♎️Chapter 67
ကြမ်းပြင်တွင် တစ်မိနစ်ခန့်လှဲနေပြီးမှ ဖုယွမ်ကျိုးမှာ နံရံကိုကိုင်ရင်း အားယူထလိုက်သည်။
သူ့တကိုယ်လုံးပူနေပြီး နေမကောင်းဖြစ်နေသည်။ အဖျားဝင်နေခြင်းဖြစ်နိုင်သည့်တိုင် နာကျင်မှုတစ်မျိုးတည်းမဟုတ်ဘဲ နေရခက်သလိုလည်းခံစားနေရပြန်သည်။ ၎င်းကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားပြီး အသက်ရှူရခက်လာစေခဲ့သည်၊ မျက်နှာကနီရဲနေကာ မျက်လုံးထဲ၌ ရေငွေ့ပါးပါးတလွှာကကာရံထားလေ၏။
"Ha...ha..ah"
ဖုယွမ်ကျိုးအနေဖြင့် ဤခံစားချက်ကိုရင်းနှီးနေသည်။ ယင်းကheatကာလဖြစ်ပြီး သူ့အတွက်မူ နောက်တကြိမ်ပြန်စလာခြင်းပင်။ ၎င်းက သူ၏ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အပြင်ပန်းတွင် နေရခက်သလိုခံစားရခြင်းဖြစ်ပြီး မေထုန်ကာလသည်လည်း သာမန်ထက်လျင်မြန်ကာမတည်ငြိမ်တတ်ပေ။
အိုမီဂါများ၏ဖယ်ရိုမုန်းက အင်မတန်ချိုအီသည့်ရနံ့မျိုးရှိသောကြောင့် လူများကိုအပြင်းအထန်စွဲလန်းစေတတ်သည်၊၊ ဗီလာတစ်ခုလုံးပျံ့သွားသည့်တိုင် ကံမကောင်းစွာဖြင့် ၎င်းကိုချီးမွမ်းပေးမည့်သူမရှိပေ။
ဖုယွမ်ကျိုးက အိမ်ထဲတွင် ထိန်းချုပ်ပေးသည့်ဆေးထိုးအပ်များ ရှိနေမှန်းသိ၏။ ၎င်းတို့ကို ပထမထပ်ဧည့်ခန်းထဲမှ ဆေးသေတ္တာထဲတွင်ထည့်ထားလေသည်။ သူသည်ကား ဖြည်းဖြည်းချင်းအောက်ထပ်ကိုဆင်းသွားပြီး တလှမ်းချင်းလျှောက်သွားခဲ့သည်။ လူတကိုယ်လုံးကလဲကျတော့မယောင်ဖြစ်နေပြီး ရောက်ခါနီးတွင်ဆိုလျှင် တွားသွားခဲ့ရကာ ဆေးသေတ္တာကိုပင် မနည်းလက်လှမ်းခဲ့ရသည်။
သေတ္တာထဲတွင် အိုမီဂါများအတွက် ဆေးထိုးအပ်နှစ်ချောင်းသာရှိသည်။ သူသည် ထိန်းချုပ်သည့်ဆေးထိုးအပ်တစ်ချောင်းကို ဖြုတ်လိုက်၏။ အိမ်ထောင်ကျပြီးသော သူ့အမေအိုမီဂါသည် ကြာရှည်တည်ငြိမ်မှုရှိသောကြောင့် ထိန်းချုပ်သည့်ဆေးထိုးအပ်မျိုးမလိုအပ်ပေ။ ယင်းက ဖုယွမ်ကျိုးအတွက်ပင်ဖြစ်ပြီး တစ်ချောင်းသာလိုအပ်သည်။
သို့သော်လည်း သူ့လက်တို့က ဆိုးဆိုးရွားရွားတုန်ယင်နေသောကြောင့် ပထမအပ်က အချည်းနှီးဖြစ်သွားခဲ့သည်။ ၎င်းက ခပ်မာမာအရာတစ်ခုဖြင့်တိုက်မိပြီး ကျိုးသွားလေ၏။
