Chapter 176
Viewers 29k

🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 176

ပရိသတ်တွေ့ဆုံပွဲ (၂)




ဒါရိုက်တာ ထွက်သွားသောအခါ လင်းလင်းက စွေ့ချီချောင်းဘက်သို့လှည့်ပြီး တီးတိုးပြောလိုက်သည်။

" အဲ့လူက လူတွေကိုလှည့်စားတဲ့နေရာမှာ အတော်ဆုံးပဲ သူ့ကိုသွားမယုံနဲ့... ရှင် သူ့ရဲ့ပရိုဂရမ်မှာ သရုပ်ဆောင်ဖို့ သဘောတူလိုက်တာနဲ့ ဇာတ်ညွှန်းကို ရှေးဟောင်းမယ်ရီဆူးဇာတ်လမ်းပုံစံ ပြောင်းပစ်မှာ... ဇာတ်ကောင်နာမည်မပြောနဲ့ ဇာတ်လမ်းထဲကအားလုံးကိုလည်း ပြောင်းလိုက်မှာ... သူ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်က ရိုက်ထားတဲ့ရုပ်ရှင်နာမည်က 'ချင်းလုံဧကရာဇ်က နယူတန်၏အမျိုးသမီးကို ခိုးယူခြင်း' တဲ့လေ..."


စွေ့ချီချောင်း : "...."


ဒါရိုက်တာ၏ ပုံပန်းသွင်ပြင်ကိုကြည့်ရုံဖြင့် ထိုလူက ထိုသို့သောအကြိုက်မျိုးရှိသည်ကို သူ မပြောနိုင်ပေ။ ဒါရိုက်တာ၏ပုံစံက စာပေပညာရှင်တစ်ယောက်နှင့်တူ၍ သူအစောပိုင်းက ပြောသွားသည့်စကားလုံးတိုင်းက စွေ့ချီချောင်းကို တွင်းထဲပစ်ချမည့်အရာများဖြစ်နေမည်ဟု မမျှော်လင့်ခဲ့မိပေ။ 


" လူကြီးမင်းစွေ့ အဲဒီလူတွေက အရမ်း ကလိမ်ကကျစ်ကျတတ်တာ... ရှင့်ရဲ့ရှေ့နေက ဉာဏ်ပြေးတယ်ဆိုပေမယ့် သူနားမလည်တဲ့ နယ်ပယ်မျိုးမှာဆိုရင် သူတို့တွေက ဟာကွက်ရှာဖို့လွယ်တယ်... ကျွန်မတို့မှာ ဒီလိုကိစ္စတွေကို စစ်ဆေးဖို့ ပရော်ဖက်ရှင်နယ်တွေ ရှိတယ်ဆိုတော့ စိတ်ချလက်ချနေပါ..."

လင်းလင်းက အားပေးလိုက်သည်။


အမှန်တွင် လင်းလင်းက reality showများစွာအတွက် တာဝန်ခံဖြစ်သော်လည်း သူမက စွေ့ချီချောင်းနှင့် မကြာခဏ ထိတွေ့ဆက်ဆံနေရ၍ သူ့အတွက် တာဝန်အရှိဆုံးလူမှာ သူမ ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် သူမက LJJအပေါ် စွေ့ချီချောင်းက အကောင်းမြင်စေမည့်စကားများသာ ပြောဆိုပေးခဲ့သည်။


လင်းလင်း၏ ဦးနှောက်ဆေးခြင်းကို လက်ခံရရှိပြီးသည့်နောက်တွင် စွေ့ချီချောင်းက အနာဂတ်တွင်လည်း သူတို့နှင့် အချိန်အတန်ကြာသည်အထိ ပူးပေါင်းသွားတော့မည်ဟု ကုမ္ပဏီ၏ အကြီးအကဲများက တွေးလိုက်သည်။


" ကျေးဇူးတင်ပါတယ်..."

စွေ့ချီချောင်းက ပြောလိုက်သည်။ LJJအပေါ် စွေ့ချီချောင်းက အကောင်းမြင်စေမည့်စကားများ ပြောဆိုပေးခဲ့ခြင်းက အလုပ်ဖြစ် မဖြစ်ကို စွေ့ချီချောင်း၏အမူအရာကို ကြည့်ရုံဖြင့် သူမ မပြောနိုင်ပေ။


လင်းလင်းက နောက်ထပ်သတင်းတစ်ခုကို ထပ်ပြောပြလာသည်။ 

" ရှင် ပရိသတ်တွေ့ဆုံပွဲလုပ်မယ်ဆိုတဲ့သတင်းကို တင်လိုက်ပြီးတည်းက official website ပေါ်မှာ လူတွေအရမ်းများလို့ errorတွေတောင် ဖြစ်ကုန်တယ်... ရှင် နောက်ဆုံးတော့ activitiesတွေလုပ်လာပြီလို့ ပရိသတ်တွေက ပြောနေကြတယ်... တချို့ပရိသတ်တွေကလည်း ထန်ဝေ့ရဲ့dataကို အပြင်မှာ မျက်မြင်တွေ့ချင်တယ်လို့ တောင်းဆိုလာကြတယ်..."


