယူဆောင်လာသည့် ပစ္စည်းတစ်ခုဟု ကျော်ကြားရန် ထိုက်တန်ပေသည်။ ဆန်စေ့တစ်စေ့ကပင် အလွန်ကြီးမားလှရာ လူများစွာကို ကျွေးမွေးနိုင်ပေသည်။
"ဒါပေါ့... ဘယ်စားဖူးပါ့မလဲ..."
အခြားတစ်ယောက်က သူ့ကို ပြန်ဖြေလိုက်သည်။
"ဖီးနစ်ရရှိခြင်း ဝါးက ဒီလောက်ကို လက်ရာမြောက်လှပတဲ့ သီးနှံလေ..."
သူတို့က မကြာမီပင် စားသောက် ပြီးစီးသွားလေသည်။ နောက်တစ်ရက်တွင် ပျော်ရွှင်မှုတစ်ထောင်မြို့တော်အတွင်းရှိ လူတိုင်းက သတင်းကြားပြီး ဖြစ်သည်။ ၄င်းကို စားလိုက်ရသည့် လူများအပေါ် သူတို့၏ မနာလိုမှုက အလွန်ပြင်ထန်ကာ သူတို့၏ မျက်လုံးများသည်ပင် နီရဲလုနီးနီး ဖြစ်နေပေသည်။
ရှေးအခါက သေမျိုးတစ်ဦးမှာ အံ့အားသင့်ဖွယ် ဉာဏ်ကောင်းမှုကို ပြသလျှင် ကျင့်ကြံသူတစ်ဦး၏ ဆုလာဒ်ပေးခြင်းကို ခံရပေသည်။ သို့သော် အမတအရှင်စွေ့က သေမျိုးတစ်ဦးကို လယ်ကောင်းကောင်းစိုက်လျှင် ဆုချပေသည်။ ၄င်းက သာမန်ဆုတစ်ခုသာမဟုတ်ဘဲ ဖီးနစ်ရရှိခြင်း စပါးပင်ဖြစ်၏။ ၄င်းကို စားလိုက်သူများက အသက်၁၀နှစ်ပိုငယ်သွားကာ ဆံပင်ဖြူများ အနက်သို့ပြန်ပြောင်းသွားသည်ဟု ဆိုကြပေသည်။
ပျော်ရွှင်မှုတစ်ထောင်မြို့တော်အတွင်းရှိ လယ်သမားများက အမတအရှင်များ ယူဆောင်လာသည့် နည်းပညာအသစ်များအပေါ် စိတ်အားထက်သန်မှု ရှိထားပြီး ဖြစ်သော်လည်း ဤနောက်ပိုင်းတွင် ၄င်းက အထွတ်အထိပ်သို့ ရောက်သွားလေသည်။
ယခုက ဆောင်းတွင်းရောက်လာပြီဖြစ်ရာ မှန်လုံအိမ်ရှိခြင်း၏ အကျိုးကျေးဇူးများက ပို၍ သိသာလာပေသည်။
အမတအရှင်စွေ့က သူတို့ကို အဆောက်အအုံဝန်းကျင်တွင် ပတ်ရန် ညွှန်ကြားထားသည့် လေအကာအရံတစ်ခုနှင့် မှန်လုံအိမ်၏ အပူချိန်ကို တိုးလာစေရန် အပေါ်တွင် တင်ထားသော ကောက်ရိုးဖျာတစ်ခုကြောင့် ဝါးလွှာမှ ထုတ်လွှတ်ပေးသည့် အလင်းက အတန်ပင် မြင့်ပေသည်။ အတွင်းပိုင်း အပူချိန်ကို အမှန်တကယ်တိုင်းတာရန်က အမတအရှင်စွေ့အတွက် ခက်ခဲရာ သူတို့သိသည်မှာ အထူးသဖြင့် နေ့ခင်းအလင်းရောင် လုံလုံလောက်လောက်ရသည့် အချိန်များတွင် အတွင်းပိုင်း အပူချိန်မှာ အပြင်ပိုင်းအပူချိန်ထက် များစွာ ပိုမြင့်သည်ဟုသာ ဖြစ်သည်။
သူတို့က မှန်လုံအိမ်ကို ဘာမှ မစဉ်းစားဘဲ ဆောက်လုပ်၍မရပေ။ ၄င်း၌ သင့်တင့်သော လေဝင်လေထွက် ရှိရပေမည်။ မသင့်လျော်သော ကိုင်တွယ်မှုက အထူးသဖြင့် ဆောင်းတွင်းအချိန်များ၌ အပင်စိုက်ရာတွင် လူအများ ကြုံတွေ့နေရသည့်ပြဿနာများစွာကို ထပ်တိုးလာစေခြင်းသာ ဖြစ်ပေမည်။ မှန်မှန်ကန်ကန် မကိုင်တွယ်ပါက မှန်လုံအိမ်အတွင်းမှ သီးနှံများ ရောဂါဖြစ်လာရန်မှာ လွယ်ကူပေသည်။
