Chapter 166
Viewers 12k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 166

ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံသူတွေအတွက် ၁၀၀ရာခိုင်နှုန်း ဆွဲဆောင်မှု (၂)



ရှောင်ပိုင်က သူ့အား နေထိုင်ရန် စီစဉ်ပေးသည့် နေရာကို ဂရုမစိုက်ပေ။ သူက မြင့်မားတောင်ထိပ်က မည်သည့်နေရာတွင်ရှိသည်ကို သိပေသည်။ 

အဲ့တော့ ဘာဖြစ်လဲ... ဖေးကွမ်းက ငါ့ကို မြင့်မားတောင်ထိပ်ကို ပို့ပြီးတာနဲ့ ငါ လွင့်မျော ဥယျာဥ်ဆီကို ခိုးထွက်လို့ရတယ်လေ...


ယနေ့ ဂိုဏ်းမှထွက်၍မရသော စွေ့ချီချောင်းသည်လည်း လွင့်မျောဥယျာဥ်ဆီသို့ ပြန်လာလိုက်သည်။ သူ ခြံဝန်းထဲတွင် ရပ်နေစဉ်၌ ရှောင်ပိုင်က သူ့ကိုနောက်မှ ခုန်အုပ်လိုက်သည်။ သူက စွေ့ချီချောင်းအား ထိလိုက်သည့် အခိုက်အတန့်မှာပင် ကြောင်တစ်ကောင်အဖြစ် ပြောင်းသွားပြီး စွေ့ချီချောင်းကို မြေပြင်ပေါ်တွင် ဖိထားလိုက်သည်။ 


ဒါက အရမ်းကို... ခံစားလို့ကောင်းတာပဲ....


၎င်းက ရှောင်ပိုင် စိတ်ကူးယဉ်နေခဲ့ရသည့် မြင်ကွင်းဖြစ်လေသည်။ 

သူက ကြောင်ကြီးတစ်ကောင်အဖြစ် ပြောင်းပြီးတော့ စွေ့ချီချောင်းကို သူ့လက်ဖဝါးထဲမှာ ထည့်ထားမှာ... 


ရှောင်ပိုင်က စွေ့ချီချောင်းကို ဂရုတစိုက် ဆွဲလှည့်လိုက်ပြီး သူ့လက်ဖဝါးကြီးဖြင့် စွေ့ချီချောင်း၏ ရင်ဘတ်ကို ဖိထားလိုက်သည်။ ကြောင်၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ရွှတ်နောက်နောက်ဖြင့် မေးလိုက်သည်။ 

"ထန်ဝေ့ ဆုံးသွားတာ တော်တော်ကိုကြာနေပြီ... မင်း သူ့ကို လွမ်းရောလွမ်းရဲ့လား..."


စွေ့ချီချောင်းက အနည်းငယ် ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။ ရှောင်ပိုင်၏ ရုပ်သေးရုပ်က မတော်တဆတစ်ခုဖြစ်သွားရပေမည်။ ရှောင်ပိုင်က စွေ့ချီချောင်းကို တွေ့တွေ့ချင်း လျှာဖြင့်လျက်လာရာ သူ့အားတွေ့ရန် အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်နိုင်ပေသည်။ 

အခု ရှောင်ပိုင်က စွေ့ချီချောင်းကို သူ့ကို လွမ်းလားလို့ မေးလာတော့... 


စွေ့ချီချောင်းက ခေတ္တမျှ တိတ်ဆိတ်နေကာ ဆိုလိုက်သည်။ 

"ငါမင်းကို တကယ်လွမ်းပါတယ်..."