လင်းလင်းက ရှောင်ပိုင်၏ ရုပ်သေးအကြောင်းကို ပြောလာသည့်အခါ စွေ့ချီချောင်းက သူမကို တစ်ချက်ကြည့်လိုက်မိသည်။


သူ့ကို ပျော်ရွှင်စွာဖြင့် စကားပြောနေသောလင်းလင်းမှာ ချက်ချင်းပင် နင်သွားရတော့၏။ 

" ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကို သေချာပေါက်လက်ခံလို့ မဖြစ်ပါဘူး... အဲ့လူတွေကို ထန်ဝေ့ကို အပြင်မှာ လူကိုယ်တိုင်တွေ့ပြီး ပြဿနာရှာချင်နေကြတာလေ..."


ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံး ပရိသတ်တွေ့ဆုံပွဲမှာတည်းက သူတို့တွေ အဲ့လိုကြံစည်နေရလား...


မည်သို့ပင်ဖြစ်စေ လင်းလင်းက သူ့dataအပေါ် အလွန်အမင်း ကျေနပ်နေပေသည်။ စွေ့ချီချောင်းက အူက်အရွယ်အပိုင်းအခြားများစွာက ပရိသတ်များကို ဆွဲဆောင်ထားနိုင်သည့်အပြင် သူ့ပရိသတ်များ၏စွမ်းအားကိုလည်း အထင်သေး၍ မရပေ။ အပင်စိုက်သောပစ္စည်းကိရိယာများကလည်း များစွာရောင်းရခဲ့သည်။ ကြော်ငြာတွင်မူ...


သူမ မျှော်လင့်ထားသကဲ့သို့ high-endကြော်ငြာများ မရခဲ့သော်လည်း စားစရာများ၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာတို့၏ ကြော်ငြာကြောင့် ရောင်းအားကလည်း တိုးမြှင့်လာခဲ့သည်။ ကြော်ငြာအပ်သူများထံမှလည်း ကောင်းမွန်သည့် အကြံပြုချက်များကို ရရှိခဲ့ပေသည်။ 


စွေ့ချီချောင်းက ဤအကြောင်းကို သူမနှင့်ဆက်လက်မဆွေးနွေးတော့ပေ။ သူက ရှောင်ပိုင့်အကြောင်းကို ပြောချင်သည့်ပုံ မပေါ်ပေ။


.......


ပရိသတ်တွေ့ဆုံပွဲရှိသည့်နေ့တွင် စွေ့ချီချောင်းက မနက်စောစောအိပ်ရာထပြီး အသီးအရွက်ပင်များကို ရေလောင်းပြီးနောက် စာအုပ်တစ်အုပ်ဖတ်နေသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးကို ပြင်ဆင်ပေးရန်အတွက် လင်းလင်းက သူ့ကို လာခေါ်သွားတော့၏။


သူက ယနေ့အတွက် ဝတ်ဆင်ရမည့် အဝတ်အစားများကို ယခင်တည်းက စမ်းဝတ်ထားခဲ့ပြီးပြီဖြစ်သည်။ စွေ့ချီချောင်းက ယခင်တည်းက နာမည်ကျော်ကြယ်ပွင့်တစ်ယောက် မဟုတ်ခဲ့ပေ။ သို့သော် နေ့စဉ် ပုံမှန်များအချိန်မှာပင် တခမ်းတနားဝတ်ဆင်ရခြင်းများကို အသားကျနေပြီးဖြစ်သည်။ သူ၏ တည်ငြိမ်ရင့်ကျက်သော အမူအရာကြောင့် ပွဲတွင် ယခုမှပါဝင်ရမည့် သရုပ်ဆောင်အသစ်များထက် သာလွန်နေသည့်အပြင် ဤသို့သော ပွဲမျိုးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင်တက်ဖူးသူများနှင့်လည်း ယှဉ်နိုင်သည်အထိ အဆင်ပြေနေသည်။ 


ထို့နောက် လင်းလင်းက ကြိုတင်သတိပြုရမည့် အချက်အနည်းငယ်ကို သူ့အားညွှန်ကြားပေးနေသည်။

" ကျွန်မတို့က ဒီနေ့ပွဲကိုလာတဲ့ ပရိသတ်တွေကို လက်ဆောင်လေးတွေ ပေးထားတယ်... အဲဒါတွေက လူကြီးမင်းစွေ့ ကုမ္ပဏီမှာစိုက်ထားတဲ့ အသီးအရွက်တွေပါ... နောက်ပိုင်း ဘာပြောရမှန်းမသိရင် အဲ့အကြောင်းကို ထည့်ပြောလို့ရတယ်..."