ထို့အပြင် မှန်လုံအိမ်ကို အချိန်ကြာမြင့်စွာ ဖုံးအုပ်ထားလျှင် မိုးရေက သီးနှံများကို အစိုဓာတ်မပေးနိုင်ဘဲ မြေဆီလွှာထဲမှ ဆားဓာတ်က အန္တရာယ်ရှိသည့် ပမာဏအထိ စုပုံလာပေမည်။ ၄င်းတို့ ဆားဓာတ် လွန်ကဲခြင်းမှ ရှောင်နိုင်ရန်အတွက် မြေဩဇာပမာဏကို ထိန်းချုပ်ရန် လိုပေသည်။
ထိုပြဿနာများ အားလုံး ရှိနေလျှင်ပင် အမတအရှင်စွေ့က ၄င်း အဘယ့်ကြောင့် ဖြစ်လာသည်မှ ၄င်းကို မည်သို့ကာကွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်အထိ အခြေအနေကို ရှင်းလင်းသော စကားရပ်ဖြင့် ရှင်းပြကာ လူတိုင်းအတွက် အကျိုးရှိသော ဖြေရှင်းချက်များကို တစ်ယောက်ချင်း ထောက်ပံ့ပေး၏။
ဖေးကွမ်းကမူ ပြန်လည်အားဖြည့်ရန်အတွက် အချိန်တစ်ခုကြာသည်အထိ ပျော်ရွှင်မှုတစ်ထောင်မြို့တော်တွင် နေခဲ့သည်။ ဘိုးဘေးရှစ်ရှု့က သူ့စိတ်ဝိညာဉ်အမြစ်များကို အသစ်ပြန်လည် ပြုလုပ်ပေးသည်။ ဤကာလအတွင်း သူက ခွေးစာများ နင်သည်အထိ စားရန် တွန်းအားပေးခံလိုက်ရပြီး သူ့ဆရာကဲ့သို့ အမတထန်ဝေ့နှင့် သူ့တပည့်တို့ကို အတူတကွ တွေ့လိုက်သည့် အချိန်တိုင်းတွင် အလိုလို စိတ်လွင့်စပြုလာသည်အထိ ဖြစ်လာပေသည်။
တစ်ကြိမ်က ဖေးကွမ်းမှာ သည်းမခံနိုင်ဘဲ အမတထန်ဝေ့အဝေးသို့ ရောက်နေစဉ်တွင် စွေ့ချီချောင်းကို တိတ်တဆိတ်မေးလိုက်သည်။ သူက စွေ့ချီချောင်းကို ညီအစ်ကိုတစ်ယောက်သဖွယ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်၍ များသောအားဖြင့် အမြဲလိုလို တည်ငြိမ်နေတတ်သည့် စွေ့ချီချောင်းမှာ အခြားသူများရှေ့တွင် သူ့၏ ဘိုးဘေးရှစ်ရှု့နှင့် ချစ်ကြည်နူးဟန် ပြုမူနိုင်သည်ကို သိလိုပေသည်။
"မင်းထင်သလို မဟုတ်ပါဘူး..."
စွေ့ချီချောင်းက ဆိုလိုက်သည်။
"......"
ဖေးကွမ်းက စွေ့ချီချောင်းကို ဦးနှောက်ခြောက်နေဟန်ဖြင့် ကြည့်လိုက်သည်။
ငါ ထင်နေသလို မဟုတ်ဘူးလား... အဲ့ဒါဆို ဘာဖြစ်မှာလဲ... ဘိုးဘေးရှစ်ရှု့က စွေ့ချီချောင်းကို ဖိအားပေးထားတာလား... အဲ့ဒါဖြစ်နိုင်တယ်... တစ်ချက်ကြည့်လိုက်တာနဲ့တင် ဘိုးဘေးရှစ်ရှု့က သူ တစ်ခုခုအမှား လုပ်ထားလို့ အပြစ်ရှိတယ်လို့ ခံစားရပြီး သူ့အမှားတွေအတွက် ပြန်ပြင်ဖို့ ကြိုးစားနေသလိုမျိုး သူ့ရဲ့ကို တုန်နေအောင် ချစ်ပြနေတာ မြင်နေရတယ်...
