Chapter 164
Viewers 12k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 164

သမိုင်းတွင်အမြန်ဆုံး နွေဦး (၂)



ဂိုဏ်းချုပ်ယန်က လျှောက်သွားကာ အဓိကကျင့်ကြံရေး ဂိုဏ်းများဖြင့် ကိစ္စနှစ်ခုကို ဆွေးနွေးလိုက်သည်။ တစ်ခုမှာ ကပ်ဘေးကို ဖြေဖျောက်ရန်အတွက် ဖီးနစ်ရရှိခြင်း ဝါးပင်စိုက်ပျိုးရန်နှင့် အခြားတစ်ခုမှာ နတ်ဆိုးနယ်မြေ၏ ဂေဟစနစ်ကို တိုက်ခိုက်ရန် ဖြစ်နိုင်သည်လား ဆိုသည်ပင်။ 


ဂိုဏ်းချုပ်ယန်က ၄င်းကို တွေးကြည့်လိုက်သော်လည်း နောက်ဆုံးတွင် စွေ့ချီချောင်းမှာ ထိုစိတ်ဝိညာဉ်လက်နက်များ၏ တီထွင်သူဖြစ်သည်ကို အခြားသူများအား ထုတ်မပြောခဲ့ပေ။ 


ကံကောင်းစွာဖြင့် ကျင့်ကြံသူများ အားလုံးမှာ ပထမကိစ္စကို သဘောတူရန်အတွက် အတန်ပင် တုံ့ဆိုင်းနေကြသည်။ အချို့သော ဂိုဏ်းများက သူတို့ကိုယ်တိုင်စားသောက်ရန်အတွက် ဖီးနစ်ရရှိခြင်း ဝါးပင်ကို ဂိုဏ်းထဲတွင် သိမ်းထားကြရာ ယွီလင်းဂိုဏ်းမှာ ထိုဂိုဏ်းများသို့ မျိုးစေ့များပင် ထောက်ပံ့ပေးရန် မလိုချေ။ 


ဒုတိယကိစ္စအတွက်မူ ဂိုဏ်းချုပ်ယန်က မည်သူက အဆိုပြုသည်အား ထုတ်မပြောခဲ့ပေ။ ကျင့်ကြံသူများက အံ့ဩတကြီး ဖြစ်နေကာ ဤအစီအစဉ်ကို လိုက်မလုပ်မီတွင် အစီအစဉ်၏ ဖြစ်နိုင်ချေကို ဂရုတစိုက် ဆွေးနွေးရမည်ဟု ခံစားရပေသည်။ ဤကိစ္စမှာ ဖီးနစ်ရရှိခြင်း ဝါးပင်စိုက်ပျိုးသည်ထက်ပင် ပို၍ အရေးပါလေသည်။ 


အဓိကဂိုဏ်းများအားလုံးမှာ အောက်ဘက်တွင် လိုတရမြေကွက်များ ပို၍ပြုလုပ်ထားပြီဖြစ်၍ ဖီးနစ်ရရှိခြင်း ဝါးပင်ကိုစိုက်ပျိုးကာ ထိုသီးနှံများကြီးထွားလာမှုကို အပင်ပန်းမရှိ လုပ်ဆောင်နေကြသည်။ ထိုကိစ္စများအားလုံး ပြုလုပ်ပြီးနောက် သူတို့က နောက်ဆုံးတွင် ကပ်ဘေးမှ လွတ်မြောက်နိုင်ရန် ဝါးဆန်များ အလုံအလောက် ရှိနေမည် ဖြစ်သည်။ 


ဂိုဏ်းတစ်ခုစီ၏ တပည့်များက သူတို့စခန်းချရာ နေရာများအလိုက် ဝါးစပါးကို ဖြန့်ချီရန်တာဝန်ရှိကြပေသည်။ မူလက အငတ်ဘေးကြီးမှာ မကျေမချမ်းမှုများ ပြန့်ပွားလာစေရန် ဦးတည်နေပေသည်။ အငတ်ဘေး ခံစားနေရသူ အမြောက်အများ ရှိနေရာ တိုင်းပြည်တိုင်း၏ တိုင်းပြည်ပိုင် ဘဏ္ဍာတိုက်မှာ လူအများအပြားကို မခုခံနိုင်ချေ။ ကံကောင်းစွာဖြင့် ကျင့်ကြံသူများက ကယ်တင်ရန် အလျင်အမြန် ရောက်လာခြင်းပင်။ သူတို့ မြို့ထဲတွင် ရှိနေရာ ဒုက္ခသည်များက မကျေနပ်ချက်များကို ထုတ်မပြောဝံ့ဘဲ သူတို့၏ ဝါးစပါးများကိုသာ နာနာခံခံလက်ခံလိုက်ကြသည်။ 