အပြင်ဘက်တွင်မူ အစီအစဉ်မှူးက မိတ်ဆက်စကားများ စတင်ပြောဆိုနေပြီဖြစ်သည်။ လူကိုယ်တိုင်လာရောက်ခွင့်ရရှိသော ပရိသတ်အယောက်၆၀က အရှေ့တွင် ထိုင်နေကြလေသည်။ အနောက်ဘက်တွင်မူ ပရိုဂျက်ရှင်းပုံစံဖြင့် တက်ရောက်ရသည့် ပရိသတ်များရှိနေပြီး သူတို့က အစစ်အမှန်ဟုပင် ထင်ရပေသည်။ dataချိန်ညှိမှုကြောင့် ရုတ်တရက် တဖျတ်ဖျတ်လက်သွားခြင်းများကြောင့်သာ မဟုတ်ပါက သူတို့ကို ရှေ့တွင်ထိုင်နေသူများနှင့် ခွဲခြား၍ရနိုင်မည် မဟုတ်ပေ။


" စောင့်ဆိုင်းနေကြတဲ့ ပရိသတ်များ... ‌စွေ့ချီချောင်းကိုကြိုဆိုဖို့အတွက် လက်ခုပ်သံကျယ်လေးတွေ ပေးလိုက်ကြရအောင်ပါ..."


စွေ့ချီချောင်းက ပရိသတ်များ၏ လက်ခုပ်သံကျယ်များအောက်၌ အစီအစဉ်မှူးရှိရာသို့ လျှောက်သွားနေစဉ်တွင် လင်းလင်းက အသေးစိတ်ညွှန်ကြားချက်ပေးနေရန် မလိုအပ်ခဲ့ပေ။ စွေ့ချီချောင်းက သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ကုတ်အင်္ကျီကြယ်သီးတစ်လုံးဖြုတ်ကာ ထိုင်လိုက်ပြီး အောက်ဘက်မှ ပရိသတ်များကို ကြည့်လိုက်သည်။ သူ၏လှုပ်ရှားမှု တစ်ခုချင်းစီက သဘာဝကျလွန်းပေသည်။ 


" ဧကရာဇ်ရဲ့ သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့တဲ့သူ ဖြစ်ထိုက်ပါပေတယ်... မင်းရဲ့ stage presenceကတော့ အထင်ကြီးလောက်စရာပါပဲ..."

အစီအစဉ်မှူးက ချီးကျူးလိုက်သည့်အခါ အောက်ဘက်မှ ပရိသတ်များကလည်း သူ့အပြောကို ထောက်ခံသည့်အနေဖြင့် လက်ခုပ်တီးလိုက်ကြသည်။ မမျှော်လင့်ထားသည်မှာ LED bannerများကိုင်ဆောင်ထားသည့် ပရိသတ်များ ရှိနေခြင်းပင်။ 


စွေ့ချီချောင်းက " နှလုံးသားမည်းနက်တဲ့ လယ်သမားနတ်ဘုရား" နှင့် အချို့သောစကားလုံးများကို bannerများပေါ်တွင် တွေ့လိုက်၍ သူ့စိတ်ထဲ အံ့ဩမှုအချို့ ဖြတ်ပြေးသွားမိသည်။


