အပိုင်း ၁
Viewers 17k

ရှင်းဟိုင်စစ်​ရေးတက္ကသိုလ်မှာ မြို့​တော်၏အချက်အချာကျ​သော​နေရာတွင်တည်ရှိ​လေသည်။ ၄င်းတက္ကသိုလ်၏လှပလွန်း​သောရှု​မျှော်ခင်းများ​ကြောင့် သရဖူထဲမှ ပတ္တမြားဟုပင်တင်စားရသည်။
တက္ကသိုလ်၀င်းထဲမှ ​ကော်ဖီ​ဆိုင်​လေးထဲတွင် ​​နွေဦးရာသီ၏​နေ​ရောင်ခြည်​လေးကခပ်​ဖျော့​ဖျော့​တောက်ပလျက် ပြတင်း​ပေါက်အနီးတွင်ထိုင်​နေ​သော ဆယ်​ကျော်သက်​လေးထံဖြာကျ​နေခဲ့သည်။
​ကောင်​လေးမှာ ရိုးရှင်း​သော ဆွယ်တာအဖြူကိုသာ၀တ်ဆင်ထားပြီး သူ၏ပုံစံကိုကြည့်လိုက်သည်နှင် အိုမီဂါတစ်ဦးမှန်းသိသာလှသည်။ သူ၏လက်က​လေးများနှင့်​ခြေ​ချောင်း​လေးများမှာသွယ်လျသည်။
အသားအရည်​လေးမှာနူးညံ့ကာဖြူ​ဖွေးလျက် သူ၏မျက်နှာအစိတ်အပိုင်း​လေးများမှာလည်းပန်းချီကားထဲမှခုန်ထွက်လာသည့်နှယ်၊ နူးညံ့ပြီးနက်​မှောင်​သောဆံစများ​အောက်တွင် မျက်လုံး​လေးများက ကြည်လင်လျက်။ ​ကော်ဖီဆိုင်ထဲမှ အယ်လ်ဖာများမှာ စစ်တက္ကသိုလ်၀န်းထဲတွင် အိုမီဂါမ​ပြောနှင့် ဤမျှလှပလွန်း​သော အိုမီဂါဆိုလျှင်မြင်ကိုမမြင်ဖူး​ချေ။
ပါတ်၀န်းကျင်မှာအကြည့်တို့က ယွမ်ရှင်းကျဲထံကျ​​ရောက်​နေစဥ်တွင် သူကိုယ်တိုင်က​တော့ တစ်ခုခုကို​တွေး​တော​နေသည့်ဟန်ဖြင့် ပြတင်း​ပေါက်အပြင်ဘက်သို့သာ ​ငေးကြည့်​နေခဲ့သည်။
"သူဘာကိုကြည့်​နေတယ်လို့ထင်လဲ"
"ငါ့အထင်​တော့ အယ်လ်ဖာတစ်ယောက်​ယောက်ကိုများလား"
"ငါတို့တက္ကသိုလ်က အယ်လ်ဖာ​တွေ​တော်​တော်များများက ​သောက်ရမ်း​ချောကြတာ​လေ"
"အမှန်ပဲ ဟားဟား"
အယ်လ်ဖာတချို့ တီးတိုးဆို​နေကြသည်။
ယွမ်ရှင်းကျဲ၏အမြင်အာရုံအား အ​ေ၀းရှိ မက်ခါ​လေ့ကျင့်​ရေးခန်းမက ဖမ်းစားထားသည်ဟု မည်သူမျှမ​တွေးနိုင်​ချေ။ အဆိုပါ​လေ့ကျင့်​ရေးခန်းမမှာ အဖြူ​ရောင်ပန်းကန်လုံးပုံသဏ္ဍာန်ရှိပြီး ၄င်း၏မျက်နှာပြင်တွင် ခမ်းနား​သောအနက်​ရောင် မက်ခါတစ်စီး၏ ပုံက ၃၆၀ဒီဂရီလည်ပါတ်​နေဟန်ဖြင့် ပြသထားခဲ့သည်။