ဤတစ်ကြိမ်တွင် သတင်းတစ်ခုက တိုက်ကြီးကိုးတိုက်တစ်လျှောက်လုံးတွင် ထပ်မံ ပျံ့နှံ့လာပေသည်။ ဝါးလွှာမှန်လုံအိမ်များကို ပထမဆုံး ထောက်ပံ့ခံရသည့် ပျော်ရွှင်မှုတစ်ထောင်မြို့တော်က ဆောင်းရာသီတွင် မှန်လုံအိမ်များသုံးကာ အစားအသောက်များကို စိုက်ပျိုးနေဆဲဖြစ်သည်။ မြို့တော်အပေါ်သို့ အငတ်ဘေးကြီး၏ သက်ရောက်မှုမှာလည်း အနည်းဆုံးဖြစ်သွားသည်။ 


ဂိုဏ်းများက ဖီးနစ်ရရှိခြင်း ဝါးပင်များ ရင့်မှည့်လာရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်အများအပြားကို အသုံးပြုခဲ့ရာ ဂိုဏ်းများက ဝါးလွှာအများအပြားကို ရရှိနိုင်ခဲ့သည်။ ထိုဝါးလွှာများက ယခုတွင် ဆေးဖက်ဝင်အပင်တိုက်ကြီးတွင် လူသိများလာပြီ ဖြစ်သည်။ ဝါးလွှာများနှင့်ဆိုပါက ဒုက္ခသည်များက လုပ်စရာတစ်ခုရှိပြီး သူတို့၏ အနာဂတ်များအတွက် ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ ဆုံးရှုံးမည် မဟုတ်ပေ။ 


ဤနှစ်အတွင်း ကံမကောင်းသည့် မတော်တဆမှုအများအပြား ဖြစ်ပွားသော်လည်း လူသားနယ်မြေထဲတွင် ကျယ်ပြန့်သည့် ငြိမ်းချမ်းရေးက ကြီးစိုးနေဆဲဖြစ်သည်။ 


.....


LJJ


ယနေ့ညက တစ်ရေးမှမအိပ်ရသည့် ညတစ်ညဖြစ်ပေသည်။ လင်းလင်းက ပရိုဂရမ်မာများ၏ ဘေးတွင်ထိုင်ကာ သူတို့၏ အလုပ်ကို ကြီးကြပ်ပေးနေပေသည်။ သူမက နည်းပညာအကြောင်းကို များစွာမသိထားသော်လည်း  သူမက ၄င်းအပေါ်တွင် အလွန်အရေးထားသည်ကို ပြသပေးသည်။ 


ယခုက "ရှောင်ပိုင်"ပျောက်ကွယ်သွားရန် တိုက်ခိုက်မှုတစ်ခု ဆောင်ရွက်ခြင်း ဖြစ်သည်။ ဤ အပြင်ပိုင်းအချက်အလက် ဌာနစိတ်မှာ အမည်မသိ အဖွဲ့အစည်းတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရသည်ဖြစ်ပြီး LJJနှင့် လုံးဝ မသက်ဆိုင်ပေ။ သူတို့က တစ်ဖက်အဖွဲ့အစည်းအကြောင်း များစွာမသိထားပေ။ ယခင်က သူတို့ တစ်ဖက်အဖွဲ့အစည်းအကြောင်း သိထားသည့်တစ်ခုတည်းသောအရာမှာ သူတို့၏ နာမည်ပြောင်က "ရှောင်ပိုင်" ဖြစ်နေခြင်းပင်။ ၄င်းမှာ စွေ့ချီချောင်းက ထိုအဖွဲ့အစည်းကို အပေးထားသည့် အမည်ဖြစ်ရာ အမည်ဝှက်အဖြစ်သာ အသုံးပြုနိုင်ပေသည်။ 


ပရိုဂရမ်၏ seasonလေးခု တစ်လျှောက်လုံးတွင် သူတို့က ဤအဖွဲ့အစည်းနှင့် အဆက်မပြတ် ဆက်ဆံရပေသည်။ ပထမ season ၃ခုတွင် သူတို့က တစ်ဖက်အဖွဲ့အစည်း၏ လုပ်နည်းလုပ်ဟန်များကိုပင် အတည်မပြုနိုင်ပေ။ 


ဤတစ်ကြိမ်တွင် သူတို့က ရှောင်ပိုင်ကို ဖယ်ရှားရန်အတွက် ရှောင်ပိုင်အား ဖရိုဖရဲအတွင်းသို့ သွေးဆောင်ကာ နတ်ဆိုးစရိုက်ပုံစံ၏ ပရိုဂရမ်ကို အထူးပြောင်းလဲလိုက်ပေသည်။ ထို့နောက် သူတို့က အခွင့်အရေးကို အရယူကာ ရှောင်ပိုင်ကို သူတို့၏ ကိုယ်ပိုင်ပရိုဂရမ်မာ ကြယ်ပွင့်တစ်ဦးအဖြစ် လူစားလဲပေမည်။ 