ဒုတိယတစ်ချောင်းကိုမူ ဖုယွမ်ကျိုးမှာ သတိထားပြီးကိုင်တွယ်ခဲ့သည်။ သို့ထိတိုင် အလွန်အမင်းနေရခက်လှသောကြောင့်အသက်ပင်မရှူနိုင်ဘဲ သူကိုယ်တိုင် ဆေးထိုးလိုက်ရ၏။
အပ်ချွန်သည် လက်မောင်းမှ များပြားလှစွာသောသွေးကြောများအတွင်းတိုးဝင်သွားပြီး အပ်ကအရေပြားထဲသို့ ဖြည်းဖြည်းချင်းဝင်ရောက်သွားခဲ့သည်။ သူသည် အပ်ကိုထိုးသွင်းလိုက်ပြီး ဆေးအများစုကဝင်ရောက်သွားသော်လည်း ကျန်သည့်ဆေးရည်များကိုမူမထိုးသွင်းနိုင်ခဲ့ပေ။
သို့သော်လည်း heatကာလကပြင်းထန်လွန်းနေပြီး ထိုးသွင်းလိုက်သည့်ဆေးနှင့်လည်းလုံလောက်ပြီဖြစ်ရာ ဆေးကျန်နေသည့်တိုင် ကိစ္စမရှိပေ။
ဖုယွမ်ကျိုးမှာ အပြင်းအထန်ခံစားနေရပြီး စိတ်ဓာတ်ကျလာခဲ့၏။ သူ ဒေါက်တာစွင်းကိုဖုန်းခေါ်ပြီး တားဆေးယူလာခိုင်းမည်ဟုဆုံးဖြတ်လိုက်သည်။
သူ ရှဲ့လင်ကိုတွေးမိသေးသော်လည်း ရှဲ့လင်ကဆေးရုံတွင်ရှိနေလောက်သည်။ ဆေးရုံကသူ့အိမ်နှင့်ဝေးပြီး သူ့ဘက်မှလည်းကြာကြာစောင့်နိုင်မည်မဟုတ်ပေ။ ဒေါက်တာစွင်းကိုလာခိုင်းလိုက်ခြင်းကသာပိုသင့်တော်ပြီး သူမကဘီတာဖြစ်သောကြောင့် ပိုလုံခြုံနိုင်သည်။
ဖုန်း...အခုလေးတင်ပစ်လိုက်မိတာ...
ဖုယွမ်ကျိုး ဒယိမ်းဒယိုင်နှင့်ထလိုက်သည်၊၊ မျက်လုံးထဲမှရေငွေ့များက မြူလွှာထုတစ်ခုဖြစ်တည်နေပြီး သူ့အမြင်အာရုံကိုဖုံးကာထားခဲ့သည်။ ပတ်ဝန်းကျင်ကိုသေချာမမြင်နိုင်သောကြောင့် ဖုန်းကို မည်သည့်နေရာတွင်ချမိမှန်းပင်သေချာမသိတော့ပေ။
အိမ်ဖုန်းကနေပဲခေါ်တော့မယ်။
သူဖုန်းခေါ်ရန်စဥ်းစားလိုက်သေးသော်လည်း ညကောင်းကင်ယံတွင် ရုတ်တရက်လျှပ်စီးလက်သွားပြီး ဗီလာတစ်ခုလုံးအမှောင်ကျသွားခဲ့သည်။ မီးပြတ်သွားခြင်းဖြစ်လိမ့်မည်။
ဗီလာတစ်ခုတည်းမဟုတ်။ လမ်းမီးများနှင့် မျက်နှာချင်းဆိုင်မှဗီလာပင်မှောင်မည်းသွားခဲ့သည်။ မိုးကြီးနေခြင်းကြောင့် တရပ်ကွက်လုံး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ခြင်းပင်။