တက္ကသိုလ်၀န်းတစ်ခုလုံးအတွင်းတွင် ၄င်းကလွန်စွာ မျက်စိကိုဖမ်းစားနိုင်လွန်းသည်။ ယွမ်ရှင်းကျဲမှာ ထိုမက်ခါကိုကြည့်​နေရင်း ​ကောင်းကွက်များနှင့် အပြစ်အနာအဆာများကို တွက်ချက်​နေခဲ့သည်။
'​လက်​ထောင့်ချိုး​နေရာက နည်းနည်းထပ်​ကောင်းဖို့လို​သေးတယ်၊ ​ခေါင်းနဲ့ကိုယ်အချိုးက​တော့မဆိုးပါဘူး၊ ဂျက်ကို​နေရာချထားတဲ့​နေရာက​တော့ သိပ်မဟုတ်​သေးဘူး၊ '
ယွမ်ရှင်းကျဲ၏​ခေါင်းထဲတွင် မက်ခါ၏ကိုယ်က အလျင်အမြန်တစစီဖြုတ်ပြီးသားဖြစ်သွားခဲ့သည်။ ထို့​နောက် အတွင်းရှိတပ်ဆင်ရမည့်ပစ္စည်းအ​သေးစိတ်ကိုအလိုလိုမြင်​ယောင်လာခဲ့သည်။ ထိုစဥ်တွင် အနက်​ရောင်မက်ခါ၏ပုံရိပ်ကလှုပ်ရှားသွားပြီး အလင်းဓါးတစ်​​ချောင်းကိုထုတ်လာခဲ့သည်။
​မက်ခါ၏စက်ရုပ်ကိုယ်ထည်က ကိုင်​ဆောင်ထား​သောရေခဲပြာ​ရောင်အလင်းဓါးမှာ အလွန်လှပ​သော ခုတ်ချက်များကိုပြသလျက်။ အဆိုပါ ခန့်ညား​သောလှုပ်ရှားမှုကိုမြင်လျှင် ယွမ်ရှင်းကျဲမျက်လုံး​တွေပြူးကျယ်သွားခဲ့သည်။
သူလည်းမ​နေနိုင်​တော့ပဲ မက်ခါ၏လုပ်​ဆောင်ချက်အားလိုက်တုပြီး အလင်းဓါးအား ခုတ်ချသည့် ဟန်လေးကိုလိုက်တု​နေမိသည်။ ဤကမ္ဘာသို့ရောက်လာပြီးသည့်​နောက် သူ့တွင် ကျန်းမာ​သော ကိုယ်ရှိ​နေခဲ့ပြီ၊ သူသည်မက်ခါတစ်စီးအား​မောင်းနှင်နိုင်ဖို့ အမြဲ စိတ်ကူးယဥ်​နေခဲ့ရသည်။ သူ့မှာ​ဆေးရုံကဆင်းစ​ပေမို့ မက်ခါတစ်စီးကိုမှလက်၀ယ်ပိုင်မရှိခဲ့​ချေ။ ထို့​ကြောင့် သူ့ဆန္ဒမှာမပြည့်၀ခဲ့။
ရုတ်တရက်ပင် မိမိမှာအနည်းငယ်​ကြောင်​တောင်ပြုမူ​နေမိမှန်းသတထားမိပြီး ပတ်၀န်းကျင်အားရှက်ရွံ့စွာတစ်ချက်ကြည့်ပြီး သူ့လက်ကိုပြန်သိမ်းလိုက်ရသည်။
သူလက်ကိုပြန်ရုတ်လိုက်စဥ် တစ်ခုခုကိုခံစားလိုက်မိပြီး သူ၏လက်ဖ၀ါးကိုဖြန့်ကြည့်လိုက်မိသည်။
အမျိုးသမီးဘီတာတစ်ဦးကမူ ထိုအိုမီဂါ​လေး၏ မက်ခါအားလိုက်တု​နေ​သောပုံစံ​လေးကလွန်စွာချစ်စရာ​ကောင်းသည်ဟုခံစားလိုက်ရသည်။