အစီအစဉ်မှူးက အစပိုင်းတွင် အကြောင်းကိစ္စများစွာကို ပြောခဲ့ပြီးနောက် စကားစလာသည်။

" အရင်ဆုံး စကားစမြည်ပြောကြ‌တာပေါ့... အခုက ချီချောင်းရဲ့အတွက် ပထမဆုံး ပရိသတ်တွေ့ဆုံပွဲကျင်းပဖြစ်တာပါ... ကျွန်တော်တို့ သူ့ကို ဖျောင်းဖျနေခဲ့တာ တော်တော်ကြာပါပြီ... ကျွန်တော်ကိုယ်တိုင်လည်း ချီချောင်းရဲ့ အစီအစဉ်ကို ကြည့်ပါတယ်... ပထမ seasonကြည့်တုန်းက နည်းနည်းတော့ အံ့ဩသွားပါတယ်... ကျွန်တော့်စိတ်ထဲ ဒီလိုတောင် တွေးမိသွားသေးတယ် 'ဘာကြီးလဲ ဒါက တက္ကသိုလ်အချစ်ဇာတ်လမ်း မဟုတ်ဘူးလား... ဘာလို့ စုံတွဲတွေ တွေ့ကြတဲ့ မြင့်မြတ်နယ်မြေလေးကို ဖျက်ဆီးပစ်တာလဲ" ပေါ့လေ... အစီအစဉ်ရဲ့နောက်ပိုင်းတွေကတော့ ပိုပြီးတောင် စိတ်ဝင်စားဖို့ ကောင်းလာသေးတယ်... အလယ်ခေတ်နဲ့ ABOမှတ်ဉာဏ်တုလေယာဉ်တွေပေါ်မှာ ကျွန်တော်တို့ကို လယ်စိုက်တဲ့နည်းလမ်းအများကြီးကို မျှဝေပေးခဲ့တယ်နော်... အဲဒီပုံရိပ်ယောင်နယ်မြေတွေကိုသွားရတုန်းက ချီချောင်းရဲ့စိတ်ထဲ ဘယ်လိုခံစားခဲ့ရသလဲဆိုတာ ကျွန်တော့်လိုပဲ အားလုံး စိတ်ထဲမှာလည်း သိချင်နေမယ်လို့ထင်တယ်..."


ဤကတစ်ကြိမ် ပရိသတ်တွေ့ဆုံပွဲကဲ့သို့ ပရိသတ်များနှင့် အပြန်အလှန်ဆက်ဆံရသည့် activities များအတွက် ကန့်သတ်ချက်များစွာ ထားရှိရပေသည်။ စွေ့ချီချောင်း၏ ရှေ့နေက သူတက်ရောက်ရမည့် activities အတွက် ကန့်သတ်ချက်များစွာကို စာရင်းဖြင့် ပေးထားခဲ့သောကြောင့် LJJက အချို့သောကိစ္စများတွင် စိတ်တိုင်းကျ မစီစဉ်နိုင်ခဲ့ပေ။ ပရိသတ်တွေ့ဆုံပွဲအချိန်ကို ပိုမိုကြာမြင့်လာစေရန် LJJဘက်က အစီအစဉ်မှူး စွေ့ချီချောင်းကို အင်တာဗျူးပြုလုပ်သည်အချိန်ကို ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။


စွေ့ချီချောင်းက သုံးစက္ကန့်ခန့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူက အလွန်အလေးအနက်ဖြစ်နေဟန်ဖြင့် ရှင်းပြလာသည်။ 

" ပထမဆုံး မှတ်ဉာဏ်တုလေယာဉ်မှာတော့ ကျွန်တော့်ရဲ့ သီအိုရီဆိုင်ရာ ဗဟုသုတတွေကို ဖြည့်စွက်နေတဲ့အဆင့်ပဲ ရှိနေသေးတာပါ ဒါပေမဲ့ နောက်ဆုံးအတွေ့အကြုံကတော့ အရမ်းကောင်းပါတယ်... LJJရဲ့ မော်ဒယ်ပုံစံလုပ်တာတွေပ အရမ်းကိုကောင်းလွန်းတော့ နောက်ခံတွေတင် မကဘူး အပင်စိုက်ရတဲ့ လုပ်ငန်းစဉ်နဲ့ ခံစားချက်မှာလည်း အစစ်အမှန်အတိုင်းပဲ ခံစားခဲ့ရပါတယ်... လက်တွေ့နဲ့ ကွာခြားချက်တစ်ခုမှတောင် မရှိဘူလို့ ပြောလို့ရတယ်...  ကျွန်တော်က နေရာအနေအထားနဲ့ အဲဒီခေတ်မှာရှိတဲ့ နည်းပညာကိုပဲ အသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်လေးတွေ ရှိနေတော့ ရှေး‌နည်းလမ်းတွေကိုပဲ အဓိက သုံးခဲ့ရပါတယ်...  အဲဒါကြောင့်မို့ အပင်စိုက်တဲ့တာဝါ ဒါမှမဟုတ် အဲ့အကြောင်းသင်ပေးတဲ့ အဆောက်အဦးတို့ကိုတော့ ဆောက်လို့မရခဲ့ဘူး... ပြီးတော့ အဲဒီ မှတ်ဉာဏ်တုနယ်မြေတွေမှာက သူတို့ခေတ်ရဲ့ အပင်စိုက်စက်တွေ ရှိတယ်ဆိုပေမယ့် သိပ်တော့ မတွေ့ခဲ့ရပါဘူး..."