သူတို့က ရှောင်ပိုင်ကို ဤအတိုင်းပျောက်သွားရန် ခွင့်မပြုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များက ရှောင်ပိုင်ကို ဦးတည်ရာမဲ့ ဆဲရေးနေကြသော်လည်း ရှောင်ပိုင်က နာမည်ကျော်လာသည်အထိ အဆဲခံခဲ့ရပေသည်။ ပရိသတ်များအတွက်မူ "ထန်ဝေ့"ဟူသော စကားလုံးမှာ အခြေခံအားဖြင့် မကောင်းဆိုးဝါးနှင့် ညီမျှပေသည်။


သူတို့က ဤအချိန်တွင် ရှောင်ပိုင် ပျောက်ကွယ်သွားရန် အဘယ့်ကြောင့် ယုံကြည်ချက်ရှိနေသလဲ ဆိုခြင်းအတွက်မူ ချီးကျူးမှုများအားလုံးက စွေ့ချီချောင်း၏ လုပ်ဆောင်ချက်ကောင်းဆီသို့ ရောက်ရှိသွားမည် ဖြစ်၍ပင်။ 


သူတို့က ရှန်းရှကျင့်ကြံခြင်း မှတ်ဉာဏ်တုလေယာဉ်ထဲတွင် ရှောင်ပိုင်၏ လူပြန်ဝင်စားခြင်းကို ရှာဖွေနိုင်သည့် အကြောင်းပြချက်မှာ စွေ့ချီချောင်းက တစ်ဖက်အား ခံစားချက်အတက်အကျ အကြီးအကျယ် ဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်သည်။ ဤတစ်ကြိမ်တွင် စိတ်ကူးတစ်ခုတည်းဖြင့် ပရိုဂရမ်မာတစ်ဦးက ထန်ဝေ့အတွက် ရှာဖွေရေးစက်တစ်ခုပေါ်တွင် စတင်ရှာဖွေလိုက်သည်။ 


"ဒီအဖွဲ့အစည်းက စွေ့ချီချောင်းကို 'နှိပ်စက်'ပြီးတော့ ကျေနပ်မှုကြီးတစ်ခု ရနေလောက်တယ်... ငါထင်တာက... သူက ဒီနာမည်စသုံးကတည်းက စွေ့ချီချောင်းကို စပြီး 'နှိပ်စက်'နေပြီထင်တယ်... အဲ့တော့ ဒီနာမည်က သူ့ရဲ့ သရုပ်မှန်နဲ့ သက်ဆိုင်နေတာ ဖြစ်နိုင်တယ်..."


အမတထန်ဝေ့မှာ တာအိုအမည်တစ်ခုဖြစ်ပြီး ဤအဖွဲ့အစည်းမှာ ထိုအမည်ကို ပေါ်ပေါ်တင်တင် အသုံးပြုနေခဲ့ရာ မည်သူကမှ ၄င်းကို သဲလွန်စတစ်ခုဖြစ်မည်ဟု မတွေးမိကြချေ။ ၄င်းမှာ ပရိုဂရမ်မာက အရာများကို ရှာဖွေရန် စိတ်ကူပေါက်ရာတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ပြီး ထိုစကားလုံး နှစ်လုံးက လှည့်စားထားသည်ကို မသိခင်အထိဖြစ်လေသည်။ မူလက ပုံစံငယ်မှာ "ထန်ဝေ့"ဟူသော အမည် မပါဝင်ချေ။ ထိုအမည်ကို ရှောင်ပိုင်က ပြောင်းလဲထားခြင်း ဖြစ်ရပေမည်။ 


ဤသို့ဖြင့် သူတို့က "ထန်ဝေ့"ဟူသော အမည်ကို ရှာဖွေလိုက်ရာ အောင်မြင်သွားလေသည်။ 


စိတ်ကြီးဝင်နေသော ရှောင်ပိုင်မှာ မှတ်ဉာဏ်တုလေယာဉ် ထဲတွင် သူ့အမည်အရင်းကို အသုံးပြုနေခဲ့ခြင်းဖြစ်သည်။ 


ဤအကြောင်းပြချက်ဖြင့် သူတို့က ရှောင်ပိုင်၏ လက်ရှိ dataများကို ပမာဏတစ်ခုအထိ ရရှိထားပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့က ရှောင်ပိုင် ပျောက်ကွယ်သွားရန် သေချာပေသည်။ ရှောင်ပိုင်ကို ဖမ်းမိကာ သက်သေများအားလုံး ချပြနိုင်ပါက သူတို့ ရှောင်ပိုင်ကို တရားစွဲ၍လည်း ရနိုင်ပေသည်။ 


သို့မဟုတ်ပါက သူတို့တွင် လက်ရှိ ရှိနေသော အချက်အလက်များကိုသာ အခြေခံပြီး ဟက်ကာနှင့် အမတထန်ဝေ့ကြားမှ ဆက်ဆံရေးကိုသက်သေပြနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ သူတို့က ဤစစ်ဆင်ရေး၏ ပထမဆုံး ကြိုးပမ်းမှုတွင် အောင်မြင်ရန်လိုပေသည်။ 


အဲ့လိုမှ မဟုတ်ရင် ထန်ဝေ့ရဲ့ လုပ်နိုင်စွမ်းနှင့်ဆို သူ ထပ်ပြီး ထွက်ပြေးသွားနိုင်မလားဆိုတာ ဘယ်သူကပြောနိုင်မှာလဲ...