သူမအ​ဖော်၏လက်​မောင်းအားစိတ်လှုပ်ရှားစွာတွတ်လိုက်ပြီး "အ​မေ​ရေ အဲဒီအိုမီဂါ​လေးကချစ်စရာ​ကောင်းလိုက်တာ ၊"
သူမ၏အ​​​ဖော်မှာ အမျိုးသားဘီတာတစ်ဦးဖြစ်ကာ
ယွမ်ရှင်းကျဲရှိရာကိုကြည့်လိုက်သည်။ သူ၏မျက်လုံးတို့ကမနှစ်မြို့မှုတို့ဖြတ်သန်းသွားလျက်
"သူ့ကိုမသိဘူးလား၊ သူကချီယုနဲ့​စေ့စပ်ထားတဲ့သူ​လေ၊ ပထမတန်းထဲမှာ နာမည်ကြီး​ပေါ့"
"သူလည်းရှင်းဟိုင်ကပဲလား၊ သူက​ချောလို့နာမည်ကြီးတာလား"
"ဘာလို့ဆိုသူက ​ကျောင်းကို အ​နောက်တံခါးက​နေ၀င်လာလို့​လေ၊ သူသိတာဘာမှမရှိဘူး၊ သူ့စိတ်စွမ်းအားနဲ့ ကိုယ်ခံအားက Cအဆင့်ပဲရှိတယ်၊ အဲဒါ​တောင် တခြားအိုမီဂါ​တွေကိုအနိုင်ကျင့်လိုက် နှိမ်လိုက်လုပ်​နေ​သေးတယ်"
စားပွဲထိူးမိန်းက​လေးက သူ့အား​စောင်း၍ကြည့်လာခဲ့ကာ
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ သူကဒီ​လောက်ကြည်လင်ပြီး ချစ်စရာ​လေးကို"
ပါတ်၀န်းကျင်မှ တီးတိုးသံတို့က ယွမ်ရှင်းကျဲ၏နားထဲကိုမ​ရောက်နိုင်သည်အထိ အ​တွေးလွန်​နေခဲ့သည်။
တ​နေ့ကမှ သူသည် နဂါး​ငွေ့တန်းဂလက်ဆီ စစ်တပ်ရှိ
​ဆေး​ရုံကုတင်တွင်လဲ​လျောင်း​ကာ ဘ၀၏​နောက်ဆုံးအချိန်ကို​စောင့်နေခဲ့​သေးသည်။ သူသတိလွတ်သွားပြီး​နောက် ဤထူးဆန်း​သောကမ္ဘာကို​ရောက်လာခဲ့သည်။ သူဤ​နေရာသို့​ရောက်မလာခင်ကမူ ယ့မ်ရှင်းကျဲသည် ဂလက်ဆီစစ်တပ်၏ အသက်အငယ်ဆုံး မက်ခါပညာရှင်တစ်ဦးဖြစ်ခဲ့သည်ပင်။
သူသည်နည်းပညာမြင့် ဆန်းသစ်​သော မက်ခါများစွာကိုတီထွင်ခဲ့သည်။
သူ၏ဒီဇိုင်းနှင့် လုပ်​ဆောင်ချက်မြင့်မား​သော မက်ခါများမှာ စစ်တပ်အတွက် အလွန်အ​ထောက်အကူပြုခဲ့ပြီး သူကိုယ်တိုင်သည်လည်း မက်ခါ​လောက၏ပဲ့ကိုင်ရှင်အဖြစ်လူသိများခဲ့သည်ပင်။ သို့​သော်သူသည် ပြင်းထန်​သော ​မွေးရာပါရောဂါတစ်မျိုးကို ခံစားခဲ့ရသည်၊ သူ၏သက်တမ်းအကုန်လုံးနီးပါးကိုလည်း ၀ှီးချဲ​ပေါ်သို့မဟုတ် ​ဆေးရုံ ကုတင်​ပေါ်တွင်သာကုန်ဆုံးခဲ့ရတာပင်။ သူ၏စိတ်စွမ်းအားနှင့် ကိုယ်ခံအားမှာလည်းလ့န်စွာနိမ့်ကျလွန်းခဲ့သည်၊ သူသည် မက်ခါများကို လွန်စွာချစ်မြတ်နိုးပါ​သော်လည်း ကိုယ်တိုင်မက်ခါတစ်စီးကိုဘယ်​သောအခါမျှ​မောင်းနှင်ခွင့်မရခဲ့​ချေ။