သူ့ရဲ့စိတ်ထဲမှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာလား...

စွေ့ချီချောင်း၏စိတ်ထဲတွင် လယ်စိုက်ခြင်းအတွေ့အကြုံများနှင့်သာ ပြည့်နှက်နေခဲ့သည်။ ထိုသို့ အလွန်ရိုးရှင်းနေရခြင်းမှာ သူ မှတ်ဉာဏ်တုလေယာဉ်များထဲ ဝင်သွာသည့်အချိန်တွင် အခြားသောရည်ရွယ်ချက်များ ရှိမနေခြင်းကြောင့်ဖြစ်သည်။ LJJနဲ့ ပရိသတ်များ ကြားသိချင်နေသောအရာများက သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေပေသည်။


အစီအစဉ်မှူးမှာ အစပိုင်းတည်းက စိတ်လှုပ်ရှားနေခဲ့သော်လည်း သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ ပရိသတ်များက ဂရုတစိုက်နားထောင်နေသည့်အပြင် အချို့က မှတ်စုများပါ ချရေးနေသည်ကို တွေ့လိုက်ရသည်။


သူက စွေ့ချီချောင်းပါဝင်သော ပရိုဂရမ်၏ ပရိသတ်တစ်ယောက်မဟုတ်သည်ကိုမူ ဝန်ခံရပေမည်။ သူက အမြဲတမ်းအလုပ်များနေခဲ့၍ ထိုအစီအစဉ်ကို ကြားရုံသာကြားဖူးပေသည်။ ဤပရိသတ်တွေ့ဆုံပွဲကို မကျင်းပမီကမှု သက်မွေးလုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်မှုကြောင့် "အိမ်စာ" အချို့သာ လုပ်ခဲ့သည်။ 

သရုပ်ဆောင်ရော ပရိသတ်ရောက အဲ့လိုကြီး ထူးဆန်းနေမယ်လို့ ဘယ်သူထင်မှာလဲ...


ထိုသို့တွေးနေစဉ်တွင် သူက အစီအစဉ်တစ်ဆင့်ချင်းစီကိုရေးထားသည့်ကတ်ကို ထပ်မံကြည့်ရှု့လိုက်သည်။

အင်း... သူတို့က တော်တော်ထူးဆန်းတာပဲ... 


ဤပရိသတ်တွေ့ဆုံပွဲ၏ အပြန်အလှန်ဆက်ဆံမှုများက အခြားပရိသတ်တွေ့ဆုံပွဲများနှင့် အလွန်ကွဲပြားပေသည်။ 


စွေ့ချီချောင်း၏ပရိုဂရမ်အကြောင်း မေးခွန်းများစွာမေးပြီးသောအခါ အစီအစဉ်မှူးက တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။

" ကဲ ဒီနေ့အတွက် အားလုံးစောင့်မျှော်နေကြတဲ့ အပြန်အလှန်တုံ့ပြန်မှုအပိုင်းလေးကို ရောက်လာခဲ့ပါပြီ...ကျွန်တော်တို့က ဒီနေရာမှာရောက်နေတဲ့ ပရိသတ်တွေကို ချီချောင်းနဲ့အတူ အသီးအရွက်တွေစိုက်ဖို့ ဖိတ်ခေါ်ပါတယ်..."


သူက ၎င်းကို သာမန်ကိစ္စတစ်ရပ်အား ကြေညာသည့်အတိုင်း ပြောလိုက်ပေသည်။


ပရိသတ်များက ဩဘာပေးကုန်ကြသည်။ 

ဘယ်လို ကီးလုတ်လယ်သမားနဲ့ စွေ့ချီချောင်းအပရိုဂရမ်ရဲ့ ကျွမ်းကျင်သူမဆို တစ်နေ့နေ့မှာ စွေ့ချီချောင်းနဲ့ လယ်စိုက်ရဖို့ မမျှော်လင့်နေခဲ့တဲ့သူ ရှိလို့လား...