စွေ့ချီချောင်းက ဖေးကွမ်း၏ မျက်လုံးများထဲမှ အကြည့်ကို မြင်ပြီး သူက သူ့စကားများကို ထပ်မံ၍ နားလည်မှုလွဲနေပြီဆိုသည်ကို သိလိုက်သည်။ သူက တိတ်တဆိတ် သက်မချလိုက်သည်။
ကျင့်ကြံခြင်းလောကက လူတွေက ဘာလို့ A/B/Oလောကက လူတွေနဲ့ အတူတူပဲ ဖြစ်နေတာလဲ... သူတို့အတွေးတွေက ဘာလို့ အမြဲတမ်း မသန့်ရှင်းနေတာလဲ... LJJရဲ့ ဇာတ်ကောင်တွေကို သရုပ်ဖော်တာက အမြဲတမ်း ဒီလိုမျိုးဖြစ်နေတာလား...
......
ဂိုဏ်းချုပ်ယန်က ဖေးကွမ်းအား ဤနေရာတွင် နာလန်ထူရန် ပို့ခဲ့ပြီး ထားခဲ့ပေသည်။ သူမပြန်လာသည့်အချိန်တွင် သူက အပြည့်အဝ ပြန်ကောင်းလု ဖြစ်နေလေပြီ။ ဖေးကွမ်းက သူ့ဆရာက သူ့အား ကိုယ်တိုင် ပြန်လာခေါ်သည်ဟု ထင် နေသော်လည်း ဂိုဏ်းချုပ်ယန်မှာ ပိုအရေးကြီးသည့် ကိစ္စတစ်ခုလုပ်ရန် ရှိနေပေသည်။
"ရှစ်ရှု့..."
ဂိုဏ်းချုပ်ယန်က အမတထန်ဝေ့ကို တွေ့သောအခါ သတိတကြီးဆိုလိုက်သည်။
" ဒီကိစ္စကို ရှစ်ရှု့ကိုယ်တိုင် ကိုင်တွယ်ဖို့ လိုမယ်ထင်တယ်... ကျွန်မတို့ရဲ့ နယ်မြေတွေက ဆုံးရှုံးမှုတွေ ကြုံခဲ့ရပြီးပြီဆိုတော့ စေ့စပ်ညှိနှိုင်းရေး ခေါင်းစဉ်ကို ထူထောင်ဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ နတ်ဆိုးနယ်မြေက ပိုပြီး အထိအခိုက် များနေတာတောင်မှ သူတို့က ရန်လိုနေကြသေးတယ်..."
"ကျွန်မက နယ်မြေတွေကြားမှာ လူသားတွေနဲ့ နတ်ဆိုးတွေကို ထပ်ပြီးခြားထားဖို့ အတားအဆီးနောက်တစ်ခု ဆောက်သင့်ရဲ့လားဆိုတာကို တာအိုမိတ်ဆွေတချို့နဲ့ လေ့လာနေတာ... အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်မတို့က စာတိုပို့ဖို့ ကြိုးစားနေတာ... ဒီနည်းစနစ်သာ အလုပ်ဖြစ်မယ်ဆိုရင် ကျွန်မတို့က နတ်ဆိုးတွေရဲ့ ပူးပေါင်းမှုကို လိုမယ်ထင်တယ်... နတ်ဆိုးမျိုးနွယ်ကြီးတွေ အများကြီးကို စုစည်းပြီး သူတို့နဲ့စကားပြောရတာ ရှစ်ရှု့ဖြစ်နေသရွေ့ အဲ့ကိစ္စက ဆွေးနွေးလို့ရတယ်ဆိုပြီး ကျွန်မတို့ကို ပြန်အကြောင်းကြားလာတယ်..."
"ငါနဲ့လား..."
အမတထန်ဝေ့က သူမပြောသည်ကို နားထောင်ပြီး နတ်ဆိုးများက အတန်ပင် ယုံရခက်သည်ဟု ခံစားလိုက်ရသည်။
"သူတို့က ဘာအကြောင်း ပြောချင်တာလဲ..."