လျှပ်စီးလက်ပြီးသည့်နောက် မိုးချုန်းသံပေါ်လာသည်။ မှောင်မိုက်သည့်မိုးသည်းညတွင် ထိုအသံတစ်ခုတည်းကသာပဲ့တင်ထပ်သွားခဲ့၏။ ဖုယွမ်ကျိုးမှာ နေရာတွင်ပင်တောင့်ခဲနေခဲ့သည်၊၊ သူ၏စိတ်အတွင်းပိုင်းရှိအကြောက်တရားသည် အမှောင်ထုအတွင်း အဆုံးမရှိကြီးထွားလာပြီး မေ့မြောသွားမတတ်ပင်။ အဖျားက တကိုယ်လုံးကိုမသက်မသာဖြစ်နိုင်သည်အထိဝါးမြိုထားပြီး မတန်မရာမှန်းဆချက်အရ ကိုမာဝင်နိုင်ချေရှိနေ၏။
"တင်းတောင်"
ရုတ်တရက် တံခါးဘဲလ်သံထွက်လာခဲ့သည်။ ဖုယွမ်ကျိုးမှာ တခဏမျှထိတ်လန့်နေလေ၏။ သူ့ခမျာ မတ်တပ်ပင်သေချာမရပ်နိုင်တော့ဘဲ ပြန်အော်လိုက်ရန်ပင်မေ့သွားပြီး ကြမ်းပြင်ပေါ်သို့တိုက်ရိုက်လဲကျသွားတော့သည်။
တံခါးအပြင်မှလူက တံခါးခေါက်နေသည်ကိုရပ်လိုက်ပြီးပြတင်းတံခါးမှန်ရှိရာကို ချက်ချင်းရောက်လာ၏။ ထိုသူကပြတင်းမှန်ကို ခွဲပစ်လိုက်ပြီး လျှပ်စီးအလင်းရောင်က ဖျတ်ကနဲလက်သွားသည့်အခါ ရောက်လာသူ၏မျက်နှာကို ခပ်ဝါးဝါးမြင်ခွင့်လိုက်ရသည်။
ထိုသူကရှန်းရှီကောပင်။
ရှန်းရှီကောတကိုယ်လုံးမှာ ရွှဲနင့်နေပြီး အမြင်မတော်သည့်အနေအထားဖြစ်နေလေသည်။ ၎င်းက မှန်တံခါးသော့ကိုဖွင့်ကာ အိမ်ထဲဝင်လာခဲ့၏။
သူအထဲရောက်သည်နှင့် မက်မွန်သီးအနံ့ဖယ်ရိုမုန်းက နှာခေါင်းဝသို့တဟုန်ထိုးဝင်လာခဲ့သည်။ ယင်းက လှုံ့ဆော်မှုပြင်းထန်နေသောကြောင့် သူကတုံ့ခနဲရပ်လိုက်မိသည်။
လျှပ်စီးအလင်းရောင်ကြောင့် ဧည့်ခန်းထဲတွင်လင်းကနဲဖြစ်သွားပြီး မိုဘိုင်းဖုန်းကိုရှာတွေ့သွားခဲ့သည်။ ရှန်းရှီကောသည် သနားစရာကောင်းစွာထိုင်နေသောဖုယွမ်ကျိုးကိုမြင်လိုက်ရပြီး မျက်လုံးထဲတွင် စိုးရိမ်မှုအပြည့်ဖြင့်ခေါ်လာလေသည်။
"ယွမ်ကျိုး..."
"ဘာလို့...ငါ့အိမ်ထဲကိုဖောက်ဝင်လာတာလဲ...အာ့..."
ရှန်းရှီကောကိုတွေ့ပြီး ဖုယွမ်ကျိုးမှာ ကြောက်လန့်စိတ်ရော ဒွိဟဖြစ်မှုကိုပါ ရောထွေးပြီးခံစားလိုက်ရ၏။ အဆိုပါ နှစ်ပင်လိမ်နေသည့်ခံစားချက်က သူ့အားရူးသွပ်သွားစေနိုင်သည်။ သူသည်ကား တုန်လှုပ်နေပြီး ကြမ်းပြင်ပေါ်တွင်ထိုင်လျက်ဖြင့် နောက်ဆုတ်သွားကာ အားမရှိသည့်အသံဖြင့်ခပ်တိုးတိုးပြောလိုက်သည်။
"ဒီနားကိုမလာနဲ့!"