၄င်းမှာ LJJ၏ နည်းပညာ ဌာနအတွက် အရှက်ကွဲသည့် နေ့ဖြစ်ပေလိမ့်မည်။


လင်းလင်းမှာ ခေါင်းခါလိုက်ပြီး တစ်ရေးအိပ်ရန် ပြင်လိုက်ချိန်တွင် တစ်ယောက်ယောက်က သူမကို နှိုးလိုက်သည်။

"ဒါရိုက်တာလင်း..."


"ဘာလဲ... ဘာလဲ..."

လင်းလင်းက ကြောင်အကာ လန့်နိုးသွားသည်။ 

"ရှောင်ပိုင်ကို ဖမ်းမိပြီလား..."


"ကျွန်တော်တို့ မအောင်မြင်လိုက်ဘူး..."


လင်းလင်းက အနီရောင် မျက်လုံးတစ်စုံကို မြင်ပြီး သူမ နားထင်များကို ပွတ်သပ်ကာ ဆိုလိုက်သည်။ 

"မင်း ဘာပြောလိုက်တယ်... မင်း မအောင်မြင်ဘူးဆိုတာ သေချာရဲ့လား..."


သူမက အော်ဟစ်ဆူငေါက်လိုသော်လည်း လူတိုင်းက အချိန်ကြာမြင့်စွာ အလုပ်ကြိုးစားခဲ့သည်ကို သိထားရာ သူတို့ကို စိတ်မဆိုးနိုင်ချေ။ 


"ရှောင်ပိုင်က အရမ်းဉာဏ်များတယ်... သူက အရမ်း ဉာဏ်ကောင်းပြီး ကျွန်တော်တို့က သူ့ကို ဆန့်ကျင်လုပ်ဆောင်နေတယ်ဆိုတာ သိသိချင်းမှာပဲ ထန်ဝေ့ရဲ့ dataတွေအပါအဝင် သူ့ရဲ့ ခြေရာလက်ရာတွေ အကုန်ဖျောက်ပစ်လိုက်တယ်... လက်ရှိ မှတ်ဉာဏ်တုလေယာဉ်ထဲမှာ အမတထန်ဝေ့ကို သေသွားပြီလို့ ထင်နေကြပြီ..."


ဤတစ်ကြိမ်တွင် ရှောင်ပိုင်က သတိတကြီး ထားထားရာ သူ့ထံမှ သတင်းများ တူးဖော်ရန်မှာ ခက်ခဲပေသည်။ 


"..."

လင်းလင်းက သွေးအန်လုနီးပါးဖြစ်သွားလေသည်။ 

"သေသွားတယ်ဟုတ်လား.... အိတ်ဆောင်အရွယ် လှိုဏ်ဂူတွေထဲက လူတွေကို ငါတို့ ဘယ်လိုလုပ်ရမှာလဲ..."


သူမက အလွန်စိတ်မအေးဖြစ်နေကာ ဆဲရေးလိုက်သည်။ သူမက စွေ့ချီချောင်းမှာ အိတ်ဆောင်အရွယ်လှိုဏ်ဂူများအတွင်း၌ မြေမည်မျှ စိုက်ပျိုးထားသည်ကို အတိအကျ သိသူဖြစ်သည်။ အမတထန်ဝေ့သေဆုံးသွားသည်နှင့် သူမ ပထမဆုံးတွေးမိသည့်အရာမှာ စွေ့ချီချောင်းက အိတ်ဆောင်အရွယ် လှိုဏ်ဂူများအတွင်းသို့ ဝင်နိုင်မည် မဟုတ်သည်ကိုပင်။ 


"မဟုတ်သေးဘူး... မဟုတ်သေးဘူး... မဟုတ်သေးဘူး... ဒီအတိုင်းဆိုရင် စွေ့ချီချောင်းက မှတ်ဉာဏ်တုလေယာဉ်ထဲက ထွက်လာတာနဲ့ ငါတို့ကို တစ်မျိုးထင်တော့မှာ... သူအခု ဘယ်လောက် နာမည်ကြီးလဲဆိုတာ မင်းသိတယ်မလား... သူ ငါတို့ကို အထင်လွဲလို့ မရဘူး..."

လင်းလင်းက အလျင်အမြန် ဆိုလိုက်သည်။ 

"ဟုတ်တယ်... သူ့ကို ချက်ချင်းပြန်ပြီးဒီဇိုင်းဆွဲလိုက်... နောက်ထပ် အမတထန်ဝေ့ကို ဖန်တီးပြီး အိတ်ဆောင်အရွယ်လှိုဏ်ဂူတွေကို သော့ဖွင့်လို့ရအောင် ငါတို့လူတွေ လွတ်ပေးလိုက်..."