"ကျွန်မတို့ထင်တာတော့ သူတို့က ရှစ်ရှု့ဖမ်းထားတဲ့ နတ်ဆိုးတွေကို လွတ်ပေးဖို့ ညှိနှိုင်းချင်နေတယ် ထင်တာပဲ..."
ဂိုဏ်းချုပ်ယန်က ဆိုလိုက်သည်။
" ဒီတပည့်ထင်တာကတော့ ရှစ်ရှု့က ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တော့ ရှစ်ရှု့ရဲ့ အဆင့်နဲ့ နတ်ဆိုးတွေ အကုန်လုံးက တံခါးပိတ်ကျင့်နေကြပြီနေမယ်... သူတို့ကို တစ်ချက်တည်း တိုက်တာနဲ့တင် လွတ်လာနိုင်ပါတယ်... ဒါပေမဲ့ ရှစ်ရှု့ သူတို့နဲ့ သဘောတူညီမှု ယူနိုင်ရင် နယ်နိမိတ်ကို ပိတ်ချပြီး စစ်ပြေငြိမ်းလိုက်တာက အောင်နိုင်မှုကြီးတစ်ခု ဖြစ်မယ်ထင်တယ်..."
သူမ၏ စကားများက အလွန်တည့်တိုးဆန်ပြီး ရိုးသားသော်လည်း အမတထန်ဝေ့က သူမပြောသည်ကို ကြားပြီးနောက် ၄င်းကို အရေးမကြီးသည့်အမူအရာတစ်ခု ဆင်မြန်းထားလေသည်။
ထို့နောက် သူက စွေ့ချီချောင်းကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
ဂိုဏ်းချုပ်ယန်က ကြောင်အသွားပြီးနောက် တုံ့ဆိုင်းစွာဖြင့်မေးလိုက်လေသည်။
"အဲ့ဒါဆို... ရှစ်တိကရော ဘာလုပ်သင့်တယ်လို့ ထင်တဲ့..."
အမတထန်ဝေ့က 'ဟွန့်'ဟု အသံပြုကာ ဆိုလိုက်သည်။
"သူ့ကို ဘာလို့ သွားမေးနေတာလဲ... သူက ဒီကိစ္စအပေါ်မှာ ဆုံးဖြတ်ချက် ချနိုင်တာလည်း မဟုတ်ဘဲနဲ့..."
ဂိုဏ်းချုပ်ယန် - "..."
အဲ့...အဲ့ဒါဆိုရင်လည်း စွေ့ရှစ်တိကို သွားကြည့်မနေနဲ့လေ....
စွေ့ချီချောင်းသည်လည်း ၄င်းမှာ အသေးအဖွဲကိစ္စလေးတစ်ခုဟု ထင်ပေသည်။ စစ်ပွဲရပ်သည်ဖြစ်စေ မရပ်သည်ဖြစ်စေ သဘာဝပတ်ဝန်းကျင်က သက်ရောက်မှု ရှိနေပြီး ဖြစ်ကာ သူက မျိုးစေ့များ ဆက်လက်သိုလှောင်ထားရန် လိုအပ်နေဆဲ ဖြစ်သည်။ ရှောင်ပိုင်၏ ကျင့်ကြံဆင့်က အလွန်မြင့်ရာ သူ နတ်ဆိုးများနှင့် သွားဆွေးနွေးလျှင်ပင် အဆိုးဆုံးဖြစ်နိုင်ခြေမှာ ရှောင်ပိုင်က သဘောတူညီချက်တစ်ခု မရလာနိုင်မည်သာဖြစ်သည်။
"အမတအရှင်... အဲဒီကို ခရီးတိုတစ်ခု ထွက်ကြည့်ရင်ရော..."
စွေ့ချီချောင်းက အကြံပေးလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်မလိုက်ပါဘူး... ကျွန်တော်က အတန်းကို မှန်လုံအိမ်အကြောင်း သင်မပြီးသေးဘူး... ပြီးတော့ သူတို့ကို မှန်လုံအိမ်ကို လေကာအောင် ထိန်းသိမ်းဖို့ သင်ပေးဖို့ ကြိုးစားနေတုန်းရှိသေးတာ... အဲ့ဒါမှ ရေရှည်ဆိုရင် အဆိပ်ရှိတဲ့ မြက်တွေ ထွက်မလာမှာ..."