"ပြတင်းပေါက်နားမှာ မင်းမေ့လဲသွားကို ကိုယ်မြင်လိုက်လို့ပါ..ဒီနေ့အိမ်မှာ မင်းတစ်ယောက်တည်းပဲရှိမယ်ဆိုတာကိုယ်သိတယ်...ကိုယ်အရမ်းစိတ်ပူလာလို့ လာကြည့်တာပါ.."
ဖုယွမ်ကျိုးမှာ ရေချိုးပြီးသည့်နောက် ရေလဲဝတ်ရုံတစ်ထည်တည်းကိုသာဝတ်ထားခဲ့ပြီး ယခု သူ့ပုံစံက မတော်တရော်ဖြစ်နေလေသည်။ ခြေတံသွယ်သွယ်နှင့် သင့်တင့်သည့်အသားအရေကိုမြင်တွေ့နေရပြီး လှပသည့်မျက်နှာလေးကလည်းနီမြန်းနေလေသည်။ အသက်ရှူသံက မသိမသာမြန်နေကာ မျက်လွှာချထားသေးသည်၊၊ ထိခိုက်လွယ်ပြီး ရွေ့လျားနေသည့် လက်ရာမြောက်ရုပ်ထုတစ်ခုလိုပင်။
"....."
ရှန်းရှီကော၏လည်စလုတ်လေးက လှုပ်ခတ်သွားခဲ့သည်။ သူနောက်တကြိမ်စကားပြောလာသည့်အခိုက် အသံကပို၍ပင် အက်ကွဲလာပြီးမျက်လုံးများကလည်းနက်မှောင်လာလေသည်။
"မင်း...heatကာလရောက်နေတာလား..."
"မင်းနဲ့ဘာမှမဆိုင်ဘူး.."
ဖုယွမ်ကျိုးက လက်ဖြင့်မျက်နှာကိုအုပ်ကာ ဘောလုံးလေးလိုကွေးနေလိုက်လေ၏။
"မင်းအမြန်...."
"ကိုယ်မင်းကိုထိခိုက်အောင်လုပ်မလို့မဟုတ်ပါဘူး...ကိုယ်မင်းကိုကူညီချင်ရုံပါ..."
ဤတကြိမ်၌ ရှန်းရှီကောကသူ့စကားကိုနားမထောင်တော့ဘဲ ဖြည်းညှင်းစွာဖြင့်အနားရောက်လာပြီးမေးလာချေသည်။
"မင်းအိမ်က ထိန်းချုပ်တဲ့ဆေးထိုးအပ်တွေဘယ်မှာလဲ...သွားယူပေးမယ်..."
ဖုယွမ်ကျိုးက သူ့ကိုယ်သူပိုက်ထားရင်း မျက်နှာကိုဒူးနှစ်လုံးကြားဝှက်ထားလိုက်သည်။ စကားပြောရန်အင်အားမကျန်တော့သလို ရှန်းရှီကောကိုလျစ်လျူရှုထားလေ၏။
'ဖျတ်' ဆိုသည့်အသံဖြင့် မီးများကပြန်လင်းလာခဲ့သည်။ ရှန်းရှီကောက မျက်စိကျိန်းသွားသလိုမျက်လုံးမှိတ်လိုက်၏။ နောက်တခါပြန်ဖွင့်လိုက်မှ အားလုံးကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရပြီး ဖုယွမ်ကျိုးလက်မောင်းပေါ်မှ အပ်ပေါက်ရာမနည်းမနောကိုလည်းမြင်လိုက်ရသည်။
ဆေးသေတ္တာက ကြမ်းပြင်ပေါ်တွင်ပြုတ်ကျနေပြီး အထဲမှပစ္စည်းများမှာလည်း ပြန့်ကျဲနေလေပြီ။ ထိန်းချုပ်သည့်ဆေးထိုးအပ်ကိရိယာနှစ်ခုကိုလည်းမြင်လိုက်ရ၏။ တစ်ခုက ကျိုးနေပြီး ကျန်တစ်ခုကမူ ထိုးထားခဲ့သည်။ အထဲတွင်ဆေးနည်းနည်းကျန်နေပြီး ၎င်းက အယ်လ်ဖာအတွက်ပင်။
ဖုယွမ်ကျိုးလက်မောင်းပေါ်မှဒဏ်ရာက သူ့အားစိတ်မသက်မသာဖြစ်စေလေသည်။ သူအနားကပ်ပြီး အနီးကပ်ကြည့်လိုက်၏။ ရုတ်ချည်းပင် ၎င်းက ဆေးထိုးအပ်အရာများဖြစ်ပြီး လက်မောင်းပေါ်တွင် ခပ်သေးသေးအပ်ပေါက်ရာရှိနေမှန်းသူသဘောပေါက်လိုက်သည်။ ဖုယွမ်ကျိုးကိုယ်တိုင် အဆိုပါတားဆေးကိုထိုးခဲ့သော်လည်း အဖျားကြောင့် စိတ်မငြိမ်ဖြစ်ခဲ့မှန်းသိသာနေ၏။
"ဟင်း..."