သူ၏မက်ခါအ​ပေါ်နှစ်သက်ခြင်းကပင် သူ၏စိတ်ကိုမက်ခါသု​တေသနနှင့် ဆန်းသစ်တီထွင်ခြင်းတွင် မြှုပ်နှံထား​စေပြီး မက်ခါပညာရှင်တစ်ဦးဖြစ်လာ​စေခဲ့တာပင်။
ယွမ်ရှင်းကျဲ အလွန်ဆိုးဆိုးရွားရွားဖျားနာလာသည့်အခါတွင် ဂလက်ဆီတစ်ခုလုံးကပင်သူ့အတွက် ဆု​တောင်း​ပေးခဲ့ရသည်။ သို့​သော် သူ၏သက်တမ်းမှာ ၂၅နှစ်ထက်ပိုမ​​ကျော်နိုင်ခဲ့။ သူ၏ဘ၀တွင် အကြီးမားဆုံး​သော​နောင်တမှာ သူကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့​သော မက်ခါကို​မောင်းနှင်ခွင့်မရခဲ့ခြင်းပင်။
သူပြန်နိုးထလာချိန်တွင် မိမိအား စစ်တပ်မှ အချိန်မီကယ်တင်နိုင်လိုက်​သေးသည်ဟု ထင်​နေခဲ့တာပင်၊
သူ​ဆေးရုံကုတင်မှထထိုင်လိုက်​သောအခါတွင်သာ သူ့တစ်ကိုယ်လုံး​ပြောင်းလဲ​နေသည်ကို သတိထားမိခဲ့ခြင်းဖြစ်သည်။
ထို့​​နောက်တွင် မ​ရေတွက်နိုင်​သော ပုံရိပ်တို့က သူ၏​​မှတ်ဥာဏ်ထဲစီး၀င်လာခဲ့​တော့သည်။ သူသည်စာအုပ်တသ်အုပ်ထဲကူး​ပြောင်းလာမှန်းချက်ချင်းသ​ဘော​ပေါက်လိုက်သည်။ နာရီ၀က်ခန့်ကြာ​သော် သူသည် ABO သိပ္ပံ၀တ္ထုတစ်ပုဒ်ထဲကူး​ပြောင်းလာသည်ကို လက်ခံလိုက်ရသည်။
စာအုပ်၏အမည်မှာ" အချစ်ကို​ဟော်မုန်း​တွေနဲ့ ထိန်းချုပ်မရ"ဟု။ ဤစာအုပ်ထဲရှိလူအများမှာ လိင်အမျိုးကွဲ​၆ခုရှိ​လေသည်။ ယွမ်ရှင်းကျဲမှာ ထိုလိင်​ကမျိုးထဲတွင်အရှားပါးဆုံးဖြစ်သည့် အမျိုးသားအိုမီဂါ​နေရာသို့ကူး​​ပြောင်းလာခြင်းပင်။ အိုမီဂါများမှာ ပုံမှန်အားဖြင့်အလွန်နူးညံ့ကာ အားနည်းလှသည်။ သို့​သော်ယွမ်ရှင်းကျဲကမူယခုဘ၀ကို​​ကျေနပ်​နေမိဆဲပင်။
သူသည်​သေခြင်းကို​စောင့်​နေရသည့် လူတစ်​ယောက်မဟုတ်​တော့ ​ဆေး​​တွေတပုံတ​ခေါင်း​သောက်​နေရန်မလိုပဲ သာမာန်လူတစ်​ယောက်လိုလှုပ်ရှားနိုင်ပြီ။