စွေ့ချီချောင်းမှာ မှတ်ဉာဏ်တုလေယာဉ်လေးခုကို ဖြတ်လာပြီး ဖြစ်သည်။ သူက ဤမှတ်ဉာဏ်တုလေယာဉ်များထဲတွင် ဆယ်စုနှစ်များစွာ နေထိုင်လာပြီး ရှောင်ပိုင်သည်လည်း သူနှင့် အမြဲတမ်း အတူတူရှိခဲ့သည်။ အစပိုင်းတွင် ရှောင်ပိုင်က သူနှင့်လက်ပွန်းတတီးနေရသည့် ရည်ရွယ်ချက်ကို သံသယဝင်ခဲ့မိလျှင်ပင် သူက တဖြည်းဖြည်းနှင့် ရှောင်ပိုင်အား ရင်းနှီးလာပေသည်။ လက်ရှိအချိန်တွင် စွေ့ချီချောင်းမှာ ရှောင်ပိုင်အား အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အဖြစ် မပြုမူမိရန်မှာ ခက်ခဲပေသည်။ ရှောင်ပိုင်က သူ၏အပေါင်းအဖော်ဟုလည်း ယူဆ၍ ရနိုင်၏။ 


ရှောင်ပိုင်က သူကြားချင်သည်ကို ကြားပြီးနောက် သူ့လက်ဖဝါးကို ဆန့်ထုတ်ကာ လက်သည်းများထုတ်ပြီး စွေ့ချီချောင်း၏အင်္ကျီကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် သူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် အသံပြုနေပြီး နှစ်ကြိမ်တိုင်တိုင် အော်မရယ်ဘဲ နေနိုင်ချေ။ 


စွေ့ချီချောင်းက ရှောင်ပိုင်၏ အထိအတွေ့ကို ရုန်းကန်ရန် ရည်ရွယ်ချက်မရှိသော်လည်း ရှောင်ပိုင်ကို တားမြစ်ရန် လက်ဆန့်လိုက်မိသည်။ သူ ဤသို့ ပြုလုပ်ရခြင်းမှာ ရှောင်ပိုင်၏ လက်သည်းများက အလွန်ချွန်နေရာ သူ့အဝတ်များကို ကုတ်မိလုနီးပါး ဖြစ်၍ပင်။ သို့ဖြစ်ရာ စွေ့ချီချောင်းက သူ့အဝတ်များကို ကိုယ်တိုင်ချွတ်ရန် ဆုံးဖြတ်လိုက်သည်။ 


ရှောင်ပိုင်က စွေ့ချီချောင်း၏ အဝတ်များအားလုံးကို ချွတ်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာထိုင်ချပြီး သူ့လက်သည်းများကို မြှောက်ကာ သူတို့၏ အရွယ်အစား ကွာခြားချက်ကို လက်ဟန်ခြေဟန်နှင့် ပြလိုက်သည်။ အကြမ်းဖျင်းနှိုင်းယှဉ်ပြီးနောက် သူတို့၏ ခန္ဓာကိုယ် ကွာခြားချက်နှင့် ပတ်သတ်၍ ရှောင်ပိုင်က အလွန်ပျော်လာသည်ဟု ခံစားလိုက်ရသည်။ 


"မင်း ဘာဖြစ်သွားတာလဲ..."

စွေ့ချီချောင်းက ရှောင်ပိုင်၏ လက်ဖဝါးကို ပွတ်သပ်လိုက်သည်။ 


"LJJက ငါ့ကို ဖမ်းဖို့ ကြံစည်နေတာ... အဲ့တော့ ငါက အမတထန်ဝေ့ရဲ့ dataတွေကို ဖျက်ပစ်လိုက်ပြီး ငါ့dataတွေကို နောက်ထပ် ဇာတ်ကောင်တစ်ယောက်ထဲကို ပြန်ထည့်လိုက်တာ..."

ရှောင်ပိုင်က သာမန်ကာလျှံကာ ဆိုလိုက်သည်။ 

"အဲဒါကြောင့် ငါအခုမှ လိုင်းပေါ်တက်လို့ရတာ..."