ဖုယွမ်ကျိုးမှာ အတော်လေး နေရခက်နေပြီး လည်ချောင်းထဲမှ တိုးလျသည့်ညည်းညူသံကိုထုတ်လိုက်မိသည်။ မက်မွန်သီးအနံ့ဖယ်ရိုမုန်းက စွဲလန်းဖွယ်ဖြစ်ပြီး ရှန်းရှီကောကိုယ်တိုင်လည်း ထိုအနံ့ကိုနှစ်သက်သည်။ အိုမီဂါအနံ့ဖြစ်နေရုံပင်မက သူနှင့်လည်းအဆင်ပြေပြီး သူ့အားတမဟုတ်ချင်းဆွဲဆောင်နိုင်သည်။
အထူးသဖြင့် ရှောင်ချီးဟုခေါ်သည့် သူ့အရှေ့မှဖုယွမ်ကျိုးကြောင့်ပင်။
"ဂျိန်း...."
နောက်ထပ်မိုးချုန်းသံထွက်လာပြန်ပြီး လေနီကြမ်းက ပြတင်းမှန်မှတဆင့် အိမ်ထဲဝင်လာခဲ့သည်။ ရှန်းရှီကောက ဖုယွမ်ကျိုးကိုပွေ့ကာ အနွေးဓာတ်ရှိသည့်အိပ်ရာထဲသို့သယ်သွားလိုက်၏။
သူဖုယွမ်ကျိုးကို အိပ်ရာပေါ်တွင်ချပြီး သူက ကုတင်အစွန်းတွင်ထိုင်လိုက်ချိန် ဖုယွမ်ကျိုးက ရုတ်တရက် သူ့လက်ကိုလှမ်းဆွဲလာသည်။
ဖုယွမ်ကျိုးက သတိလစ်နေခဲ့သည်။ အဖျား၊ heatကာလနှင့် အကြောက်တရားတို့က သူ့အားအိပ်မက်လိုလို မူးဝေနေသလို အသိစိတ်တဝက်သာရှိသည့်အခြေအနေသို့ကျရောက်စေခဲ့သည်။ သူဘာလုပ်နေမိမှန်းလည်းမသိသလို သူ့အနားမှလူကိုလည်းမသိပေ။ သူစိတ်သက်သာရသလိုခံစားနေရသောကြောင့် ရှန်းရှီကောကိုဆွဲထားမိပြီး သူ့ဘက်မှအရင် ရှန်းရှီကောကိုမှီထားခဲ့သည်။
ထိုအခိုက်အတန့်လေးအတွင်းမှာပင် ရှန်းရှီကော၏သည်းခံနိုင်စွမ်းနှင့် ကိုယ်ကျင့်တရားတို့က အလုံးစုံပြိုလဲသွားခဲ့ရ၏။
သူသည်ခေါင်းကိုငုံ့ကိုင်းလိုက်ပြီး ဖုယွမ်ကျိုးနှုတ်ခမ်းတို့ကို နင့်နင့်နဲနဲ နမ်းရှိုက်လိုက်၏။ သူတို့နှုတ်ခမ်းအစုံက ထပ်တူကျသွားချိန်တွင် ကိုယ်အတွင်းထဲရှိဆဲလ်တို့က တက်ကြွလာပြီး ရူးသွပ်သွားကြပုံရသည်။ လွန်ကဲနေသည့်ပျော်ရွှင်မှုနှင့်အချစ်တို့က သူ့ဝိညာဥ်ကိုပင်လောင်ကျွမ်းလာစေခဲ့သည်။
သူချစ်ရသည့်သူက သူ့အားအချိန်အကြာကြီး ရှောင်ဖယ်ပြီးကြောက်ရွံ့နေခဲ့ပြီး ယခုတော့ ထိုသူကသူနှင့်အနီးကပ်ဆုံးတွင်ရှိနေပြီ။ ထိုအခိုက်အတန့်လေးအတွင်း ရှန်းရှီကောမှာ အသည်းအသန်ငိုကြွေးချင်စိတ်ဖြစ်လာရကာ မျက်လုံးများပင်နီမြန်းလာခဲ့သည်။