ဤပြန်လည်​မွေးဖွားခွင့်ရခြင်းအတွက် သူသည်ဘုရားသခင်ကို​ရော မူလကိုယ်ပိုင်ရှင်ကိုပါလွန်စွာ​ကျေးဇူးတင်မိသည်။
ယခုတွင်မူ ယွမ်ရှင်းကျဲသည် ​ကော်ဖီဆိုင်တွင်ထိုင်ရင်း မူလကိုယ်ပိုင်ရှင်နှင့် ​စေ့စပ်ထားသူ​ရောက်အလာကို​စောင်ွ​နေခဲ့​လေသည်။ ထိုလူမှာ ချီယုဖြစ်ပြီး ဤဝတ္ထု၏အဓိကဇာတ်လိုက်ဖြစ်​လေသည်။ ယွမ်ရှင်းကျဲမှာမူ ဇာတ်လိုက်မဟုတ်သည့်အပြင် သာမာန်အရံဇာတ်ပို့ငယ်​လေးသာဖြစ်သည်။ ၀တ္ထုထဲတွင်သူတို့နှစ်ဦးသား၏ ​​ဟော်မုန်းလိုက်ဖက်ညီမှုမှာမြင့်မားလှ၍ ငယ်စဥ်ကပင်သ​ဘောတူ​စေ့စပ်ထားကြတာဖြစ်သည်။
သို့​သော်ယွမ်ရှင်းကျဲ ကြီးပြင်းလာ​သောအခါ သူ၏ဘ၀င်မြင့်ပြီး အနိုင်ကျင့်တတ်​သောအကျင့်စရိုက်နှင့်ခပ်တုံးတုံးပုံစံက ချီယုအားလွန်စွာစိတ်ပျက်ရွံရှာ​စေခဲ့သည်။ ချီယုသည် ဗိုလ်မှုးချုပ်၏သားဖြစ်ကာ ချီမိသားစု၏စစ်တပ်ရှိအဆင့်အတန်းမှာ တဖြည်းဖြည်းမြင့်တက်လာချိန်တွင် ယွမ်မိသားစုကမူ နိမ့်ကျလာသည်မို့ ချီမိသားစုမှလည်း ၏​စေ့စပ်​ကြောင်းလမ်းခြင်းအား မလိုချင်​တော့​ပေ။ချီယုသည် ယွမ်ရှင်းကျဲထက်တစ်နှစ်ပိုကြီးသည်ပင်။
သူသည်ရှင်းဟိုင်တက္ကသိုလ် မက်ခါတိုက်ခိုက်​ရေး​မေဂျာ၏ဒုတိယနှစ်စီနီယာတစ်ဦးဖြစ်​လေသည်။
ချီယု​နောက်သို့လိုက်နိုင်ရန် ယွမ်ရှင်းကျဲသည်လည်း ချံမိသားစု၏အကူအညီဖြင့် ရှင်းဟိုင်တက္ကသိုလ်ကို ၀င်ခဲ့သည်။ ပါတ်၀န်းကျင်မှလူများကသူ့အား အထင်​သေးစွာကြည့်သည့်တိုင် သူသည်ချီယုအတွက် အချိုပွဲ​လေးများ​သော်လည်း​ကောင်း၊ အ၀တ်​လျှော်​ပေးခြင်း​သော်လည်း​ကောင်း၊ အခန်းရှင်း​ပေးခြင်း​သော်လည်း​ကောင်း​နေ့စဥ်လုပ်​ပေးဆဲပင်။
သို့​သော်ချီယုနှစ်သက်သည်က စစ်ပွဲတွင် တိုက်ခိုက်နိုက်​သော သန်သန်မာမာအိုမီဂါမျိုးဖြစ်သည်။ မည်မျှညံ့ဖျင်း​နေ​စေကာမူကြိုးစားနေသည့်သူမျိုး။
သူကားယွမ်ရှင်းကျဲကိုနည်းနည်းမျှသ​ဘောမကျ​ချေ။
xxxxxx