သူက စွေ့ချီချောင်း၏ အိတ်ဆောင်အရွယ်လှိုဏ်ဂူများနှင့် နတ်ဆိုးနယ်မြေထဲရှိ လယ်ကွင်းများကိုလည်း တွေးမိပေသည်။ သို့ဖြစ်၍ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ခွန်အားကြီး နတ်ဆိုးအကြီးအကဲတစ်ဦးကို ဒီဇိုင်းဆွဲလိုက်ခြင်း ဖြစ်သည်။ ဤသည်က သူ၏ တစ်ကိုယ်ကောင်ဆန်သည့် ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရုံသာမက စွေ့ချီချောင်းကို သူအလိုရှိသည့် မြေများ ပြန်ရရှိရန်လည်း ခွင့်ပြုပေးပေမည်။ 


ရှောင်ပိုင်က စွေ့ချီချောင်းကို ထိုအကြောင်း မပြောပြလိုက်သော်လည်း စွေ့ချီချောင်းက ရှောင်ပိုင်က ဘာလုပ်ရန်ကြိုးစားနေသည်ကို နားလည်ပေသည်။ 

"မင်းရဲ့ ကြိုးစားမှုတွေအတွက် ကျေးဇူးပါ.... ဒါပေမဲ့ ဒီနည်းနဲ့ဆိုရင် LJJကတော့ မင်းရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြဿနာတက်ဦးမယ် ထင်တယ်..."


"သူတို့က ငါ့ကြောင့် ပြဿနာတက်နေတာ ကြာပါပြီ..."

ရှောင်ပိုင်က ဆိုလိုက်သည်။ စွေ့ချီချောင်းက သူ့၏ ရည်ရွယ်ချက်များကို ဖောက်ထွင်းမြင်နိုင်ရာ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပွင့်လန်းလာသည်ဟု ခံစားရပေသည်။


အမှန်တွင် LJJ က ရှောင်ပိုင်၏ ခြေရာများကို သတိပြုမိသော အချိန်မှစ၍ သူတို့က ရှောင်ပိုင်မှာ မှတ်ဉာဏ်တုလေယာဉ်ထဲသို့ ဝင်ရောက်ကာ သူ့၏ ကိုယ်ပိုင် ဇာတ်ကောင်ကို တည်ဆောက်ရန် ကြံစည်နေသည်ကို သဘောပေါက်ပေသည်။ ထိုအချိန်မှစ၍ LJJအတွင်းမှ အရာရာတိုင်းက မုန်တိုင်းတစ်ခုသဖွယ် ရှုပ်ထွေးနေပေသည်။ ထိုအချိန်တွင် ရှောင်ပိုင်က စိတ်လှုပ်ရှားနေ၏။ ထိုခံစားချက်များက စွေ့ချီချောင်းကို အနိုင်ကျင့်ရန်အတွက် သူ့အား မှတ်ဉာဏ်တုလေယာဉ်နောက်တစ်ခုပေါ်သို့ ဆင်းသွားရန် တွန်းအားပေးနေလေသည်။ 


သူ၏လူသားပုံစံက စွေ့ချီချောင်းနှင့် ရင်းနှီးသွားပြီးနောက် ရှောင်ပိုင်မှာ သူ့၏ stockholm syndromeမှာ ပိုပို၍ ဆိုးလာသည်ဟု ခံစားရပေသည်။ သူ့၏ စိတ်ဓာတ်မှာ အနည်းငယ် ပျက်ပြားသွားသည်ဟုပင် ခံစားရ၏။ ဆိုလိုသည်မှာ စွေ့ချီချောင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပြုလုပ်ရသည်ကို သူက ပိုပို၍ စွဲလမ်းလာသည်ပင်။ 