ထိန်းသိမ်းရေးဆေးထိုးအပ်များက အလုပ်မဖြစ်တော့ပေ၊ ဖုယွမ်ကျိုးကိုနမ်းနေခြင်းကပင် ထိုသူကို သူ့ဖယ်ရိုမုန်းများအားပေးနေခြင်းဖြစ်ပြီး heatကာလကိုတည်ငြိမ်သွားစေခဲ့သည်။ နှုတ်ခမ်းနှင့်သွားတို့က ထိစပ်နေရင်း ရှန်းရှီကောနှင့်ဖုယွမ်ကျိုးတို့သည် ဖယ်ရိုမုန်းတို့ကိုဖလှယ်နေခဲ့၏။အဖျားမှသယ်ဆောင်လာသည့် heatကာလက အလွန်အမင်းပြင်းထန်ပြီး သူ့ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေခဲ့သည်။အနမ်းမှတဆင့်ဖယ်ရိုမုန်းပေးခြင်းက ဖုယွမ်ကျိုး၏heatကာလကို တည်ငြိမ်အောင်မလုပ်ပေးနိုင်ခဲ့ပေ။
သည့်အပြင် ရှန်းရှီကော၏ဖယ်ရိုမုန်းများက ပြင်းထန်သည့်လှုံ့ဆော်မှုကိုပေးသည်။ ၎င်းက အန္တရာယ်များသည်။ အဆင့်အတန်းမြင့်သလိုခံစားရစေပြီး စွဲလန်းသွားနိုင်လောက်သည့်အငွေ့အသက်ရှိသည်။ ကြောက်စိတ်ကို မွှေနှောက်ပစ်နိုင်ရုံမက ဖုယွမ်ကျိုးကိုပိုပြီးဆာလောင်လာစေ၏။
"ယွမ်ကျိုး..."
ရှန်းရှီကောက ဖုယွမ်ကျိုးကိုလွှတ်ပေးလိုက်ပြီး နားထဲသို့ကပ်ပြောလိုက်လေ၏။
"မင်းယာယီအမှတ်အသားလုပ်ဖို့လိုသေးလား..."
ဖယ်ရိုမုန်းအနံ့ရလိုက်ပြီးသည့်အခါ ဖုယွမ်ကျိုးမှာ အနည်းငယ်ခန့်အသိစိတ်ဝင်လာပြီး "ယာယီအမှတ်အသား" ဆိုသည့်စကားလုံးကို မရေမရာကြားလိုက်ရသည်။ ထိုစကားလုံးလေးကပင် သူ၏ အကြောင်းပြချက်ကို တပိုင်းတစအသိပေးလိုက်သလိုပင်။
ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်မားခြင်းက အယ်လ်ဖာဖယ်ရိုမုန်းများအပေါ် အလွယ်တကူမှီခိုနိုင်သည်။ ရှန်းရှီကောသာ သူ့ကိုယာယီအမှတ်အသားပေးလိုက်လျှင်...သူသာရှန်းရှီကော၏ဖယ်ရိုမုန်းအနံ့ကိုစွဲလန်းသွားလျှင်...။
သူ့မျက်လုံးများက ပျာတိပျာယာလှုပ်ရှားသွားလင့်ကစား အားနည်းလွန်းနေသောကြောင့် မသိသာခဲ့ပေ၊ သူသည်ကား အားနည်းထိတ်လန့်နေသည့်အမူအရာဖြင့်ပြောလိုက်၏။
"မလိုဘူး..."