LJJက နေရာကျယ်ကြီးတစ်ခုကို စင်မြင့်ပေါ်တွင် ပြင်ဆင်ထားပေသည်။ သို့ဖြစ်၍ ပရိသတ်တစ်ယောက်ချင်းစီက စွေ့ချီချောင်းနှင့်အတူ အလှည့်ကျ အပင်စိုက်နိုင်မည်ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးက ထိုနေရာထဲတွင် "စိုက်ပျိုးရေး" ဟူသော စာလုံးကြီး ပေါ်လာသည်အထိ အပင်များစီတန်းစိုက်ပျိုးရမည်ဖြစ်သည်။


ပရိသတ်များက နံပါတ်စဉ်အတိုင်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ စွေ့ချီချောင်းက သူ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး အင်္ကျီလက်ကိုခေါက်တင်ကာ ပရိသတ်များနှင့်အတူ အပင်စိုက်နေလေသည်။


သူ့ပရိသတ်များက အသက်အရွယ်အပိုင်းအခြားပေါင်းစုံမှဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး၊ လူငယ်များ စသည်ဖြင့် ပါဝင်ကြသည်။ ကြည့်ရသည်မှာ အလုပ်အကိုင်ပေါင်းစုံ လုပ်ကြသော ပရိသတ်များက စွေ့ချီချောင်းကိုတွေ့ရမည်အား အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။ ဤကဲ့သို့ ရှားပါးလှသည့် အခွင့်အရေးကို အရယူပြီး ပရိသတ်များက အပင်စိုက်နေစဉ်တွင် စွေ့ချီချောင်းနှင့် စကားပြောဆိုနိုင်ကြမည်ဖြစ်သည်။ သို့သော် စိတ်ထဲတွင်မူ ရူးနှမ်းစွာဖြင့် အော်ဟစ်နေကြပေသည်။

ဖာ့ခ်... စွေ့ချီချောင်းရဲ့ အပြင်က အပင်စိုက်တဲ့ပုံကလည်း ပရိုဂရမ်ထဲကလို တစ်ပုံစံတည်းပါလား... သူက အရမ်းချောတာပဲ... လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ အပင်တွေကို အဲ့လောက် အတိအကျစိုက်နိုင်ရတာလဲ...


ပရိသတ်များက သူတို့အိမ်၌ အပင်စိုက်စဉ် တွေ့ကြုံရသည့် ပြဿနာများကို မေးမြန်းသည့်အခါတွင်လည်း စွေ့ချီချောင်းက အလွန်လျင်မြန်စွာ ဖြေကြားပေသည်။


သူက အရမ်းအံ့ဩစရာကောင်းတာပဲ...

ပရိသတ်များက ထိုသို့တွေးလိုက်ပေသည်။


ပရိသတ်များက အပင်ပေါက်လေးများကို သတ်မှတ်ထားသော အပင်စိုက်သည့်ဘူးများထဲတွင် စိုက်ပျိုးရမည်ဖြစ်သည်။ သူတို့က တစ်သုတ်စီခွဲ၍ စင်မြင့်ပေါ် တက်လာကြသည်။ စွေ့ချီချောင်းက လူတစ်ယောက်၏လက်ကို တစ်ချက်ကြည့်ပြီးနောက် သူ့နားကို ချက်ချင်းသွားကာ လက်ကိုဖိလိုက်သည်။

" ဒါက အရမ်း နက်လွန်းနေတယ်..."


ထိုလူက လက်ကိုအမြန်မ'လိုက်ပြီး ချက်ချင်းပင် မြေအနက်ကို ချိန်ညှိကာ မြေဆီလွှာဖြင့် ပြန်လည်ဖုံးအုပ်လိုက်သည်။


စွေ့ချီချောင်းက ထိုလူကို တစ်ချက်ကြည့်လိုက်သည်။ သူက အလွန်ငယ်ရွယ်ပြီး အသက် ၁၇နှစ် ၁၈နှစ်ခန့်သာ ရှိဦးမည့်ပုံပေါ်သည်။ သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီက အလွန်ကြည့်ကောင်းပြီး မျက်လုံးများက မီးခိုးပြာရောင်ဖြစ်သည်။ ၎င်းကိုကြည့်ရုံဖြင့် ထိုသူက အနောက်တိုင်းသွေးနှောတစ်ယောက် ဖြစ်ရမည်ဟု စွေ့ချီချောင်း မှန်းဆလိုက်သည်။ သူ့ဆံပင်က နက်မှောက်လွန်းပြီး မျက်ခုံးနှင့် မျက်တောင်များကလည်း ထူထဲလှပေသည်။ သို့ဖြစ်၍ သူ့မျက်လုံးအကြည့်က ပို၍ လေးနက်သည်ဟု ထင်လာရစေသည်။ 


လူငယ်လေးက စွေ့ချီချောင်းကို အနီးကပ်စိုက်ကြည့်နေသည်။ သူက အခြားပရိသတ်များနှင့် များစွာမကွဲပြားနေသော်လည်း စွေ့ချီချောင်း၏စိတ်ထဲတွင် သူက အနည်းငယ်ကွာခြားနေသည်ဟု ထင်နေမိသည်။ ထိုလူငယ်လေးထံမှ ရင်းနှီးမှုအရိပ်အယောင်အချို့ကို မြင်နေသကဲ့သို့ ထင်လိုက်မိသည်။ 