ဤသည်က အလွန်ထူးဆန်းသည်ဟု ခံစားရပေသည်။ စွေ့ချီချောင်းမှာ လူသားများနှင့်ဆိုပါက အထူးတင်းကြပ်၏။ သူက လူသားများအပေါ် ရံဖန်ရံခါသာ ကြင်နာတတ်သည်။  စွေ့ချီချောင်း ညင်ညင်သာသာ ဆက်ဆံလာချိန်တွင် သူက အလွန်ကောင်းကောင်းမွန်မွန် ပြုမူနေသည်ဟု ခံစားရပေမည်။ ထို့ကြောင့်ပင် ရှောင်ပိုင်က စွေ့ချီချောင်းမှာ သူ့အပေါ်တွင် စိတ်ဓာတ်ထိန်းချုပ်ရေး နည်းလမ်းအချို့ကို အသုံးပြုနေသည်ဟု ခံစားရခြင်း ဖြစ်ပေမည်။ 


ကြောင်နတ်ဆိုးဇာတ်ဆောင်၏ ပုံစံငယ်တွင် သူထည့်သွင်းထားသော အကျင့်စရိုက်များမှာ သူ့အပြုအမူများ၏ လွှမ်းမိုးမှုကို အနည်းငယ်ခံရပေသည်။ ထို့အပြင် ၄င်းမှာ ရှောင်ပိုင်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်၍လည်း ဖြစ်ပေသည်။  ရှောင်ပိုင်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်သည်ကို လူအများကလည်း သိကြသည်။ ဤသည်မှာ သူ LJJကို ဟက်ရသည့် အကြောင်းအရင်းဖြစ်သည်။ 


သူက ပုံမှန်အရာတစ်ခုကို ပြုလုပ်နေလျှင်ပင် လူသားပုံစံဖြင့် စွေ့ချီချောင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပြုလုပ်မိလျှင် သူကြောင်ဖြစ်နေစဉ်ကနှင့် အနည်းငယ် ခြားနားသည်ဟု ခံစားရပေသည်။ ရှောင်ပိုင်က စွေ့ချီချောင်းမှာ သူ့အား ကြောင်တစ်ကောင်သဖွယ် ပြုမူရဲရာ စွေ့ချီချောင်းကို မကျေမနပ်ဖြစ်ခဲ့ဖူးသည်။ သို့သော် လက်ရှိတွင် စွေ့ချီချောင်းက သူ့အား ကြောင်တစ်ကောင်သဖွယ် ပြုမူနေသောအခါ သူက အနည်းငယ် အပျော်လွန်နေသည်ဟု ခံစားရပေသည်။ တစ်ချိန်တည်းမှာပင် သူက အနည်းငယ်လည်း မကျေမနပ်ဖြစ်နေပေသည်။ 


စွေ့ချီချောင်းက ငါ ကြောင်တစ်ကောင်မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရဲ့သားနဲ့...


နောက်ပိုင်းတွင် LJJက သူ့ကို သူတို့၏ ဆာဗာမှ ဖယ်ရှားရန် ကြိုးစားသည့်အခါ သူက သူ့ဖြစ်တည်မှု၏ အထောက်အထားများကို ဖျက်ပစ်ရန်လိုပေသည်။ သူက စွန့်စားမှုပြုလုပ်ကာ LJJ၏ ဆာဗာများအတွင်း ထပ်မဝင်သင့်ဟု ပြောရန်မှာ ကျိုးကြောင်း ဆီလျော်ပေသည်။ သူက သူ့ကိုယ်သူလည်း ပြန်သုံးသပ်ကြည့်လိုက်၏။ သူက "အမတထန်ဝေ့"၏ သရုပ်မှန်ကို ယူလိုက်သည့် အချိန်မှစ၍ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း စတင်ဆုံးရှုံးလာသည်။ 


သို့သော် နောက်ဆုံးတွင် ရှောင်ပိုင်က ကျင့်ကြံရေးလောက မှတ်ဉာဏ်တုလေယာဉ်ပေါ်တွင် ထပ်မံမပေါ်လာဘဲ မနေနိုင်ချေ။ ဤတစ်ကြိမ်တွင် သူက အနေအထား ပိုမြင့်သော ဇာတ်ကောင်တစ်ကောင်ကို အသုံးပြုကာ ပေါ်လာပေသည်။ သူဤသို့ လုပ်ရသည်မှာ စွေ့ချီချောင်းရှေ့တွင် LJJထံမှ ထွက်ပြေးနေသည့်ပုံမပေါက်ချင်၍ ဖြစ်နိုင်၏။ 