"မကြောက်ပါနဲ့...ယွမ်ကျိုး..ကိုယ်မင်းကိုမထိခိုက်စေရပါဘူး...ကိုယ်မင်းကိုယာယီအမှတ်အသားလေးပဲပေးမှာပါ..."
ရှန်းရှီကောက သူ့ကိုယ်ကိုတဖက်လှည့်ခိုင်းပြီး ဂုတ်မှဆံပင်တို့ကိုအသာဖယ်လိုက်သည်။ ထိန်းသိမ်းသည့်လည်ပတ်ကိုဖယ်လိုက်သည့်အခါ ချိုမြိန်သည့်မက်မွန်ရနံ့က သူ့မျက်နှာကိုလာရိုက်ခတ်သည်။ ရှန်းရှီကောက သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့၍ အောရှနေသည့်အသံဖြင့်ပြောလာ၏။
"ငြိမ်ငြိမ်နေ...လိမ္မာတယ်..."
"မလုပ်နဲ့...ရှန်းရှီကော...ရှန်းရှီကော...အား.."
ဖုယွမ်ကျိုး၏ ရုန်းကန်နေမှုကလျစ်လျူရှုခံလိုက်ရပြီး ရှန်းရှီကောကသူ့အား အိပ်ရာထက်တွင်ဖိချလိုက်သည်။ သူ့အသံကတိုးသွားပြီး ဤအခိုက်အတန့်လေးကိုအခွင့်ကောင်းယူကာ ရှန်းရှီကောက သူ့ဖယ်ရိုမုန်းများကိုထုတ်လိုက်သည်။ ပြင်းပြသည့်ရနံ့က တခန်းလုံးအနှံ့ပျံ့သွားခဲ့ပြီး နောက်ဆုံးတော့ ဖုယွမ်ကျိုး ထိုအနံ့ကိုမှတ်မိလိုက်ပြီ။
ယင်းက မန်ဒလာပန်းအနံ့ပင်။
လှပထည်ဝါသည့်ရနံ့သည် စွဲမက်ယစ်မူးဖွယ်ဖြစ်ပြီး ရှူသွင်းလိုက်တိုင်းစိတ်ချောက်ခြားစရာဖြစ်လာစေ၏။
ရှန်းရှီကောက ခေါင်းငုံ့ကာ သူ့ဂလင်းကိုကိုက်လိုက်ပြီး ၎င်း၏ကိုယ်ပိုင်ဖယ်ရိုမုန်းများဖြင့် ထိုးသွင်းလိုက်သည်။
ယာယီအမှတ်အသားက နောက်ဆုံးတော့ပေါ်လာခဲ့ပြီ။ မက်မွန်းသီးရနံ့ကလေထဲမှ လုံးဝပျောက်သွားလေ၏။ ဖုယွမ်ကျိုးမှာ ထိတ်လန့်သွားရပြီး ချက်ချင်းရုန်းထွက်လိုက်သည်။ ရှန်းရှီကောကသူ့လက်ကိုချုပ်ထားပြီး ၎င်း၏ပါးလွှာသည့်နှုတ်ခမ်းတွင် သွေးစအချို့ရှိနေခဲ့သည်၊၊ သို့တစေ သူ့အား နမ်းလိုက်ပြီးနောက် အင်မတန်ပေါ့ပါးအေးဆေးသည့်အမူအရာရှိနေ၏။ သူသည် ဖုယွမ်ကျိုးနှုတ်ခမ်းတို့ကိုနမ်းလိုက်ပြီး နူးနူးညံ့ညံ့လေးခေါ်လိုက်သည်။
"ရှောင်ချီး..."
ကိုယ့်ရဲ့ရှောင်ချီး...
"ဝေါ..."
ပြတင်းအပြင်မှ မိုးသက်မုန်တိုင်းက မစဲသွားသေးပေ။