ပရိုဂရမ်မာများသည်လည်း ဤပြဿနာမှာ မည်မျှလေးနက်သည်ကို သိထားပေသည်။ 

သူတို့ တခြား ဘာလုပ်နိုင်သေးလို့လဲ... အချိန်ပို ဆက်လုပ်ဖို့ပဲ တတ်နိုင်တာပေါ့...


လင်းလင်းက ကော်ဖီတစ်ခွက်ထပ်သောက်ကာ စားပွဲပေါ်တွင် ခေါင်းမှီပြီး ပရိုဂရမ်ကို ဆက်ကြည့်နေလိုက်သည်။


သို့သော် ပြန်လည်ဒီဇိုင်းဆွဲခြင်းက မပြီးမြောက်ခင်မှာပင် တစ်ဖက်အစွန်းမှ လက်ထောက်က ပျာယာခတ်နေသော မျက်နှာဖြင့် သတင်းပို့လာလေသည်။ 

"ဒါရိုက်တာလင်း အချိန်ကိုက်dataက ပြလာတာ လူသစ်တစ်ယောက် ထပ်ပေါ်လာတယ်တဲ့..."


......


အပြင်းအထန် ဆွေးနွေးပြီးနောက် ဂိုဏ်းချုပ်ယန် ဦးဆောင်သည့် အဓိကဂိုဏ်းများ၏ ခေါင်းဆောင်များက ဇီဝကျူးကျော်ခြင်း၏ ဖြစ်နိုင်ခြေကို အတည်ပြုရန် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ 


ဤအခြေခံအကြောင်းအရင်းပေါ်တွင် သူတို့၏ ဖန်တီးနိုင်စွမ်းအပြည့်အဝကိုအသုံးပြုကာ ကျူးကျော် မျိုးစိတ်များက သူတို့၏ နောက်မျိုးဆက်များအား ဖြန့်ဝေနိုင်သည့် အဆိပ်တစ်ခု ပေးလောက်မည်ဟု ထင်နေကြပေသည်။ ၄င်းမှာ သတ္တဝါများက သူတို့၏ ဖျက်ဆီးနိုင်စွမ်းကို အချိန်တစ်ခုအတွင်း အသုံးမပြုနိုင်စေသည်သာ မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်၏ အစာဖြစ်မလာစေရန်လည်း ဖြစ်သည်။ လက်တွေ့ကျကျ စဉ်းစားပါက နတ်ဆိုးများမှာအရာရာကို စားသည်ဟု လူသိများသော တရုတ်များအား နမူနာယူကာ ဒီဇိုင်းဆွဲထားသည်လား မည်သူမှ မသိနိုင်ပေ။ 


အကြံဉာဏ်မျိုးစုံက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ တစ်ခါတစ်ရံတွင် ထိုအကြံများက ဂိုဏ်းချုပ်ယန်ကို ချွေးစေးပင် ပြန်လာစေသည်။ သူမက နတ်ဆိုးများ ချက်ချင်းပင် မျိုးတုံးသွားမည်ဟု ခံစားရပေသည်။ 


ထိုအချိန်တွင် တစ်ခုခုဖြစ်သွားလေသည်။ 


ကျင့်ကြံသူများက နတ်ဆိုးနယ်မြေမှ သတင်းတစ်ခု ရုတ်တရက် ကြားလာပေသည်။ သူတို့က လူသားနယ်မြေနှင့် ထပ်မံကာ ငြိမ်းချမ်းရေးယူရန် ဆွေးနွေးလိုနေပေသည်။ 


ဂိုဏ်းချုပ်ယန် - "..."


ဒါကို သည်းခံနိုင်ရင် ဘာကို သည်းမခံဘဲ နေရမှာလဲ...


ဒီနတ်ဆိုးတွေက အမတထန်ဝေ့ကို အမည်မသိ လှည့်ကွက်တစ်ခုသုံးပြီး လုပ်ကြံပြီးတာတောင် ငြိမ်းချမ်းရေးအတွက် တောင်းဆိုရဲသေးတယ်လား... 