စွေ့ချီချောင်းအား သူ မည်သို့ အတိအကျခံစားနေရသည်ကိုမူ မတွေးရဲချေ။ 


စွေ့ချီချောင်းမှာ အချိန်တိုအတွင်း ရှောင်ပိုင်၏ ခေါင်းထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည်ကို မသိပေ။ သူက ရှောင်ပိုင်၏ ကြည်လင်နေသော အပြာရောင် ကြောင်မျက်လုံးများက သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကိုသာ သိပေသည်။ ရှောင်ပိုင်က လူသားပုံစံနှင့် မည်သို့ရှိသည်ကို မြင်ဖူးပြီးဖြစ်ရာ ရှောင်ပိုင်၏မျက်နှာထက်တွင် မည်သည့်အမူအရာရှိနေမည်ကို မှန်းဆနိုင်ပေသည်။ 


စွေ့ချီချောင်းက ကြောင်၏ခေါင်းကို ထိလိုက်သည်။ သူက ရှောင်ပိုင်၏ ကြီးမားသော ကြောင်ခေါင်းကြီး၏ ပါးစပ်နားရှိ နေရာဖြစ်သည့် အစိတ်အပိုင်း အနည်းငယ်ကိုသာ ထိလိုက်နိုင်ပေသည်။ 

"ဂရုစိုက်... အဖမ်းမခံရစေနဲ့... မင်းအဖမ်းခံရရင် ငါက မင်းအတွက် ထောင်ဝင်စာ လာတွေ့တဲ့အခါ အစားအသောက်တစ်ဘူး ယူလာပေးနေရမှာ..."


ရှောင်ပိုင်၏ နှလုံးသားက အခုန်မြန်သွားပြီး ကြောင်အကြီးကြီးဖြစ်ရခြင်း၏ အဆင်မပြေမှုကို ထပ်မံ ခံစားလိုက်ရပေသည်။ သူ အမတထန်ဝေ့ ဖြစ်စဉ်က ပြုလုပ်ခဲ့သလိုမျိုး စွေ့ချီချောင်း၏ ကိုယ်ပေါ်တွင် ခေါင်းကို တင်ချင်သလိုထင်၍ မရပေ။ သူက တီးတိုးရေရွတ်လိုက်သည်။ 

"ငါက မင်းကို ထောင်ဝင်စာ လာတွေ့စေချင်တာလည်း မဟုတ်ပါဘူး..."


စွေ့ချီချောင်းက သူ့ကို အမှန်တကယ် တွေ့ချင်နေခြင်း ဖြစ်နေ၏။ 

ဟင်း... ငါတို့အတွက် အဲ့လိုလုပ်ဖို့ ခက်ခဲမှာက အရမ်းဆိုးတာပဲ... စွေ့ချီချောင်းက LJJနဲ့ စာချုပ် ချုပ်ထားပြီးပြီ... ငါက စွေ့ချီချောင်းနဲ့ ဘယ်လိုလုပ်ပြီး ခဏခဏ တွေ့လို့ရမှာလဲ...


စွေ့ချီချောင်းက ရှောင်ပိုင်နှင့် LJJကြားတွင် ဘာဖြစ်နေသည်ကို အတိအကျမသိရာ သူက အကြံမပေးမီတွင် တမင်ဆိုလိုက်သည်။ 

"မင်းက ဘယ်အချိန်မှာ ဒီလိုလုပ်တာ ရပ်သင့်သလဲဆိုတာ သိသင့်တယ်... သူတို့ မင်းကို ရှာတာကနေ ကာကွယ်လို့ရအောင် ငါ ဒီမှာ အများကြီး မပြောတော့ဘူး..."