စွေ့ချီချောင်း ထိုအကြောင်း များများစားစားမတွေးမိမီ နောက်ထပ်ပရိသတ်တစ်သုတ်က အပင်စိုက်ရန်အတွက် စင်မြင့်ပေါ်သို့ တက်လာပြန်သည်။


အားလပ်ချိန်အတွင်းတွင် စွေ့ချီချောင်းအနားယူနိုင်ရန်အတွက် LJJဘက်က ဖျော်ဖြေမှုအချို့ စီစဉ်ထားပေသည်။


စွေ့ချီချောင်းက သူ့နားနေခန်းသို့ ပြန်မသွားဘဲ စင်မြင့်နောက်မှ ‌ကော်ရစ်ဒါ၏နံရံကို မှီနေသည်။ သူက ခေါင်းငုံ့ပြီး တရားထိုင်နေခြင်းဖြစ်ပြီး ခြေသံအချို့ကြိ မကြားမီအထိ ခေါင်းမော့မကြည့်လိုက်ပေ။ ကြည့်ရသည်မှာ စွေ့ချီချောင်းက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေပုံပေါ်သည်။


ထိုသူမှာ စင်မြင့်ပေါ်တွင် အစောပိုင်းကတွေ့လိုက်သည့် လူငယ်လေးဖြစ်သည်။ သူက လက်ထဲတွင် ဆလပ်ရွက်လက်တစ်ပွေ့စာကို ကိုင်ဆောင်ထားဆဲဖြစ်၏။ သူက ထိုနေရာသို့ ခပ်သုတ်သုတ်လျှောက်လာကာ ဆလပ်ရွက်များကို စွေ့ချီချောင်း၏လက်ထဲ ထိုးထည့်ပေးလိုက်သည်။ သူက ဝင့်ကြွားမှု ၁၂%၊ မျှော်လင့်တကြီးဖြစ်မှု ၈၈%ဖြင့် မေးလိုက်လေသည်။

" ကျွန်တော် ဘယ်သူလဲဆိုတာသိလား..."


စွေ့ချီချောင်းက အနည်းငယ်စိတ်ပျက်သွားမိပေသည်။

" LJJဘက်ကတော့ မင်းကိုဖိတ်မှာမဟုတ်ဘူး... မင်း ဒီနေရာက ဆာဗာကို ဟက်လိုက်တာလား... သူတို့တွေ မင်းကို သတိပေးထားပြီးပြီ မဟုတ်ဘူးလား... မင်း အခုလုပ်နေတဲ့ အပြုအမူတွေကိုသိရင် နောက်ဆက်တွဲ ဘာကိစ္စတွေ ဖြစ်လာနိုင်တယ်ဆိုတာရော သိရဲ့လား..."


ကျန်းထန်ဝေ့က သူ့စိတ်ထဲတွင် မပျော်မရွှင် ဖြစ်နေသော်လည်း စွေ့ချီချောင်းက သူ့ကိုမှတ်မိသွား၍ စိတ်လှုပ်ရှားနေမိသည်။ သူ့မျက်နှာက ငယ်ရွယ်ပုံရသော်လည်း သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံက စွေ့ချီချောင်းထက်ပို၍ အရပ်ရှည်နေသည်။ သူ့မျက်လုံးများက အောက်ငုံ့ကြည့်နေရသောကြောင့် အလွန်ဂုဏ်ယူဝံ့ကြွားနေပုံရသည်။

" အဲ့လိုမေးတာက LJJဘက်က ကျွန်တော့်ကို တရားစွဲမှာကို တားပေးထားလို့များလား..."


စွေ့ချီချောင်းက စကားလုံးဝမပြောသည့်အပြင် သူ့အမူအရာက အလွန်အေးစက်နေပေသည်။ 

" ငါ မှတ်ဉာဏ်တုလေယာဉ်ပေါ်မှာတုန်းက မပြောခဲ့ရဘူးဆိုတော့ အခုပြောလိုက်မယ်... မင်းရဲ့ အပြုအမူတွေက Stockholm Syndromeဖြစ်နေတာ ဒါက သာမန်စိတ်ခံစားချက် မဟုတ်ဘူး..."