သူတို့ ဆွေးနွေးနေသည့် အကြောင်းအရင်းမှာ တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားခြင်းကြောင့် မဟုတ်လျှင် ဂိုဏ်းချုပ်ယန်မှာ သူတို့က နတ်ဆိုးနယ်မြေ၏ ဂေဟစနစ်ကို ဖျက်ဆီးလိုနေသည်ကို နတ်ဆိုးများက သိနေသည်ဟု သံသယဝင်မိပေမည်။ 


ကျင့်ကြံရေးလောကမှာ မူလက ပြတ်သားစွာ ငြင်းဆန်လိုသော်လည်း နတ်ဆိုးများက သူတို့တွေးနေသည်ကို သိပေသည်။ သူတို့က ရှားပါးဖြစ်တည်မှုအဆင့် ဘိုးဘေးများထဲမှတစ်ဦးကို သူတို့နှင့်ဆွေးနွေးရန် လွှတ်လိုက်မည်ဟု ဆိုလာသည်။ 


ကျင့်ကြံသူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ 


နတ်ဆိုးနယ်မြေထဲက ရှားပါးဖြစ်တည်မှုအဆင့် နတ်ဆိုးတွေ အကုန်လုံးက တံခါးပိတ်ကျင့်ကြံနေကြတာ မဟုတ်ဘူးလား... အဲ့နတ်ဆိုးက ဘာလို့ အမတထန်ဝေ့လိုမျိုး တံခါးပိတ်ကျင့်ကြံခြင်းက ထွက်လာတာလဲ... ဒီနှစ်ထဲမှာ တစ်ခုခုဖြစ်နေတာများလား... ဒီနှစ်ထဲမှာ ထူးဆန်းတာတွေက တစ်ခုပြီးတစ်ခု ဖြစ်လာနေတယ်... 


သူတို့က ၄င်းကို ထပ်မံတွေးတောလိုက်ပြီး အမတထန်ဝေ့က ဤနတ်ဆိုး ပြုလုပ်ထားသည့် ထောင်ချောက်ထဲ ကျသွားခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်ကြသည်။ 

နတ်ဆိုးတွေက ဒီတောင်းဆိုချက်နဲ့ သူတို့ကို ရန်စပြီး ပြဿနာရှာချင်နေတာလား... သူတို့ရဲ့ ရှားပါးဖြစ်တည်မှုအဆင့်ဘိုးဘေးက လူသားနယ်မြေထဲကို လာပြီး လျှောက်သွားရဲတယ်လား... နတ်ဆိုးတွေက ရှားပါးဖြစ်တည်မှုအဆင့် နတ်ဆိုးအပေါ်မှာ ထောင်ချောက်တစ်ခုဆင်ပြီး သူတို့ကို ရန်လာစချင်နေတာလား...


အချိန်တစ်ခုအထိ အပြင်းအထန် ဆွေးနွေးပြီးနောက် လူတိုင်းတွင် အမြင်အမျိုးမျိုး ရှိနေပေသည်။ အချို့လူများက ဤရန်စမှုကို မတုံ့ပြန်သင့်ဟု တွေးကြသည်။ နတ်ဆိုးများတွင် ရှားပါးဖြစ်တည်မှုအဆင့် ဘိုးဘေးတစ်ယောက်က ကိုယ်စားပြုအနေနှင့် ရှိနေလျှင်ပင် သူတို့က ကျူးကျော် သတ္တဝါများ စတင်ဖြန့်ဖြူးမည့်အချိန်ကို အရယူသင့်ပေသည်။ ဂုဏ်သရေနှင့်သေဆုံးခြင်းက ဂုဏ်သရေမဲ့ နာကျင်ခံစားရခြင်းထက် ပိုကောင်းပေသည်။ 


အချို့ကမူ ဦးစွာသဘောတူညီဟန်ဆောင်ပြီးနောက် ညှိနှိုင်းချက်များကို ယာယီဆိုင်းငံ့ထားသည်က ပိုကောင်းသည်ဟု တွေးကြပေသည်။ သို့မဟုတ်ပါက နတ်ဆိုးများက ဒေါသဖြစ်လာနိုင်ပေသည်။ 


ထိုအချိန်တွင် အချို့လူများက ကျင့်ကြံသူများမှာ ဖရိုဖရဲအတွင်း ရှားပါးဖြစ်တည်မှုနတ်ဆိုးကို သတ်ရန် ကြိုးစားသင့်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေ သူတို့က အနည်းဆုံး ဤနတ်ဆိုးကျဆုံးသွားအောင် ကြိုးစားသင့်ပေသည်။ 


ဆွေးနွေးပြီးနောက် ကျင့်ကြံသူများက ဆုံးဖြတ်ချက်မချနိုင်ပေ။ ထိုရှားပါးဖြစ်တည်မှုအဆင့် ဘိုးဘေးက ဖရိုဖရဲကို ဖြတ်ကာ နယ်စပ်တွင် စခန်းချနေသော ကျင့်ကြံသူများကို လမ်းပြရန်ပြောကာ လျှောက်သွားနေပြီ ဖြစ်သည်။ 


သူက နတ်ဆိုးနယ်မြေတွင် ကျင့်ကြံဆင့်အမြင့်ဆုံး နတ်ဆိုးဖြစ်ကာ ဘိုးဘေးယင်းကျန်းဟု အမည်ရသည်ဟု ဆိုကြပေသည်။ လူတိုင်းက သူ့၏ ကျင့်ကြံဆင့်မှာ ရှားပါးဖြစ်တည်မှုအဆင့်ဟု ဆိုကြသော်လည်း အမှန်တကယ်တွင် သူက ရှားပါးဖြစ်တည်မှုအဆင့်ကို ထိုးဖောက်ကာ ထာဝရဖြစ်တည်မှုအဆင့်ကို ရောက်လုနီးပါးဖြစ်လေသည်။ 