ကိုယ်ရေးကိုယ်တာ ဥပဒေများကြောင့် အတွင်းရေး ကာကွယ်မှုစက် တပ်ဆင်ထားသော်လည်း LJJက ၄င်းကို ကျော်လွှားလိုလျှင် သေချာပေါက် နည်းလမ်းတစ်ခု ရှာနိုင်မည် ဖြစ်သည်။ 


ရှောင်ပိုင်က နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


"မင်းသာ ပြန်မလာရင် ငါက နတ်ဆိုးမျိုးနွယ်ကို ဆန့်ကျင်တော့မလို့..."

စွေ့ချီချောင်းက ရယ်မောကာ ရှောင်ပိုင်အား သူ၏ မူလအစီအစဉ်နှင့် ဂိုဏ်းချုပ်ယန်၏ အစီအစဉ်အကြောင်း ပြောပြလိုက်သည်။ 


ရှောင်ပိုင် - "..."


သီသီလေး ကပ်လွဲသွားတာပဲ... ရှောင်ပိုင်သာ အရမ်းနောက်ကျမှ ရောက်လာရင် နတ်ဆိုးနယ်မြေက လယ်ကွက်တွေအကုန် ပျောက်ကုန်တော့မှာပဲ... စွေ့ချီချောင်းတော့ အသေငိုနေတော့မှာ... 


"အခု မင်းပြန်လာပြီဆိုတော့....."

စွေ့ချီချောင်းက ရှောင်ပိုင်ကို ညင်သာစွာ ကြည့်လိုက်သည်။ 


ရှောင်ပိုင်က သူ့မျက်လုံးများကို ပြူးကျယ်နေအောင်ဖွင့်လိုက်သည်။

"အင်း..."


စွေ့ချီချောင်း - "မင်း ဘာလို့ အိတ်ဆောင်အရွယ် လှိုဏ်ဂူတွေကို မဖွင့်သေးတာလဲ... ခုဏတုန်းက ငါ့ကို ကူပြီး ဖွင့်ပေးမယ်လို့ ပြောတာမဟုတ်ဘူးလား..."


ရှောင်ပိုင် - "အိုး..."


....


"ဆရာတူအစ်မ... ကျွန်တော် ဒီကိစ္စကို အလေးအနက် စဉ်းစားကြည့်ပြီးပြီ... ကျွန်တော်က အကြီးအကဲယင်းကျန်းနဲ့ နတ်ဆိုးနယ်မြေကို ပြန်သွားလိုက်မယ်..."

စွေ့ချီချောင်းက ဂိုဏ်းချုပ်ယန်ကို တည်ငြိမ်စွာဆိုလိုက်သည်။ 


စွေ့ချီချောင်းက တည်ငြိမ်နေသော်လည်း ဂိုဏ်းချုပ်ယန်က သူနှင့် ဆန့်ကျင်စွာဖြင့် အလွန်အမင်း ထိတ်လန့်နေလေသည်။ သူက အလွန်ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ထုတ်လွတ်နေသည်။ 

"ငါ နင့်ကိုခေါ်သွားဖို့ ကွမ်းဖေးကို အခုပြောလိုက်မယ်... ငါအစီအရင်ကို စတော့မယ်..."


" ဆရာတူအစ်မ..."

စွေ့ချီချောင်းက ဂိုဏ်းချုပ်ယန်ကို တားမြစ်လိုက်သည်။ 

"ကျွန်တော်ပြောတာကို အထင်မလွဲပါနဲ့... ကျွန်တော်ရှင်းပြပါရစေ... အကြီးအကဲယင်းကျန်းက နတ်ဆိုးနယ်မြေထဲက တိရိစ္ဆာန်မွေးမြူရေးက သိသိသာသာ တိုးတက်လာတယ်လို့ပြောတယ်... ဒါပေမဲ့ စိုက်ပျိုးရေးလုပ်ငန်းကတော့ မတိုးတက်လာဘူးတဲ့... သူက ကျွန်တော်ကို နတ်ဆိုးနယ်မြေထဲမှာ စိုက်ပျိုးရေးတိုးတက်မှုအတွက် လမ်းပြပေးစေချင်နေတာ..."