သူက အတိတ်အကြောင်းများကို ပြောရမည့်အစား လက်ရှိပစ္စုပ္ပန်အချိန်တွင် အရေးကြီးဆုံးဖြစ်နေသည့်အရာကို တည့်တိုးပြောလိုက်သည်။ 


ကျန်းထန်ဝေ့က နောက်ဆုံးတွင် သူ့စိတ်လှုပ်ရှားမှုများကို အနည်းငယ်ထိန်းချုပ်နိုင်သွားသည်။ စွေ့ချီချောင်းက သူ့ကို လက်တွေ့လောကတွင် တွေ့ဆုံရမည်ကို ဝန်လေးနေမည်ဟု တွေးထားခဲ့ပြီးဖြစ်သော်လည်း နောက်ဆုံး တွေ့လိုက်ရချိန်တွင်လည်း စွေ့ချီချောင်းက မပျော်မရွှင်ဖြစ်နေပေသည်။ စွေ့ချီချောင်းက သူ့ခံစားချက်များကို ထိုသို့ခွဲခြမ်းစိတ်ဖြာနေ၍ ထိတ်လန့်သွားရသည်။


" ကျွန်တော် သိပါတယ်..."

ကျန်းထန်ဝေ့က ပြန်ဖြေလိုက်သည်။ 


စွေ့ချီချောင်းက သူ့ကို ထပ်ပြောလိုက်သည်။

" မင်း တကယ်သိတာရော ဟုတ်ရဲ့လား... မင်း..."


သူ ကျန်းထန်ဝေ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မိသည်။ စွေ့ချီချောင်း၏ အမူအရာက အသက်အရွယ်ပေါ်မူတည်၍ ခွဲခြားဆက်ဆံနေခြင်း မဟုတ်ပေ။ သို့သော်လည်း သူက ဗြောင်ကျကျဖြင့် တည့်တိုးပြောလိုက်သည်။ 

" မင်းအသက်က ၁၆နှစ်လား... မင်း အထက်တန်းအောင် ပြီးသေးရဲ့လား အတန်းဖော်လေး..."


အသက်အရွယ်က လူနှစ်ယောက်ကို မိတ်ဆွေဖြစ်လာရန်မှ ဟန့်တားထားသည့်အရာဟု သူ မထင်မိပေ။ ရှောင်ပိုင်ထင်နေသည့်အရာများနှင့် ဆန့်ကျင်စွာ စွေ့ချီချောင်းဘက်ကမူ ရှောင်ပိုင်က သူ့ကိုယ်ပိုင်စိတ်ခံစားချက်များကို  ကောင်းစွာခွဲခြမ်းစိတ်ဖြာနိုင်သည့် စိတ်အခြေအနေမရှိဟု မှန်းဆနေခြင်းဖြစ်သည်။ 


ရှောင်ပိုင်၏ စွမ်းရည်က တစ်ဖက်ကမ်းခပ်နေသည်ဟု LJJက သူ့ကိုပြောခဲ့သည်။ ‌သို့ရာတွင် ရှောင်ပိုင်က ထိုမျှအထိ မရင့်ကျက်နေဟု စွေ့ချီချောင်း သတိပြု‌မိပေသည်။ သို့သော်လည်း သူက စွေ့ချီချောင်းထင်ထားသည်ထက် အသက်ပိုငယ်နေခဲ့သည်။ ထို့ကြောင့်ပင် ရှောင်ပိုင်က သူ့အပြုအမူများကို အမှားအမှန် မခွဲခြားနိုင်ခြင်းဖြစ်ရမည်ဟု သူတွေးလိုက်မိသည်။ 


ကျန်းထန်ဝေ့က ပြောလိုက်သည်။

" ကျွန်တော်က အတန်းတွေအများကြီး ကျော်တက်ခဲ့ရတာဆိုတော့ အထက်တန်းတော့ အောင်ပြီးသွားပါပြီ... ပြီးတော့ ကျွန်တော့်ကို ဘာလို့ အတန်းဖော်လေးလို့ ခေါ်နေတာလဲ... အဲ့လိုမခေါ်နဲ့... ကျွန်တော်က လူကြီးဖြစ်နေပြီ..."


စကားဆုံးသည်နှင့် သူက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အမူအရာမျိုး ပြသနေသည်။ သူ ယခုလေးတင်ပြောလိုက်သည့်စကားများက အလွန်ကလေးဆန်နေကြောင်း သဘောပေါက်သွား၍လည်း ဖြစ်နိုင်သည်။


စွေ့ချီချောင်းက ၎င်းကို အနည်းငယ်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

" ကဲ... ဒါဆိုရင်လည်း လူကြီးမင်းပိုင်..."


ကျန်းထန်ဝေ့: "......."


ကျန်းထန်ဝေ့: " ကျွန်တော့်ရှေ့နာမည်က 'ပိုင်' မဟုတ်ဘူးလို့..."



🌲🌲🌲


ကျန်းထန်ဝေ့လေးက ချစ်စရာကောင်းလိုက်တာရှင်😭😭