အမတထန်ဝေ့က ချက်ချင်း ပြန်ပြောလိုက်သည်။
"ငါကရော မင်းကို လိုက်ခဲ့စေချင်တယ်လို့ ပြောမိလို့လား..."
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်ယန်သည်လည်း စကားဆိုလိုက်သည်။
"အဲ့တော့ ရှစ်ရှု့က သွားချင်တယ်လို့ ဆိုလိုတာပေါ့... ဟုတ်လား..."
စွေ့ချီချောင်း - "..."
အမတထန်ဝေ့ - "...."
အမတထန်ဝေ့ - "ကောင်းပြီလေ... အဲ့လိုပဲ ဆိုပါတော့..."
......
ဤသို့ဖြင့် အမတထန်ဝေ့က ညှိနှိုင်းဆွေးနွေးမှုအတွက် သဘောတူထားသည့် တွေ့ဆုံရန်နေရာသို့ ခရီးသွားနေစဉ်တွင် စွေ့ချီချောင်းက ပျော်ရွှင်မှုတစ်ထောင်မြို့တော်တွင် နေခဲ့ကာ လယ်သမားများထံသို့ မှန်လုံအိမ်၏ အသုံးပြုပုံကို ဆက်လက် တိုးမြှင့်နေခဲ့သည်။
စွေ့ချီချောင်းတွင် များစွာသော အိတ်ဆောင်အရွယ် လှိုဏ်ဂူများ ရှိနေရာ နေ့တိုင်း တစ်ခုကို ပြုလုပ်မည့်အစား စစ်ဆေးမှုပြုလုပ်ရန်အတွက် ရက်အနည်းတွင် တစ်ခုစီ ဝင်ရောက်ရန်သာတတ်နိုင်ပေသည်။ အမတထန်ဝေ့ ထွက်သွားပြီးနောက် ၅ရက်ခန့်အကြာတွင် သူ့နေရာ၌ ဆောင်းရာသီ ရောက်လာလေသည်။ ငတ်မွတ်ခြင်းက နေရာအနှံ့သို့ တဖြည်းဖြည်း ပျံ့နှံ့လာရာ စွေ့ချီချောင်းက အစေ့များကို ထုတ်လုပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ပြဿနာကြီးတစ်ခု ဖြစ်လာလေသည်။ စွေ့ချီချောင်းက သူမည်သို့လုပ်သည်ဖြစ်စေ အိတ်ဆောင်အရွယ် လှိုဏ်ဂူများအတွင်းသို့ ဝင်မရသည်ကို တွေ့လိုက်ရလေသည်။ အစပိုင်းတွင် အမတထန်ဝေ့ပြုလုပ်ခဲ့သော သော့မှာ သက်တမ်းကုန်သွားခြင်း ဖြစ်မည် သို့မဟုတ်ပါက အိတ်ဆောင်အရွယ်လှိုဏ်ဂူများက အခြားပြဿနာများ ကြုံနေရခြင်းဖြစ်ရမည်ဟု ထင်ကာ သူက များစွာမတွေးခဲ့ချေ။
ညနေပိုင်း စွေ့ချီချောင်းက အပြင်၌ ညစာစားနေချိန်၌ အဘယ့်ကြောင့် ထိုသို့ဖြစ်နေသည်ကို သူသိရှိသွားလေသည်။ သူစားပြီးပြီးချင်းမှာပင် ဖေးကွမ်းက သူ့ဆီသို့ တုန်ယင်နေသော မျက်နှာဖြင့်လာရောက်ကာ သူနှင့် မျက်လုံးချင်း မဆုံနိုင်ဘဲ ဖြစ်နေလေ၏။
စွေ့ချီချောင်းက တစ်စုံတစ်ခုက မူမှန်သည်ကို အာရုံခံမိကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ဖေးကွမ်းက တံတွေးသည်းကာ ဆိုလိုက်သည်။
" ဘိုးဘေးရှစ်ရှု့... ဘိုးဘေးရှစ်ရှု့ ကျဆုံးသွားပြီး သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ပျောက်ကွယ်သွားပြီ..."