ဂိုဏ်းချုပ်ယန် - "..."


သူမက စက္ကန့်ပိုင်းခန့် အနည်းငယ် အသက်ရှုကြပ်နေသည်ဟု ခံစားလိုက်ရသည်။ သူမ၏ ရှစ်တိ သူပိုင်ဆိုင်ထားသည့် စိုက်ပျိုးရေးဗဟုသုတများကြောင့် အလွန်အဓိပ္ပာယ်ရှိသည့် ရယ်ရွှင်ဖွယ် အကြောင်းပြချက်တစ်ခုကို ရှာတွေ့ထားသော်လည်း သူမက ရှစ်တိ တွေးနေသည်ကို သိထားပေသည်။ 


ရှစ်တိက လူသားနဲ့ နတ်ဆိုးနယ်မြေတွေကြားက ငြိမ်းချမ်းရေးအတွက် သူ့ကိုယ်သူ စတေးချင်ရုံပဲရှိတာ... 


ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး အဲ့လိုကိစ္စမျိုးကို ခွင့်ပြုနိုင်မှာလဲ... ဆုံးသွားတဲ့ရှစ်ရှု့ ငြိမ်းငြိမ်းချမ်းချမ်းအနားယူဖို့ ဒါကို ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး... ဒါမှမဟုတ် ရှစ်တိကို ဒီနည်းနဲ့ ငြိမ်းချမ်းတဲ့ ဘဝတစ်ခုရဖို့ ခွင့်မပြုနိုင်ဘူး... ပြီးတော့ နတ်ဆိုးတွေ အကုန်လုံးက သစ္စာဖောက်တတ်ပြီး ရက်စက်ကြတယ်... ရှေ့ပြေးတော်ယင်းကျန်းက သူတို့ကို လိမ်နေသလား ဒါမှမဟုတ် လူသားကျင့်ကြံသူတွေကို လျှောက်ပြီး အရူးလုပ်နေတာလားဆိုတာ သိနိုင်တဲ့ နည်းလမ်းမှမရှိတာ... 


စွေ့ချီချောင်းက သူမကို အကြိမ်အနည်းငယ် ထပ်မံ၍ အကြံပေးလိုက်သည်။ သူက နတ်ဆိုးနယ်မြေ၏ လယ်ကွင်းများအကြောင်းပြောကာ လူသားများက နတ်ဆိုးနယ်မြေ၏ အသားထုတ်ကုန်များကို လူသားနယ်မြေထဲသို့ ပို့ဆောင်လာခြင်းအား မည်သို့ စောင့်မျှော်နိုင်ကြောင်း စသည်တို့ကိုပါ ထပ်ပေါင်းပြောဆိုလိုက်သည်။ 


"ရှစ်တိ... မင်းရဲ့ ဆရာတူအစ်မကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး... ရှစ်ရှု့က ကျဆုံးသွားခါစပဲ ရှိသေးတာ... ငါက မင်း ခံစားနေရပြီး သားရဲတွေရဲ့ လက်ထဲကို ခုန်ဆင်းမှာကို ကြည့်မနေနိုင်ဘူး..."

ဂိုဏ်းချုပ်ယန်က သူမ၏ မျက်လုံးများကို ပိတ်ကာ ဆိုလိုက်သည်။ 


"...."

အတန်ကြာပြီးနောက် စွေ့ချီချောင်းက ဆိုလိုက်သည်။ 

"ဟုတ်ပါပြီ... ကျွန်တော် အရင်ပြန်နှင့်မယ်နော်..."