အဲ့လို အစွမ်းထက် နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရတဲ့အခါ လူသားကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီး အားနည်းတဲ့ပုံ ပေါ်နေရတာလဲ... သူက မဖိတ်ခေါ်ဘဲ ရောက်လာမှတော့ ကျင့်ကြံသူတွေက သူ့ကို လူသားနယ်မြေရဲ့ တိုက်ကြီးကိုးတိုက်ထဲက လူမနေတဲ့နေရာမှာ ရက်ရက်ရောရော ကြိုဆိုဖို့ ဆုံးဖြတ်ရတော့မှာပေါ့...


ဤတစ်ကြိမ်တွင် ဂိုဏ်းချုပ်ယန်က လူထု၏ အကြံဉာဏ်ကို ကျော်လွှားရန် အကောင်းဆုံး ကြိုးစားပြီး ဘိုးဘေးယင်းကျန်းကို ယွီလင်းဂိုဏ်းသို့ ဖိတ်ခေါ်ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ 


"ကျင့်ကြံရေးလောကက လူတိုင်းက ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူဖန့်ချွန်းက အတွင်းကနေရော အပြင်ကနေပါ အသက်သွင်းလို့ရတဲ့ ကာကွယ်ရေး အစီအရင်တစ်ခု ချခဲ့တယ်ဆိုတာ သိတယ်..."

ဂိုဏ်းချုပ်ယန်က အဓိပ္ပာယ်အပြည့်ပါသည့် လေသံဖြင့် ဆက်ပြောလိုက်သည်။ 

"အဲ့ဒါက ဂိုဏ်းကို ကာကွယ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တယ်... ဒါပေမဲ့ တစ်ခါမှ မသုံးဖူးသေးဘူး... တစ်ခါ သုံးလိုက်တာနဲ့ ယွီလင်းဂိုဏ်းရဲ့ အဓိကတောင်ထွတ် ၁၂ခုက မြေပြင်ကို ပြိုကျလာမှာ..."


နားထောင်သူများအားလုံးက ထိတ်လန့်သွားကြသည်။ အမတဖန့်ချွန်းမှာ အံ့ဖွယ်ပင်။ ယွီလင်းဂိုဏ်းထဲရှိ စာအုပ်များအားလုံးကို ဖတ်ရှုပြီးနောက် ဤကဲ့သို့ အစီအရင်တစ်ခု ချနိုင်သည်မှာ အံ့ဩစရာပင် မကောင်းချေ။ 


ယွီလင်းဂိုဏ်း၏ ကာကွယ်ရေး အစီအရင်မှာ အမတဖန့်ချွန်း မသေဆုံးမီတွင် ဂိုဏ်းအတွက် နောက်ဆုံးချန်ထားခဲ့သည့် အရာဖြစ်သည်။ 

အဲ့ဒါက ထာဝရဖြစ်တည်မှုအဆင့် ရောက်လုနီးပါး နတ်ဆိုးဘိုးဘေးတစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်ပါ့မလား... 


သူက အစီအရင်ကို အသက်သွင်းရန်အတွက် ဂိုဏ်း၏ အဓိက တောင်ထွတ် ၁၂ခုအား စွန့်စားထားရသော်လည်း ဂိုဏ်းချုပ်ယန်က ၄င်းကို အသက်သွင်းသင့်သည်ဟု ဆုံးဖြတ်လိုက်ပေသည်။ 

အဲ့လိုမှမဟုတ်ရင် လူသားနယ်မြေထဲက ဘယ်သူက ဒီဘိုးဘေးယင်းကျန်းကို တားနိုင်မှာလဲ...


....


ဂိုဏ်းချုပ်ယန်က အဓိကတောင်ထွတ် ၁၂ခု၏ တပည့်များ အားလုံးကို ဂိုဏ်းနှင့်ဝေးရာသို့ပို့ကာ ရှေ့ပြေးတော်ယင်းကျန်းကို ဂိုဏ်းထဲသို့ ကြိုဆိုရန် သူမ၏ ဥများအားလုံးကို ခြင်းတောင်းတစ်ခုထဲတွင် ထည့်ထားလိုက်သည်။


အခြားသော ဂိုဏ်းများ၏ ခေါင်းဆောင်များသည်လည်း ဤနေရာသို့ လူကိုယ်တိုင်လာရောက်ကာ ဂိုဏ်းချုပ်ယန်နှင့်အတူ စစ်ချီကာ တပ်ဆုပ်ရန် အလိုရှိနေကြသည်။ 


ရှေ့ပြေးတော် ယင်းကျန်းက တစ်ယောက်တည်း တိမ်ဖြူများစီးကာ အဝတ်အစားအဖြူရောင်များ ဝတ်ဆင်ပြီး ရောက်လာလေသည်။ သူက လူငယ်တစ်ယောက်နှင့်တူသော်လည်း သူတို့က သူ့၏ကျင့်ကြံခြင်းအဆင့်ကို အာရုံမခံနိုင်ပေ။ 


ဂိုဏ်းချုပ်ယန်က ရွှေရောင်ခန်းမရှေ့တွင် ရပ်ကာ သူမ၏ လက်ကို အမူအရာမဲ့ မြှောက်ပြလိုက်သည်။ 

"ကျေးဇူးပြုပြီး..."