အမတထန်ဝေ့က နယ်မြေနှစ်ခုကြားမှ ဖရိုဖရဲ အတွင်းသို့ ဝင်သွားချိန်မှစ၍ သူတို့က သူ့ထံမှ ဘာသတင်းမှ မကြားခဲ့ပေ။ သို့သော် ထိုနေရာသို့ မည်သူကမှ အသံအစီအရင်တစ်ခု မပို့နိုင်ရာ ဂိုဏ်းက အာရုံမထားခဲ့မိချေ။ မည်သို့ပင်ဆိုစေ ကျင့်ကြံသူများအတွက်မူ ၅ရက်ဆိုသည်မှာ အချိန်တိုတိုလေးသာဖြစ်သည်။
သို့သော် ပြီးခဲ့သည့် တစ်နာရီခန့်က ယွီလင်းဂိုဏ်း၏ ဆွေစဉ် မျိုးဆက်ပြကားချပ်ပေါ်တွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်သွား၏။ ဘိုးဘေးရှစ်ရှု့၏ အမည်က ပေါ်လာပြီး အဖြူရောင်အလင်းဖြင့် တောက်ပနေကာ ထိုကျင့်ကြံသူ၏ ကျဆုံးမှုကို ကိုယ်စားပြုနေပြီး သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်ကို ငြှိမ်းသက်သွားသည်။
ခန်းမ၏ နောက်ဘက်မှ ခေါင်းလောင်းကြီးက မည်သူမှ မတီးဘဲ သုံးကြိမ်တိုင်တိုင် မြည်လာပြီး ဂိုဏ်းမှ တပည့်များအားလုံးကို ကောင်းကင်ဘုံ ရှာဖွေရေးအဆင့်အထက်ရှိ ကျင့်ကြံသူတစ်ဦးက ကျဆုံးသွားသည်ကို အသိပေးလိုက်သည်။
၄င်းမှာ မယုံနိုင်ဖွယ်ပင်ဖြစ်သော်လည်း တံခါးပိတ် ကျင့်ကြံမှုမှ ထွက်လာနိုင်သည့် ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ဂိုဏ်း၏ ကျင့်ကြံသူများကို မည်သို့ နားပူနားဆာလုပ်နိုင်သကဲ့သို့ မဖြစ်နိုင်သည့်အရာက အမှန်တရားဖြစ်လာပေသည်။
အဆင့်မြင့်ကျင့်ကြံသူတစ်ဦးမှာ အဆင့်နိမ့်ကျင့်ကြံသူ ရာချီနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့ဖြစ်ရာ သူတို့က အမတ ထန်ဝေ့ နတ်ဆိုးနယ်မြေသို့ သွားရောက်ကာ တိုက်ခိုက်လျှင်ပင် ထွက်မလာနိုင်သည်မှာ မဖြစ်နိုင်ဟု ထင်ထားပေသည်။ အများဆုံးအနေဖြင့် သူက နယ်မြေနှစ်ခုကြားမှ နယ်နိမိတ်ကို စောင့်ကြည့်ရသည့်အချိန်ကကဲ့သို့ မောပန်းမည်ဟုသာ ထင်ခဲ့သည်။
အမတထန်ဝေ့ ကျဆုံးပြီးမကြာမီတွင် နတ်ဆိုးများက တိုက်ခိုက်မှုတစ်ခုပြုလုပ်လာ၍ ဂိုဏ်းချုပ်ယန်ကို ပူဆွေးရန်ပင် အချိန်မပေးချေ။ သူမနှလုံးသားထဲတွင် အမုန်းတရားနှင့် လိပ်ပြာမလုံခြင်းတို့ဖြင့်ပြည့်နေပြီး ယ ဖေးကွမ်းအား စွေ့ချီချောင်းထံသို့ သတင်းပေးပို့ရန်သာ လွှတ်လိုက်နိုင်ပေသည်။
စွေ့ချီချောင်းမှာ ၄င်းက စိတ်ကူးရန်ပင် မဖြစ်နိုင်သည့် အရာကဲ့သို့ ကြောင်ငေးနေသော သွင်ပြင်တစ်ခုကို မျက်နှာထက်တွင် ဆင်မြန်းထားပေသည်။ ဖေးကွမ်းက ဤသတင်းကို ကြားသော လူတိုင်းကဲ့သို့ပင် တွေးမိပေသည်။ ၄င်းမှာ အထူးသဖြင့် နတ်ဆိုး နယ်မြေတွင် ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသည်ကို မယုံနိုင်ခြင်းဖြစ်သည်။
"ကျဆုံးတယ် ဟုတ်လား... သူက ဘယ်လိုလုပ်ပြီး ကျဆုံးနိုင်မှာလဲ..."