သူထွက်သွားသည်နှင့် ဂိုဏ်းချုပ်ယန်က မျက်လုံးများ ဖွင့်ကာ အေးစက်နေသော မျက်နှာဖြင့် လမ်းလျှောက်ထွက်လာသည်။ 


စဉ်းစားရမယ်.....  ကွမ်းဖေးကို သူ့ရှစ်တိကို အခု ခေါ်သွားဖို့ သွားပြောတော့မှာ... ပြီးရင် စိတ်ဓာတ် ညစ်ညမ်းတဲ့ နတ်ဆိုးယင်းကျန်းကိုသတ်ဖို့ အစီအရင်ကို စတော့မှာ.... 


ဂိုဏ်းချုပ်ယန်က အိမ်ထဲမှ မထွက်ရသေးမီမှာပင် စွေ့ချီချောင်း၏အော်သံကို ကြားလိုက်၍ အလန့်တကြား အပြင်သို့ ပြေးထွက်လိုက်သည်။ ရှေ့ပြေးတော်ယင်းကျန်းက အပြင်ဘက်တွင် ပေါ်လာမည်ဟု မည်သူမှ မသိချေ။ စွေ့ချီချောင်းက သူ့နောက်တွင် ရောက်နေပေသည်။


လှည့်ဖြားမှုနှင့် ရွှင်မြူးမှုများက ရှေ့ပြေးတော်ယင်းကျန်း၏ မျက်လုံးထဲတွင် ထင်ဟပ်နေသည်။ 

"ဂိုဏ်းချုပ်ယန်... ငါက လူသားနယ်မြေနဲ့ အသားမကျတော့ ဒီမှာ ထပ်နေဖို့ ငါ့အတွက် အဆင်မပြေဘူး... ဒါပေမဲ့ ငါ စွေ့ချီချောင်းကို ခေါ်သွားမယ်... ငါမနေ့က ပြောခဲ့တာကို သေချာပေါက် လိုက်နာမှာပါ... ကောင်းကောင်းနားလိုက်ပါဦး... နင်ငါ့ကို လိုက်ပို့စရာ မလိုတော့ဘူး..."


"သူခိုးအိုကြီး... အတင့်ရဲနေပါ့လား..."

ဂိုဏ်းချုပ်ယန်မှာ ယင်းကျန်းက စွေ့ချီချောင်းကို ဖမ်းခေါ်ကာ တိမ်စီးပြီး ထွက်ပြေးသွားသည်ကိုမြင်ကာ အလွန် ဒေါသထွက်သွားလေသည်။ သူမက လိုက်ဖမ်းရန် စိတ်ဝိညာဉ်လက်နက်တစ်ခု အလျင်အမြန် ပစ်လွှတ်လိုက်သည်။ 


သို့သော် ဂိုဏ်းချုပ်ယန်နှင့် သူတို့က တစ်ဦးနှင့်တစ်ဦး ဝေးကွာနေပြီ ဖြစ်သည်။ သူမက သူတို့ကြားမှ အကွာအဝေးက ပိုပို၍ ဝေးလာသည်ကို မြင်နိုင်ပေသည်။ ရှေ့ပြေးတော်ယင်းကျန်းက ဖရိုဖရဲအတွင်းသို့ ဝင်ပြေးကာ လူသားနယ်မြေကို ချန်ရစ်ထားခဲ့လိုက်သည်။ နယ်စပ်ကို ဖြတ်ပြီးနောက် နယ်စပ်တွင် စခန်းချနေသော နတ်ဆိုး အများအပြားရှိရာ သူမက သူတို့ကို လိုက်မဖမ်းနိုင်ချေ။ 


ဂိုဏ်းချုပ်ယန်မှာ အလွန်ဒေါသထွက်ပြီး စိတ်ပူနေ၍ တိမ်ပေါ်မှ ပြုတ်ကျလု နီးပါးပင် ဖြစ်သွား၏။ 


......




🌳🌳🌳