ရှေ့ပြေးတော်ယင်းကျန်းက ပတ်ဝန်းကျင်ကို သာမန်ကာလျှံကာ လှမ်းကြည့်ကာ သူက ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာသကဲ့သို့ ပြုမူပြီး တစ်စုံတစ်ခုကိုလည်း ရှာနေလေသည်။ 


"ကျေးဇူးပြုပြီး..."

ဂိုဏ်းချုပ်ယန်က မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်သည်။ 


ယင်းကျန်း၏ မျက်လုံးများက တစ်နေရာတည်းသို့ စိုက်ကြည့်လာကာ သူ့မျက်လုံးများက ရွေ့လျားနေခြင်းလည်း ရပ်တန့်သွားပေသည်။ 


ဂိုဏ်းချုပ်ယန်က သူ့အကြည့်လားရာကို လိုက်ကြည့်လိုက်ရာ စွေ့ချီချောင်းက မြူနှင်းဝေလငါးလေးတစ်ကောင်စီးကာ ဖြတ်သွားခြင်း ဖြစ်နေပေသည်။ သူက ဂိုဏ်းမှ ရွှေ့ပြောင်းခံရသည့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သော်လည်း လွင့်မျောဥယျာဉ်ရှိ အသီးများကို သိမ်းဆည်းရန် အချိန်အနည်းငယ် ကြာနေခြင်းဖြစ်သည်။ သူက အထုပ်အပိုးပြင်ပြီးနောက် ဂိုဏ်းမှထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် သူက ရွှေရောင်ခန်းမဘေးရှိ မြူနှင်းပင်လယ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ 


စွေ့ချီချောင်းသည်လည်း အဝေးမှ ဤနေရာကို လှမ်းကြည့်နေပေသည်။ သူက အမတထန်ဝေ့ကို လုပ်ကြံလိုက်ပုံရသည့် ဒဏ္ဍာရီလာ နတ်ဆိုးကို လှမ်းကြည့်နေခြင်း ဖြစ်နိုင်၏။ 


အခြားသော ခေါင်းဆောင်များက စွေ့ချီချောင်းကို မြင်သောအခါ စွေ့ချီချောင်းနှင့် အမတထန်ဝေ့၏ အကြောင်းကို စိတ်ထဲတွင် သိထားကြပေသည်။ 

"အဲ့ဒါက အမတထန်ဝေ့ရဲ့ မုဆိုးဖို..."


ဂိုဏ်းချုပ်ယန်၏ နှလုံးသားမှာ ရုတ်တရက် တင်းကြပ်သွားသည်။ သူမက ရှေ့တိုးကာ စကားပြောလုဆဲဆဲ ဖြစ်နေသည့် ရှေ့ပြေးတော်ယင်းကျန်းရှေ့တွင် ရပ်လိုက်သည်။ သို့သော် ရှေ့ပြေးတော်ယင်းကျန်းက မြူနှင်း ပင်လယ်ထဲသို့ ခုန်ချကာ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲပြီး တိမ်များပေါ်တွင် ပြေလွှားနေပြီး ဖြစ်လေသည်။ 


ရှေ့ပြေးတော်ယင်းကျန်း၏ နတ်ဆိုးပုံစံအစစ်မှာ မြူနှင်းဝေလငါးလေး၏ အရွယ်အစားနှင့် အတူတူနီးပါးဖြစ်သည်။ သူ့တွင် ဖြူစွတ်နေသော ဆံပင်များ၊ ချွန်ထက်နေသော နားရွက်မျာနှင့် အမြီးအရှည်ကြီးတစ်ချောင်း ရှိပေသည်။ သူက "မြှောင်... မြှောင်... မြှောင်..."ဟု အော်နေစဉ်တွင် သူ့အော်သံများက ကျယ်လောင်လှသည်။ သူက ဤသို့ပြုလုပ်ကာ စွေ့ချီချောင်းရှေ့သို့ တိုးလိုက်လေသည်။ သူက မြူနှင်းဝေလငါးလေးပေါ်သို့ လက်တစ်ဖက်ဖြင့် တက်ကာ  စွေ့ချီချောင်း၏ လက်များနှင့် မျက်နှာကို  ရင်းနှီးစွာ လျက်နိုင်သွားလေသည်။ 


ဂိုဏ်းချုပ်ယန် - "...."


လူတိုင်း - "..."



🌳🌳🌳