စွေ့ချီချောင်းက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ထိုင်ခုံပေါ်တွင် ဆက်ထိုင်နေလိုက်သည်။
သို့သော် ၄င်းက သူက အဘယ့်ကြောင့် အိတ်ဆောင်အရွယ် လှိုဏ်ဂူများအတွင်း ထပ်၍ ဝင်မရသည်ကို ရှင်းပြပေးနိုင်၏။ သီအိုရီအရဆိုလျှင် ထိုအိတ်ဆောင်အရွယ် လှိုဏ်ဂူများက အမတထန်ဝေ့၏ ပိုင်ဆိုင်မှုများဖြစ်ကာ သူ့စွမ်းအင်ဖြင့် တံဆိပ်ကပ်ထားခြင်းပင်။ စွေ့ချီချောင်းမှာ ၄င်းတို့ထဲသို့ ဝင်ရောက်ရန် သူ့၏ နတ်ဘုရားအသိဉာဏ်အနည်းငယ်ကို ငှားယူခြင်းသာဖြစ်၍ ယခုတွင် သူကျဆုံးသွားပြီး သူ့စိတ်ဝိညာဉ် စွမ်းအင်က ပျောက်ဆုံးသွားသည့်အခါ သူ့၏ နတ်ဘုရားအသိဉာဏ်က ဝင်ရောက်ရန်သော့ ဆက်မဖြစ်နိုင်သည်မှာ အဓိပ္ပာယ်ရှိပေသည်။
တံခါးများမှာ တစ်စုံတစ်ယောက်က လာရောက်ပြီး အမတ ထန်ဝေ့၏ တံဆိပ်ကို ဖျက်ပေးသည်အထိ သော့ပိတ်နေပေမည်။ သူ့ကျင့်ကြံခြင်းက အလွန်မြင့်ခဲ့သည်ဖြစ်ရာ ၄င်းကို ကျော်လွှားရန်အတွက် သူက နှစ်ပေါင်း ဆယ်ချီ၊ ရာချီ ကျင့်ကြံရမည်ကို စွေ့ချီချောင်း ကြောက်ရွံ့မိပေသည်။
စွေ့ချီချောင်းက အတန်ကြာသည်အထိ တစ်ကိုယ်တည်း တွေးတောနေလေသည်။
အိတ်ဆောင်အရွယ်လှိုဏ်ဂူတွေထဲမှာ တိရိစ္ဆာန်တွေ၊ သီးနှံတွေနဲ့ နတ်ဆိုးတွေ အများကြီးပဲလေ... ကံကောင်းတာက သူတို့ထဲက အများစုက အစားရှောင်နေကြပြီး အစားမရှောင်တဲ့ လူတွေဆိုရင်တောင် စားစရာ ရှိနေတော့ ငတ်ပြီး သေမှာတော့ မဟုတ်လောက်ဘူး...
မြူနှင်းဝေလငါးလေးတစ်ကောင်က ကူးခတ်လာပြီး စွေ့ချီချောင်း၏ မျက်နှာပေါ်သို့ ၄င်း၏ မျက်နှာလေးဖြင့် ငြင်သာစွာလာကပ်လေသည်။ သူက အမတထန်ဝေ့ သေဆုံးသွားသည်ကို အာရုံခံမိပုံရ၏။
ဖေးကွမ်းက စွေ့ချီချောင်းကို လှုပ်ယမ်းကာ သူ့မျက်လုံးများက မျက်ရည်များ ပြည့်နေလေသည်။
"ကျွန်တော် တောင်းပန်ပါတယ်... အဲဒါက အဲ့ရွံစရာကောင်းတဲ့ နတ်ဆိုးတွေကြောင့်ပဲ..."
စွေ့ချီချောင်းက သူ့အတွေးများကို စတင် ရှင်းလင်းလိုက်သည်။
အဲ့ဒါက တကယ်ပဲ နတ်ဆိုးတွေကြောင့်လား... ဒါမှမဟုတ် LJJက ရှောင်ပိုင်အပေါ်မှာ အပြစ်ပေးနေတာများလား...
.....
LJJ :
[ငါအံ့ဩသွားတယ်... ဇာတ်ကွက်က ဘာလဲ... အလှည့်အပြောင်းတွေ အများကြီးပဲဟ....]
[ဟေ့ကောင်တွေ... ငါ့ကို စောင့်ကြဦး... ငါ ဗျောက်ဖောက်သံတွေ ရှာဖို့ သွားလိုက်ဦးမယ်...]
[ဒါ အဓိပ္ပာယ် မရှိဘူး... ထန်ဝေ့က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ... နတ်ဆိုးတွေက ထာဝရဖြစ်တည်မှု ကျင့်ကြံသူတစ်ယောက်ကို ဖွက်ထားပြီး ထန်ဝေ့နဲ့ အသေချခိုင်းလိုက်တာလား... ဒီကိစ္စကြီးက အရမ်းကို ရုတ်တရက်ကြီး ဖြစ်သွားတာ... အနည်းဆုံး သူတို့လုပ်နိုင်တာက ငါ့ကို ဥနီလေးတွေ ဥနိုင်ဖို့ အချိန်ပေးတာပဲ...]
[ဒါကို စိတ်ဓာတ်ကျစရာကောင်းတယ်လို့ ငါဘာလို့ ထင်နေတာပါလိမ့်... ငါ့စွေ့ရဲ့ မျက်နှာလေးကို ကြည့်ပါဦး... သူ့ ကြည့်ရတာ နည်းနည်းလေး နုံးနေသလိုပဲ...]
[သူသေသွားတာ ကောင်းတယ်... သူက နှစ်မိနစ်နဲ့ ဆယ်စက္ကန့်ပဲ ကြာနိုင်တာ... စွေ့ချီချောင်းက ဘာလို့ သူ့ကို လိုချင်မှာလဲ...]
[ဝမ်းမနည်းပါနဲ့ ဘောစ့်စွေ့ရဲ့... အဲ့လိုမှမဟုတ်ရင် ငါက အောင်ပွဲမခံနိုင်ဘူး... နင် အမတထန်ဝေ့ကို တွေ့တာ ဘယ်လောက်ကြာသေးလို့လဲ... သူ့ကို မေ့လိုက်စမ်းပါ...]
[ဒူးထောက်နေတဲ့ အီမိုဂျီ* စွေ့ချီချောင်းကို မရယ်ပါနဲ့... သခင်ကြီးစွေ့ရဲ့ အမူအရာမြင်ပြီး ငါ့မှာ မရယ်နိုင်တော့ဘူး... အဲ့အခန်း ကြည့်ရတာ နည်းနည်းတော့ နှလုံးအောင့်စရာကောင်းတယ်... တကယ်တော့ သခင်ကြီးစွေ့က ခံစားချက်အရမ်းကြီး မကောင်းဘူးဖြစ်ရမယ်... သူ့အတွက် မချစ်မိဖို့က ခက်လောက်မှာပေါ့... သူရဲ့လက်တွဲဖော်က ရုတ်တရက်ကြီး သေသွားမယ်လို့ ဘယ်သူက သိမှာလဲ...]
[မဟုတ်သေးဘူး... မင်းတို့က အဓိကအချက်ကို အာရုံစိုက်မနေကြဘူး... ငါအခု အရမ်းကို စိတ်မအေးဖြစ်နေပြီ... ငါ ထန်ဝေ့ သေတာကိုတော့ မမြင်ဘူး... ဒါပေမဲ့ ဘော့စ်စွေ့က သူ့ရဲ့ အိတ်ဆောင်အရွယ်လှိုဏ်ဂူတွေထဲကို ထပ်ပြီး သွားလို့မရတော့ဘူး... ဟုတ်တယ်မလား... သူ့ရဲ့ လယ်ကွင်းတွေရော၊ ဂျုံတွေရော၊ မြေကျွန်တွေရော မရှိတော့ဘူးလေ...]
[ဟုတ်တယ်... အမှန်ပဲ... ထန်ဝေ့သေသွားတယ်လို့ ငါကြားတုန်းက ငါ့မှာ စိတ်လွတ်အောင်ကို အပျော်လွန်သွားတာ... ဒါပေမဲ့ နင်ပြောတာ တကယ်ကို မှန်တယ်... အခု ငါ ရယ်ချင်စိတ်တောင် မရှိတော့ဘူး... ရယ်ချင်စိတ်တောင် မရှိတော့ဘူးလို့...]
[သူက အလုပ်ပြုတ်သွားတဲ့ မုဆိုးဖိုပဲ... ပြီးတော့ သူ့လယ်ကွင်းတွေကို ဆုံးရှုံးသွားတဲ့ လယ်သမားနတ်ဘုရားတစ်ယောက်ပဲ... သနားစရာကောင်းလိုက်တာနော်...]
🌳🌳🌳